Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

“မန္တလေးက အိမ် တံဆိပ်ကပ်တဲ့အိမ် ဒါပေမယ့်ရှေးရှေးကအိမ်”

“မန္တလေးက အိမ် တံဆိပ်ကပ်တဲ့အိမ် ဒါပေမယ့်ရှေးရှေးကအိမ်”

ကျနော်တို့မန်းလေးမှာ အိမ်တွေကို ညွှန်းရင်  အိမ်နံပါတ်ကိုပြောတာထက် ထူးခြားထင်ရှားတဲ့သင်္ကေတလေးတွေနဲ့နံမယ်ပေးလေးရှိကြပါတယ်။

အဲဒီအိမ်လေးတွေရဲ့ထူးခြားတဲ့သင်္ကေတလေးတွေကလဲ အများခေါ်စရာနာမယ်လေးတွေ၊

ဒါမဟုတ်ဘတ်စကားမှတ်တိုင်နာမယ်လေးတွေဖြစ်သွားပါတယ်။

ဥပမာပြောရရင် 78လမ်း တောင်ဘက် မြို့အထွက် အခုကမ္ဘောဇဘဏ်ရှိတဲ့အကွေ့လေးကို

“ခင်စောမူကွေ့”လို့ခေါ်ပါတယ်။

အဲဒီနားမှာ ခင်စောမူဆီစက်ရှိလို့ပါ။

နောက်တမ္ပဝတီနားရောက်ရင် ဘိုဆန်ဆန်အိ်မ်လေးရှိတဲ့နေရာလေးကို

“ဘိုအိမ်” အစရှိသဖြင့်နာမယ်ပေးကြပါတယ်။

နောက်ထူးခြားတာက အိမ်တွေမှာ အမှတ်တံဆိပ်ကပ်ကြတာပါဘဲ။

1 25လမ်း 83လမ်းဒေါင့်က နာမယ်ကျော်ဒေါင်းတိုက် ရှေ့တည့်တည့်ကမြင်ရတာ

(ဒေါင်းတိုက်)

ပထမဆုံးတွေ့ရတဲ့ပုံလေးကတော့ 1967ခုနှစ်ကဆောက်ထားတဲ့

“ဒေါင်းတိုက်”လို့အမည်ပေးထားတဲ့အိ်မ်လေးပါ။

25လမ်းနဲ့83လမ်းဒေါင့်မှာ လှပတဲ့ ဒီဇိုင်းပုံစံဆန်းဆန်းလေးနဲ့အိမ်လေးပါ။

အဲဒီအဆောက်အဦကြိးက အကြီးကြီးခန့်ခန့်ငြားငြား။

ဒီအထဲမှာ မိသားစုတွေအများကြီးနေထိုင်ကြပါတယ်။

အခုထိမပျက်မစီးရှိနေပါတယ်။

 

2-ဒေါင်းတိုက်အဝေးမြင်ကွင်း
3 ထင်ထင်ရှားရှားမြင်ရတဲ့ဒေါင်းရုပ်
4 ခန့်ငြားတဲ့ဒေါင်းတို်က် အပြည့် မြင်ရတဲ့ပုံလေးပါ။

 

(ကာတစ်တိုက်)

ဒီကာတစ်တိုက်ကတော့ အသိများပါတယ်။

26ဘီလမ်းနဲ့83လမ်းဒေါင့်မှာရှိပါတယ်။

ဒီတိုက်က ဆေးရောင်းတဲ့တိုက်ဆိုတော့ ဆေးထောင်းတဲ့ငရုတ်ဆုံလေးကို

သူတိုက်ဒေါင့်မှာချိတ်ထားပါတယ်။

အဲဒီခေတ်က မိန်းကလေးရဲ့တင်ပါးကို ဒီဆုံလေးနဲ့တင်စားပြီး

“ကာတစ်”ဆိုတဲ့ဗန်းစကားလေးက တွင်ကျယ်ခဲ့ပါတယ်။

ဟိုတစ်လောက လွှင့်သွားတဲ့ စကားနပန်းမှာတောင် ဒီဗန်းစကားလေးကို ထည့်ပြီး

ဟာသတွေလုပ်သွားပါသေးတယ်။

သူ့အဆောက်အဦးရှေ့မှာသစ်ပင်တွေဖုံးနေတော့ အိမ်ကိုတော့ ကောင်းကောင်းမမြင်ရတော့ပါဘူး။

ဒါပေမယ့်မြင်သလောက်တင်ပေးလိုက်ပါတယ်။

 

