လူတိုင်းလည်း လုပ်နေကြတာပဲ အရေးမကြီးပါဘူး
မနေ့က ကျွန်တော် ဖတ်ဖြစ်အောင်ဖတ်ပြီး ဖြေကြည့်ပေးကြဘို့ ဆိုတဲ့ ပို့စ်လေးတင်ဖြစ်ပါတယ်။ အဲဒီပို့စ်က စာအုပ်လေးတစ်အုပ်ထဲက ဇာတ်လမ်းလေးကို ပြန်ပြောပြပြီး မေးခွန်းမေးခဲ့တာပါ။ စာအုပ်လေးရဲ့နာမည်က “ မန်နေဂျာ နှင့် လုပ်ငန်းခွင် ကိုယ်ကျင့် သိက္ခာ ” ပါ။
တူဒေးအယ်ဒီတာ အဖွဲ့က ဘာသာပြန်ပြီး ထုတ်ဝေခဲ့တာပါ။ စာအုပ်ထဲမှာပါတဲ့ ဇာတ်လမ်းလေးတစ်ပုဒ်ကို အမြည်းအဖြစ် ဆက်ရေးပြချင်ပါသေးတယ်။
“ လူတိုင်းလည်းလုပ်နေကြတာပဲ၊ အရေးမကြီးပါဘူး သားရယ် ” ဆိုတဲ့ ဆောင်းပါးလေး ကိုပြောပြချင်ပါတယ်။
သုူငယ်ချင်းနှစ်ယောက် စကားပြောနေကြတာပါ။ တစ်ယောက်က တစ်ယောက်ကိုပြောပြနေတယ်လို့ မှတ်ပေးပါ။
ဂျော်နီဆိုတဲ့ ကလေးတစ်ယောက်ပေါ့။ ခြောက်နှစ်သားအရွယ်မှာ သူ့အဖေမောင်းတဲ့ကားပေါ်လိုက်သွားရင်း မိုင်နှုန်းပိုမောင်းမှုကြောင့် သူအဖေကို ရဲကအရေးယူတဲ့ အဖြစ်ပျက်တစ်ခု ကြုံခဲ့ဖူးတယ်။ သူ့အဖေက ရဲအရာရှိကို လိုင်စင်နဲ့ အတူဒေါ်လာနှစ်ဆယ်တန်တစ်ရွက်ပေး လိုက်တယ်။ ကိစ္စပြီးလို့ ကားမောင်းထွက်လာတော့ သူ့အဖေက ဘာပြောလဲဆိုရင် “ လူတိုင်းလည်းလုပ် နေကြတာပဲ၊ အရေးမကြီးပါဘူးသားရယ် ” တဲ့။ ဂျော်နီရှစ်နှစ်သားအရွယ်ရောက်တော့ သူတို့မိသားစု အခွန်ရှောင်ဖို့ စုဝေးတိုင်ပင်နေတာကိုကြုံ ပြန်ရော။ သူတို့ ဦးလေးဖြစ်သူ အန်ကယ်ဂျော့ချ်က ဦးစီးဦးဆောင်ပြုလို့ပေါ့။ ကျေနပ်လောက် အောင်တိုင်ပင်ဆွေးနွေးပြီးတဲ့အချိန်မျာ သူ့ကိုအန်ကယ် ဂျော့ချ်ကပြောတယ် ”အိမ်တိုင်းလုပ်နေကြတာပဲသားရယ်၊ အရေးမကြီးပါဘူး” တဲ့။ ဂျော်နီကိုးနှစ်သား အရွယ်တုန်းကတော့ သူ့အမေကသူ့ကို ပြဇာတ်ပွဲ တစ်ခုဆီခေါ်သွားဖူးတယ်။ ခုံနေရာရှာတဲ့လက်မှတ်ရောင်းသူက ခုံနေရာလွတ်တော်တော်နဲ့ကို