မိဝေး၊ ဖဝေး။
ကျမကို ဧရာဝတီတိုင်းက မြစ်ဝကျွန်းပေါ်မြို့ငယ်လေးတစ်မြို့မှာ မွေးဖွားပါတယ်။
ဟိုးးးးး အရင်ကဆိုရင် ချောင်ကျလွန်းလို့ လမ်းပန်းဆက်သွယ်ရေး အင်မတန်ခက်ခဲလှပါတယ်။
နယ်သူနယ်သား အများစုဟာ ရန်ကုန်ကိုမရောက်ဖူးကြသလို
ရွှေတိဂုံဘုရားကို ဖူးချင်လိုက်တာလို့ ဘဝအိမ်မက် မက်ရုံတင် မက်ခဲ့ကြရပြီး
သေသွားခဲ့ကြသူတွေလည်း အင်မတန်များလှတာပေ့ါ။
ဒေသထွက်ကုန် သားငါးသီးနှံ ဆန်ရေစပါး လွန်ပေါများပြီး
ရိုးသားတဲ့ နယ်သူနယ်သားတွေနဲ့ မြစ်ချာင်းအင်းအိုင်ပေါများပြီး သာယာလို့
ကိုယ့်မွေးဇာတိကို ချစ်ခင်နှစ်သက်မိပါတယ်။
ပျော်ရာမှာ မနေရ၊ တော်ရာမှာ နေရ ဆိုတဲ့ စကားလို
ပညာရေးမှာ ထွန်းကားစေလိုတဲ့ မိဘများက ကျမတို့ မောင်နှမေတွေအားလုံးကို ရန်ကုန်မှာ ကျောင်းတက်စေပါတယ်။
မိဝေး ဖဝေးဆိုတော့ မောင်နှမတွေအားလုံး တစ်ယောက်တစ်လက် တတပ်တအား ကိုယ်စီတာဝန်ထမ်းကြရတယ်။
မောင်နှမတွေထဲမှာ အကြီးဖြစ်သူတွေက ချက်ရေးပြုတ်ရေးကို တာဝန်ယူကြရသလို၊
အငယ်ဖြစ်သူတွေကတော့ လျှော်ဖွတ်ရေး၊ သန့်ရှင်းရေးတွေကို တာဝန်ုယူကြရတာပေ့ါ။
ကျောင်းသွားကျောင်းပြန် ကျောင်းကားစီးရတော့ အားလုံးအဆင်ပြေတယ်ဆိုပါတော့။
တနေ့တော့ ကျောင်းအပြန်မှာ ကျောင်းကားဒုတိယအခေါက်စီးရမှာမို့ ကျောင်းကားကို မစောင့်တော့ပဲ ကျောင်းသွားကျောင်းပြန် ဘတ်စ် ကားစီးတဲ့ သူငယ်ချင်းနဲ့ အတူတူပြန်လိုက်မိပါတယ်။
သူကအရင်ဆင်းရပြီး ကိုယ့်ကိုတော့ ဘတ်စကား လမ်းညွှန်လေး ပြောပေးလိုက်တယ်။
တွေးရင်းငေးရင်းစီးလာလိုက်တာ သတိရတော့ မှတ်တိုင်တွေ တော်တော်ကျော်ကုန်ပြီဆိုတာ သိလိုက်တော့ ကားပေါ်က ကမန်းကတန်း ဆင်းရတော့တာပေ့ါ။
ဘတ်စကားကွေ့သွားတာကို မသိလိုက်ပဲ အိမ်က ဆူးလေဘုရားနဲ့ နီးတော့
ဆူးလေဘုရားရောက်ရင် အိမ်ရောက်မှာပဲဆိုပြီး လမ်းအတိုင်း တည့်တည်ု့ပြန်လျှောက်လာတာ ကမ်းနားအထိရောက်သွားပါလေရော။
လျှောက်သွားနေရင်းကနေ တဖြေးဖြေးနဲ့ မှောင်လာတော့ ကြောက်စိတ်ကလည်း ဝင်လာတယ်။
လမ်းမေးဖို့ကျတော့လည်း လမ်းမှာတွေ့တဲ့မသိတဲ့လူတွေကို မယုံလို့ မမေးရဲပြန်ဘူး။
ဒီလိုနဲ့ ကြောက်စိတ်ကို ဖုံးကွယ်ပြီး တယောက်တည်း ခပ်တည်တည်နဲ့ လျှောက်နေရင်း
အိမ်နီးချင်း လူကြီးတစ်ယောက်ကို ကံကောင်းထောက်မစွာ သွားတွေ့တယ်။
ရေနစ်တဲ့အချိန်မှာ ကောက်ရိုးတမျှင်ဟာလည်း အားကိုးရာပဲဆိုသလို မျက်နှာသိတစ်ယောက်တွေ့တယ်ဆိုတော့ တော်တော်ဝမ်းသာသွားရပါတယ်။
တောနယ်တွေမှာလိုု မဟုတ်ပဲ ရန်ကုန်မှာကတော့ အိမ်နီးချင်းလည်း မျက်မှန်းတန်းမိရုံပဲရှိတယ်။
တခါမှ စကားမပြောဖူးဘူး။
အဲဒီလူကြီးကလည်း ကိုယ့်ပြဿနာကို မသိတော့ ဖာသိဖာသာပဲပေ့ါ။
တကယ့်တကယ် အခက်အခဲနဲ့ ရင်ဆိုင်တွေ့ရတဲ့အခါမှာ သတ္တိထုတ် အရဲစွန့်ရတော့တာပေ့ါ။
ကျောင်းကအပြန် လမ်းမှားပြီး အိမ်မပြန်တတ်ဖြစ်နေတဲ့အကြောင်းကို သွားပြောပြတော့
အဲဒီအိမ်နီးချင်းက သူလည်း အိမ်ပြန်မှာမို့ လိုက်ခဲ့ဆိုပြီး ပြန်ပို့ပေးပါတယ်။
အိမ်ကိုရောက်တော့ မောင်နှမတွေက ပြန်ေရောက်တာနောက်ကျလို့ စိတ်ပူပြီး ဝိုင်းမေးကြပေမယ့်
ကိုယ့်မှာတော့ ကြောက်တာရော ဗိုက်ဆာတာရောပေါင်းပြီး စကားတောင် မပြောနိုင်ပဲ
ရေသောက်၊ ထမင်းစားပြီး မှ ဇာတ်ကြောင်းစုံလင် ခင်းရပါတော့တယ်။
အဲဒီအကြောင်း မိဘတွေသိသွားတော့ လူဆိုတာ အခက်အခဲကြုံဖူးမှ အစွမ်းအစ ထွက်လာတယ်လို့ ပြောပါတယ်။
ခုခေတ်ကြီးထဲမှာတော့ ကျမတို့လို မိဝေး ဖဝေးတွေက ပိုလို့တောင် များနေပါသေးတယ်။
ဝေးတာမှ နယ်မြေခြားရုံတင် မဟုတ်ပဲ ရေမြေပါခြားနေလို့
သေရေးရှင်ရေး အရေးကိစ္စရှိရင်တောင်မှ သွားဖို့လာဖို့ ခက်ခဲလှပါတယ်။
ဒါတောင် အင်တာနက်ခေတ်မို့ ဆက်သွယ်ရေးတွေ လွယ်ကူနေတာမို့ တော်ပေသေးတာပေ့ါ။
မိဝေးဖဝေးနေကြရတဲ့ လူငယ်တွေအဖို့မှာ မိဘအနီးအနားမှာ နေသူတွေလို မဟုတ်ပဲ ချက်ရေးပြုတ်ရေး၊ လျှော်ဖွတ်ဆေးကြောရေးလို အသေးအဖွဲလေးကအစ
နေရာတကာမှာ ကိုယ့်အားကိုယ်ကိုးရတာမို့
အရာရာကို ရင်ဆိုင်ဖြေရှင်းနိုင်ပြီး ပိုမိုထက်မြက်လာနိုင်တဲ့ ကောင်းကျိုးတွေ ရနိုင်ပါတယ်။
အခြားတစ်ဖက်က ကြည့်ရင်တော့ မိဘအုပ်ထိန်းသူနဲ့ ဝေးနေရတာမို့
ကိုယ့်ကိုကိုယ် မထိန်းသိမ်းနိုင်ရင် အပေါင်းအသင်း အပျော်အပါးများပြီး
လွတ်လွတ်လပ်လပ်နဲ့ ပျက်စီးဖို့လည်း ဖြစ်နိုင်တာပေ့ါ။
တနေ့သေကြရမည်။ မသေခင် လုပ်ချင်တာ လုပ်ကြ။ ကိုယ်စိုက်တာ ကိုယ်ရိတ်သိမ်းရမည် လို့ ပြောကြသလို
