ရန်ကုန် မှာ မိုးပျံလမ်း ဘယ်လိုဆောက်သင့်သလဲ

လင်းဝေDecember 1, 20111min29912

ရန်ကုန်မှာ ဂုံးကျော်တံတားတွေ ၄လ အတွင်း အပြီး ဆောက်မယ် ဆိုတဲ့ သတင်းက ရန်ကုန်ကို စကာင်္ပူလို လုပ်ဖို့ ဆိုတဲ့ ခေါင်းစဉ်နဲ့ အလဲဗင်းမှာ ပါလာလို့ ဒီမန်းဂေ မှာတောင် ကူးတင်ပြီးသွားပါပြီ။
သတင်းကို အကျယ်မပြောလိုပါဘူး။ စေတနာအလွန်ကောင်းပါတယ်။ အမှန်ကို မြင်ပြီး စေတနာထား လို့ ကြိုးစားမယ့် အစီအစဉ်ပါ။ ကြိုဆိုရမှာပေါ့။ ဒါတွေက လုပ်သင့်နေတာကြာလှပြီလေ။ တစ်ခါတုန်းက နိုင်ငံခြားသား မိတ်ဆွေတစ်ယောက်က မေးဖူးတယ် မြန်မာပြည်မှာ ဥမင်လမ်းရှိသလားဆိုတော့ မျက်နှာငယ်စွာနဲ့ပဲ မရှိပါဘူးလို့ ပြောရတာပေါ့။ မိုးပျံလမ်းတွေလည်း မရှိသလောက်ပါပဲ၊ ဂုံးကျော်တံတားတွေတော့ မီးရထား လမ်းတွေကို ကျော်ဖို့ဆောက်ထားတာ ရှိပါတယ်။ တိုကျိုမြို့ကြီးတောင် ပထမဆုံးမိုးပျံလမ်းကို ၁၉၆ဝနှစ်များလောက်မှ စပြီး ဆောက်ခဲ့တာပါ။ ရန်ကုန်လည်း နောက်မကျသေးပါဘူး။ လက်ရှိအချိန်က အကောင်းဆုံးဆိုတာမျိုးပေါ့လေ။

အခုကတော့ ပိတ်ဆို့နေတဲ့ လမ်းဆုံတွေမှာ အဓိက ဆောက်မှာပါ။ ဘယ်လိုဆောက်မှာလဲဆိုတော့

“ ၄ လအတွင်း အပြီးတည်ဆောက်မည်ဖြစ်ပြီး နိုင်ငံတော်အစိုးရ ဘတ်ဂျက်မှ ထုတ်ယူ သုံးစွဲတည်ဆောက်မည် မဟုတ်ပဲ ပြည်တွင်းရှိ ဘဏ်များငွေချေးယူ၍ လည်းကောင်း၊ တာဝန်ယူ တည်ဆောက်မည့် ကုမ္ပဏီမှ စိုက်ထုတ်သုံးစွဲ၍ လည်းကောင်း တည်ဆောက်မည် ဖြစ်သည်ဟုလည်း သိရသည်။ ”

အဲသလို ဆောက်မှာပါ။ တိုင်းပြည်မှာ ပိုက်ဆံမရှိတာ ဘတ်ဂျက် မလုံလောက်တာ သေချာစွာနားလည်ပါတယ်။ ကျနော်တို့မပြောနဲ့ ဘန်ကောက်တောင်မှပဲ သူ့မိုးပျံလမ်းတွေကို အစိုးရ ဘတ်ဂျတ်နဲ့ ဆောက်နိုင်ခဲ့တာမဟုတ်ပါဘူး။ ဘယ်သူ့ပိုက်ဆံနဲ့လည်းဆိုတော့ အဓိက ဂျပန် အိုဒီအေ နဲ့ပါ။ အဝေးပြေးလမ်းမကြီးတွေက အစ တံတားတွေ မိုးပျံလမ်းတွေ အများစုဟာ အစပိုင်းမှာ ဂျပန် ODA တို့ ADB loan တို့ စတာတွေနဲ့ ဆောက်ခဲ့ကြတာပါပဲ။ ငွေကြေးကိုလည်း အပြင်က ယူပြီး ဆောက်လုပ်ရေး ကန်ထရိုက်တာတွေလည်း နိုင်ငံတကာက အတွေ့အကြုံရှိတဲ့ ဆောက်လုပ်ရေးကုမ္ပဏီကြီးများက လာဆောက်ပေးတော့ ဒီဇိုင်းကအစ လမ်းယူပုံအထိ အဆင်အလွန်ပြေတာကို တွေ့ရမှာပါ။