ရှာမတွေ့နိုင်လွန်းတာနဲ့ နောက်ထပ်ဒေါ်လာ အပိုဆောင်းပေးလိုက်တော့ဒီလူခင်မျာ ခုံလွတ်ရှာလို့ရတော့တယ်။ ဒီတော့သူအမေက “ဒါအရေးမကြီးဘူးသားရယ်၊ ပြဇာတ်ရုံတိုင်းဒီလိုပဲလုပ်နေကြတာကိုး” လို့ပြောလို်က်ပါတယ်။ ဂျော်နီဆယ့်နှစ်နှစ်အရွယ်တော့ သူ့မျက်မှန်လေးကျောင်းသွားရင်းနဲ့ လမ်းမှာကွဲသွားတယ်။ ဒါကိုအဒေါ်လုပ်သူက ကျွန်မတူလေး မျက်မှန်အခိုးခံရလို့ပျောက်သွားပါတယ်ဆိုပြီးအာမခံကု္ပမဏီကို လိမ်လည်ဖုန်းဆက်ခဲ့တယ်။ ဒီတော့ခုနစ်ဆယ့်ငါးဒေါ်လာ အလျော်ရတာပေါ့။ အဲဒီမှာ အဒေါ်က ပြောပါလေရော “ဒါအရေးမကြီးပါဘူးသားရယ်၊ ဒါမျိုးလူ တိုင်းလုပ်နေကြတာပဲ” တဲ့။ ဂျော်နီကလေးတောင် ဆယ့်ငါးနှစ်ရှိလာပြီ။ သူကကျောင်းဘောလုံးအသင်းမှာ လက်ရွေးစင်တွေဘာတွေဖြစ်လို့။ အဲ့ဒီမှာ နည်းပြဆရာက တစ်ဖက်အသင်းရဲ့ တိုက်စစ်ကိုဒိုင်လူကြီး သတိမပြုလောက်အောင် ပညာသားပါပါနဲ့ စည်းမျဉ်းဖောက်ပြီး ဖျက်ထုတ်တဲ့နည်းကို သင်ပေးတယ်။ “လုပ်သာ လုပ်စမ်းပါ တပည့်ရာ၊ အသင်းတိုင်းလည်းလုပ်နေကြတာပဲ” လို့ပြောသေးရဲ့ ။ဂျော်နီ ဆယ့်ခြောက်နှစ်အရွယ် နွေရာသီးကျောင်းပိတ်ရက်ကာလတစ်ခုရောက်တော့ သူ့ရဲ့ ပထမဆုံးသောအလုပ်ကို စူပါမတ်ကက်တစ်ခုမှာ စတင်လုပ်ကိုင်ပါတယ်။ သူတာဝန်ယူထားရတာက အခြားတော့မဟုတ်ပါဘူး။ စတော်ဘယ်ရီ ခြင်းမှာ အမှည့်လွန်စတော်ဘယ်ရီသီးတွေကို အောက်ကထားပြီး အလုံးလှတာတွေကို အပေါ်မှာတင်ပေးရတဲ့အလုပ်ပါ။ အဲ့ဒီမှာလည်း ဆိုင်မန်နေဂျာကြီးက သူ့ကို ဘာပြောတယ်မှတ်လဲ။ “ကိစ္စမရှိပါဘူးကွ၊ ဆိုင်တိုင်းလည်းလုပ်နေတာပဲ” တဲ့။ ဆယ်ရှစ်နှစ်ပြည့်ပြီးဖြစ်တဲ့ ဂျော်နီဟာ သူ့ရဲ့ အိမ်နီးချင်းသူငယ်ချင်းတစ်ယောက် နဲ့အတူ ပညာသင်ဆုတစ်ဆုကို အပြိုင်လျှောက်ကြတယ်။ ဂျော်နီက သူလိုကိုယ်လိုကျောင်းသားပါ။ ကျန်တစ်ယောက်ကတော့ အတန်းထဲမှာ ပထမ၊ ဒုတိယ၊ တတိယတစ်ခုခုတော့အမြဲတမ်းချိတ်နေတက်တဲ့ကောင်။သူရဲ့ တစ်ခုတည်းသောအားနည်းချက်ကတော့ ကျောင်းဘောလုံးအသင်းမှာ ဆရာသင်ပေးသလို ညစ်တီးညစ်ပတ်ဖျက်ထုတ်နည်းမျိုး မလုပ်နိုင်ဘူးလို့ သူကငြင်းပယ်ခဲ့ခြင်းပါပဲ။ ဂျော်နီကတော့ ဆရာသင်ပေးတဲ့အတိုင်းလုပ်တယ်လေ။ ဒါ့ကြောင့် ဂျော်နီကအဲဒီ ကျောင်းသားအပေါ် ကျော်ပြီး ပညာသင်ဆုရသွားတယ်။ ဒီအကြောင်းကိုလဲကြားရော ဂျော်နီ့ကို သူ့မိဘတွေ အားပေးလိုက်ပုံက ”ကိစ္စမရှိပါဘူးသားရယ်၊ ကျောင်း တိုင်းလဲလုပ်နေကြတာဘဲ” တဲ့။ ခုတော့ဂျော်နီ အသက်ဆယ့်ကိုးနှစ်အရွယ်ရောက်ပြီ။ သူ့ထက်အတန်းကြီးတဲ့ ကျောင်းသားတစ်ယောက်က စာမေးပွဲမှာပါမယ့် အမေးအဖြေတချို့ကို သူ့ဆီ ဒေါ်လာငါးဆယ်နဲ့ရောင်းပါတယ်၊ ဂျော်နီဟာ အဲဒီကျောင်းသားပြောတဲ့ “လုပ်သာလုပ်ပါကွာ၊ ကျောင်းသားတိုင်းလည်း ဒီလို့ပဲလုပ်နေ ကြတာပဲ ” ဆိုတဲ့စကားအတိုင်းလုပ်တယ်။ ဒါပေမယ့် ဆရာတွေမိသွားပြီး နာမည်ပျက်နဲ့ အိမ်ပြန်ပို့ခံလိုက်ရတယ်။ အဲ့ဒီမှာတော့ သူ့အဖေကပြောတယ်…… “ မင်း နှယ် မိဘမျက်နှာမှမထောက် လုပ်ရက်တယ်ကွာ။ မင်းအိမ်မှာ ဒါမျိုးဘယ်သူလုပ်တာကြားဖူးလို့လဲ” တဲ့။ ဦးလေးနဲ့ အဒေါ်ကလည်း ရင်တွေတုန်လှချည်ရဲ့ ဘာရဲ့နဲ့လုပ်သေးတယ်။ ကလေးတွေများ အမှားလုပ်မိပြီဆိုရင်တော့ ကစ္စတွေရှိကုန်ကြတော့တာပဲကိုး ”
“ကောင်းလိုက်တဲ့ဆောင်းပါလေးကွာ၊ ခေါင်းထဲကို တစ်ခါ သံနဲ့ရိုက်သွင်းလိုက်သလိုပါပဲ။ ဒီကလေးက မဟုတ်တာတွေလုပ်တော့မှာ ပေါ့လေ။ သူ့မှာစံနမူနာကောင်းအဖြစ်နေပြခဲ့တဲ့သူ ရှိမှမရှိခဲ့တာ”