လူဆိုတာ ကိုယ့်ရာဇဝင်ကိုယ်ရေးရတာမို့ ကိုယ့်အတွက် ဆိုးမွေကောင်းမွေဆိုတာ ကိုယ်ကိုယ်တိုင် ဖန်တီးတာပဲ ဖြစ်ပါတယ်။
မှန်ကန်တဲ့အသိ၊ ကြံ့ခိုင်တဲ့စိတ်ဓာတ် ရှိမှသာလျှင် မိဝေးဖဝေး ရေခြားမြေခြားမှာ ကိုယ့်ကိုကိုယ် ဘဝလမ်းကြောင်း ဖြောင့်မှန်အောင်၊ တိုးတက်အောင် ထိန်းကျောင်းနိုင်မှာ ဖြစ်ပါတယ်။
နောက်တခုက မြိန်ရာဟင်းကောင်း၊ ခင်ရာဆွေမျိုး ဆိုသလို ကိုယ့်မိဘမောင်ဖွားမိသားစုတွေနဲ့ ဝေးနေတဲ့အချိန်မှာ အပြန်အလှန် ကူညီယိုင်းပင်းတတ်တဲ့ မိတ်ကောင်းဆွေကောင်းတွေ ရှိဖို့ကတော့ အထူးလိုအပ်တာပေ့ါ။
ငယ်ရွယ်သူတွေအနေနဲ့ ကိုယ့်စိတ်ကို ကိုယ်မနိုင်လို့ အကြောင်းအမျိုးမျိုးတွေနဲ့ ကြုံတွေ့လာရရင်
ဖတ်ခဲ့ဖူးတဲ့ နိုင်းနိုင်းစနေ ရဲ့ စာလေးတစ်ပိုဒ်ကို လက်ဆောင်ပေးချင်ပါတယ်။
ဒီလူမှမရှိရင် အသက်မရှင်နိုင်တော့ဘူးလို့
အရင်တုန်းက သင်ထင်ကောင်းထင်ခဲ့ဖူးမယ်
အခုတော့လည်း………
ကောင်းကောင်းမွန်မွန် ရှင်သန်နေတာပဲ မဟုတ်လား?
မိဝေး ဖဝေး စွန့်စွန့်စားစား ကြိုးစားနေသူတွေအတွက် အားဆေးတစ်ခွက် ဖြစ်နိုင်ပါစေ။ 🙂
70 comments
မောင်ပေ
June 5, 2012 at 9:45 pm
ဖတ်ရှုအားပေးသွားပါတယ် ခင်ဗျ ။
ထို ့အပြင် အဝေးရောက် ညီငယ်အတွက် ၊ ကူးယူပြီး မေးလ်ဖြင့် ပို ့လိုက်ပါပြီ ။
MaMa
June 6, 2012 at 8:38 am
တစ်စုံတစ်ယောက်အတွက် အကျိုးရှိတယ်ဆိုရင်ပဲ ရေးရကျိုးနပ်ပါပြီ။ 🙂
ahnyartamar
June 5, 2012 at 10:09 pm
အားပေးဖတ်ရှုသွားပါ၏။
MaMa
June 6, 2012 at 8:49 am
ကျေးဇူးတင်ပါ၏။ 🙂
marblecommet
June 5, 2012 at 10:52 pm
အန်တီမမ
အိမ်မပြန်တတ်တော့တဲ့အချိန်
အသိလူကြီးနဲ့တွေ့တာ အတော်ကံကောင်းတာပဲ….
အန်တီ မမတို့ မိသားစု တွေ အလုပ်တာဝန်ယူပုံကို သဘောကျတယ်ဗျာ
………..
မိဝေးဖဝေး ဝေဒနာကတော့ အခုထိ
ကျနော်လည်း ခံစားနေရတုန်းဗျ
ပြောရရင် နှစ်ပေါင်း ဆယ့်ငါးနှစ်တောင်ကျော်ရောပေါ့
ကိုယ်ထူကိုယ်ထဘဝက
ပညာတော့ နည်းနည်းစုံရတယ်ဆိုတာ ဟုတ်တယ်ဗျ
ကျနော်ဆို ပေါက်သွားတဲ့ပုဆိုး…
ကိုယ့်ဘာကိုယ် ဖာဝတ်တတ်တယ်..
အာဟိ (နည်းတဲ့အစွမ်းလားနော့)…….
……
အန်တီမမပြောမှ အိမ်လွမ်းသွားပြီဗျာ……
MaMa
June 6, 2012 at 9:04 am
ခုခေတ်မှာ ဆက်သွယ်ရေးတွေ ကောင်းလာတယ်လို့ ရေးထားတယ်နော်။
အိမ်ကို ဖုံးခေါ်ပြီး စကားပြောလိုက်ပါလား။ 🙂
သားဦး၊မြေးဦး
June 5, 2012 at 11:00 pm
Ma99-SaNay ကိုရော မမကိုပါ ကျေးဇူးအထူးတင်ပါတယ်။ခုလို
ဝေမျှပေးလို ့ပါ။
ဒီလူမှမရှိရင် အသက်မရှင်နိုင်တော့ဘူးလို့
အရင်တုန်းက သင်ထင်ကောင်းထင်ခဲ့ဖူးမယ်
အခုတော့လည်း………
ကောင်းကောင်းမွန်မွန် ရှင်သန်နေတာပဲ မဟုတ်လား?
MaMa
June 6, 2012 at 9:17 am
အချိန်ဟာ အကောင်းဆုံး သမားတော် လို့ ပြောကြတယ်။
ဒါပေမယ့် အဲဒီတင်္ဒဂလေးတွေကို မကျော်လွန်နိုင်လို့
သမားတော်ဆီ မရောက်နိုင်ပဲ ဘဝနဲ့ချီပြီး ဆုံးရှုံးနစ်နာမှုတွေ ဖြစ်ကြရတယ်။ 🙁
padonmar
June 5, 2012 at 11:05 pm
မာမားက သားလေး မောင်ဂီအတွက် အမှာစာပါးတာဖြစ်မယ်။
2star မမ နဲ့ 2star မောင်ပေ ကြုံတုံး ကွန်ဂရက်ကျူလိတ်လိုက်ပါသည်။
အခုလူငယ်တွေက ဒို့ခေတ်ကလိုမဟုတ်တော့ဘူး။
မိဘနားတောင်မနေချင်ကြတော့ဘူး။
အရီး Khin Latt
June 6, 2012 at 4:49 am
ဟုတ်ပ။ တော်လိုက်တဲ့ မားမား။
တားတားလေး က နားထောင်မလား။
ကြည့်သေးတာပေါ့။ 😉
“တနေ့သေကြရမည်။ မသေခင် လုပ်ချင်တာ လုပ်ကြ။ ကိုယ်စိုက်တာ ကိုယ်ရိတ်သိမ်းရမည်”
အဲဒါတွေ့တိုင်း စိတ်ထဲ မတင်မကျနဲ့။
လုပ်ချင်တာလုပ်ပြီး သေသွားတော့ အဲဒီလက်ကျန်ရှင်းတမ်း တွေက ဘယ်လိုလုပ်ပြီးပြတ် ပါမလဲ။
သဘောက
ကိုယ်ကြိုက်သလို နေထိုင်- ကြွသွားတော့
တန်းလန်းကြီး မရိတ်နိုင်တာ တွေက သူများမှာ ဝန်မဖြစ်နိုင်ပေဘူးလား။
ဒီတော့ တစ်ပါးသူ ဒုက္ခရောက် ကျန်ခဲ့အောင်တော့ နင်းကန်စိုက် မသွားပါနဲ့ဟယ်။
မားမား ရဲ့ ညီမ အရီးမှ ဝင်၍ ထပ်ပင့်သည်။ 😀
MaMa
June 6, 2012 at 9:23 am
လွန်ခဲ့တဲ့ ၆ လလောက်ကတည်းက စင်္ကာပူမှာ ကိုယ့်ကိုကိုယ် သတ်သေတဲ့ သတင်းတွေ ကြားပြီးကတည်းက ရေးချင်နေတာ။
တပိုင်းတစ ရေးပြီး ကြာနေတာ ကြာပြီ။
ခုရက်ပိုင်း လှည်းတန်းမှာ လူသတ်မှုဖြစ်တယ်ဆိုတော့ …
နိုင်ငံရပ်ခြားမှာ ပညာသင်ဖို့ အလုပ်လုပ်ဖို့စသည်ဖြင့်
နည်းအမျိုးမျိုးနဲ့ ရောက်နေကြတဲ့…….
