ဘုရားဝင်း ဘုရားပေါ် ဖိနပ်စီးသင့် မစီးသင့်

သံုးေလးNovember 29, 20111min28526

ဘုရားဝင်း ဘုရားပေါ် ဖိနပ်စီးသင့် မစီးသင့် ။

 

ဦးခင်ရွှေ အကြောင်းတင်ပြီး နောက် ကျွန်တော် စဉ်းစား စရာတွေ အတော် ရလို်က်တယ် ။

မန် တာတွေ မတွေ့တော့

ကျွန်တော် ကသူများ အကြောင်းရေးတာမ်ိ်ု့လို့ လက်ရှောင် ကြတာလား။

ဒါမှ မဟုတ်

ထင်ပေါ်ကြော်ကြား သူ ကြီး မို့လို့  ကြောက်လို့ မရေးကြတာ လား ။

ဒါမှ မဟုတ်

သူ့ အကြောင်း ပြောရမှာ စိတ် ကုန် လွန်းလွန်းလို့ ဘာမှ ဝင် မမန့်ကြတာ လား ဆိုတဲ့ အတွေး ပေါင်းစုံ ဝင်မိပါတယ် ။

အဲ ဒါမှ မဟုတ် ..

ခေတ်တွေ ပြောင်းနေပြီ ။ ဘုရား ပေါ်လဲ ဖိနပ်ပေးစီးသင့်နေပြီလို့ တွေးနေလို့လား ။

သူများ ဘာသာတွေ ဘုရားရှိခိုးကျောင်း ဖိနပ် နဲ့ ဝင်တာဘဲ ။ ဒို့ ဘုရားကျောင်းကန် ထဲလဲ ကျန်းမာရေး အရ စီးပလေ့ဆို ပြီး ပြောချင်လို့ လား ဆိုပြီး အတွေးပွားမိပါတယ်။

ဆွမ်းခံ ကြွ ရတဲ့ ဦးဇင်း ၊ ဘုန်းဘုန်း တို့ မှာလည်း ဖိနပ် မစီးရတဲ့ အတွက် လွန်စွာ ဒုက္ခ ကြီးပါတယ်။

ငယ်ငယ်တုန်းကဆို ဘုန်းကြီးကျောင်းဝင်းထဲ ဝင်တာနဲ့ ဖိနပ်လေးချွတ် ခါးကြားထိုးသွားရပါတယ်။ အောက် က ဘယ်လောက် ဖုန်ထှုထှု ၊ ခဲ ပေါပေါ ။ ဖိနပ်ချွတ်ရပါတယ်  ။

အဲ့ဒီ ကနေ အခု ဘုန်းကြီးကျောင်းဝန်း တော်တော်များများ ပရဝုဏ် အတွင်းမှာ ဖိနပ် ချွတ်စရာ မလိုတော့ပါဘူး။

အဲ့ဒီတော့ ကျွန်တော်တို့ တစ်တွေ ဘုရား ပရဝုဏ်နဲ့ ရင်ပြင်တော် ၊ ဘုရားပေါ် မှာ ဖိနပ်  စီးခွင့် ပြု ကြတော့မှာလား ဆိုတာ သိချင်လာပါတယ်.

ဘုရားဝင်း ဘုရားပေါ် ဖိနပ်စီးခွင့် ပြု သင့် သည် ။ မပြုသင့် ဆိုတာလေး ။

သုံးလေး အရမ်းသိချင်လာပါတယ်။ ဖြေနိုင်ရင် ဖြေပေးကြပါဦး ။

လေးစားလျက်

 

သုံးလေး

26 comments

  • Yan Shin

    November 29, 2011 at 5:44 pm

    ကိုလိုနီခေတ်က
    အုပ်စိုးသူ အင်္ဂလိပ်တွေက ဘုရားရင်ပြင်ပေါ် ဖိနပ်စီးလို့ ငါတို့ အမျိုး ဘာသာ သာသနာချစ်သူတွေက
    တိုက်ပွဲဝင် ကန့်ကွက် တောင်းဆို ခဲ့ကြတယ်။
    လူများသာသနာ လူများဘာသာနဲ့ သူများစတိုင်ပဲ
    ကိုယ့်ဘာသာ ကိုယ့်အယူအဆပါ။
    ကျန်းမာရေးရှု့ဒေါင့်ကနေ တချို့နေရာဌာန( တရားရိပ်သာ)တွေမှာ ခြွင်းချက်အနေနဲ့ ခွင့်ပြုထားတယ် လက်ခံသင့်ရင် လက်ခံရမှာပဲ။
    ဒါပေမဲ့ ဘုရားရင်ပြင် ဘုရားပုရဝုဏ်ထဲမှာတော့ မစီးသင့်ဘူးထင်တယ်။

