Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ဒါ ငါ့ အိမ်

black chawDecember 6, 20111min79535

(၁)
အိမ်ဆိုတာ သစ်ကိုင်းလေးတကိုင်းဘဲ ဖြစ်ချင်ဖြစ်မယ် (ငှက်တွေအတွက်ဆိုရင်ပေါ့)
ရေစပ်ကချုံလေးဖြစ်ချင်ဖြစ်မယ် (ငါးလေးတွေအတွက်ပေါ့)
တောထဲကမြေတွင်းတတွင်းလဲဖြစ်ချင်ဖြစ်မယ်(ယုန်လေးတကောင်အတွက်ပေါ့)
တခြား တယောက်အတွက် အသေးအဖွဲ ဖြစ်ချင်လဲဖြစ်နေပါ လိမ့်မယ်။
အဲသည် သက်ဆိုင်သူအတွက်တော့ အရမ်းအရေးကြီးတဲ့ “နေရာ” လေးပါ။
နန်းတော်လို့ခေါ် ခေါ်၊ တဲ လို့ခေါ်ခေါ်၊ ရဲတိုက်လို့ခေါ်ခေါ်၊ အခန်းငယ်လေးတခုခုဘဲဖြစ်ဖြစ်အားလုံးဟာ
အဲဒီ ပိုင်ဆိုင်ရသူအတွက် သူပိုင် ပိုင်နက်နယ်မြေလေးလိုပါတယ်။
“ဒါ ငါ့အိမ် ” လို့ ရွတ်ကြည့်လိုက်ပါ။
စိတ်ထဲမှာ မိတ်ဆွေနွေးထွေးသွားပါလိမ့်မယ်.။
(၂)
ဆတ်ကနဲ လန့်နိုးသည်။ ဆောင်းတွင်းကြီးမှာ ချွေးတွေစိုရွှဲလျက်။ ထထိုင်မိလျက်သားကြီး ဖြစ်နေသည်။ တိုင်ကပ်နာရီကိုကြည့်လိုက်တော့ မနက် ၁ နာရီထိုးတော့မည်။ မိန်းမပါ လန့်နိုးသွားသည်ထင်သည်။ စိုးရိမ်တကြီး နှင့် မေးရှာသည်။
“ အိပ်မက်ဆိုးတွေ မက်ပြန်ပြီလား “
ခေါင်းညိမ့်ပြမိသည် ထင်ပါသည်။ မိန်းမက သောက်ရေတစ်ခွက် တိုက်သည်။ အဆင်ပြေသွားမှာပါ ဆိုသော အဓိပ္ပါယ်မျိုးကို ခံစားရသည်။ မနက်မိုးလင်းသွားမှာကို ကြောက်နေမိပါသည်။ အိပ်ယာထဲပြန်လှဲလိုက်ရင်း မနက်ဖြန်အတွက် ပူသော စိတ်က ပိုပို ပူလောင်လာနေသည်ဟု ထင်မိသည်။ လူက အိပ်ယာထက် လှဲနေသော်လည်း အတွေးတွေက ယောက်ယက်ခတ်လျက်။
(၃)
ကျွန်တော် တို့ လင်မယား အိမ်ထောင်ကျစက နေစရာအိမ်မရှိပါ။ တိုက်ခန်းလေးတစ်ခန်းကို နှစ်ချုပ်ဖြင့် ငှားရမ်းနေထိုင်ခြင်း ဖြင့် လူနှစ်ယောက်ဘဝတစ်ခုကို အစပြုခဲ့ရပါ၏။ လင်မယားနှစ်ယောက်စလုံးက ကုမ္ပဏီ ဝန်ထမ်းငယ်များဖြစ်သဖြင့် လစာ သိတ်အကောင်းကြီး မဟုတ်ပါ။ တစ်လတစ်လ အလျင်မီယုံသာ ရှိပါ၏။ ထိုအခြေအနေမျိုးတွင် ငှားနေသော တိုက်ခန်းကလေးက စာချုပ်ပြည့်သည့် အချိန်ကိုရောက်လာခဲ့ပါသည်။ တိုက်ခန်းပိုင်ရှင်က မနေ့ကလာပြောသွားပါသည်။ စာချုပ်ပြည့်သည့်နေ့တွင် စာချုပ်အသစ်လာချုပ်မည် ဆိုပါ၏။ ရွေးခြယ်စရာမရှိပါ။ စာချုပ်မချုပ်လျှင် အိမ်မှ ဆင်းပေးဟု မပြောရုံသာ ရှိပါ၏။ ထိုအချိန်က ခံစားချက်လေးကို အခုပြန်တွေးမိတော့ ကျွန်တော်တို့ လင်မယား ဖြတ်သန်းခဲ့သည်များအတွက် အံ့ဩတကြီးဖြစ်ရပါသည်။ တော်တော် ကြမ်းတမ်းခဲ့သော အတိတ်တစ်ခုပါလားဟု တွေးရင်းစိတ်မကောင်းလည်းဖြစ်မိပါသည်။မနက်ဖြန်တွင် စာချုပ်ပြည့်ပြီဖြစ်သော တိုက်ခန်းတစ်ခန်းတွင် နေထိုင်နေသော ကျွန်တော်တို့လင်မယား၏ ခါးသီးသော အတိတ်ကို သတိတရ ပြန်ရေးဖြစ်ပါသည်။ ထိုအချိန်က လိုချင်တဲ့ ဆန္ဒတစ်ခုကို ပြောပါ ဆိုလျှင် အိမ် လိုချင်တယ် ဟု မဆိုင်းမတွ ပြောမိမှာ သေချာပါသည်။

(၄)
ကျွန်တော်တို့ နှစ်ယောက်အတွက် နားခိုရာ အိမ်လေး တစ်လုံးလိုချင်ပါသည်။ ဒီလို ဖီလင်မျိုး တစ်ချို့ အိမ်ထောင်ထူထောင်စ လင်မယားတွေ ခံစားဘူးကြမည်ဟုထင်ပါသည်။ မည်သို့ပင်ဆိုစေကာမူ ထိုအချိန်က ကျွန်တော်တို့ ထိုအခန်းကလေးကို မဖြစ်ဖြစ်အောင် စာချုပ်ချုပ်နိုင်ခဲ့ပါသည်။ ကျွန်တော်တို့လိုပင် ခက်ခဲသော အတိတ်ကို ဖြတ်သန်းခဲ့ဘူးသူ များရှိကြမည်ဟု ထင်ပါသည်။ ထိုအထင်မှန်ကြောင်းကို အငဲ၏ သီချင်းတစ်ပုဒ်က သက်သေခံနေပါသည်။ သီချင်းနာမည်လေးက ရိုးရိုးလေးပါ။ အိမ် တဲ့။ စာသားလေးတွေကို အရင်ဖတ်ကြည့်ကြပါ။

