တိုက်ပွဲက အရှိန်ကောင်းလာပီ ဖြစ်သည်။ သို့သော် တယောက်ကိုတယောက် ထိခိုက်အောင်
အသာစီးမယူနိုင်သေး ။ထိုစဉ်. ..
ဘလားဂျီးယို့စ်သို့ ရိန့်ချ်ရိုဗာ ကားတစီး ဆိုက်လာသည်။
ဘိုးတော် တပါး ဆင်းလာ၏ မောင့်ကျက်သရေ ခေါင်းပေါင်းနှင့် တောင်ရှည် ကို အပီအပြင်ဝတ်ထားသည် ဘေးမှာလည်း
မျက်မှန်စိမ်းတပ် ကိုယ်ရံတော် ၂ယောက်နှင့်။
ဟိတ်ဟန်ကကောင်းလွန်းသည်
မင်မောင်းက အားလုံး ကြောင်ငေးမိလျက်သား ဖြစ်သွားသည်။
အားလုံးဖိုက်တင်ပွဲကို အာရုံမရတော့ ......
မာန်ပါပါနှင့် တွယ်နေကြသော ဟို၂ယောက်လည်း ကြက်ပျောက်ငှက်ပျောက် ....
ဟုတ်တယ်လေ ဒါကိုကသူတို့ အကွက်ကိုး ...
ဟုတ်ပါသည် ဝင်လာသူ ၃ယောက်မှာ တောင်ကျွန်းဝိဇ္ဇာ အဘဖော နှင့် သင်္ဘောသီး ၂လုံးတို့ဖြစ်သည်။
ဒါနှယ်နှယ်ရရ သူဌေး မဖြစ်နိုင်ဝူး ဆိုတာ ကိုကိုကြောင် သိသည်။
သူမနေနိုင်တော့ ..သွားရောက် နှုတ်ဆက်ရတော့သည်။
ကြောင်။ မင်္ဂလာပါ ခင်ဗျ.. သူဌေးမင်းက ဘယ်သူပါလဲခင်ဗျ။ ကျနော်က သည်ဟော်တယ်ရဲ့ အမ်ဒီ ကိုကိုကြောင် ပါခင်ဗျ။
ဘ။ ကျုပ်ဟာ ဗလကျော်ထင် ထိပ်တင်ဖောြဖစ်တယ်။ မောင်ရင် နားလည်လွယ်အောင် ပြောရရင် ဆွေကြီးမျိုးကြီးထဲကပေါက်ဖွားလာသူ
တယောက်လို့သာ မှတ်ထားလိုက်ပေတော့ကွယ်။
ဘေး က သင်္ဘောသီး၂လုံး ကလည်း ထိုနေ့မှ အလွန် စမတ်ကျနေသည်။ (ကျမှာပေါ့ ဂီဂီမူးတုန်း
လွှတ်သဘောကောင်းပီး သူ့ကိုယ်ပိုင်ငွေနဲ့ အမ်ပိုရီယိုအမားနီး တွေ ဝယ်ဆင်ပေးလိုက်သကိုး)
ကိုကိုကြောင်ပင် အတော် ရှိန်နေလေသည်။ ကမာ္ဘကျော် ဟိုတယ်၃လုံးပိုင် သူဌေးတောင် ရှိန်ရတယ်ဆိုတော့
သည်လူတွေ လွှတ် ဂိုက်ပေးကြမ်းတာကလား။
ကြောင်။ ကျနော် ဘာလုပ်ပေးနိုင်မလဲခင်ဗျာ။
ချိုသည် ရိုသေသည်။ကျိုးနွံသည်။
ဘ။ ကောင်းပြီ မောင်ရင် ..ကျုပ်မောင်ရင့် ဟော်တယ်မှာ တည်းမယ်။
ကျုပ်မှာ အထူးတောင်းဆိုစရာတော့ ရှိတယ်..