  • windtalker

    November 29, 2011 at 7:52 pm

    သုံးလေး
    ဘာဘာသာလဲ ဖြေပါ
    ဗုဒ္ဓဘာသာဝင် မဟုတ်ခဲ့ဘူး ဆိုရင်
    ကျုပ်တို ့တစ်နိုင်ငံလုံး က ယုံကြည် လက်ခံထားသော အကြောင်းအရာ ကို အခြားဘာသာဝင်အနေဖြင့် လာဦးမစားပါနဲ ့။
    ကုလားတွေ မြန်မာနိုင်ငံမှာ နွားသတ်သင့်သလား မသတ်သင့်ဘူးလား ကျုပ်တို ့ဂေဇက်မှာ ဘယ် မြန်မာ / ဗုဒ္ဓဘာသာဝင်မှ မရေးပါ ။ မမေးပါ ။
    မြတ်စွာဘုရားရှင် ကိုယ်တော်တိုင် ၊ ဆွမ်းခံကြွရာမှ ခြေဗလာ ဖြင့် ကြွခဲ့ပါတယ် ။
    မိထွေးတော် ဂေါတမီ ဆိုရင် ၊ သာသနာဘောင်ဝင်ရဖို ့အရေး ကို ၊ တစ်သက်လုံး ခြေတုံးလုံး နဲ ့ခရီးကြမ်းမသွားခဲ့ဖူးတာတောင် ၊ မြတ်စွာဘုရားရှင် ဆီကို ၊ ယောဂီဝတ်နဲ ့ခြေတုံးလုံး နဲ ့လာခဲ့တယ် ။
    ဒီတော့…

  • koyinmaung

    November 29, 2011 at 9:17 pm

    စီးရဲတဲ့သူစီးပေါ့
    တို့ကတော့မစီးရဲပါဘူး
    ဗုဒ္ဓဘာသာဝင် ဖြစ်လို့ပါ
    စီးသင့်မစီးသင့်ဆိုတာ
    Yan Shin တို့ windtalker တို့ရှင်းထားကြပြီးလေ
    ဒီထက်သိချင်ယင်သမိုင်းစာအုပ်သာပြန်ရှာဖတ်ပါလို့
    အကြံပေးလိုက်ပါတယ်………
    ဟိုငနာကြီးအကြောင်းမရေးတာကြောက်လို့မဟုတ်ဘူးဟေ့
    လက်ညောင်းလို့ ဒါလောက်မေတ္တာတွေပို့ထားတာ
    မတွေ့မိဘူးလား……….

  • moethidasoe

    November 29, 2011 at 9:45 pm

    ဗိမိသာရမင်းဟာ ဘုရားရင်ပြင်ပေါ် ဖိနပ်စီးမိလို့ ခြေဖဝါး ဓားခွဲ ဆားသိပ် မီးကင်ခံရတာလို့ မှတ်သားဖူးတယ် .. (မှားချင်ရင်လဲ မှားမယ်)

  • mozillamedia

    November 29, 2011 at 10:20 pm

    ဘုရားပေါ်မှာ ဖိနပ်မစီးရတာ သိပ် အပန်းမကြီးပါဘူး….
    ဘုရားပေါ်မှာ ဖိနပ် မစီးပဲသွားရတာ ထိသိ သတိ တရားလေး မှတ်ရတာ သဘောကျလို့ပါ….
    အစိုးရ ဌာနဆိုင်ရာ လူကြီး တွေ အခန်းထဲသွားရင် ဖိနပ်ချွတ်ရတာ မှ စိတ်ပျက်ဖို့ကောင်းတာ…
    လူချင်းအတူတူ ဧည့်သည်ကို အထက်စီးယူတဲ့ အကျင့်ဆိုးတွေပေါ့……
    အဲသည်တော့ ဘုရားပေါ် ဖိနပ် စီးသင့် မစီးသင့် ဆွေးနွေးဖို့ မလိုပါ….
    အရာရှိမင်းများအခန်း မှာ ဖိနပ်ချွတ်ခိုင်းတဲ့ အကျင့်ကိုသာ ပြင်ဖို့လိုတာပါ…

  • ရင်နင့်

    November 29, 2011 at 10:29 pm

    သဂျိုင်ခီး မန့်တာကိုပဲ စောင့်ဖတ်တော့မယ်

  • TTNU

    November 29, 2011 at 10:39 pm

    သုံးလေး၏မေးခွန်း
    (အဲ့ဒီတော့ ကျွန်တော်တို့ တစ်တွေ ဘုရား ပရဝုဏ်နဲ့ ရင်ပြင်တော် ၊
    ဘုရားပေါ် မှာ ဖိနပ် စီးခွင့် ပြု ကြတော့မှာလား ဆိုတာ သိချင်လာပါတယ်.
    ဘုရားဝင်း ဘုရားပေါ် ဖိနပ်စီးခွင့် ပြု သင့် သည် ။ မပြုသင့် ဆိုတာလေ
    သုံးလေး အရမ်းသိချင်လာပါတယ်။ ဖြေနိုင်ရင် ဖြေပေးကြပါဦး ။)

    သုံးလေး သိချင်တာတွေဖြေပေးပါမယ်။
    (၁) ဗုဒ္ဓဘာသာဝင် တစ်ယောက်ဆိုရင် ဘုရားပေါ်မှာ၊ ဘုရားပရဝုဏ်ထဲမှာ ဖိနပ်စီးရမယ်၊
    မစီးရဘူးဆိုတာ မိဘတွေက ငယ်ငယ်ထဲက သင်ကြားထားခဲ့ပြီးသားဖြစ်မှာပါ။
    (၂) ဗုဒ္ဓဘာသာဝင် မဟုတ်ရင်လည်း မိမိဘာသာရေးနဲ့ မသက်ဆိုင်တဲ့ ဘုရားပရဝုဏ်ထဲမှာ
    ဖိနပ်စီးရေးမစီးရေး … ဝင်မေးဖို့ မလိုအပ်ပါဘူး။
    (၃) မင်းသိသင့်တာကတော့ ဘုရားပေါ်မှာ၊ သာသနာ့မြေပေါ်မှာ၊ ဘုရားပရဝုဏ်ထဲမှာ
    ဖိနပ်စီးဖို့နေနေသာသာ Barefoot သွားရပါတယ်။(ခြေအိပ်တောင် မဝတ်ရပါဘူး) ။
    (၄) အလွယ်ဆုံးမေးမယ်၊ မင်းမိဘတွေကို ဖိနပ်စီးလျက်နဲ့ မင်း ကန်တော့ပါသလား။

