မငိုပါနဲ့ အမေရယ်.. နောင်ဆိုဆင်ခြင်မယ်
ကျွန်တော့ ခြေလှမ်းတွေကို အိမ် ထဲကို မလှမ်းသေးခင် လက်ထဲမှာ ဆွဲလာသော မုန့်ထုပ်တွေ ကို
ကျောပိုးအိတ်အနောက်သို့ အသာဖွက် လိုက်သည်..အိမ်ထဲ လှမ်းဝင်ပြီးမျက်လုံးဝေ့ ကြည့်လိုက်တော့
အားလုံး တီဗီ ဇာတ်လမ်းမှာမျောနေတာ မြင်လိုက်ပြီး အမေတယောက်သာ သူ့ကိုမြင်သွားလျက်.. ဟော.
သားလေးပြန်လာပြီ အတော်ပင်ပန်းနေတဲ့ပုံပဲ .
သမီးငယ် နင့်အကိုလေး ကိုသောက်ရေတခွက်ခပ်ပေး လိုက်ပါဦး..ခဏနားနေလိုက်ဦး
ပြီးမှ ရေချိုးထမင်းစား ဒါနဲ့ လည်ပင်းအကြောညှပ်တာရော သက်သာ ရဲ့လား
အိပ်ခါနီးကျရင်အမေဆေးလိမ်းပေးမယ်..
အမေပြောတာတွေကိုနားထောင်နေရင်း စိတ်ထဲသူ လမ်းမှာ ကြိုတွေးထားသလိုအမေတော့ လည်ပင်းနာတာ
ကိုအိမ်ရောက်ရင်မေးအုံးမယ်ထင်ထားတာ မှန်နေသဖြင့် အတော်ကြည်နူးသွားရင်း ခေါင်းလေး အသာညိမ့်ကာ
ထမင်းအရင်စားမယ် အိပ်ခါနီးမှ ရေချိုးတော့မယ် ရော့ဒီမှာ
အိမ်အတွက် မုန့်တွေဝယ်လာတယ်အရင်စားလိုက်ကြဦး ပြီးမှတီဗီ ဆက်ကြည့်ကြပေါ့..
ဟုပြောကာ ထမင်းစားခန်းသို့ တန်းဝင်ခဲ့လိုက်သည်…ထမင်းခူးကျွေးဖို့အတွက် ညီမတွေ
ကိုမနှောင့်ယှက်ချင်တော့ တာနှင့် ကိုယ့်ဘာသာ ထမင်းခူးနေရင်း ဒီနေ့ အိမ်ကို လာဖို့မှာထားသော
လူတယောက်လာမလာ လှမ်းမေးမိသည်..အဲဒီမှာတင်ဇာတ်လမ်းက စတော့သည်ကိုး သူတို့ကလည်း
တီဗီကိုစိတ်ဝင်စားနေတော့ ကိုယ်မေးတာကို အာရုံမစိုက် .သုံးလေးခွန်းမေးလည်း စကားပြန်မလာတော့
လူကကျွဲမီး တိုလာသည်..ဟိတ်မေးနေတာ မကြား ကြဘူးလား ..အဲသလို မေးလိုက်ပြီးကာမှ
ကိုယ့်အသံကျယ်သွားမှန်း တော့သိလိုက်သည်..ဒါပေမဲ့ ထိန်းမရတော့..ဒီမှာတင်ပဲ အမေက သူထိုင်နေတာ
မြင်နေရက် နဲ့တောင်လေသံ ဒီလောက်ကျယ်ရကောင်းသလား ဒါသူ့ကိုမလေးစားတာ အရေးမထားတာဆိုပြီး
ဆူတော့သည်.ခုနကသားလေးပြန်လာပြီလားအသံတော့ မဟုတ်တော့ ဒီတော့ သွားပြီဟု သူ့စိတ်ထဲ