5 ကာတစ်တိုက် အထိန်းအမှတ် ဆုံကလေးရဲ့ပုံ
6 ကာတစ်တိုုက်ရဲ့ အိမ်ပုံလေး

 

ရွှေနဂါးတိုက်

ဒီအိမ်လေးက တော့ လမ်း80 26-27လမ်းကြား လမ်းအရှေ့ဖက်မှာရှိတဲ့အိ်မ်လေးပါ။

ရွှေနဂါးရုပ်ရှင်ရုံပိုင်ရှင်ရဲ့အိမ်ဖြစ်လို့ အိမ်မှာနဂါးရုပ်ကလေး ထွင်းတာပါ။

ရှေးအိမ်ကလေးပါဘဲ။

8 ရွှေနဂါးတိုက်အတည့်မြင်ကွင်း
7 ရွှေနဂါးရုပ်ရှင်ရုံပိုင်ရှင်ရဲ့တိုက်

 

ပွဲကတော်အုပ်ဆေးတိုက်

ဒီအိမ်လေးကလည်းလမ်း80 26-27လမ်းကြား လမ်းအရှေ့ဖက်မှာရှိတဲ့အိ်မ်လေးပါ။

ရွှေနဂါးတိုက်ရဲ့ တောင်ဘက်မှာရှိတဲ့အိမ်လေးပါ။

ပွဲကတော်အုပ်ဆေးဆိုရင် ကလေးတိုင်းအတွက်မရှိမဖြစ်ခဲ့တဲ့ ဆေးတစ်ပါးပေါ့။

အညော်မမိအောင် သုံးရတဲ့ မြန်မာတိုင်းရင်းဆေးပါဘဲ။

8 နာမယ်ကျော် ပွဲကတော် အုုပ်ဆေးတိုက်

 

9 သူ့ဘေးကတိုက်မှာလဲ ကဒေါင်းရုပ်နဲ့ပါ

ဒါကတော့လက်လှမ်းမီသလောက်ပါ။

ထပ်တင်ပေးပါအုံးမယ်နော်။

ကိုပေါက်လက်ဆောင် ပုံစာတွဲ

(30-11-2011)

19 comments

  • htoosan

    November 30, 2011 at 9:52 am

    မကြာခဏ မန္တလေးရောက်ပေမဲ့ အောက်ထပ် က ဆိုင်တွေဘဲ ငေးမိလို့လား ၊ ဆိုင်ကယ် စက်ဘီး အတိုက်ခံရမှာ ကြောက်နေလို့ အပေါ် မော့ မကြည့် သတိမထားမိလို့ လား တော့ မသိဘူ း ၊ သတိ မမူမိဘူး၊
    ကျေးဇူးပါ။

  • Shwe Tike Soe

    November 30, 2011 at 9:55 am

    ဟုတ်ပ ကိုပေါက်ကြီးရေ မန္တလေးမှာ အဲလို တိုက်လေးတွေရှိတယ်နော်.. သူတို. အထိမ်းအမှတ်ရုပ်ကလေးတွေနဲ. အဓိပ္ပာယ်လေးတွေနဲ. … မှတ်ရလဲလွယ် ရှာရလဲလွယ် ကြော်ငြာပြီးသားလဲဖြစ် လုပ်ထားတာနေမှာနော
    အဲဒီနေရာတွေဆို မန်းလေးက လူတွေ မသိတဲ့သူမရှိသလောက်ပဲလေ… မန္တလေးမှာ အဲလို တိုက်တွေအများကြီးပဲ..

  • Diamond Key

    November 30, 2011 at 10:12 am

    “ဝင်းများနဲ့ ခင်းတဲ့ မင်းနေပြည်တော်” ပြီးတော့ “အမှတ်တံဆိပ်တိုက်အိမ် များရှိတဲ့ ရွှေမြို့တော် မန္တလေး”
    ပေါ့နှော်……….ကိုပေါက်။ 😛
    သမိုင်းဝင်လေးတွေ ရှာနိုင်လှချည်လား။

  • ဆူး

    November 30, 2011 at 10:41 am

    မန်းက နေနေကျ နေရာလည်း မဟုတ်တော့ အခုလို ရိုက်ပြမှပဲ ဒါမျိုးတွေ ရှိတယ် ဆိုတာ မြင်ဖူးတယ်။

