ကျေနပ်ရင် အေးဆေးပါပဲ
နဲနဲတော့ကြာပါပြီ။ မပဒုမ္မာရေးခဲ့တဲ့ နိုင်ငံကို တကယ်မချစ်လို့ စွန့်ရစ်လေရော့သလားဆိုတဲ့ ဆောင်းပါးဖတ်ပြီးကထဲက ရင်ထဲမှာ ခံစားချက်တစ်ခုဖြစ်နေခဲ့ပါတယ်။ FR ကြီးက နိုင်ငံခြားမှာ အလုပ်သွားလုပ်တာ နိုင်ငံသားခံယူတာတွေကို အကောင်းဘက်က ရေးပြနေပြန်တော့ ပိုပြီး ခံစားလာရပါတယ်။
ကျွန်မက ပြည်တွင်းမှာနေတဲ့ ပညာတတ်လို့သတ်မှတ်နိုင်တဲ့သူတစ်ယောက်အနေနဲ့ တော်တော်လေး စိတ်ဓါတ်ကြံ့ခိုင်အောင် မွေးပြီးနေရသူဖြစ်ပါတယ်။ ကျွန်မရဲ့ ဆရာ ဆရာမတွေ၊ သူငယ်ချင်းတွေ အများစု နိုင်ငံခြားမှာ အလုပ်သွားလုပ်ပြီး တချို့ဆို နိုင်ငံသားပါခံယူပြီး နေနေကြပါတယ်။ သူတို့မှာလဲ သူတို့အခက်အခဲနဲ့သူတို့မို့ နားလည်ပေးနိုင်ပါတယ်။ ကျွန်မအလုပ်ဝင်ခါစက အလုပ်အတူလုပ်တဲ့အဖွဲ့လေးက အင်ဂျင်နီယာ ၄ ယောက်အဖွဲ့ဖြစ်ပါတယ်။ မိန်းကလေး ၂ ယောက်နဲ့ ယောက်ျားလေး ၂ ယောက်ပါ။ ကျွန်မတို့တစ်တွေက လုပ်ငန်းနဲ့ပတ်သက်ပြီး ဝါသနာပါကြတယ်။ တက်တက်ကြွကြွလဲ ရှိတယ်။ လုပ်နိုင်စွမ်းအားလဲ အများကြီးရှိကြပါတယ်။ ဒါပေမယ့် သူတို့တွေ အဲဒီအနေအထားတစ်ခုကို တောင့်မခံနိုင်ကြပါဘူး။ ၄ – ၅ – ၆ နှစ်အတွင်းမှာ သူတို့ ၃ ယောက် နိုင်ငံခြားကို ရောက်သွားပါတော့တယ်။ ကျွန်မနဲ့သူတို့က အရည်အချင်းတန်းတူတွေမို့လို့ လိုက်သွားချင်ရင် အလွယ်လေးပါ။ သူတို့တွေထွက်သွားရတာကလဲ မိသားစုအရေးက အဓိကပါနေပြီး သွားချင်လွန်းလို့သွားတာမဟုတ်လေတော့ ကျွန်မကို အတင်းမခေါ်ပါဘူး။ ကျွန်မတစ်ယောက်ထဲကျန်ခဲ့တဲ့အချိန်မှာ စိတ်ဓါတ်အရမ်းကျသွားခဲ့ပါတယ်။ နေခဲ့တာကိုက အသုံးမကျလို့လို့ အထင်ခံရတဲ့ ပတ်ဝန်းကျင်မှာ ထွက်ပြေးချင်စိတ်တွေ ခဏခဏပေါ်လာခဲ့ပါတယ်။ ခွင့်ရက်ရှည်ယူပြီး တရားရိပ်သာမှာသွားနေလိုက်၊ ခရီးထွက်လိုက်နဲ့ စိတ်ပြေရာပြေကြောင်း လျှောက်လုပ်နေခဲ့ပါတယ်။
ကျွန်မမှာ ရည်မှန်းချက်တစ်ခုထားခဲ့ပြီးသားရှိပါတယ်။ ကျွန်မရွေးချယ်ခဲ့တာကိုက ပညာနဲ့အသက်မွေးဖို့နဲ့ ခေတ်မှီတိုးတက်တဲ့နိုင်ငံတော်ဖြစ်ဖို့ အုတ်တစ်ချပ်သဲတစ်ပွင့် ပါဝင်ချင်ခဲ့တဲ့ စေတနာအပြည့်နဲ့ပါ။ ကျွန်မအလုပ်လုပ်ခဲ့တဲ့ဌာနလေးမှာ ကျွန်မက နောက်ဆုံးမျိုးဆက်ဖြစ်နေခဲ့ပေမယ့် ဆက်လက်ထိန်းသိမ်းဖို့က ကျွန်မရဲ့တာဝန်လို့ ကိုယ့်ဟာကိုယ် တာဝန်ပေးပြီး တာဝန်ထမ်းနေခဲ့ပါတယ်။ ဆရာတွေရှိတုန်းကလောက်တော့ စိတ်မပါခဲ့ပါဘူး။ ကျွန်မတပည့်တွေကိုလည်း သေချာမသွန်သင်ပေးနိုင်ခဲ့ပါဘူး။ သူတို့တွေကို အဆင်ပြေသလိုနေစေပြီး ထွက်သွားမယ်ဆိုရင်လဲ ထွက်သွားနိုင်ကြောင်း လမ်းဖွင့်ပေးထားခဲ့ပါတယ်။ ကျွန်မလိုပဲ တခြားသူငယ်ချင်းတစ်ချို့လဲ သူတို့ယုံကြည်ချက်နဲ့သူတို့ ပြည်တွင်းမှာ နေနေကြပြီး ကျေနပ်နေကြသူတွေရှိပါတယ်။ ဒီလိုပဲ သီးခံနေရင်း အချိန်အတိုင်းအတာတစ်ခု (ဆယ်စုနှစ်တစ်ခု) ကျော်သွားချိန်မှာ လမ်းကြောင်းတစ်ခုပေါ်မှာ ရပ်တည်နေပြီးသားဖြစ်နေပါပြီ။