“ ခုတလောမှာ ငါမက်တဲ့ အိပ်မက်တွေ အရမ်းထူးဆန်းတယ်
မျက်ခင်းနဲ့ ခြံဝန်းနဲ့ အိမ်လေးကို တို့ နှစ်ယောက် ပိုင်သတဲ့
ပိုက်ဆံလေးတွေ ဆုချင်တယ်။ လကုန်တိုင်း ဆုတောင်းဆဲကွယ်။
တို့ နှစ်ယောက်အတွက် အိမ်လိုချင်တယ် “
“ မနက်ဖြန် ဒီအခန်းက နေခဲ့တာ စာချုပ်ပြည့်တော့မယ်။
လက်ထဲမှာ ဘယ်မလဲငွေ ထပ်ငှားဖို့ စဉ်းစားတာလည်း…..
စိတ်ညစ်လည်းဘာထူးမှာလဲ အသက်တွေကသာ ကြီးခဲ့တယ်
တို့ နှစ်ယောက်အတွက် အိမ်ဘယ်မှာလဲ “
CHO : အကောင်းဆုံး နားခိုဘို့ အတွက် နေရာလေးလိုချင်မိတယ်
တစ်နေ့တော့ တို့ နှစ်ယောက်လုံးအတွက် လုံခြုံတဲ့အိမ်လိုချင်တယ်…..
တစ်နေ့တော့တစ်နေ့ပေါ့ ဘယ်တော့လဲ မမေးလိုက်နဲ့ကွယ်
ဘယ်တော့မှ မဖြစ်လာတော့ဘူးလို့ အားမလျှော့ပါနဲ့
လိုက်လေဝေးလေပြေးနေဆဲ တို့အိပ်မက်တွေ ဝိုးတဝါးရယ်
တို့ နှစ်ယောက်အတွက် အိမ်လိုချင်တယ်
CHO : အကောင်းဆုံး နားခိုဘို့အတွက် နေရာလေးလိုချင်မိတယ်
တစ်နေ့တော့ တို့ နှစ်ယောက်စလုံးအတွက် လုံခြုံတဲ့အိမ်လိုချင်တယ်
အကောင်းဆုံးနားခိုဘို့အတွက် ဒီအချိန်ထိ မျှော်လင့်ဆဲပဲ
တစ်နေ့တော့ အသိုက်အမြုံလေးနဲ့ တည်ငြိမ်စွာနေချင်ပါတယ်
တစ်နေ့တော့ တို့နှစ်ယောက်စလုံးအတွက် လုံခြုံတဲ့အိမ်လိုချင်တယ်
မနက်ဖြန် ဒီအခန်းက နေခဲ့တာ တစ်နှစ်ပြည့်တော့မယ်………………..။
(၅)
အိမ်ဆိုတာ သစ်ကိုင်းလေးတကိုင်းဘဲ ဖြစ်ချင်ဖြစ်မယ် (ငှက်တွေအတွက်ဆိုရင်ပေါ့)
ရေစပ်ကချုံလေးဖြစ်ချင်ဖြစ်မယ် (ငါးလေးတွေအတွက်ပေါ့)
တောထဲကမြေတွင်းတတွင်းလဲဖြစ်ချင်ဖြစ်မယ်(ယုန်လေးတကောင်အတွက်ပေါ့)
တခြား တယောက်အတွက် အသေးအဖွဲ ဖြစ်ချင်လဲဖြစ်နေပါ လိမ့်မယ်။
အဲသည် သက်ဆိုင်သူအတွက်တော့ အရမ်းအရေးကြီးတဲ့ “နေရာ” လေးပါ။
နန်းတော်လို့ခေါ် ခေါ်၊ တဲ လို့ခေါ်ခေါ်၊ ရဲတိုက်လို့ခေါ်ခေါ်၊ အခန်းငယ်လေးတခုခုဘဲဖြစ်ဖြစ်အားလုံးဟာ
အဲဒီ ပိုင်ဆိုင်ရသူအတွက် သူပိုင် ပိုင်နက်နယ်မြေလေးလိုပါတယ်။
“ဒါ ငါ့အိမ် ” လို့ ရွတ်ကြည့်လိုက်ပါ။
စိတ်ထဲမှာ မိတ်ဆွေနွေးထွေးသွားပါလိမ့်မယ်.။

ကျွန်တော် တို့ အားလုံးအတွက် နားခိုဘို့ အိမ်လေးတစ်လုံးစီတော့ လိုပါမည်။ ချက်ခြင်းကြီး မဖြစ်နိုင်လျှင်တောင် ကြိုးစားရင်း ဖြစ်လာပါလိမ့်မည်။
အလွယ်တကူ ရသူလည်း ရှိပါမည်။ ခက်ခက်ခဲခဲ ကြိုးစားရသူလည်း ရှိပါမည်။
သို့သော် ကျွန်တော် တို့ အားလုံးအတွက် နားခိုရာ အိမ်လေးတစ်လုံးတော့ လိုပါသည်။
“ ဒါ ငါ့ အိမ် “ လို့ ပိုင်ပိုင်နိုင်နိုင် ရေရွတ်ကြည့်နိုင်သော နေ့ က သေချာပေါက်ရောက်လာပါလိမ့်မည်။
“ ဒါ ငါ့ အိမ် “

မှတ်ချက်။ ။ အခန်းစဉ် ၁ ပါ စာသားအားလုံးသည် ကိုသစ်မင်း ၏ စာသားများဖြစ်ကြောင်း ဝန်ခံချင်ပါသည်။

(ကျေးဇူးတင်ပါတယ် ကိုသစ်မင်းရေ။)

အငဲ ၏ အိမ် သီချင်းလေးနဲ့ တွဲနားထောင်ကြည့်စေချင်လို့ သီချင်းပါ ထည့်ပေးလိုက်ပါတယ်ခင်ဗျာ။
A Nge’ Ein

35 comments

  • Nishida

    December 6, 2011 at 9:33 am

    အိမ်ပိုင် မရှိတဲ့အတွက် မိန်းမယူမယ့်အစီအစဉ်ကို အကန့်အသတ်မရှိ ရွှေ့ဆိုင်းလိုက်ပါသည်
    (တကယ်က လိုချင်တာ တပိုင်းသေနေပြီ ယူမယ့်လူမရှိလို့ မစွံလို့ မယူရတာ ဟီး….)
    နောက်တာပါဗျာ

    လေးနက်စွာခံစားဖတ်ရှုသွားပါသည်
    ဘဘဘလက်ရေ့

    • ကိုရင်စည်သူ

      December 7, 2011 at 12:21 pm

      နီရှီဒါ.. နင်နဲ့ နာလဲ့ တူနေဘာလား..
      ကျောချစရာ အိမ်ပိုင်လေးတစ်လုံး
      ရန်ကုန်တွင် မရသေးလို့.. အချိန်အကန့်အသတ်
      မရှိ ပင်လယ်ထဲသတင်းသွားသုံးပါတော့မယ်.. (လိုချင်တာလဲ နှစ်ပိုင်းသေးနေပါတယ်.. ဟိ 😆 )
      ကိုဘလက်ချောရေ….
      လေးစားစွာ ဖတ်ရှူ့သွားပါတယ်ဗျာ…

