Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

မရေးရင်မနေနိုင်တာကလွဲလို့

who whoDecember 4, 20111min77941

ကျွန်တော်တော့ ရပ်ကွက်တိုင်းလိုလိုမှာ သိပ်ကို ခေတ်မီ ဖွံ့ဖြိုးတိုးတက် စည်ကားနေကြပါသော ဘီယာဆိုင်၊ ရက်ဆိုင်တွေကို တွေ့ရတိုင်းအော့ နှလုံးနာလွန်းလို့ ဒီစာလေးကို ရေးဖို့ဖြစ်လာပါပြီ ။

ညတိုင်း တရားပွဲက ပြန်လာရင် အုန်းအုန်းထ စည်းကားနေတဲ့ မြို့တော်ရဲ့ ကျက်သရေဆောင် ဘီယာဆိုင် တွေဟာလေ ရပ်ကွက် တစ်ခုမှာ အနည်းဆုံး (၄) ဆိုင်လောက်က တော့ ရှိနေပါပြီ ။

ဒါသည်ပင် အနာဂါတ် ရဲ့ သားဆိုး ရ တာ နာ တွေ ၊ ဖခင် ဆိုး အရက်သမားတွေ ၊ … … … သိပ်တော့ မရေးချင်တော့ပါဘူး ။

ဒီလို ဒယ်အိုး သွားမယ့် လူတွေ စုဝေးရာနေရာ ဆိုရင်ပဲ နည်းနည်းသက်သက် ညှာညှာလေး ရေးထားတယ်လို့မှတ်ပါနော် ။

ဪ … တော်တော်လေးတော့ တိုးတက်လာပါပြီ ။ ဘာတွေလဲ? ။ အကောင်းတွေလား ? အဆိုးတွေလား ?

ဉာဏ်မီသလောက် စဉ်းစားကြည့်ပေါ့။ ပြီးတော့တော်တော်လည်း သတ္တိကောင်းလှတဲ့ သတ္တိခဲတွေလို့သာ ထောမနာပေးချင်ပါသေးရဲ့။ ဘာလို့လဲဆို တော့တို့နိုင်ငံကြီးဟာ ဗုဒ္ဓဘာသာ သာသနာ ရောင်ဝါထွန်းလင်း နေတဲ့ မြန်မာလူမျိုး ဗုဒ္ဓဘာသာ နာမည်ခံထားတဲ့ လူတွေ နေကြတဲ့ နိုင်ငံကြီးပါ ။

ဒါဆို တို့ ဗုဒ္ဓက လူနေမှု့ ပတ်ဝန်းကျင်မှာ အပြစ်ကင်းအောင် နေထိုင်နိုင်ဖို့ ခါးဝတ် ပုဆိုးသဖွယ် မြဲမြံစွာ စောင့်ထိန်းကြဖို့(၅)ပါးသီလဆိုတဲ့ ကျင့်ဝတ်လေး ကိုသတ်မှတ်ပေးခဲ့တယ် မလား ။

ဒီထဲမှာမှ အရက်သေစာ သောက်စားခြင်း သည် ရှောင်ကြဉ် ရမယ့် သီလ အနေနဲ့ ပါခဲ့ပြီးသားပါလား ။

ဒါမေမယ့် လက်ရှိ မြင်ကွင်း နဲ့ကတော့ တက်တက်စင်လွဲနေပါရောလား ။

လူရဲ့အဆင့်အတန်း သည် ကိုယ်ကျင့်တရား ပေါ်မှာသာ မူတည်ပါတယ် ။

ကိုယ်ကျင့်တရား မြင့်မြတ်မှသာ ဒီလူရဲ့ အဆင့်အတန်းမြင့်မားပေလိမ့်မယ်နော် ။ ဒီကိုယ်ကျင့်တရားကိုဘာနဲ့ မြင့်မြတ် စေမှာလဲ ဆိုရင်တော့ သီလနဲ့ပဲပေါ့ ။ သီလစင်ကြယ်လေ မြင့်မြတ်လာလေ ပါပဲ ။
“လူကိုဖျက် အရက်” တဲ့ ။

ဒါဆိုရင်တော့ ပျက်စီးသူတွေ မြောက်မြားစွာ မွေးထုတ်ပေးနေသော ဒီအရက်ဆိုင်၊ဘီယာဆိုင်ကြီးတွေအတွက် ဂုဏ်ယူနေချင်ကြသေးလား ? အင်း မြတ်ဗုဒ္ဓသည် လောကမှာ တုနှိုင်းမရသော ၊ လူသား အားလုံးအပေါ် ဂရုဏာ ၊ မေတ္တာ၊ မုဒိတာ အပြည့်ပေးနိုင်သော ပုဂ္ဂိုလ် တစ်ဦးပါလား ။ ဪ ကိုးကွယ်တော့ ဗုဒ္ဓဘာသာ အမည်ခံထားပြီး လုပ်နေတဲ့ အလုပ်က ပြောင်ပြောင်ကြီးကို ဆန့်ကျင်နေပါရောလား ။ စိတ်ပျက်ဖွယ် ကောင်းသလို အတော်လည်း ဝမ်းနည်းမိပါရဲ့ ။

ဒါနဲ့ ပတ်သက်လို့ ကြားခဲ့ဖူး သော ပုံပြင်လေး တစ်ပုဒ်ကို သတိရမိပါသေးတယ် ။

တစ်ခါက လူတစ်ယောက်ဟာ ဂူတစ်ခုထဲမှာ ပိတ်မိနေပါတယ် ။

သူက ဒီဂူထဲက ထွက်ဖို့ ကြိုးစားတဲ့အခါ သူ့အတွက် အပေးအယူသဘော မျိုး လုပ်မှထွက်လို့ ရနိုင်မယ်တဲ့ ။ အဲဒီအပေးအယူ အနေနဲ့က (၄) မျိုး ပေးထားတယ် ။ (၄) မျိုးထဲက တစ်မျိုးလုပ်နိုင်ရင် ဒီဂူကြီး ပွင့်သွားမယ်ပေါ့ ။

အဲဒီ (၄) မျိုးကတော့

(၁) ဓမ္မ စာပေတွေကို ဖျက်ဆီးပစ်ရမယ် ။

(၂) အမေကို သတ်ရမယ် ။

(၃) အမကို စော်ကားရမယ် ။

(၄) အရက်တစ်အိုးထား ထားတယ် ၊ အဲဒီအရက် ကို အကုန်သောက်ရမယ် ။

ကဲ ဒီ (၄) မျိုးထဲက တစ်မျိုးမျိုး ကျူးလွန်ရင်ပဲ သူဟာ လွတ်မြောက်နိုင်သွားမယ်နော် ။

ဒီတော့ သူက စဉ်းစားပါတယ် ။

(၁) အရ တရားဓမ္မတွေ ဖျက်ဆီးပစ်ရမယ် ဆိုရင် ဒီဓမ္မတွေဟာ ခက်ခက်ခဲခဲ ရှာဖွေထားတဲ့ တရားအဆီအနှစ် တွေဖြစ်တယ် ။ ဒါတွေကို မီးရှို့ ဖျက်ဆီး ပစ်လိုက်ရင် တခြားလူတွေကို လက်ဆင့်မကမ်းနိုင်တော့လို့ ကြီးစွာ ဆုံးရှုံးနစ်နာမယ် ။ နောက်ပြီး ဒီလို တရား ဓမ္မ ကို ဖျက်လို ဖျက်ဆီးလုပ်တဲ့ အတွက် အဝီစိ ငရဲမှာ ဂျိုးကပ်လို့ စွဲပြီး သံသရာမှာ အပါယ်က တက်နိုင်မှာ မဟုတ်တော့ဘူူး ။ ဒါကြောင့် (၁) ကို ပြုလုပ်ဖို့က အရမ်းအပြစ်ကြီးလွန်းလို့ မဖြစ်နိုင်ဘူးလို့တွေးမိတယ် ။ ဒါကြောင့် (၁) တော့ မလုပ်တော့ဘူးပေါ့ ။

(၂) ကျတော့လည်း ကြည့်လေ ကိုယ့်မွေးထားတဲ့ မိခင်ကို သတ်ရ မယ်ဆိုတော့အာ တော်တော် ကြောက်စရာ ကောင်းပါလား ။

ကိုယ့် အမေကို သတ်ဖို့မပြောနဲ့ သူများမျက်စောင်းထိုးတာတောင် မခံနိုင်တာနော် ။ ပြီးတော့ ဒီအမှု့ကို ကျူးလွန်လျှင် ကပ်ကမာ္ဘ အနန ္တထိ အဝီစိ က မတက်ရပဲ ပဉ္စာနန္ဒရိယကံကျူးလွန်တဲ့ အတွက် ကမာ္ဘ ပျက်သော်လည်း မကျွတ်မလွတ် ရပဲ တခြားကမာ္ဘမှာ ပြောင်းခံရတယ် ဆိုတာ ကြားဖူးပြီးသားမို့ ဒါလည်း မဖြစ်နိုင်ဘူးပေါ့ ။