သူတို့အလည်ပြန်လာလို့ ပြန်တွေ့ကြချိန်မှာ အတွေးအမြင်ပြောင်းလဲမှုတွေ ရှိနေကြပါပြီ။ လူကြီးဆန်ဆန်ပဲ တစ်ယောက်နဲ့တစ်ယောက် မဝေဖန်ကြပဲ အကောင်းမြင်ပေးကြပါတယ်။ သူတို့ရောက်ဖူးတဲ့ နိုင်ငံတွေအကြောင်းပြောချိန်မှာ ကျွန်မက မေမေချက်ပေးတဲ့ဟင်းကိုစားပြီး မေမေနဲ့အတူတူအိပ်နေနိုင်တဲ့ အခွင့်အရေးရနေခဲ့တယ်။ အသက်အရွယ်ရာထူးနဲ့ ထိုက်တန်တဲ့ ဂုဏ်သိက္ခာတစ်ခုလဲ ရှိနေခဲ့ပါတယ်။ သူတို့တွေ အလုပ်ပင်ပန်းကြတယ်။ လစာကောင်းကောင်းရတယ်။ ကလေးတွေ ပညာရေးအတွက် အလားအလာကောင်းကြတယ်။ လူနေမှုအဆင့်အတန်းမြင့်မြင့်နေနိုင်ကြပါတယ်။ ဒါဆို အရမ်းချမ်းသာနေပြီလားဆိုတော့လဲ မဟုတ်သေးဘူး။ ဝင်ငွေရှိသလောက် ထွက်ငွေကလဲရှိပြန်တော့ ရပ်လိုက်လို့မရပဲ ဆက်လုပ်နေရအုန်းမှာပဲ။ ဘယ်တော့ပြန်လာမလဲမေးတဲ့အခါ ကလေးတွေအလုပ်အကိုင်ရပြီးရင်တဲ့။ ကျွန်မအားငယ်မှာစိုးရိမ်လို့ သူတို့တွေရဲ့ပိုင်ဆိုင်မှုတွေကို မကြွားဝါခဲ့ကြပေမယ့် အသွင်အပြင်နဲ့တင် ခန့်မှန်းလို့ရပါတယ်။ ကျွန်မရဲ့တည်ငြိမ်နေတဲ့ဘဝကိုလဲ သူတို့တွေ့မြင်သွားခဲ့ပါတယ်။
အခုအချိန်အထိ ကျွန်မရဲ့ရပ်တည်မှုက နိုင်ငံတော်အတွက် အခန်းကဏ္ဍတစ်ခုကနေ ပါဝင်နေတုန်းပါပဲ။ မဆိုစလောက်လေးပဲဖြစ်ဖြစ် အတတ်ပညာတစ်ခုနဲ့ အလုပ်အကျွေးပြုနေတုန်းပဲ။ လုပ်ပေးတာနဲ့ ရတဲ့အကျိုးအမြတ်ကွာခြားချက်ရှိနေပေမယ့် လုပ်အားအလှူလို့သဘောထားပြီး ကျွန်မကတော့ ကျေကျေနပ်နပ်ရှိနေတုန်းပဲ။ လူငယ်တွေကို အသိပညာပေးဝေဖို့ အမြဲအဆင်သင့်ဖြစ်နေတုန်းပဲ။
ကိုယ့်ခံယူချက်နဲ့ကိုယ် မှန်တယ်ထင်လို့ရွေးချယ်ခဲ့တဲ့လမ်းကြောင်းတစ်ခုကို အေးအေးဆေးဆေး ဆက်လျှောက်ရအုန်းမှာပါ။ အခုမှ လမ်းခုလတ်ပဲရှိသေးတယ်လေ။ ရှေ့လျှောက်ဘာတွေဖြစ်လာမလဲဆိုတာ ဘယ်သူမှမသိနိုင်သေးပါဘူး။ လူတိုင်းလူတိုင်း ကိုယ့်အခက်အခဲနဲ့ကိုယ် ကိုယ့်ခံယူချက်နဲ့ကိုယ် အကောင်းဆုံး ဆုံးဖြတ်ပြီး လုပ်နေကြတာပဲလေ။ မှန်တယ်မှားတယ်ဆိုတာ ကိုယ်ဘယ်လောက်အတိုင်းအတာအထိ ကျေနပ်သလဲ၊ စိတ်ချမ်းသာနိုင်မလဲပေါ်မှာသာ မူတည်နေတယ်လို့ထင်ပါတယ်။ အမြဲတမ်းပြောင်းလဲနေတဲ့ နိုင်ငံရေးအခြေအနေအောက်မှာ ကျွန်မတို့ လုပ်ငန်းတွေရဲ့ အခက်အခဲတွေလဲ မတူညီခဲ့ပါဘူး။ စိတ်ပျက်စရာကောင်းလောက်အောင်ဖြစ်တဲ့အခါရှိသလို အရမ်းတက်ကြွချင်စရာကောင်းတဲ့ အခြေအနေတွေလဲ ရှိခဲ့ပါတယ်။ တဖြည်းဖြည်းနဲ့တော့ အကောင်းဘက်ကို ဦးတည်လာတယ်လို့ ခံစားလာမိပါတယ်။ အရင်ကထက် အလုပ်တွေပိုများလာတာက သက်သေတစ်ခုပါပဲ။ ဝင်ငွေပိုရပြီး ထွက်ငွေပိုနဲလာအောင် အဘက်ဘက်က အသဲအသန် စိစစ်နေချိန်မှာ အလုပ်လုပ်ရတာ အဓိပ္ပါယ်ရှိလာသလိုခံစားလာရပါတယ်။ လုပ်ပိုင်ခွင့်တွေလဲ အရင်ကထက်ပိုလာခဲ့ပါတယ်။ အစိုးရသစ်ရဲ့ ပထမဆုံးဘဏ္ဍာရေးနှစ်ဖြစ်လို့ ငွေကြေးတည်ငြိမ်မှုမရှိသေးပေမယ့် ခြေလှမ်းသစ်ကတော့ တော်တော်သွက်တယ်လို့ဆိုနိုင်ပါတယ်။ အစိုးရပိုင်လုပ်ငန်းတွေကို ပုဂ္ဂလိကပိုင်လုပ်ငန်းကဲ့သို့ လုပ်ပိုင်ခွင့်တွေ ပေးခဲ့ပါတယ်။ ဒါပေမယ့် … ရှုံးလို့တော့မရဘူး။ အရှုံးဖြစ်သွားတာနဲ့ ပြုတ်ပြီသာမှတ်ပဲ။ ကျွန်မအနေနဲ့ကတော့ အစိုးရအလုပ်ပဲဖြစ်ဖြစ် ပြင်ပကုမ္ပဏီပဲဖြစ်ဖြစ် ပညာရပ်ဆိုင်ရာ အတတ်ပညာကို အသုံးပြုပြီး လုပ်နေရတာဆိုတော့ ပြုတ်စရာအကြောင်းမရှိလေတော့ အေးအေးဆေးဆေးပဲ။ လုပ်ချင်တာတွေကို ပိုလုပ်ခွင့်ရလာပြီမို့ ကျေနပ်စွာနဲ့ပဲ နေတတ်ရင် ဘယ်နေရာမှာမဆို အေးဆေးပါပဲလို့ တွေးမိရင်း ……
22 comments
ပေါက်ဖော်
November 23, 2011 at 11:38 am
အွင်းလေ..
ပညာတတ်တဲ့သူကလဲ သူ ့ပညာနဲ ့သူ ကျေနပ်နေမှာပါပဲ..
မတတ်တဲ့လူကလဲ..အထိုက်အလျောက် ကျေနပ်နေမယ် ထင်တာပဲ.
အနော်တို ့တော့ အလစ်သမားဘဝမှာ ပျော်တယ်လို ့တော့မဟုတ်ပါဘူး…
ဒီလိုပဲ ရှာဖွေလစ်သုတ် မိပြန်ပေး.မမိ..သုတ်စား ဘဝနဲ ့….တော့ မကျေနပ်နိုင်သေးပါခင်ဗျ
အခွင့်သာလျင်ဖြင့်…လှုပ်ရှားစရာမလိုပဲ..အလစ်သုတ်နိုင်တဲ့လူ ဖြစ်ချင်ပါတေးရဲ့
ဒါကြောင့်လဲ ဗေဒင်ကဝိ..ကရင်စည့်ရဲ့ ဗေဒဝိဇ္ဇာ စိတ်ညှို ့ပညာကို ညတိုင်း..ကျင့်ကြံနေပါကြောင်း
ဥုံဖွ..ရဒနာတွေ..အလစ်သုတ်ရမှာပျင်းလို ့..နာဆီ..လာပေးကြ…
ဥုံဖွ..ရဒနာတွေ..အလစ်သုတ်ရမှာပျင်းလို ့..နာဆီ..လာပေးကြ…
ဥုံဖွ..ရဒနာတွေ..အလစ်သုတ်ရမှာပျင်းလို ့..နာဆီ..လာပေးကြ…
ပုံ၊
ပေါက်-ပေ-လူး-ဂီ-အီး-မှော်-စည် မှ လက်သွက်ဆုံး သိုင်းသမားငယ်
ငဖော်ရီး
ကိုရင်စည်သူ
November 23, 2011 at 12:06 pm
သိုင်သမားငယ် ငေဖာ်ရီး သွက်ချက်.. ကိုယ်ဖော့သိုင်းတော်တော်လေး
ကျင့်ထားပုံရတယ်… လိုက်လို့ကို မမှီတော့ဝူးးး။ မကြာခင် နီ့ဆီကို
မောင်ပေက မန်းဒလေးက မအောင်တဲ့ ကျောက်အတုတွေ လာပေးမှာတော့
မြင်ယောင်သေး… ဟီးဟီးး.. 😀 😀 😀
မိုးဇိလေးလည်း နိုင်ဂံဂျားမတွားနဲ့ မကောင်းဝူး… မသင့်တော်ဝူး..