  • သုံးလေးဆိုတဲ့ဆန့်ကျင့်ဘက်ကလေးရေ။
    လူအများကိုမေးခွန်းမေးတယ်ဆိုတာ မေးသင့်တာ မမေးသင့်တာ ကိုယ်ဘာသာကို အရင်ဆန်းစစ်ရပါတယ်။
    နောက်သိချင်လို့မေးရင် လူပေါင်းစုံဘာသာပေါင်းစုံဝင်ဖတ်နေတဲ့ဆို်က်မှာ ဒိလိုမေးခွန်းမျိုးမမေးသင့်ဘူး။
    နားလည်တဲ့ တတ်တဲ့လူ ကို တုိုးတိုးတိတ်မေးရတယ်။
    ဖွချင်တယ်ဆိုရင်တော့ တစ်မျိုးပေါ့။
    ဘုရားပေါ်မှာ ဖိနပ်မစီးဘူးဆိုတာ ရိုသေကိုင်းရှိုင်းကြောင်းပြတာလေ။

    ဘုရားရင်ပြန်မှာ ဖိနပ်မစီးရတော့ရော ဘာများထိခိုက်သွားပါသလဲ။
    ဘိနပ်မစီးရဆိုတာမကြိုက်ရင် အဲဒီဘုရားတွေမသွားနဲ့ပေါ့။
    ဒါအရှင်းဆုံးပါဘဲ။

    နောက်တစ်ချက် ဦးခင်ရွှေကိစ္စမပြောတာ မပြောချင် မမန်းချင်လို့။
    ခေတ်ပြောင်းသွားပြီကွဲ့။
    ကိုယ့်ဘက်ကသာ သေချာတယ် မှန်တယ်ခိုင်လုံတယ် အပြုသဘောဆောင်တယ်ဆိုရင်
    ဘယ်သူမှကြောက်စရာမလိုဘဲရေးလို့ရတယ်။
    မင်းကြောက်လို့လားမေးတဲ့သူကို ကြောက်စရာအကြောင်းလုံးဝမရှိပါ။

    အခုလို သူများကို မေးနေမယ့်အစား ကိုယ့်ဘာသာကိုယ် သုတေသနလုပ်ပြီး
    ကျကျနနတင်မယ်ဆိုရင်ပိုကောင်းမယ်လို့ထင်ပါရဲ့။
    အယူအဆတစ်ခုကို တင်ချင်တယ် ပြင်ချင်တယ်ဆိုရင် ကိုယ်ကိုယ်တိုင်ကအချက်အလက်ပြည့်စုံအောင်ရှာပြီးရေးရတယ်။
    အခုမင်းရေးထားတာက ကလေးဆန်လွန်းတယ်ထင်တာဘဲ။

  • Gipsy

    November 30, 2011 at 12:07 am

    ဖိ နပ် လုံး ဝ မ စီး သင့် ပါ ….။

  • မှော်ဆရာ

    November 30, 2011 at 12:26 am

    ကျွန်တော်ကတော့ >>>ဆွမ်းခံ ကြွ ရတဲ့ ဦးဇင်း ၊ ဘုန်းဘုန်း တို့ မှာလည်း ဖိနပ် မစီးရတဲ့ အတွက် လွန်စွာ ဒုက္ခ ကြီးပါတယ်။ >>> ဆိုတဲ့ အတွေးကို ပြန်ဆွေးနွေးချင်ပါတယ်။
    ဒီဘုန်းကြီးတွေဟာ အေးအေးဆေးဆေးနဲ့ ဆွမ်းခံစားပြီး နေနေကြတာပဲကွာ ဆိုတဲ့ အပြောမျိုး အပြောမခံရလေအောင် ဘုရားရှင်က ဆွမ်းခံကြွလျှင် ဖိနပ် မစီးရ ။ ထီးမဆောင်းရ လို့ ပညတ် ခဲ့တာ ဖြစ်ပါတယ်။ဘုန်ကြီးကျောင်းဝင်းထဲတင်မကပါဘူး။ဆွမ်းခံကြွလျှင် ဘုန်းတော်ကြီးတွေ ဘယ်နေရာမှ ဖိနပ်မစီးရပါဘူး.။ဗုဒ္ဓဘာသာဆိုလျှင် ဒီအချက်ကို သိကို သိသင့်ပါတယ်.။
    ဘုန်းတော်ကြီးများ ဖိနပ်မပါပဲ ထီးမဆောင်းပဲ ဆွမ်းခံတာကို မြင်ရတဲ့သူတွေဟာ ဘုန်းတော်ကြီးတွေဟာ ဒါယကာ ဒါယကာမတွေ လှူဒါန်းတဲ့ ဆွမ်းတစ်လုပ်ကို အေးအေးဆေးဆေးနဲ့ ရယူသွားတာ မဟုတ်ဘူး။ ဆွမ်းခံရတာလဲ မသက်သာပါလားဆိုတဲ့ အမြင်ကိုပဲ မြင်စေပါတယ်။လက္ခဏာ တင်ပြီး ဆင်ခြင်ပြီးမှ ဆွမ်းဘုန်းပေးရတာ ၊ ဆွမ်းအလှူရှင်ကို မေတ္တာပြန်ပို့ရတာတွေတော့ ရေးမပြတော့ပါဘူး။
    ခုဏလို သူများမေးငေါ့တာ ခံရတာဟာ ဖိနပ်မပါလို့ ဒုက္ခကြီးတာထက် အမျုားကြီးပိုဆိုးလို့ ဘုရားရှင်က တားမြစ်ထားတာလို့ မှတ်ပါခင်ဗျား…။