ဒါဆို (၃) ရောက်သွားပြီနော်။ (၃) လည်း ဘာထူးလည်း အမကြီးတော့ အမိအရာတဲ့ ။ ကိုယ့်အပေါ် ငယ်စဉ် ကတည်းက ချီပိုး ထိန်းကျောင်းလာခဲ့ရတဲ့ ကျေးဇူးရှင်ပဲမလား ။ ဒါကို စော်ကားမိလို့ ကတော့ ခွေးတိရစာ္ဆန်ထက် ဆိုးတဲ့ အဆင့်ရောက်သွားပြီနော်။ သေရင်လည်း ဒယ်အိုးမှာ ဘဝပေါင်းများစွာ ကျင်လည်ရဦးမှာ ပါလား ။

ဒါကြောင့် ဒါလည်းမဖြစ်နိုင်ပါဘူးဆိုပြီး နောက်ဆုံး (၄) ကိုရောက်သွားပြီနော် ။

(၄)မှာကအရက်အိုးတစ်အိုး အကုန်သောက်ရမယ်တဲ့ ။ အင်းဒါက တော့ ဖြစ်နိုင်တယ် ဆိုပြီးမှ ဒီလူဟာ သောက်လိုက်တာလေ ။ တစ်အိုးလုံး လည်းကုန်ရော အသိတရားတွေ ပျောက်ပျက် သွားပြီမို့ ရှေ့က မပြုသင့်လို့ ရှောင်လာခဲ့တဲ့ (၁) ၊ (၂) ၊ (၃) တွေကိုဆက်တိုက် ကျူးလွန်တော့တာပါပဲ ။ ကဲဒါဆိုရင်တော့ ဒီအရက်ရဲ့သတ္တိကြောင့်မလုပ်ဖူးတဲ့ မလုပ်နိုင်တဲ့ အကုသိုလ် ကံ ရယ်လို့မရှိတော့ပါဘူး ။ ဒီအရက် ဝမ်းထဲ ဝင်သွားပြီ ဆိုတာနဲ့ အပျော့စား အရက် တစ်ခွက်ဟာ လူရဲ့မှတ်ဉာဏ် cell ပေါင်း (၇၀၀၀) ကျော်ကို ဖျက်ဆီး ပစ်လိုက်တယ်လို့ကြားဖူးတဲ့ အတိုင်းပါပဲ ။

ဪ ဒါကြောင့် အရက်သောက် ပါများတဲ့လူတွေရဲ့မျက်လုံးတွေဟာ ခပ်ကြောင်ကြောင် ဖြစ်နေတာပါလား ။

နောက်ပြီး အကုသိုလ် အမှုကို ပြုလုပ်ဖို့ ဇောင်းက လွတ်လိုက်သလို မောင်းဖြုတ် ပေးလိုက်သလို တွန်းအား အပြည့်ပေးနိုင်တဲ့ သတ္တိရှိလို့ သိပ်ကို ကြောက်စရာ ကောင်းပါလားလို့ မြင်စေချင်တယ် ။

အင်း ဒီလိုသာ နေ့စဉ် မသောက်ရ မနေနိုင် သောက်မိပြီဆိုရင်တော့ ပစ္စုပ္ပန်ရော ၊ အနာဂါတ် အတွက်ပါ ဆိုးကျိုးတွေ ဆက်တိုက်ရမှာ သေချာနေပြီပဲ ။

ဘာလို့လဲ မကောင်း သော အကြောင်းရဲ့ ရလဒ်သည် မကောင်းကျိုးကိုသာ ပေးပေလိမ့် မည် ။

အခု ပုံပြင်လေး မှာလည်း စဉ်းစားနိုင်တယ် ။

အသိဉာဏ်နဲ့ ယှဉ်လို့ မလုပ်သင့်တာ ကို မလုပ်သင့်မှန်းသိပြီး ရှောင်နိုင်ခဲ့သမျှ တွေဟာ ဒီအရက်ကြောင့် ပျက်စီးခဲ့ရ တာပဲမလား ။ ဒါကြောင့် အရက်သမား တစ်ယောက် အတွက် မကျူးလွန် နိုင်သော အကုသိုလ်ရယ်လို့ မရှိပါဘူးတဲ့ ။

အင်း … ဒီလောက်ထိ ဘဝကို အကုသိုလ်တွင်းထဲ အရောက်ပို့ပေးမယ့် အရက်သေစာ သောက်စားခြင်းကို ဘာကြောင့်များ ခုံမင်ဖက်တွယ် နေကြပါလိမ့်လို့သာ မေးချင်ပါတော့တယ် ။

တကယ်တော့ ကိုယ့်မှာ ပါလာတဲ့ အကုုသိုလ် “ဟိတ်” အားကြီးလို့သာ အကုသိုလ်အမှုတွေမှာပျော်ဝင်မယ်၊အကုသို်လ်အလုပ်တွေလုပ်ဖို့ တက်ကြွ နေမယ် ။ အကုသိုလ် ကို အကုသိုလ်သာ ကပ်ရတယ်မ လား ။ သံလိုက်ရဲ့ သဘော အတိုင်းပါပဲ ။ အတိတ် အတိတ်တွေက ဒီလိုအရက်သမား ဘဝနဲ့ သေလို့ ဒီဘဝမှာ လူလာဖြစ်တော့လည်း အတိတ်က အကုသိုလ် အခံဓါတ်က ပါလာလေတော့ နောက်ထပ်အကုသိုလ် အမှုကို လက်ယက် ခေါ်လိုက်တယ် လို့ပဲ ဉာဏ်မှီသလောက်မြင်တယ်လေ ။ အသောက်သမား ရှိရာ အသောက်သမားပဲ လာလို့ အကုသိုလ် အမှုတွေ ပျော်ပျော်ကြီးလုပ်ပြီး အဝီစိထိအောင် အရောက်ဆင်းကြပါစို့ရယ်လို့များ သွေးသောက် သစ္စာပြု ထားသလား အောက်မေ့မိပါတယ် ။

ဘာပဲဖြစ်ဖြစ်လေ တချို့ကျတော့လည်း တံငါ နားနီး တံငါ ၊ မုဆိုး နားနီး မုဆိုး ဆိုသလို ကိုယ်ပိုင်ဥစ္စာ ဖြစ်တဲ့ ကိုယ့်ရဲ့ ကိုယ်ကျင့် တရားလေးကို သီလလေးနဲ့ မထိန်းနိုင်ရှာကြလို့ ကုသိုလ်ဓါတ်ခံ ပါပါသော် လည်း အကုသိုလ် ပတ်ဝန်းကျင်မှာပဲ ပျော်ရင်း သတိလက်လွတ်ဖြစ် နေကြရ တာတွေလည်း ရှိနိုင်ကောင်းပါရဲ့။

ကိုယ့်မှာရှိတဲ့ကုသိုလ် အခံဓါတ်လေး ကို အားကောင်း လာအောင် ရေလောင်း ၊ ပေါင်းသင်လို့ ဉာဏ်နဲ့ ယှဉ် နေနိုင်ကြမယ် ဆိုရင်တော့ အနာဂါတ် ကောင်းကျိုး အသီးအပွင့်တွေ ဝေဆာ လာနိုင်မှာပါ ။

ဉာဏ်နဲ့ ယှဉ်ဆိုတာကတော့ ကိုယ်လုပ်နေကျ မကောင်းတဲ့ အကုသိုလ် အလုပ်တွေကို တစ်နေ့ တစ်ခု နှုန်းလျော့လျော့ ပြီး ကုသိုလ် အလုပ်လေးတွေ တိုးတိုးပေးခြင်းဖြင့် မိမိ ဘဝ အဆင့်အတန်း မြင့်အောင် ကြိုးစားတာကို ဆိုလို တာပါ ။

ကိုယ့်ရဲ့ personality ကို ကိုယ်တိုင် ပုံဖော်လို့ ရုပ်ပိုင်းဆိုင်ရာထက်စိတ်ပိုင်းဆိုင်ရာ ၊ အကျင့်သိက္ခာ ပိုင်းတွေကို တစ်နေ့ ထက်တစ်နေ့ တစ်စထက်တစ်စချင်း တိုးတိုး မြှင့်တင်ပေးကြပါစို့ လို့ တိုက်တွန်းရင်းနဲ့ပဲ အမှားကို မြင် ၊ အမှန်ပြင် နိုင်ကြပါစေ ။

41 comments

  • ကြောင်ကြီး

    December 4, 2011 at 2:10 pm

    ကျုပ်တို့ ရွာသဂျီးဆို အရက်နဲ့ ကိုဘေးနွားကင် သောက်စားပြီး မာန်တက်နေတာ ပြောမပြောချင်ဘူး….။ အခုလည်း မဟုတ်တာ အကုန်လုပ်ခွင့်ရှိတဲ့ ဂျပန်ဇိမ်ဘုန်းကြီး (ဇင်ဘုန်းကြီး မဟုတ်ပါ) လုပ်မလို့တဲ့။။။ 🙄