ခံစားလိုက်ရပြီး သူ့မေးနေတာကို အလေးမထားကြတာကိုစိတ်တို
လို့အော်မိကြောင်းရှင်းပြလည်းမရတော့..အမှန်တော့ ကိုယ်ဘက်ကကြည့်ပါက အငယ်တွေက
ကိုယ့်ကိုမထေမဲ့မြင်လုပ်တာဟုမြင်သလို အမေဘက်မှကြည့်လျင်လည်း သူ့ကိုကိုယ်က
အဲလိုလုပ်တယ်ဟု မြင်နိုင်တယ်ဆိုတာကို မတွေးပေးမိ ဪ ဒေါသပေါ့လေ
နောက်တော့အမေ့ထံမှ ကျန်ခဲ့တဲ့ ရက်များစွာကကျွန်တော် လုပ်ကိုင်နေပုံ မဟုတ်ကြောင်း
သူထင်သောအချက်များ ကိုပါဆွဲသွင်းလာတော့သည်..ကျွန်တော်ကလဲ ငြိမ်ခံမနေတတ်တော့ ပြန်ရှင်းပြ ရင်းနဲ့
သားအမိ နှစ်ယောက်အတောသတ်လို့မရတော့..ဆူနေရင်း ရှင်းပြရင်းနဲ့ပဲ နောက်ဆုံးတော့ အမေမျက်ရည်
ကျသွားရသည်..ကျွန်တော်အနေ နဲ့ပြန်ရှင်းပြနေတာကို ကအမေ့ကို ပိုဒေါသထွက်အောင်လုပ်မှန်းသိပေမဲ့
ကိုယ်မမှားကြောင်း ရှင်းပြချင်တဲ့ ညဉ်လေးက ထိန်းမရ..အခုအမေ မျက်ရည်ထွက်နေတာမြင်ရတော့
စိတ်ထဲအတော်လေးမှားမှန်းခံစားလိုက်ရပြီးအသာလေးငြိမ်နေလိုက်ရတော့သည်..အမေကတော့
မျက်ရည်များနဲ့ ဆက်ပြောနေတုန်း…
လူကပါးစပ်ကသာ ငြိမ်နေသော်လည်း စိတ်ထဲက တော့ အမေ့ကိုမှားမှန်းဖွင့်ဝန်ခံချင်သည်. ဒါပေမဲ့
ဝန်ခံဖို့လည်းစိတ်မရဲ .စာတွေဖတ်မှတ်ပြီး အသိဉာဏ်တွေ စုဆောင်းနေပေမဲ့ အမေ့ကိုမျက်ရည်ကျအောင်ထိ
ပြန်ပြောနေမိခဲ့သော ကိုယ့် ကို ကိုယ်လည်း စိတ်ပျက်မိ..ညီမတွေကလည်းစကားမပြောကြတဲ့အပြင်
ကိုယ်ဝယ်လာတဲ့မုန့်လည်း ကိုင်တောင်မကြည့်ကြ ဒါနဲ့တယောက်တည်း
ကွန်ပျူတာရှေ့ထိုင်ပြီးဘာလုပ်ရင်ကောင်းမလဲတွေးရင်း အမေ့ကို တောင်းပန်ဖို့အတွက်
ဒီဝန်ခံစာလေးရေးဖြစ်သွားပါသည်ဗျား…
PS. သဂျီးက ရေးဖူးတယ် စိတ်ထဲမှာ မကျေလည်တာ( ခံစားနေမိတာ )ရှိရင် တယောက်ယောက်ဆိမှာ ဖွင့်ဟ ပြီးစိတ်ပေါ့သွားအောင် လုပ်လိုက်တာအကောင်းဆုံးပဲတဲ့…ကျွန်တော်ကတော့ ရွာထဲမှာကိုဟစ်လိုက်တယ်..