      • inz@ghi

        December 7, 2011 at 12:27 pm

        ယောက္ခမအိမ်မှာနေမယ် ကလေး၃ကောင်မွေးမယ် အကြီးဆုံးသားကို
        အဖွားကို ပေးမယ် ပျော်ပါဒယ် .ဒါဟာနာ့အတွက် သိပ်ပျော်ဒယ် ……

        ပုံ
        ဂျီယမ်လျွီဂီ အင်ဇာဂီ။ စီစီလီယာ အင်ဇာဂီ နှင့် အိန်ဂျယ်လီနာ အင်ဇာဂီ
        တို့၏ မွေးသဖခင်ဂျီး
        ဂိုင်း အင်ဇာဂီ

  • weiwei

    December 6, 2011 at 9:59 am

    house နဲ့ home မတူသလိုမျိုး …
    ငယ်ငယ်တုန်းက home နဲ့နေခဲ့တယ် … အခု house မှာ နေနေတယ် … home ပြန်လိုချင်တယ် …

  • Shwe Tike Soe

    December 6, 2011 at 10:22 am

    တကယ့်ကို အားတတ်စေမယ့် စကားတွေပါလား… ဟုတ်ပါတယ် တစ်နေ.နေ.တော့ တစ်ခုခုပိုင်ဆိုင်ကြမှာပါ..
    အခု ပို.စ်လေးထဲမှာ စာရေးသူခံစားရတဲ့အတိုင် ခံစားမိပါတယ်… အိပ်မက်ဆိုးတွေမက်လို. ဘေးနားက ကြင်သူသက်ထားက ရေတိုက် နှစ်သိမ့်ပေးတဲ့ စာလေးဖက်ရတော့ မိန်းမတောင်အခုပြေးယူချင်စိတ်ပေါက်သွားတယ် 😛 ဟိဟိ မယူရဲလို.သာ…
    တစ်နေ.နေ.တော့ ဒါငါအိမ်လို.ပြောနိုင်မှာပါ…

  • nozomi

    December 6, 2011 at 10:26 am

    အဲဒီ အိမ် ဒုက္ခက မြန်မာပြည်မှာ အခုခေတ် အများစု ရင်ဆိုင်နေရတဲ့ ပြသာနာ ပဲ
    ဂျူး ရဲ့ ရုပ်ရှင်တွေကို ပြန်ရေးတဲ့ ဆောင်းပါးလေးထဲမှာလဲ အိမ် အကြောင်း ရေးထားတာလေး ဖတ်ဖူးတယ် ကိုချော ရေးတဲ့ အတိုင်းပဲ ဖတ်လို့ကောင်းတယ် သရုပ်မှန်တွေ ဆိုတော့ ခံစားလို့လဲကောင်းတယ်
    ဒါ ငါ့အိမ် လို့ ရေရွတ်လိုက်နိုင်တာရဲ့ နောက်မှာ လုံခြုံမှုတစ်ခုကိုခံစားရတာမျိုးတွေ လို ခံစားချက်တွေက အများကြီးပဲ…

  • amatmin

    December 6, 2011 at 10:50 am

    ကျွန်တော်ကတော့ ကိုဓီရာမိုရ် ရဲ့ အိမ်လေး ကို ညွှန်းချင်ပါတယ် ကိုဘလက်ရေ…

    ရံရွေအလယ် ထည်ဝါတယ် ဆင်စွယ်နန်း အိမ်
    ကျူထရံတွေ ကာရံကာ ဓနိမိုး အိမ်
    နှလုံးသားတွေ နွေးထွေး ရင် ဒါဟာလဲ အိမ်

    သူရဲ့အိမ်ကတော့ တဦးနဲ့တဦး အပြန်အလှန် အကြင်နာမျှဝေ ကြတယ်
    ဘာသာ တရားကြောင့် ငြိမ်းချမ်းနေမယ်..ရင်သွေးငယ်ကလေးတွေ အားလုံး ဆည်းလည်းသံ လေးတွေ ရိုက်ခတ်နေကြမယ်..
    လွတ်လပ်ခြင်းတွေ..ငြိမ်းအေးခြင်းတွေ စီးဆင်းနေမယ်..

    အဝေးရောက်နေတဲ့ သူတွေအတွက်လဲ ဒီအိမ်..ကျွန်တော်တို့အတွက်လဲ ဒီအိမ်..
    အားလုံးအတွက် တို့အိမ် လေး ကိုလိုချင်တယ်ဗျာ..
    ကျွန်တော် မြင်တာတော့ အဲဒီလိုအိမ်မျိုး ကျွန်တော် တို့ နိုင်ငံ မှာ ဖြစ်လာတော့ မယ်လို့မျှော်လင့်တာပဲဗျာ.

    • rhyme

      December 6, 2011 at 11:44 am

      ဘာသာ တရားကြောင့် ငြိမ်းချမ်းနေမယ်..ရင်သွေးငယ်ကလေးတွေ အားလုံး ဆည်းလည်းသံ လေးတွေ ရိုက်ခတ်နေကြမယ်..
      လွတ်လပ်ခြင်းတွေ..ငြိမ်းအေးခြင်းတွေ စီးဆင်းနေမယ်.
      >>>>>>>>>>>>>>>>>
      အဲလို အိမ်လေးမျိုးကိုတော့ လိုချင်သား

  • Wow

    December 6, 2011 at 12:19 pm

    ကျမရန်ကုန်ရောက်စက Sin တရုပ်ပိုင် ကုမဏီတစ်ခုမှာ အလုပ်စဝင်တော့ စင်ကာပူကြီးက နင်က နယ်ကဆိုတော့ ရန်ကုန်မှာ ဘယ်လိုနေလဲတဲ့။ ကျမက ငါ Hostel မှာနေတယ်ဆိုတော့ သူကစိတ်ဝင်စားပြီး ဘယ်လိုနေရလဲတဲ့..ကျမက 4 persons/just only for 4 beds place in one room ဆိုတော့ သူက ကျမကို သနားစရာအကောင်းဆုံး သူတစ်ယောက်အနေနဲ့ကြည့်ပြီး ငါတို့ဆီမှာတော့ ဒီလိုအလုပ်ဝင်တဲ့ အရွယ်ရောက်ပြီဆိုရင် လခနဲ့ Apartment လေးတော့ငှားနေနိုင်ကြတယ်တဲ့…
    လူနေမှုအဆင့်အတန်းကွာတာကိုပြောပါတယ်…

