မုဒိတာ
မြန်မာလူမျိုးတွေမှာ ကရုဏာတရား အလွန်ထက်သန်ကြတာ ထင်ရှားပါသည်။ ကိုယ်ချင်းစာတရားကလည်း
အလွန်အားကောင်းသော လူမျိုးအဖြစ် သတ်မှတ်နိုင်ပါသည်။ ဆင်းရဲဒုက္ခရောက်နေပြီများဆိုလျှင် အကူအညီပေးဘို့
မြန်မာ တွေလက်တွန့်နေလေ့မရှိပါ။ ရပ်ကွက်တစ်ခု မီးလောင်သည်ဟေ့ဆိုလျှင် ထမင်းထုပ် ကမ်းမည့်သူမရှား၊
အဝတ်အစား လှူ မည့်သူ မရှား၊ ငွေစကြေးစလေးများပင် စွန့်ကြဲဘို့ ဝန်မလေးကြပါ။ မိဘဆင်းရဲသည့်
ပညာထူးချွန်သူများကိုလည်း ဖေါင်ဒေးရှင်းတွေဖွဲ့ပြီး အကူအညီပေးကြသည်အထိ ကရုဏာရော ကိုယ်ချင်းစာ စိတ်ပါ
ပေါင်းစပ်တတ်သည့်လူမျိုးဖြစ်ပါ သည်။ ရပ်ကွက်ထဲမှ အဆင်မပြေသူ ရှိပါက ပေးဘို့ ကျွေးဘို့ ဝန်မလေး၊
လက်မနှေးတတ်ကြတာလည်း အားလုံးအသိပင်။
သို့သော် မုဒိတာတရား ထားသည့်နေရာတွင်တော့ မြန်မာလူမျိုးတို့ အလွန်အားနည်းကြသည်ဟု ကျွန်ုပ်က စွတ်စွဲချင်ပါသည်။
ရပ်ကွက်ထဲမှ အဆင်မပြေသည့်သူ တစ်ယောက်ယောက်များ ကံအကျိုးပေးလေးကောင်း၍ အလုပ်အကိုင်လေး များကောင်းလာပြီး
ပြောင်ပြောင်ရောင်ရောင် ဖြစ်လာသည်နှင့် မုဒိတာ ထားမပေးနိုင်ကြတော့ပါ။
“အဲဒီကောင်ပေါ့။ အခုမှကံကောင်းလို့ ထောင်ထောင် ထောင်ထောင် ဖြစ်နေတာ။ အရင်က ငါတို့ နဲ့ ကင်းတာမဟုတ်ပါဘူး” ဆိုတဲ့စကားမျိုး
ပြောမည့်လူကမရှားပါ။ နည်းနည်းလေးအဆင်ပြေပြေ ဖြစ်လာသည်နှင့် မနာလို ဝန်တိုစိတ်ရောယှက်ကာ မုဒိတာ မပွားနိုင်တော့သည့်
စကားတွေ ပြောလာကြသည်ကို ကြားဘူးကြပါမည်။ ကိုယ် အကူအညီပေးနေရသူ အဆင်ပြေပြေ ဖြစ်သွားလို့ ဝမ်းသာရကောင်းမှန်း
မသိကြပါ။ ဝိုင်းဝန်း နှိတ်ကွတ်ကြမယ် ဆိုတာမျိုးချည်း တွေ့ရပါသည်။ အနိမ့်ဆုံးအဆင့် တွေးကြည့်ပါ။
သူအဆင်ပြေသွား သဖြင့် ကိုယ် အကူအညီပေးရတာ သက်သာပါသည်။ သူ့ဂုဏ်သိက္ခာကို တိုက်ခိုက်ပြောဆိုရုံဖြင့်
သူ့ အဆင်ပြေခြင်းက လျော့ပါးမသွားနိုင်ပါ။
ကျွန်တော့်ကိုယ်တွေ့ အရပြောရလျှင် မြန်မာလူမျိုးတော်တော် များများသည် ဒုက္ခရောက်နေ၍ အကူအညီပေးမလား
ချမ်းသာနေ၍ မုဒိတာပွားမလားဟု ရွေးခိုင်းလျှင် ဒုက္ခရောက်နေတာကိုပဲ မြင်ချင်ကြပြီး အကူအညီပေးချင်ကြသူများပါသည်။
အကူအညီပေးရခြင်းဖြင့် မိမိ၏ လက်အောက်တွင်သာ ရှိစေချင်ကြသူသာများပါသည်။ ချမ်းသာနေ၍ များတော့ မုဒိတာ ပွားလိမ့်မည်
မထင်ပါနှင့်။ နှိမ့်ချပြောဆိုကြမည့်သူများသာ များပါသည်။
မြန်မာတို့ အနေဖြင့် ဒုက္ခရောက်နေသူကို ကရုဏာထားကြတာကောင်းပါသည်။
ကိုယ်ချင်းစာစိတ်ဖြင့် အကူအညီတွေပေးကြတာလည်း ထောက်ခံပါသည်။
ကျွန်တော် အခုလို တွေးကြည့်မိပါသည်။
ဒုက္ခရောက်တုန်းက ကရုဏာထားနိုင်ခဲ့သူတစ်ယောက် အဆင်ပြေပြေ ဖြစ်လာလျှင် မုဒိတာစိတ်လေး ထားမပေးသင့်ဘူးလား။
