ဂေဇက်ခွန်အား-အတွေးများ (GSS-1)

thit minDecember 14, 20119min75869

ဤပို့စ်သည် စင်စစ်အားဖြင့်

ပို့စ်ပါစာသားများတင်မက ကော်မန့်များကိုပါ သေချာစွာ

ဖတ်ရှူ့ဝေဖန် ဆွေးနွေးစေလိုကြောင်း မေတ္တာဖြင့် ပြောကြားလိုပါသည်။

ကျနော် စိတ်ကူးယဉ်ဖူးပါတယ်။

မန်းဂေဇက်ကို ဆီမီနာ ခန်းမ တခုလို၊ ကွန်ဖရင့်-ညီလာခံ ခန်းမတခုလိုပါ။

ကျနော်မှမဟုတ်ပါဘူး။

ဘယ်သူမဆို ဦးဆောင်ဆွေးနွေးလို့ရပါတယ်။ဆိုလိုတာက တော့ပစ်တခုအပေါ်မှာ

သဘောတူတာ၊ ညင်းတာ၊အဟောင်းထဲက ကောင်းတာတွေကို အတည်ပြုတာ၊

အသစ်ထဲကကောင်းတာတွေ ကိုဆက်လက်ဆွေးနွေးအတည်ပြုနိုင်တဲ့အထိသွားတာ၊

အကြံဉာဏ်သစ်တွေ ဖော်ထုတ်တာ၊လက်တွေ့ လုပ်နိုင်တာလေးတွေကို

သတ်မှတ်ဖော်ထုတ်ကြည့်တာမျိုးတွေ လုပ်ချင်ခဲ့တာပါ။

တနည်းပြောရရင် မရှိသေးတဲ့”Awareness” ကိုကျနော်ကိုယ်တိုင်အပါအဝင်အားလုံးကို “ရရှိလာ”စေချင်လို့ပါ။

တယောက်သိတဲ့အသိအမြင် အတွေးကောင်းတွေကို နောက်တယောက်နဲ့ ပေါင်းခြင်းအားဖြင့်ပိုမိုကောင်းမွန်

သော အတွေးသစ်တွေရလာမှာမို့ကောင်းသာအတွေးသစ် သို့ ဆိုပြီး “ဂေဇက်ခွန်အား-အတွေးများ” ဆီမီနာ

ကို စ လုပ်ကြည့်ချင်ပါတယ်။

GSS= Gazette Special Seminar မှာ

မည်သူမဆိုပါဝင်၍ နွေးထွေးစွာ ဆွေးနွေးပေးကြပါ။ ကော်မန့်ဖြစ်စေ၊ပို့စ်ဖြစ်စေ

တင်ပြီး ဆွေးနွေးနိုင်ပါတယ်။

အားလုံးကို ဖိတ်ခေါ်ပါတယ်။ ကျနော်တို့အားလုံးချစ်သော မိခင် မြန်မာပြည်အတွက်ပါ။

သည်တပါတ်ကိုတော့ ကျနော့ရဲ့

ဤသုံးမျိုး (၃) …{တာဝန်ကိုယ်စီလဲရှိ အချိန်လဲတန်ပါပြီ}

က ကော်မန့်များကိုပြန်လည်းဆွေးနွေးမှုများနဲ့ စ ပါမယ်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

အမတ်မင်းရေ..