22 comments
windtalker
December 7, 2011 at 10:12 pm
ကိုအမတ်မင်း နဲ ့ထပ်တူ ခံစားသွားပါကြောင်း ခင်ဗျာ
ကြောင်လတ်
December 7, 2011 at 10:57 pm
အမတ်မင်းရေ စိတ်ထဲမှာမကောင်းမှန်းသိနေရင် နော်ဆင်ခြင်ပေါ့။
ဦးကြောင်လတ်လည်း ဟိုငယ်ငယ်က ဖြစ်ခဲ့ဖူးတယ်၊ သက်ရှိထင်ရှားရှိနေတဲ့အမေကိုကန်တော့တဲ့အနေနဲ့ အဲဒီအကြောင်းတွေရေးဖို့စဉ်းစားနေတုန်း တိုက်တိုက်ဆိုင်ဆိုင် အမတ်မင်းရဲ့စာကိုဖတ်လိုက်ရတယ်။ အမတ်မင်းရဲ့ ခံစားချက်ကို ကိုယ်ချင်းပြီးထပ်တူခံစားရပါတယ်။
အမေတွေကို အလုပ်အကြွေးပြုနိုင်တဲ့ သားကောင်းတွေ ပေါများကြပါစေ။ ။
TTNU
December 7, 2011 at 10:58 pm
(၁) အော်မေးလိုက်မိတာ အဓိကဖြစ်သွားပြီ။
(၂) မိန်းကလေးအများစု ကတီဗွီကြည့်နေရင် လာစကားပြောသူ ဟာ ရန်သူပဲ။
(၃) အမေစိတ်တိုနေပုံပေါ်ရင် ဘာမှစကားမဟဘဲ အမေစိတ်အေးသွားမှ ဖြေရှင်းပါ။
(၄) အမေ မျက်ရည်ကျနေရင် ပြန်တောင်းပန်ဖို့ (မှားနေတောင်မှ) ဝန်မလေးပါနဲ့။
(၅) တစ်ခါတစ်လေ နောင်ကျမှ သိပ်နောက်ကျသွားမှနောင်တ ရနေရင် အဆင်မပြေတော့ဘူး။
ဦးဘဇင်း
December 7, 2011 at 11:40 pm
မိမိဖက်မှ ကြမ်းတမ်းစွာ ပြောဆိုမှု့ကို အခြေခံ၍
အမေက ပြန်ငေါက်တယ်
အမေပြန်ငေါက်တာကို
ကိုယ်က ပြန်ဟောက်တယ် 😀
၁။ အမေ ငိုလောက်အောင် ကိုယ်က ဘာတွေ ပြောတယ်
၂။ အမေ ငိုလောက်အောင် ကိုယ်က ဘယ်လောက်တောင် ကြမ်းတမ်းပြစ်လိုက်တယ် ( 🙁 🙁 🙁 )
ဆိုတော့ကာ
အမေ့ကို မျက်နှာမလွှဲလိုက်ပါနဲ့
အမေ့ကို မျက်နှာခြင်းဆို်င်ပြီး သိုင်းဖက်လိုက်ပါ
အမေ့ကိုပြုံးချိုသော မျက်နှာဖြင့် တင်းတင်းဖက်၍ အမေ့ပါးပြင်တို့ကို နမ်းပါ
အမေ့ကို ဖက်လျှက်ဖြင့်
ဘာဖြစ်လို့ငိုတာလဲအမေရဲ့ဟုမေးပါ
အမေ့၏ မပီပြင်သော စကားတို့နှင့်အတူ အမေ့ကို တင်းကျပ်စွာ ဖက်ထားလိုက်ပါ
ထို့နောက် အမေ့ကို အတတ်နိုင်ဆုံး ရယ်မောပြပါ