ကြောင်။ အမိန့်ရှိပါခင်ဗျား
ဘ။ အေး ... ကောင်းပီမောင်ရင်။ ကျုပ်ဟာ အပူပိုင်းဒေသ စိမ်းလန်းဆိုပြေရေးအတွက် အရေးပါတဲ့ ပုဂ္ဂိုလ်တယောက်
ဆိုတာလောက် မောင်ရင့်ကို ပြောပြထားနိုင်ပါတယ်။
ခု သမ္မတကြီးနဲ့ မတွေ့ခင်မှာ အနားယူအပမ်းဖြေဖို့ နဲ့ စနည်းနာဖို့ သည်ကိုလာခြင်းဖြစ်တယ်။
ကျုပ်မှာ အလွန်အဖိုးတန်တဲ့ အရာ ပါလာတယ်။ ဒါကို မောင်ရင့် ဟိုတယ်က ဘယ်လို လုံခြုံရေး
တာဝန်ယူပေးနိုင်မလဲ ဆိုတာ သိချင်တယ်ကွယ့်။
ကိုကိုကြောင် ချွေးပြန်သွားသည်။ ဒါနှယ်နှယ်ရရ ပုဂ္ဂိုလ်မဟုတ်။ တာဝန်ကြီးသလို သည်လို မိတ်မျိုး
ရထားလျင် ဂိုဏ်သိက္ခာပိုင်း ငွေကြေးပိုင်းအရ အလွန်အကျိုးရှိမည်ဖြစ်သည်။ သူ့စိတ်တွေ လွန်စွဲနေ၏
ဒါကို နှဖူးမှဇီးကင်းလောက်ရှိသော ချွေးသီးများက သက်သေခံနေသည်။ မတတ်နိုင်တော့ ဒုတိယတခုကို
သူရွေးချယ်လိုက်သည်။
ကြောင်။ဟုတ်ကဲ့ခဗျ ..ကျနော် အကောင်းဆုံးဝန်ဆောင်ပေးပါ့မယ် ဘယ်လိုပစ္စည်းမျိုးဖြစ်တယ်ဆိုတာသာ
သိပါရစေခင်ဗျား။
ဘ။ အိမ်း ...မောင်မင်းတို့ နီဗားနား ကနာ္တရကြီးကို စိမ်းလမ်းစိုပြေသွားစေမယ့် ကမာ္ဘ့ဘယ်နေရာမှာမှ မရှိသေးတဲ့
ကြက်ဆူမျိုးကောင်း မျိုးသန့်ပဲကွဲ့။
ကြောင်။ ဟင်....
အားလားလား လူသာမက သူသယ်လာတဲ့ ကြက်ဆူကကို ခေတာမဟုတ်ပါကလား ကွယ်ရို့။
ဘ ကဆက်ပြောသည်။
ဘ။ ဒါမသမာတဲ့လူတွေ လက်ထဲမရောက်ဖို့လိုတယ် ကွယ့် သမ္မတ ကြီးနဲ့ မျက်နှာပျက်ရဖို့
ဖြစ်လာလိမ့်မယ်ကွယ်။
ကြောင်။ (တုံရီစွာဖြင့် ....)အော် ဟုတ်ကဲ့ ..ကျနော် အစွမ်းကုန် ကာကွယ်ပါ့မယ်ခင်ဗျ။
ကိုရင်စည်သူ တခု လှုပ်ရှားလိုက်သည်။ ဟုတ်သည် သော့တချောင်းထုတ်လိုက်ချင်းဖြစ်သည်
ထိုသော့ကား သူကိုင်ထားသော ထန်းခေါက်ဖာ၏ လက်ကိုင်ကွင်းဝယ် သူ့လက်နှင့် ပြန်တွဲထားသော
လက်ထိပ်ကို ခတ်သောသော့။
ကိုကြောင် နားလည်လိုက်သည်။ သည်လူတွေ အလုပ်လုပ်တာ သိပ်တိကျသေချာကြသည် ဆိုတာပေါ့။
ထန်းခေါက်ဖာကို လက်ကမ်းပေးလိုက်၏ .... ချက်ကနဲ မြည် သွားသည်။ ကိုကြောင့်လက်ကို ပြောင်းခတ်လိုက်ခြင်းဖြစ်သည်။
ကိုကြောင် မြေအောက်ခန်းသို့ သူရို့ကို ခေါ်သွားရတော့၏