  • Gipsy

    December 4, 2011 at 2:26 pm

    ဟောဗျ … ဒီပို့စ် တော့ ရောင်းကောင်းတော့မယ် … ။
    အကိုလေး ပြောတာ မှန်သဗျာ… ကွဲလွဲမှုလေးတွေကိုတော့ .. စောင့်ပါဦး … ။

  • windtalker

    December 4, 2011 at 2:58 pm

    ဟုတ်ကဲ့
    ဆရာမလေး ဝှူဝှူး ကို ဒီတစ်ခါတွေ ့ရင်တော့
    သေချာတရားပြခိုင်းပြီး နာယူမှ ဖြစ်ပါတော့မယ်
    ဘာကြောင့်လဲ ဆိုတော့
    ကျုပ် ကိုယ်တိုင်က အသဲကောင်းလို ့ပွဲတောင်းတဲ့ ယမကာလုလင် တစ်ယောက်ဖြစ်နေလို ့ပါ
    သေချာ ဆုံးမ ပေးပါ နော်

  • E.T

    December 4, 2011 at 3:21 pm

    ကျွန်တော်တော့ အရက်တစ်အိုးမပြောနဲ ့ ပုလင်းတစ်ဝက်လောက်ဆို မှောက်ပြီး အိပ်ရော 😀 အဲဒါဆို ကျွန်တော် ဂူ ထဲကလွတ်နိုင်တယ် မှတ်လားဟင်။

    • manawphyulay

      December 4, 2011 at 7:24 pm

      သောက်ထားတဲ့အတွက်မလွတ်နိုင်ဘူး မောင်မင်း… တစ်တက်စားလည်း ကြက်သွန်ဖြူ ပုလင်းတစ်ဝက်သောက်လည်း ပါတယ်ဆိုတော့ အမောင်အီးတီ လွတ်လမ်းမမြင်ကြောင်းပါ….. 😛

  • inz@ghi

    December 4, 2011 at 4:36 pm

    သဂျီး အကြောင်းတော့ မပြောနဲ့တော့ … ကစ်သိုက သူကိုးကွယ်တဲ့
    မဟာ ဝီကီတော်ကြီး …. ၆၃ မကျကြောင်း … ထုတ်ဖော်ပီးကတည်းက
    ဝင်မန့်တာ နည်းတွားလိုက်တာဆိုတာ … ဟွန်း ……ကျုပ် ဘာဘုတ်
    ဖတ်နေတယ်နော် သဂျီး …. မထော်မနန်း မန့်လို့ကတော့ ဘာဘုတ်
    ကို ဘိုင်ပေ့ချ် နဲ့ ကိုဆော်မှာ ……ရှင်ဂျီးက ပင်းဘုတ်လောက်နဲ့ မတိုးဘူး
    ဆိုတာ ကျုပ်တို့ သိထားပါတယ်အေ …..လိမ်လိမ်မာမာနေဇမ်းဘာ ……

    ဒါနဲ့………………
    ရှေ့လ ကျုပ် အော်လန်ဒို လာမယ်….
    ချစ်ကြည်ရေး လက်ဝှေ့ပွဲ ဆို အဆင်သင့်ပဲ သဂျီး ………

  • kai

    December 4, 2011 at 4:48 pm

    အင်း..
    တကယ်တော့.. အရက်ကို အလွန်အကျွံမသောက်ပဲ.. သင့်သင့်ယုံသောက်ရင် ဘာမှမဖြစ်ပါဘူး..။
    မဖြစ်ယုံမက.. ကောင်းတာတွေ မရေမတွက်နိုင်အောင် ဖြစ်စေတာပါ..။
    http://www.health.com/health/article/0,,20410287,00.html

    ကျမ်းမာရေးအတွက်လည်း အထောက်အကူဖြစ်စေသလို.. လူမှုရေးမှာလည်း.. အင်မတန်အထောက်အကူဖြစ်စေပါတယ်.။
    တိကျသေချာတဲ့.. သိပ္ပံဆိုင်ရာအထောက်အထားတွေ.. မှတ်တမ်းတွေ အများကြီးပါပဲ..။
    စီးပွားရေးဖက်ကြည့်ရင်..ဒီကမ္ဘာကြီးမှာ.. အရက်နဲ့သူနဲ့ဆက်စပ်တဲ့ အလုပ်တွေ.. လည်ပါတ်ငွေတွေဟာ.. မြန်မာပြည်တပြည်လုံး ဂျီဒီပီ ၁ဝဆ..အဆ၁၀ဝ မကပါဘူးနော..။
    အဲဒီကနေ.. လူသန်းပေါင်းရာချီကြီးကို.. ထမင်းကြွေးထားတာပါ…။

    ဆိုတော့..
    အရက်သောက်ကြရမှာလား… မေးစရာဖြစ်ပါတယ်.။
    သောက်ကြပါ..။
    သင့်ယုံ..တော်ယုံ..ကိုယ့်ကိုယ်ကိုယ်ထိန်းနိုင်ယုံသောက်ကြပါလို့ပါပဲ..။
    ကိုယ့်ကိုယ်ကိုယ်ထိန်းနိုင်ယုံဆိုတာ.. ဘယ်လောက်လဲမေးချင်ပါလိမ့်မယ်..။
    ကယ်လီဖိုးနီးယားမှာ.. အစိုးရက.. သေသေချာချာ တွက်ချက်ပြီး ..ထုတ်ပြန်ထားတာရှိတယ်.။
    သွေးထဲ.. ဝ.၀၈ရာခို်င်နှုန်းထက်ပိုပါရင်.. ဆွဲမယ်တဲ့..။
    http://dmv.ca.gov/about/profile/rd/resnotes/baclimit.htm
    အသေးစိတ်.. လူခန္ဓာထဲက.သွေးနဲ့.. အရက်ပါဝင်နှုန်းနဲ့ဆက်စပ်ပုံကတော့ ဝိကီမှာရှိတယ်..။
    ဝိကီမယုံရင်.. တခြားဝက်ဘ်ဆိုက်တွေမှာလည်း သွားဖတ်လို့ရတယ်.။
    ပိုတတ်နိုင်ရင်.. ပါမောက္ခတွေကို မေးလို့လည်းရတယ်..။ 😆
    http://en.wikipedia.org/wiki/Blood_alcohol_content

    အဲဒီနှုန်းကျော်ရင်.. လူကကားမောင်းရင်.. မထိန်းနိုင်တာဖြစ်နိုင်ချေပိုများသမို့.. ဖမ်းတယ်.။
    ဒဏ်ချတယ်..။
    ကားမောင်းခွင့်ပိတ်တယ်..။
    ဆိုတော့..
    မြန်မာပြည်မှာ.. အရက်ဆိုင်တွေများရင်.. အဲဒီလို ထိန်းကျောင်းဥပဒေထုတ်ပေးဖို့ပါပဲ..။
    အသက် ၂ဝအောက် အရက်မသောက်ဖို့ ဥပဒေမျိုးထုတ်ပေးဖို့ပါပဲ..။
    ဒီလိုနဲ့.. အလုပ်တွေပိုလည်ပါတ်သွားပြီး.. စံနစ်တကျနဲ့.တိုးတက်သွားမှာဖြစ်ပါကြောင်း..။

    ပြောရရင်လေ…
    ..အလွန်အကျွံက .. အရက်မှမဟုတ်… ..ဘာလုပ်လုပ်… မကောင်းပါဘူး..နော..။ 🙂
    =

    • windtalker

      December 4, 2011 at 7:05 pm

      အခုခေတ် သုံးနေတဲ့
      အစွမ်းထက်သော ဗမာဆေးတော်တော်များများမှာ အရက်ဖြင့် ရောသုံးနေကြပါသည် ။
      အရက်တောင် ထွေးညို (ခ) တောအရက် နှင့်မှ ပို အစွမ်းထက်ပါသည် ။
      တဲ့..ခင်ဗျာ

  • ဒီအရက်ဆိုင်တွေပေါတာ ရောင်းကောင်းလို့ပေါ့။
    ဘာလို့ဆိုင်ရောင်းကောင်းလဲဆိုရင် သောက်တဲ့သူတွေ
    ကို မသောက်အောင် တရားမပြနိုင်သေးလို့ပေါ့။
    တရားပြသူ က နားဝင်အောင်မပြောနိုင်ဘဲ
    သူတို့ကို အပြစ်ဘဲတင်နေတော့ သူတို့ကလဲ လုပ်ချင်ရာလုပ်နေမှာပေါ့။
    အဲတော့ သူတို့နားဝင်အောင်ဘယ်လိုပြောမလဲလို့ စဥ်းစားကြရင်မကောင်းဘူးလား
    လက်တွေ့မပြနိုင် မမြင်နိုင်တဲ့ငရဲနဲ့ဘဲ တရားပြနေလို့တော့ ထူးလာမယ်မထင်ဘူး။
    အဲတော့ လက်တွေ့ကျကျ ဘယ်လိုနည်းလမ်းနဲ့နားဝင်အောင်ပြောရင်ကောင်းမလဲ စဉ်းစားကြည့်ပါလား။

