Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ကျနော်ပြည်သူ့ဝန်ထမ်းတဲ့ပြည်သူ့ရဲပါ ………

fattyDecember 7, 20111min79728

အဲလိုပြည်သူ့ဝန်ထမ်းများကို ကျနော်ဖက်တီးမှ အလေးပြုပါသည်ခင်ဗျား။

28 comments

  • thit min

    December 7, 2011 at 7:37 pm

    မြန်မာပြည်ကြီး ပြောင်းလဲသွားပါပြီ ဟု သာ။(^^)

    • kokoover

      December 7, 2011 at 9:09 pm

      အော်. ခမျာမှာထမင်းစားပြီးရင်အချိုတဲမို့နေမှာပေါ့…

  • koyinmaung

    December 7, 2011 at 7:38 pm

    တော်တော်နောက်တဲ့ကိုဖက်တီး……..

  • koaung

    December 7, 2011 at 7:42 pm

    မြင်လဲမြင်တတ်တယ်ဗျာ တကယ်ပါဘဲ(ယိုသူမရှက်မြင်သူရှက်) ဆိုတာဒါမျိုးလား 😀

  • ပေါက်ဖော်

    December 7, 2011 at 7:50 pm

    ဟာ..
    ငှက်ပျောသီးဗုံး..
    ခုမှမြင်ဖူးတယ်..
    အဟဟဟဟဟဟဟဟဟဟဟဟဟဟဟဟဟဟဟဟဟဟဟဟဟဟဟဟ
    😆

  • windtalker

    December 7, 2011 at 7:58 pm

    အဲဒီ့ရဲက “ဂထစ” အဖွဲ ့ဝင် သီးသန် ့ပါ
    ဂျော်အထူးစစ်ဆေးရေး လေ
    ဟီဟိ

  • naywoonni

    December 7, 2011 at 8:03 pm

    ကိုဖက် အဲဒါဘယ်နား ကတွေ့လာတာလဲ…။ ခင်ဗျားနော် ခင်ဗျားကြီးတော်တော်နောက်…။ အဲဒိကောင်များသိရင်တော့ …တော်တော် ဒေါခီးသွားမှာဗျ သိလား ? မလုပ်ပါနဲ့ဗျ…။ မနောက်စကောင်းနောက်စကောင်း (ကိုပေါက် ဆီက ခဏ ငှား သုံးလိုက်သည်…။ ပြီးရင်တော့ မေ့ချင်ယောင်ပြီး ပြန်မပေးပဲထားလိုက်ဦးမယ်)

  • fatty

    December 7, 2011 at 8:08 pm

    ဘုရားစူးရစေရဲ့ ကျနော်မျိုး ရိုက်တဲ့ပုံမဟုတ်ရပါဘူး …..။
    ပြေးဘီဗြို့ ……………………..။

  • aye.kk

    December 7, 2011 at 8:16 pm

    ရှာရှာဖွေဖွေ..ရိုက်တတ်တယ်နော်
    အမျိုးတော်နေသည်လား..ပုံလေးမြင်ရတာရီရသည်..။

  • kolawyan

    December 7, 2011 at 8:17 pm

    မိုးလင်းထဲက စဉ်းစားမိတာစားဘို့ပါဘဲ….
    မျက်စိမှိတ်လို့ အိပ်မက်ထဲတောင်စားချင်နေဒယ်…
    စားမှာဘဲ..စားးမှာဘဲ…ငါ့ကိုလားမတားနဲ့ဒဲ့ဗျို့…
    ပြောရင်းးးးဆိုရင်းးး အရှေ့ကလူလစ်တော့
    ကျနော်လည်း လစ်တော့မယ်ဗျို့….