“တစ်ခါတလေ မဟုတ်မှန်းသိရက်နဲ့ ငြိမ်နေတတ် တာဟာလည်း မဟုတ်တာလုပ်တာနဲ့ အတူတူဖြစ်နေတတ်တယ်။ ဥပမာကွာ အရောင်းစာရေးက အကြွေပိုအမ်းတာကိုဘာမှမပြောဘဲယူသွားရင်လည်း မကောင်းမှုလုပ်တာပဲ။ ကိုယ်အနီးအနားမှာ ယာဉ်ထိန်းရဲလည်းမရှိ၊ တခြားလူသွားလူလာလည်းဘာမျှမရှိတဲ့အချိန်မှာ နင်ကမီးပွိုင့် မီးနီနေတာကို ဖြတ်မောင်းသွားမယ်ဆိုရင်လည်း ဒါဟာမကောင်းမှုလုပ်တာပဲပေါ့။ မကောင်းမှုဆိုတာ ဆိတ်ကွယ်ရာမရှိပါဘူး”
“သူငယ်ချင်းရယ် ငါ့ပြသနာတွေ ကို ခုလိုလာရှင်းပေးတာ ကျေးဇူးတင်လိုက်တာ။ သူများကို စည်းကမ်းရှိစေချင်ရင် ကိုယ်လည်း စံနမူနာကောင်းဖြစ်အောင် နေပြရမယ်ဆိုတာသိပ်ကောင်းတဲ့ အချက်ပါ။ ငါ့ကိုဒီလိုအချိန်ပေးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်”
ကျွန်တော်ဟာသူ့ကို လှိုက်လှဲကျေနပ်စွာ လက်ဆွဲနှုတ်ဆက်လိုက်ပါတယ်။သူကကျွန်တော့ကိုပြောပါတယ်။
“ငါတို့ဟာ တစ်ခါတလေမှာပြတ်ပြတ်သားသားမမြင်နိုင်ကြဘူး။လုပ်ချင်တာတွေကို လျှောက်လုပ်ပြီးရင် အဲဒါတွေမှန်တဲ့ အကြောင်းကို ဆင်ခြင်အမျိုးမျိုးနဲ့ သက်သေထူတတ်ကြတယ်။ ဘယ်လိုပဲ ဆင်ခြေပေးပေး အဲဒါတွေက သူများကိုထိခိုက်တဲ့ဟာတွေပဲမဟုတ်လား။”
ကျင့်ဝတ်သိက္ခာနဲ့ ပတ်သက်ပြီး စိတ်ဝင်စားသူများ ဖတ်သင့်တဲ့ စာအုပ်တစ်အုပ် ပါလို့ ညွှန်းပါရစေဗျာ။ ကျင့်ဝတ် အကြောင်းတွေရေးနေလို့ ကျွန်တော့် ကို မေးချင်ကြမှာပါ။ ကျွန်တော် သည်လည်း ကျင့်ဝတ် စောင့်ထိန်းနိုင်ဘို့ ကြိုးစားဆဲပါလို့။ ဒါကြောင့် ဒီစာအုပ်လေးထဲက လွယ်လွယ်ကူကူ ပေါ့ပေါ့ပါးပါး ဖတ်လို့ရတဲ့ ဟာလေးတွေ ရေးပြတာပါဗျာ။
14 comments
ကိုပေါက်(မန္တလေး)
November 19, 2011 at 7:13 pm
ကျနော့်ဆရာတစ်ယောက်ပြောဘူးတယ်။
သူများလုပ်သလို လိုက်လုပ်ရင် ကိုယ်လဲ သူများရတဲ့ရလာဒ်ဘဲရမှာပေါ့တဲ့။
(အများမိုးခါးရေသောက်ရင် ကိုယ်လဲသောက်ရမယ်ဆိုတဲ့ အယူအဆကိုငြင်းပယ်တယ်ဆိုတဲ့သဘောပါ)
thit min
November 19, 2011 at 7:27 pm
“လူတိုင်းလည်း လုပ်နေကြတာပဲ အရေးမကြီးပါဘူး” ဆိုရင် ….