( ရံခါ အမေတို့သည် အခြေနေတစ်ခုပေါ်တွင် တိမ်းစောင်းတတ်ပါသည် )
ဦးဘဇင်း
ရင်နင့်
December 8, 2011 at 12:56 am
ဦးဘဇင်း(ဝါ)ကိုဂျော်နီအောင်ပုပြောတာ ထောက်ခံပါတယ် 😀
ကျွန်တော့်အမေလည်းအဲ့လိုပဲ သူနဲ့စကားများရင် ဟိုးပဝေသနီကဟာပါ ထည့်ထည့်ပြောတာ
ပြီးသွားတော့လည်းကိုယ်ပဲစိတ်မကောင်းဖြစ်ရတယ် 🙁
padonmar
December 8, 2011 at 1:10 am
ပုပုအကြံပေးတာ ထောက်ခံပါတယ်။
မနက်ဖန်ကျ အမေ့ပါးလေးနမ်းလိုက်ရင် ပြေလည်သွားပါလိမ့်မယ်။
kai
December 8, 2011 at 5:59 am
သာဓု..သာဓုပါဗျာ…။
ဂေါတမဗုဒ္ဓက..Confess လုပ်နည်း/အာပါတ်ဖြေနည်း.. သံဃာတွေကို.. သေသေချာချာ ပြော/သင်ပေးသွားတယ်..။
ဗုဒ္ဓအလိုအရဆိုရင်တော့.. ရွာထဲမှာဟစ်လိုက်ရင်ကို.. အိုကေနေပါပြီ..။ ကိုယ်တိုင်ရဲ့ စိတ်ကတော့.. ညစ်တာတွေ လွတ်သွားပါပြီ..။ ပါဝင်ပါတ်သက်သူတွေပါ..အားလုံးကောင်းစေချင်ရင်တော့…
ညီမတွေလည်း ခေါ်လိုက်ပါ..။ အားလုံးစုံမှ အမေနဲ့စကားပြောပါ..။
ကိုယ်မှားတယ်ထင်ရင်… တောင်းပန်လိုက်ပါ..။
သူ(တို့)မှားတယ်ထင်ရင်..ခွင့်လွှတ် ကြေအေးကြောင်းပြောလိုက်ပါ..။
amatmin
December 8, 2011 at 9:18 am
လေးစားရပါတဲ့ သူကြီးရေ..
တကယ့်ကိုပေါ့ပေါ့ ပါးပါးခံစားလိုက်ရပါတယ်..
ညီမတွေ ကိုတော့ ဘာကြောင့် ဒီလောက်ထိ ဖြစ်သွားရ သလဲဆိုတာ
ဒီမနက် ပြောပြရင်းအပြန်အလှန် နားလည်သွားကြပါပြီ..အမေ့ကို တော့ ဒီနေ့ ပြန်မှပဲ တောင်းပန်လိုက်မှာပါ..
ကြောင်ကြီး
December 8, 2011 at 12:13 pm
သဂျီးနေရာ အရပ်မှန်းဆပြီး ဦးချလိုက်ရင် လုပ်ခဲ့သမျှ အပြစ်အကုန်ကြေသကွဲ့…။ ပိုအပြစ်ကျေချင်ရင် အရက်လေးတပက် နှစ်ပက်လောက်ချပြီးမှ ကန်တော့၊ ပိုကုသိုလ်ရသတဲ့… 😆
amatmin
December 8, 2011 at 1:58 pm
ဦးကြောင် ရေ..
ထူးပါဘူးဗျာ..တလုံးလောက် ကုန်အောင်သောက်ပြီး နဖူး နဲ့ကြမ်းကပ်ထားလိုက်မယ်..