ကိုယ့်တို့လို နိုင်ငံမျိုးလေးတွေအတွက် 1.အုပ်ချုပ်သူကောင်း၊2. ဥပဒေကောင်း၊3.တရားစီရင်ရေးကောင်း

လိုကိုလိုတာပါ။ ကိုယ့်အသိတရားနဲ့ ထိန်းသိမ်းနိုင်တဲ့အဆင့်ကိုရောက်ရင် ဖွံ့ဖြိုးသွားပြီလို့ပြောနိုင်ပါတယ်။

ခုကြည့်လေ တို့နိုင်ငံမှာအမှိုက်ပွနေလဲ ထုံးစံလို့မြင်နေသေးတာ၊ တန်းစီပြီးစောင့်ရကောင်းမှန်းမသိတာ၊

မှန်မှန်ကန်ကန်ရိုးရိုးသားသား ဈေးရောင်းတာမျိုးနဲ့ ပွဲစားလုပ်တာမျိုးတွေမရှိသေးတာတွေဟာ အဲဒီအပေါ်က

သုံးခုနဲ့ ထိန်းညှိရမဲ့ဟာတွေပေါ့ညီလေးရေ။

~~~~~~~~~~~~~~~~~~~~~~~~~~

ကိုထူးဆန်းရေ…………

ကျနော်လဲမြင်ဖူးတယ်ခင်ဗျ။

ပြီးတော့ အဲဒီလို Hidden Issue အကြောင်းအရာမျိုးတွေကမြန်မာပြည်က သီချင်းတွေ၊ကဗျာတွေ၊ရုပ်ရှင်နဲ့ဇာတ်လမ်းတွေ

မှာများစွာရှိပါတယ်။ ချိုတူးဇော်ရဲ့ကားလေးတွေမှာ တွေ့ဘူးပါတယ်။

~~~~~~~~~~~~~~~~~~~~~~~~~~~

ကိုကြောင်လတ်…..