သို့သော် ကိုယ်ရံတော် ၂ပါးကတော့ လိုက်မလာပါ ...တော်သေးသည်
သည်လူတွေ အလိုက်သိလို့။ အဘိုးကြီး တယောက်တည်းကတော့ သူ့ကို ရန်မမူနိုင်လောက်သည် မဟုတ်လား။
မြေအောက် vaultထဲဝယ်အဘအား ထန်းခေါက်ဖာ ကို နောက်ဆုံး အကြိမ်အဖြစ် ဖွင့်ပြလိုက်သည်။
ဟုတ်သည် ကြက်ဆူသီး ၁၁လုံးတိတိ ။
လောင်းကြေးငွေ သိမ်းသေတ္တာတလုံးပေါ် ကျကျနန တင်လိုက်ပြီး ပြန်လည် ထွက်ခွာ လာခဲ့ကြသည်။
တကယ်က ကိုကိုကြောင်သည် သွားစရာရှိသည်။ အဲ့ရာကတော့ မိုက်ခယ်လ် သဂျိုင်ခီး၏
မန့်သ်လေးဘေး ဟော်တယ်သို့ ။ အရင်တပါတ်က မိုးဇက် လေး ကပြအသုံးတော်ခံသွားသော
အငြိမ့်သဘင်သည် ဗမာများ အသိုင်းအဝိုင်း သာမကဘဲ အမေလိကန် ဆယ်လီဘလစ်တီများကြား
ဝက်ဝက်ကွဲ အောင်မြင် သွားသောကြောင့် နောက်တကြိမ်ပြန်လည်ကပြပေးပါရန်
ဝမ့်စမိုး ခံရသောကြောင့်တည်း။ တောင်းဆိုသူများတွင် မြို့တော်ဝန် ပါသည်။ ဟော်တယ်
အသင်း ဥက္ကဌ ပါသည်။ မိုက်ခလိုဆော့ဖ်နှင့် အခြား ဒိတ်ဒိတ်ကျဲ ခန်ပနီများမှ ဘောဇိများလာမည်။
မိတ္တဗလ အရပင်ဖြစ်စေ သည်လိုပွဲမျိုးကို လက်လွတ်ခံလို့မရပါ
ထို့ပြင် အငြိမ့်ပွဲမစခင်တွင် ရွှေခါးပတ်ရှင် ဗမာ့လက်ဝှေ့ကျော် နိုဇိုးမိ နှင့်
စိန်ခေါ်သူ တွေ့မရှောင်ကိုမည်းကြီး တို့၏ငါးချီငါးလား ချစ်ကြည်ရေးလက်ဝှေ့ပွဲ
ကလည်း ရှိသေးမဟုတ်ပါလား ။ ဒါကတော့ သူ့ဝါသနာပင် ဖြစ်သည်။ စောစောကတောင် သတ်တာပုတ်တာ
ကြည့်ခဲ့သေးမဟုတ်လား ..သည်တော့ လုပ်စရာ ရှိတာ မြန်မြန်လုပ်ရတာပါ့..
ဘဖောကို လုံခြုံရေး ထိန်းချုပ်ခန်း မှ ကြောင်လတ် ဆီ လိုက်ပို့ မိတ်ဆက်ပေးလိုက်သည်
သူကပင် လုံခြုံရေး စနစ်အကြောင်း ကတ်စတမ်မာ စိတ်ချရမှု အတွက် ရှင်းပြပေးပေလိမ့်မည်..
ကိုကိုကြောင်ကတော့ အပြင်ပြန်ထွက်လာလိုက်သည်။ လောင်းကုတ် နီညိုရောင် ဝတ်ထားသော
လူတယောက် သူ့ကိုစောင့်ကြိုနေသည်။ တခါမှ မမြင်ဖူး။ ဘယ်သူပါလိမ့်။
Post Views: 450
26 comments
inz@ghi
November 25, 2011 at 5:50 pm
ဟို အရှုပ်ထုတ်တွေ ရှင်းတွားပီး သကာလ
မောသွားကြမယ့် ရွာသူားတွေအတွက်
နက်ဖန် မစောင့်တော့ဘဲ ယခုပဲ တင်ဆက်လိုက်ရပါသည်ခင်ဗျား..