သားတော် သမီးတော် တူတော် တူမတော် တွေကို သတိတစ်ချက်လောက် ဝင်သွားစေချင်တဲ့ စိတ်နဲ့ ရေးလိုက်တာပါ။
ဝို်င်းကြပ်ပေး အဲ- မှားလို့
ဝိုင်းကူပြောပေးတဲ့ အမတော် ညီမတော်များကို ကျေးဇူးတင်ပါတယ်။ 🙂
MaMa
June 6, 2012 at 6:17 pm
ကွန်ဂရက်ကျူလိတ်လုပ်တဲ့ ပဒုမ္မာရေ ကျေးကျေးပါ။
ဘယ်တုန်းက 2star ဖြစ်သွားမှန်းတောင် မသိလိုက်ဘူး။
ကြည့်ရတာတော့ သူများတွေ ကြယ်တစ်ပွင့်ပြီး တစ်ပွင့် တိုးနေတာကို မနာလိုလို့
ကိုရင်ရဲ့ ပိုစ့်မှာ သဂျီးကို ကြပ်ပေးလိုက်တာကြောင့်..
သဂျီးမင်း ပဏ္ဍုကမ္ဗလာမြကျောက်ဖျာ တင်းလာလို့ မနေနိုင်ပဲ ပေးလိုက်ရတာဖြစ်မယ်။ 😆
ခေတ်ကြီးကိုက ဒို့ခေတ်လို မဟုတ်တော့ဘူးဆိုတဲ့ စကားကို မကြာခဏ ပြောမိသလို…..
ကိုယ်လည်း ကျောက်ဖြစ်ရုပ်ကြွင်းဖြစ်တော့မယ်လို့လည်း သတိပြုမိပါတယ်။ 🙁
မလတ်ရေ-
တနေ့သေရမည်။
သေလျှင် ပုပ်ကြမည်။
မပုပ်ခင် မွှေးအောင် ကြိုးစားကြ လို့ ပြင်ပေးကြည့်ရအောင်။ 🙂
ဗိုက်ကလေး
June 6, 2012 at 6:27 pm
အောင်မာ.အောင်မာ..
ဘယ်က သဂျီးက ပေးရမှာတုန်း
ကျုပ်တပ်ပေးထားတာ.ကျုပ်တပ်ပေးထားတာ..
အပျင်းပြေ လျှောက်ကလိရင်း တပ်လို ့ရတဲ့လူမှန်သမျှ လိုက်တပ်ပေးနေဒါ..
ကျုပ်ဆီက ကြယ်လဲ တစ်မျိုးမထင်နဲ ့..ကျုပ်ကိုကျုပ် ပြန်တပ်ထားပေးဒါ
ညှင်း..ညှင်း..
😆
MaMa
June 6, 2012 at 8:09 pm
ပြန်လှည့်ကြည့်လိုက်ဦး ဦးဗိုက်။
ကြယ်တစ်လုံး ခါးပိုက်နှိုက် ခံရသွားပြန်ပြီနော်။ 😆
တညင်သား
June 5, 2012 at 11:11 pm
အားဆေးတခွက်ပါ…
မကောင်းဘူးထင်တဲ့အရာ တခု လုပ်မယ်ကြံတိုင်း မိဘက စိတ်မချ နိုင်တာ ဒါပဲ ဖြစ်မယ်လို့တွေးမိတယ်……….
မိဘနေရာ ကိုယ်လဲရောက်ခဲ့ရင်ရော ဆိုတဲ့အတွေးတခု ဝင်လာပါတယ်….
MaMa
June 6, 2012 at 9:25 am
အဲဒီလို အတွေးတစ်ချက် ဝင်နိုင်တာကိုက လူလိမ္မာ 🙂
ဦးဦးပါလေရာ
June 5, 2012 at 11:17 pm
နဲနဲလောက်ဆိုင်တာကလေး ပြောရဦးမယ်…
ကျုပ်က ကံအားလျှော်စွာ ရန်ကုန်မှာပဲ(အဲဒီတုန်းက)တက်လို့ရတဲ့ မေဂျာကိုယူမိတယ်။
ဒါနဲ့ အဆောင်ကျောင်းသားဖြစ်ရရော ဆိုပါတော့…။
အဆောင်ရောက်စမှာတော့ တောသားမြို့ရောက် မျက်နှာလဲငယ် အားလဲငယ်လိုက်တာ…
အဆင်မပြေတာတွေ အခက်အခဲတွေလဲ အများကြီး…။
ဒါပေမယ့် မိဘနဲ့ခွဲပြီး ကိုယ့်ကိုယ်ကို မဖြစ်မနေ တာဝန်ယူရတဲ့အခါ –
အဆောင်နေ နယ်ကျောင်းသားအများစုဟာ အချိန်နဲနဲကြာလာတော့
အတွေ့အကြုံများလာတယ်၊ ရဲရင့်လာတယ်၊ ဖြေရှင်းနိုင်စွမ်းရှိလာတယ်၊ ကိုယ့်ကိုယ်ကို ယုံကြည်မှု့ရှိလာတယ်
ခြုံပြီးပြောရရင် အလုပ်ဖြစ်တဲ့သူတွေ ဖြစ်လာကြတယ်။
ကိုယ့်ကိုယ်ကို မထိန်းနိုင်တဲ့သူတွေကတော့ ပျက်တာပေါ့…
ကျန်တဲ့သူတွေကတော့ ဘဝကို ကောင်းကောင်းစီမံသွားနိုင်ကြတာတွေ့ရတယ်…။
ကျုပ်ကတော့ လူငယ်တွေကိုမြှောက်ပေးလေ့ရှိတယ်…
လျှောက်… ဆက်လျှောက်… လဲကျသွားပစေ ပြန်ထပြီးဆက်လျှောက်… ဆိုတာမျိုး….
MaMa
June 6, 2012 at 6:24 pm
(လျှောက်… ဆက်လျှောက်… လဲကျသွားပစေ ပြန်ထပြီးဆက်လျှောက်… )
ဗရာကြော်ပါ ဦးပါရေ။
လူကြီးတွေရဲ့ တွန်းအားပေးမှုဟာ အရေးပါ အရာရောက်ပါတယ်။
စိတ်မချဘူး ဆိုတဲ့ စကားတစ်ခွန်းနဲ့ပဲ နောက်မျိုးဆက်ကို လူစွမ်းလူစ မတုံးစေလိုပါ။
ကိုရင်စည်သူ
June 5, 2012 at 11:20 pm
မိဝေးဖဝေးရင် အိမ်မှုကိတ်စ အကုန်လုပ်တတ်လာတာတော့
သတိထားမိဒယ်…
ကိုယ့်ဘာသာ… အဝတ်လျှောက်ဒတ်လာဒယ်..
ထမင်းဟင်း ချက်ဒတ်လာဒယ်..
မီးပူတိုက်တတ်လာဒယ်…သန့်ရှင်းရေးလုပ်ဒတ်လာဒယ်
မီးရေး ထင်းရေး သတိထားဒတ်လာဒယ်…
အမေလို ချစ်မယ့် စကီလေးတစ်ယောက်ကို
လိုချင်ဒတ်လာတယ်… ဒတ်လာတယ်… 😳 😳
အနော်ကတော့ မိဘနဲ့တူဒဲ့ စိုင်လေးလိုချင်ဒယ်..
