Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

မှိုရတဲ့ မျက်နှာ

မောင်ဆန်းNovember 23, 20114min116020

မြန်မာစကားမှာ တစ်ခုခု အဆင်ပြေလို့ ပြုံးရွှင် မြူးထူးနေတဲ့ မျက်နှာကိုတွေရင် မှိုရတဲ့မျက်နှာကြီးနဲ့လို့ ပြောလေ့ရှိပါတယ် ၊ မှိုရတာနဲ့ အဲဒီလောက်တောင် ပျော်တယ်ဆိုတော့  မှိုက ရှားပါးပြီး ရဘို့က တော်တော်ခက်လို့ ဖြစ်ရမယ် ။ ရှေးကတော့ အခုခေတ်လို မှိုကို စိုက်ပျိုး တယ် ဆိုတာ မရှိဘဲ တောတွေ တောင်တွေ ထဲမှာ သွားလာရင်း  ရှာရင်း ဖွေရင်း နဲ့ မှ ဟိုတစ်စု ဒီတစ်စု ဟိုတစ်ကျင်း ဒီတစ်ကျင်း တွေ့ကျတယ် ထင်ပါရဲ့…

အခုခေတ်တော့လဲ ရှေးကလို တောထဲ တောင်ထဲ ရှာကြတာအပြင် ကောက်ရိုးမှို ငွေနှင်းမှို စတဲ့ မှိုအမျိုးမျိုးကို နည်းအမျိုးမျိုးနဲ့ စိုက်ပျိုးနေကြပါပြီ ၊ အခုလို ပေါများလာပေမဲ့လဲ မှိုရရင် ပျော်လွန်းလို့ မှိုရတဲ့ မျက်နှာ ဖြစ်ခဲ့ရတဲ့ အတွေ့အကြုံလေးတွေ နဲနဲ မျှဝေကြည့်ချင်ပါတယ် ။

ပုံမှန် ဝင်ငွေလေး ရတာ တစ်ခုတော့ လုပ်ချင်တယ် ဘာလုပ်ရင် ကောင်းမလဲ စဉ်းစားကြတော့ မိတ်ဆွေ တစ်ယောက်ရဲ့ အကြံပေးမှု အရ မှိုစိုက်ဘို့ ဖြစ်လာပါတယ် ငွေနှင်းမှိုပေါ့ မြေနေရာ နဲနဲ ရှိတယ် ရေလောင်းဘို့ အဆင်ပြေတယ် ကယိကထ မများဘူး ဆိုတာနဲ့ မှိုစိုက်တဲ့ နေရာတွေ လိုက်ကြည့်ပြီး စိတ်ပါသွားလို့ စိုက်ဘို့အတွက် ဆုံးဖြတ်လိုက်ကြပါတယ် ၊ အရင်ဆုံးကတော့ မှိုနဲ့ ပတ်သက်လို့ ဘာမှ နားမလည်တဲ့အတွက် လက်ရှိ စိုက်ပျိုးနေပြီး လုပ်နည်းသိတဲ့ မှိုဆရာ တစ်ယောက်ကို ငှားရပါတယ် သူ့ရဲ့ ကူညီဆောင်ရွက်ပေးမှုနဲ့ မှိုရုံဆောက်၊ မှိုအိတ်တွေလုပ်ဘို့ လိုတဲ့ ကုန်ကြမ်းစု ၊ မှိုအိတ်လုပ် ရပါတယ် ။

