ဝေဒနာ နေ ့စွဲများ…..

ဝေဒနာနဲ ့လူပါ……

သောကတွေ လက်ကျန်
ဒဏ်ရာတွေခံစား
အတိတ်ဆိုတာကြီးကို
မေ့ထားချင်ခဲ့
စိတ်တွေက တေလေ
နေနှယ်ပူလောင်
အလွမ်းတွေ ဆူဝေ
တမ်းတနေဆဲ
လွမ်းရယ်တဲ့ ကြင်မပြေ
ဖြေသိမ့်စရာရယ် ဝေး……
ဒဏ်ရာလေး ကသေရာပါ
ဘဝဆုံးထိ. မေ့အတွက်သက်သေဖြစ်လိုက်မယ်ထင့်။
ဟိုး မှာကြည့်စမ်း….
ရာသီတွေလဲ ပြောင်းလို ့
ဆောင်းနှင်းလေးတွေငို
လောကတခွင် မြူတွေဆိုင်းနေပီ. မေ။
ဟိုးမှာ ကြည့်လိုက်စမ်း….
ပြက္ခဒိန်တွေ တစ်ရွက်ပြီးတစ်ရွက်နေရာတွေဖယ်ပေးနေရပီ
ဆောင်းနှင်းစက်လေးတွေ တဖေါက်ဖေါက်ကျလေတိုင်းမှာ. သူ????
ရော်ရွက်တို ့တဖြုတ်ဖြုတ်ကြွေတိုင်း. သူ????
ဘယ်တော့မှ……
ဘယ်တော့မှ…….
ဘယ်သောအခါမှ……
ရောက်မလာတော့ဘူး,,,,,,??????

4 comments

  • Gipsy

    November 25, 2011 at 1:31 am

    ရောက်မလာတော့ဘူးဆို ဘယ်ကိုရောက်သွားတုန်းဗျာ …။

  • small cat

    November 25, 2011 at 8:11 am

    ဘဝတခုရဲ့ အဆုံးနေရာကိုရောက်သွားတယ်ထင်တယ်။

  • မောင်သန်းထွဋ် ဦး

    November 25, 2011 at 12:06 pm

    တံခါးစောင့်ကြီးက သိနေတယ်လေ ကျွန်တော်ကဗျာတွေရေးဖြစ်နေလိုက်တာ. တော်တော်များသွားပီဘဲလေ။
    တကယ်တော့ ကဗျာတွေရေးဖြစ်သွားတာက ကိုရင် ကျေးဇူးပါ။
    ကျွန်တော်ချစ်ရတဲ့သူ တစ်ယောက်က လူလောကကြီးထဲမှာ ရောက်လာရတာမတန်ပါဘူး။သူကသွေးကင်ဆာရှင်မို ့
    သူ ့ကိုယ်စားရေးဖြစ်သွားရင်း ဖြေဆည်လို ့မရတဲ့ဝေဒနာနေ ့ရက်တွေကို ကျော်ဖြတ်ဖို ့ခက်တဲ့အကြောင်းရေးဖြစ်သွား
    ရတာပါ။တကယ်တော့ သူ……….သက်ရှိနေပါသေးတယ်လေ။ဒါပေမယ့်ဗျာ………………………

  • moethuzar

    November 25, 2011 at 12:52 pm

    ဝေဒနာလူ
    အပြေးလေမှာနှင်.
    မသေခင်တုန်း
    အေးချမ်းသွားပါရစေ
    အဆွေးသမားရယ်
    ဝေဒနာကမ ္ဘာကြီးရယ်
    ငြမ်းချမ်းတဲ့နေရာ
    မမောတမ်းသွားမယ်။ ဟီးးးးးးးး

Leave a Reply