  • MaMa

    December 7, 2011 at 8:34 pm

    ဦးဖက်ရိုက်တာထင်လို့ သတ္တိကောင်းလှချည်လားလို့ ချီးကျူးမလို့။
    ခုတော့ ချီးကျူးတာတောင် မစောင့်တော့ပဲ ထွက်ပြေးပြီလားးးးး 😆

  • မိုးနတ်သားလေး

    December 7, 2011 at 9:07 pm

    ငှက်ပျောသီးခါးကြားထိုးထားတာဆိုတောလက်ထိပ်ခတ်ကတော့အပေါင်ဆိုင်ရောက်နေရောလားမသိဘူးနော်
    အခုသူထားတဲ့နေရာကလက်ထိပ်ခတ်ထားတဲ့နေရာလိုထင်တာဘဲ

  • mg wine

    December 7, 2011 at 9:59 pm

    ရ တာအကုန်ထည့်တယ်လေ
    ခါးတွေ ဖမ်းရင်း စစ်ရင်း အကျင့်ပါသွားလို့ပါ ခွင့်လွတ်ပါ

  • KoNyeinChan

    December 7, 2011 at 10:56 pm

    ရဲ ဆိုတာ မကောင်းတာ မဟုတ်တာ အလုပ်များတဲ့သူ ဆိုတဲ့ အမြင်ကိုဘေးခဏဖယ်ထားပြီး တခြားအမြင်တစ်ခုအနေနဲ ့ကျွန်တော် တွေးမိလိုက်ပါတယ်.. သူလည်း သက်ရှိလူသားတစ်ဦးမို ့ဆာလောင်မှုရှိမှာပါဘဲ၊ သွားရင်း လာရင်း ဆာလာတဲ့ အခါ စားရအောင်လို ့ဆောင်ထားတယ်လို ့တော့ထင်ပါတယ်.. ရရှိတဲ့လခလေးနဲ ့မိသားစုစားဝတ်နေရေးကို ဦးစားပေးနေရတဲ့သူ၊ အရွယ်မရောက်သေးတဲ့ ကျောင်းတက်နေကြတဲ့သားသမီးတွေ၊ အကယ်၍ မိသားစုဝင်တစ်ဦးဦးဟာလည်း နာမကျန်းဖြစ်နေ၊ တာဝန်ကျရာနေရာကို ထမင်းချိုင့်ကြီးတကားကားနဲ ့သွားဖို ့လည်း မသင့်တော်ပြန်၊ နေ ့တိုင်းသာ ထမင်းဆိုင်မှာ ဝယ်စားနေရလို ့ရှိရင်လည်း အိမ်က မိသားစု ဗိုက်မှောက်နေရုံဘဲရှိတော့မယ်.. ဖြစ်စေချင်တာကတော့ မြန်မာပြည်က ဝန်ထမ်းတွေကို လုံလောက်တဲ့ လစာပေးသင့်တယ်လို ့ထင်မြင်မိပါကြောင်း(ဒီမလေးရှားမှာ အလုပ် စ ဝင်ဝင်ချင်း ရဲသားရိုးရိုးတစ်ယောက်ရဲ ့လစာ+ထောက်ပံ့ကြေးက ရင်းဂစ် ၂၈၀ဝ မြန်မာငွေ ၆၈၆၀ဝ ရပါတယ်)
    အပေါ်က ပုံကို ကြည့်ပြီး သနားစရာ မြန်မာပြည်ဝန်ထမ်းတစ်ယောက်လို ့ဘဲ ထင်မြင်ခံစားမိပါတယ်

    • small cat

      December 8, 2011 at 7:06 am

      ကိုငြိမ်းချမ်းရဲ့ အမြင် ကိုလေးစားပါတယ်။

    • Patriot

      December 8, 2011 at 9:04 am

      Thumb up! Ko Nyein Chan ! I also have same point of view!

    • Diamond Key

      December 8, 2011 at 11:24 am

      ကိုငြိမ်းချမ်း ၊ ၆၈၆,၀၀ဝ ?