ဒီမှာပဲ ဖေဖေမေမေတို့ကို စောင့်ရှောက်ပေါ့.. အမလေး.. စိတ်ထားလေးက
ကောင်းလိုက်တာ.. ကိုရင့်အတိုင်းပဲ… 🙂 🙂
ကိုရင်လည်း တစ်ဦးတည်းသော သားပဲ …. (အောက်ဆုံးက ပြန်ရေရင်… 😛 :P)
နေနဲ့လ ရွှေနဲ့ မြ ဆိုတာ ဒါမျိုးများလား… 🙄 🙄
ခုချိန်ဆို ပုံးဂီ့ကြီး ဖတ်ပြီး ဒေါပွနေလောက်ပီ… ဟဟ 😉 😉
ပုံ၊
ပေါက်-ပေ-လူး-ဂီ-အီး-မှော်-စည် မှ အချစ်တတ်ဆုံး သိုင်းသမားလေး
တိုက်ကွမ်စည်
inz@ghi
November 23, 2011 at 12:12 pm
တိန်….
သည်ကိုရင်လည်း ခြေသွက်လှချည်လား ..
ဖစ်ချေဝူး ဖစ်ချေဝူး …
မိုးဇိလေး ကို ခြေသွက်လက်သွက်တဲ့ လူဒွေကြားမှာ စိတ်ချနိုင်တော့ဝူ…
ဇိရေ ဂီ့ တယောက် ရင်တွေပူထှာ…
သည်သိုင်း အကျော် အမော်တွေ မနှောက်ယှက်နိုင်အောင်
နစ်ခ် နိမ်းလေးကိုပါ…ချိန်းလိုက်ပါတော့ကွယ်….
အိန်ဂျယ်လီနာ အင်ဇာဂီ လို့ ….
ခစ်ခစ်..
ပုံ၊
ပေါက်-ပေ-လူး-ဂီ-အီး-မှော်-စည် မှ အီတာလျံ ဘောလုံးသမား ရုပ်ရည်နှင့် လေသိုင်းဆြာ
ဂိုင်း အင်ဇာဂီ
Moe Z
November 23, 2011 at 11:40 am
လေးစားပါတယ်မမဝေရယ်
မိုးစက်ရဲ့သူငယ်ချင်းတွေလည်း ပြည်ပရောက်ကုန်တာများတယ်
ကျောင်းပြီးကာစကသွားဖို့စိတ်ကူးပေမယ့် သမီးတစ်ယောက်တည်းရှိတဲ့မိဘတွေနေရာက
တွေးကြည့်ပြီးစိတ်မကောင်းဖြစ်မှာစိုးလို့ ပြည်တွင်းမှာပဲထိုက်သင့်တဲ့
နေရာလေးရအောင်ကြိုးစားခဲ့ရတာ အခုတော့လည်းပျော်နေပါပြီ
ကိုယ်တတ်နိုင်တဲ့ဘက်က တာဝန်ကျေဖို့တော့ အဆင်သင့်ပါပဲ …
E.T
November 23, 2011 at 1:40 pm
ဟုတ်တယ် မမိုးဇက် .. ကျွန်တော်လည်း သင်္ဘောမလိုက်တော့ဘူး .. ပြန်လာရင် မမိုးဇက်နဲ ့အလုပ်တူတူလုပ်ပြီး နိုင်ငံအကျိုးသယ်ပိုးတော့မယ် 🙂 အပေါ်က ၂ယောက် မမြင်ပါစေနဲ ့။
ကိုရင်စည်သူ
November 23, 2011 at 3:18 pm
အမငီး.. ဒီက မိုးဇက်ကလေးကို လေနဲ့ပဲ တိုက်စစ်ဆင်ရသေးဒယ်..
ကအီးတီတို့က သင်္ဘောဆက်မလိုက်ပဲတောင်….
ပြန်လာရင် အလုပ်တူတူလုပ်မယ်ဆိုပါလား…. ပိုင်ချက်ကတော့ လွှတ်ကောင်းထှာ… 😛
ဒီလူဂျီးတွေနဲ့ ရွာထဲမှာ မိုးဇိလေးကို ထားပြီး ကိုရင် အရှေ့တောင်တရုတ်ပင်လယ်မှာ ဘယ်လို
သွားသီတင်းသုံးရပါ့မလဲ… 😥 😥
စိုးတယ်.. စိုးမိတယ်.. စိုမှာ စိုးလို့ မိုးပေးချင်တယ်.. မိုးဂလေးရယ်.. 😳 😳
ကြောင်ကြီး
November 23, 2011 at 12:32 pm
မြေအသိမ်းခံရတဲ့ လယ်သမားကြီးတွေကတော့ အန်တီဝေပြောသလို မခံစားမိသေးပါဘူးတဲ့။
ဟိုကြေးဒီကြေး အမတော်ကြေး အဖြတ်ခံရတဲ့ တောင်သူတွေကလည်း အဲသလိုပါပဲတဲ့….