မိမိ အကူအညီပေးဘူးသည့်သူ ချမ်းသာ သွားတာ ဝမ်းသာစရာ ကိစ္စတစ်ခုအဖြစ် မြင်ကြရအောင်ပါ။
မုဒိတာ စိတ်လေး နည်းနည်းလောက် ထားကြည့်ရအောင်ပါ။
29 comments
inz@ghi
December 7, 2011 at 11:55 am
မစ္ဆရိယ မှ မုဒိတာ သို့ လို့ပဲ ဆိုချင်ပါတယ် ဘဘဘလက်ရေ။
၁။ ကောမန့် တွေ မြိုင်ဆိုင်လာမှာ ကို စောင့် ဖတ်နေပါကြောင်း
၂။ သူတော်စင်မဟုတ်သည့်အတွက် ကျနော်သည် လူတိုင်းကို မုဒိတာ မထားနိုင်ပါကြောင်း
၃။ ထိုအချက်ကို ကြိုးစား ပြင်ဆင်နေပါကြောင်း
၄။ သို့သော် ခရီးမတွင်သေးပါကြောင်း
၅။ ထိုသို့ အတွေးတွေ တွေးမိအောင် ရေးနိုင်သည့် ဘဘဘလက်ကို ထပ်လောင်းကျေးဇူးတင်ပါကြောင်း..
inz@ghi
December 7, 2011 at 11:56 am
အော် မေ့လို့ …
၆။ကိုယ့်ထက် ဘယ်လောက်တော်တော် ပိုက်ပိုက်ရှိရှိ .. ချောချောလှလှ စကီ(စင်ဂယ်လ်) လေးများ
ဆိုလျင်ဖြင့် မုဒိတာ ထားယုံမက မေတ္တာ ဂရုဏာ..သမုဒ္ဒယာ တဏှာ(တနှာ) အကြင်နာ အလွန်
လွန်ကဲလျက်ရှိပါကြောင်း ခစ်ခစ်..
ပေါက်ဖော်
December 7, 2011 at 12:02 pm
မဖွတ်ကြား.
ပုံထဲက ခေးမက ဘူလဲ..
ချောလွန်းလို ့.မုဒိတာ ထားပါရစေကွယ်
ကိုရင်စည်သူ
December 7, 2011 at 12:11 pm
အဲ့လာ သူပြောနေတဲ့ မိစိမ်းဆိုတာပေါ့…
ကိုရင်က လုံမပျိုလေးတွေဆို မပျက်လေသော
မုဒိတာ အမြဲထားပါတယ်.. ကွိကွိ 😀 😀
kokoover
December 7, 2011 at 8:02 pm
ထောက်ခံပါတယ် ကိုကိုဘယ်ကျော်.. ရေ့… အားခီးတော်လယ်….
whowho
December 7, 2011 at 12:05 pm
“အရင်က မသိသေး တာတွေ အခုသိလာရတယ်။အရင်ကအကြောင်းအကျိုး မဆက်စပ်တတ်ခဲ့တာ တွေအခုဆိုကိစ္စတော်တော် များများအပေါ် အကြောင်းကြောင့် အကျိုးတွေ ဖြစ်ရတယ် လို့ဆက်စပ်သိမြင်နိုင်လာပြီ ။ အရင်က ကိစ္စတစ်ခုခုအပေါ် ပူလောင်ပြီး ဆောက်တည်ရာမရ ဖြစ်နေခဲ့တာ အခုဆို ပူလောင်မှုတွေ ဖြစ်မလာေအောင် နှလုံးသွင်း တတ်လာပြီပဲ။ ဒါသည်ပင်အတိတ်က ပြုခဲ့တဲ့ ကောင်းမှုအကြောင်းလေးတွေကြောင့် ကောင်းကျိုး လေးတွေရလာတာပဲ ။ ဒါကြောင့် အခုရလာတဲ့အပေါ်မှာ“ ထိုက်တာကိုပဲရပါတယ် ၊ ရတာကိုပဲကျေနပ် ပါတယ်” လို့နှလုံးသွင်း တတ်လာတာ အတော်ကို ဝမ်းသာစရာပါလား ။ မနေ့က မသိခဲ့တဲ့ အသိတွေ အခုသိခွင့်ရနေပြီ ။ ဒီအတွက် ကိုယ့်ကိုကိုယ် ဝမ်းမြောက် ကျေနပ်နေရပြီ ဆိုပြီး ဒီလိုကိုယ့်ကိုကိုယ် အရင်ဆုံးမုဒိတာပွားပေးလိုက်ပါပြီ။
အားလုံးသော သတ္တဝါများ အပေါ်မှာ သူတို့ရဲ့ ကောင်းမှုအကြောင်းလေး တွေကပေးတဲ့ ကောင်းကျိုးလေးတွေကို ဆက်တိုက်ခံစားနိုင်ကြပါစေ လို့နှလုံး သွင်းပြီး ပွားပေးလိုက်မယ်နော် ။ ဒါဝမ်းမြောက်စရာပဲလို့ မြင်ပေး ၊ သိပေး၊ နှလုံးသွင်း ပေးလိုက်ပါပြီ။ ဪ လူတိုင်းကောင်းမှုလို့သတ်မှတ်ကြတဲ့ အရာမျိုးစုံ မှာ အဲဒီ ကောင်းတဲ့ အလုပ်ကြောင့် ကောင်းကျိုး ရလာတာတွေ မပျောက်ပျက် ကြပါစေနဲ့လို့ မုဒိတာပွားပြီးရင်း ပွားရင်း…