အဲ့လာတွေ မလုပ်ချင်လို့… ဟီးး ဟီး 😀 😀 😀
MaMa
June 6, 2012 at 6:35 pm
(အနော်ကတော့ မိဘနဲ့တူဒဲ့ စိုင်လေးလိုချင်ဒယ်..
အဲ့လာတွေ မလုပ်ချင်လို့… )
ရည်မှန်းချက် ကြီးမားပါပေ့ကွယ်။
ခုခေတ်ကြီးထဲမှာ မောင်တစ်ထမ်း မယ်တစ်ထမ်း လုပ်နေကြရတော့
အိမ်မှုကိစ္စကိုလည်း ညီတူညီမျှ ထမ်းကြရတော့တာပေ့ါ။
ဘာပဲဖြစ်ဖြစ် လိုချင်ရင် ရှိတဲ့နေရာ သွားရှာရမှာပေ့ါ။
လမ်းညွှန်ပေးလိုက်မယ်။
သိပ်တော့ မဝေးပါဘူး။
၁၉ ရာစုကို ပြန်သွားပါ။ 😀
ကိုရင်စည်သူ
June 6, 2012 at 8:39 pm
အရဂါးနောက်ဒါပါ.. အန်တီမမခင်ည… တားတားက
ကိုယ့်ကိတ်စ ကိုယ့်ဟာကိုယ်ပဲ လုပ်တတ်တဲ့ အကျင့်ရှိပါတယ်..
ကိုယ့်ကြောင့် သူများ ဝန်ထုတ်ဝန်ပိုးဖြစ်မှာလည်း စိုးပါတယ်..
တစ်ယောက်တည်း နေရတဲ့ life ကို ပိုကြိုက်ပါတယ်…
၁၉ရာစုဒေါ့ ပြန်မတွားချင်ပါဘူး…
လူပျိုကြီး လုပ်မယ် ဆုံးဖြတ်ပြီးသားပါ။။ ကကြောင်ကြီးတို့လိုပေါ့.. အဟဲ.. 😀 😀
အရီး Khin Latt
June 6, 2012 at 4:53 am
မမ ရေ
မိဝေးဖဝေး ဇာတ်လမ်းလေးတွေကို ဆက်ပါဦး။
ဖတ်လို့ကောင်းတယ်။ 🙂
အခုခေတ် မိဝေးဖဝေး တွေကတော့ မြင်ရာကို တောင် လက်ညိုးထိုး ရောင်းစားမှာဗျား။
kai
June 6, 2012 at 5:41 am
ဗုဒ္ဓပွင့်ချိန် လွန်ခဲ့တဲ့…အနှစ် ၂၆၀ဝက.. လူ့ဘဝသက်တန်းတခုလုံးကုန်မှ.. မိုင် ၁၀ဝ အဝန်းလောက်ခရီးသွားနိုင်တာတဲ့..
လွန်ခဲ့တဲ့.. နှစ်၂၀ဝလောက်ကတော့… အောက်ပြည်အောက်ရွာ သွားမယ်ဟေ့ဆိုပြီး.. အညာသားကြိးက အညာအိမ်ကထွက်သွားရင်.. တမိုး၂မိုး..တခါတလေ.. ၁ဝမိုးလောက်ပြီးမှ.. ပြန်လာတာ..
ဒီခေတ်တော့… . ရန်ကုန်နဲ့.. ကီလို၁သောင်း၃ထောင်ကျော်.. မိုင်၈ထောင်ကျော်ဝေးတဲ့နေရာ.. အယ်လ်အေမြို့တင်..မြန်မာ သောင်းချီ.. ယူအက်စ်တနိုင်ငံလုံးဆို.. ကမ္ဘာဟိုဖက်ခြမ်း..ဒီဖက်ခြမ်း.. မြန်မာသိန်းချီနေကြတယ်..
နယူးယောက်က သူငယ်ချင်းက.. ကလေးမွေးတော့.. လင်မယား၂ယောက်လုံး.. အလုပ်ကိုယ်စီနဲ့.. ကလေးမထိမ်းနိုင်လို့ဆိုပြီး.. ရန်ကုန်အဖွားအိမ်မှာ.. ထားတယ်..
သူ့ကလေးကို.. နယူးယောက်ကနေ.. စကိုက်ပ်နဲ့.. ကြည့်တယ်..။ အဲလိုလုပ်နေတာ.. ၁နှစ်တောင်ပြည့်တော့မယ်..။
နောက်.. နှစ်၁၀ဝဆို.. အင်္ဂါဂြိုလ်ပေါ်.. လူတွေတက်နေလောက်ပြီ..
အနီးဆုံးအချိန်မှာ.. ကီလို ၅၆သန်းတဲ့…. အဝေဆုံးအချိန် ကီလို သန်း၄၀၀..
အင်း.. ဪ..ဪ..
မိဝေး…ဖဝေးးးးးးးးးးးးး 🙂
MaMa
June 6, 2012 at 6:51 pm
သဂျီးပြောတာနဲ့ မိဝေး ဖဝေး က နီးတောင် သွားသလို ဖြစ်သွားတယ်။
အော်- ကမာ္ဘရွာ ကမာ္ဘရွာ…… 🙂
Azzurri
June 6, 2012 at 6:46 am
ကျေးကျေးပါ မာမား
နီးတကျတ်ကျတ် ဝေး တသက်သက်မို့
ဝေးဝေးက ပဲ ချစ်ပါ့မယ် ဂျာ …
နို့မို့ သူတို့ပြောတဲ့ ပါဠိလည်း ကိုယ် မနာနိုင်
ကိုယ်ပြောသမျှလည်း သူတို့အတွက် ဂြိုလ်သားစကား တွေဖြစ်
ဟုတ်ကဲ့
စိုက်တာတော့ ..မစိုက်ရသလောက်ပါဘဲ…
ပေါင်းလောက်သင်ရတာ … ဟိုလူက ကြက်သွန် လာစိုက်လိုက်
သည်လူက ခရမ်း ဝင်ပျိုးလိုက်နဲ့ …ရေလောင်းပေါင်းသင် မလုပ်ဘဲ
တံချူကိုင် စောင့်တဲ့လူက ရှိသေး …
အဲ …
ကျပ်မပြည့်တဲ့ စက်ဒဒေး ကိုတော့ နည်းနည်း ချဉ်တယ်ခည..
သူ့ စာတွေက ရနံ့တခု ..ဒါမှမဟုတ် ကာလာ တခု
လိုနေသလိုပဲ …။ သူနဲ့ သံတူကြောင်းကွဲ စာရေးဆြာမ တယောက်တော့
လူချင်းသိရဲ့ ….။ ပြောရရင် အဲ့ဆြာမ စာတွေထက် အဲ့ဆြာမ ကို
ဒါ့ပုံရိုက်ချင်တာ ခည …။ သူကလည်း ရိုက်ချင်သတဲ့လေ…
အော်.. တနေ့ပေါ့ ….။
ဟီး …
တော်သေးဘီ…
MaMa
June 6, 2012 at 7:25 pm
မောင်ဂီ-
့ သူတို့ပြောတဲ့ ပါဠိလည်း နာနိုင်အောင် ကြိုးစားပေးလိုက်ပါ။
ဂြိုလ်သားစကားလည်း တတ်နိုင်သလောက် လျှော့ပေါ့ ပြောပေးပါ။ဘယ်လိုအခြေအနေမှာ ဘယ်သူ့ကို ဘယ်လို ပြောရမယ်ဆိုတာလောက်ကတော့…
မာကတ္တာကြီးအတွက် အပျော့စား မာယာ လောက်ပဲ ဖြစ်မှာပါ။ 🙂
aye.kk
June 6, 2012 at 8:40 am
မမရေ,…
မှန်ပါတယ်..
ငယ်ငယ်ထဲကမကြာခဏဆိုသလို..