ဟိုဟာစိုက် ဒီဟာစိုက် နိုင်ငံတော်အမိန့်ဆိုတိုင်း စိုက်ပေးနေရတဲ့ ယာပိုင်ရှင်များကလည်း…
တနေ့လုပ်မှ တနေ့စား နင်းပြားအခြေခံ လူတန်းစား၊ အလုပ်သမားများကလည်း…..
တဖက်နိုင်ငံများရှိ ရွှေ့ပြောင်းမြန်မာ အလုပ်သမားများကလည်း….
ပြည်တွင်းစစ်ကြောင့် အိုးပစ်အိမ်ပစ် ထွက်ပြေးရတဲ့ စစ်ပြေးဒုက္ခသည်များကလည်း…
နှစ်ရှည်လများ နှိပ်စက်ခံနေရသူ ယုံကြည်ချက်ကြောင့်အကျဉ်းကျနေသူများကလည်…..
အတင်းအကြပ် စစ်ထဲအသွပ်အသွင်းခံရသူ ခလေးသူငယ်၊ လူငယ်များကလည်း……
အင်တာနက် လိပ်သွားနှုန်းကို သီးခံသုံးစွဲနေရသူများကလည်း…..
လက်ကိုင်ဖုံးကို ဈေးကြီးပေးသုံးနေရသူ အပေါင်းကလည်း……
မော်တော်ကားဈေးနှုန်းဖတ်ပြီး မြင်သာမြင်ရ မကြင်ရဖြစ်နေရသူများကလည်း……
တောပြုန်းလို့ နေစရာမရှိ ဖြစ်နေသူ သားရဲတိရစာ္ဆန်များကလည်း…..
တရုတ်ကြီးရန်ကြောင့် မျိုးတုန်းလုဖြစ်နေတဲ့ တွင်းအောင်းသတ္တဝါအပေါင်းကလည်း….
ကျောင်းမတက်နိုင်တဲ့ ခလေးသူငယ်များကလည်း…….
ကြောင်ကြီးကလည်း…………………………………………………………………………
weiwei
November 23, 2011 at 2:47 pm
ကိုကြောင်ကြီးရယ် …
ဘယ်နေရာမှာမဆို စိတ်ထားကသာ အရေးကြီးတာပါ …
အတွေးပြောင်းလိုက်ရင် စိတ်ချမ်းသာသွားနိုင်တယ်လေ …
thit min
November 23, 2011 at 12:40 pm
လေးစားရပါသောမဝေဝေခင်ဗျား……
ကျနော်လဲ အနေအထားအရ ဒီနိုင်ငံက ကျောင်းသားတွေအစားမြန်မာကလေးတွေကို
သင်ပေးချင်တာပါ။ အတွေ့အကြုံအရလည်းအရွယ်ချင်းတူရင်မြန်မာခေါင်းက မညံ့ပါဘူး။
အဲ လေးလေးနက်နက်နဲ့ တိတိကျကျလေးလုပ်တာနေရာလေးတော့အားနည်းတယ်ဗျ။
ဒါလဲ ပြုပြင်ယူလိုရတာမျိုးပါ။
ကျနော်အမြင်ကတော့ မဝေဝေတို့လက်ရှိအနေအထားကိုသဘောကျတာပါ။ကျနော်သူများ
တိုင်းပြည်မှာတသက်လုံးနေဖို့ ဘယ်တုန်းကမှစိတ်မကူးခဲ့သလို ကိုယ့်တိုင်းပြည်အတွက်
ဘာမှမယ်မယ်ရရလုပ်မပေးနိုင်ခဲ့သေးဘူးလို့အမြဲကိုယ့်ကိုကိုယ်သတိပေးနေမိတာပါ။
ကမ္ဘာလူဦး ရေ တဝက်လောက်က တနေ့၂ဒေါ်လာအောက်သုံးစွဲနေရပြီး စားဝတ်နေရေး
ကြပ်တည်းနေကြတဲ့အချိန်မှာ တယောက်ထဲကြီးပွါးချမ်းသာလို့ ဘာမှအနှစ်သာရမရှိပါဘူး။
အများအခက်အခဲဖြစ်နေ ချိန်မှာ ကိုယ့်သာယာချမ်းသာရေးတခုဘဲကြည့်ပြီး တိုင်းပြည်ကို
စွန့်သွားတဲ့သူတွေကို တော့အပြစ်မပြောလိုတော့ပါဘူး။
ဒါပေမဲ့ ကိုယ့်နိုင်ငံကို ချစ်လို့ဘဲဖြစ်ဖြစ် ၊ ဘယ်လိုအကြောင်းနဲ့ဘဲဖြစ်ဖြစ် လက်ရှိမြန်မာမှာ