    • Shwe Tike Soe

      November 30, 2011 at 1:35 pm

      မှော်ဆရာကြီးပြောတာမှန်ပါတယ်ခင်ဗျာ

  • M-Lulin

    November 30, 2011 at 1:33 am

    ရင်ပြင်တော် မှာ က ဒီအတိုင်း ဘုရားရှိခိုး တဲ့ နေရာတွေရယ် (ဂြိုလ်တိုင် ရှေ ့၊ အောင်မြေ .. etc) နောက်… နဲနဲ တဆင့်မြင့်တဲ့ ဆောင်းတန်း (ခေါင်းလောင်းကြီး ဆောင်းတန်း … etc) အဲလိုနေရာတွေမှာ ဗုဒဘာသာဝင် (Buddhist)အများစုက ထိခြင်းငါးပါး နဲ့ ရှိခိုးကြပါတယ်။ ကြမ်းပြင် နဲ့ . နဖူး လက်တွေ .. ဒူးတွေ ထိ အောင် ဝတ်ပြုကြပါတယ်။ ဘုရား ပေါ်တက်ဖို့ အနည်းဆုံး .. လမ်းတော့ လျှောက်ရပါလိမ့်မယ်။ ကား (သို့) Taxi နဲ့ လာလာ လမ်းတော့ လျှောက်ရမှာပါ။ အဲအခါမှာ ဖုန်၊ မှုန် နဲ့ တခြား ပေးကျံစရာ များ ဖိနပ် မှာ ပေလာနိုင်ပါတယ်။ (မိုးတွင်း ပိုဆိုးနိုင်သည်။) အဲလို အပေအကျံ တွေနဲ့ ဖိနပ် ကို ရင်ပြင် တော်မှာ စီးမယ် ဆိုမှဖြင့် .. ဘုရားဖူးလာ ဧည့်သည်တော် တွေ စိတ်ဖြောင့်ဖြောင့် နဲ့ ..ရှိခိုး နိုင်ပါ့မလား။ သန့်ရှင်းရေး သမား တွေ နဲ့ .. အသင်းသား {ဗုဒဟူး(wed) ညနေအသင်း ..etc} တွေ အတွက် သန့်ရှင်းရေး လုပ်ဖို့ နဲနဲ ခက်ခဲ သွားနိုင်တယ်။ လပြည့် နေ့လို အခါကြီးရက်ကြီးတွေမှာ .. ကြက်ပျံမကျ စည်ကားတတ်တာ ..ရွှေတိဂုံ စေတီတော် ရဲ့ Trademark လိုဖြစ်နေတာပါ။ အဲလို အခါမျိုးမှာ .. ဘုရားရှိခိုး နေတဲ့ သူတွေရှေ ့က ဖြတ်လျှောက်ရတဲ့အခါမျိုးနဲ့ ၊ မသိုး သကန်း ရက်တဲ့ တန်ဆောင်မုန်းလပြည့် မတိုင်ခင် ည ဘက်ဆို နယ်ဘက်က လူတွေအများစု က အိပ်ရာဆောင်ခင်း တွေနဲ့ ရင်ပြင်တော်ပေါ်မှာ စတည်းချ လေ့ရှိပါတယ်။ သူတို့ အတွက် လဲ အနည်းငယ် ခက်ခဲ သွားနိုင်ပါတယ်။ ကျန်းမာရေး ရှုထောင့်အရ ပါဆိုတော့လဲ … အဲလောက် မကျန်းမာ မှတော့ မလာနဲ့ ပေါ့ .. လို့ ဘုတော ချင်ပေမယ့်။ … တွန်းလှည်း (Wheelchair) နဲ့ တော့ ဘုရား ဖူးလို့ ရပါတယ်ဗျာ။ .. အဲလိုလေးတွေကို ကျန်းမာရေး မကောင်းတဲ့ ဘုရားဖူး တွေအတွက် နာရီပိုင်း နဲ့ ငှားပေး ရင် တော့ အဆင်ပြေ သွားလောက်မယ်။ (ကန်ထရိုက် ဆွဲ ရ ကောင်းမလား.. ဟီးဟီး..) .. ကျွန်တော့ အမြင်ကိုပြောရရင် မြေကြီးမှာ အုတ်ခဲ လေးတွေ စီပြီး .. ဗိုင်နိုင်းစ နဲ့ မိုးကာ စ ပေါင်းပြီး မိုး၊ကာ ထားတဲ့ အိမ်ကို သွားရင်တော့ အထဲကို ဖိနပ် စီးသွားသင့်လား၊ မစီသွားသင့်လားလို့ စဉ်းစားသင့်ပေမယ့်။ ပါကေးခင်းပြီး .. ပေါလစ် ပြောင်နေအောင်တိုက်ထားတဲ့ .. သူများအိမ်ကို အလည်သွားမယ် ဆိုရင်တော့ ယဉ်ကျေးမှုအရ ဖိနပ်ချွတ် ကြတာ ..များပါတယ်။ (အိမ်ရှင်ကိုယ်တိုင် က စီးခိုင်းရင် တော့ စီးပေါ့)။ ရွှေတိဂုံ စေတီတော်လို နေရာ မြန်မာနိုင်ငံ ရဲ့ အထိမ်းအမှတ် အထွတ်အမြတ် လိုနေရာ ကို လာချင်ရင်တော့ .. လူ့ယဉ်ကျေးမှု အရ ကော.. စည်းကမ်း အရ ကော .. ဖိနပ် – ခြေအိတ် မစီးသင့်ပါဘူး။