  • nigimi77

    December 4, 2011 at 5:55 pm

    ကိုုပေါက်ရဲ ့ အာဘော် အလွန် နှစ်သက်ပါတယ် ။

    တရားပွဲတွေ ခြိမ့်ခြိမ့်သည်း နဲ ့အပြိုင် အရက်ဆိုင်တွေလည်း မိန် ့မိန် ့ဆွဲ ပါပဲ ။

    မသောက်အောင် ပြနိုင်တဲ့ တရားဟာလည်း ပေါ်ပေါက်စရာ အကြောင်းမရှိပါဘူး ။

    နတ်ပြည်ဆိုတဲ့ နေရာကြီးမှာတောင် သူတို ့အဆိုအရ သေရည်ကို ရာဝင်အိုးနဲ ့ မှီဝဲတဲ့ နတ်တွေ

    ရှိတယ် ဆိုတော့ ။ နောက်ပြီး မူးတဲ့ အကောင် ချီးကျွေးရင် သေချာပေါက်ကို မစားဘူး ဆိုတာ

    သောက်တတ်တဲ့ လူတိုင်း သိကြတယ် ။ မူးနေလို ့ အမှားလုပ်မိတယ် ဆိုတာက လူသိမ် လူဖျင်းတွေရဲ ့

    ဆင်ခြေဆင်လက်တွေ ။ ပေါ်တင်ဆဲဖို ့ သတိ္တ မရှိသူတွေဟာ အရက်ကို အကြောင်းပြပြီး ဆဲကြတယ် ။

    သောက်ပြီးရစ်တတ်တယ် ဆိုတဲ့ လူတွေလည်း အဲဒီလိုပဲ ။ အရက်သောက်ပြီးရင် မိန်းကလေးတွေကို

    ထိကပါးရိကပါး မကြားဝံ့မနာသာ ပြောတတ်တဲ့လူတွေကို သေချာဆန်းစစ်ကြည့်ရင် လိင်ကိစ္စ စွမ်းဆောင်

    ရည် ကျဆင်းနေသူတွေ ၊ လိင် အလိုမပြည့်သူတွေ ၊ အချစ်ရေး မအောင်မြင်သူတွေ များတယ် ။

    အရက်ကို ကျန်းမာရေး စီးပွားရေး လူမှုရေး အရ ကိုယ့်သဘောနဲ ့ကို ဖြတ်ပစ်တာတဲ့ သူနဲ ့ နဂိုကတည်း

    မသောက်တတ်တဲ့ လူတွေက လွဲလို ့ ကျန်တဲ့သူတွေကို မသောက်အောင် တားဆီးလို ့မရဘူး ။

    သောက်လို ့ရတဲ့ အသက်အရွယ် သောက်တဲ့ ပမာဏနဲ ့ သောက်တဲ့ အချိန်ကို ပဲ ပြောင်းပစ်လို ့ရမယ်။

    ခင်ဗျားတို ့ကျုပ်တို ့ ဘာတွေ ဘယ်လိုပြောပြော ကလေးတွေက နားထောင်မယ် ထင်သလား ။

    သူတို ့သောက်ချင်ရင် သောက်မှာပဲ ။ လူငယ်တိုင်းနီးပါးက အနည်းဆုံး ဘီယာလောက်တော့ အရင်ခေတ်

    ကျုပ်တို ့တွေ ဒေါင်ဆိုင် ထိုင်သလောက်ပဲ သဘောထားတယ်။ လုပ်လို ့ရတာ ဘာရှိမလဲ ။

    သူတို ့တွေ အသက်မပြည့်ခင် သောက်သုံးလို ့မရအောင် ဆေးလိပ်အရက် ဥပဒေကို ပြင်းပြင်းထန်ထန်

    ပြောဆိုကြဖို ့လိုမယ် ။ ဘုန်းကြီးက ဒယ်အိုးပဲပြောပြော ငရဲပဲ ပြပြ ခေတ်နဲ ့အံမဝင်တဲ့ အခါကျတော့

    အဲဒီ တရားတွေဟာ အိပ်ရာဝင်ပုံပြင်တွေကို နားထောင်ရသလိုဖြစ်လာတယ် ။

    ဒီနိုင်ငံမှာ ထုတ်တဲ့ ဆေးလိပ်တွေမှာ အသက် ၁၈ မပြည့်သူများကို မရောင်းရလို ့ရေးထားတယ် ။

    ဘယ် ဆေးလိပ်ရောင်းတဲ့ အကောင်ကမှ မင်း အသက် ၁၈ ပြည့်ပြီလား ဆိုတာ မမေးဘူး ။

    ယုံကြည်မှု Credit နဲ ့အလုပ်လုပ်လို ့ မရတဲ့ နိုင်ငံထဲမှာ ထိပ်ဆုံးက ပါနေတဲ့ ဒီနိုင်ငံမှာ ရော့ပတ္တမြား

    ရော့နဂါး စနစ်တွေ နဲ ့ အရွယ် မရောက်သေးတဲ့ သူတွေကို အရက် ဆေးလိပ် ဝယ်ယူသုံးစွဲမှုကို တားမြစ်

    နိုင်တယ် ။ ဆေးလိပ် လာဝယ်တယ်။ ရုပ်ရည်ကိုကြည့် ။ အသက် ၁၈ မပြည့်သေးလောက်ဘူးထင်တယ် ။

    မှတ်ပုံတင်ကို တောင်းကြည့် ။ မပြည့်သေးရင် မရောင်းနဲ ့။ အရက်ဆိုင် ၊ အရောင်းဆိုင်တွေလဲ အလားတူ။

    အဲလို အားလုံးက ဝိုင်းဝန်း ပြုပြင်မှရမှာကို ဆင့်ဖင် ခွေးမျှော်သလို ဟိုလူကတော့ ပြုပြင်နိုးနိုး ဒီလူက

    တော့ စလုပ်နိုးနိုး ဟို အစိုးရကတော့ ဥပဒေ ထုတ်တော့နိုးနိုးနဲ ့ လုပ်နေမယ် ဆိုရင်တော့ ဘုန်းကြီးတွေ

    ခမျာလည်း ဟောရပြောရတာ ညောင်းလှပါပြီ ။

    ဘာလဲ……ခင်ဗျား ဆီမှာ ဈေးဝယ်လာတဲ့ လူလွတ်သွားမှာ စိုးရိမ်လား ။

    တရားပွဲမှာ ဘုန်းကြီး တရားဟောတုန်းက တော့ မှန်ပါတယ် ဟုတ်ပါတယ် နဲ ့ အရက် ဆေးလိပ် ငရဲ

    ဒယ်အိုး အကြောင်းပြောတုန်းက ခေါင်းတညိတ်ညိတ်နဲ ့ ခင်ဗျားကို တွေ ့မိသလားလို ့ ။ 🙂 🙂

    • ကိုရင်စည်သူ

      December 5, 2011 at 8:31 pm

      တပ်မ..ကွ… ခွန်ခွန်… နှပ်ထား… 👿 👿 👿

  • Zippo

    December 4, 2011 at 6:07 pm

    “ မြန်မာပြည်မှာ.. အရက်ဆိုင်တွေများရင်.. အဲဒီလို ထိန်းကျောင်းဥပဒေထုတ်ပေးဖို့ပါပဲ..။
    အသက် ၂ဝအောက် အရက်မသောက်ဖို့ ဥပဒေမျိုးထုတ်ပေးဖို့ပါပဲ ”
    အမလေးဗျ ………
    ဒီလိုဆိုရင် ရဲတွေက လိုင်းကြေးယူပြီး သောက်ခိုင်းနေလို့ သူတို့အတွက် ဥပဒေ ဖြစ်သွားမှာပေါ့ ………
    ဘာလုပ်လုပ် သူတို့ အကွက်တွေချည်းပါပဲဗျာ ။
    သဂျီးပြောသလို စနစ်တကျနဲ့ ဆက်ကြေးပေး သောက်ကြရတော့မှာ ။

  • သော်ကြီး

    December 4, 2011 at 7:24 pm

    အရက်၏ ဆိုးကြိုးများကို မည်သို့ပင် ပြောနေစေကာမူ သောက်သုံးသူများ တစ်နေ့တစ်ခြားတိုးပွား။ အားကစားကဏ္ဍအားမြင့်တင်ပေးနိုင်ပါက အရက်သောက်သုံးမှု အနည်းငယ်လျော့ကျစေနိုင်ကြောင်း။

