ဤသုံးမျိုး (၂)
အပိုင်းနှစ်ကိုဆက်မပြောခင်အရင်ဟာလေးကိုနဲနဲရှင်းပါရစေ။
၁။အသက်ရှင်သန်နေနိုင်မှု (Sustenance)
၂။ကိုယ့်ကိုကိုယ်တန်ဖိုးထားနိုင်သောဘဝကိုပိုင်ဆိုင်မှု (Self-esteem)
၃။သူတပါးအသုံးချခံဘဝမှ လွတ်မြောက်မှု (Freedom from servitude)
ဆိုတဲ့ ၃ မျိုးသော ဖွံ့ဖြိုးမှုတန်ဖိုးဟာ တကယ်တော့ “ရှိရဲ့လား” “လုပ်နိုင်ရဲ့လား”
ဆိုတဲ့အခြေအနေ၊အနေအထားတွေနဲ့ များစွာပါတ်သက်ပါတယ်။
အသက်ရှင်သန်နေနိုင်မှုဆိုတဲ့ အချက်ကို ရဘို့ လူတယောက်ဟာ ဘွဲ့ရပေမဲ့ဆိုက်ကားနင်းနေရမယ်၊
ဆရာဝန်ကဈေးရောင်းနေရမယ်ဆိုတဲ့ ကိုယ့်ကိုကိုယ်တန်ဖိုးထားနိုင်သောဘဝကိုပိုင်ဆိုင်မှု မရှိနိုင်တော့ပါဘူး။
သူတပါးရဲ့အသုံးချခံလည်း ဖြစ်ဖို့နီးစပ်လှပါတယ်။
လတ်တလောခေါင်းပေါ်လောင်နေတဲ့မီးက စားဝတ်နေရေး အဓိကပါနေတဲ့ အသက်ရှင်သန်နေနိုင်မှု
(အမှတ်စဉ် ၁)ပေါ့။ အဲဒီအတွက်ပေးဆပ်ရမှာ၊ အို ……ပေးဆပ်နေကြရတာလေ။
ပေးဆပ်နေကြရဘဝတွေ(အမှတ်စဉ် ၂) နဲ့လွတ်လပ်ခွင့်တွေ(အမှတ်စဉ် ၃)။
အဲဒီလို “ဖြစ်အောင်” လုပ်တာဘယ်သူလည်းလို့မေးရတော့မှာပါဘဲ။
(#1) အတွင်းတာဝန်ရှိသူ နဲ့ (#2) အပြင်တာဝန်ရှိသူ လို့ ရိုးရိုးလေး ၂မျိုးစဉ်းစားပါနော်။
(#1) က မိမိကိုယ်တိုင်ပါဘဲ ၊ အရင် ပို့စ်မှာပြောခဲ့ပါပြီ။ ကိုယ်တိုင်လုပ်ရမယ်လို့ဆိုတာကို။
ဟုတ်ပါတယ်, သိပါတယ်ဗျာ။ ရွေးစရာလမ်းမှ မရှိတာလို့ ပြောလေ့ရှိကြတယ်နော်။
အင်း အချက် ၁ ကစားဝတ်နေ ရေးက ကိုယ်ကျင့်တရားကိုတန်ဘိုးထားရကောင်းမှန်းမသိတဲ့
စိတ်နဲ့ပေါင်းလိုက်တော့ အချက်၂ ကိုယ့်ဘဝကိုတန်ဖိုးမထားနိုင်(ဝန်ထမ်းဖြစ်ပြီးအရှက်မရှိလာဘ်စားရပြီ)
အဲဒီကမှ အချက် ၃ ထိဆက်ပြီး ဘဝလမ်းရွေးစရာမရှိ=မလွတ်လပ် ဖြစ်ရပြီလို့ ပြောနိုင်တယ်နော်။
(ဟုတ်တယ် လေ၊လာဘ်စားပြီးလုပ်ပေးတယ်ဆိုတာ အဲဒီပေးတဲ့သူကငွေနဲ့ ကိုယ်ကို ခိုင်းလိုက်တာ လေ၊
ဪ …တန်ဖိုးတွေ တန်ဖိုးတွေ၊ ဘယ်နှစ် “ပုံး” ဆို လုပ်ပေးသတဲ့လား?)
ကောင်းပြီ။ ဒါဆို “ပြင်ရအောင်”။
တကယ်က (@ Seminar) ကျနော် ပုံလေးဆွဲထားပြီးရှင်းဘူးပါတယ်။
လူမှုဖွံ့ဖြိုးမှု အဆောက်အဦးကြီးကို အဲဒီ တိုင်Pillar ၅ ချောင်းနဲ့ ထောက်ထားတဲ့ပုံပါ။
အဲဒီ တိုင်တွေရဲ့ အောက်ခံကြမ်းပြင် က အမာခံ ၃ မျိုးရှိပါတယ်။ အဲဒီအမာခံ ကွန်ကရစ် သားတွေနဲ့
တိုင်တွေကို ”ခိုင်” အောင်စွဲထားရတာပါ။
(အခြေခံ လိုအပ်ချက်)အမာခံ ၃ မျိုး ၃ ရပ်
အတွင်းတာဝန် ရှိသူမိမိ အတွက် ရော အပြင်တာဝန်ရှိသူမှာပါရှိလိုအပ်တဲ့ လိုအပ်ချက်တွေ ကြည့်မယ်နော်။
ကိုယ့်ကိုုယ်ကို စ စစ်မယ်ပေါ့ဗျာ။
(*1)အင်အား ( Energy )
(*2) အသိတရားရှိမှု၊သတိပြုမိလာမှု (Awareness)
(*3) တိကျသောပန်းတိုင် (Aspiration )
လို့ဖြစ်ပါတယ် ခင်ဗျ။
(*1) အင်အား
အသင့်မှာ အင်အားရှိရပါမယ်။ သင် ပညာတခုခုတတ်ရဲ့လား။
ဟုတ်ကဲ့ နို့ဆီခွက်ကိုရေနံဆီမီးခွက်လုပ်တတ်တာလည်းပညာပါခင်ဗျ။
သစ်ပင်စိုက်တတ်လား။ဘောင်တင်ကန်စွန်းစိုက်တတ်တာမျိုးကစလို့ သစ်ခွစိုက်ရောင်း
ပန်းအလှဆင်အထိပေါ့ဗျာ။
မရှိသေးရင်ရှိအောင်လုပ်ဖို့လိုပါတယ်။ ကိုနိုးဇိုးမိ( ဟဲ ဟဲ ခနခနဥပမာပေးလို့စိတ်မဆိုးပါနဲ့ဗျ)လို