  • thit min

    November 30, 2011 at 10:47 am

    ရန်ကုန်က ဟာတွေလည်း ရေးကြလေဗျာ။ ဓာတ်ပုံလေးတွေနဲ့ သူ့လိုပေါ့။
    ကိုပေါက်ရေ “ကိုကြောင်က ဟိုဘက်ပို့စ်တခုမှာ-တိုက်ဖျက်ပေးစေလိုကြောင်း”ဆိုပါလား။
    သူ့တို့ ပြောပုံအရ ဆိုရင် ဟိုတယ် ကန်ထရိုက်၊ဟိုတယ်ပိုင်ရှင်ကြီးဆရာနီ နဲ့ ကိုကြောင်နဲ့
    ၄၁ လမ်းဆိုလား ၈၉ လမ်းဆိုတာအဲဒီ ဘက် ဟိုတယ် ဆောက်ချင်ပုံရတယ်ဗျ။
    ကူညီလိုက်ပါဗျာ။(^^)

  • nozomi

    November 30, 2011 at 10:51 am

    ဦးပေါက် ပြောပြတာ မန္တလေး ရဲ့ သမိုင်းတွေပါ ၊ ကျေးဇူးပါနော

    နောက်ဆို ဦးပေါက်နေခဲ့တဲ့ အိမ်ကို မျိုးဆက်သစ်တွေက

    ဒါ “ပေါက် နေတဲ့ အိမ် ” လို့ ညွှန်းဆို ဖွဲ့ ကြဦးမှာပါ

  • ကြောင်ကြီး

    November 30, 2011 at 12:36 pm

    ကာတစ်နဲ့ ငရုတ်ဆုံထောင်းတာနဲ့ တင်နဲ့က ဘာဆက်သွယ်မှု ရှိလို့လည်းဗျ။ မန္တလေးစကားများ ရန်ကုန်တရားသမား စာချိုးရှိလို့ မေးမိတာပါ။ အနိစ္စ ဒုက္ခ အနတ္တ… 😎

    • မှော်ဆရာ

      November 30, 2011 at 1:16 pm

      တင်ပါးဆုံလေ ဆရာကြောင်ရယ် … ကာတစ်တိုက်ရဲ့ အမှတ်တံဆိပ်ကလဲ ဆုံ
      ဒါကြောင့်
      မိန်းကလေးတွေရဲ့နောက်ပိုင်းကို ဟိုးအရင်တုန်းက ဗန်းစကားအနေနဲ့ ကာတစ်လို့ ဆိုကြတာပါ…။ ကြားပဲ ကြားဖူးတာပါ..။ အခုမှ ကာတစ်တိုက်က ဆုံကို မြင်ဖူးပါတယ်..။
      နောက် ပွဲကတော်ကြီးဆေးတိုက်ကဆေးတွေကလဲ မြန်မာပြည် တနံတလျှားရောက်တယ်နော…
      ဓါတ်ပုံတွေ အတွက် ကျေးကျေးပါ ဆရာပေါက်

      • ကြောင်ကြီး

        December 1, 2011 at 10:42 am

        အဲဒီတော့ ဘာဖြစ်သတုန်း…. 🙄 ဦးကြောင်ကြီး မြန်မာစာနဲ့ မဟာဘွဲ့ ယူလာတာပါကွယ်။ စတိတ်ကျောင်းသား ဘဝကထဲက ပတ္တမြားဝင်းထိန် ကလောင်နာမည်နဲ့ လူကြိုက်များတဲ့ စာတိုစာစများလည်း ရေးဖူးပါတယ်။ ကော်ပီရိုက် မရိုက်ဆိုတာ အခုမှ ရေးကြီးခွင်ကျယ် လုပ်ပြောနေတာ၊ ဦးကြောင်ကြီးတုန်းကဆို ခိုးလိုက်ကြ၊ ပွားလိုက်ကြ သောက်သောက်လဲ။ အဲတုန်းက အခုလို တိုင်ရကောင်းမှန်း မသိခဲ့ဘူးလေ။ သဂျီးတောင်းလို့ ရေးပြီးသား ပတ္တမြားဝင်းထိန် စာမူအတွဲလိုက်ပို့ထားတယ်။ ဇိမ်နဲ့ဆွဲဖတ်နေလို့ စာမူတည်းဖြတ်နေတာ အတော်ကြာမယ်ဆိုပဲ။ ဘီယာလေး တကျိုက်သောက်လိုက်၊ ကိုဘေးနွားကင်တဖတ် ဝါးလိုက်၊ ပတ္တမြားဝင်းထိန်စာ တပိုဒ်ဖတ်လိုက်နဲ့ အတော်ကောင်းဆိုပဲ.. သဂျီးပြောဒါ။။။ 🙄