weiwei
December 7, 2011 at 1:04 pm
မုဒိတာထားဖို့ဆိုတာက ပြောရလွယ်ပေမယ့် တကယ်တမ်းကျတော့ ခက်တယ် …
အထူးသဖြင့် တန်းတူလယ်ဘယ်တွေမှာ အဖြစ်များလေ့ရှိတယ် …
ဖြစ်ဖြစ်ချင်း သိလိုက်ပြီး ပြန်ထိန်းနိုင်အောင် ကြိုးစားနိုင်အောင်တောင် မနဲကြိုးစားနေရတယ် …
blackchaw
December 7, 2011 at 1:16 pm
ကျွန်တော်ကိုယ်တိုင်လည်း မုဒိတာ က ခက်နေပါတယ်ဗျာ။
လူတွေဆိုတော့ အားလုံး အတူတူပဲလို့ ထင်မိပါတယ်။
မုဒိတာ လုံးဝ မထားနိုင်ဘူးဆိုရင်တောင် အလွန်အကျူးမဖြစ်အောင်
သိတ်ရုပ်မပျက်အောင်လောက်ကတော့ ကြိုးစားကြည့်ကြစေချင်တာပါပဲ။
Moe Z
December 7, 2011 at 1:35 pm
ဟုတ် .. မိုးစက်လည်းကြိုးစားနေပါတယ် ဘဘဘလက် 🙂
ကိုရင်စည်သူ
December 7, 2011 at 1:45 pm
မြန်မာတွေတော်တော်များများက ကျွန်တော်လည်းပါတယ်
အိမ်နီးချင်း တဲပုတ်ချင်းတုန်းက မရှိအတူ ရှိအတူ မိတ်ဆွေစစ်လိုနေထိုင်ကြတယ်။
တစ်ဖက်က တိုက်အိမ်ဖြစ်သွားရင် မုဒိတာမထားနိုင်တော့ဘူး
အူတိုစိတ်တွေထားပြီး မအိပ်နိုင်မစားနိုင်နဲ့ ဖြစ်ကုန်ကြတယ်…
မုဒိတာ ပွားကြပါ။
သူများ ကျော်ကြားတာကို မုဒိတာပွားကြပါ။
သူများ ချမ်းသာတာကို မုဒိတာပွားကြပါ။
စိတ်ကောင်းထားရင် ကံကောင်းပါတယ်ဗျာ….။
windtalker
December 7, 2011 at 2:17 pm
မုဒိတာ ၊ မုဒိတာဆိုလို ့
ကူညီမယ် ဆိုတဲ့ ရန်ကုန် က အကိုကြီးတစ်ယောက် ရဲ ့စေတနာတွေ မုဒိတာတွေ ကို
စောင့်မျှော်နေမိတယ်ဗျာ ။
naywoonni
December 7, 2011 at 3:44 pm
ဟုတ်တယ်ဗျို့ နိမ့်ကျသူကိုသာ ဂရုဏာ ထားနိုင်တာ ကိုယ့်ထက်သာတဲ့ သူဆိုရင် မုဒိတာ သိပ်မထားနိုင်ဘူးဗျ…။ ပြောတော့သာ ဗုဒ္ဓဘာသာ…။ ကျင့်ကြံမှု အားထုတ်မှုက နတ္ထိ…။ ဒို့အားလုံး အတူတူ ပါပဲ………..။
လင်းဝေ
December 7, 2011 at 4:10 pm
ဆရာဘလက်…. ဘယ်သူက ဘယ်လို မနာလိုဝန်တိုနေတာ တွေ့မိလို့ မုဒိတာ အကြောင်းထရေးမိတာတုန်းဗျ။
မုဒိတာ မဂ္ဂဇင်း ဆိုပြီး လူတွေကို အတင်းရောင်းတဲ့အတွက်ကိုလည်း မုဒိတာ ပွားပေးလိုက်ပါ့မယ်။
Shwe Ei
December 7, 2011 at 4:22 pm
မုဒိတာပွါးဖို့ကြိုးစားရတာ တကယ်ခက်ပါတယ်ဦးချောရေ။ ကို့စိတ်ကမသိလိုက်ခင် သူများအပေါ် မစ္ဆရိယစိတ်ပွားမိလိုက်တဲ့အကြိမ်အရေအတွက်က မမှတ်မိနိုင်လောက်အောင်များလွန်းပါတယ်။ မုဒိတာထက် ဥပေက္ခာက ပိုလွယ်မလားလို့တောင်ထင်မိတယ်။ ဒါပေမဲ့ ဦးချောပြောသလိုဘဲ မလုပ်နိုင်ဘူးလို့စဉ်းစားတာထက် ကြိုးစားကြည့်တာ ပိုကောင်းပါတယ်။
ကိုပေါက်(မန္တလေး)
December 7, 2011 at 5:39 pm
ကျနော်သည်
ဖတ်ရင်း မှတ်ရင်း
ပြန်လည်ဖြန့်ဝေရင်းမှ
ကိုယ်တိုင်ကျင့်သုံးနိုင်သောအဆင့်ရောက်အောင်