  • pasi

    December 7, 2011 at 11:33 pm

    လက်ထိပ်ကလည်းပေါင်ပြီး ညက မူးမူးနဲ့ ရေချိန်မြှင့်လိုက်တယ် မနက်ကလည်းမိန်းမနဲ့အဆင်မပြေလို့ ကလေးမီးဖုတ်ကျွေးမယ့် ငှက်ပျောသီးတစ်လုံး လက်ထိပ်အိပ်ထဲထည့်လာခဲ့တယ် အခု 2pm မှ အချဉ် လေးဖမ်းမိလို့ ထမင်းလေးလွေးပါတယ် တောက်—- ဖက်တီးဘယ်ချောင်ကနေ ငါ့ကို တီးသွားပြန် ပြီလဲ စိတ်ညစ်တယ် ဒီနေ့ပြဿဒါးနေ့ပဲ

  • zaw min

    December 8, 2011 at 12:07 am

    ဌက်ပျော်သီးလေး ခါးကြားထိုးမိပါတယ်…ဦးဖက်နဲ့တိုးလို့ အွန်လိုင်းပေါ်ရောက်ရပါတယ်…
    စည်ပင်ရဲကြီးခင်မျှာ သနားပါတယ် မောမောပန်းပန်းနဲ့ လမ်းဘေးဈေးသည်လိုက်ဖမ်းပြီးရင်စားဖို့ပါကွယ်…

  • E.T

    December 8, 2011 at 5:42 am

    လူဆိုးဖမ်းလို ့ အရေးကြုံရင် ဟိတ်ကောင်မလှုပ်နဲ ့ကွ ဆိုပြီး ခါးကြားက ဟန်ပါပါနဲ ့ဆွဲထုတ်လိုက်ရင် ထွက်လာမှာက သေနတ်မဟုတ်ပဲ ဖီးကြမ်းငှက်ပျောသီးကြီး ဟီးဟီးးး :mrgreen:

  • လင်းဝေ

    December 8, 2011 at 9:23 am

    ဒီပုံကို စမြင်မြင် ချင်း ထရယ်မိတယ်။
    ပြန်ပြီးကြည့်တော့လည်း ရယ်ချင်စရာပဲလေ။
    ဘယ်ကနေ ကောက်ထည့်လာပြီး ထားစရာနေရာမရှိလို့ အလွယ်လုပ်ထားတုန်းမှာ
    မှတ်တမ်းတင်ပေးတဲ့သူနဲ့ တည့်တည့်တိုးတော့တာပါပဲ။
    မြန်မာပြည်က ရဲသားလည်း ၄၅,၀၀ဝကျပ် လစာ ရပါတယ်။
    ပြဿနာက မြန်မာပြည်မှာ အလကားနေရင်း အထွေထွေ ကုန်ဈေးနှုန်းတွေတက်နေတာပါ။

  • parlayar46

    December 8, 2011 at 9:46 am

    ရဲ အကြောင်း အသိဆုံးဖြစ်မယ့် ကိုဖက်က ရေးမလားလို့စောင့်ပါတယ်။
    ကိုဖက်မရေးလို့ ကျွန်တော်နဲနဲလောက် အစထောင်လိုက်ပါဦးမယ်။ ခွင့်လွှတ်ပါကိုဖက်ရေ။