မှိုအိတ် ၃၀၀ဝ လောက် စိုက်ဘို့ လျာထားလို့  ပေ ၂ဝ x ၂၅ လောက် ရှိတဲ့ မှိုရုံတစ်ခု လိုပါတယ် ၊ မှိုက အအေးကြိုက်တော့ အအေးထိန်းနိုင်အောင် ဓနိမိုး ဓနိကာ ဆောက်ရတယ် ၊ မှိုရုံထဲမှာ ရေလောင်း မှိုခူး လုပ်ဘို့ လျှောက်လမ်း နှစ်ခုပါတဲ့ အကန့်သုံးကန့် ၊ တစ်ကန့်မှာ အဆင့် ၃ဆင့် ဝါးတန်း လေးတွေ လုပ်ရတယ် ၊ မှိုအိတ် ရလာရင် ဝါးတန်းလေးတွေ မှာ ချည်ထားရမှာပါ ၊ မှိုရုံ ဆောက်နေတဲ့ အချိန်မှာပဲ မှိုအိတ် လုပ်ဘို့ ကုန်ကြမ်းတွေလဲ လိုက်စု နေရပါတယ် ။

မှိုရုံကို ဓနိမိုး ဓနိကာ နဲ့ ဆောက်တယ်

မှိုစိုက်ဘို့ လိုတဲ့ အဓိက ကုန်ကြမ်းတွေက လွှစာ ၊ထုံး ၊ဖွဲနု ၊မှိုမျိုးပုလင်း၊ ဂလူးကို့စ် ၊ဆားခါး ၊ ဘားပလက် ၊ အရက်ပျံ ၊ ဂွမ်း ၊ ပလပ်စတစ်အိတ်ပါး ( ၈-၁၂ ဆိုဒ် ) နဲ့ ပလပ်စတစ်ကော်လံ တွေပဲ တခြား သရေပင် တို့ ပလပ်စတစ်ကြိုး တို့ ရေပိုက် တို့ ရေပိုက်ခေါင်း တို့ ဆိုတာတွေလဲ ရှိသေးတာပေါ့ ……..

အရင်ဆုံး ပလပ်စတစ်ခင်းထားတဲ့ အပေါ် လွှစာမှုန့် ကို ဇကာနဲ့ တိုက်ချ အဲဒီအပေါ်မှာမှ ဖွဲနု ထုံး တွေကို သူ့အချိုးအတိုင်း ရော သမအောင် နှယ် ထားရတယ် ၊ နောက် ရေပုံး ထဲမှာ ဂလူးကို့စ် ၊ ဆားခါး ၊ ဘားပလက် တွေနဲ့ဖျော် ပြီးတော့မှ လွှစာမှုန့်ပေါ်လောင်း သမအောင် ထပ်နှယ် လုပ်ရတယ် ပြီးတော့မှ အိတ်သွတ်တဲ့ အဆင့်ရောက်တယ် ၊ ၈-၁၂ ဆိုဒ် အိတ်ထဲကို သမအောင် နှယ်ထားတဲ့ လွှစာမှုန့် ထည့် ဝိုင်းဝိုင်းလေး ဖြစ်အောင် လုပ်ရတာ မှိုဆရာကတော့ အေးဆေးပေါ့ ကိုယ်က ဝိုင်းကူပေးတာ ချက်ချင်းတော့ မရဘူး ၁၀-၁၅ အိတ် လောက် လုပ်ကြည့်လိုက်တော့ မဝိုင်း တဝိုင်းလေး ထွက်လာတယ် ။ အဲဒီ ပလပ်စတစ် အိတ် ကိုမှ အပေါ်က ပလပ်စတစ်ကော်လံခံ ကော်လံထဲကို ဂွမ်းကြမ်းတွေထည့် သတင်းစာ စက္ကူအုပ် သရေကွင်းနဲ့ စည်း ထားရတယ် ဒါ အဆင့် (၁) ပေါ့ ……

လွှစာမှုန့် ၊ ဖွဲနု ၊ ထုံး တွေကို သမ အောင် နှယ်
ရေထဲမှာ ဂလူးကို့စ် ဘားပလက် တွေ ရော
သမအောင် ထပ် နှယ်
ပလပ်စတစ် အိတ်ထဲ ထည့် ကော်လံခံ ပြန်ပိတ်