  • darlay

    December 6, 2011 at 12:24 pm

    အိမ်ဆိုတဲ့ဝေါဟာရကို နွေးထွေးခြင်း လုံခြုံခြင်း လွပ်လပ်ခြင်း…စသဖြင့်အဓိပါယ်တွေအများကြိး ဖွင့်နိုင်ပါတယ်။ ကျမကတော့… မေတာတို့ဖြင့်ထုံမွှမ်းထားသော နေရာလေးလို့ ဆိုခြင်ပါတယ်..ဒါ့ကြောင့် “အိမ်” ဆိုတဲ့စကားလုံးလေးကို လေးနက်သွားအောင်… တန်ဘိုးကြိးသွားအောင် value added လုပ်ပေးထားတာက.. အပြင်ပန်း ကွန်ဒို ..တွေ ဘန်ဂလို တွေ မဟုတ်ပါဘူး…..အဲဒိအိမ်လေးမှာအတူနေကြတဲ့ မိသားစုပါပဲ။ တဥိးနှင့်တဥိးအပြန်အလှန်မေတာထားလို့ ကြင်ကြင်နာနာ ချစ်ချစ်ခင်ခင်နေမယ်ဆိုရင်… အဲဒိအိမ်လေးဟာ “တဲပုတ်” ပင်ဖြစ်ဥိးတော့….ချမ်းသာခြင်းအစစ်ရှိတဲ့ တကယ့် “အိမ်” ပါဘဲ….ကိုဘလက်ရေးသွားတဲ့ ကိုဘလက်အမျိုးသမိးပေးတဲ့ ရေတခွက် က…. အဲဒိ “အိမ် အစစ် ရဲ့ “အနှစ်” ပါဘဲ….အဲဒိ မေတာတရားတွေကသာ အရာရာကိုဖြတ်ကျော်စေနိုင်ပါတယ်.. ( “လက်ကွက်တွေအစုံမရှိလို့ .. စာလုံးပေါင်းသည်းခံပေးကြပါ…”)ကျေးဇူး။ 

  • Moe Z

    December 6, 2011 at 12:26 pm

    မတူသောအတွေးနဲ့ရေးကြည့်မယ်နော (သဂျီးလေသံဖြင့်)
    ဘယ်လိုအိမ်မျိုးပဲဖြစ်ဖြစ် အိပ်ရင်တော့ကျောချစရာတစ်နေရာလေးပါပဲ
    တစ်ယောက်အိပ်ကုတင်နဲ့မအိပ်တတ်လို့ ကင်းဆိုဒ်ဘတ်နဲ့ အိပ်ရင်လည်း
    မအိပ်ခင်သာ ဟိုလှိမ့်ဒီလှိမ့်လုပ်လို့ရမှာ အိပ်ပျော်သွားရင် တကယ်တစ်ကိုယ်စာလေးပဲ 😛
    (ချိတ်ချိုးရဘူးနော် ဘဘဘလက်) 😛

  • ကြောင်ကြီး

    December 6, 2011 at 12:38 pm

    ရွှေကံကူ လေပျံသစ်တော်ဘုရား ပလ္လင်တော်ကို ရည်မှန်းပြီး ဆုတောင်းရင် အိုးအိမ်ပိုင်ဆိုင်ရခြင်း ဆုပြည့်တယ်လို့ ရေးထားတယ်။ အခွင့်ရတောင်း လက်မနှေးစေနဲ့ဗျို့….။ ကြောင်ကြီးလည်း ဆုတောင်းပြီးသွားပြီ။ မြန်မာပြည်နဲ့ မတူလို့ နဲနဲတော့ပြင်ရတယ်။ အကွက်အကွင်းကောင်းတဲ့ နေရာမှာ ခြံနဲ့ဝင်းနဲ့ အိမ်ဖိုးဒေါင်းပေးမန့် များများ ပေးနိုင်တဲ့အပြင် မော့ဂေ့ဂျ်ဖိုးပါ ချောင်ချောင်ချိချိ မပူမပင် မခြိုးမခြံရဘဲ နှစ်တိုတိုနဲ့ အိမ်ပိုင်ရပါလို၏လို့….။ ပြီးတော့ ဝယ်ပြီးပြီးခြင်းမှာကို ကိုယ့်ဒေသအိမ်ဈေးများ (နေရာတိုင်း ဟုတ်ဖူးနော်… အားလုံးတက်သွားမှတော့ ကြောင်ကြီးပိုင်တဲ့အိမ် ဘယ်သိပ်တန်တော့မလဲ) အဆမတန် တက်သွားပါစေလို့…..။။။။ ဆုတောင်းတာ နဲနဲများသွား သလားတော့ မသိဘူး။ မြန်မာပြည်နဲ့ အနေအထားခြင်း မတူတော့ လွဲကုန်မှာစိုးလို့ တတ်နိုင်သလောက် အတိအကျပြော ဆုတောင်းတာ….။ 😛

  • thit min

    December 6, 2011 at 1:18 pm

    ကျနော်အခုတလော အလုပ်များခဲ့ရတယ်၊များနေဆဲပေါ့ဗျာ။
    ဒီနေ့နေ့လည်ပိုင်းလေးအားတာနဲ့ကိုဘလက် ရီကွက်စ်လေးကိုရေးပေးဘို့ပါဗျာ။
    ကျနော်တာဝန်မကျေသလိုဖြစ်သွားခဲ့ရင် ခွင့်လွှတ်ပါဗျာ။
    ဘာဘဲဖြစ်ဖြစ်ကိုဘလက်ရေးတာက ပိုကောင်းမယ်လို့ အစောကြီးထဲကထင်ပြီးသားလေ။

    ဂုဏ်ပြုကဗျာလေးတော့ လက်ဆောင်ပေးမယ်နော်။
    ကိုဘလက်သို့(^^)
    ~~~~~~~~~~~~~~~
    အိမ်ဆိုသည်မှာ……
    မှိန်ချင်လည်းမှိန်မှာပေါ့
    ထိန်ချင်လည်းထိန်မှာပေါ့
    ရောင်ဝါရှိန်ဘယ်လိုညှိုးစေတော့
    အိမ်ကအိမ်ပေါ့။
    ဟောင်းချင်လည်းဟောင်းမှာပေါ့
    ကောင်းချင်လည်းကောင်းမှာပေါ့
    ဘယ်လိုပင်အကြောင်းရှိစေတော့
    အိမ်ကအိမ်ပေါ့။
    အေးချင်လည်းအေးမှာပေါ့
    နွေးချင်လည်းနွေးမှာပေါ့
    အရေးကြီးတာကအရိပ်ဆိုတော့
    အိမ်ကအိမ်ပေါ့။
    လိုချင်လည်းလိုမှာပေါ့
    ပိုချင်လည်းပိုမှာပေါ့
    ဘာတွေပင်လိုတိုးပိုလျှော့
    အိမ်ကအိမ်ပေါ့။
    ဟုတ်ပြီနော်..
    ကျုပ်အမည် ဖော်ပြီး
    စုတ်ညီညီဆေးရေး
    ငါ့အိမ်လေးလို့
    ရေးကြည့်ပျော်မြူး
    စိတ်ကူးထဲမှာ။
    ~~~~~~~~~~~~~~~