    တကယ်တော့ –
    မုန်းစရာအလွန်ကောင်းပြီး သနားစရာလဲအလွန်ကောင်းတာ မြန်မာပြည် ရဲ ဝန်ထမ်းတွေပါ။
    သူများတွေကိုကာကွယ်ပေးရပြီး သူတို့ကိုယ်တိုင်တော့ အကာအကွယ်မဲ့နေတာ မြန်မာပြည် ရဲ ဝန်ထမ်းတွေပါ။
    လူဆိုးကလေးတွေကို ပေါင်း/မွေးရင်း လူဆိုးအလတ်တွေကို ဖမ်းဆီးအရေးယူရင်း
    လူဆိုးအကြီးစားတွေကို ကြောက်နေရတာ မြန်မာပြည် ရဲ ဝန်ထမ်းတွေပါ။
    အုပ်ချုပ်သူတွေ မဟုတ်တာလုပ်သမျှ ခေါင်းခံ နာမည်ပျက်ခံရပြီး အထက်ကကြပ် အောက်က ကလန့်တာ ခံနေရတာ မြန်မာပြည် ရဲ ဝန်ထမ်းတွေပါ။
    ဘယ်သူမှ ရေတခွက်တောင် အလကားမတိုက်ချင်လောက်အောင် မေတ္တာပျက်ခံနေရရင်း-တချိန်ထဲမှာပဲ အခြားအာဏာပိုင်အဖွဲအစည်းတွေရဲ့ အနိုင်ကျင့် ဗိုလ်ကျခံနေရတာလဲ မြန်မာပြည် ရဲ ဝန်ထမ်းတွေပါ။

    သူတို့ထဲကအများစုက လာဘ်စားတယ်၊ ဂွင်ဆင်ပြီးငွေညှစ်တယ်၊ အဂတိလိုက်စားတယ် ဆိုပါတော့-
    မှန်ပါတယ်။ ဒါပေမယ့် အဲသလိုလုပ်ဖြစ်အောင် စံနစ်ကြီးက တွန်းပို့ ပုံလောင်းလိုက်တာပါ။

    ရဲတွေရဲ့အလုပ်ချိန်ဟာ သတ်သတ်မှတ်မှတ်မရှိဘူး။ လုပ်စရာရှိရင်ရှိသလို ၂၄ နာရီပဲ။
    ရဲတွေရဲ့ အလုပ်နေရာဟာလဲ သတ်သတ်မှတ်မှတ်မရှိဘူး။ အများစုက လမ်းပေါ်မှာ။
    ရဲတွေရဲ့ ခံစားခွင့်ကလဲ သတ်သတ်မှတ်မှတ်မရှိဘူး။ အသုံးစားရိတ်အများစုကို ကိုယ့်ဟာကိုယ်ရှာစား ဆိုတဲ့ပုံစံမျိုးနဲ့ ပစ်ထားတာ။
    ရဲစခန်းရဲ့စားရိတ်၊ မီးပြင်တာ ဆေးသုတ်တာ အချုပ်ခန်းပြင်တာ ရဲကားပြင်တာ ဆီထည့်တာ တွေကစလို့ မြို့နယ်မှုးနဲ့စခန်းမှုးရဲ့ စားရိတ်အကုန်လုံးအထိ၊
    ရဲစခန်းမှာ ဖုံးတပ်၊ စကားပြောစက်တပ်၊ ကွန်ပျူတာတပ်၊ စီစီတီဗွီတပ်ဘို့အထိ
    အဲဒါအားလုံးရဲဝန်ထမ်းတွေက ရှာပေးရတာ။
    သူတို့ယူနီဖေါင်းနဲ့ equipment တွေ အကုန်နီးပါးအထိ သူတို့ဘာသာဝယ်ရတာ။
    သူတို့မဝယ်ရတာ သေနတ်နဲ့ ကျည်ဆံပဲရှိတယ်။ အဲဒါကို မဝယ်ရတာလဲ သူတို့မှကိုင်ခွင့် အသုံးပြုခွင့်မရှိပဲ။
    သူတို့သုံးရတဲ့ လေးခွတွေ၊ ဒုတ်တွေ၊ လက်ထိပ်တွေ၊ ဒိုင်းတွေ၊ ဆက်သွယ်ရေးစက်တွေ – အဲဒါတွေအားလုံး သူတို့ပိုက်ဆံရှာပြီးဝယ်ရတာ။