နောက်တစ်ဆင့်က အပေါ်က ရလာတဲ့ လွှစာမှုန့် အထုပ်တွေကို တိုင်ကီ တွေနဲ့ ပေါင်းတဲ့ အဆင့် ၊ အရင်ဆုံး မြေကြီးမှာ မီးဖိုကျင်းတွေ တူးရတယ် တိုင်ကီနှစ်လုံးနဲ့ပေါင်းမှာမို့ နှစ်ကျင်းပေါ့ ၊ မီးဖိုးကျင်းထဲမှာမှ တောက်လျှောက် မီးရနေအောင် မီးလောင်ပေါက်လေးချန် လွှစာမှုန့် ဖိထည့် ရတယ် ၊ အားလုံးပြီးရင် တိုင်ကီကို မီးဖိုကျင်းပေါ်တင် တိုင်ကီထဲ သစ်သားခုံလေးထည့် ရေစပ်စပ်ထည့် သစ်သားခုံပေါ် ဆာလာအိတ်တွေတင် ပြီးတော့မှ မှိုအိတ်တွေထည့် အဖုံးကို အလုံပိတ် ရတယ် ၊ နောက် ဖွဲမီးရော ထင်းမီးရော  ရောရှို့ပေတော့ မီးငြိမ်းလို့ မရတော့ တောက်လျှောက် လူတစ်ယောက်က ကြည့်နေရတယ် ပေါက်စီ ပေါင်းတာနဲ့ တောင် တူသလိုလို အခု ရေးပြတော့သာ အလွယ်လေး တကယ်လုပ်တုန်းကတော့ တော်တော် လက်ဝင်တယ် ပေါင်းချိန်က ၈-၁ဝ နာရီ လောက်ကြာတယ် ဒါက အဆင့်(၂) ပေါ့ ……

မီးဖိုကျင်း တူး
လေဝင်ပေါက် ချန်ဘို့ ပိုက်ကို ခဏထည့်
လွှစာမှုန့် ဖိ ထည့်
မီးဖိုပေါ်တင်မဲ့ ရေတိုင်ကီထဲ သစ်သားစင် ထည့် ရေစပ်စပ်ထည့်
ဆာလာအိတ် ခင်းပြီး မှိုထုတ်တွေ ထည့်
ဒီလောက်ထိ ပြည့်အောင် ထည့်
ဒီလို လုံအောင် ပိတ်
တိုင်ကီ နှစ်လုံး ပြိုင် ပေါင်းတယ်

စာတွေ ပုံတွေ နဲ့ အရမ်းရှည်နေမှာ စိုးလို့ ကျန်တဲ့ အဆင့်တွေကို အပိုင်း-၂ အနေနဲ့ ဆက်တင်ပေးပါမယ် နော..

20 comments

  • thit min

    November 23, 2011 at 7:36 pm

    ကောင်းလိုက်တဲ့ ပို့စ်ပါဘဲ။
    မရေးတာကြာပေါ့ ကိုနိုဇိုးမိရေ။
    ရေးမဲ့ရေးတော့ တကဲ့ Applied Business ကြီးဘဲ။
    ဈေးကွက်ကိုပါတွက်ပြအုန်းနော့ နောက်ပို့စ်တွေမှာ။
    စောင့်မျှော်ဖတ်နေအုန်းမှာမို့ ။
    လေးစားခင်မင်စွာ(^^)

    • nozomi

      November 23, 2011 at 7:48 pm

      ဆရာသစ် ကျေးဇူးပါခင်ဗျ
      အင်တာဖြူနေလို့ ဒီနေ့မှ ရွာထဲ ပြန်ဝင်နိုင်ပါတယ်
      ဈေးကွက်အတွက်ကတော့ အင်ကြီးကို မားကတ်တင်း ခန့်မလားလို့

      • inz@ghi

        November 23, 2011 at 11:46 pm

        အားပေးတယ်ဗျို့ …

        ကျနော်တို့ ဘယ်လောက်ပဲ GDP တွေ ဘာညာသာဒကာတွေပြောပေမယ့်
        လက်တွေ့အကျဆုံး အခြေခံ အနီးစပ်ဆုံးက
        ၁.လူတယောက်ချင်းစီ ထမင်းဝဖို့
        ၂.အိမ်ထောင် စု တစုချင်းစီ မီးဖိုချောင် စရိတ်လောက်ငှဖို့
        က အခြေခံအကျဆုံး ဖြစ်တော့တာကိုး..
        (အိမ်ရှင်မတယောက် ထမင်းဟင်းချက်နေတာကလည်း နိုင်ငံရေးလုပ်
        တာပါပဲ ဆိုတဲ့ အမေစု စကားလေး အမှတ်ရမိပါတယ်..)