  • cobra

    November 30, 2011 at 12:42 pm

    ရန်ကုန်မှာတော့ကန်ထရိုက်တိုက်တွေပဲရှိတော့တယ်
    မြိုံလယ်ခေါင်က မြို့တော်ခန်းမတောင် ခေတ်မမှီမှာစိုးလို့လားမသိဘူး
    ကန်ထရိုက်တိုက်အရောင်နဲ့ဖြစ်နေပီလေ…….။

  • weiwei

    December 1, 2011 at 10:52 am

    ကာတစ်တိုက် ပိုင်ရှင်က ဟိန္ဒူဘာသာဝင်ဖြစ်မလားလို့ အတွေးဝင်မိတယ် …
    ဟိန္ဒူတွေက ငရုတ်ဆုံကြိုက်ကြတာကိုး … 😛

  • ကြောင်ကြီး says: (Edit)

    အဲဒီတော့ ဘာဖြစ်သတုန်း…. 🙄 ဦးကြောင်ကြီး မြန်မာစာနဲ့ မဟာဘွဲ့ ယူလာတာပါကွယ်။ စတိတ်ကျောင်းသား ဘဝကထဲက ပတ္တမြားဝင်းထိန် ကလောင်နာမည်နဲ့ လူကြိုက်များတဲ့ စာတိုစာစများလည်း ရေးဖူးပါတယ်။ ကော်ပီရိုက် မရိုက်ဆိုတာ အခုမှ ရေးကြီးခွင်ကျယ် လုပ်ပြောနေတာ၊ ဦးကြောင်ကြီးတုန်းကဆို ခိုးလိုက်ကြ၊ ပွားလိုက်ကြ သောက်သောက်လဲ။ အဲတုန်းက အခုလို တိုင်ရကောင်းမှန်း မသိခဲ့ဘူးလေ။ သဂျီးတောင်းလို့ ရေးပြီးသား ပတ္တမြားဝင်းထိန် စာမူအတွဲလိုက်ပို့ထားတယ်။ ဇိမ်နဲ့ဆွဲဖတ်နေလို့ စာမူတည်းဖြတ်နေတာ အတော်ကြာမယ်ဆိုပဲ။ ဘီယာလေး တကျိုက်သောက်လိုက်၊ ကိုဘေးနွားကင်တဖတ် ဝါးလိုက်၊ ပတ္တမြားဝင်းထိန်စာ တပိုဒ်ဖတ်လိုက်နဲ့ အတော်ကောင်းဆိုပဲ.. သဂျီးပြောဒါ။။။ 🙄

    ကိုကိုကြောင် တူတော်မောင်(ပြောင်းပြန်ခေါ်ကြည့် သိပ်မို်က်တယ်။)
    မင်းမူးနေပြီထင်တယ် မှားပြီးမန်းထားတယ်

  • KING

    December 1, 2011 at 8:55 pm

    လေးပေါက် ရန်ကုန်ရောက်တုံးက ကြုံးဝါးထားတာလေးတွေ
    အခုလက်တွေ့ မြင်ဘူးရတဲ့အတွက်
    ကျေးဇူးပါဗျ
    🙂

  • MaMa

    December 1, 2011 at 9:50 pm

    မြင်လည်းမြင်တတ်၊ တွေးလည်း တွေးတတ်ပါပေတယ် ကိုပေါက် ရေ။

  • ရန်ကုန်ရောက်တုံးကျနော်ညီလေးလိုနေတဲ့ သူက အကို ဒီပုံတွေမှတ်တမ်းတင်ထားပါမှာလို့။
    ပြန်ပြန်ခြင်းဓါတ်ပုံရိုက်လိုက်တာ။
    အခုမှတင်ဖြစ်တာ။
    ရှိသေးတယ် မန်းလေးကကျောင်းအိုကျောင်းပျက်တွေလို်က်ရိုက်ရအုံးမယ်။

  • cum min

    August 24, 2012 at 9:33 am

    ထောင်းချင်တယ်…ဆုံလေးကို..ခိခိ..ဂိ…

  • ထောင်းလို့မရတော့ဘူး အဲဒီတိုက်ကိုဖျက်ပြီးအသစ်ဆောက်လိုက်ပြီကွဲ့။
    ဓါတ်ပုံရိုက်ထားလိုက်မိတာ မီရုံလေးရယ်။

Leave a Reply