မဆုံးတဲ့ …သီချင်း—၃၈

naywoon niNovember 26, 20111min31711

မဆုံးတဲ့ …သီချင်း—၃၈
“ကျောင်းပိတ်လို့ ပျော်နေတာမဟုတ်ဘူးဗျို့…။ ပြန်စရာလမ်းစရိတ်မရှိလို့ ဘယ်နားသွားတောင်းရမလဲ … သီချင်းတိုက်နေတာ”
ကိုကိုဦးက ဝင်ပြောတယ်..။ ကိုမြင့်ဇော်က
“ ကျောင်းသားတွေ အတွက် ရထားစီစဉ်ထားတယ်..။ ကြိုက်တဲ့ရထားတက်စီးလို့ရတယ် ဘူတာတိုင်းရပ်ပေးမယ်လို့ပြောတယ်..။ ပါချုပ်နဲ့ ရုံပိုင် ညှိထားပြီးပြီ…။”
ကိုမြင့်ဇော်က ပြောတော့ ဘကြီးသန်းက
“ အေးပေါ့…။ မန္တလေးမှာ ကျောင်းသားရှင်းသွားဖို့က ဒီနည်းပဲရှိတာကိုး…။ ရှိသမျှ အကုန်ရောင်းပြီး အရက်တွေ မူးအောင်သောက်သွားတာပဲကောင်းတယ်..။ကျုပ်တို့က မိတ္ထီလာပြန်ရမှာ… ရထားလမ်းပေါက်တာမဟုတ်ဘူး… ကားနဲ့ပြန်မှအဆင်ပြေမှာ…။ ရထားက သာစည်အထိပဲရောက်မှာ… ဟိုဘက် 12 မိုင်လောက် ဘယ်ကားကမှ အလကားတင်မှာမဟုတ်ဘူး …။ အဲဒါဘယ်လိုစီစဉ်ပေးမှာလဲ”
အဲဒိတော့ ဘကြီးသန်းက
“ သာစည် ဘူတာမှာဆင်းပြီး တောမရောက်အောင်သာ ခြေလျင်လျှောက်ပြန် ဒါအကောင်းဆုံးပဲ…။”
လို့ ဝင်ပြောရင်းနဲ့ ကိုမြင့်ဇော်က အရက်တစ်ခွက် ငှဲ့ပြီး လှမ်းပေးတယ်…။
“ ငါ ငိုချင်လာပြီနော်…။ ဒီပိုက်ဆံတွေ ဘာလို့ သုံးမရဖြစ်ကုန်တာလဲ…။ ဒီ အသုံးမကျတဲ့ ပိုက်ဆံတွေကြောင့် ကျောင်းက ဘယ်လောက်ကြာအောင်ပိတ်ဦးမလဲ….။ ဒီကျောင်းပြိးမှ အလုပ်ဝင်မဲ့သူတွေ ဘာလုပ်လို့ရတော့မှာလဲ ဒီလိုမှန်းသိ အစ ကတည်းက စာပေးစာယူ ယူလိုက်ရကောင်းသား အလုပ်ဝင်လုပ်နေရင် ဝင်ငွေလည်းရသေး လုပ်သက်လည်းရသေး…။”
“ အေးပေါ့ဟ ဘကြီးသေးမယ်မှန်းမသိလို့ နို့မို့ ဆို မြင်းဝယ်စီတာပေါ့….”
ကိုမြင့်ဇော်က အဲဒိလိုပြောပြီး အရက်ခွက်ကိုယူ သောက်လိုက်တယ်…။ ပြီးမှ
“ ခုမှတော့ တို့အားလုံးအတူတူပါပဲ မထူးတော့ပါဘူးကွာ…။ ကျောင်းပိတ်တုန်း အလုပ်ဝင်လုပ်ကြပေါ့….။ ဒါပဲရှိတာပဲ…။ ကျောင်းတစ်ပိုင်းတစ်စနဲ့ နေရာကောင်းကောင်းတော့ ရမှာမဟုတ်တော့ဘူးပေါ့…။”
ဘကြီးသန်းက
“ ပိုက်ပိုက်မရှိရင် ဘယ်ရုံးနားမှ ကပ်လို့မရဘူး…။ အကပ်ဆိုတဲ့ ပလာစတာလဲရှိမှ…။ ခန့်မဲ့လူကြီးက လည်း သူ့သားသမီးတွေ ကျောင်းပိတ်ရက် ခန့်ချင်မှာပဲ…။ သူ့တို့ အားလုံးကုန်မှ ကိုယ်နေရာရမှာ ရေခဲရေရောင်းမလား ပူပေါင်းရောင်းမလား ဈေးထဲမှာ ကြွက်ဆေးရောင်းမလား ဒါပဲ ရှိတယ်…။”
လို့ ဝင်ပြောတော့ ကိုကိုဦးက
“ အမေရေ့ ……… သားတို့ အဖြစ်ကိုလာကြည့်လှည့်ပါဦး ဗျ”
ကိုကိုဦးမူးမူး နဲ့ ငိုတော့တယ်…။ တစ်ကယ်တော့ အလုပ်နေရာကောင်းကောင်းရသွားတာက ဒီနှစ်ကောင်ပါ…။ ကိုကိုဦးက အခု မန္တလေးတောင်ခြေရင်းက ရတနာပုံ ရေကူးကန်မှာ မန်နေဂျာဖြစ်သွားတယ်…။ ဘကြီးသန်းက နိုဗိုတယ်လ် ဟော်တယ်မှာ ချက်ကြီး အင်ချပ်ဖြစ်သွားတယ်…။ လစာတောင်မှ ဒေါ်လာနဲ့ …..။ ဘယ်လောက်ကုန်သွားလဲ မေးတော့ အိမ်ကလုပ်ပေးတဲ့ ကောင်နဲ့ ဦးလေး လုပ်ပေးတဲ့ ကောင်နဲ့ တစ်ယောက်မှ ပွင့်ပွင့်လင်းလင်း မပြောဘူး…။ ဘာမှမဟုတ်တဲ့ နေဝန်းနီတို့ ကိုမြင့်ဇော်တို့ပဲ ယောင်ချာချာ ကျန်ရစ်ခဲ့တာ…။ အဲဒိလိုနဲ့ ကျောင်းတော်ကြီးကနေ တပ်ခေါက်ပြန်ခဲ့ကြရတာပေါ့……….။