        ဟုတ်ပါတယ် နိုင်ငံရေး …စစ်ရေး ဆိုတာ စီးပွားရေး
        (အခြေခံကျကျပြောရမယ်ဆို ထမင်းဝရေး)
        ကအစပြုတာပဲဗျို့
        ဘာသာရေး လူမျိုးရေး စစ်တွေ သမိုင်းစာအုပ်မှာ ထားခဲ့ပါ…
        ကနေ့ခေတ် စစ်ပွဲတွေကတော့ စီးပွားရေး(ကိုယ့်လူမျိုး ကိုယ့် နိုင်ငံ ထမင်းဝရေး) ကြောင့် တိုက်ကြရတာပေပဲကိုး

        ဒါကြောင့် သည်ပို့စ်လေးဟာဖြင့် (Marketer ထုံးစံအတိုင်း ကြီးကြီးကျယ်ကျယ်ပြောရရင်ဖြင့်)
        မိသားစု ဖူလုံရေး ဆိုတာထက် လူမျိုး ဒါမှမဟုတ် နိုင်ငံ့အနေနဲ့ကြည့်ရင်
        လူမှု ဖူလုံရေး (ဟုတ်တယ်လေ ..ကိုယ် ငတ်နေရင် ဘယ်သူမှ မလှူနိုင်ပါ
        ကိုယ်အဆင်ပြေမှ self-esteem အရသော်လည်ကောင်း လှူကြ တန်းကြနိုင်မှာကိုး)
        ..အမျိုးသား စီးပွားရေး နောက်ပြီး စစ်ကို ကာကွယ်ဟန့်တားရေး …အမျိုးသားစည်းလုံးညီညွတ်ရေး
        (စီးပွားရေး ပြေလည်နေရင် တော်ရုံတန်ရုံ ရန်မလိုတတ်တော့လို့ပါ)
        အိုး …အလွန်တရာ အဓိပ္ပါယ် နက်ရှိုင်းလှပါတယ်…

        သည်တော့ကာ တကယ်သာ Marketing အနေနဲ့ ထိုးဖောက်စေချင်ရင်
        တကယ် မွန်မြတ်လှတဲ့အလုပ်မို့ ….
        ကျနော် ဂီဂီ အချိန်မရွေး ဗော်လန်ဒီယာ လုပ်ပေးပါရစေခင်ဗျား…

        P.S
        ကိုယ့်လူမျိုး အကျိုးအတွက် ဆိုရင်ဖြင့် စာမျက်နှာ၅၀ဝလည်း အလကားရေးပေးပေမယ့်
        မှို brand နဲ့ ပါတ်သတ်လို့ အဖွဲ့ အစည်းအနေနဲ့
        ဟို ကုန်ပနီ သည်ကုန်ပနီနာမည် brand အောက်က ဖြစ်မယ်ဆိုရင်တော့
        new business model ဖန်တီးမှုဖြစ်သွားလို့ အစိမ်း…
        (၁သောင်း မပေးရင် ၁ကြောင်း မရေးတဲ့)
        ဂီဂီ

        ရေးရတာ …အရသာရှိထှာ ..

  • ထာဝရ

    November 23, 2011 at 8:09 pm

    ဆရာတင်ပါတယ် မှို စိုက်နည်းကို လိုချင်နေတာကြာပြီ
    ကူးခွင်.ပြုပါဗျာ.. မတွေ.တာကြာနေပြီနော်
    ဖြစ်နိင်ရင်မှိုဆရာရဲ.လိပ်စာလေးများရနိင်ရင် လိုချင်ပါတယ်
    ဆရာမပြရင်နည်းလမ်းမကျလို.ပါဗျာ..
    နောက်ထပ် စိုက်ပျိုးရေးနဲ.ပတ်သက်တာတွေ လုပ်ပါအုံးနော….