“ လတ်တလောတော့ ၄ လလောက် အတွင်းမှာ ဂုံးကျော်တံတား ၄ ခုကို အမြန်ပြီးအောင်လုပ်မယ်။ ဂုံးတံတား တွေကို Pre card စနစ်နဲ့လုပ်ဖို့ စီစဉ်ထားတယ်”ဟု အမှတ် (၁)၊(၂) စက် မှု ဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး၊ မြန်မာနိုင်ငံရင်း နှီးမြှုပ်နှံမှုကော်မရှင် MIC ဥက္ကဋ္ဌ ဖြစ်သူ ဦးစိုးသိန်းက ပြောကြားခဲ့သည်။” ဟုတ်ကဲ့ အခုလို ဆိုတော့ ကျနော်တို့ ရန်ကုန်သားများ မြို့တွင်းမှာ သွားလာတာအတွက် ဘီးခွန်အပြင် ဂုံးကျော်တံတားဖြတ်ခတွေပေးရတော့မှာပေါ့နော်။ pre paid card ငွေကုန်နေရင် ဘယ်လိုဖြတ်ရမလဲ။ ကားတွေရပ်ပြီး ပေးနေရင် ပိုပိတ်ကုန်မလား။ အမှန်တော့ အစိုးရက စိုက်ထုတ်ပြီး မဆောက်နိုင်တဲ့ အတွက် ပုဂ္ဂလိက ကို ထိုးအပ်ရတော့ သူတို့အတွက် စီးပွားရေးအခွင့်အလန်းဖြစ်သွားတာပါ။ ဘယ်သူမဆို စီးပွားရေးလုပ်ငန်းတွေကတော့ အခွင့်အလမ်းကို အခွင့်အလမ်းလို့ပဲ မြင်ပါတယ်။ စေတနာထားပြီး အကောင်းဆုံးလုပ်ပါ့မယ် ဆိုတဲ့ စီးပွားရေးသမားတွေ ကတော့ အကုန်လုံးပဲ။ လူတိုင်း ဒီလောက်တော့ပြောတတ်ပါတယ်။

ဆိုလိုချင်တာကတော့ ဒီမိုးပျံလမ်း၊ဂုံးကျော်တံတားတွေ ဆောက်ဖို့ အခုလို နိုင်ငံတကာနဲ့ အဆင်ပြေတော့မယ့်အချိန်လေးမှာ ခဏလေးစောင့်။ ဂျပန်က အိုဒီအေ တွေလာတော့မယ်။ အဲဒီအချိန်မှာ ရေးတင်ပြီး ရအောင်လုပ်စမ်းပါ။ မရရင်လာပြော ရအောင်တကယ်လုပ်ပေးမယ်။ အဲဒါဆိုရင် အကောင်းစားလည်းရမယ်၊ လူတွေလည်း ပိုက်ဆံပေးစရာမလိုတော့ဘူး။ ဘယ်လောက်ကောင်းသလဲ။