အများကြီး ကြိုးစားရပါအုံးမယ်လို့ စိတ်ထဲမှာ
ခံယူထားပါသည်။
parlayar46
December 7, 2011 at 6:23 pm
မုဒိတာတရား ထားသည့်နေရာတွင်တော့ မြန်မာလူမျိုးတို့ အလွန်အားနည်းကြသည် လို့ ထင်ရတာမှန်ပါတယ်။
ဘာကြောင့် ဒီလိုထင်ရသလဲဆိုတော့
အခြားလူမျိုးတော်တော်များများက
၁- သူများကိစ္စ ကို စိတ်မဝင်စား မစပ်စုလို့
၂- အခြားကိစ္စတွေကို ကိုယ်နဲ့ ယှဉ်ပြီး ကိုယ်နဲ့ဆက်စပ်သယောင် စိတ်မထား (စိတ်ဖြင့်မသိမ်းပိုက်) လို့ ပါ။
အကယ်၍ အထက်ပါ နှစ်ချက်မရှိသူဆိုလျှင် အခြားနိုင်ငံမှ အခြားလူမျိုးများလဲ မြန်မာတို့နဲ့တန်းတူ မုဒိတာစိတ်နဲ ကြပါတယ်ဗျာ။ လက်တွေ့အားဖြင့်တော့ အိန္ဒိယက ကုလားတချို့ကို ကြုံဘူးရာမှာ အန်မတန် မုဒိတာစိတ်နဲကြကြောင်း ထင်မြင်မိဘူးပါတယ်။
တကယ်တော့ မုဒိတာ ဆိုတဲ့ စိတ်ရဲ့သဘောက သူတပါးအကျိုးရခြင်းအပေါ် ကျေနပ်ကြည်လင်တဲ့စိတ်ရှိတာကို ဆိုလိုတာပါ။
သူများထီပေါက်တာကို ကိုယ်ထီပေါက်တာလို ဘယ်ဝမ်းသာလိမ့်မတုန်း။
အဲသလို လျှောက်ဝမ်းသာနေသူရှိလျှင် အဲဒါ မုဒိတာဖြစ်နေတာမဟုတ်ဘူး။
ဘာဖြစ်တာလဲဆိုတာတော့ မပြောပါရစေနဲ့။
ဆိုချင်တာက
မုဒိတာဆိုတာ
လူကောင်းကောင်းလေးမှာရှိတဲ့ စိတ်ကောင်းကောင်းလေးရဲ့ အရည်အသွေးတမျိုးပါ။ စိတ်ရဲ့မျက်နှာစာတခုပဲဆိုပါစို့။
လူကောင်းတွေမှာရှိပေမယ့် အခြားအရာတွေက ဖုံးထားလို့ မမြင်မိကြတာပါ။
တကယ်တော့ သူ့ရဲ့အဖေါ်တွေဖြစ်တဲ့ မေတ္တာ တို့၊ ကရုဏာ တို့နဲ့အတူ ယှဉ်တွဲရှိနေတာပါ။
မုဒိတာကို တိုင်းတာချင်လျှင် သူ့ဆန့်ကျင်ဘက်ဖြစ်တဲ့ (သူတပါးအကျိုးရတာတွေ့လျှင် စိတ်မချမ်းမသာဖြစ်တတ်တဲ့ ) ဣသာ စိတ်မျိုး ကိုယ့်မှာဘယ်လောက်ရှိမရှိနဲ့ ယှဉ်ထိုးတိုင်းတာလို့ရပါကြောင်း။
ဣသာစိတ် နည်းတာဟာ မုဒိတာစိတ်များလို့ပဲဖြစ်ပါကြောင်း။
ဒီပါဠိစကားတွေကို မြန်မာလို ဘာသာပြန်ထားထာမှားလို့ – သူများအကျိုးရတာကြည့်ပြီး အူလှိုက်သည်းလှိုက်ပျော်ရွှင်ခြင်းမဖြစ်တာကို ကိုယ့်မှာမုဒိတာနည်းတယ်လို့ ထင်မြင်ကြမှာစိုးလို့ ရေးမိပါသဗျား။
(ဂေဇက်လို နေရာမျိုးစာဝင်ရေးသူတွေဟာ လူကောင်းကောင်းတွေပဲများမှာမို့ စိတ်ကောင်းကောင်းတွေ အသီးသီးရှိကြမယ်ဆိုတာ ယုံမှားသံသယ မရှိပါဗျား….။)
koaung
December 7, 2011 at 6:44 pm
မမြဲသောတရားသည် မြဲသည်ဆိုတဲ့ အသိစိတ်ရှိခဲ့ရင် ဘာမှစဉ်းစားစရာမလိုတော့ပါ (မြင်မြင်သမျှ သင်ခါရ)လို့သာ စိတ်ထဲရွတ်လိုက်ရင်
မကောင်းတဲ့စိတ်တောင်မှ လမ်းပြောင်းသွားတတ်ပါတယ်
thit min
December 7, 2011 at 9:30 pm
ကိုလင်းဝေကျော် နဲ့ ကျနော် တသဘောထဲ ပဲ ကိုဘလက်ရေ။
ဒီလို ရေးဖြစ် လာရတဲ့ အကြောင်းရင်းလေး သိခွင့်ရမယ်ဆိုရင် သိချင်ပါတယ်ဗျာ။
TTNU
December 7, 2011 at 9:34 pm
ကိုဘလက် ရေ..