ဟုတ်ကဲ့ပါ။ ကျနော်တို့ချစ်လို့ပြောကြတာပါ၊ လုပ်ပေးနိုင်ခဲ့ရင် လွန်စွာဝမ်းမြောက်ကြရမှာပါဗျာ။

~~~~~~~~~~~~~~~~~~~~~~~~~~~~

မမရေ…..

ပွင့်လင်းမြင်သာမှုဆိုတာ အိမ်သူအိမ်သားချင်းမှာတောင် လွန်စွာအရေးကြီးပါတယ်။သူငယ်ချင်းအချင်းချင်းလဲ

လိုတာမျိုးပါ။ နိုင်ငံအဆင့် ဆိုတာကတော့ အရမ်းကိုလိုတာပေါ့ခင်ဗျာ။

၁-ဒီဂရီ ဘဲ အကောင်းဘက်ကိုတိမ်းပါစေ။ ကျနော်ကတော့ကြိုဆိုပါတယ်။ ဘာလို့လဲဆိုတော့ လုပ်ရင်းရလာတဲ့

Response(ရီစပွန့်)ပေါ်မှာ လူဟာ သာယာတတ်တော့ တိုးတက်လာမယ်ဆိုတာ သေခြာပါတယ်။

(လက်မ အတွက် သင့်ခရုပါ)

~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ကိုသန်းလွင်ဦးရေ………..

ဒီထက်ပိုတဲ့ အတွေးအမြင်တွေ ပိုမိုဆွေးနွေးနိုင်လိမ့်မယ်လို့ ဆရာကိုမျှော်လင့်မိပါတယ်။

အကြံကောင်းဉာဏ်ကောင်းလေးတွေ မ စ ပါအုန်းဆရာရေ။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ညီမောင်ပေရေ…

ဘာဘဲဖြစ်ဖြစ် ညီလဲ ဝေဖန်အကြံပြုတာလေးတွေ လုပ်ပေးပါအုန်းနော်။

အားလုံးရဲ့ ဝိုင်းစဉ်းစားတဲ့ ဟာမျိုးကိုလိုချင်လို့ပါညီရေ့။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ကိုဘလက်ရေ…….

ရယ်စရာ မကောင်းပါဘူးဗျာ။

လေးလေးနက်နက် ဝင်ရောက်ဆွေးနွေးပေးလို့ ကျေးဇူးတောင်တင်ပါရဲ့။

ကျနော်တင်ပြထားတာလေးတွေကို ကိုဘလက်တို့အမြင်နဲ့ ခုလိုပြန်ပြောပြတာက အရမ်း

အရေးကြီးတဲ့ အရာတွေပါ။ ကျနော် အားလုံးပါဝင်သော ဆွေးနွေးပွဲမျိုးကိုလိုချင်တာမို့ဝမ်းသာကြိုဆိုပါတယ်ခင်ဗျ။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ကိုမင်းပြည့်ရှိန်ရေ……

မှန်ပါတယ်ဗျာ။

စည်းလုံးညီညွတ်မှုဆိုတာ မိသားစုအတွင်းမှာတောင် မရှိတဲ့ အေနေအထားကို ကျနော်ကိုယ်တိုင်လဲလက်တွေ့

ကြုံခဲ့ရသူပါ။စိတ်ပျက်စရာအလွန်ကောင်းလှပါတယ်။

ကိုယ်အားကိုယ်မကိုးဘဲ အချောင်လိုချင်တဲ့စိတ်နဲ့ အပျော်အပါးမက်တဲ့ စိတ်ကသာ များနေတဲ့ ကျနော်တို့

လူမျိုးတွေရဲ့ စဦးဆုံးလုပ်ရမှာက အဲဒီစိတ်ဓာတ်တွေပြင်ရပါ့မယ်။

ပြီးတော့ ဒုတိယပိုင်းမှာ မန်းထားတဲ့ “အတွေးအခေါ် သောက်သုံးမကျမှု” ဆိုတာလဲ အဲဒါပါဘဲ။

တခု ခု ကို ဆုတောင်းကိုးကွယ်ရင် ခုချက်ချင်းဘဲ ငွေအပုံလိုက် ရမလို ထင်နေတတ်ကြပါတယ်။

ကားစီးနိုင်အောင် ဆုတောင်းပါတယ်။။ကားဝယ်နိုင်ဖို့တော့ မကြိုးစားကြပါဘူး။

ပြီးတော့ ဟိုလူမကောင်းတာ၊စံနစ်မကောင်းတာ အဆုံးကျ ကံမ ကောင်းတာတဲ့။

လောကမှာ 100% အဆင်ပြေနေသူဆိုတာ ရှိမယ်တောင်မထင်ပါဘူး။

တနာရီ ပျံသန်းချိန်မှာ ဒေါ်လာ ၅သိန်း ကုန်တဲ့ အဲဖို့စ်ဝမ်း လေယဉ်ပေါ်က အိုဘားမားမှာလည်း အပူနဲ့ပါ။

ကိုယ်လုပ်ရမဲ့ “တာဝန်” သိစိတ် =Responsibility ပေါ့လေ။ ရှိမလာသေးသ၍ ခက်မြဲ ခက်နေမှာမို့ ကျနော်

ရသလောက် “ကြယ်ငါး ၁ ကောင် လောက်” ပင်လယ်ထဲပြန်ပစ်ပေးနေမိတာပါ။

လူ့စိတ်ကို ပြောင်းလဲ နိုင်ဖို့အတွက် ဆိုတာခက်ခဲတယ်ဟုတ်လားဗျာ။

ရသလောက်တော့ ကြိုးစားကြည့်ချင်ပါတယ်။