  • winkyawaung

    December 4, 2011 at 8:52 pm

    အင်း ငယ်ငယ်က ရွှေမန်းတင်မောင် ရဲ့ မောင်မူးပြဇာတ်ကလေး ကို သတိရလိုက်မိပါတယ်။ ဒါပေမဲ့ အရက်မသောက်ဖို့ ဘယ်ဘုန်းကြီးတရားဟောဟော ဟောရင်းသာပျံလွန်တော်မူပါမည်။ ယနေ့ ကမ္ဘာကြီးဟာ ဘီယာကမ္ဘာကြီးဖြစ်နေပါပြီ…။ ဒါကြောင့် ၂၀၁၂ ခုနှစ်မှာ ကမ္ဘာကြီးက ၂၄ ဒီဂရီတောင် စောင်းတော့မည်လို့ ကြားနေရပါတယ်ဗျို့…..။

  • koyinmaung

    December 4, 2011 at 9:53 pm

    (၁) ဓမ္မ စာပေတွေကို ဖျက်ဆီးပစ်ရမယ် ။
    (၂) အမေကို သတ်ရမယ် ။
    (၃) အမကို စော်ကားရမယ် ။
    (၄) အရက်တစ်အိုးထား ထားတယ် ၊ အဲဒီအရက် ကို အကုန်သောက်ရမယ် ။
    ဗုဒ္ဓဘာသာတကယ်သက်ဝင်ယုံကြည်ယင်
    ဒီလေးခုလုံးကိုအသက်နဲ့လဲပြီးကာကွယ်ကြမှာပါ
    ငါးပါးသီလကဗုဒ္ဓဘာသာရဲ့အနှစ်သာရမဟုတ်လား
    ဒါကြောင့်ဗုဒ္ဓဘာသာနဲ့ပါတ်သက်တဲ့ပုံပြင်မဟုတ်ဘူးလို့ပြောချင်တာပါ
    (၁)ကိုရမ်ကျမ်းစာကိုဖျက်ဆီးပစ်ရမယ်
    (၂)အမေကိုသတ်ရမယ်
    (၃)ဝက်သားကိုစားရမယ်
    (၄)အရက်သောက်ရမယ်
    တခု ခြုပစ်မှားပြီးမှထွက်ရမယ်ဆိုတာ
    မွတ်ဆလင်ဘာသာရဲ့ပုံပြင်ပါ
    ဒီဘာသာရဲ့မဖြစ်မနေထွက်ရမဲ့ထွက်ပေါက်က
    ဝက်သားစားပြီးထွက်ရမှာပါ(အပြစ်အနည်းဆုံးထွက်ပေါက်မို့ပါ)
    မွတ်ဆလင်ဘာသာကိုးကွယ်တဲ့အဖိုးအိုတယောက်ကပြောဘူးပါတယ်..
    တို့မွတ်ဆလင်ဘာသာကိုးကွယ်တဲ့လူတွေကဝက်သားတော့
    မစားကြဘူးကွ အပြစ်အကြီးဆုံးအရက်ကျတော့အရမ်းသောက်ကြတယ်တဲ့လေ
    ဘာသာရေးကိုပုတ်ခတ်တာမဟုတ်ပါဘူးနော်ကြားဘူးတာကိုပြောပြတာပါ

    • ကိုယင်ကောင်ရေ..

      အဲလိုလေး ထောက်ပြပြောဆိုတာ သိပ်သဘောကျတယ်ဗျာ.. ကျွန်တော်တို့ မြန်မာတွေမှာ အားနည်းချက်က ဒါပဲ၊ တိုင်းပြည်မသိ ဗာရာဏသီ၊ မင်းမသိ ဘာဆိုလားပဲ၊ ဟိုကနည်းနည်းယူ၊ ဒီကနည်းနည်းယူ၊ ကိုယ်လိုချင်တာကို ဟုတ်သော်ရှိ၊ မဟုတ်သော်ရှိ အတင်းဆွဲရေးယူသွားတာ.. တစ်ကယ်မကြိုက်ဘူး။ အရက်သောက်ဖြစ်ရင် အကုန်အမှားတွေလုပ်တယ်တဲ့။ အမှားတွေ အကုန်လုပ်ချင်တဲ့လူတစ်ယောက်က အရက်တွေကို သောက်ပြတယ်ပဲမြင်တယ်။ လူမှန်း၊ သူမှန်းမသိ မူးနေတဲ့သူက အပေါ်မှာ ညွှန်းဆိုထားတဲ့ အချက် ၁၊ ၂၊ ၃ တွေကို အကုန်လုပ်နိုင်ပါ့မလား။ တစ်ခါက ကိုပေလဲ ရေးတင်ဖူးတယ်၊ အရက်မူးနေတဲ့ ကျောင်းသားလေးတစ်ယောက်အကြောင်း၊ တစ်ကယ်စိတ်ထဲ သဘောမခွေ့လို့ မန့်ဖူးရာကနေ အခင်အမင်လဲ ပျက်တာခုထိပဲ။ ဘာလို့လဲဆိုတော့ ကျုပ်ကိုယ်တိုင်က လက်တွေ့ကို စမ်းသပ်နေတဲ့ကောင်၊ အရက်ကို ရေမပါ၊ အမြည်းမပါဘဲ ဒီတိုင်း ပုလင်းလိုက် မော့နေတဲ့ကောင်၊ ခုထိ (၁၀)နှစ်ကျော်လောက်ထိ ဘယ်မိန်းမပျို၊ မိန်းမအို၊ ဘယ်ဘာသာကိုမှ စော်ကားဖျက်ဆီးတာ မလုပ်မိသေးဘူး။

      ဆိုတော့… ပြောချင်တာက ဘာသာရေးကို ဟောပြောနေသောသူများ၊ စာအုပ်ပါအချက်အလက်များ၊ တစ်ဆင့်ပြောစကားများ၊ ကိုယ့်ဖာသာ တစ်ဖက်သက် အမြင်များနှင့် ဇွတ်အတင်း မကောင်းကြောင်းပြောဆိုနေကြခြင်းထက် ကာလာမ သုတ် ပါ ဘုရားဟောကြားတော်မူတဲ့အတိုင်း ကိုယ်တိုင် လက်တွေ့၊ စမ်းသပ်၊ သောက်သုံးပြီးမှ မကောင်းလျင်လဲ ဘယ်အချက်ကတော့ မကောင်းတဲ့အကြောင်း၊ ကောင်းရင်လဲ ဘာလေးတော့ ကောင်းတယ်ဆိုတဲ့အကြောင်း၊ ဘယ်လောက်သောက်မိရင် အပြစ်များများလုပ်ဖြစ်တယ်ဆိုတဲ့အကြောင်း၊ အစရှိသဖြင့်ပေါ့လေ.. စာတမ်းတစ်စောင် ပြုစုစေလိုတာပဲ။

      ခုများတော့.. ငယ်ဖြူဆရာတော်ကြီးက မိန်းမတွေမကောင်းကြောင်းပြောနေရင်းနဲ့ သူတို့ကပ်တဲ့ ဆွမ်းဟင်းလေးတွေမှ တယ်စားကောင်းသကိုးလို့ ပြောသလိုဖြစ်နေပါကြောင်း…

      (တော်သေးဘီ)

      • kai

        December 6, 2011 at 2:15 am

        ဒီမန့်တာလေးအတွက်.. သာဓုပါဗျာ..။
        တကယ်တော့.. အရက်ကို မကောင်းကြောင်းပြောနေသူတွေက.. မသောက်ဖူးသူတွေများပါတယ်..။ အမူးလွန်လာရင်.. မိန်းမတွေစော်ကားတယ်ဆိုပြီး မြန်မာ(မြန်မာ)ရုပ်ရှင်..စာအုပ်တွေထဲ လုပ်သေးတယ်..။ တကယ်..မူးလာရင်..ကာမစိတ်မရှိတော့ဘူးဆိုတာလည်း မသိ..။ စွတ်တင်နေကြတယ်ပဲ မှတ်ပါတယ်..။

        နောက်တခုက.. ဘုရားရှင်သက်တော်ထင်ရှားလက်ထက်က.. အမူးသမားတယောက်ဟာ.. တရားနာတော့ ..မူးရင်းတန်းလန်းကပဲ.. ရဟန္တာဖြစ်တာလည်းရှိသေးတယ်..။
        လော့ဂျစ်ချရင်.. ဂေါတမဗုဒ္ဓက.. အရက်ကို တစက်တောင်မသောက်နဲ့လို့.. မတားမြစ်တာသေချာပါတယ်..။
        “ယစ်မူးစေတဲ့အလုပ်တွေမှာ သတိမေ့လျော့စေတဲ့အထိ သုံးဆောင်မှီဝဲမှုကို မပြုအပ်ဖူးလို့ပဲ.. ဆုံးမမှာသေချာပါတယ်..။