ပုံ
မင်ဇက်
မှော်ဆရာ
November 25, 2011 at 8:57 pm
မှတ်ပီလားဂီဂီ … အကျွင်းအကျန်တွေ မကုန်သေးဘူး နင်အနီကဒ်ထိသွားပီ …
နာပြောပါတယ် စနိုက်ပါနဲ့ ပစ်ပါဆိုတာကို
nozomi
November 25, 2011 at 5:55 pm
တားထိုးတတ်တာ ဘယ်ရိုသိလဲ
တားတား ကထိုးရင် တချက်ထဲ နဲ့ ရဝူးနော် 🙂
MaMa
November 25, 2011 at 6:24 pm
မာကက်တာလို့ မပြောရဘူး-
အပြောကောင်းကြောင်းပေါ်လွင်အောင် avatar မှာ ကြော်ငြာထားတယ် 😆
inz@ghi
November 25, 2011 at 6:31 pm
သရော်တာလေ သရော်တာ …
အဟီး …သည်လူရီးပုံတင်ပီးမှ ပေါက်ပန်း၄ဝပြောရတာ ပိုအာတွေ့တယ်
အန်တီမမရော တင်ပါ့လား …ဝင်ဂျီး ဒပါးပါးပုံ…..
E.T
November 25, 2011 at 7:02 pm
ပန်ပန်လေး ခြေကုန်၊ လက်ပန်း ကျပြီးတော့ ဘယ်တုန်းက တိုက်ပွဲဖြစ်သွားတာတုန်း ကိုဂီ့
inz@ghi
November 25, 2011 at 7:03 pm
13ထဲမှာ တိုက်ပွဲ အစပျိုးထားတယ်လေ
အဲ့ဒါအခွင့်ကောင်းယူပီး ဘယ်သူမှ သတိမထားမိခင် ပန်ပန်က ဝင်သွားတာလေ…
E.T
November 25, 2011 at 7:20 pm
အဟီး ဆော်ကတီး။ ပန်ပန် ခြေကုန် လက်ပန်းကျတာပဲ ကွက်ပြီးဖတ်လိုက်လို ့။ ပေါက်နဲ ့ဂီ ဖိုက်နေတာမေ့သွားတယ်။ မျက်လုံးကောင်းပုံများ ပန်ပန်ပဲ မြင်တယ်
windtalker
November 25, 2011 at 7:16 pm
တယ်..သည်ပို ့စ်မှာ ကျုပ်အခန်းကဏ္ဍ မပါလာတဲ့ အတွက်
အရမ်းကို ဝမ်းနည်းတယ်ဟေ့ ။ ကောက်ညှင်းပေါင်း အစားများသွားလို ့
inz@ghi
November 25, 2011 at 7:17 pm
ဆြာ့ မင်းသားတင် ရိုက် တဲ့ဇာတ်ပဲဟာ
နောက်အပိုင်း အရေးကြီးတဲ့ အခန်းမှာ တောက်လျောက်ပါမှာမို့ပါ ….
naywoonni
November 25, 2011 at 9:58 pm
ကြက်ဆူ ကတော့ အဲဒိလောက်သိမ်းစရာမလိုပါဘူးကွယ်…။ မျိုးကောင်းမျိုးသန့်ကြက်ဆူတွေ နာ့အိမ်ရှေ့မှာမခုတ်ရသေးဘူး …။ လာဆွတ်လှဲ့…။ ချိုးချင်လည်းချိုးသွားလို့ရတယ်…။ ကြက်ဆူကိုင်းကိုပြောတာ………..။
windtalker
November 25, 2011 at 10:05 pm
တွေ ့လား
ဘိုနီ တို ့အိမ်ရှေ ့မှာ
ကြက် ဆူ..တွေ ရှိသတဲ့
အမြန်သွားထားမှ စိတ်ချ ရမယ်နော
ဟီဟိ
inz@ghi
November 25, 2011 at 10:10 pm
အာ …..သည်လူရီးက စာသေချာ မဖတ်ဝူး… ဝတ္ထုကို ဝတ္ထုလိုလည်း မဖတ်ဝူး..