ကုသိုလ် အတုံးအခဲ လိုက်ရအောင်. 🙂
MaMa
December 8, 2011 at 8:50 am
အမတ်မင်းရေ-
မတောင်းပန်တတ်တာကနေ ပြဿနာတွေကို ပြေလျော့မသွားစေပဲ တင်းခံနေစေတယ်။
တခါတရံမှာ ပြဿနာက (အခုအမတ်မင်းက အမေနဲ့ဖြစ်တာမို့ တော်သေးတယ်။ အပြင်လူနဲ့သာဆိုရင်) သေးရာကတောင် ကြီးလာနိုင်သေးတယ်။
ရွာထဲမှာနေရင်းရလာတဲ့ အကျိုးတခုက ကိုယ်မှားတာကို တောင်းပန်တတ်သွားတာပဲ။
(အဲဒါကတော့ သဂျီးရဲ့ ထိန်းကျောင်းမောင်းနှင်မှုတစ်ခုပေ့ါ။)
ကိုယ့်အမှားကို တောင်းပန်လိုက်တာနဲ့ ပြဿနာဟာ အလွယ်တကူနဲ့ ပြေလည်သွားတယ်။
လက်တွေ့လုပ်ကြည့်လိုက်ရင် သိလိမ့်မယ်။ တော်တော်အကျိုးများပါတယ်။
pooch
December 8, 2011 at 8:54 am
အမတ်မင်းရယ် အမေနဲ့ ကျမလည်း တခါတခါ ဒီလိုပါပဲ
ကျမကတော့ ပြန်မပြောနားမထောင် ပြီးမှ အဆူခံတာ …..
ခုလို ကွန်ပျုတာရှေ့ရောက်နေရင်လည်း အသံမပေးတတ်ဖူး….
အိမ်က ညီမတွေလည်း ဒီလိုပါပဲ သူတို့ တီဗွီကြည့်ရင် လောကကြီးကို မေ့နေတတ်တာ ….
မိသားစုဆိုတာ ဒီလိုပါပဲ ဆူလိုက်ပျော်လိုက် စိတ်ကောက်လိုက်ပေါ့ ….
မာမီပုပြောသလို အမေကို အာဘွားပေးလိုက် သားမှားပါတယ်လို့..
amatmin
December 8, 2011 at 9:04 am
ကိုပေ ၊ ဦးကြောင်လတ် တို့ရေ..
ကိုယ့်အဖြစ်နဲ့ကိုယ်သာ ဆိုပေမဲ့ တခါတလေ တော့ အဲလို မျိုး မျှဝေ ခံစားပေးတာတွေက
ကျေးဇူးတင်ဖို့အင်မတန်ကောင်းပါတယ်..
တီချယ်ကြီးရေ..
တချက်စီ ထောက်ပြ သွန်သင်ပေးတာ တလေးတစား နာခံပါတယ်ခင်ဗျာ..
တီချယ်ပြောသလို အမေအပေါ်အဲလိုအမှား ထပ်မလုပ်မိအောင် နောင်တမကျန်မိအောင် တတ်နိုင်သလောက်စောင့်ထိန်းမှာပါ..
@ ဦးလေးပု ၊ ကိုရင်နင့် ၊ အန်တီ padonmar
အရင်ကတော့ အမေ့ကို ကြုံရင် ကြုံသလို ပါးလေးနမ်းလိုက် ဖက်ပွေ့လိုက် လုပ်နေကြပဲဗျ..
အခုတော့ ကိုယ့်အပြစ်နဲ့ ကိုယ်ဆိုတော့ ဆင်ဖြူမျက်နှာ ဆင်မဲ မကြည့်ရဲ ဆိုသလို ဖြစ်နေတယ်..
ဦးပုရေ..တခုတော့ ရှိတယ် ကျွန်တော် စကားကို လေသံကျယ်ကျယ်နဲ့ ဇွတ်အတင်း ငြင်းနေတာကြောင့် အမေငိုတာပါ.
.ရုန့်ရင်းကြမ်းတမ်းတာတော့ မပါ ပါဘူး. (အဲဒီအခြေအနေအပေါ်မှာ တိမ်းစောင်း ခံစားသွားတာပါ.. ) 🙁
blackchaw
December 8, 2011 at 9:20 am
ကျေးဇူးပါ။ ကိုအမတ်မင်း။
ခုတလော ဂဇက်ကစာလေးတွေက ၄ဝ ကျော်အရွယ်ကြီး
ကျွန်တော့်ကို သတိပေးပေးနေတတ်တယ်ဗျာ။
ဟိုတစ်နေ့က ချစ်လေးက မျှော်လင့်ချက် ဆိုတဲ့ပို့စ်နဲ့ သတိပေးပြီး
ဒီနေ့ ကိုအမတ်မင်းက ဒီပို့စ်လေးနဲ့ ဆုံးမပြန်ပါတယ်။ ကျေးဇူးပါဗျို့။
ပေါက်ဖော်
December 8, 2011 at 11:12 am
ဒေါ်သ..အဲ..အဲ..ဒေါသ..ဒေါသ..ဒေါ်သမဟုတ်ဘူး..