  • kai

    November 30, 2011 at 4:47 am

    ရှေးတချိန်ကတော့… ဖိနပ်စီး/မစီးက.. နိုင်ငံရေးပဲ..။
    ကိုလိုနီခေတ်က… အင်္ဂလိပ်တွေ ဘုရားပေါ်ဖိနပ်စီးတက်တာမှာ… ဖိနပ်မစီးရဖို့ လုပ်တာ… မြန်မာတွေအကုန်လုံးနိုးကြားသွားတဲ့အထိ စွမ်းနိုင်ခဲ့တာပဲ..။
    အမျိုးသားနိုင်ငံရေးလှုပ်ရှားမှုပဲ..။

    ဆိုတော့..
    .. ခက်ပါတယ်..။ 🙁
    ==
    တကယ်ကတော့..
    ဖိနပ်ဆိုတာ…
    အပူအအေးခံနိုင်ဖို့..။ ဆူးညှောင့်ခလုပ်ကန်သင်း ကာကွယ်ပေးဖို့..။
    ခြေဖဝါးတော်နုနု အညစ်အပေက ကာကွယ်ပေးဖို့..။

    ဒီလိုခေတ်.. ဖွံ ့ဖြိုးပြီးနိုင်ငံတွေရဲ့.. မြို့လမ်းတွေမှာတော့.. လူတွေအတွက် ဖိနပ်ဟာ… ဂုဏ်ပြ၊ဂုဏ်ပြိုင်.. ဖက်ရှင်တရပ်လည်း ဖြစ်လို့နေတာပါ..။
    မိန်းကလေးတွေအတွက်.. မြင့်တဲ့ဒေါက်နဲ့ ဖိနပ်ဟာ.. ဖက်ရှင်အနေတင်မက.. တင်မြှင့်..ရင်တင့်အောင်လုပ်ပေးတဲ့.. အထောက်အကူပြုပစ္စည်းလည်းဖြစ်ပါတယ်..။
    ဆိုတော့..
    ဖိနပ်ကို ဖိနပ်လို့ပဲ..မြင်ပြီး..
    အဂါရဝ/ဂါရဝ တွေနဲ့ ချိပ်ဆက်ထားတဲ့.. ဓလေ့ကို ဖြည်းဖြည်းချင်း လျှော့နည်းပပျောက်အောင် လုပ်သင့်ကြတယ် ထင်မိတယ်..။

  • E.T

    November 30, 2011 at 8:00 am

    ကျွန်တော်က ခရစ်ယာန်ပါ။ ဘုန်းကြီးကျောင်းဝင်းထဲမှာ အများအားဖြင့် ဖိနပ်မစီးရလို ့ မပြောထားပါဘူး။ ကျွန်တော်တို ့နားက ငွေကြာရံဘုန်ကြီးကျောင်းဝင်းထဲဆို ဖိနပ်စီး၊ စက်ဘီးစီး၊ ကားမောင်းပြီးဖြတ်သွား လို ့ရပါတယ်။ ဒါပေမယ့် စာသင်ကျောင်းထဲဝင်မယ်ဆိုရင်တော့ မစီးပါဘူး။ တော်တော်များများ ဘုန်းကြီးကျောင်းတွေ ဒီလိုပါပဲ။ ဒါကတော့ကျွန်တော် သိသလောက်ဘုန်းကြီးကျောင်းပေါ့လေ။

    ရွှေတိဂုံဘုရားဝင်းအတွင်းဆိုလည်း ကားဝင်လို ့ရတယ်။ ကားပါကင်လိုနေရာမှာ ဖိနပ်စီးလို ့ရပါတယ်။ ရင်ပြင်တော်နဲ ့ ရင်ပြင်တော်နဲ ့ဆက်စပ်တဲ့နေရာတွေမှာတော့ မစီးပါဘူး။ ဒါက ဗုဒ္ဓဘာသာဝင်တွေရဲ ့ယဉ်ကျေးမှု၊ မြန်မာလူမျိုးတွေရဲ ့ ယဉ်ကျေးမှုပါ။ ဘယ်ဘာသာဝင်မှ ကိုယ်အလေးမြတ်ထားရာ၊ ကြည်ညိုရာနေရာ တွေမှာ ဖိနပ်မစီးကြပါဘူး။