ထားဖို့ခက်တဲ့ မုဒိတာကို
ထားတတ်အောင် လေ့ကျင့်ကြဖို့
မောင်ရင် တိုက်တွန်းတာကိုက
Whowho ပြောတဲ့အတိုင်း
(အားလုံးသော သတ္တဝါများ အပေါ်မှာ သူတို့ရဲ့ ကောင်းမှုအကြောင်းလေး တွေကပေးတဲ့ ကောင်းကျိုးလေးတွေကို
ဆက်တိုက်ခံစားနိုင်ကြပါစေ လို့နှလုံး သွင်းပြီး ပွားပေးလိုက်) တာပဲ မဟုတ်ပါလား။
ဦးဘဇင်း
December 7, 2011 at 9:36 pm
ကိုယ့်ကိုယ်ကို သိပ်ဟုတ်နေပြီမှတ်တာ
ခုမှ သတိထားမိတယ်
မုဒိတာဆိုတာ သစ္စာတရားနဲ့ မငြိဘူးဆိုတာ သတိထားကြစေသလိုပါတယ်
ဗြဟ္မာ့စိတ် ငါးမျိုးထဲက တစ်မျိုးပါ
အထူးသတိထားကြဘို့က မုဒိတာဆိုတာ မိမိမှအခြားကို သတိထားရာမှ
အခြားခန္ဓာကို နှစ်သက်/မနှစ်သက် တဲ့သဘောရှိပါတယ်
ဒါ့ကြောင့် မုဒိတာအစား ဥပက္ခာကို နှလုံးသွင်းကြဘို့ တိုက်တွန်းပါတယ်
ထုံးစံအတိုင်း သူများနဲ့မတူအောင်ပြောရမယ်ဆိုရင်ဖြင့် 😀 😀
မုဒိတာဆိုတာ သူတစ်ပါးရဲ့ အကြောင်းတရားအပေါ်မှာ ကြေနပ်နှစ်သိမ့်ပေးခြင်းပါ
ဥပမာဆိုပါဆို့
ကျုပ်က ရွာထဲက အပျိုဂျီးဒွေနဲ့ ကော င်းဇားနေဒါဂို
ကိုကြောင်ကြီးက မုဒိတာပွားနိုင်ပါ့မလား
ထပ်ပြီး အနုစိတ်ပေးပါမယ်
ကိုယ့်ဖာသာ ကောင်းစားနေတာကို သူများကို သွားပြီး ( treat ) ဟုတ်လားမဟုတ်လားမသိဘူး
ဒီရွာထဲ နည်းနည်းပါးပါး လုပ်ပြမှရဒါဂိုး 😀
ဆိုလိုတာက ကိုယ့်ဖာသာ ကောင်းစားတာကို သူများကို သွားပြီး ဥစ္စာရူးပြတော့
( ကျုပ်တောင်ဗလိုင်းဂျီး တက်ပြီး ကလိုင်းတာခံရဘူးတယ် )
အဲ့သည်မှာ ငြိကြတာ
ဒါက အကြမ်းဖျင်း ပုံဖော်ပြာတာပါ
ဘယ်သူ ဘာပြောမလဲ ကြည့်ပါဦးမယ်
ဘာဘဲပြောပြောပါ စိတ်ဝင်စားမိပါကြောင်း
ချစ်စ/ဆ ရာ
December 7, 2011 at 9:53 pm
ဆိုလိုတာက မုဒိတာ ဆိုတာ
ငါ
လို့ဆိုတဲ့ မာနနဲ့ ပတ်သက်တာလား
ဖုန်းဖုန်း ??????