မှိုစိုက် တဲ့အခါ လာလုပ်ပေးတဲ့ မှိုဆရာရဲ့လုပ်ပုံကိုင်ပုံကို မှတ်တမ်းတင်ထားတယ်။တဆင့်ခြင်းကို
အသေးစိတ်”မေးပြီး”မှတ်သား ထားမယ်ဆိုရင် “မှိုစိုက်ပညာ” ခင်ဗျားရလိုက်မှာပေါ့။
(ကျနော်ထင်တာဆရာနိုဇိုးမိ 100% မရလိုက်ရှာဘူးခင်ဗျ၊
ဆရာနိုဇိုးမိ Says: စိုက်ချင်သူရှိရင် အဲဒီဆရာကိုရှာပေးမယ်၊ မလေးရှားသွားနေတယ်တော့ကြားတယ်တဲ့၊)။
ဟာ မလွယ်ဘူးဗျ။ မှတ်ထားလည်း လုပ်တတ်ဘို့မလွယ်ဘူးလို့ပြောမလား။
ဟုတ်ကဲ့”တော် တဲ့သူတွေကို ခေါင်းမော့ပြီး ကြည့်တတ်တဲ့ နေရာမှာဘဲ တသက်လုံးရပ်နေတော့မယ်ပေါ့နော်”။
မိတ်ဆွေတို့ရဲ့ စိတ်တွေကို ပြန်မေးကြည့် “ဟာ တော် လိုက်တာကွာ” တဲ့။ အဲဒီမှာရပ်သွားတယ်။
ငါရောလို့ စဉ်းစားရင်၊ မဖြစ်နိုင်ပါဘူးလို့ ကိုယ်ဟာကို ရီပို့ ရေးတော့တာကိုး။
အဲဒီတော်တယ်ဆိုတဲ့လူတွေအကုန်လုံး နတ်ပြည်ကလာတာမဟုတ်ဘူး။
သူ့လိုင်းနဲ့ကိုယ့်လိုင်းနဲ့တော့တူချင်မှတူမှာပေါ့နော်။လုပ်လို့တော့ ရကိုရတယ်။
တော်အောင်မလုပ်နိုင်တာ”ပျင်း”လို့ဆိုတာ အရှင်းကြီး။ လုပ်လို့မရတဲ့သူတွေရှိတယ်လို့
ပြောရင်မျက်မမြင်စာရေးဆရာမ “ဟယ်လင်ကဲလား” အကြောင်းကျနော် ဒေါ်ဆူးရဲ့ မျက်မမြင်ကျောင်းအလှူပို့စ်မှာ
ကော်မန့်ရေးထားတယ်။ ဖတ်ကြည့်လိုက်နော်။
ခြေထောက်မရှိလို့ သစ်သားပြားပေါ်မှာဘီးတပ်ပြီး သွားနေရတဲ့ ကလေးလေးက ညောင်ပင်အောက်မှာ
ခဲသေးသေးလေးတွေနဲ့ညောင်ရွက်တွေကိုအအပေါက်ဖြစ်အောင် ပစ်ပြီး အဲဒီညောင်ရွက်လေးတွေကို
နေအထိုးမှာ အရိပ်လေးတွေကဆင်ရုပ်၊ မြင်းရုပ်၊ လူရုပ်တွေ ပေါ် စေ တယ်တဲ့။ အဲဒီလို ပစ်နိုင်လို့
ရှင်ဘုရင်ချီးမြှောက်တဲ့ ပုံပြင်ရှိတယ်မဟုတ်လား။
ခြေလက်၊မျက်စိ အကောင်းအတိုင်းရှိနေရင် ဘာပြောစရာလို မလဲ။
ဘာပြောချင်တာလည်း ဆိုတော့ အဓိက စိတ်ဓာတ်အင်အား ဆိုတာပါ။
အဲဒီကမှ အတတ်ပညာသည် အင်အား၊ ကိုယ်လုပ်သောအလုပ် ကို အားလုံးကျွမ်းကျွမ်းကျင်
ကျင်သိသော အင်အားတွေပေါ့။
(Human Resources)လူသားအရင်းအမြစ်ဆိုတာ စာထဲ ရေးထားလို့ ထူးထွေသည့်အံ့ရာသော်
လို့ထင်မနေပါနဲ့၊ ထောက်ကြန့်ဘက်က လက်ပရိုစီတွေ အရက်ချက်တာက အစ၊ စင်ကာပူနိုင်ငံကြီး
ရယ် လို့ဖြစ်လာတဲ့အထိ လူသွားအရင်းအမြစ် အသုံးချတာ အခြေခံကတခုတည်းပါ။ တခုခု ကို လုပ်တတ်တာဘဲ။
အရင်းအနှီးငွေ ကြေး ရှိရင်လည်း အင်အားပါဘဲ။ ကူညီမဲ့သူငယ်ချင်းတွေရှိတယ် ဆိုလည်း အင်အားပေါ့။
ဟုတ်ကဲ့ ကျန်းမာရေးလဲ ကောင်းရင် အင်အားပေါ့။ အဲ,… ပျင်း တာနဲ့ ဆင်ခြေတွေ တော့ မပါစေနဲ့ဗျာ။
အဲ …အင်အားရှိပြီး မလုပ်ဖြစ်သူများက အောက်က နံပါတ် (*2)အချက် မရှိလို့ မလုပ်ဖြစ်တာပေါ့ဗျာ။
ဆက်ကြည့်ပေးနော်။
(*2) အသိတရားရှိလာမှု၊သတိပြုမိလာမှု
(Awareness) ဆိုတဲ့ စကားကို
the state or conditionof being aware; having knowledge; consciousness
လို့ အဘိဓာန်ကဆို လေတော့ သတိပြုမိစေတဲ့ အခြေအနေ ကိုဆိုလိုတာပေါ့။
ရိုးရိုး သတိပြုမိတာမျိုးတော့ မဟုတ်ဘူးဗျ။ (awake)အိပ်ပျော်နေရာက “နိုး” သွားသလို
လင်းကနဲ သတိပြုမိသွားတာမျိုးပါ။
ကိုယ့်ကိုယ်ကို ဆိုတော့ self-awareness ကို စပြောမယ်နော်။
ဘာကောင်းတယ်၊ဘာမကောင်းဘူး၊ ဘာပြင်သင့်တယ်၊ ဘာကိုခုထက်တိုးပြီး ကြိုးစားလုပ်သင့်တယ်ဆိုတာ