    ခရစ်ယာန် ဘုရားကျောင်းဝင်းနဲ ့ ဘုရားကျောင်းထဲမှာ ဖိနပ်စီးလို ့ရပါတယ်။ ဒါပေမယ့် တရားဟောတဲ့စင်ပေါ်မှာတော့ ဖိနပ်မစီးပါဘူး။ သင်းအုပ်ဆရာတွေလည်း မစီးကြပါဘူး။ ဆယ်ဖို ့တစ်ဖို ့ အလှူငွေထည့်တဲ့နေရာမှာလည်း ဖိနပ်မစီးပါဘူး။ မစီးနဲ ့လို ့တော့စည်းကမ်းထုတ်မထားပါဘူး။ ကိုယ့်အသိစိတ်ဓာတ်နဲ ့ကိုယ် မစီးကြတာပါ။ ဆယ်ဖို ့တစ်ဖို ့ အလှူငွေကတော့ ဘိုးဘွားရိပ်သာ၊ ဆွံ ့အနားမကြားကျောင်း၊ အနာကြီးရောဂါသည် တွေကိုလှူတာ များပါတယ်။

    မသိလို ့ အမှားတွေ ပါသွားရင် ခွင့်လွှတ်ပါ။ ဆုံးမနိုင်ပါတယ် ခင်ဗျာ။

  • lone

    November 30, 2011 at 8:30 am

    သုံးလေး ကဗုဒ္ဓဘာသာဖြစ်ဖို့များပါတယ်။ (ငယ်ငယ်တုန်းက ဘုန်းကြီးကျောင်းဝင်ရင်..ဖိနပ်လေးခါးကြားထိုးသွားတယ် ) လို့သူပြောထားတယ်လေ။ နောက်ပြီး…တစ်ချို့ဘုန်းကြီးကျောင်းတွေမှာ ဖိနပ်မစီးတာတွေ့ရတာကို သူမြင်လို့ ပြောပြထားတာပါ။ ဒါပေမယ့် စီးခွင့်ပြုသင့်လားမပြုသင့်လား သူ့ဘာသာသူစဉ်းစားသင့်ပါတယ် ။ဗုဒ္ဓဘာသာဝင်တစ်ယောက်အနေနဲ့…..ကိုသုံးလေး ရေ ကိုယ့်ဘာသာကိုယ် စဉ်းစားပေတော့။

  • mawmyayoo

    November 30, 2011 at 8:59 am

    မြန်မာပြည်သည်တို ့ပြည်
    မြန်မာစာသည်တို ့စာ
    မြန်မာစကားသည်တို ့စကား
    တို ့ပြည်ကိုချစ်ပါ
    တို ့စာကိုချစ်ပါတို ့
    စကားကိုလေးစားပါ ။

  • maungmoenyo

    November 30, 2011 at 9:01 am

    နားလည်သလောက်ကတော့ ဗုဒ္ဓရဲ့ ဘိနပ်ဝတ်ရေးမဝတ်ရေးဟာ၊ တင်းတိမ်ရောင်ရဲခြင်းပေါ်မှာအခြေံထားတဲ့ အယူအဆလို့မြင်ပါတယ်။ ကျင့်ကြံအားထုပ်မှုပေါ်မှာလုံးဝအခြေခံတဲ့ ဗုဒ္ဓရဲ့ကျင့်စဉ်ဟာ ကျင့်ကြံအားထုတ်ကြသူတွေမှာ မလိုလားအပ်တဲ့ ဗာဟီရကိစ္စတွေ နဲနိုင်သမျှနဲအောင် စီစဉ်ကန့်သတ်ထားတာပါဘဲ။ ခန္ဓာရဲ့ဓါတ်လေးပါးမျှတမှု၊ ရာသီဥတုနဲ့ ပိုးမွှားတိရစ္ဆာန်အန္တာရာယ်တွေဘေးကကင်းဝေးအောင်၊ သုဿာန်အစရှိတဲ့အရပ်က လူသေတို့ရဲ့ ကြွင်းကျန်တဲ့ အစတ်ကို စ်ခေါက်ဖန်ရေ ဆိုးပြီးဝတ်စားစေပါတယ်။ မာစရိုက် တို့၊ ပိုးသဃာန်း စသည်တို့ ဆိုတာဝေးစွ၊ မလုပ်ရဘူး၊ မဝတ်ရဘူး၊ မမျှော်လင့်ရဘူး၊ မတပ်မက်ရဘူးလို့တောင်ဆိုပါတယ်။ ဒို့ဘုရားက မလုပ်ပါနဲ့ လို့တားတာတော့ ဇောက်ချလုပ်ကြဝတ်ကြ၊ လှူကြ၊ ကြွားဝါကြပြီး။ လုပ်ပါဆိုတဲ့ နိဗ္ဗာန်ရောက်ကြောင်းကျင့်ကြံရေးတရားကို..ဘယ်လောက်ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးငြင်းခုန်မှုတွေ လုပ်ကြလို့လဲ။ ကျောင်းပရဝုဏ်စသည်တို့မှာ ဘိနပ်ဝတ်ရေး၊ မဝတ်ရေးဟာ ကျန်းမာရေး စသည်ဖြင့် ကိစ္စတွေကြောင့် မဝတ်မနေရဖြစ်လာရင် လည်း ဗုဒ္ဓကခွင့်ပြုကြည့်ဖြူတော်မူမှာပါ။