စိတ်ထိန်း..အမတ်မင်း.
မှန်လဲမှန်တယ်..မှားလဲ..မှားတယ်…..နောက်ဆုံးမှားတယ်… 😕
မိုးပွင့်ဖြူ
December 8, 2011 at 12:48 pm
အမေနဲနေတုန်းက ခဏခဏစိတ်ကောက်တယ် အမေက ဒါလုပ်လိုပြောပေမဲ ကိုယ်လုပ်ချင်ရာလုပ်တယ် အမေတရက်နှစ်ရက်လောက်စိတ်ကောက်နေရင်တော အမေကို အကျီစတွေဝယ်ပေးအသုံးအဆောင်တွေဝယ်ပေးပြီးချော့လိုက်တယ် ဟီးးးးးးးးး
အဲဒီကျမှအမေကစကားပြန်ပြောတယ် ငါရဲပိုက်ဆံတွေနဲ ဝယ်ပေးတာတဲ
cobra
December 8, 2011 at 1:30 pm
ဒါကတော့အမြဲဖြစ်နေကျပါပဲ
မိဘနဲ ့သားသမ္မီးတွေဖြစ်နေကျကိစ္စကြီးပါလေ……
ကျွန်တေ်ာလည်းအမြဲတန်းဖြစ်တယ်
ဘယ်လိုထိန်းထိန်းမရဘူး။
chitlay
December 8, 2011 at 2:04 pm
မိဘနဲ့ သားသမီးကြားမှာ နားလည်မှုလေးနဲနဲ လွဲသွားတာပါ။ ကိုယ်က သားသမီးဆိုတော့ ကန်တော့ပြီး ဝန်ချတောင်းပန်လိုက်ရင် ခွင့်မလွှတ်တဲ့မိဘဆိုတာ မရှိပါဘူး ကိုအမတ်မင်းရေ …. ချစ်လေးလဲ တခါတရံတော့ ဖြစ်ဖူးပါတယ်။ ကိုယ်ပြောလိုက်တဲ့ စကားအဓိပ္ပါယ်က တစ်မျိုး အမေနားလည်တာက တစ်မျိုးနဲ့ သားအမိကြားထဲ နားလည်မှုလေးလွဲသွားတာပါ။ သွေးပူနေတဲ့အချိန်မှာ ဘာမှမပြောတာ အကောင်းဆုံးပါ။ သွေးအေးသွားတော့မှ အမေ့ကို အကျိုးသင့်အကြောင်းသင့်ရှင်းပြတာ အကောင်းဆုံးပါပဲ ..
amatmin
December 8, 2011 at 2:24 pm
အန်တီ မမ ရေ..
ဟုတ်တယ်ခင်ဗျ.မှားမှန်းသိပြီးတောင်းပန်ချင်တဲ့ စိတ်လေးဝင်လာတာနဲ့ကို
နဲနဲအေးချမ်းသွားသလိုခံစားလိုက်ရတယ်..
@ အမ Pooch ၊ မိုးပွင့်ဖြူ ၊ Cobra
အမေ နဲ့ ပက်သက် လို့ တခုခု ဖြစ်လာ ရင် ကိုယ်တွေ အလွန်ဆိုတဲ့
စိတ်ကိုအချိန်တိုင်းမွေးနိုင်မှ တော်ရာ ကျမယ်ထင်တယ်နော်..
ကျွန်တော်ကတော့ နှုုတ်တရာ စာတလုံး ဆိုတဲ့အတိုင်း ဒီပို့စ်တင်ပြီး ကိုယ့်ဘာသာဆုံးမလိုက်ပြီ..