မိဘနဲ ့ခွဲပြီးရပ်ဝေးမှာနေရတာများခဲ့တယ်…
မိတ်ဆွေကောင်းတွေရှိဘို ့လိုအပ်လှတယ်ဆိုတာမှန်ပါတယ်..
မိတ်ဆွေတွေကောင်းလို ့သာ..
ခုချိန်ထိအဝေးရပ်မြေမှာနေနိုင်ခဲ့တာပါ…။။
MaMa
June 6, 2012 at 7:54 pm
ကြုံခဲ့ဖူးတာလေး ပြောပြချင်တယ် မအေးရေ-
ကျောင်းတက်တုန်းက စာမေးပွဲဖြေပြီးတာနဲ့ နောက်တစ်နေ့ဆိုရင် စက်ရုံဆင်းဖို့ ခရီးထွက်ရတယ်။
အဆောင်ကနေ ကျောင်းတက်တဲ့ သူငယ်ချင်းက အိမ်မပြန်ရလိုု့ ဆိုပြီး အော်တယ်။
တစ်နေ့တော့ စစ်တောင်းတံတားပိတ်ခါနီးမှာ အိမ်ပြန်ချင်တယ်ကွာဆိုပြီး တားမရ ဆီးမရ လမ်းလျှောက်ထွက်သွားတယ်။
ကျန်တဲ့သူငယ်ချင်းတွေလည်း စိတ်ပူပြီး လိုက်သွားကြတယ်။
တံတားသာ ပိတ်သွားလို့ကတော့ အားလုံးကားလမ်းဘေးမှာ အိပ်ရမယ့်အဖြစ်။ 🙁
ကြောင်ကြီး
June 6, 2012 at 9:24 am
မိဝေးဖဝေး
ငပိဈေး
ကျမမေး
မသိသေး
အဘဒွေး
ညှိဈေး
ရမလေး
အဟိတွေး
ဘဝပေး
ဖိကျွေး
အမသူဌေး..။
MaMa
June 6, 2012 at 8:12 pm
မိဝေး ဖဝေး မှာ ငပိမေး တယ် ဆိုတော့-
အမေ့လက်ရာ ငပိကြော်ကို တမ်းတတယ်ထင်ပ့ါ။ 😀
Moe Z
June 6, 2012 at 11:47 am
မမရေ ..
လိုရာပဲဆွဲပြောမယ်နော် လမ်းကြောင်းလွဲသွားရင်ခွင့်လွှတ်
မြန်မာမိဘအများစုကလေ သားသမီးတွေကို ကိုယ့်အားကိုယ်ကိုးတတ်အောင် ပြုစုပျိုးထောင်နိုင်စွမ်းနည်းပါးကြတယ် ..
အရာရာမှာ အရှေ့ကနေဦးဆောင်ပြီး အကာအကွယ်ပေးတတ်တယ် .. သူတို့မရှိတော့ရင်ဆိုတာကိုသိပ်မတွေးကြဘူး၊
တစ်ချို့တွေ အသက်သုံးဆယ်ကျော်တဲ့အထိ မိဘမရှိရင်ဘာမှမလုပ်တတ်ကြဘူး၊
တစ်ယောက်တည်းခရီးမသွားရဲဘူး၊
သိပ်အစိုးရိမ်ကြီးတဲ့ မိဘတွေရဲ့ သားသမီးတွေကဘဝမှာ အောင်မြင်နိုင်ဖို့ ရာခိုင်နှုန်းနည်းတယ်လို့ယူဆပါကြောင်း ….
Shwe Ei
June 6, 2012 at 4:20 pm
Moe Z “သိပ်အစိုးရိမ်ကြီးတဲ့ မိဘတွေရဲ့ သားသမီးတွေကဘဝမှာ အောင်မြင်နိုင်ဖို့ ရာခိုင်နှုန်းနည်းတယ်လို့ယူဆပါကြောင်း ….” Moe Z
မှန်လိုက်တာဗျာ။ ကွက်စ်တိဘဲ။ ကို်ယ့်စိတ်နဲ့ကိုယ့်ကိုယ် ပေးနေတဲ့ မိဘ၂ပါးလုံးကိုတောင်ကျေးဇူးတင်မိတယ်။ တဝမ်းတခါးရှာစားနိုင်လောက်တဲ့ အစွမ်းတွေရှိနေပြီမို့လေ။ ဒါတောင်အိမ်ကိုပြန်ကြည့်ဖို့ကျ နေ့ရွှေ့ညရွှေ့လုပ်ချင်တုန်း 😀
MaMa
June 6, 2012 at 5:54 pm
ဆရာမလေး မိုးစက်ရေ-
လမ်းကြောင်းမလွဲတဲ့အပြင်
တကျောင်းတည်းဆင်း၊ တစာတည်း အံ လာခဲ့တဲ့ သူတွေလို့တောင် ပြောရမယ်ထင်တယ်။
လောင်းရိပ်မိနေသူများ ဆိုတဲ့ စာတောင် ထပ်ရေးဖို့ စိတ်ကူးပေါ်လာတယ်။
မိုးစက်ရဲ့ ပညာပေးစာလေးတွေလည်း မျှော်နေမယ် နော်။ 🙂
အစွမ်းရှိတဲ့ ရွှေအိရေ-
အမျှော်အမြင်ကြီးတဲ့ မိဘများရဲ့ ပုံသွင်းမှုဟာ တန်ဖိုးမဖြတ်နိုင်ဘူးဆိုတာကို ကိုယ်တကယ်လောကကို ရင်ဆိုင်ရတဲ့အခါမှာ သိရတော့တာပဲ။
ကိုယ့်အလှည့်ကျရင်လည်း မနွဲ့စတမ်း လောကကို အလှဆင်မယ့် သားကောင်းသမီးကောင်းလေးတွေ ပေါ်ထွန်းလာအောင် လေ့ကျင့်ပျိုးထောင်ပေးနိုင်ပါစေ။
Azzurri
June 6, 2012 at 6:22 pm
ခရီးရက်တိုသွားမှာကို
ဥတွေ ဝယ်ပေး ..ဟင်းတွေချက်ပေးနေရတာကို ပြေးမြင်ပီး …
ပေါင်ကို လက်နဲ့ ဖြောင်းကနဲရိုက်ကာ ….ဟုတ်လိုက်လေခြင်း…
ငါ့ညီမရယ် လို့ ….
အသံထွက် ရေရွတ်မိပါကြောင်း….
ခင်တဲ့
ကိုအင်ဂျီး…
(တိုက်ဆိုင်မှုရှိရင် …ငါ့ ၆မြင်ကပ်လို့ ဒဲ့ သမ တာလို့ တွေး နာဇေသဒီး…)
MaMa
June 6, 2012 at 8:14 pm
ပိုစ့်တစ်ခုမှာ ဖတ်မိလိုက်တယ်။
လူချစ်လူခင်များတဲ့လူဆိုရင် အသက်မရှည်ဘူးဆိုလားးးးးး
မောင်ဂီ့ ကြည့်ရတာ သက်ရှည်ဆေး ဖော်နေတယ်ထင်ပါ့
YE YINT HLAING
June 6, 2012 at 11:55 am
Thaks You Par Ma Ma .
Regards
Ye Yint Hlaing
MaMa
June 6, 2012 at 8:19 pm
Home sick ဖြစ်နေတယ်လို့ ရေးထားတဲ့ ရဲရင့်လှိုင်ရဲ့ စာကိုဖတ်မိလို့ ဒီစာကို အဆုံးသတ်ရေးပြီး တင်ဖြစ်သွားတာပါ။
မိဝေး ဖဝေး စွန့်စွန့်စားစား ကြိုးစားနေတဲ့ ရဲရင့်လှိုင်လည်း ကျန်းမာရွှင်လန်းပြီး အစစ အရာရာ အဆင်ပြေ ချောမွေ့ပါစေလို့ ဆုတောင်းပေးပါတယ်။ 🙂
ဗိုက်ကလေး
June 6, 2012 at 11:56 am
ကို အူးလေး အန်တီ ဒေါ်မမတို ့များ ကြောက်အားငယ်တာတောင် အရင်ဆုံး ဝါးတီးဆွဲ ရေသောက်လိုက်သေးတယ်နော..