တယောက်ထဲ လုပ်နေတာလေးတွေက အရေးကြီးတယ်လို့ စကားအသွားအလာအရ ရိုးရိုးလေးစဉ်းစားလို့ရပါတယ်။
တကယ်လဲ လူတယောက်ရဲ့နေ့လေးတနေ့စီဟာအဲဒီလူရဲ့ ဘဝဗိမာန်ကြီးကိုတည်ဆောက်တဲ့ အုပ်ခဲလေးတလုံး၊
သံချောင်းလေးတချောင်းပါဘဲ။
လူတယောက်ဟာပုံသွင်းခံရတတ်တဲ့သဘောကိုလက်ခံပါတယ်။
အဲဒီလိုဘဲ သူ့ဆင်ခြင်တုံတရားနဲ့ ပြောင်းလဲပစ်လိုက်တဲ့ လူတွေလဲအများကြီးရှိခဲ့တာတွေ့ဘူးပါတယ်။
စဉ်းစားလို့ကောင်းတဲ့ပို့စ်လေးပါ ကိုဘလက်ရေ။
windtalker
November 19, 2011 at 7:30 pm
အခုခေတ်က
ကောင်းကောင်းကန်းကန်း ၊ စည်းကမ်းတစ်ကျ လိုက်နာပြရင်
ဂြိုဟ်သားတစ်ကောင် ကို တွေ ့သလို အားလုံးမျက်စိပြူးကြည့်ကြတာ ကလား ဗျ
ရုပ်ရှင်ရုံ ထဲ ရောက်လို ့၊ နိုင်ငံတော် အလံ လွှင့်တိုင်း တစ်လေးတစ်စား နဲ ့ထရပ်ရင် ကို
အခုထိ ဝိုင်းအကြည့်ခံနေရတုန်းဘဲ ဗျာ ။
အခု ဒီမိုကရေစီရပြီ ဆိုတော့ ၊ တစ်ခါတစ်လေ စဉ်းစားမိတယ်
အဲဒီလို နိုင်ငံတော်အလံ ကို ထ အလေးပြုနေတုန်း ၊ အလေးမပြုဘဲ ဝိုင်းကြည့်တဲ့ကောင်တွေ ကို ဓါတ်ပုံရိုက်ပြီး ၊ သက်ဆိုင်ရာ ကို တင်ပြလိုက်ရင် ၊ ကိုယ် ဘယ်လောက် လူချစ်ခံရမလဲ မသိဘူး
ကိုပေါက်(မန္တလေး)
November 19, 2011 at 7:36 pm
သူများဘယ်လိုနေတာထက် ကိုယ်ဘယ်လိုနေမယ်ဆိုတာကို အရင်ပြဌာန်းရမယ်လေ။
blackchaw
November 19, 2011 at 7:38 pm
စောစောစီးစီး ဖတ်ပြီး ကွန်းမန့် ပေးတဲ့ ကိုပေါက် ရော ကိုသစ်မင်း ကိုရော
ကျေးဇူးတင်ပါတယ်ဗျာ။
ကိုသစ်ရေ။
ကျွန်တော် အခုတလော change လုပ်ရမယ့်ဟာတွေကိုပဲ ရေးချင်နေမိတယ်။
လူတွေရဲ့ စိတ်တွေနဲ့ ပတ်သက်လို့ပါ။
ပါချီပါချဲ့ လူတစ်ယောက်ရဲ့ တတ်နိုင်သလောက် ပရ ခြင်းပေါ့ဗျာ။
လွဲချော်တာလေးတွေ ပါခဲ့ရင် ဝိုင်းတည့်မတ်ပေးဘို့ တောင်းဆိုပါတယ်ဗျာ။
အီးတီ
November 20, 2011 at 8:43 am