  • zaymdy

    December 6, 2011 at 1:19 pm

    ကုန်ဆေးနူန်းများ ကျပါစေ အခွန်အခများ ရောနည်း ပါစေ
    အိမ်ဈေး မြေဈေးများ ကျပါစေ 🙂

    • antimoe

      December 7, 2011 at 6:15 pm

      ဒလ၊ တညင် မြို့သစ်တွေမှာ
      အိမ်ဈေး၊ မြေဈေးတွေ ဂျပန်ထက် မြင့်ကုန်ပြီ။TT;;

  • hmee

    December 6, 2011 at 2:39 pm

    ကျွန်မကတော့ ရွာက အမေ့အိမ်လေးကိုပဲ ပြန်ချင်တယ်။ မိသားစုနဲ့ ကိုယ်ပိုင်ဘဝ ကိုယ်ပိုင်အိမ်နဲ့ နေနိုင်ရဲ့နဲ့ နေခွင့်မရတဲ့ သူတွေလည်း ရှိပါသေးတယ် ကိုဘလက်ရေ။ အကြောင်းကြောင်းကြောင့်ပေါ့။

  • chitlay

    December 6, 2011 at 2:42 pm

    အခုခေတ်က အိမ်ပိုင်လေးတစ်လုံးမှ မရှိရင် နေရတာ တော်တော်ဒုက္ခရောက်တယ်။ နှစ်ချုပ်နဲ့ ငှားနေပြန်ရင်လဲ ပေးရတာက တနင့်တပိုး … သမီးရည်းစားအတွဲတွေကို ကြည့်လိုက်ရင်လဲ အဲဒီ့ နေစရာဆိုတဲ့ အိမ်ပြဿနာကြောင့် မယူကြသေးတာတွေကလဲ တပုံတပင်။ ကိုယ်ကိုတိုင်ကလဲ အိမ်ထောင်ကွဲမဟုတ်သေးတာကြောင့် မိဘအိမ်မှာနေတုန်း ဒါပေသိ အိမ်ပိုင်လေး တစ်လုံးလောက်တော့ လိုချင်မိသား …. 🙁 မဝယ်နိုင်သေးတာက ခက်တယ်။ ဦးကြောင်ကြီး ပြောသလို ရွှေကံကူ လေပျံသစ်တော်ဘုရား ပလ္လင်တော်ကို ရည်မှန်းပြီး ဆုမြန်မြန်သွားတောင်းမှပဲ …. 😛

  • blackchaw

    December 6, 2011 at 3:09 pm

    @ ဂီဂီ ။
    ဒီနေ့အတွက်တော့ ဂီဂီ က ဘဘ ဘလက် ရဲ့ ပို့စ်တွေမှာ ဦးဆောင်ကွန်းမန့်ပေးသူ အဖြစ်
    လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ကြောင်း နှင့် စာပေတော်လှန်ရေး အရှိန်သေသွားမှာ စိုးရိမ်ပါကြောင်း သတိပေးချင်ပါတယ်ဗျာ။
    @ weiwei /
    အန်တီဝေရေ။ ကျွန်တော်တို့လို တောကတက်လာတဲ့ လူတွေ
    ရန်ကုန်မြို့ကြီးပေါ်မှာ အိမ်ထောင်ကျ ကြတော့ ရင်ဆိုင်ရလေ့ ရှိတာလေးကို ပြန်ရေးထားတာပါ။
    အငဲ ရဲ့ သီချင်းလေးကိုပါ တွဲနားထောင်ကြည့်လိုက်ရင် ဒီလို ဖီလင်မျိုး ကျွန်တော်တို့တင်မဟုတ်ဘူး။
    တော်တော်များများ ခံစားဘူးကြမယ်ဆိုတာ သိနိုင်ပါတယ်။ သီချင်းလေးကိုပါ ဒေါင်းလုတ်ဆွဲပြီး
    နားထောင်ကြည့်စေချင်ပါတယ်ဗျာ။
    @ Shwe Tike Soe /
    အငဲ သီချင်းလေးကိုပါ တွဲနားထောင်ကြည့်စေချင်တယ်ဗျာ။
    @ nozomi /
    ကိုနိုဇိုမိရေ။ ဒါ ငါ့ အိမ် ဆိုတဲ့ စကားလုံးလေးက ကိုသစ်မင်း ရဲ့ စိတ်ကူးလေးပါ။
    အငဲ သီချင်းလေးကို နားထောင်ကြည့်ပြီး ငါနဲ့တူလိုက်တာ ဆိုပြီး ရေးလိုက်တာပါ။ ကျေးဇူးဗျာ။
    @ amatmin /
    ကွန်းမန့်လေးအတွက် ကျေးဇူးပါဗျာ။
    @ rhyme /
    ရွေးခြယ်ခွင့်ကို မရှိတဲ့ အိမ် ငတ်သူတစ်ယောက်ရဲ့ ဖီလင်ပါဗျို့။
    @ wow /
    ဒီခေတ်ထဲ လူဖြစ်လာတော့လည်း ဒါမျိုးတွေ့ရတာ ဘာဆန်းသလဲဗျာ နော။
    @ darlay /
    ကွန်းမန့်လေး ချီးမြှင့်ပေးတာ ကျေးဇူးပါ။
    @ Moe Z /
    ကျောတစ်နေရာစာ ဆိုတာလေးကလည်း ခက်ပါတယ် မိုးစက်ရေ။
    အိမ်ထောင်သည်တွေ အတွက် ပိုခက်တာပေါ့ကွယ်။
    တစ်ယောက်ချင်းကတော့ အဆောင်လခ တစ်လ ဘယ်လောက်ရှိမလဲနော…။
    @ ကြောင်ကြီး ။
    ကိုကြောင်ရေ။ မြန်မာပြည်မှာတော့ ရုက္ခစိုးကို နားပူနားဆာလုပ်ရတယ်လို့ ကိုရင်စည်သူတို့ ဆရာရဲ့ တပည့်မ ဒေါက်တာမတစ်ယောက်က ဂျာနယ်မှာ ရေးဘူးပါတယ်ဗျာ။ ခဏခဏနားပူနားဆာလုပ်ပြီး တောင်းတော့မှ ရုက္ခစိုးနားညီးပြီး အိုးပိုင်အိမ်ပိုင်ပေးပါတယ်တဲ့။
    ပြောတာပဲဗျာ။
    @ ကိုသစ်မင်း ။
    ကိုသစ်ရေ။ ပို့စ်တစ်ခုလုံးမရေးပေးပေမယ့် ကိုသစ် ရေးသမျှလေးကို
    ကျွန်တော့်ပို့စ်ရဲ့ အဓိကနေရာမှာ ထားခွင့်ရတာလေးကိုပဲ ကျေနပ်ပါတယ်ဗျာ။
    ခေါင်းစဉ်ကလည်း ကိုသစ် စကားလုံးပဲလေ။
    ကျေကျေနပ်နပ်ကြီး ခွင့်လွှတ်ပါတယ်ဗျာ။
    @ zaymdy /
    ကွန်းမန့်လေးချီးမြှင့်တာ ကျေးဇူးပါဗျို့။
    @ hmee /
    ကိုယ်ချင်းစာပါတယ် hmee ရေ။ ကိုယ်တိုင်ကြုံမှ မဟုတ်ပါဘူး။
    ကိုယ်ချင်းစာစိတ်ရှိတဲ့လူ ဆိုတာ တွေးကြည့်ပေးရုံနဲ့ အနီးစပ်ဆုံး နားလည်ပေးနိုင်ကြပါတယ်ဗျာ။
    @ chitlay /
    အိမ်ဆိုတဲ့ အခက်အခဲကြောင့် မယူနိုင်ကြသေးသူတွေကိုလည်း ကိုယ်ချင်းစာပါတယ်ဗျာ။