တွေသိ ရမယ်လို့ဆိုတယ်။
အမေစု၊ ကိုသူရ နဲ့ ကိုကျော်သူတို့ က self-awareness က စပြီး အခုလိုဖြစ်သွားတာ။
အပေါ်က ပြောခဲ့တဲ့ “အင်အား” လည်း ရှိတာပေါ့။ ဘာအင်အားလို့ ထင်လဲ ဗျ။ “စိတ်ဓာတ်အင်အား”နော်။
နာဂစ်မှာလှူစရာ မရှိလို့ ကိုဇာဂနာ ဟန်းဖုန်းရောင်းပြီး လှူလိုက်တာ သူ့ရဲ့ စိတ်အင်အားနဲ့ အသိတရား
(awareness) ကြောင့်ဗျ။
အရင်ဆုံး ကိုယ့်ဘဝအတွက် လုပ်သင့်တဲ့ အသိတရား (awareness) လေးရှိပေါ့ဗျာ။
သိလိုက်ပြီထင်ပါရဲ့နော်၊ ကိုယ်ကျင့်တရားဆိုတာ ရှိကိုရှိရမဲ့ အရာပါလားဆိုတာ။
ပျော်မယ်ပါးမယ် လေမယ် ကြွားမယ် အချိန်ဖြုန်းမယ် ငွေဖြုန်းမယ် ဆိုတာတွေကို မကောင်းတာ သိပြီးသားဘဲ။
ကောင်းတာ ဘာလုပ်ရမယ် ဆိုတဲ့ ဟာတွေလည်း သိကြမှာပါ။
ထလော့ မြန်မာ ၊ အို မြန်မာတို့ ပေါ့ခင်ဗျာ။
(*3) တိကျသောပန်းတိုင်
သိပ်သေခြာတာပေါ့။ ပန်းတိုင်မရှိရင် ခင်ဗျား သေသွားမှာပေါ့။ မယုံဘူးလား ကြည့်လေ။ ထမင်းစားဘို့
ပန်းတိုင်ရှိလို့ အလုပ်လုပ်ရတယ်လေ။ မိုးလင်းမျက်စိ ၂ လုံးပွင့်ကတည်းက ပန်းတိုင်တွေ များမှများ။
သွားတိုက်တာ၊မျက်နှာသစ်တာတောင် ပန်းတိုင်သေးသေးလေးတွေနဲ့။ဦးတည်ရာရှိတယ်မလား။
အိမ်သာတက်ချင်တာဆိုရင် အိမ်သာကိုပန်းတိုင်မထားရင် ဘယ်မှာသွားမလို့လဲ? အဲဒီလို ရှိတယ်။
ကိုယ့်အလုပ်မှာ အဲဒီလိုတိကျတဲ့ ပန်းတိုင်သေးသေးလေးတွေ လိုတယ်။ အကြီးကြီးတွေ ခဏနေအုန်း။
သေးသေးလေးတွေကို ကိုယ်ဟာကို ကတိပေးပြီးလုပ်ကြည့်။ရရင် နည်းနည်း ထပ်ကြီး။အဲဒီလို နည်းနဲ့ လေ့
ကျင့်ယူ ရင် ပန်းတိုင်ကို ရောက်အောင် သွားတတ်တဲ့ ထရိန်နင် ရသွားလိမ့်မယ်။
အဲ ပန်းတိုင်သေးပေမဲ့ တိကျရမယ်။ လေးလေးစားစားလုပ်ရမယ်။ 100% အောင်မြင်အောင်လည်း လုပ်ရမယ်။
အဲဒီလို ယုန် ဖမ်းတတ်အောင် ကျင့်ပြီး နောက်မှကိုယ့်အင်အားနဲ့ ချိန်ပြီး ကိုယ်ကြိုက်တဲ့ ဆင်တွေ ကျားတွေ
ဖမ်းတော့ပေါ့။
အပြင်တာဝန်ရှိသူ (#2)ကတော့ မိမိနေထိုင်တဲ့ ပါတ်ဝန်းကျင်ရဲ့ ပံ့ပိုးမှုပါ၊ ကိုယ်နေတဲ့ ရပ်ကွက်လေးအားကိုးပြီး
ဈေးရောင်းတာက စလို့ နိုင်ငံအဆင့် အဆောက်အဦး ကန်ထရိုက်လုပ်ငန်းများ အထိ လုပ်ကိုင်နိုင်သော
အခွင့်အလန်း များပါဘဲ။တည့်တည့်ပြောရရင်…
၁။ အသက်ရှင်သန်နေနိုင်မှု ၂။ ကိုယ့်ကိုကိုယ်တန်ဖိုးထားနိုင်သောဘဝကိုပိုင်ဆိုင်မှု
၃။ သူတပါးအသုံးချခံဘဝမှ လွတ်မြောက်မှု တွေကောင်းစွာ မရှိသော “နိုင်ငံ” တနိုင်ငံဟာ
အသုံးမချရ သေးသော အခွင့်အလမ်းများ (Untapped Opportunities) ရှိနေသေးလို့ပါဘဲ။။
ဟုတ်တယ် လေ၊ အဲဒီ အခွင့်အလမ်း တွေ “မသုံးနိုင်၊ သုံးခွင့်မရှိ”လို့ ဖြစ်နေရတဲ့”ဘဝ အလွဲ” တွေမဟုတ်ပါလား။
အသုံးမချရ သေးသော အခွင့်အလမ်းများ (Untapped Opportunities) အချက် ကြီး ၅ ချက် ရှိလို့ အဲဒါ ဟာ
တနည်း အားဖြင့် ထောက်(ဒေါက်)တိုင်ကြီးများ Pillar ပီလာ လို့ကျနော် ခေါ်ဝေါ်လိုက်ပါတယ်။
အပေါ်ကပြောခဲ့တဲ့(*1) အင်အား (*2) အသိတရားရှိမှု၊သတိပြုမိလာမှု(*3) တိကျသောပန်းတိုင်
ဆိုတဲ့( အခြေခံ လိုအပ်ချက် )အမာခံ ၃ မျိုး ၃ ရပ် ပေါ်မှာ တိုင် Pillar ငါးတိုင် တင်ဘို့လိုပါတယ်တဲ့။
ဒါမှ ဖွံ့ဖြိုးမှု အဆောက်အဦးကြီးခိုင်ခန့်မှာပါ။
အဲဒါတွေကတော့………..