        ဆိုတော့.. ကျုပ်ကအရက်သောက်ဖို့.. တိုုက်တွန်းနေတာလား မေးရင်.. ဟုတ်တယ် ပြောရမှာပဲ..။
        ကမ္ဘာ့တိုးတက်တဲ့ နိုင်ငံတွေအားလုံး အရက်ကို ဘာသာရေးအရ.. မတားမြစ်ထားတဲ့ နိုင်ငံတွေဖြစ်တယ်..။ မိန်းမရော ယောက်ျားပါ..အရက်သောက်ကြတယ်..။ အလွန်အကျွံမဖြစ်ဖို့ကို.. ဥပဒေနဲ့ထိန်းထားပေးတယ်..။
        မြန်မာပြည်က လုပ်ရမှာက. အလွန်အကျွံမဖြစ်အောင်နဲ့..အသက်မပြည့်ပဲ မသောက်ကြဖို့.. ပါးစပ်ကပြောဟော…တရားချနေရမှာမဟုတ်..
        .. ဥပဒေပြုပေးလိုက်ဖို့ပဲ…။
        အရက်ကို.. အရက်လို့မမြင်သူများတဲ့ နိုင်ငံမှာ.. ဒါကအင်မတန်အရေးတကြီးလိုနေတယ် ထင်မိတယ်..။

        • ကြောင်ကြီး

          December 6, 2011 at 12:06 pm

          ဒါးရှရင် နားတယ်ဆိုတာ သိဖို့ ကိုယ့်လက်ကို ဒါးနဲ့လှီးကြည့်မှ ဖြစ်နိုင်မှာလားကွယ်။ အကုသိုလ်၊ ကုသိုလ်၊ အကောင်း အဆိုးဆိုတာကို ကိလေသာဆိုတဲ့ ပညာအမြင်နဲ့ သိနိုင်ရင် လက်တွေ့စမ်းဖို့ မလိုပါဘူး။ တဘဝ တနပ်စာ သမားတွေသာ ကိုယ်နဲ့တန်းညှိပြီး ပြောတဲ့စကားတွေပါ။ ဘာသာရေးဘက်ကပြောရရင် သံသရာမှာ လောကီခံစားမှုဆိုတာ မလုပ်ခဲ့ဘူးတာ မရှိလို့ လက်ရှိဘဝမှာ မလုပ်ရလည်း သိနိုင်ကြပါတယ်။ လက်ရှိဘဝနဲ့ ဝေးတာနဲ့ နီးတာပဲကွယ်မယ်။ နီးရင် ချက်ခြင်း သဘောပေါက်တယ်၊ ဝေးရင် တော်တော်နဲ့ နားမလည်ဘူး။ ဥပမာပေးပါဆိုရင် တချို့လူများ စာပေ၊ ဂီတ၊ သိပ္ပံ၊ ဝိဇ္ဇာပညာရပ်များ အလွယ်နဲ့ သဘောပေါက်တယ်၊ ငယ်စဉ်ကထဲက တတ်နေသူ ပါရမီရှင်များ နယ်ပယ်တိုင်းမှာ အထင်အရှားရှိတယ်။ ထုံလွန်းသူများကြတော့လည်း တမျိုးတဆွေလုံး တတ်သိလိမ်မာတောင် ဘာမှမတတ်ဘူး။ တချို့ကြတော့လည်း သိပ္ပံပညာတော်တော်လိုက်တာ၊ အားကစားကြတော့ ဘာတခုမှ မရဘူး၊ တချို့ကြတော့ ပါရဂူဘွဲ့ရတယ်၊ အနုပညာနဲ့ လားလားမျှ မရင်းနှီးဘူး….။ ဒီတော့ လက်တွေ့ လက်တွေ့နဲ့ သိပ်အဟုတ် မထင်ပါနဲ့ကွယ်။ ဦးကြောင်ကြီး ငယ်စဉ်က လက်ဝဲစာပေတွေဖတ်ပြီး ဒီလိုပဲ တွေးခဲ့ပြောခဲ့တယ်။ လူအများရွတ်တဲ့ သံဗုဒ္ဓေဂါထာနာမည်ကို ပြောင်းပြန်ရွတ် ဟာသလုပ်ခဲ့တယ်။ တကယ် ဘေးနဲ့ကြုံလာတော့မှ အားကိုးရာ ရှာရကောင်းမှန်းသိဒယ်….။ မောင်ရင်ရှုံးလည်း နာမည်သာ ရှုံးပါစေ၊ ကံရှုံးအောင် မလုပ်မိပါစေနဲ့…။ သဂျီးကတော့ ဘယ်လိုကယ်ကယ် မရတော့ဘူး၊ ရင့်မှည့်ပုပ်ဟောင်နေပြီ၊ အဝီစိငရဲမှာ ကြာကြာမခံရအောင်သာ ဝိုင်းဆွဲတင်ပေးနေရဒယ်…..။ 😆

      • koyinmaung

        December 6, 2011 at 5:24 pm

        အောင်မလေး…ကိုလူရှုံးရေခင်ဗျားနဲ့တွေ့မှ
        ယင်ကောင်ဖစ်ရတယ်လို့…တော်တော်ဆိုးတဲ့လူဆိုး

  • TTNU

    December 4, 2011 at 11:04 pm

    မကောင်းဘူး၊ မလုပ်ရဘူး၊လို့ ပြောရင် လူဆိုတဲ့ သတ္တဝါကပိုလုပ်ချင်တတ်တယ်တဲ့။
    သူများပြောတာ နားမထောင်ချင်ရင် ကိုယ့်ဖာသာ စဉ်းစားသင့်တယ်။
    ဘာသာရေးအရ ၊ အနည်းဆုံး ငါးပါးသီလအရ သုရာမေရယ မဇ္ဇပ္ပမာဒဋ္ဌာနာ ဝေရမဏိသိက္ခာပဒံ
    သမာဒိယာမိ ကို ကျင့်သုံးနှိုင်သလား။ မကျင့်သုံးနှိုင်ရင်လည်း ကိစ္စမရှိပါဘူး။ ကိစ္စရှိတာက
    အရက်သမားအမှားတစ်ထောင် ဖြစ်သွားခြင်းပါ။
    ဘုန်းကြီးတွေကတော့ လူကလေးတို့လိုက်နာသည်ဖြစ်စေ မလိုက်နာသည်ဖြစ်စေ ဟောနေမှာပဲ။
    မြတ်စွာဘုရားကလည်းဟောကြားတော်မူခဲ့တာပဲ၊ ကိုယ်တိုင်သိ၍ မှန်စွာကျင့်ကြပါတဲ့။
    ကိုယ်တိုင် မသိသေးတဲ့ အရွယ်မှာ ဆရာ့ဆရာများ ကျမ်းကိုး အမျိုးမျိုး ( Varieties of links)
    နဲ့ အထက်ကမန်းခဲ့ကြသလို ဆိုရင် … ဟုတ်နိုးနိုး ထင်စရာပါပဲ။
    ဆိုတော့…. (သောက်ချင်စိတ်များသူက သောက်တယ်ကွာ ..ဘဒူ့ ဂရုစိုက်လို့…) ဖြစ်လာနှိုင်သလို၊
    (နည်းနည်းလောက်သောက်မှ ငါဟဲ့ယောင်္ကျားဖြစ်မှာပါလား ထင်လို့ ၊လက်တစ်လုံးထဲပါ) ဆိုတဲ့သူလည်းရှိနှိုင်တာပဲ။
    (တကယ်တော့.. အရက်ကို အလွန်အကျွံမသောက်ပဲ.. သင့်သင့်ယုံသောက်ရင် ဘာမှမဖြစ်ပါဘူး..။
    မဖြစ်ယုံမက.. ကောင်းတာတွေ မရေမတွက်နိုင်အောင် ဖြစ်စေတာပါ..။)
    နာမည်ကြီးမန ္တလေးဂေဇက်က အုပ်ချုပ်သူ ဟိုလူခပ်ချောချော အသားဖြုဖြူ အမေရိက ကိုခါးစောင်းတင်
    အင်တာနက်လင့်တွေ ကြိုသောက်ထားတဲ့ ပုဂ္ဂိုလ်ပြောတာ Plausible, Logical, and Reasonable
    ဖြစ်တယ်ဟေ့၊ ဆွဲလိုက်ကြစို့ နည်းနည်းပါးပါး ဆိုတာလေးတွေလည်း ပေါ်ပေါက်လာနှိုင်တာပဲ။
    ကဲ… ကဲ… ချုံပတ်မရိုက်တော့ပါဘူး။ လိုရင်းပြောချင်တာကတော့ ဘာမဆို…
    “Use your loaf!!!”

