မိသားစု

htet wayNovember 29, 20111min653

ဖြူစင်တဲ့မေတ္တာလောက်
ဘယ်ကောင်းကင်မှကြယ်မစုံဘူး
တစ်ယောက်နဲ့တယောက်ကြင်နာကြ
စိုးရိမ်မူတွေနဲ့ နွေးထွေးကြ
ဒီမိသားစုအလှတရားပန်းတွေပဲ
ကမ္ဘာမှာ မွှေးစေခဲ့တာပဲ

နှင်းထက်ဆွတ်ဆွတ်ဖြူတဲ
လရောင်ထက်အေးမြတဲ့
အချစ်နဲ့…
ငါ့သတိရစိတ်တွေ ဝေနေခဲ့တာညီမလေး
ဒီအချိန်…. အလုပ်သွားချိန်
ဒီအချိန်…. အလုပ်ပြန်ချိန်
စိတ်မှန်းနဲ့ပဲ ပုံရိပ်ကိုဖေါ်မိ
စိတ်ပူတာ….အချစ်ပဲ
၅၂၈သွယ်သော မြစ်တမြစ်စီးဆင်းလို့

ကမ္ဘာဦးကစခဲ့သော
တစ်ဦးကိုတစ်ဦးမျှော်တတ်သည့်အကျင့်
မိသားစု ဆိုတာဖြစ်ခဲ့ကြတယ် ။ ။

3 comments

  • small cat

    November 30, 2011 at 9:13 am

    ကဗျာဆရာထက်ဝေး
    ကဗျာလေးတွေ ဆက်ရေးနိုင်ပါစေ။

  • Moe Z

    November 30, 2011 at 11:37 am

    စာရေးသူလည်း သာယာလှပတဲ့မိသားစုဘဝလေး ပိုင်ဆိုင်ရပါစေလို့ဆုတောင်းပါတယ်…

  • E.T

    December 1, 2011 at 3:35 am

    ကြိုက်လို ့ကူးသွားပြီဗျို ့။ ပျော်ရွှင်ဖွယ်ရာများနှင့် ပြည့်နှက်နေတဲ့ မိသားစုဘဝလေး ပိုင်ဆိုင်ပါစေဗျာ။

Leave a Reply