ထောက်(ဒေါက်)တိုင်ကြီးများ
@၁။ ငြိမ်းချမ်းရေး
@၂။ ဒီမိုကရေစီ
@၃။ လူမှုဆိုင်ရာ(လိုအပ်ချက်များ၏ဖြည့်ဆည်းနိုင်မှု)အမြန်နှုန်း
(velocity=အလျင်ပါ။ ကျနော်အဲဒီအလျင်ဆိုတဲ့ စကားကို “အာ” မတွေဘူး။ the rate of speed
with which something happens; rapidity of action or reaction လို့အဘိဓာန်ကဆိုထားလေတော့
အမြန်နှုန်းလို့ သုံးမယ်နော် ။Social velocity ဆိုတဲ့စကားကိုတော့ နောက်ဆက်ရှင်းမယ်နော်)
@၄။ နည်းပညာ အသုံးချနိုင်မှု
@၅။ ဂလိုဘယ် ဖွံ့ဖြိုးမှု အင်ဂျင်
ဆိုတဲ့ ငါးမျိုးပါ။
ပြင်ပတာဝန်ရှိသူ နိုင်ငံအဆင့်အနေနဲ့ လည်း အဲဒီ အပေါ်ကပြောခဲ့တဲ့ အခြေခံအုတ်မြစ်
၃ မျိုး ကိုအရင်လုပ်ရမှာပါ။သို့မဟုတ်ဖန်တီးပေးရမှာပါ။
နိုင်ငံတော် အဆင့် နဲ့ အင်အားရှိရပါမယ်။ အသိတရားနဲ့ သတိပြုမှုရှိရပါမယ်။ ဦးတည်ရည်မှန်းချက်
တိကျခိုင်မာရပါမယ်။ စားဝတ်နေရေးပြေလည်ဖို့၊ ဘဝတန်ဖိုးတွေမှန်ဖို့၊
လွတ်လပ်မှုရှိဖို့တွေလုပ်ပေးရမဲ့ “တာဝန်=Responsibility” တွေ ရှိကိုရှိပါတယ်။
ကျနော်ထပ်ပြောပါအုန်းမယ်၊ အရေးကြီးလို့ပါ ။
ကျနော်တို့ကိုယ်တိုင်လည်း ကြိုးစားရမှာဖြစ်ပါတယ်။
ပံ့ပိုးပေးဘို့ ပူးပေါင်းလုပ်ဆောင်ခွင့်တွေ ပါ ပေး ရမဲ့ တာဝန် ဟာနိုင်ငံအဆင့်အနေနဲ့ သေသေချာချာ
ကြီးကိုရှိပါတယ်။တဆင့်တက်ရရင် ပံ့ပိုးပေးပြီးနောက်၊တည်ဆောက်ပေးရအုန်းမဲ့ “တာဝန်”လည်း ရှိပါတယ်။
အဲ ဒီ တာဝန် တွေကတော့ ငါးမျိုး ထောက်တိုင်ကြီးတွေပါဘဲ။
ဘာလို့ ထောက်တိုင်တွေနဲ့ တင်စားရလဲဆိုတော့ တတိုင်လဲရင် အိမ်ပြိုသလို ပြိုမှာမို့ပါဘဲ။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
အားလုံး ကိုယ့်အမြင်လေးတွေ ဆွေးနွေးစေချင်လို့ ရယ်၊ ကျနော်စာလည်း နဲနဲ ရှည်သွားတာရယ်ကြောင့်
ထောက်တိုင်များရဲ့ရှင်းလင်းချက်ကိုဤသုံးမျိုးရဲ့ အပိုင်းသုံးမှာ ဆက်လက် ရေးသားပေးသွားပါမယ်လို့
ပန်ကြားပါရစေ။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
အားလုံးကိုလေးစားစွာဖြင့်
မောင်သစ်မင်း (^^)
21 comments
blackchaw
December 8, 2011 at 9:39 am
ကိုသစ်ရေ။ ဝင်ဖတ်ပါတယ်။ ဒေါင်းလုဒ်ဆွဲသွားပါတယ်။
အေးအေးဆေးဆေး ဖတ်ချင်လို့ပါဗျာ။
weiwei
December 8, 2011 at 9:56 am
သီအိုရီအရ အရမ်းကောင်းပါတယ် ကိုသစ်မင်းရေ …
တခြားနိုင်ငံတွေမှာတော့မသိဘူး ကျွန်မတို့နိုင်ငံအတွင်းမှာတော့ သီအိုရီအတိုင်း ဘာမှလုပ်လို့မရပါဘူး …
လူအားလုံး (အများစု) တက်ညီလက်ညီ လုပ်နိုင်မှသာ ဖြစ်နိုင်မှာ … အများစုဖြစ်ဖို့ကလဲ တစ်ဦးတစ်ယောက်ချင်းစီကနေ စပြင်မှဖြစ်မှာဆိုပေမယ့် လောလောဆယ်မှာတော့ လူနည်းစု (သီအိုရီကို အကောင်အထည်ဖော်ချင်သူများ) က အရူးလို့ပဲ အထင်ခံနေရသေးပါကြောင်း …
လင်းဝေ
December 8, 2011 at 10:04 am
ဆရာသစ်ရေ လူအဖွဲ့အစည်း တိုင်းနိုင်ငံတစ်ခုအတွက် stability and predictability ဘယ်လိုအရေးကြီးကြောင်းလေးလည်း ရေးပေးပါဦး။ ကျနော်တို့ မြန်မာပြည်ဟာ သီပေါမင်းလက်ထက်ကစလို့ တည်ငြိမ်မှုဆိုတာ အင်္ဂလိပ်ဝင်ပြီး နည်းနည်း အကြာ ၁၉၂၅လောက်နဲ့ ဒုတိယကမာ္ဘစစ်မဖြစ်ခင်လေးမှာပဲ ရဖူးတာကိုး။ ဒါတောင် ကြားထဲ စီးပွားပျက်ကပ်ကြီးပေါ်ခဲ့သေးတာ။