လေးစားဘာဒယ် 😀
ကျနော့်အတွက် အားဆေးဖြစ်ပါတယ်ဗျား
အဖေက အီသီယိုးပီးသီးယားမှာ အမေက အာဖဂန်နစ္စတန်မှာ
ကျနော်က ဖင်လန်မှာ..
ဝှူး..
ဖေဒိုး..မေဒိုး..တားတားလွမ်းလွန်လွန်းလို ့..
ဟာရေး.ဟာရေး..
nozomi
June 6, 2012 at 5:59 pm
ပေါင် ထားတဲ့ ကြယ် တပွင့် ပြန်ရွေးလာပုံထောက်တော့
ဗိုက်ကလေး ဖဲနိုင်ပြန်ပြီထင်တယ် 😀
ဦးဦးပါလေရာ
June 6, 2012 at 9:47 pm
အခု ပြန်ရှုံးသွားပြန်ပြီ…. 😀
MaMa
June 6, 2012 at 8:24 pm
ဖိုးသူတော်စာ ဖိုးသူတော် ဖတ်တတ်တယ် ဆိုသလိုပဲ။
ဝါးတီးဆွဲ ရေသောက်တဲ့ မြှုပ်ကွက်လေးကို မြင်ဖြစ်အောင် မြင်သွားသေးတယ်။ 😛
ကိုမှိုရေ-
ဗိုက်ကလေး မျက်လှည့်ပြနေတယ်ထင်တယ်။
ခဏနေ ကြယ်တွေ ပေါ်လာလိုက်၊ ပျောက်သွားလိုက်။
shwe kyi
June 6, 2012 at 12:34 pm
မိဝေး ဖဝေးမှာကိုယ့်ကိုယ်ကိုထိန်းကျောင်း ရင်း ကိုယ့်ဝေယျာဝစ္စ ကိုယ်လုပ်ပြီးနေထိုင်နေရတဲ့
သူတွေအတွက်မိတ်ဆွေကောင်းဆိုတာ တကယ်ကိုလိုအပ်ပါတယ်။ တစ်ခါတစ်လေ အားငယ်တဲ့အခါ
စိတ်ညစ်ပြီး စိတ်လေနေတဲ့ အခါများဆို မိတ်ဆွေကောင်းဆိုတာ တကယ့်ကိုအားဆေးပါ။
အခု ပို့စ်ဟာလည်းညီမတို့အတွက် အားတက်ရပါတယ်။ ကျေးဇူးပါ။
MaMa
June 6, 2012 at 8:26 pm
အားတက်တယ်ဆိုလို့ ကိုယ်ရည်မှန်းချက်လေး ပေါက်မြောက်သွားလို့ ဝမ်းသာရပါတယ်။ 🙂
Phaung Phaung
June 6, 2012 at 12:49 pm
မိဝေး၊ ဖဝေးမဟုတ်ခဲ့ပေမယ့် အမေက အစောကြီးခွဲခွာသွားတဲ့အတွက် ကိုယ့်ကိုကိုယ်ထိန်းကျောင်းခဲ့ရပါတယ်။ အဖေတော့ရှိပေမယ့် မနက်ကနေမိုးချုပ်ထိ ကားမောင်းထွက်နေရတော့ ကိုယ်တိုင်ပဲ အိမ်မှုကိစ္စ၊သန့်ရှင်းရေး၊လျှော်ဖွတ်ရေးတွေအပြင် ကိုယ့်တိုးတက်ရာ
တိုးတက်ကြောင်းပညာရေးတွေလေ့လာရင်း အစွန်းအစရှိလာခဲ့တယ်ဘဲပြောရမလား။
မမ လိုပဲ မြို့ထဲမှာအလုပ်စလုပ်တော့ လိုင်းကားတောင်ကောင်းကောင်းမစီးတတ်သေးပါဘူး။
အခုတော့ မွှတ်လို့။ ဟီး … ။ နောက်ပြီး မိုးစက်ပြောတာ အရမ်းမှန်ပါတယ်။ ထောက်ခံပါတယ်။
MaMa
June 6, 2012 at 8:29 pm
(မြို့ထဲမှာအလုပ်စလုပ်တော့ လိုင်းကားတောင်ကောင်းကောင်းမစီးတတ်သေးပါဘူး။
အခုတော့ မွှတ်လို့)
ဘယ်အရာမဆို မလုပ်တတ်ခင် ခက်ခဲတာချည်းပါပဲ။
ကျွမ်းကျင်ရာ လိမ္မာ
ငပိဖုတ်တာတောင် ဆရာမပြ နည်းမကျဘူး လို့ ဆိုထားတယ် မဟုတ်လား။
ဗရာကြော်ပါ။
ဆက်ကြော်ပါ ဖောင်းဖောင်း ရေ။
Thel Nu Aye
June 6, 2012 at 1:13 pm
မှန်ပါတယ်။ မိဘရင်ခွင်ကနေခွဲပြီးနေကာစမှာတော့ အခက်အခဲသေးသေးလေးတွေက ကိုယ့်အတွက် အကြီးကြီးတွေဖြစ်နေတတ်ပါတယ်။ နောက်ကိုယ့်အားကိုယ်ကိုးပါများတော့လဲ ဒါတွေကအသေးအဖွဲဖြစ်သွား တတ်ပေမဲ့ အဲတုန်းကတော့ မဟာစွန့်စားခန်းကြီးလိုပဲ တသသပြန်ပြောပြီး ဂုဏ်ယူစရာအမှတ်တ ယလေးတွေဖြစ်ကျန်ခဲ့တာပါပဲ။
MaMa
June 6, 2012 at 8:46 pm
ဟုတ်ပါ့ သဲနုအေးရယ်။
အရိပ်အောက်မှာ နေနေကျကနေ အပြင်ကိုထွက်လိုက်တာနဲ့
အလွန်ပူပြင်းတယ် ပင်ပန်းတယ်လို့ ထင်ရတယ်။
သီချင်းလေးတစ်ပုဒ်ကြားဖူးတယ်. အောင်မြင်ချင်းတူတူ ဘယ်သူမြတ်သည်လဲ ဆိုသလို။ 🙂
kyeemite
June 6, 2012 at 2:00 pm
ဒေါ်မမအရေးအသားလေးက
ဖတ်လို့လည်းကောင်းတဲ့ ရသကိုပေးသလို..
မိဝေး ဖဝေး လုပ်ကိုင်နေ ပညာရှာနေသူတွေ
အတွက်လည်း အားဆေးတစ်ခွက်ဖြစ်မှာပါဗျာ…
ခင်မင်လေးစားလျှက်..
ကြိုက်မီး။
MaMa
June 6, 2012 at 8:51 pm
ကြိုက်မီးရဲ့စာကလည်း ကျမအတွက် အားဆေးတစ်ခွက်ပါပဲ။ ကျေးဇူးပါ။ 🙂
pooch
June 6, 2012 at 2:01 pm
မမရေ စာမရေးတာတောင်ကြာနေပြီလားလို့ ။
ကျမကတော့ နီးနီးနားနားနေရလို့လား မသိဘူး။ နားထဲကမီးခိုးတွေတောင် အူအူပြီးထွက်လာတယ်။
ဒါကြောင့်မို့ တခါတလေတော့လည်း မိဝေးဖဝေး နေကြည့်ချင်စိတ်တောင် ပေါက်ပေါက်လာတယ်။
မနက်ဖြန် အဒေါ်နဲ့ အမေနဲ့ ရန်ကုန်သွားမှာ။ ၄ရက် ၅ ရက်ကြာမဲ့အရေး ဟင်းမချက်မှာသိနေလို့ ဆိုပြီး ပုစွန်ခြောက်တွေကြော်၊ ခရမ်းချဉ်သီးဆီပြန်တွေ ချက်၊ နဲ့ ပြောလို့လဲ မရဘူး။ ကြက်ဥတွေ ဝယ်ပေးနဲ့။
ဝယ်စားတာ မကောင်းဘူး ဆိုပဲ မမရယ် ။ 🙁
Azzurri
June 6, 2012 at 2:04 pm
ဒီအရွယ်ထိ လူဂျီးမိဘကို ဒုက္ခပေးနေသကိုး ..