  • laypai

    November 30, 2011 at 9:54 am

    ဖိနပ်စီးတာ မစီးတာ လေးစားမှု ရဲ့ အတိမ် အနက်ပါ။
    တချို့ လူ တွေ ဆို ဘယ်လောက် ထိ လေးစား ကြည်ညို လဲ ဆိုရင် ဘုရား ပေါ် မှာ ဖိနပ် မပြော နဲ့ ဘယ်လောက် နေပူ ပူ ထီး တောင် မဆောင်းဘူး။

    နောက် ပြီး တချို့ လူ တွေ ဆို
    မိမိ ထက် မြင့်မြတ်တဲ့ ရဟန်းသံဃာတော် တွေ ကို ဆွမ်း လှူဖွယ် လောင်း လှူ တဲ့ နေရာ မှာ ဖိနပ် ချွတ် လောင်းလှူ သလို ဘဲ၊
    မိမိ ထက် နိမ့် ကျ တဲ့ သူတွေ ကို ပေးကမ်း စွန့် ကျဲ လှူ ဒါန်း တဲ့ အခါ မှာ တောင် ဖိနပ်ချွတ် လှူ ဒါန်းတာ ကို တွေ့ ဖူး ပါတယ်။

  • htoosan

    November 30, 2011 at 9:58 am

    သုံးလေး လို့ မခေါ်တော့ဘူး ၊ ဗီလိန်လေး လို့ ဘဲ ခေါ်တော့မယ်။
    ဦးခင်ရွှေ ကိုယ်စား ဗီလိန် လုပ်ပေးလို့ ။ 😀

  • Shwe Tike Soe

    November 30, 2011 at 1:20 pm

    ဘုရားဝင်၊ဘုန်းကြီးကျောင်းဝင်းထဲ ဖိနပ်မစီးရဘူးဆိုတာ လူတိုင်းနားလည်ပါတယ်.. ဘုရားက သတ်မှတ်ပေးထားခဲ့တာမဟုတ်ဘူး ဘုရားသာသနာကို ကြည်ညိုလေးစားတဲ့သူတိုင်း အသိစိတ်နဲ.သတ်မှတ်ထားတာပါ…
    မေးခွန်းမဟုတ်တဲ့မေးခွန်းတွေဟာ ဖြေစရာကိုမလိုဘူးထင်ပါတယ်ဗျာ….
    စီးချင်တဲ့သူစီးလို.ရသလို မစီးချင်တဲ့သူလဲ မစီးပဲနေလို.ရတယ် … ဒါပေမယ့် ရိုသေသမှုပေါ့… နားလည်မယ်ထင်ပါတယ်နော

  • mummymoon

    December 1, 2011 at 1:49 pm

    အဇာတသတ်၏ဖခင် ဗိမိသာရမင်းကြီးခြေဖဝါး ဓားဖြင့်အမွှန်းခံရခြင်းမှာ– တစ်ခုသောဘဝက ဘုရားပရဝုဏ်တွင် ဖိနပ်စီးခဲ့လို့ဖြစ်ကြောင်း မှတ်သားဖူးပါတယ်– စဉ်းစားဆင်ခြင်ကြည့်နိုင်ပါရန်—-

    • ကြောင်ကြီး

      December 2, 2011 at 12:31 pm

      အဇာတသတ်မင်းကြီး ဘုရားပရဝုဏ်ထဲ ဖိနပ်စီးမစီးထက် မရိုသေတဲ့စိတ် ပြစ်မှားလိုတဲ့စိတ်ဖြင့် စီးခဲ့ခြင်းက အကြောင်းခံ ဖြစ်မည်ထင်ပါသည်။ ဒါနဲ့ အဲဒီ ဖိနပ်စီးခဲ့လို့ ဖြစ်တာဆိုတာ စာထဲပါမပါ သိသူများ ဖြေပေးကြပါရန် ပန်ကြားပါသည်။

  • သုံးလေး

    December 1, 2011 at 3:37 pm

    Comment ချီးမြှင့် ပေးသော သူ အားလုံးအား ကျေးဇူးတင်ပါသည်။ ကျွန်တော် များစွာ ကျေနပ်ပါသည်။ ကျွန်တော့်ကို ဒေါပွသူများအား တောင်းပန်ပါသည် ။ ဒေါပွထိုက်သော မေးခွန်းဖြစ်ရျ်ဖြစ်ပါသည်။ လူကြီးသူမများအား မလေးမစားလုပ်မိလျှင်ခွင့်လွှတ်ပါ။
    အသက်အရွယ် ကျားမ မသိသောကြောင့် ရှေ့တွင် ဦး ၊ကိ၊ု မောင်၊ ညီ ၊ ဒေါ်၊ မ၊ ညီမ မှားယွင်းတပ်မိလျှင် မရိုမသေလုပ်ခြင်း မဟုတ်ကြောင်းကြို တင်ပြောခွင့်ပြုပါ။
    ကို Yan Shin ဟုတ်ပါတယ်။ စာထဲ မဖတ် ဘူးပေမဲ့ လူကြီးတစ်ဦး က ဆာဘိုးသာ ဟာ မျက်နှာဖြူများ ရွှေတိဂုံ ဘုရားပေါ် ဖိနပ် ခြေအိတ် စီးတဲ့ ကိစ္စ ကို ဆာ ဘွဲ့ ရထားသူ ဖြစ်သော်လည်း မျက်နှာဖြူ များဘက်မှ မလိုက် အကြီးအကျယ် ကန့်ကွက် ပြီး မစီးရအောင် စည်းရုံးနိုင် ခဲ့တယ်လို့ ပြောတာ မှတ်ယှုခဲ့ဘူးပါတယ်။