ကြောင်လတ်
December 7, 2011 at 10:48 pm
မုဒိတာ ဆိုတာ ညီအကိုမောင်နှမချင်းတောင်ထားလို့မရပါ၊ တချိန်က ညီအကိုမောင်နှမ များဟာ ၅၂၈ သွယ်မေတ္တာ နဲ့ချစ်ခင်ခဲ့ကြပါတယ်၊ တယောက်သောသူက အိမ်ထောင်ကျပြီးနွမ်းပါးတဲ့အချိန်မှာ သနားတဲ့ ကရုနာ စိတ်နဲ့ ဝိုင်းဝန်းထောက်ပံ့နိုင်ကြပါတယ်၊ လုပ်ရင်းကိုင်ရင်း သူဟာကံအကြောင်းတရားအရ အများထက် သာတဲ့အချိန်မှာတော့ မေတ္တာနဲ့ ကရုနာ ကြီးခဲ့တဲ့ညီအကိုမောင်နှများဟာ မုဒိတာဆိုတာကိုမထားနိုင်ကြပါဘူး၊
မုဒိတာဆိုတာ မိဘကသာ သားသမီးအပေါ်ထားနိုင်တဲ့အရာပါ။ မိဘဟာ သားသမီးတိုင်းကိုနှိုင်းလို့မရတဲ့မေတ္တာနဲ့ချစ်ကြတာ လူတိုင်းသိပါတယ်။ သားသမီးတစ်ယောက် ဆင်းရဲရင် လည်းကရုနာ ထားတာပြောမပြနိုင်လောက်အောင်ပါပဲ။ သားသမီးထဲက ဘယ်သူပဲ ကြီးပွား ကြီးပွား မိဘက မနာလိုမရှိပါ၊ အထူးကိုဝမ်းသာကြတာပါ၊ အဲဒါမုဒိတာ။ ဒါပေမဲ့ အဲဒီမိဘတွေဟာ ဥပေက္ခာ ကိုတော့……………။
(ဒီစကားဟာ သက်ရှိထင်ရှားရှိနေသေးတဲ့ ကျနော်အဖေ မကြာမကြာပြောတဲ့စကားပါ။)
E.T
December 8, 2011 at 3:43 am
မိမိကိုယ်တိုင် ကြိုးစား အားထုတ်လို ့ ချမ်းသာတဲ့ သူတွေကိုတော့ ချီးကြူးတယ်၊ လေးစားတယ်၊ အားကျတယ်။ ဒါပေမယ့် ထွေထွေထူးထူးကြီးတော့ လိုက်ပြီး မုဒိတာပွားမနေပါဘူး။
kai
December 8, 2011 at 5:31 am
တကယ်တော့..ဂရုဏာထားတယ်ဆိုတာ.. ကိုယ်ကမြင့်ပြီး..သူကနိမ့်တယ်ထင်နေလို့..
မုဒိတာ ထားမပေးနိုင်ကြဘူးဆိုတာ… ကိုယ်ကနိမ့်ပြီး… သူကမြင့်သွားတယ် ထင်နေလို့..
ဒါတွေက.. အိနိ္ဒယက..ဂေါတမဗုဒ္ဓမပွင့်ခင်ကတည်းကရှိတဲ့.. ယဉ်ကျေးမှု..ဇတ်အနိမ့်အမြင့်တွေက.. ကူးစက်လာတာလို့ ထင်မိတယ်..။
လူလူချင်း ..အားလုံးတန်းတူဆိုတဲ့.. စိတ်မထားနိုင်သ၍.. ရှိနေမယ်ထင်မိတယ်..။
ကြိုးစားက ဘုရားဖြစ်နိုင်သည်..တဲ့..။
လူတိုင်း..ဘုရားဖြစ်ခွင့်ရှိတယ်..။ ဖြစ်နိုင်တယ်..။
ဆိုတော့… လူသားတိုင်း..ဘုရားနဲ့.. တန်းတူပဲ..။ 😆
MaMa
December 8, 2011 at 7:04 am
မုဒိတာနဲ့ ပတ်သက်ပြီး အမျိုးသမီးစာရေးဆရာမတစ်ယောက် (မစန္ဒာလို့ ထင်ပါတယ်။) ရေးတဲ့ဝတ္ထုတစ်ပုဒ် ဖတ်ဖူးတယ်။
အကြမ်းဖျင်း မှတ်မိသလောက် ပြောရမယ်ဆိုရင်-
ကိုယ့်ထက်နိမ့်ကျတဲ့ သူငယ်ချင်းမအပေါ်မှာ အစစအရာရာ ပေးကမ်းဖြည့်ဆည်းပေးပြီး သဘောကောင်းတဲ့သူက လုပ်ငန်းခွင်ဝင်၊ အိမ်ထောင်တွေကျပြီးတဲ့အခါ၊ ကံကြမ္မာကြောင့် ပြောင်းပြန်ဖြစ်သွားတဲ့ အခြေအနေမှာ မုဒိတာ မထားနိုင်တဲ့အပြင် အဲဒီသူငယ်ချင်းမကပေးတဲ့ စေတနာကိုတောင် မခံယူနိုင်ပဲ မခေါ်နိုင် မပြောနိုင်ဖြစ်သွားတာကို ရေးပြထားတာ တော်တော်ကောင်းတယ်။
