ဗုိက္ၾကီးNovember 23, 20111min612
မြန်မာနိုင်ငံတစ်ဝှမ်း အမြို့မြို့ အနယ်နယ် အရပ်ရပ်ရှိ စည်ပင်ပိုင် သို့မဟုတ် အများပြည်သူပိုင် ဈေး များမှာ အကြောင်းပြချက်မျိုးစုံ၊ နည်းလမ်းပေါင်းမျိုးစုံ အကြောင်းမျိုးစုံလင်စွာဖြင့် မီးဘေး အန္တရာယ် ကြုံခဲ့ကြရသည်။ မင်းပြားမြို့ ဈေးကြီး မီးလောင်သော အဖြစ်မှာ ဆုံးရှုံးရသူများ အတွက် ကြီးစွာသော နစ်နာမှုများဖြစ်ခဲ့ကြရသည်။ မီးဘေး အန္တရာယ်သည် ဘာသာမရွေး လူမျိုးမရွေး ပုဂ္ဂိုလ်မရွေး ဒုက္ခပေးနိုင်စွမ်းရှိသော အရာဖြစ်သည်။ မီးလောင်လျှင် မီးသတ်အဖွဲ့ကို အပစ်တင်ကြသည်။ မီးမလောင်စေရန် မီးသတ် အဖွဲ့ သာလျှင်တာဝန်ရှိသည်မဟုတ်ပါ။ မိဘပြည်သူများအားလုံး တွင်လည်း တာဝန်ရှိသည်။ မီးလောင်ခြင်းက်ိစ္စှမှာ လျှပ်စစ်မီးသုံးစွဲရာတွင် ပေါ့လျော့လျှင်လည်း လောင်တတ်သည်။ ထင်းမီးဖို၊ မီးသွေးမီးဖို အစရှိသည်များမှလည်းလောင်တတ်သည်။ ရှို့မီး ကိုလည်းကြောက်ရသည်။ ဆေးလိပ်တိုများ မဆင်မခြင်ပစ်ရာမှလည်းလောင် တတ်သည်။ လောင်စာဆီများသိုလှောင်ခြင်း၊ ဂက်စ်မီးဖိုများအသုံးပြုခြင်းတို့မှ လည်း […]