    ဒီလို လုပ်ငန်းလိုအပ်ချက်တွေများလွန်း ဖိစီးလွန်းတဲ့အခါ ရှိသမျှအခွင့်အရေးတွေ မှားမှားယွင်းယွင်းအသုံးချရင်း ကိုယ်တိုင်ပါသာယာလာပြီး ပျက်စီးတော့တာပါ။
    မပျက်စီးတဲ့ရဲတွေလဲ အများကြီးပါ။ ကိုယ့်ထက် ခံနိုင်ရည်သာလွန်တဲ့ အဲဒီရဲဝန်ထမ်းကောင်းတွေကို ကျုပ် လေးစားမိပါတယ်။

    အခုပြောမိသမျှကတော့ တို့ရုံထိရုံပါပဲ။ ခေါင်းစဉ်လောက်ပဲရှိသေးတာပါ။
    ဖတ်မိသူများ ကျုပ်ကို အနီကဒ်ပေးနိုင်ကြပါပြီ။
    သူတို့ဘဝသူတို့အကြောင်း ကျုပ်လိုသိလာတဲ့တနေ့ ကျုပ်ပြောမိတာတွေကို ကျေနပ်သွားမှာပါ။

    • ကြောင်ကြီး

      December 8, 2011 at 11:14 am

      ဦးဖက်က ရဲတွေနဲ့သိပ်ရင်းတယ်ဆိုတော့ ဘာလဲဗျို့…။ အဆက်အသွယ်လုပ်မိတာ မှားပြီနဲ့တူ၏။ လဝက အရာရှိတယောက် စကားကြုံလို့ ပြောတာနားထောင်ဖူးတယ်။ ရဲတော့ မဟုတ်ဘူး။ အများသူငှာ အထင်ကြီးတဲ့ အမ်အိုင်အကြောင်း။ အမ်အိုင်ဆိုပြီး သောက်ရမ်း အထင်မကြီးနဲ့တဲ့၊ လမ်းပေါ်လျောက်သွားနေတဲ့ ဒုတပ်ကြပ်လိုထောက်လှမ်းရေး လွယ်အိတ်ထဲမှာ လောက်လေးခွရယ်၊ ညဖက် အရေးကြုံရင် တွေ့ရာရုံးဝင် ဖုံးဆက်လို့ရအောင် ပေးထားတဲ့ မာစတာကီးရယ် ပဲရှိတယ်တဲ့။ ၂၀၀ဝခုနှစ်များလောက်ဆီကပါ။ 😆
      နယ်မြေအပိုင်စားရတဲ့ တပ်ကြပ်ကြီးများလောက်သာ ကားစီးနိုင်တာ၊ ကျန်တဲ့ ထောက်လှမ်းရေးတွေကတော့ နာမည်ကြီး ထမင်းငတ်။ ရဲကတော့ သူ့ဂွင်နဲ့သူ ရှိမယ်ထင်ပါတယ်။ နယ်ထိန်းရဲများဆို ဂွင်ကိုယ်စီနဲ့ပေါ့။ တခုတော့ ရှိတယ်၊ ဘာလုပ်ငန်းမှ မရှိတဲ့၊ အေးချမ်းနေတဲ့ ရပ်ကွက်ထိန်းရတဲ့ နယ်ထိန်းများဆိုရင်တော့ ငတ်ပေါ့။ ဦးဖက်ကတော့ အင်တာနက် နယ်ထိန်းရဲလား မသိဘူး။ ခွေးလွှတ်ပါဗျို့ ပြောမှားဆိုမှား ရှိခဲ့ရင်…..။ 🙄 မလိမ်နဲ့နော်၊ လိမ်ရင်နှစ်ပြစ်….။ 🙄

  • etone

    December 8, 2011 at 10:31 am

    ဆာလောင်မှုဒဏ်ကိုဖြေရှင်းဖို့ သေနတ်ထက် ငှက်ပျောသီးက ပိုအသုံးဝင်ပုံရတယ် … ဓါတ်ပုံလေးမြင်ပြီး ရယ်မိတာကလွဲလို့ … တခြားစိတ်တော့မဖြစ်ဘူး … ဟီးဟီး 😀 ကိုယ်ချင်းစာလို့ပါ … ။
    ကိုယ်တိုင်လည်း .. . ဗိုက်ဆာလျှင် စားဖို့ … ဟိုနားဖွက် ဒီနားဖွက်လုပ်ဖူးတာကိုး 😳