null

မန္တလေးတက္ကသိုလ် အမှတ်တရပုံပါ…..။

null
ဒါကတော့ မန္တလေးဘူတာကြီးပါ…။ လွမ်းစရာလေးတွေပေါ့……..။

နေဝန်းနီ

11 comments

  • blackchaw

    November 26, 2011 at 9:56 pm

    ကိုနေဝန်းနီရေ။
    ကျွန်တော် စောစောစီးစီး ဝင်ဖတ်သွားပါတယ်ဗျို့။
    မန်းတက္ကသိုလ် အမှတ်တရလေးတွေလည်း စောင့်ဖတ်နေမယ်နော။
    မန်း ကျောင်း ပုံလေးက မိုက်တယ်ဗျာ။

  • windtalker

    November 26, 2011 at 10:05 pm

    ဘိုနေ က အလုပ် ၊ လုပ်စရာမှ မလိုတာကြီး
    “ ဘာမှ မလုပ်ဘဲ ၊ သူဌေးဖြစ် ဆိုတာ ဘိုနေ ပါ ”
    “ အချိန်တန် ၊ ဇိမ်ခံ ၊ ပလောင်ထင်း ၊ မောင်ရှင်း တာ ဘိုနေပါ ”
    “ ပလောင်ထင်းကောင်းတယ် ၊ ပလောင်ထင်းကောင်းတယ် … ပုလင်း ၊ ပုလင်း ၊ ပုလင်း ”
    “ ပလောင်ထင်းကောင်းတဲ့ တို ့ဘိုနေပါ ”
    ( ဂိုးသွင်းကောင်းတဲ့ တို ့ကိုကို သီချင်း သံစဉ်ဖြင့် ဆိုရန် )

  • Shanma TUmdy

    November 26, 2011 at 10:24 pm

    မန်းလေးဘူတာက ဘယ်ခေတ်ကတည်းကလည်းမသိဘူးနော်.. ခုတောင်ပုံဖော်လို့မရတော့ဘူး ..