  • True Answer

    December 5, 2011 at 7:54 am

    သေအရက် ကို တစ်စက်ကယ်မျှ မသောက်ကြလျှင်
    ရှင်တော်ဟောသည့် အဆိပ်ရည်။
    (ရှင်မဟာရဌသာရ)

  • True Answer

    December 5, 2011 at 7:55 am

    သေအရက် ကို တစ်စက်ကယ်မျှ မသောက်ကြနဲ့။
    ရှင်တော်ဟောသည့် အဆိပ်ရည်။
    (ရှင်မဟာရဌသာရ)

  • aye.kk

    December 5, 2011 at 8:44 am

    တန်ဘိုးရှိတဲ့အချိန်တွေကို..
    အရက်သောက်ခြင်းဖြင့်..
    ဖျက်ဆီးပစ်ပါက..လူပျင်းဖြစ်မှာဧကန်မလွဲပင်..။

  • aye.kk

    December 5, 2011 at 8:53 am

    ပျင်းနှင့်ဖျင်းပြင်ဖတ်ကြပါကုန်..။

  • အကြံပေးချင်တာလေးတစ်ခုကတော့ သူများဘာသာမှာ ညွှန်းဆိုပြထားတဲ့ ဥပမာတွေ ပုံပြင်တွေ
    ပုံတူကူးပြီး တရားမပြတာ အကောင်းဆုံးပါ။

    • whowho

      December 6, 2011 at 10:48 am

      ဟုတ်ကဲ့။ သူများဘာသာမှာပြထားတာကိုကူးတာလည်းမဟုတ်ပါ။ ကျနော်ကြားဖူးထားတာလေး နဲ့ အမြင်နဲ့ ယှဉ်ပြီး တွေးမိတာလေးချရေးလိုက်တာပါပဲ။ အဲဒီအတွက် သတိလေးနည်းနည်းရှိသွား သွားဆိုပြီး ရေးဖြစ်လိုက်တာပါ။ ဒါပေမယ့်ကျနော်ထင်ပါတယ်။ တကယ့်အရက်သမားကတော့ ဘုရားရှေ့မှာ ခြေဆုံရပ်လို့ ဟောပါသော်လည်း ဒီဇောကို ငါမဖြတ်နိုင်ဘူးဆိုတဲ့ အတိုင်းပဲဖြစ်မှာ ပါ။ ဒါကြောင့် ကိုယ့်အခြေခံ အခံအတိုင်းပဲ တွေးခေါ်လက်ခံကြမယ်ဆိုတာလေး။

  • kai

    December 5, 2011 at 9:38 am

    တကယ်တော့ ဒီကိစ္စ..တော်တော်လေးရေးခဲ့ဖူးပြီးသားပါ..။
    သုရာမေရယ မဇ္ဇပမာဒဋ္ဌာနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။
    “ယစ်မူးစေတဲ့အလုပ်တွေမှာ သတိမေ့လျော့စေတဲ့အထိ သုံးဆောင်မှီဝဲမှုကို မပြုအပ်ခြင်း” လို့ဖွင့်တာကို..
    ရုံးက.. တခြားဘာသာကိုးကွယ်သူ..လူမျိုးခြားတွေကို ရှင်းပြတော့.. ကြိုက်ကြတယ်..။ ပြန်ဆွေးနွေးတယ်.။ သဘောတူတယ်…။
    လက်တွေ့ကျပြီး.. ဗုဒ္ဓဘာသာကို လူမျိုးမရွေးဘာသာမရွေးစိတ်ဝင်စားသွားစေတဲ့.. ဖွင့်ဆိုချက်ဖြစ်တယ် ထင်မိတယ်..။ ဆိုတော့.. တရားဂုဏ်တော်နဲ့.. ပြည့်စုံတဲ့..တရားဖြစ်သွားတာပေါ့..။

    နိုင်ငံတကာမှာနေတဲ့.. မြန်မာတွေ.. တခြားဗုဒ္ဓဘာသာဝင်မဟုတ်သူတွေနဲ့.. စကားစပ်တိုင်ပင်ကြည့်ကြစေချင်တယ်..။
    တရားတွေကို.. ဒီလို.. ကမ္ဘာရွာခေတ်မှာ.. ကမ္ဘာတန်းနဲ့.. မှတ်ကျောက်တင် စစ်ကြည့်ကြစေချင်တယ်..။
    လာတော့မယ့် နိုင်ငံတော်သစ်အတွက်.. ရှေးစွန်းစွဲတွေ လွှတ်ချပြီး… ခေတ်နဲ့အတူ… အဆင်သင့်ပြင်ကြစေချင်တယ်..။

    ပြန်ညွှန်းလိုက်ပါကြောင်း..
    http://myanmargazette.net/78589/atheism-agnosticism-buddhism-christianity-hinduism-islam-judaism-new-age-pagan-earth-based-religions-religious-concepts-self-help-spirituality-wicca-witchcraft-religion-spiritualit/buddhist-buddhism-asia-theravada-mahayana-zen

    • koyinmaung

      December 5, 2011 at 5:45 pm

      မဟာယာနဗုဒ္ဓဘာသာရှင်တော်ဘုရာကတော့ကောင်းကင်မှာရှိတဲ့
      နိဗ္ဗာန်ဘုံမှာအဖျော်ယမကာတွေနဲ့သုံးဆောင်နေတာ
      ဝူခုံးမျောက်ကားထဲမှာတွေ့ဘူးလိုက်တယ်ထင်တယ်…..

  • whowho

    December 5, 2011 at 9:47 am

    ကျနော်အဓိကသိလိုတာက စိတ် ပိုင်းဆိုင်ရာနဲ့ အသိဉာဏ်ပိုင်းဆိုင်ရာအပေါ် ဘယ်လို အကျိုးသက်ရောက်စေပါသလဲဆိုတာလေး ပြောပြပေးပါဦး။ ဖြစ်နိုင်ရင် သူများတိုင်းတာထားတာထက် ကိုယ်တွေ့တိုင်းတာတွေ့ရှိချက်လေးကို ပြန်မျှစေချင်ပါတယ်။ဥပမာပြောရရင် အရက်မသောက်ခင်ကစိတ်အခြေအနေနဲ့ သောက်ပြီးဖြစ်လာတဲ့စိတ်အခြေအနေလေး ဘယ်လိုပုံပြောင်းသွားသလဲဆို တာရယ်။ ကောင်းကျိုးဖြစ်တယ်ဆိုရင်လည်း ဘယ်လို ကောင်းတဲ့အလုပ်တွေကို အဲဒီအရက်ဝင်သွားပြီးမှ လုပ်ဖြစ်သွား တယ်ဆိုတာလေးပေါ့။ စိတ်ကလေးတွေပို နူ့ညံ့လာသလား။ ပိုရိုင်းစိုင်းသွားသလား။ နောက် သတိလေးတွေ တိုးလာသ လား ။ လျော့သွားသလား။ ပိုပြီး စိတ်ကောင်းဝင်လာသလား…..စသဖြင့်ပေါ့ဗျာ။ အကောင်း အဆိုးတွေကို ကိုယ်တွေ့အနေ နဲ့ ဝေဖန်စမ်းစစ်ပေးလို့ ပြန်လည်ဖောက်သည်ချပေးစေလိုပါကြောင်း….။

  • whowho

    December 5, 2011 at 9:49 am

    ကျနော်တင်ရတဲ့ပိုစ့်ရဲ့ ရည်ရွယ်ချက်ကတော့ ဗုဒ္ဓဘာသာအမည်ခံပုဂ္ဂိုလ်များနှင့် အရက်သေစာသောက်စားမူးယစ် ရမ်းကားနေခြင်းကိစ္စကို ဆက်စပ်ကြည့်လို့ မရဖြစ်နေရတာလေး ခံစားမိလို့ပါပဲ။ အဲဒါလေးများ ဆက်စပ်ပြနိုင်မယ်ဆိုရင် ရှင်းပြပေးကြပါဦး။ ဘာသာတိုင်းမှာ ဆိုင်ရာဆိုင်ရာ အဆုံးအမတွေ ရှိနေပါတယ်။ ဘာသာမဲ့မဟုတ်သရွေ့ကတော့ အဆုံးအမအောက်မှာ နေရတဲ့ ဘဝတွေလို့ မြင်မိတယ်လေ။ ဗုဒ္ဓဘာသာဝင်တိုင်းသည် ဗုဒ္ဓအဆုံးအမတရားတွေကို ခံယူသူ တွေပဲဖြစ်ရမှာပေါ့နော်။ ဒါပေမယ့် ခက်တာက…..။
    “ဗုဒ္ဓဆုံးမ မေ့မထားနှင့်
    ဆုံးမတိုင်းသာ ကျင့်ကြံပါက
    ဘယ်မှာ နိဗ္ဗာန်ဝေးမည်နည်း”

  • chityimhtoo

    December 5, 2011 at 10:28 am

    အရက်သောက်တာမကောင်းတာလူတိုင်းသိတယ် …ဒါပေမဲ့တော်တော်များများသောက်နေကျတယ်။တရားပွဲမြောက်များစွာသွားကျတယ် လူတွေတရားမရကျဘူး။ဟောကြားတဲ့ဆရာတော်တွေကလည်းအရက်သောက်တာမကောင်းကြောင်း
    အမြဲလိုလိုဟောကြားတယ်။ဒါပေမဲ့ ကိုယ်တိုင်ကျင့်ကြံမှူ့မရှိဘဲဟောကြားသောတရားနဲ့ မိမိကိုယ်တိုင်
    ကျင့်ကြံမှူ့မရှိဘဲ နာသောတရားပွဲများကြောင့် ဗုဒ္ဓမြတ်စွာဘုရား၏တရားတော်များအချည်းအနှီးဖြစ်ကုန်၏။
    ဗုဒ္ဓဟောကြားသော ပိဋိကတ်သုံးပုံကိုပင် အာဂုံဆောင်စရာမလို စီဒီပေါ်ရောက်ပြီဟုပင်ဆရာတော်ဦးကောသလာပင်ပြောကြားကုန်ပီ။

