— မြို့မဈေးကြီး — မီး ကြောက်သည် —

ဗုိက္ၾကီးNovember 23, 20111min612

မြန်မာနိုင်ငံတစ်ဝှမ်း အမြို့မြို့ အနယ်နယ် အရပ်ရပ်ရှိ စည်ပင်ပိုင် သို့မဟုတ်
အများပြည်သူပိုင် ဈေး များမှာ အကြောင်းပြချက်မျိုးစုံ၊ နည်းလမ်းပေါင်းမျိုးစုံ
အကြောင်းမျိုးစုံလင်စွာဖြင့် မီးဘေး အန္တရာယ် ကြုံခဲ့ကြရသည်။
မင်းပြားမြို့ ဈေးကြီး မီးလောင်သော အဖြစ်မှာ ဆုံးရှုံးရသူများ အတွက်
ကြီးစွာသော နစ်နာမှုများဖြစ်ခဲ့ကြရသည်။ မီးဘေး အန္တရာယ်သည်
ဘာသာမရွေး လူမျိုးမရွေး ပုဂ္ဂိုလ်မရွေး ဒုက္ခပေးနိုင်စွမ်းရှိသော အရာဖြစ်သည်။
မီးလောင်လျှင် မီးသတ်အဖွဲ့ကို အပစ်တင်ကြသည်။ မီးမလောင်စေရန် မီးသတ်
အဖွဲ့ သာလျှင်တာဝန်ရှိသည်မဟုတ်ပါ။ မိဘပြည်သူများအားလုံး တွင်လည်း
တာဝန်ရှိသည်။ မီးလောင်ခြင်းက်ိစ္စှမှာ လျှပ်စစ်မီးသုံးစွဲရာတွင် ပေါ့လျော့လျှင်လည်း
လောင်တတ်သည်။ ထင်းမီးဖို၊ မီးသွေးမီးဖို အစရှိသည်များမှလည်းလောင်တတ်သည်။
ရှို့မီး ကိုလည်းကြောက်ရသည်။ ဆေးလိပ်တိုများ မဆင်မခြင်ပစ်ရာမှလည်းလောင်
တတ်သည်။ လောင်စာဆီများသိုလှောင်ခြင်း၊ ဂက်စ်မီးဖိုများအသုံးပြုခြင်းတို့မှ လည်း
ပေါ့ဆမှုဖြင့်လောင်တတ်ပါသည်။
ယ္ခုတင်သော သတင်းမှာ ကျွန်တော်တို့သံတွဲမြို့မဈေးကြီး မီးဘေးအန္တရာယ် ကင်းစေ
ရန်ရည်ရွယ်၍ တင်ပြခြင်းသာလျှင်ဖြစ်သည်။
ဤသတင်းစာ တွင် တင်ပြရခြင်းမှာ ကျွန်တော်တို့မြို့၏ သက်ဆိုင်ရာ အုပ်ချုုပ်ရေးမှုး
များ။ တာဝန်ရှိသူများ သည် မန်းဂေဇက်သတင်းကို သေချာစွာ စောင့်ကြည့် ဖတ်ရှု
နေကြသောကြောင့် ၎င်းတို့သိစေရန်ရည်ရွယ်ပါသည်။
သံတွဲမြို့မဈေးကြီးတွင်
— ဓါတ်ဆီ၊ဒီဇယ်၊ရေနံ လောင်စာဆီများရောင်းချနေခြင်းကို ဖယ်ရှားစေလိုသည်၊
— ဂက်စ်ဘူးများ ဂက်စ်ထည့်ခြင်းရှိနေခြင်းကိုတားဆီးပေးစေလိုသည်။
— အရက်ဆီများ ပီပါအလိုက်တင်၍ရောင်းချနေခြင်းကို ဖယ်ရှားစေလိုသည်။
— စားသုံးဆီများလည်းပီပါလိုက် ထားရှိခြင်းကိုလည်း သတိပေးစေလိုသည်။
— ထမင်းဆိုင်များနှင့်မုံ့ဆိုင်များတချို့ ထင်းများဖြင့်တစ်ရက်လုံးအသုံးပြုနေခြင်းကိုသတိပေးစေလိုသည်။
— လျှပ်စစ်မီး ၂၄ နာရီသုံးခွင့်ရနေသဖြင့် တာဝန်ရှိသူများက တင်းကြပ်စွာ စည်းကမ်းထုတ်ပေးစေလိုသည်။
— ရွှေပန်းထိမ်များ ဓါတ်ဆီကိုသိုလှောင်၍ မီးသုံးနေခြင်းမှာ ကြီးစွာ အန္တရာယ်ရှိသောကြောင့်တားဆီးစေလိုသည်။
— အကြီးမားဆုံးသော အန္တရာယ်မှာ နှစ်ထပ်ဈေးသစ်ကြီး ဆောက်လုပ်ချင်သော အကြံကြီး စီးပွါးရေးသမားများ
.ရှိနေခြင်း အစရှိသည်ကြောင့် မီးဘေးသင့်ရန် စိုးကြောက်မိပါသည်။
သက်ဆိုင်ရာမှ ပညာပေးမှု၊ ဆော်ဩမှု၊ လှုပ်ရှားမှုမရှိခြင်းတို့ကြောင့် သံတွဲမြို့ဈေးတွင်းရှိ ဈေးသူဈေးသားများမှာ
စိုးရွံ့ထိတ်လန့်မှုများဖြစ်ပေါ်လျှက်ရှိနေခြင်းကို တာဝန်ရှိသူများ သိရှိစေချင်ပါသည်။
မီးဘေးအန္တရာယ်မကျရောက်စေရန် ဈေးသူဈေးသားများနှင့် ဈေးတာဝန်ရှိသူများ စုပေါင်း၍ ဆောင်ရန်၊
ရှောင်ရန် များကို သေသေသပ်သပ် ပြုလုပ်သင့်ပြီဟု ကျွန်တော် သုံးသပ်မိပါတော့သည်။

2 comments

  • htoo

    November 23, 2011 at 6:18 pm

    မင်းပြားဈေးကြီး မီးလောင်မှုကို အားလုံးသိရှိကြမည်ဟုထင်ပါသည်။
    မီးဘေးကိုကြောက်ရွံ့ပါ၍ ကြိုတင်တားဆီးနိုင်ရန်ရည်ရွယ်ပါသည်။
    တာဝန်ရှိသူများ စာနာ နားလည်ခွင့်လွှတ် ပေးစေလိုပါသည်။

  • avatar

    November 23, 2011 at 11:53 pm

    တင်ပြပုံလေး အရမ်းကောင်းပါတယ်၊ ကိုရင်ပြောမှ ဒို့မြို့ ဈေး အတွက် ရင်လေးမိတယ်၊
    တာဝန်ရှိသူများရေ အစီစဉ်တကျ ဆောင်ရွက် ပေးဖို့ အချိန်အခါကောင်း ပါ။

Leave a Reply