    ကိုပေ ၊ဒေါ် TTNU ခင်ဗျား ။ ကျွန်တော် ဗုဒ္ဓဘာသာ ပါ။ အမှန်အတိုင်း မရှက်မကြောက်ဝန်ခံရရင်တော့ အခု ဘုန်းဘုန်းများ ပြောကြတဲ့ မိရိုးဖလာ ဗုဒ္ဓဘာသာဝင် ဖြစ်နေပါတယ်။ အဲ့ဒိ အဆင့်ဘဲ ရှိပါတယ်။

    ကိုပေါက်(မန္တလေး) ကို လည်း ဝန်ခံ ရရင် မှန်ပါတယ် ။ ကိုပေါက် တွေးတာ အရမ်းမှန်ပါတယ် ။ ကျွန်တော် ဖွတာပါဘဲ။ ကျွန်တော် ရှေ့ တစ်ပုဒ်မှာ ရော ရေးတော့ ဘယ်သူ မှ ဒီကိစ္စနဲ့ ပါတ်သက်ပြီး ကောက်ချက်မပေးကြပါဘူး ။ကျွန်တော် စိတ်မကောင်းဖြစ်မိပါတယ် ။ ဒီစကား မပြောသင့်တဲ့ စကား ဆိုတာ လေး တစ်ဦးမှ မမန့်တဲ့ အတွက် စိတ်မကောင်း ဖြစ်ပြီး ထပ်တင်တာပါ။

    ဒါမှ ဒီလူကြီးဖတ်မိခဲ့လျှင်သော်၎င်း ၊ တစ်ဦးဦးမှ ဖတ်မိခဲ့ ပြီး ပြန်ပြောခဲ့လျှင်သော် ၎င်း မြန်မာပြည်သူ ပြည်သားတွေ လက်မခံကြဘူးဆိုတာ သိစေချင်လို့ ဖြစ်ပါတယ်။ပုဂံ ဘုရားတွေမှာ နိုင်ငံခြားသားတွေကို ဖိနပ်ပေးစီးသင့်တယ်ဆိုပြီး ပြော ခဲ့တဲ့ အတွက် ဘယ်ဘုရားမှာ ဖြစ်ဖြစ် ကျွန်တော်တို့ လက်မခံနိုင် ပါဆိုတာ သိအောင် ကျွန်တော်ဖွတာပါ။

    ကျေးဇူးတင်ပါတယ် ကိုထူးဆန်း။ ကိုထူးဆန်းလည်း ဒာခြားသူတစ်ယောက် ရဲ့ ပို့စ်မှာ ဒီကိစ္စနဲ့ ပါတ်သက်ပြီး မန့်ထားတာ တွေ့ဘူးခဲ့ပါတယ် ။ ကိုထူးဆန်း လည်း ကြားသိမယ်လို့ထင်ပါတယ်။

    ကိုထူးဆန်းပြော သလို ကိုယ့်ဘာသာ အတွက်မို့ ကျွန်တော်ဗီလိန် အဖြစ်ခံနိုင်ပါတယ်။

    မန့် ပေးသူ အားလုံးအား တစ်ဦးချင်းစီ နံမည်တပ်မရေးသော်လည်း အားလုံး အားလုံး အား ကျေးဇူးအထူးတင်ရှိပါကြောင်းထပ်လောင်းပြောပါရစေ ခင်ဗျာ။

  • etone

    December 1, 2011 at 4:52 pm

    ိပို့စ်ကို ဖတ်ကြည့်လိုက်လျှင် ရှင်းနေတာပါပဲ … သက်သက်ပွဲဆူအောင်လုပ်တာပါ … အဓိကကတော့ သူစာတင်တာ ဝင်မန့်တဲ့လူနည်းလို့ပါပဲ … ။ 🙄

  • blackchaw

    December 2, 2011 at 3:17 pm

    ဒီလိုအကြောင်းအရာမျိုးက ဆွေးနွေးစရာကို မလိုပါဘူး။
    လိုက်နာဘို့ သိတ်ခက်ခဲနေတာမျိုးမှ မဟုတ်တာဗျာ။
    ဘုရားပေါ်ကို ဘိနပ်မစီးရဘူး စည်းကမ်းထုတ်ထားလို့ မစီးတာမဟုတ်ပါဘူး။
    စီးရမှာကို မရဲတာပါ။ စီးခွင့်ပြုလည်း မစီးရဲဘူးဗျို့။
    အဲဒါတော့ ရှေးရိုးဆန်တယ်ပြောချင်ပြောသူကြီးရေ။

  • winkyawaung

    December 2, 2011 at 8:50 pm

    ဗုဒ္ဓဘာသာဆိုရင်တော့ ဘယ်သူမပြု မိမိ၏ အမှုပါပဲ။

Leave a Reply