တိုးတက်စေချင်လွန်းလို့ပါ။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ဆရာမဒေါ်ခင်လတ်ခင်ဗျား……

လေးစားစွာအကြောင်းပြန်အပ်ပါတယ်။

ခေါင်းဆောင်ဆိုတာဘယ်သူမဆိုပါဖက်မဖြစ်တာကတော့ သေချာပါတယ် ဒါ့ကြောင့် ကျနော် တင်ပြထားတဲ့

(၁)ပွင့်လင်းမြင်သာမှုရှိရခြင်း

(၂)ထောက်ပြပြောဆိုနိုင်ခွင့် ၊စောင့်ကြပ်ကြည့်ရှုထိန်းကွပ်နိုင်ရခြင်း

(၃) ဗဟိုထိန်းချုပ်မှု လျှော့ချခြင်း

ဆိုတဲ့အချက် ၃ ချက် ဟာ ခေါင်းဆောင်ဆိုတဲ့ သူ တွေကို ထိန်းညှိပေးဘို့ပါ၊။

ကျနော်တို့ရဲ့ ဝါဒစွဲ၊အသင်းစွဲ၊လူမျိုးစွဲတွေ ကိုဆရာ့ဆရာကြီးများစွာကလည်းထောက်ပြ ပြောဆိုခဲ့ကြပါပြီ။

ဟိုတလောကဆရာကြီး မောင်သာရဆောင်းပါးမှာတောင်တွေ့မိတယ်ထင်ပါရဲ့။

အဲဒီဟာတွေအတွက် ကျနော်က အခြေခံသုံးချက်ဆိုပြီး “အင်အား+ အသိတရား+ဦးတည်ချက်”လို့

ပေးဘူးပါတယ်။

အဓိကလိုအပ်ချက်က “ဘာလုပ်သင့်တယ်ဆိုတာသိရမဲ့ -Awareness = အသိတရားရှိခြင်းပါ။

ကျနော်တို့ရဲ့ ဂေဇက် ဆီမီနာ မှာဆရာမလို လူမျိုးတွေပါဝင်ဆွေးနွေးတာဝမ်းသာကျေးဇူးပါ။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

လေးစားရပါသောဆရာမောင်မိုးညိုခင်ဗျား…..

လွန်စွာဝမ်းမြောက်ကျေးဇူးတင်ပါတယ်။

ဆရာရဲ့ ထောက်ပြပြောဆိုမှုထဲက ကျနော် လိုချင်တာလေးကိုကူညီပေးနိုင်မယ်ဆိုရင်တောင်းဆိုပါရစေ။

“စစ်ပွဲအပြီးမှာ အဲ့ဒီကာကွယ်ရေးကုန်ထုတ်လုပ်မှု စစ်ရုံကြီးတွေ ဟာ technology(သို့) အခြားproduction line

ကိုconvert လုပ်နိုင်တဲ့ စက်ရုံတွေအဖြစ်အသွင်ပြောင်းသွားကြပါတယ်။ “ဆိုတာအထဲကပါဆရာ။

ကျနော် သိရသလောက် အမေရိကန်နိုင်ငံရဲ့ စတားဝါးစီမံကိန်းကြောင့် ထောင်ခဲ့ရတဲ့ လက်နက်စက်ရုံများဟာ

(အများစုကတော့) အသွင်မပြောင်းနိုင်ကြဘူးဆိုတာကိုပါ။ဝန်ထမ်းတွေကိုလည်း

ဒီအတိုင်းဆက်လက်ထားရှိရပြီး၊လည်ပါတ်နေရလို့စရိတ်တွေထောင်းနေတယ်လို့ကျနော် သိထားတာပါ။

အဲဒါကြောင့် အမေရိကန်ရဲ့ စစ်အသုံးစရိတ်၊ကာကွယ်ရေးအသုံးစရိတ်တွေကကြီးမြင့်လှပြီး စီးပွါးရေးဝန်ထုတ်

တခုလိုဖြစ်နေတယ်လို့မှတ်သားဖူးတာပါ။

ဆရာမှာ တိကျသော ဒေတာ ဆို့စ်များ ရှိခဲ့ရင် ချီးမြင့်ပေးပါဆရာ။

ကျနော် {Devil-(War) to God-(Well-being)} ဒီ-ဒဗလျှူ တူ ဂျီ-ဒဗလျှူ ဆိုပြီး စာတပုဒ်ရေးနေပါတယ်။

ဆရာပြောကြားချက်ဟာ ဖွံ့ဖြိုးမှုဘာသာရပ်အတွက်တော့များစွာအထောက်အကူဖြစ်ပါတယ်။

ခုလက်ရှိကတော့ ကုန်သွယ်ရေးစစ်ပွဲတွေပါ။ ပိုမိုပြင်းထန်လှပါတယ်။ကုန်ဝယ်ကျွန်ဖြစ်တာမျိုးတွေ၊

ကုန်ရောင်းကျွန်ဖြစ်ရတာမျိုးတွေ၊က ကိုလိုနီခေတ်ထက်ကိုဆိုးဝါးလှပါတယ်။ သူ့နိုင်ငံတောင်သွား

စရာမလိုဘဲ ကျနော်တို့နိုင်ငံကလူငယ်အဖိုးတန်လေးတွေ စင်ကာပူမှာမလေးမှာ ကျွန်ခံသလိုလုပ်နေ

ကြရတာ ရင်နာစရာကောင်းလှပါတယ်။အဲဒါတွေနဲ့ ပါတ်သတ်ပြီးတော့

ဆရာပြောတဲ့ “ကဏ္ဍစုံကပညာရှင်တွေ ရင်ကြားစေ့တဲ့ဆွေးနွေးပွဲတွေ ” ဆိုတာကျနော့ ရည်မှန်းချက်ပါ။

ကျနော် ဂေဇက် ဆီမီနာ ကိုစိတ်ကူးယဉ်နေသူပါ။

အားလုံးဝိုင်းဆွေးနွေးအဖြေရှာကြည့်ချင်ပါတယ်။ ကျနော်တို့ရှိတဲ့ အင်အားနဲ့ပေါ့ဆရာရယ်။