မပြောတော့ ဘူး ပြောကို မပြောဂျင်ဒေါ့ဘူး ..
MaMa
June 6, 2012 at 9:02 pm
မယ်ပုရေ-
စာရေးဖို့ စိတ်ကူးတွေ ပေါ်လာပေမယ့်
ကွန်မန့်တောင် ပေးမရတဲ့ အခြေအနေမှာ
ပေါ်လာတဲ့ စိတ်ကူးတွေလည်း လေထဲ လွင့်ပါသွားကြတယ်။
ခုအချိန်အရွယ်ထိ အရိပ်မိုးပေးနေတဲ့ မိသားစုက ကျေးဇူးများလှပါတယ်။
(နားထဲက မီးခိုးထွက်တာလည်း စာနာပါတယ်။)
တခါတလေ စိတ်လွတ်ကိုယ်လွတ် နေရတာလည်း အရသာတမျိုးပါ။ 🙂
မပြောတော့ဘူးဆိုတဲ့ ဒေါ်မြလေး ကိုလည်း သည်းခံလိုက်ပါ။ 😀
nozomi
June 6, 2012 at 4:31 pm
ပို့စ် လေးကို အားပေးသွားပါတယ် ခင်ဗျာ
အခုခေတ် တချို့ ကလေးတွေ မိဘ ရင်ခွင်ကထွက်သွားရင် မလုပ်တတ် မကိုင်တတ် တွေဖြစ်ပြီး ဒုက္ခရောက်ကျရော မိဘမှာလဲ တာဝန်ရှိပါတယ်
ငယ်ငယ်လေးကတဲက ကို်ယ့်အားကိုယ်ကိုး တတ်အောင် လေ့ကျင့်ပေးထားသင့်ပါတယ်
ကိုယ့်ပန်းကန် ကို်ယ်ဆေး ကိုယ့်အဝတ်ကိုယ်လျှော် ( မပြောင်ရင် လူကြီးက နောက်မှ ထပ်ပြောင်အောင်လုပ်)
လုပ်ပါ များရင် အကျင့်ဖြစ်ပြီး ကိုယ့်တာဝန် ကိုယ့်သိလာပါမယ် ကိုယ့်ကိုယ်ကို တာဝန်ယူလာပါမယ်
တချို့ ကိစ္စတွေ ( ငွေကြေး၊မိသားစုအရေး) ကို ငယ်သေးတယ် ဆိုပြီး
မပြောပဲ ထားတာထက် ၊ သူတို့ကို ပြောပြ တိုင်ပင်ရင် သူတို့လဲ မိသားစု အခက်အခဲကိုသိ
သူတို့ကို်ယ်တိုင်လဲ မိသားစုမှာ အရေးပါတယ်လို့ ခံစားမိပြီး ငယ်ငယ်ရွယ်ရွယ် နဲ့ ရင့်ကျက်လာမယ် သိတတ်လာပါမယ်
အဲဒီလိုမျိုးလေးတွေ လုပ်ပေးရင် အပြင်လောက (မိဝေး ဖဝေး ကို) ရောက်ရင် လောကကြီးကို ရင်ဆိုင်ဘို့ ခွန်အားတွေ ရလာမှာပါ
ဟို ပို့စ် တွေမှာ မပြောခဲ့ရလို့
ဓါတ်ပုံ ရိုက်ထားတာလေး ပရိုတစ်ယောက်လို ကောင်းတဲ့အတွက် အားကျမိပါတယ် ခင်ဗျာ
နောက်ပြပွဲတွေကျရင် လဲ အားပေးနေပါ့မယ်
MaMa
June 6, 2012 at 9:13 pm
ဟုတ်ပါတယ် ကိုမှိုရေ။
မြန်မာပြည်မှာ မိဘ တော်တော်များများဟာ ကလေးကိစ္စ မဟုတ်ဘူး ဆိုပြီး ဖယ်ထားတတ်တာတွေအစား
မိသားစုကိစ္စလေးတွေမှာ ကလေးတွေကို ပါဝင်ခို်င်းခြင်းဖြင့် လက်တွဲခေါ်သွားသင့်ပါတယ်။
ကလောင်တစ်ချောင်း (အမှန်က ကီးဘုတ်တစ်ခု) နဲ့ ရွာထဲမှာ လှည့်ပတ်ရမ်းရင်း
ကင်မရာနဲ့ လက်ဆော့ရင်း ကြက်ကန်းဆန်အိုးတိုးမိသွားတာပါ။
အားပေးတဲ့အတွက် နောက်ထပ် မျက်စေ့နောက်စရာတွေ တွေ့ရဦးမည်ဖြစ်ပါကြောင်းးးးး 🙂
blackchaw
June 6, 2012 at 5:27 pm
လေးလေးစားစား ဖတ်သွားပါတယ် ခင်ဗျာ…။
အပေါ်က ကိုနိုကြီးပြောသလိုပါပဲ၊ ပြပွဲက ဓါတ်ပုံအတွက်လည်း
ဂုဏ်ယူပါတယ်ဆိုတာလေးပါ တစ်ခါတည်း မန့်ခဲ့ပါတယ် ဗျာ…။
MaMa
June 6, 2012 at 9:17 pm
တံခါးစောင့်ရာထူးရလိုက်
ချိုပေါ့ကျ ဖျော်လိုက်နဲ့
စွယ်စုံရတဲ့ ကိုချောစာတွေဖတ်ပြီး
ိကိုယ့်စာကိုယ် mono tone လို အားမလို အားမရ ဖြစ်မိပါတယ်။
အားပေးတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်။ 🙂
TTNU
June 6, 2012 at 7:03 pm
မမရေ…
တီချာကျောင်းပြီးတော့ အိမ်မှာ(၆)လလောက်ပဲနေရပြီး မန ္တလေးမှာ
Posting ကျတယ်။ တီချာပြောနေကျအတိုင်း ” I’ll save the world.”လိုလို ပေါ့။
ဒါပေမဲ့ တိုးတိုးရော ကျယ်ကျယ်ရော ဆိုမိတာကတော့ ” အမေ့အိမ်ကိုပဲ..
ချစ်သမီးလွမ်းပါတယ်” … ဆိုတဲ့သီချင်းပါ။
MaMa
June 6, 2012 at 9:20 pm
တီချာရေ-
အကြိုက်ချင်းတော့ တူနေပြီ။
ကျမကတော့ `အကိုတွေ အမတွေရဲ့အလယ် အမေက ကျမကိုပိုကာ အထွေးဆုံးမို့ချစ်တယ်´ ဆိုတဲ့ အပိုဒ်လေးကို အကြိုက်ဆုံးပဲ။ 🙂
ရဲစည်
June 6, 2012 at 7:21 pm
ဪ မိဝေး ဖဝေး…..