ယုတ္တိဗေဒ အရ ကျနမှု ရှိအောင် ကြိုးစားရေးပါတယ်…. သူက သတိမပြုမိရှာဝူး
နီဗားနား လို ကနာ္တရတောင် စိမ်းလမ်းသွားစေမယ့် ကြက်ဆူ
ဆိုတာမျိုး တင်စားထားပါတယ်… ဒါ တော်ရုံကြက်ဆူလားဗျာ…
ကိုစိန်သော့ရေ … ဟောသည့်မှာ ဆြာ မျိုးစပ် ထားတဲ့ မျိုးဆက်သစ်
ကြက်ဆူတွေကို ဝေဖန်နေပါတယ်ဗျိုး……
:D:D:D
naywoonni
November 25, 2011 at 10:21 pm
နာ့ကြက်ဆူကလည်း မျိုးစပ်ကြက်ဆူပဲ…။ ဘယ်ကြက်နဲ့ပဲတွေ့တွေ့ ဆူကိုဆူသွားစေရမယ်…။ သေချာမွေးထားရတာနော့….။ နွားတွေလာလာချည်လွန်းလို့…။ တစ်ခါသား… လာချည်တဲ့နွား ကြိုးဖြတ်ပြီလွှတ်ပစ်လိုက်ကရော…။ မှတ်ပြီလားဟဆိုပြီး….။ ပြီးမှ ရပ်ကွက်ရုံးဦးအောင် တိုင်ထားနှင့်တယ်…။
Diamond Key
November 26, 2011 at 9:52 am
ကျုပ်ဟာ အပူပိုင်းဒေသ စိမ်းလန်းဆိုပြေရေးအတွက် အရေးပါတဲ့ ပုဂ္ဂိုလ်တယောက် ဆိုတာ အညာသွားတိုင်း လမ်းဘေးမှာ ကားခဏခဏ ရပ်တာကို ပြောတာလားဟင်
ရွှေခါးပတ်ရှင် ဗမာ့လက်ဝှေ့ကျော် နိုဇိုးမိ နှင့် စိန်ခေါ်သူ တွေ့မရှောင်ကိုမည်းကြီး တို့၏ငါးချီငါးလား ချစ်ကြည်ရေးလက်ဝှေ့ပွဲ (ကြည့်ချင်ထှာ) ရွှေခါးပတ်ရှင်က နဂါးတို့ ပြည်မှာ သွားသင်ထားတဲ့ ပညာပုန်းတွေ ရှိတယ် 😛
thit min
November 26, 2011 at 12:24 pm
အကြည်တော် ကိုများ ကျော်တက်မယ်လားမသိ။
ရည်ရွယ်ချက်ရှိရင်လည်း တက်ကြွတဲ့ နာမည်လေး တခု ပေးကြည့်မယ်။
စာရေးဆရာ “မွှေဆွအနယ်ထ (ခေတ္တငလျှင်ကြော)”
+++++++++++။
သတင်းမှာတွေ့တယ် ညီရေ့ ဒီဇင်ဘာ ပထပတ်ထိ ရ လောက်ကြီးတဲ့ကောင် မိရဂိ ဘက်လှုပ်မယ်ဆိုဘဲ။
တကယ်က တိုကိုင်းကြောကြီးက ကျွတ်စဉ်ကြီး။သက်တမ်းပြည့်နေတဲ့ ပလိတ်တွေဆိုတော့။ကျိုးကျခါနီးပြီ။
(ပလိတ် နဲ့ ကျိုးဆိုသောစကားများကိုသာစဉ်းစားသူများသည် ယခုကိတ်စနှင့် မည်သို့မှ မပါတ်သက်ကြောင်း)
လှုပ်ပေါ့။ သူငယ်ချင်းတယောက်ပြောသလို မလှုပ်ရင် အိပ်လို့ကိုမပျော်တော့ဘူး ဆိုဘဲ။(^^)
inz@ghi
November 26, 2011 at 12:29 pm
အောင်မယ်ငီး
မာဂျိဒဲ့ ???