  • koaung

    December 6, 2011 at 3:19 pm

    အိမ်သည်မိသားစုတခု၏အလိုအပ်ဆုံးပါ (သာယာသော အိမ်ထောင်စု မိသားစုဖြစ်စေရန်) (အိမ်အရောင်းအဝယ် လုဎ်လျှင်လဲအမြတ်အစွန်းကြီး၏) ငှက်နေတဲ့အိမ် ဟုတ်ဝူးနော် 😀

  • MaMa

    December 6, 2011 at 3:25 pm

    ကိုဘလက်ပြောတဲ့ ဒါ ငါ့အိမ်ကိုဖတ်ပြီး ပြောရရင် (ကြွားရရင်) 😀
    ကိုယ့်ကိုကိုယ် ကံကောင်းသူအဖြစ် သတ်မှတ်လိုက်တယ်။
    ချစ်ခင်တဲ့ မိဘ ညီအစ်ကို မောင်နှမတွေ သိုက်သိုက်ဝန်းဝန်းနဲ့
    နေနိုင်တဲ့ အိမ်လေး (ဒါ ငါ့အိမ်) ကို မိဘတွေဆီက အမွေရထားလို့ …

  • blackchaw

    December 6, 2011 at 3:34 pm

    အန်တီမမရေ။
    အဲဒီလို အိမ်ကတော့ ကျွန်တော်တို့ နှစ်ယောက်စလုံးမှာ ရှိခဲ့တာပေါ့ဗျာ။
    အိမ်ထောင်ပြုလိုက်တဲ့အခါမှ ဒါမျိုးက တွေ့နိုင်တာပါ။
    ဒီပို့စ်က ပေးချင်တဲ့ ဖီလင်က အပျိုကြီး လူပျိုကြီးတွေ အတွက်တော့
    နည်းနည်းလေး ဝေးပါလိမ့်မယ်။
    အိမ်ထောင်ပြုလိုက်တဲ့အခါ မိဘတွေကချမ်းသာတာရော ကိုယ်ကိုယ်တိုင်က ငွေရှာနိုင်တာရော
    ဆိုရင်တော့ တစ်မျိုးပေါ့ဗျာ။ အဲဒိလိုမှ မဟုတ်ရင် ဒန်တန့်တန်…။

    • MaMa

      December 6, 2011 at 6:13 pm

      ကြွားမိတာ မှားပြီထင်တယ်။
      ကြွားထားတာကို ပြန်လည် ရုတ်သိမ်းရတော့မယ် 😛

  • ဆူး

    December 6, 2011 at 3:35 pm

    ကိုယ်ပိုင်အိမ် မပိုင်သေးလို့ ယတြာချေတဲ့ အနေနဲ့ ၃ထပ်အိမ် လုံးခြင်း တခု… ၂ထပ်အိမ် လုံးခြင်း ၁ခု အသေအချာ ဝယ်ပြီးတော့ သစ်ပင်မှာ ချိတ်ပေးထားပါတယ်။ မကြာခင် စေတနာ အကျိုးပေးလို့ ကိုယ်နေဖို့ အိမ်ကလေးများ ရလေမလားလို့ တွေးမိပါရဲ့။ ဟိဟိ.. ဥုံ ရှရိ ရှရိ.. အကျိုးများ အခုပင် ချက်ချင်း ရောက်စေသား…..

  • inz@ghi

    December 6, 2011 at 3:51 pm

    အိမ်ထောင်သည်တွေအတွက်ပဲ ဇောင်းပေးရေးတာက တပြစ်
    single တွေကို အောင်သွယ်လုပ်မပေးတာက တပြစ် အပြင်
    အိမ်ထောင့်ဒုက္ခတွေကို ညည်းညူတာက တပြစ်
    မပြောမဆို ၃ရက်လောက် ပျောက်သွားတာက တပြစ်
    ပေါင်း ၄ပြစ်
    😀
    နောက်တာပါဗျာ …
    အိမ်ထောင်ရှိရှိ မရှိရှိ အိမ်နဲ့ပါတ်သတ်တဲ့ လွမ်းဆွတ်ခံစားချက်လေးတွေ
    ရှိနေတဲ့/မယ့် အဝေးရောက်တွေအတွက် ဘဘဘလက်ရဲ့ post လေးမှာပဲ
    အိမ်အကြောင်း သီဖွဲ့ထားတဲ့ သီချင်း lyrics လေး လက်ဆောင်ပေးချင်လို့ပါ

    “Who Says You Can’t Go Home”

    I spent 20 years trying to get out of this place
    I was looking for something I couldn’t replace
    I was running away from the only thing I’ve ever known
    Like a blind dog without a bone
    I was a gypsy lost in the twilight zone
    I hijacked a rainbow and crashed into a pot of gold
    I been there, done thatand I ain’t lookin’ back on the seeds I’ve sown,
    Saving dimes, spending too much time on the telephone
    Who says you can’t go home

    [Chorus]
    Who says you can’t go home
    There’s only one place they call me one of their own
    Just a hometown boy, born a rolling stone, who says you can’t go home
    Who says you can’t go back, been all around the world and as a matter of fact
    There’s only one place left I want to go, who says you can’t go home
    It’s alright, it’s alright, it’s alright, it’s alright, its alright

    I went as far as I could, I tried to find a new face
    There isn’t one of these lines that I would erase
    I lived a million miles of memories on that road
    With every step I take I know that I’m not alone
    You take the home from the boy, but not the boy from his home
    These are my streets, the only life I’ve ever known,
    who says you can’t go home

    [Chorus]

    I been there, done thatand I ain’t looking that
    It’s been a long long road
    Feels like I never left, that’s how the story goes

    It doesn’t matter where you are, it doesn’t matter where you go
    If it’s a million miles aways or just a mile up the road
    Take it in, take it with you when you go,
    who says you can’t go home

    [Chorus]

    It’s alright, it’s alright, it’s alright, it’s alright, its alright
    Who says you can’t go home [x2]