    • whowho

      December 5, 2011 at 10:37 am

      ထောင်နိုင်တဲ့နားနဲ့ နာယူနိုင်ကြလို့ အမြင်မှန်မျက်လုံးများ ပွင့်နိုင်ပြီး သူများပြောမဟုတ်ပဲ ကိုယ်တိုင်လက်တွေ့ ကျင့်ကြံပွားများနိုင်ကြကာ မိမိဉာဏ်က မိမိကို ပြန်လည်ဆုံးမနိုင်လို့ ငါးပါးသီလကို အသက်ထက်ဆုံးဆောက်တည်နိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ရပါတော့တယ်။

  • ကြောင်ကြီး

    December 5, 2011 at 10:38 am

    ဟုတ်တယ် သဂျီးရေ…
    သတ္တဝါဆိုတာ လူချွတ်မှ ကျွတ်တာ သတ်သတ်…. တိရစာ္ဆန်မှာ အသိညဏ် ခံစားချက် မရှိဘူး။ ဝက်ဝံအမေကြီး သူ့သားသမီးတွေကို ကာကွယ်စောင့်ရှောက်တာ မိခင်မေတ္တာကြောင့် မဟုတ်ဘူး၊ ပျင်းလို့ လုပ်နေတာ။ နေမကောင်းလို့ ခရီးဆက်မသွားနိုင်တဲ့ ဆင်ကို ကျန်ဆင်အုပ်စု တစုလုံးက စောင့်ပေးနေတာ၊ တွဲခေါ်ဖို့ ကြိုးစားတာတွေက သိလို့မဟုတ်ဘူး၊ လုပ်မိလုပ်ရာ လုပ်နေတာ။ ခွေးမကြီး သားပေါက်လေးတွေကို ရန်ပြုလာမဲ့သူကို ပြန်လည်တိုက်ခိုက်တာ ငါပိုင်တဲ့ဟာတွေဆိုတဲ့ အသိစိတ်ကြောင့် မဟုတ်ဘူး၊ သူစိတ်ပေါက်လို့ ကိုက်မိကိုက်ရာ ကိုက်တာ။။။။

    အရက်လည်း မလွန်မကျွံရင် အပြစ်မရှိဘူး။ အကျင့်မရှိသူအတွက် အရက်၊ ဆေး သုံးခြင်းသည် စိတ်လွတ်သွားစေလို့ အပြစ်ဖြစ်ပေမဲ့ အကျင့်ရှိသူအတွက်ကတော့ သုံးရမှ စိတ်မလွတ်မှာမိုလို့ အကုသိုလ် မဖြစ်ဘူး။ မသောက်ရရင် စိတ်ကလေးက ဟိုရောက်လိုက် ဒီရောက်လိုက်နဲ့ နေရင်းထိုင်ရင်း အကုသိုလ် ဖြစ်တယ်။ ပြောသာ ပြောရတာ ကုသိုလ် အကုသိုလ်ဆိုတာ အလကား၊ သေရင် ပြီးသွားတာပဲ။ ဒါကြောင့်မို့ စိတ်ပြောင်းတာ မပြောင်းတာ ကိစ္စမရှိဘူး။ ဘုရားဆိုတာလည်း လူသာမန်ထက် မပိုဘူး။ (သူတောင် သောက်ချင်သောက်မှာ) သူနည်းနည်း ပြောခဲ့တာကို နှောင်းလူများ ချဲ့ကားပြီး အပိုဆာဒါး လျောက်ပြောတယ်။ ဂျပန် ဇိမ်ဘုန်းကြီးတွေဆို ဘယ်လောက် မှန်သလဲ။ မိန်းမယူ၊ အရက်သောက်၊ စီးပွားရှာ အကုန်လုပ်နိုင်လို့ လူ့သဘာဝနဲ့ ကိုက်ညီတယ်၊ အဲဒါမှ သသာဝ သစ္စာထိုက်တယ်။
    မုသာဝါဒလည်း ……
    အဒိန္နာဒါနာလည်း….
    ကာမေသုလည်း….
    အဲသလို ဆိုချင်တာ မဟုတ်လား အဓမ္မရုပ်ဝါဒီ သာသနာဖျက် မိစာ္ဆဒိဠိ အကုသိုလ် ငရဲဝါဒီ သဂျီး….. ဝိုင်းလှီးဂျကွာ.. ဒီလောက်တောင် ထူနေမှဒေါ့ သနားစရာ မရှိဘူး။။။။။။ 😡

  • kyawtheinmyint 23

    December 5, 2011 at 11:50 am

    စိတ်ညစ်လို့၊ပျော်လို့၊ကြိုက်လို့သောက် သောက်ရင်းကြိုက်ရာကနေစွဲ အဲဒါအရက်ပဲ။

  • fatty

    December 5, 2011 at 8:21 pm

    ကျနော်အရွယ်ကောင်းတုန်းက ဒရိမ်းဒရိမ်နဲ့ သိုင်းကွက်ကိုလမ်းအပြည့်နင်းပြီးပြန်ခဲ့ရတဲ့ရက်တွေမနဲတော့ပါဘူး။
    လမ်းလယ်မှာမှောက်ရက်လဲနေလို့အိမ်ကလာ မ ရတဲ့အကြိမ်လဲ မနဲမနောပါ။
    အခုမသောက်တော့ဘူးဆိုမှ သူများတွေအဲလိုဖြစ်လာရင် ဘယ်လောက်သိက္ခာမဲ့ရသလဲဆိုတာ
    သိရပါတယ် ..။ ဒါကြောင့် …. ထိမ်းထိမ်းသိမ်းသိမ်းလုပ်ကြပါကုန်။

  • ကိုရင်စည်သူ

    December 5, 2011 at 8:40 pm

    ကိုရင်စည်…ယခင်က အရက်ကို လွန်စွာသောက်ခဲ့ပါ၏
    အလုပ်ပင်ပန်းလွန်းကြောင့် ၎င်း
    အသဲကွဲသောကြောင့် ၎င်း
    စိတ်ဓါတ်ကျလွန်းသောကြောင့် ၎င်း
    စီးပွားပျက်လို့ ၎င်း….
    အထီးကျန်ဆန်လွန်လို့ ၎င်း
    …………….
    ……………..
    ၎င်းများစွာဖြင့် အရက်၊ ဘီယာသောက်ခဲ့ပါတယ်..
    ထို့ကြောင့် ကိုရင်က အရင်က အရက်သမားပါ။
    ဘာလုပ်လုပ် အစွန်းမရောက်ပဲ အသိ၊ သတိကပ်ပါ။

  • whowho

    December 6, 2011 at 10:23 am

    အားလုံးကိုကျေးဇူးတင်ပါတယ်ဗျာ။ ကျနော်ရဲ့ သွားရင်းလာရင်းတွေးမိတာလေးပြန်တင်မိတဲ့အပေါ် ခုလို အင်တိုက်အားတိုက် မန်းလိုက်ကြတာဆိုတော့ ခုတော့သိသွားပြီ အားလုံးအကြောင်းလေး။

  • nayminn

    December 6, 2011 at 10:35 am

    သောက်တဲ့လူ ရှိလို့ရောင်းတာလား ရောင်းတဲ့လူရှိလို့ သောက်တာလား…။
    သောက်တဲ့လူတွေဖြတ်လို့မရတော့ရင် အရက်ချက်စက်ရုံတွေပဲဖြတ်ပြစ်ရမယ်..။

    • whowho

      December 6, 2011 at 10:55 am

      အဓိကကတော့ ကိုယ်လုပ်နေတဲ့အလုပ်သည် အတ္တ၊ ပရ နှစ်ဖြာ အကျိုးရှိစေမှာလားဆိုတာလေး ကိုယ်တိုင်သာ စမ်းစစ်နိုင်လို့ ကိုယ်တိုင်သာ အမှတ်ပေးလို့ ကိုယ်တိုင်ပဲ အောင်စာရင်းထုတ်ကြပါ လို့ ပြောချင်ပါတယ်။ ကိုယ်လုပ်နေတဲ့အလုပ်ကို အမှန်မြင်နိုင်ကြပါစေ။

  • twotwo70

    December 6, 2011 at 6:51 pm

    စိတ်ညစ်လို့အရက်ကိုသောက်တယ်
    အရက်သောက်လို့စိတ်တွေညစ်တယ်
    အရက်မကောက်းကြောင်းမပြောပါနဲ့
    ကောင်းကြောင်းတွေလည်းရှိကြောင်းပါ..
    အရက်သောက်ာပြီးမှ ကောင်းမကောင်းဝေဖန်ပါ
    သူများမကောင်းတိုင်း မကောင်းဘူးလို့မပြောစေချင်ပါ..

Leave a Reply