ရှိနေပြီး လူတယောက်အတွက် (သို့) လူ့အဖွဲ့အစည်းအတွက် နည်းနည်းလေးအကျိုးပြုနေ
တယ်ဆိုရင်တောင် (လက်ရှိ)ကျနော်ထက် “သာ” လို့ တကယ်ဘဲလေးစားမိပါတယ်။
သဇင်၊မေခတွေပြောတုန်းက စကားတွေအရ ကျနော်ကမဝေဝေတို့ထက်၂နှစ် ၃နှစ်စီနီယာပါ။
ကျနော်တို့ကိုပညာသင်ပေးခဲ့တဲ့”မြေ”ရဲ့ကျေးဇူးကို ကျနော်ပိုပြီးဆပ်သင့်တယ်လို့တောင်ယူဆလို့ပါတယ်။
ဒါပေမဲ့ သိပ်မကြာတော့တဲ့အချိန်ကာလတခုမှာတော့ ကျနော် ဆုံးဖြတ်ပြီးသားမလို့
လုပ်စရာရှိသည်များကို ဆက်လုပ်ရင်း “အချိန်တန်” လာတော့မှာပါ။
ဘာဘဲဖြစ်ဖြစ် မဝေဝေနှင့်တကွ နိုင်ငံချစ်သော အတတ်ပညာ၊ အသိပညာရှင်များအား
လေးစားပါကြောင်း လေးလေးနက်နက် ထပ်မံပြောပါရစေတော့။
weiwei
November 23, 2011 at 2:54 pm
ကိုသစ်မင်းက အခုလို တလေးတစားနဲ့ ကွန်မန့်ပေးတာ ကျေးဇူးတင်ပါတယ် …
တကယ်တော့ ကျွန်မစိတ်က တစ်ချိန်လုံး လွန်ဆွဲနေခဲ့ပါတယ် … ပြည်တွင်းမှာပဲ နေဖြစ်ခဲ့တာ ကျွန်မဖေဖေကျေးဇူးကြောင့်လဲ ပါတယ် … ဖေဖေက ငွေကြေးကိုမမက်ဖို့ အမြဲတမ်းဆုံးမခဲ့ပါတယ် … မိသားစုကိုချစ်တတ်အောင်နဲ့ မိသားစုတန်ဖိုးကို သိအောင် ဖော်ပြပေးနိုင်ခဲ့လို့ လက်ရှိမှာ ဘာပိုင်ဆိုင်မှုမှမရှိပေမယ့် နွေးထွေးတဲ့မိသားစုနဲ့ အတတ်ပညာသုံးရတဲ့လုပ်ငန်းတစ်ခုမှာ ကျေနပ်နေခြင်းသာဖြစ်ပါတယ် …
MaMa
November 23, 2011 at 2:56 pm
လူသားတစ်ဦးအနေနဲ့ အနည်းဆုံး ကိုယ့်မိသားစု ကိုယ့်အသိုင်းအဝိုင်း၊ ကြီးကြီးကျယ်ကျယ်ပြောရရင် ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးကို တထောင့်တနေရာက ဖြည့်ဆည်းပေးနိုင်ရင် တန်ဖိုးရှိတဲ့လူပဲပေ့ါ။
hmee
November 23, 2011 at 2:59 pm
“မေမေချက်ပေးတဲ့ ဟင်းကိုစားပြီး မေမေနဲ့ အတူအိပ်ခွင့်”တဲ့ ကြိုက်လိုက်တဲ့ စကားလေး။ မဝေရေ ကျွန်မလည်း တခါရေးဖူးပါတယ်။ ဘယ်လောက်တိုးတက်တယ်ပဲဆိုဆို ဘယ်လောက် အနေအထား သာတယ်ပြောပြော စိတ်လွတ်လပ်ပေါ့ပါးမှုက ကွာတယ်ဆိုတာလေ။
ဆူး
November 23, 2011 at 3:46 pm
ဆူး ရဲ့ သူငယ်ချင်းတွေလည်း နိုင်ငံခြားမှာ အများကြီးပဲ နိုင်ငံခြားရောက်မှ ခေတ်မှီ သလို ဖြစ်နေကြတဲ့ ခေတ်ကြီးလို့ ပြောလို့ ရတယ်လေ။
နိုင်ငံခြားက လူကလည်း နိုင်ငံခြားမှာ သူ့တာဝန်နဲ့ သူ မအားရ မနားရအောင် လုပ်နေရတယ်။
ဒီမှာ ရှိနေတဲ့ လူကလည်း ဒီက လူ အလျှောက်တော့ မတူညီတဲ့ ဘဝပုံစံတွေ ကို ဖြတ်သန်းနေရတာပါပဲ။