  • “ဘီလူးကြီး”ogre

    December 6, 2011 at 4:39 pm

    ကိုဘလက်ရေ
    ဟိုညထဲက ပြောပြထားလို့
    အိမ်လေးအကြောင်း တစ်စွန်းတစ်စ သိခဲ့ရပေမယ်
    ဒီစာလေးဖတ်လိုက်မှ ဟတ်ထိသွားတယ်ဗျာ
    ကျွန်တော်တောင်..“ဒါငါ့အိမ်”.. ပြောနိုင်တဲ့ စကားစုကို တွေ့ရှိခဲ့တာမကြာသေးပါဘူး
    တစ်နေ့တော့ အားလုံးသောသူတွေ ““ ဒါ ငါ့အိမ်””လို့ပြောနိုင်နေ့ ရောက်ကြပါစေဗျား

  • အလုပ်ကပေးထားတဲ့အိမ်၊
    ဆွေမျိုးတွေနဲ့အမွေဆိုင်တဲ့အိမ်
    သနားလို့ခဏပေးနေတဲ့အိမ်
    ခဏခဏပြောင်းပေးရတတ်တဲ့ ပိုက်ဆံနဲ့ငှားနေတဲ့အိမ်
    ဒီအိမ်တွေရဲ့ ဖိစီးမူ့ကြောင့်
    ငါ့အိမ်လို့ပြောနိုင်တဲ့ ကျောတစ်ခင်းစာနေရာလေးကို ပိုင်ခြင်ခဲ့မိတာအရူးအမူးပါဘဲ။
    ကိုချောရေ
    ခံစားချက်ခြင်းတူတယ်ဗျာ။

  • naywoonni

    December 6, 2011 at 5:02 pm

    အိမ်လိုချင်ရင် ကိုပေါက်ကို သဌေးဝါဒအကြောင်းမေးကြည့်ပါလား နန်းတော်ရှေ့ ဆရာတင် သီချင်းထဲမှာတော့ မန္တလေးလာရင် သူဌေးဝါဒကို ကျွန်တော်ပြောပြမယ်ဆိုလားပဲ…။ မလာရင်တော့ မပြောဖူးတဲ့…………..

  • ba gyi

    December 6, 2011 at 5:50 pm

    အင်း အိမ်ဆိုတာအသာထား၊
    မြန်မာပြည်ရဲ့
    ပြည်တွင်းဖြစ်ကုမ္ပဏီဝန်ထမ်းဘဝ
    ရတဲ့လစာ
    အင်ဖလေးရှင်း ဆိုတဲ့ သကောင့်သား
    နာရီတွေကိုရွှေ့သွား
    ရွေ့မသွားတာက အစားအသောက်စရိတ်
    ကလေးကနှစ်ယောက်
    မိသားစု ကလေးယောက်
    ဖျောက်ဆိတ်ကြယ်အလား
    မှိတ်တိတ် မှိတ်တိတ် နဲ့
    လင်းတစ်ခါ မှိန်တစ်လှည့်
    လကုန်တဲ့ ရက် ဆိုရင်၊
    ဆန်အိုးကလေးက၊ကချေသည်
    သူဆို နေကျသီချင်း၊ခပ် တင်းတင်းပဲ ၊
    အိုးကလေးလှုပ်ပါဟေ့ အိုးကလေးလှုပ်ပါဟေ့။

  • windtalker

    December 6, 2011 at 7:11 pm

    ကျုပ်လဲ အိမ်တစ်လုံးဖြစ်ဖြစ် (သို ့မဟုတ်) တိုက်ခန်းတစ်ခန်းဖြစ်ဖြစ်
    အမြန်ဆုံး ပိုင်ဆိုင်နိုင်ဖို ့ကြိုးစားနေသူ တစ်ယောက်ပါလေ ဘလက်ကိုကို
    ထီလည်းထိုးတယ်
    ကျောက်လည်းရောင်းတယ်
    ဘောလုံးလည်း ကန်တယ်
    သူများဆီမှာလည်း အလုပ်လုပ်တယ်
    အမြန်ဆုံးနည်းလမ်းကတော့
    ထီပေါက်ရင်ပေါက် ၊ ဒါမှမဟုတ် ကျောက်အောင်မှဘဲ..

  • E.T

    December 6, 2011 at 8:03 pm

    အိမ်ကို ၁ လ အပြင်ပိုမခွဲနိုင်ဘူး လွမ်းလွန်းလို ့။ ခုတော့လည်း ခွဲရတာပါဘဲ။ ပြောရင် လွမ်းလိုက်ထှာ။ ကိုဂီ့ ပြောသလို မာန်ပါပါဖြင့် ပြောသွားသည်။

  • comegyi

    December 6, 2011 at 10:02 pm

    ကိုကြီးဘလက်ရေ့
    ကျွန်တော်တို့လို မြို့ပြမှာရုန်းကန်ရင်း
    အိမ်လေးတစ်လုံး ၊ ကျောတစ်ခင်းစာလေး အပိုင်မရှိတဲ့
    လူများအဖို့ အိမ်ကလွဲလို့ဘာမှ အရေးမကြီးပါဘူးဗျာ
    အိမ်ထောင်မရှိသေးပေမဲ့လည်း အိမ်ငတ်တဲ့ဝေဒနာကို
    နှစ်ပေါင်းများစွာ ခံစားလာရတာကြာပေါ့
    အခုထိလည်း
    အလိုချင်ဆုံးအရာက
    အိမ်လေး တစ်လုံးပါပဲ ကိုဘလက်ကြီးခင်ဗျား………

  • TTNU

    December 7, 2011 at 1:32 am

    Comment တွေ တစ်ပုံကြီးနဲ့ တည်ဆောက်ထားတဲ့ BC ကြီးရဲ ့ အိမ်ထဲကို တီချာ
    အလည်လာပါတယ်။ လူချစ်လူခင်တယ်ပေါတဲ့ မောင်ချောပါတကား။

    ဆရာနေဝင်းမြင့် ကတော့ အိမ်လေးတစ်ဆယ့်ခြောက်လုံး အကြောင်းရေးသွားလေရဲ ့။
    ရုပ်ရှင်တစ်ခု ကလည်း သင်ပုန်းတွေမိုးထားတဲ့အိမ်တဲ့။
    ထူးအိမ်သင်ကတော့ ကြယ်တွေစုံတဲ့ည အဝေးအိမ်ကို လွမ်းတယ်တဲ့။
    inz@ghi တော့ “Who Says You Can’t Go Home” တဲ့။
    တီချာကတော့ “ဒါငါတို့ အိမ်” ဆိုတဲ့ Plural Form ကို ပိုအားသန်မိသလိုပါပဲ။