ကိုဘလက်ရေ.. ကျွန်တော်က အသက်ဝါကြီးသူတွေရဲ့ နွေးထွေးတဲ့အဆုံးမ ခံယူချင်လို့ ရေးလိုက်တာပါ အကိုရာ..
ကပါက်ဖော်ကြီးရယ်..မှားပါတယ် လို့ဆိုထား တာကို ..ခဏ ခဏ ထပ်ပြောရင် ဒေါသထွက်တယ်ဗျာ.. 🙂
etone
December 8, 2011 at 2:50 pm
နားလည်ပါတယ် အမတ်မင်းရေ .. ကျွန်မဆို အဖေနဲ့ ခဏခဏ ကွိုင်တယ် … ။
ကျွန်မအကျင့်ကလည်း မှန်တယ်ထင်လျှင် ဖင်ပိတ်ငြင်းတယ် … ဒီတော့ လူကြီးကို အာခံသလေး ဘာလေးဖြစ်ကုန်ရော … ။ ကျွန်မက အာခံတာ မဟုတ်ရပါဘူး …အဖြစ်မှန်ကို နားလည်အောင် အကျိုးသင့်အကြောင်းသင့် ဆင်ခြေဆင်လက်နဲ့ ပြောပြယုံကို … လူကြီးတွေက နားမလည်ဘူး … ။ ဒါနဲ့ … သူလည်း ကျွန်မကို ဥပက္ခာပြုပြီး စကားကို မပြောတော့တာ … အခုဆိုနှစ်နဲ့ချီနေပြီ … ။ အရင်ကတော့ … ကျွန်မဘက်က စကားပြန်ပြောဖို့ ကြိုးစားသေးတယ် … သူလည်း အတော်တင်းနေပုံရတော့ … ဒီအတိုင်း သူ့ အရှိန်နဲ့ သူ လွှတ်ထားတာ အကောင်းဆုံး လို့ထင်ပြီး … သားအဖတွေ မျက်နှာချင်းဆိုင်ဆုံလျှင်တောင် ရှောင်သွားဖြစ်တာ … ကြာပြီ … 😥
အမတ်မင်းရဲ့ စာကိုဖတ်ပြီး … စိတ်မကောင်းတောင်ဖြစ်မိသွားတယ် … ။
xman
December 8, 2011 at 11:58 pm
etone ရေ
အဖေ့ကို တနည်းနည်းနဲ့ ပြန်ခေါ်လိုက်ပါဗျာ
အဖေတွေက သားတွေထက် သမီးတွေကို
ပိုချစ်၊ ပိုကြောင့်ကျ၊ ပိုစိုးရိမ်တတ်တယ်
ဒီတော့ ပိုစွက်ဖက်မိတာပေါ့
အဖေတွေအမြင်မှာ ဘယ်သမီးမှ လူလားမြောက်တယ်မထင်ဘူး
ဒီတော့ ပိုချုပ်ချယ်မိတာပေါ့
သမီးကို ကလေးလိုမြင်နေသမျှ အဖေတွေကတော့ နားလည်ပေးမှာမဟုတ်ဘူး
သမီးအနေနဲ့ပဲ နားလည်ပေးလိုက်ပါနော်။
xman
December 9, 2011 at 12:02 am
အမတ်မင်းရေ
အခုလောက်ဆို ပြေလည်ငြိမ်းချမ်းသွားလောက်ပြီပေါ့….
မိသားစုတွေကြား တခါတရံကတောက်ကဆဖြစ်ပြီးမှ ပြန်ပြေလည်သွားရတာလဲ
အရသာတမျိုးဗျ။
ဝန်ထုပ်ဝန်ပိုးကြီးတခု ထမ်းပိုးနေရရာက ရုတ်တရက် လွှတ်ချလိုက်ရတဲ့အခါ
အေးချမ်း ပေါ့ပါး ရွှင်လန်းသွားတာမျိုးလေ…။