  • naywoonni

    November 26, 2011 at 10:28 pm

    1987 ခုနှစ်က မန္တလေးဘူတာကြီးပါ…။ အမှတ်မမှားဘူးဆိုရင် ရှေ့က လို်င်းကားတွေက မေမြို့လိုင်းကားပဲ…။ အပေါ်မှာ ဝက်ခြံတင်ထားတဲ့ ကားအဖြူလေးကိုပြောတာ…။ ကိုပေါက်ဆိုရင်တော့ သေချာသိမှာပဲ…။ အဲဒိတုန်းက မေမြို့လိုင်းကားတွေက ဘူတာကြီးအထိ ပါစင်ဂျာ လာစောင့်တတ်တယ်…။

  • ကြောင်ကြီး

    November 27, 2011 at 12:44 pm

    ဘူတာကြီး
    လူတကာစီး
    ဖြူပြာညီး
    ထူကာနီး
    သူဟာမပြီး
    ပူတာသမီး
    ယူစရာထီး
    ပူဆာသတည်း။။။ 😀

  • naywoonni

    November 27, 2011 at 12:49 pm

    သမီးက ထီး ပူဆာသလား ကိုကြောင်ကြီးရယ်….။ တစ်ခြားဟာဆို တော်သေး…………:P

    • windtalker

      November 27, 2011 at 1:14 pm

      ကျန်သေးတယ်
      သူ ့သမီး ပူဆာတဲ့ဟာ
      ပြောမယ့်သာ ပြောရဒယ်
      ကိုကိုကြောင် က
      ယူအက်စ်မှာ
      စူထွက် လောက်အောင်
      ဒူးမနာ သမီးလေးတွေ များတာကလား
      သူ ့သမီးထပ်ပူဆာတာက
      ပူဆီဒက်ဒီ ရယ် တဲ့
      ထီးမလိုပါဘူး တဲ့
      ဟိုဟာလေ..
      ထီးလိုဘဲလေ..
      ဘီး…
      ဘီး တဲ ့ဗျာ

  • ko Kyaing

    November 27, 2011 at 4:07 pm

    Hello Nay Win Ni

    I am glad to read your post,where are u now?? Bagyi Than has worked Novel Hotel as chief steward,If you know Ko Ko Muu phone number,let me know.
    ငါတို့ သချာင်္ကျောင်းသား(1884-1994) ဆရာကန်တော့ပွဲ 2 / 12 / 2011 မှာ ရှိတယ်. call this number ,092001016 –
    ငါတို့တွေမတွေမတွေ့တာတောင်ကြာလှပြီယ ဘုန်းကြီး က Myanmar Tractor(CAT)မှာလုပ်နေတယ်

    • ကြောင်ကြီး

      November 27, 2011 at 10:35 pm

      ဟေး ကိုကြိုင်… ဘယ်ရောက်နေလဲ။ where have you been ? ကျနော်ပါ it’s me. မောင်နီကတော့ နေပြည်တော်မှာ ဆောက်လုပ်ရေး ကန်ထရိုက် သဌေး ဖြစ်နေလေရဲ့။ တလောကသူဆီသွားလည်တုန်းကတော့ ပြုစုလိုက်တာ အလျှံအပယ်ပဲ။ ဟိုတယ်မှာတည်း ဟိုတယ်မှာစား ဟိုတယ်မှာလုပ် (အလုပ်) ခဲ့ရတယ်။ တပြားမှ မကုန်ဘူး။ မင်းလည်း ရောက်ရင် သူ့ဆီဝင်လိုက်အုံး။ နေဝန်းနီလို့ ပြောလိုက်ရင် ကြိုက်တဲ့ ဇိမ်ခန်း အဲ…ယောင်လို့.. ဟော်တယ်၊ စားသောက်ဆိုင် ဘီလ်ဖွင့်နေစားလို့ ရတယ်။ သူ အတော်ကြီးပွားနေပြီ။ အွန်လိုင်းမှာ တွေ့ရင်တော ခိုညည်းသလို ညည်းပြလိမ့်မယ်။ မယုံနဲ့။ surprise သွားလည်လိုက်၊ ဒါမှ အံ့ဩသွားမှာ။။။။ ဒါနဲ့ ဘုန်းကြီးက ဘုန်းကြီးမလုပ် ကြောင်လုပ်နေတော့ ငါပါနာမည်ပါရော ပျက်ပါပြီကွာ။ မင်းကလည်း ဘုန်းကြီးအကြောင်း ရွာထဲမှာ လာဖွရတယ်လို့၊ နဂိုထဲကမှ သဂျီးက သာသနာ ဖျက်ချင်နေတာ။ ဘကြီးသန်းတွေ့ရင် ပြောလိုက်၊ နိုဗိုတယ်ဟိုတယ်မှာ နာရီနဲ့ ဆက်ရှင်ကြေး ဘယ်လောက်ရှိသလဲလို့။ သူ့နာမည်သုံးရင် လျှော့ဈေးရမလားလဲသိချင်တယ်။ အတွင်းလူဆိုတော့ စိတ်ချရတဲ့ အခန်းရနိုင်မလားလို့။ ကိုမူးကိုလည်း ပြောလိုက်ပါ၊ ဘလူးလေဘယ်လ် တသေတ္တာပို့လိုက်တာ ရလားလို့၊ စာတိုက်ကနေ တလောက ပို့လိုက်တာ။ မရရင် စာတိုက်ကြီး ပါဆယ်ဌာနကို သွားရစ်ပေတော့။ အကြောင်းမထူးရင် လွှတ်တော်အမတ်ရှာပြီး တိုင်လို့။ ရေအဆုံး ကုန်းတဝက်၊ ပြန်ရခဲ့ရင် လွှတ်တော်အမတ်နဲ့သူ တယောက်တဝက် ခွဲယူကြပေါ့ကွာ။ 😀