ဒီက လူက ဆင်းရဲချင် ဆင်းရဲမယ် ပိုက်ဆံ သုံးနိုင်ချင်မှ သုံးနိုင်မယ် ဒါပေမဲ့ မိသားစု ဘဝနဲ့ မွန်းကျပ်တဲ့ စိတ်အစဉ်ကို ဖြေသိမ့်ပေးမဲ့ ထွက်ပေါက်တွေ ရှိတယ်။
kai
November 23, 2011 at 3:56 pm
ဝေမမက.. ဖားအောက်တောရက ထွက်လာတာ မကြာသေးဘူးနော…
ဆိုတော့…
မြန်မာထေရဝါဒရဲ့ လွှမ်းမိုးမှုနဲ့.. အခု..ချရေးလိုက်တဲ့.. အတွေးတွေ.. ဆက်စပ်နေတယ်လို့.. ခံစားရမိတယ်..။
မှန်ပါတယ်လေ…
ကျေနပ်ရင် အေးဆေးပါပဲ…။ 😆
ကိုပေါက်(မန္တလေး)
November 23, 2011 at 4:15 pm
အဲလိုလဲ မဟုတ်ဘူး ကိုခိုင်ရေ။
ရုပ်ဝတ္တုတွေပြည့်စုံတိုင်းစိတ်ချမ်းသာမှာ မဟုတ်တာသေချာတယ်။
ဒါပေမယ့် ရုပ်ဝတ္တု မပြည့်စုံပေမယ့်လဲ စိတ်ချမ်းသာတာမျုးိက တော့ကိုယ်တွေ့။
ကျနော်က ငယ်ကတည်းက ဆင်းရဲခဲ့တာကိုးဗျာ။
ဒါပေမယ့် လက်ရှိရနေတဲ့နေရာမှာ ကျနော်စိတ်ချမ်းသာအောင် ကြိုးစားလို့နေပါတယ်။
ဒါအပြစ်တခုမဟုတ်သလို ကိုယ့်လို နေကြပါလို့လဲ မတိုက်တွန်းချင်ပါဘူး။
ပြီးခဲ့တဲ့လပိုင်းလောက်က အင်မတန်ကိ ု စီးပွားရေးအောင်မြင်နေတယ်ဆိုတဲ့လူငယ်လေးတစ်ယောက်
ကိုယ့်ကို ကိုယ်အဆုံးစီရင်သွားတယ်။
ုငွေဈေးအပြောင်းအလဲမှာ ဆုံးရှုံးတာတွေများတဲ့ဒဏ်မခံနိုင်လို့တဲ့ဗျာ။
သူဆိုကျနော်ထက်အပုံကြီးချမ်းသာတာပေါ့။
သူမရှိတော့ဘူး ကုန်ပြီဆိုတာက ကျနော်ရှိတယ်လို့ ထင်တာထက်အပုံကြီး ပိုချမ်းသာပါသေးတယ်။
အရေးကြီးတာ ရောက်နေတဲ့အနေအထားအပေါ်မှာကျေနပ်ဘို့ပါ။
ဒါပေမယ့် ဒီထက်တိုးတက်အောင် မလုပ်ရဘူးလို့တော့ လုံးဝမပြောဘူးနော်။
char too lan
November 23, 2011 at 6:33 pm
ကျေမနပ်ဗူးးးးးးးးးး ဂွာ…… ဘာဖစ်ချင်လဲ………….
😉
လေးပေါက်ပြောတာလေး သဘောကျတယ်
koaung
November 23, 2011 at 6:29 pm
ကိုယ့်နိုင်ငံကကောင်းလွန်းအားကြီးလို့(စိတ်ပျက်ဖို့) သူများနိုင်ငံသွားရတာပါဗျာ ကိုယ့်နိုင်ငံကတကယ်ကောင်းရင်ဘယ်သူက အိမ်အသစ်ကိုရှာချင်မှာလဲဗျာ
weiwei
November 23, 2011 at 7:34 pm
အိမ်အသစ်ရှာတာကို အပြစ်တင်လိုစိတ်လုံးဝမရှိပါဘူး …
ကျွန်မတစ်ယောက်ထဲအတွေးကိုတင်ပြခြင်းသာဖြစ်ပါတယ် …
ကျွန်မတို့လဲ အိမ်ဟောင်းကို ကြိုးစားပြီး ပြန်ပြင်နေကြပါတယ် … မကြာခင်မှာ အိမ်သစ်တစ်လုံးလို ဖြစ်လာလိမ့်မယ်လို့ မေ၊ျှာ်လင့်မိပါတယ် …
တညင်သား
November 23, 2011 at 8:04 pm
လုံးဝ လေးစားတယ် မမဝေရေ ဘယ်သူတွေ ဘာပြောမလဲ ကြည့်ပါရစေအုံဗျာ……….