စာဖတ်နည်းတဲ့ ကျမအတွက်တော့ တစ်ဘဝစာ မှတ်သားလိုက်မိတဲ့အထိပါပဲ။
parlayar46
December 8, 2011 at 9:05 am
MaMa ပြောတဲ့ဇတ်လမ်းမျိုး မိုးမိုး(အင်းလျှား) ရဲ့ ဝတ္ထုတိုတွေထဲမှာလဲ ဖတ်ဘူးတယ်။
မဂ္ဂဇင်းဝတ္ထုတိုအဖြစ်ပေါ့။
နောက်ပိုင်း ဝတ္ထုတိုပေါင်းချုပ်ထွက်တော့လဲ အမှတ်(၂) မှာ(ထင်တယ်) ပြန်ပါလာသေးတယ်။
တကယ်တော့ ဘဝကို ထိုးထိုးဖေါက်ဖေါက်ကြည့်ဖြစ်တာ အဲသလို အဖိုးတန်စာပေတွေကြောင့် အများကြီးပါပါတယ်။
blackchaw
December 8, 2011 at 9:25 am
ကွန်းမန့်ပေးကြသူအားလုံးကို ကျေးဇူးပါဗျာ။
ကျွန်တော်ကိုယ်တိုင်လည်း မုဒိတာ နည်းပါတယ်။
ကွန်းမန့်ပေးသူ တချို့လည်း မုဒိတာ ထားရတာ ခက်တယ်လို့ ဝန်ခံကြပါတယ်။
အဲဒါကြောင့် နည်းနည်းလေးများ အကျိုးရှိမလားဆိုတဲ့ စိတ်နဲ့ ရေးလိုက်တာပါ။
ကြောင်ကြီး
December 8, 2011 at 10:56 am
ဆင်းရဲချမ်းသာ၊ အခွင့်အလမ်း ရှားပါမှု စတဲ့ ခေတ်စီးပွားရေးနဲ့ အများကြီးဆိုင်ပါတယ်။ ဘာသာရေးရှုဒေါင့်နဲ့ ပေါင်းစပ်ပြောရင် တိုးတက်တဲ့ နိုင်ငံတွေလောက် လောဘကြီးတာ ရှိအုံးမလား၊ ဆင်းရဲတဲ့နိုင်ငံတွေမှာကြတော့ ဒေါသကြီးတယ်။ လောဘ၊ ဒေါသ နှစ်ခုစလုံးသည် မုဒိတာပွားခြင်းရဲ့ အတားအဆီး ဖြစ်ပါတယ်။ ဘာသာရေး သက်သက်ပြောရင်တော့ ကိုယ့်စေတနာ မဖြူစင်လို့ (ငါဆိုတဲ့ အတ္တနဲ့ အပေါ်စီးကပေးကမ်းစွန့်ကြဲနေတဲ့ အရသာခံနေလို့) တဖက်သား ကိုယ့်ထက်သာသွားချိန်မှာ မုဒိတာစိတ် မဖြစ်နိုင်တာပါ။ သို့ပေမဲ့ ချမ်းသာတဲ့ နိုင်ငံများမှာကြတော့ သိပ်ပြသနာမရှိတာ၊ ရှိလည်း မသိသာတာ သူတို့က ပိုမြင့်မြတ်နေလို့လား။ မဟုတ်ပါဘူး… ကွာဟချက်က သူလိုပဲ ကိုယ့်မှာ လုပ်ကိုင်နိုင်ဖို့ အခွင့်အလမ်းများ ရှိနေခြင်းပါ။ မြစ်ရေစီးကောင်းနေရင် ဘယ်သူမြောင်းလုပ်သွယ်သွယ် ကြည်ဖြူနိုင်ကြပါတယ်။ မြန်မာပြည်လို ရှိတဲ့ ချောင်းသာသာမြစ်ရေလေးကို မြစ်ဝကနေ ပိတ်သဲ့ယူထားအခံရတဲ့ နိုင်ငံမျိုးမှာ ကြတော့ မြစ်အောက်မှာနေရတဲ့ သာမန်လူအများ တဦးပေါ်တဦး သာသွားရင် စိတ်မသက်မသာ ဖြစ်ကြပါတယ်။ ဒါ လူ့သဘာဝ ဖြစ်ပါတယ်။ စာပေ အတွေးအခေါ်များ အပိတ်ခံရတဲ့ လူ့အဖွဲ့အစည်းမှာဆို မုဒိတာ မပွားနို်င်ရာကနေ မနာလိုဖြစ်၊ လိမ်လည်လှည့်ဖျားတဲ့ စိတ်ဓာတ်များ ဝင်ကုန်ပါတယ်။ အဓိကကျတာ စနစ်ဖြစ်ပါတယ်။ လူနဲ့စနစ် အပြန်အလှန် မှီခိုနေပေမဲ့ မူမကောင်းရင် ဘယ်လောက်ကောင်းတဲ့လူ ဖြစ်ပါစေ ပျက်ရတယ်။ မူကောင်းရင်တော့ ရာနှုန်းပြည့်ကောင်းမယ်လို့ အာမခံချက်မရှိသော်လည်း လူကောင်းများ ပေါ်ပေါက်ပေးရပါတယ်။