  • naywoonni

    November 29, 2011 at 8:25 pm

    ကိုကြောင်ကြီးနော်…… နီအကြောင်းရွာထဲ ဖွလိုက်ရမလား ….။ နာ့ကိုလာဖွတာ….။ နင်နဲ့ ငါ မန္တလေးမှာလေ…….. 41 လမ်း အောက်ထဲမှာ ကြောင်မလေးအသစ်တွေ ရောက်တယ်ဆိုလို့ မိုးတွင်းကြီးသွားရှာတာလေ…… သဇင်လ္ဘက်ရည်ဆိုင် ကနေ အနောက်ဘက် ဆင်းသွားတာ မိုးရွာထဲ သွားရင်းသွားရင်း နဲ့ 89 လမ်းဘက်ထိရောက်သွားတာ ………။ အရက်လေးကလည်းမူးမူး လမ်းတွေကလည်း မိုးရွာတော့လူတွေရှင်းလို့…………. နှစ်ယောက်သားခပ်တည်တည်နဲ့ ဟိုရောက်တော့ ရှမ်းတရုပ်မလေးနဲ့ တွေ့ရော……….။ ဒီအလုပ်လုပ်မစားဖူးပါဘူး….။ လမ်းစရိတ်ပြတ်လို့ပါဆိုပြိး ဟိုက ချွဲတော့ နင် အိတ်ကပ်ထဲ ပါသမျှ အကုန်ထုတ်ပေးခဲ့တာလေ…….. အပြန်အရက်သောက်ဖို့တောင်မကျန်လို့ အဆောင်ပြန်ပြီး ပိုက်ဆံပြန်ယူရပါရောလား…..။ ဟားဟား…..။ မိုးရေတွေထဲ လမ်းလျှောက်လာကြတာ ရွှဲနစ်လို့….။ ပြောရင်းနဲ့ ချမ်းလာသလိုပဲ….။ အဲ……… ကွန်းကဖွင့်ထားတာကိုး………ဆိုင်ထဲမှာ….. သူများ လိုက်ဖွရင် ကိုယ်လည်း အဖွ ခံရမယ်…..။ သူ့ သနားလို့ ထည့်မရေးတာကို………….ဟွန်းးးး 😛 😛

    • inz@ghi

      November 29, 2011 at 8:40 pm

      ကြိုက်ပီဗျာ .. ကြိတ်ထားကွ
      ဒါမှ လိုကယ် ဇ ကွ……….အဘနီကွ …

      ဥကြောင်တို့ သဂျီးတို့က ကိုယ့်ကိုကိုယ် ဖားတပိုင်းငါးတပိုင်း
      ဆယ်လီဘရစ်တီ မှတ်ကြတာကလား …
      ပြောချင်ရာပြော လုပ်ချင်ရာ လုပ်ကြတာများပြောပါတယ်….

      ဂလိုငယ်ကျိုးငယ်နာလေးဒွေ ဖော်ပေးမှ
      သိပ်ပေါက်ကရတွေမလုပ်မှာ …
      ခုက ရွာစည်လာတာတော့ဟုတ်ပါရဲ့ တာဝန်သိ ရွာသူား က
      ရွာလူကြီးပြန်ထိန်းနေရတာကလား…(တားတားတော့ ပါပါဝူး….ပျူစောထီးမမဒွေ
      ပြောပါတယ် ခစ်ခစ်…………….)

      သည်လူရီးတွေကို စောင့်ကြည့်နေဘာဒယ်…. ခစ်ခစ်..
      လိုအပ်ရင်တော်လှန်ရအောင်ပါ….

      ဘိုင်သယ်ဝေး….
      ဘရာဗို အဘနီ…..

Leave a Reply