ဘယ်လိုမှ ခန့်မှန်းလို့မရတဲ့တိုင်းပြည်ဖြစ်နေလေတော့တာပဲ။ အဲဒီထဲ ယန္တယားအပျက်နဲ့မောင်းလာလိုက်တာ chaos တွေချည်းပဲဆိုတော့ ဘယ်သူမှ ကိုယ့်အင်အား ကိုယ်မယုံ။ ကိုယ့် နိုးကြားမှုကို ကိုယ်မယုံ နဲ့ ပန်းတိုင်ကို ဝေဝေဝါးဝါးပဲထားလိုက်ကြတော့တယ် လို့ ကျနော်ယူဆပါတယ်။ လူဆိုတာ အရှုံးကို မရင်ဆိုင်ချင်တာ ဗီဇစိတ်ပဲမဟုတ်လား ဆရာ။
thit min
December 8, 2011 at 10:35 am
ကိုဘလက်ရေ
မရှင်းရင်လည်း မေးပါနော်။ နောက်တပိုင်းမှာလဲ ဆက်ရှင်းအုန်းမှာပါ။
~~~~~~~~~~~~~
မဝေဝေရေ
ရွေးချယ်သင့်တဲ့ သီအိုရီဆိုတာအချိန်ကာလတခုခု ကိုက်တဲ့ မှန်ကန်ချက်ပါ။
ထမင်းကိုလက်နဲ့ စားမလား၊ ဇွန်းခရင်းနဲ့စားမလားဆိုတာကလဲ သီအိုရီတခုခုကိုအခြေခံထားတာပါ။
လက်လှမ်းမမှီနိုင်တဲ့ သီအိုရီတွေရှိပါတယ်။ဆိုရှယ်လစ်စနစ်ရဲ့သီအိုရီတွေနဲ့ ဒီခေတ်မှာတိုင်းပြည်တပြည်ကိုထူထောင်လို့မရတော့ပါဘူး။
ဒါပေမဲ့ လိုက်နာရမဲ့ ဈေးကွက်စီးပွါးရေးသီအိုရီတွေကလဲ မလုပ်မဖြစ်ပါဘဲ။မလိုက်နာရင် ရကိုမရတာမျိုးပါ။
~~~~~~~~~~~~~
ကိုလင်းဝေရေ
ကြိုတင်သိမြင်ကြောက်တတ်တယ်ဆိုတာ၊ အင်အားမရှိလို့၊အသိတရားမရှိလို့၊ဦးတည်ချက်မဲ့နေလို့ပါ။
ကိုဇာဂနာတို့ ထောင်ကျမယ်ဆိုတာသိလည်း လူတွေအတွက် အလုပ်တွေလုပ်ခဲ့ကြတာမျိုး ဟာ
“ကြိုတင်သိမြင်ကြောက်” စိတ်မရှိမှန်း လုံးဝသေချာပါတယ်။
ကိုယ့်အရှုံးမှာ အများရဲ့အမြတ်ကကြီးရင်လုပ်သူတွေရှိတယ်ပေါ့ဗျာ။
ကိုယ့်အရှုံးမှာ ကိုယ့်အတွက်အမြတ်ကျန်မယ်မှန်းသေချာရင်လည်း လုပ်ရဲပါတယ်။ကိုယ်ဟာကိုယ်ဘယ်ကိုသွားနေမှန်းမသိတဲ့ ဦးတည်ချက်မဲ့သူတွေ ကြောက်တတ်တာတော့သေချာတယ်ဗျို့။
inz@ghi
December 8, 2011 at 10:43 am
မင်္ဂလာပါ ဆြာသစ်ရေ.
Michael Todaro ကြီးပဲ ..ကီးတအားမြင့်သွားပြီ စူပရာနိုဖြစ်သွားပီ
တီနာ အဆိုရှင်လေး ဂီဂီ မနိုင်တဲ့ ကီးပါခင်ဗျာ…
လေးစား အားကျ ပါသည်ခင်ဗျား …
အခြေခံလိုအပ်ချက်-၃ရပ် ယိုယွင်းမှုအတွက်ကတော့
မာ့စ်လော ရဲ့ အယူ ဘက်ကနေပြောရင် ဒုတိယအလွှာဖြစ်တဲ့
Safty Needs ယိုယွင်းမှု ကြောင့်လို့ မြင်မိပါတယ် …
သည်တော့ သူ့အောက်က Physiological Needs (ဆြာ့ ဖွံ့ဖြိုးမှု တန်ဖိုး အလို အရ ဆိုရင် Sustenance)
သူ့အထက်က Love/ Belonging Needs (ဆြာ့ ဖွံ့ဖြိူးမှု တန်ဖိုး အလိုအရ ဆိုရင် Freedom from servitude)
ဒါတွေ မလွန်ဆန်နိုင်လို့ မလုပ်သင့်တာတွေလုပ် ကြတော့တယ်ပေါ့ဗျာ..
ဟိုင်ရခီ အရ သည်-၃ဆင့်ကနေ မတက်နိုင်ကြတော့ ဆြာသစ်ပြောတဲ့
အဆင့် ၄မှာရှိနေတဲ့ Self-Esteem ကို မတက်လှမ်း နိုင်ကြတော့ဘူးရယ်ပေါ့ဗျာ ….
ထင်ရာ ဆွဲပြီး ဆက်စပ် တွေးကြည့်ထားတာပါ ဆြာ အမှားပါရင် ပြင်ပေးပါဦးနော်
ဟုတ်ကဲ့ အားလုံးကိုယ်စီ တာဝန်ရှိကြပါသည်ခင်ဗျား..
P.S
အမာခံ ၃မျိုး ၃ရပ် အတွက်တော့ စာရှာဖတ်ရဦးမယ်ဗျာ ….
ကစ်သိုပြောတာတွေအပြည့်အဝ နားလည်ဖို့ ဘယ်နှနှစ်စာဖတ်ရမလဲဟင်င်?
thit min
December 8, 2011 at 10:13 pm
ညီလေးဂီရေ
အဲဒါ Sir Jab Cott (ဆာဂျတ်ကော့ဘ)်က ဆိုရှယ် ဒဲဗလော့ပ် ဆိုပြီး ရီဖိုင်း လုပ်ထားတာကွ။
ဒဲဗလော့ပ် ပြောရင် တိုးဒါးရိုး ဆိုတာကတော့ပါမှာဘဲလေ။
မြန်မာပြည်မှာနတ်ကရင် အမေဂျမ်း၊ကိုကြီးကျော်၊ မပါမဖြစ်လို ပါဘဲနော့။
ထုံးစံအတိုင်းပေါ့ကွာ။
inz@ghi
December 9, 2011 at 11:48 am
ကစ်သိုရေ့
မခံဇားနိုင်တော့လို့ မန့်လိုက်ပီဂျာ..
မနက်ကထိ အရူးထတုန်း…
ခုတော့ အီတာလီယာ ဂိုးမယ့် အိပ်မက်ကို…
အကန့်အသက်မဲ့ စွန့်လွှတ်ထားလိုက်ဘာဘီဂျ….
ဟင့် ဟီး ..ရွှတ်….