  • blackchaw

    December 7, 2011 at 11:22 am

    @ koaung , E.T , naywoonni – တို့ ကွန်းမန့်လေးတွေ အတွက် ကျေးဇူးပါဗျာ။
    @ MaMa –
    မိသားစုတွေနဲ့ နေတဲ့အိမ်ကလည်း ဒါငါ့အိမ်လို့ ပြောနိုင်တဲ့အပြင်
    တီချာ TTNU ပြောသလို ဒါငါတို့အိမ် လို့ပါ ပြောနိုင်တာပေါ့ဗျာ။ ပြန်ရုတ်သိမ်းစရာ မလိုပါဘူး။
    @ ဆူး –
    ဆုတောင်းတိုင်းသာ ပြည့်စေချင်ပါသည်…. (သီချင်း)
    @ ဂီဂီ –
    “မပြောမဆို ၃ရက်လောက် ပျောက်သွားတာက တပြစ်”
    မှတ်မှတ်ရရ ပျောက်သွားတဲ့ရက်ကိုတောင် ပြောနိုင်တဲ့အတွက် ညီလေးကို အမှတ်ပြည့်ပါဗျာ။
    @ ဘီလူးကြီး –
    “တစ်နေ့တော့ အားလုံးသောသူတွေ ““ ဒါ ငါ့အိမ်””လို့ပြောနိုင်တဲ့နေ့ ရောက်ကြပါစေဗျား”
    ရောက်လာကြမှာပါ ဘီလူးကြီးရေ။ ခင်ဗျားတောင်းပေးတဲ့ဆုက ပြည့်ကြမှာသေချာပါတယ်ဗျာ။
    @ ကိုပေါက် –
    ခံစားချက်ခြင်းတူတယ်ဆိုလို့ ဝမ်းသာပါတယ် ကိုပေါက်ရေ။
    @ ဘကြီး –
    မှတ်မှတ်ရရ ကဗျာလေးတစ်ပုဒ်နဲ့ ကွန်းမန့်ချီးမြှင့်ပေးတာ ကျေးဇူးပါဘကြီးရေ။
    @ windtalker –
    မောင်ပေ လို့ မခေါ်တော့ဘူးကွယ်။ မောင်ရှို လို့ပဲခေါ်တော့မယ်။
    @ comegyi –
    ညီလေးလိုချင်တဲ့ အိမ်တစ်လုံး မကြာခင်ရလာမှာပါဗျာ။
    @ TTNU ******
    တီချာ ခင်ဗျား။ ” ဒါငါတို့ အိမ် ” ဆိုတာလေးက ပိုပြီး စည်းစည်းပိုင်ပိုင် ရှိပါတယ်။
    ဟုတ်ပါတယ်။ ” ဒါ ငါတို့ အိမ် ” က အမှန်ပါ။ ကျေးဇူးပါ တီချာ။

  • etone

    December 7, 2011 at 3:48 pm

    အိမ်ဆိုတာ … လူတစ်ဦး နားခိုစိတ်သက်သာရာနေရာလို့ပဲ ကျွန်မကတော့ ခံယူထားတယ် … ။
    ကျွန်မ ဆယ်ကျော်သက်အရွယ်တုန်းက အရမ်းဆိုးခဲ့တာ .. ပြန်မပြောနားမထောင် … စွာကလည်းစွာတာကြောင့် … မိဘအိမ်တင်မကဘူး .. အဘိုးဘွား .. နှစ်ဘက်ဆွေမျိုး ၊ အဒေါ်တွေအိမ်ထိ … မိမိဆန္ဒအလျောက်လှည့်နေခဲ့ရတယ် … ။ တစ်ယောက်ယောက်က ဆူလိုက်ပြီဆိုလျှင် … ဒီအိမ်ပေါ်မှ ဆင်းပြီး.. နောက်တစ်အိမ်မှာ သွားနေတဲ့ ဂျစ်ကန်ကန်အကျင့်လည်း မဖျောက်နိုင်တော့ …. ကျွန်မအတွက် အဆင်ပြေပြေ စိတ်သက်သာစရာနေရာက ရှားပါးလို့နေတာပေါ့ … ။
    မိဘကလည်း သမီးမိန်းကလေးမွေးထားတော့ … ဘယ်အဒေါ်အိမ် ၊ ဘယ်အမျိုးအိမ်ပဲဖြစ်ဖြစ် မျက်စိဒေါက်ထောက် လိုက်ကြည့်ကြတယ် …. ။ အဲ့ဒီအချိန်မှာ လွတ်လပ်ခြင်းဆိုတာ ဘာမှန်း မသိအောင်ပဲ စိတ်ညစ်၊စိတ်ကျဉ်းကြပ်ခဲ့ဖူးတယ် … ။ ဘယ်သူနဲ ့မှ စကားမပြောချင်လို့ …. အခန်းထဲပိတ် တနေကုန်အိပ်ခဲ့တဲ့ရက်တွေလည်း ရှိခဲ့ဖူးတယ် … ။ ဘေးအခန်းတွေ လာရန်တွေ့ခံရတဲ့အထိ … သီချင်းအသံကုန်အော်ဟစ်ဆိုခဲ့ဖူးတယ် …။ တက္ကသိုလ်တက်ရတော့ … ဒီမှာ ကျောင်းဆောက်တုန်းမို့ နယ်ပို့ခံရတဲ့ လူစုထဲ ကျွန်မပါသွားတော့ .. အဆောင်မှာနေခဲ့ရတယ် … လိုချင်ခဲ့တဲ့… လွတ်လပ်ခြင်းတွေရခဲ့ပေမယ့် … ကျဉ်းကြပ်ခြင်းနဲ့အတူ … နွေးထွေးမှုတွေပျောက်သွားတာခံစားမိပြီး … အိမ်ဆိုတာကို … အရမ်းလွမ်းတတ်လာခဲ့တယ် … ။ ညနေတိုင်း အိမ်ပြန်ချင်တဲ့ စိတ်ကြောင့် …ကြိမ်ငိုခဲ့ရတဲ့ နေ့တွေ မရေတွက်နိုင်အောင်ပါပဲ …။ တက္ကသိုလ်မတတ်တော့ဘူး .. အိမ်ပြန်မယ်လို့လည်း အကြိမ်ကြိမ်တွေးခဲ့ဖူးတယ်… ။ အခုတော့လည်း အိမ်ရဲ့ တန်ဖိုးကိုသိပြီး .. ဘယ်အိမ်မှာနေနေ အဆင်ပြေပြေ နေတတ်နေပါပြီ … ။ ဒါကြောင့် .. .အိမ်ဆိုတာနားခိုစိတ်သက်သာရာနေရာလို့ပြောခဲ့တာပေါ့လေ … 🙂

  • မိုးပွင့်ဖြူ

    December 7, 2011 at 4:13 pm

    ကိုယ်ပိုင်းတဲ အိမ်မရှိတော စိတ်ထဲခံစားရပါတယ်
    အမေအိမ်မှာပျော်ပျော်ရွင်ရွင်နေခဲရတဲဘဝကိုလွမ်းမိပါတယ် ဒီလိုဒုက္ခခံစားနေရတဲသူတွေ ငါတစ်ယောက်ထဲမဟုတ်ပါလားဆိုပြီး လဲခံစားမိပါတယ် အမေရဲအိမ်လို ပျော်စရာကောင်းတဲအိမ်လေးတစ်ခုတည်ဆောက်နိုင်ပါမလားဆိုတာတွေးရင်ဖြင့်…..

Leave a Reply