စုဂဲ့အဲ့အဲ့
မီရဂိခန် ရာဘိုက်အိ ….
ဟုတ်တယ်ဗျို့ လှုပ်ပေးတော့ ချူးဟိုင်ဖိုး သက်သာတာပေါ့
inz@ghi
November 26, 2011 at 12:31 pm
ကလောင်နာမည်က ရှိပီးတား…
ဟိုညလေး ဆီက ပါးပါးလေး pirate လုပ်ထားတာ
မင်ဇက် တဲ့….
Min Z
blackchaw
November 26, 2011 at 9:12 pm
ဆြာ Min Z ခင်ဗျား။
ကျွန်ုပ် ၏ အခန်းများ နည်းပါးလှပါသဖြင့်
ဇာတ်ညွှန်းပြင်ရေးရန် တောင်းဆိုပါသည်။
inz@ghi
November 26, 2011 at 9:18 pm
နောက်အပိုင်း ကသူ့အပိုင်းပါဆို
သူကလည်း ဇွတ်…
ကိုရင်စည်သူ
November 26, 2011 at 9:37 pm
တွား… လူချိုး.. သူညားကို
ဖာ (ထန်းခေါက်) နဲ့ ကွင်း နဲ့ (လက်ထိပ်)
လုပ်ပစ်ဒယ်…
အဲ့ဖာကို ဖွင့်ဖို့ ကိုရင့်မှာ ပွားထားတဲ့
သော့တုနောက်တစ်ချောင်းရှိဒေးဒါ…
ဂီ့ တိလိုက်ဝူး ဟုတ်ဝူးလား.. 😆 😆
သင်္ဘောသီးတွေက ဒါညိုးတွေနက်ပီးသား..
မြုပ်ကွက်လေးနဲ့.. ငွဲငွဲ…
သူများဟာ ဖောက်မရရင် ကိုယ့် ဖာကိုယ်ဖောက်မှာ… (ထန်းခေါက်ဖာ) ပြောတာနော်… ဟီးး 😀 😀 😀
မှော်ဆရာ
November 26, 2011 at 9:39 pm
မင်စက် minz ဆိုတော့ မဲမဲ တူးတူး ကြီးပေါ့နော် ..
inz@ghi
November 26, 2011 at 9:42 pm
အာ … သည်လူ ….
ဖဲ့ဖို့ပဲ ချောင်းနေတာပဲ …..
သဂျီး စနိုက်ဘာ ကြောက်ဝူးလား..
မှော်ဆရာ
November 26, 2011 at 10:11 pm
စနိုက်ဘာတော့ မကြောက်ဘူး
သူကြီး နှစ်လုံးပြူးကြီးပဲ ကြောက်တယ် ..
အထဲက မပိတ်ပဲနဲ့ အပြင်က ပိတ်တာ ခံရတာ ဒီတစ်ခါ ပထမဆုံး ..
Shwe Ei
November 28, 2011 at 3:10 pm
”ကမာ္ဘ့ဘယ်နေရာမှာမှ မရှိသေးတဲ့ ကြက်ဆူမျိုးကောင်း မျိုးသန့်ပဲကွဲ့။” ဘယ်နေရာမှာမှ မရှိဘဲ အဒါဂျီးကို ဘယ်ကရတာတုန်း။ 😉
inz@ghi
November 28, 2011 at 3:14 pm
အဘထိပ်တင်ဖော ကိုယ်တော်တိုင် မျိုးစပ် ထုတ်လုပ်ထားတဲ့ ကြက်ဆူ လို့ မှတ်ယူ ပေးပါကွယ်
😀