နောက်တစ်ခုက ပုဂ္ဂလိက ကို ငွေမထုတ်ခိုင်းပဲ အစိုးရ ငွေလုံးငွေရင်းကနေ ချီးတာဖြစ်ဖြစ် ဘွန်းထုတ်ရောင်းတာက ဖြစ်ဖြစ် ပိုက်ဆံစိုက်ပြီးဆောက်။ ရန်ကုန်မှတ်ပုံတင် ကားတွေကို ဘီးခွန် တိုးကောက်။အဲဒီက ပိုက်ဆံနဲ့ ပြည်ထောင်စု အစိုးရဆီက ချေးငွေကို ပြန်ဆပ်။

ဒီလိုတွေ စဉ်းစားဖို့လိုပါတယ်။ BOT ဆိုတာ တကယ်တော့ လူထုအတွက် နစ်နာတဲ့ကိစ္စဖြစ်ပြီး ကုမ္ပဏီတွေကို အမြတ်ငွေရှာပေးတဲ့ စနစ်ပါ။

ကိုဘလက်ကတော့ ပြောပါတယ်။ ခေါင်းစဉ်ကို တိုတိုလေးတွေလုပ်ပါတဲ့။ ဒီလောက်ဆို တိုမယ်ထင်ပါတယ်နော်။
ကိုသစ်မင်းကလည်း ဘဏ်အကြောင်းရေးပါဆိုလို့ ADB တော့ တစ်လုံးပါတယ်။ ဘွန်းနဲ့ ချေးငွေလည်း ပါတယ်။ ဟဲဟဲ။

12 comments

  • ကြောင်လတ်

    December 1, 2011 at 10:39 pm

    သေချာစဉ်းစားသင့်တဲ့ ကိစ္စပါ။ ပုဂ္ဂလိကပေးပြီးအခွန်ကောက်ခိုင်းမဲ့စနစ်ရဲ့အားနည်းချက်လေးထောက်ပြတာ ကောင်းပါတယ်ခင်ဗျာ၊
    ဆောက်ထားတာလည်းစနစ်တကျဖြစ်ဖို့လိုပါတယ်။

  • Gipsy

    December 2, 2011 at 2:24 am

    ဘိလပ်မြေ ခိုးတာနဲ့ ဝိတ်လျှော့တာတွေ ထူထပ်နေတဲ့ ကျုပ်တို့မြန်ပြည်ကြီးရဲ့အဖြစ်ကတော့ သိတဲ့အတိုင်း…။
    ဆောက်ခွင့်ရတဲ့ အင်ဂျင်နီယာကြီးတွေကတော့ လက်ဖျားငွေသီး ကိန်းဆိုက်ကြပြန်ပြီပေါ့…။
    ခိုင်ခံ့ပါစေလို့ပဲ ကြိတ်ပြီး ဆုတောင်းနေရတော့မှာ…။

  • kai

    December 2, 2011 at 2:43 am

    ဒေါ်ကလင်တန်မြန်မာပြည်ရောက်နေချိန်.. မနေ့က..ယူအက်စ်စတော့က..ပွိုင့် ၅၀ဝနီးပါး.. မကြုံဖူးအောင်ထိုးတက်သမို့.. မြန်မာပြည်အနေနဲ့.. ကံကောင်းခြင်းလက်ဆောင်… ရနိုင်ဖို့ရှိပါတယ်..။
    အောက်မှာက… ငွေကြေးရှင်တွေ.. မြန်မာပြည်ကြည့်နေကြတယ်ဆိုတဲ့..အကြောင်း…
    ==

    December 1, 2011, 12:10 PM SGT

    Investors Eye Myanmar Real Estate

    Reuters
    A man looks through the window of an old building in the historical part of Yangon November 29, 2011.

    Here’s something that’s no longer a rare sight in Myanmar’s crumbling commercial capital Yangon: Busy hotel lobbies.

    The influx of visitors to Myanmar this year has put investors on alert to potential opportunities in what many see as the opening up of one of the last virtually-undeveloped real estate markets in Southeast Asia. Outside investors are already circling Myanmar, also known as Burma, in the hopes that economic sanctions could be eased after a series of reforms by the country’s new government, creating opportunities in everything from chemicals to excavation to power plant construction. Building real estate and hotels will no doubt also be a focus – especially if the current round of reform continues.