thit min
November 23, 2011 at 8:15 pm
ထပ်ရေးအုန်းမယ်ဗျာ။အားမရလို့။
(ဒီစာစုလေး ဟာ ဘယ်သူ့ကိုမှ အပြစ်တင်တာ၊သဘောမကျလို့ပြောတာ၊
မဟုတ်ပါကြောင်း နဲ့ ကျနော်ခံစားချက်လေးကိုသာ တင်ပြခြင်းဖြစ်ကြောင်း ဝန်ခံပါရစေ)
ကျနော် ဒီမှာနေတာဆယ်စုနှစ်တခုကိုတော်တော်ကျော်ခဲ့ပါပြီ။
ကိုယ့်ကိုခင်မင်ကြတဲ့ စောင့်ရှောက်ကြတဲ့သူတွေလဲ အများကြီးပါ။
ပြောရရင် ဘယ်လိုလုပ်ကိုင်နေထိုင်ရမယ်ဆိုတာ မြန်မာထက် ဒီမှာ ကျနော်ပိုသိနေပါပြီ။
ကျနော်လဲ အများကြီး သိ၊တတ်၊ရှိ နေတဲ့လူတယောက်တော့ဟုတ်ပါဘူး။
ထိုက်သင့်တဲ့ စတေးတပ် တခုတော့ရှိတာပေါ့ဗျာ။
ဒါပေမဲ့ စေတနာတော့ အမှန်တကယ်ရှိပါတယ်။
ခင်ဗျားတို့(အိုဗာစီးနေသူ)တွေလဲ တတ်နိုင်တာလေး “ငွေပေးလိုက်တာမျိုးချည်းမဟုတ်ဘူးဗျာ”
မြန်မာပြည် ရဲ့ တိုးတက်မှုသေးသေးလေးတခုအတွက်ဘဲဖြစ်ဖြစ်လုပ်ပေးကြစေချင်ပါတယ်။
လုပ်ကြဘို့ ရည်ရွယ်ချက်ခိုင်ခိုင်မာမာရှိစေချင်ပါတယ်။
ဆိုဒ်ပိုင်ရှင်သူကြီးဆိုရင် သူ့သဘောထားက မြန်မာလူမျိုးကိုချစ်လို့သာဒီဆိုဒ်မျိုး
စိတ်အပင်ပန်း၊လူအပင်ပမ်းခံလုပ်ထားတာ။မြန်မာပြည်ကိုချစ်တာသေချာတယ်။
သူလဲမြန်မာပြည်ကို ကောင်းစေချင်သူဆိုတာသူ့ကော်မန့်တွေအရသိရတယ်။
အဲ သူ့စိတ်ဘယ်လောက်ထိမြင့်မြင့်မားမားထားရှိလဲတော့ ကျနော်သေသေချာချာမသိဘူး။
ဒါပေမဲ့ လောလောဆယ်ဒီလိုစကားတွေ ဒီမှာပြောလို့ရနေတာ သူ့ကျေးဇူး။
ကျန်တဲ့သူတွေဆိုလဲ အဲဒီလိုပါဘဲ။
ဆိုလိုတာက မြန်မာပြည်ပြန်ပြီး အလုပ်လုပ်ပေးမှချစ်တာမဟုတ်ပါဘူးဆိုတာပါ။
ဟုတ်ကဲ့။ကျနော်အဲဒီလို သဘောပေါက်ပါတယ်။
ဒါပေမဲ့ ဖြစ်နိုင်ရင်တော့ဗျာ
Request လေးပါ။
နိုင်ငံခြားသားတယောက်က မင်းဘယ်ကလဲ လို့မေးတယ်။ ကျနော်ကမြန်မာလို့ဖြေတဲ့အခါ
သူက အော်… မြန်မာဆိုတာ “#~%-&” ဆိုပြီး ဆိုးတာတွေမကောင်းတာတွေပြောလာရင်
ကျနော်အရင်က ဝမ်းနဲတယ်။စိတ်မကောင်းဘူး။ ပြီးတော့ မခံချင်ဘူးဗျာ။မညာတမ်းပြောရရင်
အဲဒီလိုကြားတဲ့ အခါ မျက်ရည်တောင်ဝဲခဲ့ရတာပါ။
ခု နောက်ပိုင်းကျတော့အဲဒီလိုမဖြစ်တော့ဘဲ၊အတွေးတွေပြောင်းသွားပါတယ်။
ဒါ ….မြန်မာတိုင်း မှာ တာဝန်ရှိတယ်။
ငါ့မှာလဲ တာဝန်ရှိတယ်လို့ စိတ်မှာ ဖြစ်လာတယ်။
ကျနော့ ခံစားချက်ပါ။
ခင်ဗျားတို့ သဘောမတူလဲ၊ ကျနော်ဖြစ်သလိုမဖြစ်ရင်လဲ၊
ကျနော် အပြစ်မမြင်ပါဘူးဗျာ။
သဘောကွဲလွဲနိုင်ပါတယ်။
အားလုံးကို လေးစားလျှက်ပါ။
weiwei
November 23, 2011 at 8:44 pm
ကိုသစ်မင်းပြောတာမှန်ပါတယ် …
ကျွန်မလဲ တရုတ်နိုင်ငံမှာ ၅ နှစ်နီးပါး နေခဲ့ပါတယ် … တရုတ်လူမျိုးတွေက ဗမာဆိုရင် သိပ်စိတ်ဝင်စားပါတယ် … ဒါပေမယ့် သူတို့က မကောင်းတဲ့အမြင်တွေများပါတယ် … ကျွန်မကတော့ ရသလောက် ပြန်ရှင်းပြပေးတာပဲ …
တရုတ်ကမြို့တွေနဲ့ မြန်မာကမြို့တွေက ဖွံ့ဖြိုးမှု အလွန့်အလွန်ကွာခြားနေပါသေးတယ် … ဒါပေမယ့် ကျွန်မစိတ်ထဲ အားကျလို့ကိုမရသေးဘူးဖြစ်နေတယ် …
naywoonni
November 23, 2011 at 8:24 pm
ဒါပေါ့ ကိုပေါက်ရေ….။ အဲဒါကြောင့် လွတ်လပ်ချင်ရင် ကိုယ့်ကို ချည်နှောင်ထားတဲ့ ကြိုးတွေ အကုန်ဖြတ်လို့ ကျွန်တော်က ကဗျာနဲ့ရေးခဲ့တာပေါ့…။ နောက်ထပ်နှောင်ကြိုးလည်းအတည်းမခံနဲ့…။ တိုးတက်တာ မတိုးတက်တာထက် စိတ်ကတော့ လွတ်လပ်တယ်ဗျ…။