  • Moe Z

    December 8, 2011 at 10:53 am

    ရီစရာလည်းကောင်း သနားစရာလည်းကောင်းပါလားနော် 😀 😀

  • nayminn

    December 8, 2011 at 11:41 am

    နောက်ဆုံးပေါ် မျက်ရည်ရိုဗုန်း အဲမှားလို့ ဗိုက်ဆာပြေ..။

  • ba gyi

    December 8, 2011 at 12:40 pm

    လက်ထိပ်အိတ်ထဲ လက်ထိပ်မထည့်တော့ပဲ၊ငှက်ပြောသီး ပဲထည့်ထားတာဆို တော့ တိုင်းပြည် မှာလက် ထိပ် ခတ်ရမယ့်အခြေအနေတော်တော်ရှားပါးသွားပြီး၊ လက်ထိပ်ဆောင်ဘို့တောင်မေ့သွားရတဲ့အ နေအထား ရောက် နေပြီ ထင်ပါရဲ့၊ကောင်းလေစွ။ ယူနီဖေါင်းအသစ်၊ဘိနပ်ကအစပြောင်အာင်တိုက်ထားတာ၊အပြင်ထမင်းဆိုင်ဝယ်စား တာဆိုတော့၊ ပိုင်ဆံမရှိ
    လို့တော့မဟုတ်တန်ရာ၊ တို့တိုင်းပြည်ကြီး အထာပြောင်းပြီး၊လက်ထိပ်မလိုအောင်ကို ဂတ် မရောက်ခင် အပီ
    အကြေအလည်ရှင်းတတ်လာကြပြီလားမသိ။

  • mummymoon

    December 9, 2011 at 2:11 pm

    equipment အဖြူရောင်ဝတ်ထားတဲ့ရဲဟာ နယ်ထိန်းမဟုတ်ပါ– ဝင်ငွေကောင်းတဲ့ရဲလည်းမဟုတ်ပါ— သူတို့ရဲ့အရာရှိကြီးရုံးတံခါးမကြီးကိုစောင့်ပီး ဖွင့်/ပိတ် လုပ်ရတဲ့ ရဲသာဖြစ်ပါတယ်– ဂွင်ကောင်းတဲ့ရဲက equipment အနက်ရောင်ဝတ်ပါတယ်– ဒီလိုရဲမျိုးကို အရင်က ပြည်ထဲရေးဝန်ကြီးရုံးဟောင်း အခု ပတ်စပို့ရုံးအဝင်မှာ တွေ့နိုင်ပါတယ်– တစ်နေကုန်လာသမျှကားတွေကို တံခါးဖွင့်ပေး– လူကြီးကားလာရင် အလေးပြု– ထိုင်တောင် မထိုင်ရပါဘူး– တကယ်သနားဖို့ကောင်းပါတယ်– ရေဆာရင်လဲ သောက်စရာရေမရှိ– ဗိုက်ဆာ ရင်လဲ ပိုက်ဆံရှိရင်တောင် ထွက်စားလို့မရတဲ့နေရာပါ– ဒါကြောင့်မို့လို့ ဆာတဲ့အချိန်စားဖို့ ထည့်ထားတာဖြစ်ပါလိမ့်မယ်– သနားစရာကောင်းတဲ့မြင်ကွင်းပါ– တကယ်အဆင်ပြေတဲ့ရဲက အဲလောက်နိမ့်ကျတဲ့အနေအထားမဟုတ်ပါဘူး– မြင်ရုံနဲ့သိနိုင်ပါတယ်ရှင်

Leave a Reply