တခြားနိုင်ငံတော့မသိဘူး ဦးဘလက် ရွှေတွေရဲ ့စိတ်ကိုပြောင်းဖို ့ဆိုတာ သိပ်တော့မလွယ်ဘူးထင်တယ်။ အကျင့်ပျက်လာတာ ကြာပြီလေဗျာ။ အထူးသဖြင့် မြို ့ကြီးမှာ နေတဲ့သူတွေပေါ့။ ကျွန်တော်လည်း အပါအဝင်ပေါ့။ လူတွေက ကိစ္စတစ်ခု လုပ်တော့မယ်ဆို ဘယ်ဟာကို ဘယ်လိုပေးပြီး ဘယ်လိုလုပ်ရမလဲ ဆိုတာပဲ စစဉ်းစားကြတယ်။ နည်းမှန်၊ လမ်းမှန်ကို သိပ်မစဉ်းစားကြတော့ဘူး။ နည်းမှန်၊ လမ်းမှန်က ကြာလို ့ပဲလား၊ သူတို ့ကိစ္စကပဲ ဘောင်မဝင်လို ့လား၊ ဒါမှမဟုတ် အရမ်းရေးကြီးလို ့လားမသိ ထားပါတော့ ဒါကဒီဘက်တပိုင်း။ ဟိုဘက်အပိုင်းကလည်း ဥပမာ ဝန်ထမ်းပဲထားပါတော့ … အစပိုင်းကတော့ နည်းမှန်လမ်းမှန်လေးလုပ်ပေး၊ နောက်တော့ စီးပွားရေးသမားတွေကပဲ အငိုကောင်းလို ့လား၊ အပေးကောင်းလို ့လားမသိ၊ ဒါမှမဟုတ် မိသားစုအဆင်မပြေလို ့ ပိုက်ဆံလက်ခံပြီး နည်းမှန် လမ်းမှန်သမား တွေကို ကျော်ခွလုပ်ပေး၊ နောက်တဖြည်းဖြည်း ကိုယ့်လုပ်ပိုင်ခွင့် ဘောင်ကို ကျော်ပြီး လက်တစ်လုံးခြား လုပ်ပေးလာတာ အစဉ်အလာကို ဖြစ်နေပြီ။ မလွယ်ပါဘူး ဦးဘလက်ပြောသလို ပြောင်းလဲဖို ့ဆိုတာ။ သင်္ဘောမှာ ပျင်းလို ့ရောက်တတ်ရာရာ စဉ်းစားပြီးရေးလိုက်တာ …အရေးအသားကလည်း မညက်ဘူး 😆 အမှားတွေပါရင် ခွင့်လွှတ် ဦးဘလက် 😀
အီးတီ
November 20, 2011 at 10:14 am
စည်းကမ်းလည်း ပြောချင်သေးတယ်။ ဥပမာ-ကားပေါ့ဗျာ။ ကားဟောင်းပယ်ဖျက်၊ ကားသစ်သွင်းတဲ့ ကိစ္စမှာ သတ်မှတ်ထားတာက ဆိပ်ကမ်းအရောက် $၅၀၀၀။ တကယ်သွင်းလာတာက ၅၀၀ဝ ကျော်တဲ့ကားတွေအများကြီး။ mark II 2002 တို ့ surf 99 တို ့ဆို ၂သောင်းကျော် ၃သောင်း ရှိတယ်။ အဲဒါကို သိသိကြီးနဲ ့ စည်းကမ်းပိုင်း အရေးမယူဘူး။ တကယ်ဆို သွင်းတဲ့သူကို ၅၀၀ဝဆိုတာ သေချာလား။ သေချာတယ်ဆို အဲဒီလို ကားမျိုးသွင်းတဲ့သူတွေကို ၅၀၀ဝ ပေးပြီး ကားသိမ်းလိုက် တစ်ခါထဲ black list လုပ်။ ပြီးရင် နောက်လူတွေကို ၅၀၀ဝ နဲ ့ပြန်ပေးလိုက်ပေါ့။ စီးပွားရေးသမားတွေ လက်တစ်လုံးခြား လုပ်သွားတာလေးတွေပါ။ အဲဒီသူတွေက ပိုက်ဆံမြတ်ရင်ဘာမဆို လုပ်မှာဘဲ။ ဘာမှကြောက်တာမဟုတ်ဘူး။ သူတို ့ရှုံးမှာဘဲ ကြောက်တာ။ ထိထိမိမိလေး အရေးယူသင့်တယ်။ တခြားကိစ္စတွေ အများကြီးရှိသေးတယ်။ ပြောတော့ဘူး။ ပြောရင်ဆုံးမှာ မဟုတ်တော့ဘူး။