    U.S. Secretary of State Hillary Clinton is currently in Myanmar on a fact-finding mission and could offer more insights into the improving relations between the two countries soon.

    Tony Picon, associate director and head of research at Colliers International Bangkok, says investors are getting very interested in Myanmar, but it’s too soon to jump in headlong, given that reforms are still in the early stages and the discussion of lifting Western sanctions has only just begun, and will likely take some time.

    “The jigsaws are fitting into place, but not all the pieces are there yet,” said Mr. Picon.

    There are still giant obstacles for investors. For instance, the government has yet to introduce a highly-anticipated foreign investment law that would give foreigners more clout in controlling property. Currently it’s illegal for foreigners to own property; they can only hold leases for 30 years. Other Southeast Asian countries allow leases up to 50 years or longer.

    But in an indication of the rising interest, Colliers recently published its own report on the Myanmar property market, possibly the first such assessment by an outside real estate firm in years.

    What it found is a stock of real estate that is dated and undersized given the potential size of the market, including scores of dilapidated and mouldy old buildings dating back to the years of British colonial rule. The last period of new construction, especially in the commercial capital of Yangon, was during the mid-1990s, when Myanmar’s then-military-junta was experimenting with some free market reforms. But then the Asian financial crisis and the passage of economic sanctions in the U.S. and Europe, snuffed out most of the development activity.

    Although there are a few cranes visible on the Yangon skyline and a small number of new projects in recent years, there’s been close to no new industrial or office space added since the 1990s mini-boom. When a reporter visited a prominent Yangon business last year with hundreds of office workers, he had to climb eight stories in a building whose elevators long ago stopped functioning.

    Moreover, the number of hotel rooms and amount of office square-footage could prove to be remarkably small if Yangon becomes Asia’s next boomtown, like Ho Chi Minh City or Phnom Penh. Indeed, visitors in Yangon for Ms. Clinton’s visit this week have struggled to book rooms – a bad omen considering that Myanmar is tapped to host a string of big regional summits for the Association of Southeast Asian Nations in 2014, which should bring thousands of visitors to both Yangon and the capital of Naypitaw. That should necessitate at least some new construction, possibly involving firms from neighboring Asian countries that don’t have sanctions of their own against Myanmar.

    Currently there are just 1,700 upper-scale hotel rooms in Yangon, which is also known as Rangoon, with none added since 1998 and very little construction in the pipeline. It was so lonely in Yangon’s hotel sector for a while that many big hotels converted large blocs of their rooms to office space, especially for international aid groups. Now some hotels are reportedly trying to claw back those rooms for higher-paying business travelers.

    Average room rates in the first half of 2011 were around $60 a night. Prices have since gone higher as the tourist season hit high gear and businesses accelerated their efforts to investigate Myanmar investment opportunities. It could take several years for new supply to be added.

    “Even if you get a new hotel at 3-star level, with the new equipment, it would really impact the market,” Mr. Picon said.

    The government said 300,000 tourists visited in 2010, and more were expected to come this year. That number could increase dramatically. Next door, Thailand draws 15 million or more tourists a year, with similar attractions. Many new arrivals have come to Myanmar since opposition leader Aung San Suu Kyi wrote a letter in 2010 dropping her advice that foreign tourists should stay away to prevent enriching the country’s former military regime, whose generals and friends have controlled much of the country’s property stock. The latest news of reduced tensions between Myanmar and the West will likely encourage more to travel.

    Other areas of opportunity include building serviced apartments, which cater to longer-stay businessmen. There are only 600 currently, and none built since the 1990s.

    In terms of office space, there’s only about 540,000 square feet of it in the whole of Yangon. That’s the equivalent of a medium-sized office tower in New York or Bangkok. More will need to be built if multinational companies make their way into the country.