    • nozomi

      November 23, 2011 at 8:21 pm

      အဲဒီဆရာက ရွှေပြည်သာဘက်မှာ နေတယ်၊
      လွန်ခဲ့တဲ့ ၂ နှစ်လောက်က မလေးထွက်သွားတယ် စိတ်ဝင်စားရင် ပြန်ရောက် မရောက် စုံစမ်းပေးပါမယ်
      ကျန်တာတော့ မစိုက်ဘူးလို့ မသိဘူး ဗျ

  • ပေါက်ဖော်

    November 23, 2011 at 8:21 pm

    ဟာ
    လန်ထွက်နေတာပဲ.. ဦးနိုရေ

  • windtalker

    November 23, 2011 at 9:21 pm

    မှို ကို မြွေတွေ က လဲ အရမ်းကြိုက်ကြ တယ် ဆိုကလား
    ဒီ မှို စိုက်တော့ ၊ မြွေ အန္တာရယ် ရှိမရှိလေး ပါ ပြောပေးပါဦး ကိုနိုဇိုကြီး ရေ

  • naywoonni

    November 23, 2011 at 9:41 pm

    မြွေ လာတော့လည်းနင်မမြည်းရတာပေါ့ မောင်ပေရယ်….။ မှိုရဖို့က အဓိကပါ….။

  • ကြောင်လတ်

    November 23, 2011 at 10:16 pm

    အဓိက အပိုင်းတွေကျန်နေတယ်ဗျို့ ၊လွှစာ ဘယ်နှစ်တင်းကိုမှိုမျိုးဘယ်နှပလင်း၊ရေဘယ်လောက်၊ဘားပလက်၊ထုံး၊ဆားခါး၊ထည့်ရမဲ့အချိုးအဆတွေရယ်၊ အိတ်ဘယ်နှအိတ်ရမယ်ဆိုတာတွေရယ် စတဲ့ နည်းစနစ်ပိုင်းဆိုင်ရာအချက်လေးပါသိချင်ပါတယ်ခင်ဗျာ။

    • htoosan

      November 24, 2011 at 8:56 am

      ကြောင်လတ်ပြောတဲ့ အရေးကြီးဆုံး အချက် ပါမလာပါ ဆရာ နိုရေ။

  • မင်းပြည့်ရှိန်

    November 24, 2011 at 1:38 am

    ဝိုး.. မိုက်တယ်ဗျာ..
    ဒါ လုပ်ငန်း တစ်ခုပဲ..
    သိချင်တာလေး ရှိလို့ပါ ခင်ည..
    ခုနောက်ပိုင်း ပြောပြောနေတဲ့
    GAP (Good Agriculture Practice) နဲ့ ဆိုရင်ကော အဲဒီ မှိုစိုက်တာ ဘယ်လိုနေသလဲပေါ့..
    နောက်ပြီး ခေတ်စားလာနေတဲ့ ( Organic ) အရကော.. အဲဒီ မှိုက ဘယ်လို စိုက်ရသလဲ..
    စိုက်တဲ့ မှိုမှာပါဝင်တဲ့ အဟာရ လေးတွေ ရယ်.
    ခန့်မှန်း ကုန်ကျစရိတ်လေးကို ပါ ရှင်းပြပေးစေလိုပါတယ် ခင်ဗျာ..

    မှိုစိုက်တဲ့ နည်းပညာအပြင် အခြား စိုက်ပျိုးနေတဲ့ နည်းပညာများကို ပါ မျှဝေပေးစေလိုပါတယ် ဦးနိုခင်ဗျား..
    ခပ်မြန်မြန်လေးသာ သိရမယ် ဆိုရင်.. ခုခေတ်စားနေတဲ့ နဂါးမောက်သီး (Dragon Fruit) စိုက်နည်းပျိုးနည်းလေးပါ ရေးပေးစေချင်ပါတယ်..ခင်ည..