၁၆နှစ် ရှိလေပီ တစ်နှစ်ကို တစ်ခါလောက်တော့ အိမ်ပြန်ရောက်ရဲ့ ဒီလိုဘဲ ကြုံရာ ကျပန်း လုပ်ကိုင်စားသောက်ရင်း ခြေသလုံး အိမ်တိုင်ဖြစ်နေပါပီ….။
တလောကတော့ အိပ်ခါနီး အတွေးဝင်လာသည် အခုချိန် ငါ…ဂစ် ခနဲ သေသွားရင် ဘယ်လိုလုပ်မတုန်းပေါ့။အခန်းကလည်း အထပ်မြင့် လုံလည်း လုံတော့ ပုပ်လောက်မှ သိမယ်ထင်။ ဒါမမဟုတ်လည်း နောက်နေ့ အလုပ်မလာရင် သတိထား မိကြမယ် ဖုန်းတော့ ဆက်ကြလိမ့်မည် ထင်သည်။ မကိုင်လို့ ချက်ချင်းတော့ လိုက်လာကြမည် မထင်။ နောက်ရက်အထိ မလာမှ လိုက်လာကြမည် ထင်သည်။ ဒါနဲ့ဘဲ ဒိုင်ယာရီက ရေးကျင့် မရှိတော့ နုတ်စာအုပ်လေး ရှေ့မျက်နှာမှာ အိမ်လိပ်စာ ပတ်စပို့ နံပါတ် ဘဏ်အကောင့် လိုင်စင်နံပါတ်တွေ ချရေးမိတယ် ဘာရယ်မဟုတ် ရေးပီး ပြုံးမိသေးသည်။
သေရင်ပီးသွားတာ မှန်ပင်မဲ့ ဘာတွေကို စိုးရိမ်နေမိမှန်း တွေးရင်း ကိုယ့်ကိုကို ရယ်ချင်စရာ ကောင်းနေမိသည်။
အဲဒါနဲ့ပဲ လကုန်တော့ အရင်လို လစာကို အကောင့်ထဲ မထည့်တော့ဘဲ အိမ်မှာလှူဖို့ အကုန်ပေးလိုက်သည်။
တကယ်လို့များ………ဘာဖြစ်ဖြစ် စိတ်အေးသွားပါသည်။
MaMa
June 6, 2012 at 9:21 pm
သာဓု သာဓု သာဓု ပါ
ကိုရဲစိ။
သုံးကြိမ်ပြည့်အောင် ခေါ်လိုက်ပါသည်။ 🙂
မိုက်ကယ်ဂျော်နီအောင်ပု
June 6, 2012 at 8:25 pm
မိဝေးဖဝေး
ငါအမေ
ငါအမေ
ငါအဘိုး
ငါအဖွား
ငါဦးလေး
ငါအဒေါ်
ငါအစ်ကိုကြီး
ငါအစ်မကြီး
ငါညီလေး
ငါညီမလေး
ငါလုပ် ငါစား
ငါရှာ ငါသုံး
ငါဖြုံး ငါမွဲ
ငါနား ငါငတ်
ငါဖျား ငါကု
ကြက်ဖင် ( အကယ်ဒမီ ) ( ကျား )
June 6, 2012 at 8:29 pm
နင်သေရင် ငါတို့ ဖဲဝိုင်းထောင်မယ်
MaMa
June 6, 2012 at 9:25 pm
အဆုံးထိလည်း တွေးမထားပါနဲ့ ကြင်ဖက်ရေ။
မိတ်ဆွေကောင်းရဲ့ အခန်းကဏ္ဍကလည်း အရေးပါပါတယ်။
နာမကျန်းချိန်လေးလည်း အားကိုးပါရစေဦး။ 😀
စိန်ဗိုက်ကလေး
June 7, 2012 at 10:16 am
မာမီပုကို သဂျီးတူ စိန်ပေပေနဲ ့ အိမ်ယာချပေးမှ ဖြစ်တော့မယ်
ကြောင်ကြီး
June 7, 2012 at 10:13 am
မိုက်ကယ်ပုဂ လပြိုဂျီးဆိုတော့ သူ့မသာဖဲဝိုင်း အကောက် ဘယ်သူ့ဂို ပေးရမတုန်း… ဖရီးရှိုးဆိုရင် ဝိုင်းထဲပိုက်ဆံပိုများလို့ လူပိုစည်တာပေါ့ဗျာ..။ အောင်ပုရေ အဲဒါ နင့်ဘဝမှာ ရှားရှားပါးပါး ပြုရတဲ့ အလှူပဲ…။ ဝမ်းမနည်းနဲ့ သာဓုသုံးကြိမ်ခေါ်..။
MaMa
June 6, 2012 at 9:22 pm
ကိုယ့်အား ကိုယ်ကိုးးးးးး
ကိုယ်ထူ ကိုယ်ထ
ဘကြီးပု စိတ်တိုင်းကျ။ 😀
မဟာရာဇာ အံစာတုံး
June 6, 2012 at 9:53 pm
အန်တီ မမရေ …
ကျနော်လည်း မိဝေးဖဝေး တစ်ယောက်ပါပဲ …
ဟိုး .. လေးတန်းလောက် ကတည်းကပေါ့ဗျာ …
အရင်တုန်းက အန်တီ လက်အောက်မှာ ကြီးပြင်းခဲ့ရတော့
သက်သာတယ်လို့ ပြောရမလားပဲ …
ဒါပေမယ့်လို့ နောက်ပိုင်းမှာတော့ ကိုယ်ထူကိုယ်ထ စနစ်နဲ့ပဲ နှစ်ပါးသွားခဲ့ရပါတယ် …
အဲဒီအခါမှာ ကိုယ့်ကိုယ်ကို မနည်း ထိန်းသိမ်းခဲ့ရတယ်ခင်ဗျာ ..
ခုထိလည်း ထိန်းသိမ်းတုန်းပါပဲ .. (ကိုယ့်ကိုယ်ကို မနိုင်သေးဘူး)
ကြိုးစားဆဲပေါ့ဗျာ …
အန်တီမမ ပေးတဲ့ အားဆေးကို သောက်သွားပါတယ်..
ကျေးကျေး …
MaMa
June 7, 2012 at 9:59 am
ကိုယ့်ကိုယ်ကို ထိန်သိမ်းရမယ်ဆိုတဲ့ အသိစိတ်ဓာတ် ရှိတဲ့လူဟာ
လမ်းမှားခြင်း၊ ပျက်စီးခြင်း၊ လေလွင့်ခြင်းဆိုတဲ့ ဘူတာတွေကို ဘယ်တော့မှ မဆိုက်တော့ဘူး။
အားဆေးသောက်၍ အားတိုးပြီး ဘဝမှာ အောင်မြင်တိုးတက်နိုင်ပါစေ။ 🙂
surmi
June 6, 2012 at 11:51 pm
ဒီပို.စ်ကို တွေ.နေတာကြာပြီ ။ ဘယ်တော.များတင်မလဲလို. ။
ကျွန်တော်လဲဝေးခဲ.တာကြာပြီ …. သွားလိုက်ရတဲ.ခရီး ။
ဘယ်တော.များမှနားရမလဲလို. တွေးမိပါရဲ.
ကိုယ်က အသက်အရွယ် တဖြည်းဖြည်းနဲ.ရလာပြီး သားသမီးတွေရှိလာတော.
မိဝေးဖဝေး နေခဲ.ရတာတွေရယ် ….မိအိုဖအိုတွေရဲ. ခံစားမှုတွေကို ပိုသဘောပေါက်လာတယ် ။
စိုးရိမ်မိတာတစ်ခုကတော. ကိုယ်.သားသမီးတွေများ ကိုယ်.လို ဒုက္ခခံနိုင်ပါ.မလားလို.လေ ။
ဘာပဲဖြစ်ဖြစ် အိမ်က ကလေးတွေကိုတော.ပြောပြရဦးမယ် …..။
MaMa
June 7, 2012 at 10:11 am
ကျမရဲ့ မပြီးသေးသော ပန်းချီကားကို မြင်ထားသေးတယ်ပေ့ါ။ 😛
နောက်ထပ်ရေးဖို့ စိတ်ကူးရှိတာတွေတောင်မှ Draft ထဲမှာ ပစ်ထားရမှာစိုးလို့
ပိုစ့်အသစ် မရေးဖြစ်ပဲ ကျဲသွားပါတယ်။
(သဂျီးအတွက်လည်း တာဝန်လေးမယ် ထင်လို့ပါ။)
ခေတ်တွေ ပြောင်းလဲလာတာနဲ့အမျှ ကမာ္ဘကြီးဟာ ရွာကြီးတစ်ရွာ ဖြစ်လာတဲ့အခါမှာ
မိဝေး ဖဝေးတွေရဲ့ ပမာဏဟာ များသထက် များလာပါတယ်။
ထိန်းသိမ်းပဲ့ပြင်ပေးမယ့်လူ အနီးကပ်မရှိတဲ့ အခြေအနေမှာ
ကြုံတွေ့ရသမျှကိစ္စတွေကို ကိုယ်ထူကိုယ်ထ၊ ကိုယ့်အားကိုယ်ကိုး ဖြေရှင်းနိုင်ကြ/တတ်ကြပြီး ဘဝရေစီးကြောင်းမှာ ရေပေါ်နိုင်သူတွေ ဖြစ်ကြစေချင်ပါတယ်။ 🙂