အီတာလီယာ တေဲးအန်း ရှစ်ပိုင်း
အမဲလိက တေဲးအန်း ရှစ်ပိုင်း
ခန်းဂိုခု တေဲးအန်း ရှစ်ပိုင်း
ကမော္ဘဂျီးယ တေဲးအန်း မိုခဲဆိုး တဲ့ခည…
တေဘီတေဘီ…..ဗြဲ……
thit min
December 9, 2011 at 12:11 pm
စကားနှစ်ခွန်းကိုပေါင်းပြီး လုပ်ရမဲ့ ခေတ်။
ဂဘာ့ရွာ၊ ရွာလည်။
အဲဒီတော့ မီလီယံ ဘိဇနက်၊ ဘီလီယံ ဘိဇနက်တွေလိုဘဲ ကြီးပွါးချင်ရင်
ဂဘာ ပါတ်ပြီး ရှောက်သွားနေရမဲ့ သဘော၊ ရေလေးကဟိုနားခန ကြည်လိုက်၊
မြက်လေးက ဒီနား ခန နုလိုက်မဟုတ်လား။။
“ရေကြည်ရာ~~မျက်နုရာ ရှာရင်း ~ တရွာကိုတပုဒ် ကိုတပုဒ်ဆန်းရင်း~~မာယာ လှေငယ်
လွှင့်သွားမယ်” ဆိုတဲ့ သီချင်းလေး ညီးရင်း သွားလိုက်ပေါ့ ညီရယ်။
ဪ လောလောဆယ်လဲ အသိုက်ပြောင်းရအုန်းမယ်ဆို၊ ဥဩငှက်သံသာပါစေ၊ ပန်းတွေမွှေးပါစေ ညီလေးရေ။
alinsett
December 8, 2011 at 1:57 pm
တန်ဖိုးရှိတဲ ့ပို့စ်လေး အတွက် ကျေးဇူးပါပဲ..
ဆရာသစ်မင်း
ဆက်လက် ရေးသားပါဦး
char too lan
December 8, 2011 at 3:34 pm
ဆြာသစ်ရေ….
၁။အသက်ရှင်သန်နေနိုင်မှု (Sustenance)
၂။ကိုယ့်ကိုကိုယ်တန်ဖိုးထားနိုင်သောဘဝကိုပိုင်ဆိုင်မှု (Self-esteem)
၃။သူတပါးအသုံးချခံဘဝမှ လွတ်မြောက်မှု (Freedom from servitude)
အဲ့ဒါတွေနဲ့နဲနဲတူတာကို ခရစ်ယာန်ဘာသာရေးစာပိုဒ်လား ဆောင်ပိုဒ်လား ကျမ်းစာလား မသိဘူး
အဲ့ဒီမှာလဲတွေ ့ဖူးတယ် မှတ်မိနေတာက
Restraint (မကောင်းရွေးခြယ်မူကို ငြင်းပယ်နိုင်စွမ်းရှိခြင်း)
Self-control (ကိုယ့်ကိုယ်ထိန်းချုပ်နိုင်စွမ်းရှိခြင်း)
သူတို့က အဲ့လိုလေးတွေ ပြန်ပေးထားတော့ ကိုယ့်ဟာကိုယ်နဲနဲလုပ်နိုင်ရင်တောင်
အစွမ်းရှိတဲ့လူလို့ ထင်မိသွားတယ်……… 🙂
ကူးထားမှရတော့မှာ ကူးသွားပါတယ် ခွင့်ပြုပါ…..
thit min
December 9, 2011 at 12:17 pm
ကိုအလင်းဆက်ရေ
ကျနော် စာတွေကို “လေး” ပေမဲ့ ဖတ်ပေးနေတဲ့အတွက် ကျေးဇူးပါ။
ကျနော်က ဘာတွေ ဘယ်လိုဖြစ်နေတာ ဆိုတာ သိစေချင်လို့ရေးပေးထားတာပါ။
~~~~~~~~~~~~
ကိုချာတူးလန်က
တကယ် ချာတူးမလန် ဘူးဆိုတာ သိသာပါတယ်လေ။
ညှိခါသာ အသာမြူးစေဖို့၊ ရှိတာမကြာ တဖြာထူးစေရေး၊
သိသာစွာ ဆရာကိုချာတူး ဆိုတာ “ပြ”။
TTNU
December 9, 2011 at 12:56 am
ကိုသစ်ရေ..
အလွန်မြင့်သကွဲ့။ မှန် မမှန် ပြန်စစ်ပေးပါဦး။
ကြည့်ရအောင်…
၁။အသက်ရှင်သန်နေနိုင်မှု (Sustenance)
၂။ကိုယ့်ကိုကိုယ်တန်ဖိုးထားနိုင်သောဘဝကိုပိုင်ဆိုင်မှု (Self-esteem)
၃။သူတပါးအသုံးချခံဘဝမှ လွတ်မြောက်မှု (Freedom from servitude)
ဒီသုံးချက် အဆင်ပြေအောင်
(*1)အင်အား ( Energy )
(*2) အသိတရားရှိမှု၊သတိပြုမိလာမှု (Awareness)
(*3) တိကျသောပန်းတိုင် (Aspiration )
ဒီ အားတွေက ပံ့ပိုးပေးရမယ်။ ဒီအမာခံ ၃ မျိုး ၃ ရပ် ပေါ်မှာ
ထောက်(ဒေါက်)တိုင်ကြီး(၅)တိုင်Pillar ငါးတိုင် အဖြစ်
@၁။ ငြိမ်းချမ်းရေး
@၂။ ဒီမိုကရေစီ
@၃။ လူမှုဆိုင်ရာ(လိုအပ်ချက်များ၏ဖြည့်ဆည်းနိုင်မှု)အမြန်နှုန်း
@၄။ နည်းပညာ အသုံးချနိုင်မှု
@၅။ ဂလိုဘယ် ဖွံ့ဖြိုးမှု အင်ဂျင် …ဒီ(၅)ချက်ကိုတင်မယ်။
ဆိုတော့ အင်အား၊အသိရှိမှု နဲ့ ပန်းတိုင် က Basic Structure ထားမဲ့ သဘောပေါ့နော။
သာမန် တီချာတို့လို Eco-politics Sense မရှိသူ Laypeople တွေ အတွက်
ခပ်ညံညံ စဉ်းစားမိတာကတော့ ဒေါက်တိုင်တွေ အောက်ကခံပြီး ကွန်ကရစ်
လောင်းလိုက်ချင်တာတော့။ 🙂
thit min
December 9, 2011 at 6:14 am
မှန်ပါတယ် ခင်ဗျာ။
ဤသုံးမျိုးဆိုတဲ့ ခေါင်းစဉ်အရ ပန်းတိုင်က သူပါဘဲ။
ဆရာမကြီး တီတီနု ရဲ့ သဘောအတိုင်းလုပ်မယ်ဆိုရင် ဒီလိုခင်ဗျ။