  • nozomi

    November 24, 2011 at 9:59 am

    အဲဒီတုန်းက ဝယ်ရတာ မှိုထုတ် ၃၀၀ဝ အတွက် မျိုးပုလင်း -၂၄ လုံး ဆွမ်းအုပ်တံဆိပ်(၂၅ဝ ဂရမ်) ဂလူးကို့စ် -၄ဝ ထုပ်၊ ဆားခါး (၂၅ဝ ဂရမ်) -၆ဝထုပ်၊ ဘားပလက်-၁၀၀ဝ ဘူး ၄ ဘူး ၊ဖွဲနု (တတင်းခွဲအိပ်) ၁၃ အိပ်၊ လွှစာ -၅၅ အိပ် ၊ ထုံး ၂ အိပ် ဝယ်ရတယ် အကြမ်းမျဉ်းတွက်ကြည့်လိုက်ရင်တော့ ရမယ် ၊ အသေးစိတ်က မေ့နေလို့ပါ ၊ တကယ်စိတ်ဝင်စားပြီး စီးပွားဖြစ်လုပ်မယ် ဆို နေရာတိုင်းမှာ အသေစိတ်ပညာတွေ ရှိသေးတယ်ဗျ ဥပမာ လွှစာ မှာ သစ်တိုင်းက လွှစာက အဆင်မပြေဘူး ရာဘာသားကထွက်တဲ့ လွှစာဆို ပိုကောင်းတယ် ပိုထွက်တယ် ပြောတယ် ၊ အကောင်းဆုံးက မျက်မြင်လေ့လာတာ မေးတာ က ပိုအဆင်ပြေမယ် ပိုတိကျမယ်လို့ ထင်တယ် ၊ ကျွန်တော်စိုက်တုန်းက ကျွန်တော်တို့ကို ပညာသင်ပေးတယ် မှိုထုတ်လုပ်ပေးတယ် ပေါင်းပေးတယ် မှိုဆရာကို တစ်သိန်းပေးရတယ်၊ အဲဒီလူနဲ့ ပြန်ဆက်သွယ် ကြည့်ပါဦးမယ် မလေးသွားတယ် ကြားထားလို့ပါ ၊ အဆက်အသွယ်ပြန်ရရင် လုပ်နည်း အသေးစိတ် ထပ်ဖြည့်ပေးပါမယ်နော်

    (Dragon Fruit) ကတော့ စားလို့ကောင်းတယ် ဈေးကြီးတယ် ဆိုတာလောက်ပဲ သိပါတယ် ခင်ဗျ

  • နီလေး

    November 24, 2011 at 10:12 am

    တကယ်ကိုဗဟုသုတရတဲ့စာပေလေးပါ သီးသန့်သာမလေ့လာဖြစ်ရင် သိနိုင်စရာမရှိတဲ့ မှိုအကြောင်းလေးပါ စားသာစားနေတာ ဘယ်ကရမှန်းတောင် မစဉ်းစားခဲ့ဖူးပါဘူး ကျေးဇူးတင်ပါတယ် နော်

  • ကြောင်ကြီး

    November 24, 2011 at 11:32 am

    ပလပ်စတစ် အိတ်စွပ်လုပ်တာဆိုတော့ အဆိပ်အတောက် ဖြစ်နိုင်ခြေမရှိဘူးလား။ သဘာဝနည်း အခြားတခုခုနဲ့ဆိုရင် ပိုကောင်းမလားလို့။ ငယ်ငယ်တုန်းကတော့ ကာတွန်းထဲမှာ တောခုတ်သွားစဉ်တွေ့တဲ့ မှိုခင်းကြီးကို တယောက်ထဲ မောင်ပိုင်စီးချင်လို့ သူငယ်ချင်းကို သတ်တာဖတ်ဖူးတယ်။