ပေါက်ဖော်
November 19, 2011 at 7:48 pm
ခက်ချေပြီ အိုလူသားတို ့
😆
blackchaw
November 19, 2011 at 7:54 pm
@ windtalker – ကိုပေ သွားမလုပ်နဲ့ဗျ။ ရောမရောက်ရင် ရောမလိုကျင့် ဗျို့။ ထဆော်နေရင်ဂွမ်းသွားမယ်ဗျို့။
@ ပေါက်ဖေါ် – ဘာတွေများ ခက်ရပြန်တာလဲ ကပေါက်ဖေါ်။
koyinmaung
November 19, 2011 at 9:51 pm
တော်တော်ကောင်းတဲ့ပို့စ်ပါ
ဒါပေမဲ့လူတိုင်းဆိုတာထဲ့လူအများဆိုယင်ပိုမှန်မယ်ထင်ပါတယ်
ကျနော်ဈေ းဝယ်လို့ငွေပိုအန်ခဲ့ယင်ဘယ်တုန်းကမှမယူပါဘူး
ပြန်ပေးနေကြပါ..ဘာမှတန်ဘိုးမရှိပေမဲ့စိတ်ထဲမှာတမျိုးဘဲ
မယူချင်ဘူး ..နည်းလို့ပါလို့တော့မထင်နဲ့နော်
ငွေအတော်များများတောင်ပြန်ပေးခဲ့ဘူးပါတယ်….
aye.kk
November 19, 2011 at 9:51 pm
လက်ဦးဆရာ
မည်ထိုက်စွာ ပုပ္ပါစရိယ“ မိနဲ ့ဖ “ တဲ့..
သင်ဆရာ မြင်ဆရာ ကြားဆရာ အားလုံးနားထဲဝင်သွားလို ့ပါ..။
small cat
November 20, 2011 at 8:34 am
ကိုဘလက်ရေ ပြင်သင့်တဲ့အချက်တွေကတော့ အများကြီးပါ
အားလုးံကိုမလိုက်နာနိုင်သေးရင်တောင် ပြင်သင့်တယ်ဆိုတာသိဖို့နဲ့
နဲနဲခြင်းစပြင်ဖို့အရေးကြီးပါတယ်။လက်ရှိအချိန်မှာ အများနဲ့ဆန့်ကျင်နေလို့
အပစ်ပယ်ခံထားရတာတွေ ရှိပါတယ်၊ သူတို့ကတော့ မင်းကခြောက်ပစ်ကင်းနေတဲ့ကောင်မို့လို့လားတဲ့
ခြောက်ပစ် မကင်းပေမဲ့ တစ်ပစ် နှစ်ပစ် ကင်းအောင် လုပ်ရင်းနဲ့စရမှာပဲ
ကြောင်ကြီး
November 20, 2011 at 9:11 am
လုပ်မှာသာ လုပ်စမ်းပါ။ ပြောင်းမလိုနဲ့ ပျက်နေကြပဲဟာ။။။။ 😆
parlayar46
November 20, 2011 at 1:14 pm
တရားနဲ့ဖြေ ကိုကြောင်….
လက္ခဏာရေးသုံးပါး တဖြေးဖြေးထင်ရှားလာတယ်။
အနတ္တ အနတ္တ အနတ္တ ဆိုလား……:D
(ဘာမှမဆိုင်ပဲ ဆွဲထည့်ခြင်း)