(ဒေါက်တိုင်တွေကို ခံပြီး) ကွန်ကရစ် လောင်းချင်ရင် သံချောင်းလေးတွေထဲ့ပြီး လောင်းရတာမဟုတ်လားခင်ဗျ။
အဲဒီလိုဆိုရင်လဲ အတွင်းမှာခံရမဲ့ သံချောင်းလေးတွေက အဲဒီ
(*1)အင်အား ( Energy )
(*2) အသိတရားရှိမှု၊သတိပြုမိလာမှု (Awareness)
(*3) တိကျသောပန်းတိုင် (Aspiration )
တွေပေါ့ခင်ဗျာ။
kai
December 9, 2011 at 6:18 am
မြန်မာပြည်ရဲ့ အဓိက ပြဿနာက.. တပြည်ထောင်ထဲ… တိုင်းရင်းသားတွေများလွန်းနေတာလို့ ထင်မိတယ်..။
ဒါကို.. ဒေါ်ကလင်တန်လာတုံးက ထောက်ပြသွားတယ် မှတ်မိတယ်..။
ဒါက.. ငြိမ်းချမ်းရေး–> ဒီမိုကရေစီ အဆင့်ကို ကျော်ဖို့အင်မတန်ခက်သွားစေတယ်ထင်တယ်လေ..။
=
ယူအက်စ်က သင့်တန့်သမားတချို့တွေကို.. ကမ္ဘာ့တိုင်းပြည်ရဲ့ မတည်မငြိမ်ဖြစ်တာတွေအကြောင်း စကားစပ်မေးကြည့်ရင်.. တခွန်းထဲထွက်တယ်..။
အပြန်အလှန်ပဋိပက္ခတွေက..လူတွေ ဆင်းရဲလို့ဖြစ်တာတဲ့..။
ဆိုတော့… ဆင်းရဲတော့လိုချင်တယ်..။ လိုချင်တော့.. တောင်းတယ်/ယူတယ်..။
အာရပ်စပရင်းက.. ဒါကိုအခြေခံဖြစ်သွားတာပဲ..။
ဥပမာ…။
ရခိုင်ပြည်နယ်ပဲကြည့်..။
အခုလို ရေနံ..ဓါတ်ငွေ့တွေထွက်ပြီဆို.. ရခိုင်တွေလည်း.. ရခိုင်နိုင်ငံလိုချင်လာတယ်..။တောင်းလာတယ်..။
ဘင်္ဂလီတွေလည်း.. သူတို့ဆိုင်ကြောင်း ပြဖို့. ပထမ..ရခိုင် ပြည်သူားအခွင့်အရေးအပြည့်ရအောင်တောင်းမယ်.။
ဒုတိယ..ပိုင်ဆိုင်ခွင့် နေရာတောင်းလာမယ်..။
ဆိုတော့…
ယူအက်စ်-ကယ်လီဖိုးနီးယား.. ဘာလို့ အပြန်အလှန်ပဋိပက္ခတွေမဖြစ်သလည်း..
ပြည်နယ်သယံဇာတကို ..ပြည်နယ်ကပဲပိုင်တယ်..။ ဖယ်ဒရယ်က.. အမြတ်ခွန်ပဲယူတာ…။
ပြည်နယ်ရဲ့ဝင်ငွေက.. သယံဇာတအခြေမခံထားဘူး…။ လူလုပ်အား..စတဲ့..လူနဲ့ပါတ်သက်တဲ့..ရီဆို့စ်တွေအခြေခံထားတယ်..။
လူမှုဆိုင်ရာ(လိုအပ်ချက်များ၏ဖြည့်ဆည်းနိုင်မှု)အမြန်နှုန်း –> နည်းပညာ အသုံးချနိုင်မှု –> ဂလိုဘယ် ဖွံ့ဖြိုးမှု အင်ဂျင် က..လွယ်သွားရော.။
ကဲ..ကိုရင့်စာတွေကို ..အပြိုင်ကြီးဆွေးနွေးလိုက်တာပါနော..။
သီအိုရီနဲ့ အပြန်အလှန် ဆက်စပ်ရင်း. လုပ်နိုင်သူတွေက.. ဘာလုပ်ရမယ်… .တွေးလို့ရအောင်ပါ..။
ပညာရှင်မဟုတ်လို့.. ပညာပိုင်းဆိုင်ရာစာတွေမပါပေမဲ့.. သတင်းအချက်အလက်တွေ အခြေခံပေးထားပါတယ်ခင်ဗျား…
==
၁။အသက်ရှင်သန်နေနိုင်မှု (Sustenance)
၂။ကိုယ့်ကိုကိုယ်တန်ဖိုးထားနိုင်သောဘဝကိုပိုင်ဆိုင်မှု (Self-esteem)
၃။သူတပါးအသုံးချခံဘဝမှ လွတ်မြောက်မှု (Freedom from servitude)
ကိုတော့.. ရည်ညွှန်းနေကျ…
.. မြန်မာလူမျိုးတိုင်း.. တန်းတူညီမျှရှိရေး/ပေးရေး ရဖို့.. ရှေးစွန်းစွဲတွေဖျောက်ဖို့.. နေ့စဉ်ဘဝအထိဘာသာရေးလွှမ်းမိုးခံလွန်းတာ လျှော့ဖို့.. ပြောရင်း.. ဓါတ်ပြားဟောင်းပြန်ဖွင့်ရမှာပဲ..။
ဂျစ်..ဂျစ်..ဂျစ်..ဂျစ်… 😆
thit min
December 9, 2011 at 6:37 am
မှန်ပါတယ် ကျောင်းဒကာကြီး ခင်ဗျား (ကိုရင်တွေကြီး ခေါ်နေလို့ (^^)
ကျနော်က ဆက်ရှင်းမဲ့ ဟာကလဲ အဲဒီ Conflict တွေ ပါဘဲ။ သူက ကီးပွိုင့်ပါဘဲ။
ငြိမ်းချမ်းရေး မရှိဘဲ ဘာမှလုပ်လို့မရဘူးမဟုတ်လား။
သူကြီးရဲ့ ဆွေးနွေးချက်ကအထောက်ကူဖြစ်ပါစေတယ်လို့။
MaMa
December 9, 2011 at 8:06 am
ဆြာသစ်ရဲ့ လက်ချာကို စိတ်ပါလက်ပါ သေချာစွာအကြိမ်ကြိမ်ဖတ်ပြီး gist ထုတ်ယူပြီး နှလုံးသွင်းထားပါကြောင်း။
အရင်တုန်းက ဆရာသစ်ရေးတဲ့စာတွေကိုဖတ်ပြီး ကိုယ်လိုက်လို့မှီပ့ါမလား …
ကိုယ်ဟာ စစ်ကျန်ဘတ်စကားကြီးတွေလို ခေတ်နဲ့ မလျှော်ညီပဲ ကျန်ခဲ့လေပြီလား … 🙁
ဆိုတဲ့ လား ပေါင်းများစွာနဲ့ ….