ba gyi
December 8, 2011 at 11:29 am
ဂရုဏာ၊မေတ္တာ၊မုဒိတာ၊ဥပေက္ခာ။
လူတိုင်း ထားနိုင်ရင်သတ္တဝါ မှန်သမျှ အေးငြိမ်းကြမှာပါပဲ၊
လောကီ အတွက်ကောင်းသလို၊လောကုတ္တရာအကျိုးအတွက်ပါ အကြောင်းတရားအထေါက်အပံ့၊ ဖြစ်စေ ပါမယ်၊ရုံးတွေ၊ဂတ်တွေ၊ရဲတွေ၊ရှေ့နေတွေ၊တရားသူကြီးတွေ ရှိနေရင်တောင် ရှိလို့ရှိမှန်းမသိရတဲ့ လူ့ပတ် ဝန်းကျင်ကလေးဖြစ်လာမှာပါပဲ။
မုဒိတာအဆင့်အသာထား၊ မေတ္တာအဆင့်မှာတောင် မေတ္တာစစ် ထားဘို့ကိုက တော်တော်ခက်တာဂလား၊
သူ့အကျိုးတွက်မေတ္တာလား၊ ကိုယ့်အကျိုးတွက်မေတ္တာလား၊ ရယူဘို့လား၊ပိုင်ဆိုင်ဘို့လား၊ပေးဆပ်ဘို့လား၊
ကိုယ်ကပေးဆပ်ဘို့၊သူအကျိုးအတွက်လို့ ဆိုမှ မုဒိတာ ဘက်ဦးတည်နိုင်မှာပဲ၊ အဲသည်မှာတောင် ပေးဆပ် လျှက်၊ ဂရုဏာစိတ်ကလွန်ကဲ ပြီး ပေးဆပ်သမျှဖြစ်မလာတဲ့အပေါ်မှာ အားမလိုအားမရဖြစ်မိ ပြန်ရင် လဲ မေတ္တာကပျက်ပြန်ရော၊ကိုယ်ပေးဆပ်တဲ့အပေါ် အလွဲသုံးစားဖြစ်လာပြန်ရင်လည်း ၊ အဲသည်အခါမှာ- ဒေါသ ဆိုတာကပ်ငြိရပြန်လည်း၊မေတ္တာပျက်ရပြန်ရော၊ ဟော သည်တော့ မုဒိတ္တာမရောက်ခင်မှာကိုက၊ မေတ္တာအဆင့်မြဲဘို့တော်တော်ခက်တာပဲသည်တော့ မေတ္တာအဆင့်မှာပဲ ၊ ဥပေက္ခာ တွဲထားနိုင်မှ မေတ္တာ ကအပျက် ဘက်မရောက်မှာဖြစ်ကြောင်းပါဗျား။အဲဒါမှ အဲသည်နှစ်ခုအကြားမှ မုဒိတာကိုလိုုသလို ထားနိုင် မှာ ဖြစ်ပါကြောင်းဗျား။ဘကြီး လည်း အဲသည်အဆင့်တွေ ပြည့်စုံ ဘို့ ကျိုး စားနေရတုန်းပါပဲဗျား။ (လိုသလိုထားတယ်)ဆိုတဲ့သဘောက အဲသည်မြင့်မြတ်မှုစိတ်ထားတွေနဲ့ ထိုက်တန်၊မတန်ရှိတတ်ပါတယ်၊
လူတွေအပေါ်မတရားအနိုင်ကျင့် ၊မဟုတ်တာလုပ်နေတာမျိုးနဲ့ကြီးပွါးတာ ကျတော့၊သည် လိုစိတ် တွေ နဲ့ထား မိမယ်ဆိုရင်- မစင်ကျယ်တဲ့ မုဒိတာဖြစ်ပြန်ရော၊သည်တော့ အဲလိုမဖြစ်ဘို့ ဥပေက္ခာ ဆိုတာပေါ် လာတာပါပဲ။ လူတိုင်းသည်လိုထားနိုင်ဘို့တော့ တော်တော်မမြင်တာပါပဲ၊ ဒါကြောင့် ဘုရားတောင် လူတိုင်း ကိုနိဗ္ဗန်ရောက်အောင်လုပ်ဖို့ မလွယ်ဘူးသိလို့ ၊လွတ်နိုင်၊ကျွတ်နိုင်သူကိုပဲ သံသရာကကျွတ်အောင်လုပ်ပေး
ခဲ့တာပါပဲ။