    Land is not cheap in Myanmar, however, at least by historical standards. Local analysts and residents say businessmen enriched by trade in jade, timber and other commodities have invested heavily in local real estate – especially along Yangon’s well-known Paya Road – in large part because they haven’t been able to get their money out of the country due to U.S. sanctions against financial transactions. That, in turn, has helped push property prices higher. Plots along Paya Road go for as much as in downtown Bangkok, according to Mr. Picon.

    “We can see land prices going up even further. When things open up, you get speculators – land is one of those things that gets bid up.”

    If the experience is the same as when other nearby emerging markets opened up, such as Cambodia and Vietnam, there will also likely be some significant overbuilding and price drops along the way. For Myanmar, that’s tomorrow’s problem.

  • thit min

    December 2, 2011 at 6:44 am

    မှန်ကန်တဲ့ လမ်းစဉ်တခုကို ကျကျနန ဘာလို့မရွေးနိုင်သေးတာလဲလို့စဉ်းစားရင်
    အများနဲ့တိုင်ပင်ဆွေးနွေးပြီး ချမှတ်တဲ့ စီမံကိန်းတွေမဟုတ်ဘူးဆိုတာထင်ရှားပါတယ်။
    ရသုံးငွေစာရင်းမှာတော့အမြဲလိုလို လိုငွေကပြနေတာဆိုတာကလဲ သယံဇာတတွေရောင်းရ
    ငွေတွေရှိနေပါရက်နဲ့ ဖြစ်နေရတာပါ။
    ဝမ်းနဲ စရာကောင်းသောဖြစ်ရပ်များပါ။
    သာမန်ပြည်သူပြည်သားတွေကို ဝန်ထုတ်ဝန်ပိုးမဖြစ်အောင်စဉ်းစား ဖို့လိုအပ်ပါတယ်။

  • E.T

    December 2, 2011 at 7:34 am

    တိုက်တစ်လုံးဆောက်ရင်တောင် အနည်းဆုံး ၆လ ကြာတယ်။ ဂုံးကျော်တံတားကြီးကို ၄လနဲ ့ အပြီးဆောက်မယ်ဆိုတော့ အင်း ????? အဓိက လမ်းဆုံနေရာကြီးတွေမှာ ဆိုတော့ မြန်ဖို ့မလိုပါဘူး ခိုင်ခံ့၊ လှပဖို ့က ရေးကြီးပါတယ်။ သူတို ့ဆောက်နေချိန်မှာ ကားလမ်းတွေ မပိတ်ဘူးပြောတာပဲ။

  • Shwe Tike Soe

    December 2, 2011 at 10:52 am

    လေးလအချိန်နဲ. ရအောင်ဆောက်မယ်ဆိုတာတော့ဖြစ်ချင်ဖြစ်နိုင်တာပဲ..
    ကျွန်တော်သူငယ်ချင်းတစ်ယောက်ပြောပြတာ ဂျပန်မှာလမ်းပိုင်းလေး ပျက်နေလို. ပြင်တာ လူငါးယောက်နဲ. ကရိန်းတစ်စီးထဲနဲ. နာရီဝက်အတွင်းအပြီးပြင်သွားတယ်ဆိုပဲ..
    အဲလိုနည်းပညာတွေသုံးရင်ဖြစ်နိုင်တာပဲနော်…

    • thit min

      December 2, 2011 at 11:53 am

      အဲဒီလိုတော့ မြန်ပါတယ်။
      ဒါပေမဲ့ အဲဒီဂျပန်မှာဘဲပေါ့နော် နှစ်စဉ်ရနေကျ ဘတ်ဂျက် မရမှာစိုးလို့ ဒီနှစ်ရတဲ့
      ဘတ်ဂျက်ကိုကုန်အောင်သုံးဖို့လမ်းအကောင်းတွေ ထပ်ပြင်နေတာကတော့
      နှစ်တပါတ်လည်လုံးတနေရာမဟုတ်တနေရာရှိနေလို့ လမ်းတခြမ်း
      ခဏခဏပိတ်နေတာလေးလည်း ဖြည့်စွက်ပါရစေနော်။