သို့သော်-
ကီးအမြင့်ကြီးကို လူပိန်း နားလည်အောင် ရေးပေးထားတဲ့၊ သိစေချင်၊ တတ်စေချင်တဲ့ ဆရာသစ်ရဲ့ အခုပိုစ့်ကိုဖတ်ပြီး ကျမလည်း ကြိုးစားပါဦးမည်ဟု…. 🙂
ကြောင်ကြီး
December 9, 2011 at 10:35 am
ဆြာသစ်ပြောတဲ့ တိုင်ထူဖို့ ဖောင်ဒေးရှင်း မြေတူးရမယ်။ ဆောက်ခွင့်ပါမစ် နဲ့ ငွေကြေး ရပြီထားပါစို့။ ရေမြေကောင်းရမယ်၊ ရေရှည်တည်မြဲဖို့ ပတ်ဝန်းကျင် သင့်တော်ရမယ်။ ဒါမှ တည့်မတ်ကြာရှည်ခံစွာ တိုင်ထောင်လို့ရမယ်။ တိုင်ပေါ်မှာ အခင်း၊ အကာ၊ အမိုးနဲ့ ဒီဇိုင်းပုံသွင်းတာက နောက်အဆင့်ဆင့်။ အားလုံးနဲ့သက်ဆိုင်တာ၊ အားလုံးအပေါ် လွှမ်းမိုးတည်နေတာ တရားဥပဒေစိုးမိုးရေး ဖြစ်တယ်ထင်ပါတယ်။ အခြေံဥပဒေလို ဥသျှောင်က စလို့ ရပ်ကွက်စည်းမျဉ်း၊ ရဲစခန်းခြေချုပ်အမှု ကနေ အကျဉ်းထောင်လက်စွဲ ဥပဒေအထိ သက်ရောက်မှု ရှိရမယ်။ ဘယ်နိုင်ငံမှာမဆို ဥပဒေပါစာသားတိုင်းသည် အကောင်းကြီးပဲ၊ သူ့ဆင်ခြေနဲ့သူ။ လက်တွေ့လိုက်မလုပ်ကြလို့သာ ခက်ကုန်တာ။ စာမေးပွဲလိုပဲ ဥပဒေလေးစားလိုက်နာမှုမှာ အောင်မှတ်၊ ဂုဏ်ထူး အမျိုးမျိုးရှိလို့ အနည်းဆုံးတော့ နေရာတိုင်းမှာ အောင်မှတ်ရှိ ရမယ်။ ဒီလိုမှ မဟုတ်ဘဲ ဥပဒေကို မျက်ကွယ်ပြုနိုင်အောင် လုပ်ထားတဲ့ အခြေအနေကို မပြင်နိုင်ရင် တိုင်စိုက်လို့ရလည်း တစောင်းပဲထွက်လာပါလိမ့်မယ်။
awra-cho
December 9, 2011 at 11:39 am
ဆရာ့ ဆရာ တွေ ဂျီး ပါ ပဲလား။ အား ငယ် လာ ဘီ နော်။
thit min
December 9, 2011 at 12:31 pm
မမ ရေ
ကျေးဇူးပါ၊ ဒီလိုပါဘဲ ဗျာ။ ကိုယ်မသိတဲ့ နယ်ပယ်ကစကားလုံးတွေ ဆိုတော့ “လေး”တာပေါ့။
ကျနော် နောက်ပိုင်း ဝေါဟာရ တွေ သိပ်မထဲ့ဘဲ ရေးနေပါတယ်။ အဲ မဖြစ်မနေ လေးတွေတော့
ပါရတာပေါ့နော်။
~~~~~~~~~~~
ကိုကြောင်ရေ
ကိုကြောင် ပြောတဲ့အကြောင်းအရာတွေ က မှန်ပါတယ်။
ကျနော် ရှေ့ဆက် ရေးမဲ့အထဲ မှာ ခွဲခြမ်းစိတ် ဖြာတဲ့အခါ အခု ကော်မန့်လေးမျိုးကို
မြင်ချင်လို့ မလောပါနဲ့လို့ပြောပါရစေခင်ဗျ။
ကျနော် လမ်းကြောင်းလေးတွေပေါ်မှာ အပ်ချ မတ်ချ လိုက်ပြီး ကော်မန့်ပေးတတ်တဲ့
ကိုကြောင်ကို အထူးကျေးဇူးပါ ဗျာ။
~~~~~~~~~~~~
အဝါချိုရေ
အသာ ငိုစရာမပါဘူး ကွယ်။
နေရာ ဆိုတာ လူတိုင်းအတွက် ရှိတာမို့
သိတာကို တိုးအောင်လုပ် အကျိုးမယုတ်လေတယ်။။
ကိုယ့်အရုပ်ကို ကိုယ်ရေး အတွေးလေး လှရင်ဖြင့်
ဖေးဖေး မ ကူမဲ့သူ အလွန်များ ကြီးပွါးရမယ်။
ညီးတွား ကာ အားငယ် ရင် တော့
ရီးစားရယ် အနားမှာထား အာဝါး ပေးပေါ့ ကွယ်။
(^^).e.g. မွှ မွှ မွှ
zaw min
December 17, 2011 at 8:57 pm
ဆြာသစ်ရေ…ဂေဇက်ကို အသေဖက်တွယ်ရကျိုးနှပ်သွားပါပြီ…အဲဒီလိုစာတွေဖတ်ချင်နေတာကြာပြီဗျို့…
သူတစ်ပါးအသုံးချခံဘဝမှ လွှတ်မြောက်မူ…
တိကျသောပန်းတိုင်ထားရှိမူ….(ခိုင်မာသော စိတ်ဓါတ်သည် အဓိကလိုအပ်ပါမည်လို့ထင်ပါတယ်)
unclegyi1974
December 17, 2011 at 11:00 pm
ကိုသစ်ပြောချင်တာတွေကိုချရေးပြသွားတာအတော်ရှင်းပါတယ်
မြန်မာမှာကကောင်းတဲ့အကြံဉာဏ်ပေမဲ့ဘာဖြစ်တယ်ညာဖြစ်တယ်နဲ့မသုံးဖူးဗျ
အကြံကောင်းလို့နိုင်ငံတိုးတက်ပေမဲ့ကိုယ်တိုးတက်ဖို့အရေးကြီးတယ်ဆိုတဲ့သူများနေတာကိုး