    • nozomi

      November 24, 2011 at 11:39 am

      ပလပ်စတစ်နဲ့ အပူ (များများ)တိုက်ရိုက် ထိတွေ့ရင် ကင်ဆာ ဖြစ်စေတဲ့ ဓါတ်တွေ ထွက်တယ်လို့ ကြားဖူးတယ် ၊ ဒီမှာတော့ ပေါင်းခံတဲ့ အချိန်ပဲ အပူနဲနဲ ထိမယ်၊ ကိုကြောင်ကြီး ပြောတာ လဲ စဉ်းစား စရာပဲ

  • ဆူး

    November 24, 2011 at 1:46 pm

    မှို အထုတ်တွေကိုတော့ မြေပဒေသာ ကျွှန်းမှာ ရလို့ ဝယ်စိုက်ဖူးတယ် ၂ထုတ် ၃ထုတ် ရေချိုးခန်းထဲ ထည့်ထားပြီး ရေစင်တဲ့ ရေနဲ့ မှိုတွေ ထွက်ထွက်လာတယ် ဒါပေမဲ့ သူက တခါထွက်ပြီးရင် အသားလှီးထုတ် လိုက်ရတော့ သေးသေးသွားတယ်။ လှီးထုတ်လိုက်တဲ့ အထုတ်က အသားတွေ ပန်းအိုးထဲ ထည့်ထားလိုက်တာ နည်းနည်းတော့ မှိုထွက်သေးတယ် သိပ်မထွက်ဘူး.. မှိုကလည်း အစပိုင်းပဲ ကောင်းတယ် နောက်ပိုင်း ကျကျသွားတယ်။ အိမ်မှာ ဝယ်စိုက်ဖူးတဲ့ အတွေ့အကြုံ ပြောပြတာနော်..

  • etone

    November 24, 2011 at 2:06 pm

    မှိုစိုက်တာက ဂလိုကိုး … ဒါပေမယ့် ကို အဖြောင်ယူရေ … ကျွန်မကတော့ မှိုဆိုလျှင် သိပ်မစားရဲဘူး …. ခဏခဏ ဖုပွိုင်ဇင်ဖြစ်ခဲ့ဖူးလို့ပါ … ။ ဗဟုသုတအနေနဲ့တော့ အားရပါးရဖတ်သွားပါတယ်နော် ။

    အရင်က အဒေါ့်ယောကျာ်း တပ်မမှုးဖြစ်တဲ့ တပ်ကိုလိုက်သွားဖူးတယ် … ။ မှိုတွေများစိုက်ထားတာ အားရပါးရပဲ ..သူတို့ကျတော့ ငွေနှင်းမှိုစိုက်တာ … အိပ်စင်လို ကုတင်အထပ်ထပ်တွေနဲ့ …. အနံ ့ကတော့ အောက်သိုးသိုးနဲ့ရယ် … ။

    • nozomi

      November 24, 2011 at 2:36 pm

      ဒေါ်အိတုံး သေချာ မဖတ်ဖူးနော်
      ကျွန်တော်လဲ ငွေနှင်းမှိုစိုက်တာပါပဲ
      အထပ်ထပ်နဲ့ပါပဲ
      အနံ့တော့ မနံပါဘူး

      ကိုတော်ကာ ပြောသလို မြွေသတင်း ကြားဘူးပေမဲ့ ၊ တစ်ခါမှတော့ မတွေ့ဘူး

  • kyaw jone

    February 10, 2013 at 4:23 pm

    ဆရာတင်ပါတယ် မှို စိုက်နည်းကို လိုချင်နေတာကြာပါပြီ ခင်ဗျား။
    ကူးခွင့်ပြုပါနော
    ကျွန်တော်လည်း ဖြစ်နိင်ရင်မှိုဆရာရဲ.လိပ်စာလေးများရနိင်ရင် လိုချင်ပါတယ်ခင်ဗျား
    ဖြစ်နိုင်ရင် ကူညီပါလို့ တောင်းဆိုပါရစေ။

Leave a Reply