  • ဆူး

    December 2, 2011 at 1:18 pm

    ဂုံးကျော် တံတား ဆောက်ပြီး တံတားပေါ်က ဖြတ်တိုင်း ပိုက်ဆံ ထပ်ပေးရမယ် ဆိုရင် မလွယ်ပါလား။
    ကားတွေ ကြပ်တာ ယာဉ်တွေ စည်းကမ်းတကျ မရပ်လို့ အဲလို ဖြစ်တာ ထင်တယ်။
    ကားရပ်တဲ့ ပါကင်တွေ ရပ်နားကွင်းတွေ စနစ်တကျ တင်းတင်း ကြပ်ကြပ် လုပ်လိုက်ရင် လမ်းပေါ်သွားတဲ့ ကားချည်းပဲ ဆိုရင် တော်တော် အိုကေသွားမယ် ထင်တာပဲ။

  • Diamond Key

    December 2, 2011 at 3:36 pm

    မိုးပျံလမ်း မိုးပျံလမ်း၊
    လေးလ နဲ့ အပြီးဆောက်စမ်း၊
    တို့တွေဆီက ကားတွေဆို မိုးကို သိပ်ပျံလို၊ 😀
    ခုတောင်မနှေး ပျံလိုသေး၊
    ပလက်ဖေါင်းတွေ ကျော်ကာပြေး၊ 😛
    မိုးပျံလမ်းတွေ ပေါ်တဲ့ခါ၊
    သတိထားပြီး စီးကြပါ၊ 👿
    လိုအပ်ရင် ဆောင်ကာထား၊
    လေထီးဆောင်ကာသွား။ :mrgreen:

  • TNO

    December 2, 2011 at 9:25 pm

    ကျွန်တော်ဖတ်တဲ့ဂျာနယ်မှာတော ့လေးလအတွင်းဆောက်မယ်လို ့ဘဲတွေ ့မိတယ်
    အပြီးလို ့တော့မရေးထားဘူး

  • windtalker

    December 3, 2011 at 10:11 pm

    ဘီအိုတီ ဆိုတာကြီးကို သတင်းစာတွေ ထဲမှာ မြင်မြင်နေရတယ် ။ ဘာကြီးမှန်း ကို မသိခဲ့ရဘူး
    အခု ကိုလင်းမြွေ ရေးပြမှဘဲ ပြည်သူလူထု အတွက် နစ်နာစေတဲ့ ၊ ကုမ္ပဏီတွေ အတွက် အကျိုးအမြတ်များစေ တဲ ့စနစ်ဆိုးကြီးဆိုတာ သိလိုက်ရတော့တယ် ဗျာ

  • kokothandar

    December 4, 2011 at 9:35 am

    ပြည်တွင်း အစိုးရနဲ ့လမ်းပေါက်နေတဲ့ခေတ်ပျက်သူဌေးတစ်စုကို B.O.D ပေးဖို ့စဉ်းစားပြီးမှပြောတာလား
    ကိုစိုးသိန်းရယ် နာဂစ်တုံးက စစ်သင်္ဘောကဆီတွေ အပီးထုတ်ရောင်းထားလို ့ မုန်တိုင်းကိုကြံ့ကြံ့မခံနိူင်ဘဲ
    မြုတ်ကုန်လို ့ခင်ဗျားကြောင့်တိုင်းပြည်နစ်နာခဲ့တယ်နော် ဒီတစ်ခါခေတ်ပျက်သူဌေးတွေနဲ ့လက်ဝါးရိုက်ပြီး
    တိုင်းပြည်နာအောင်မလုပ်ပါနဲ ့ဒါတွေက A. D . B တို ့ I.M.F တို ့ရဲ့အတိုးသက်သာတဲ့ချေးငွေနဲ ့ဆောက်
    မှအဆင်ပြေနိူင်တာပါ
    ိံီ

Leave a Reply