~~~~~~~~~~~~~~~~~~~~~~~~

ကိုကြောင်ရေ……..

ဟုတ်ပါတယ်။

” Attitude =သဘောထားမှန်” ရှိမှ” အသိတရား= Awareness” ရှိမှာပါ။ လက်ရှိမရှိသေးဘူးဆိုတာမှန်ပါတယ်။

ရှိအောင်ဘယ်လိုလုပ်မလဲဆိုတာ ကျနော်တို့ကို “စိန်ခေါ်နေတဲ့ စိန်ခေါ်မှုပါ” တနည်း အားဖြင့် “အခက်အခဲ”ပေါ့

ခင်ဗျာ။ အခက်အခဲ ဆိုတာတကယ်တော့ အခွင့်အရေးက မျက်နှာဖုံးစွတ်လာတာ(Blessing in disguise)

မျိုးမို့   အဲဒီအခက်အခဲ သို့မဟုတ်စိန်ခေါ်မှုရဲ့ အဖြေကိုထုတ်ပေးကြရမှာက ကျနော်တို့အားလုံးရဲ့ တာဝန်ပါဘဲ၊

နိုင်ငံသားတိုင်းမှာရှိသောတာဝန်ပါဘဲ။

ဆိုတော့ဗျာ။ လောလောဆယ်ကျနော် မြင်ထားတာကတော့ငြိမ်းချမ်းစွာ အတူလက်တွဲရေးပါ။

မဖြစ်နိုင်ဘူးလို့တော့ ကျနော် မြင်ကိုမမြင်ပါဘူး။

အရင်ကပိုပေါ့လိုကောင်မျိုးတွေ၊ကဒါဖီလိုကောင်မျိုးတွေတောင် နေဝင်ပါတယ်။

ကွန်မြူနစ်မှကွန်မြူနစ်ခဲ့တဲ့ ဥက္ကဌကြီး “မော်” =မော်စီတုန်း တောင် “ချမ်းသာတာကောင်းတယ်”လို့

နောက်ဆုံးမှတ်ချက်ချရတာပါ။ဒါ့ကြောင့် ၁၉၇၈-၁၉၇၉ နှစ်တွေမှာဆရာတိန့် ကပြင်ခဲ့တာပေါ့။

ကျနော်လုပ်ထားတဲ့ သုတေသနအချို့အရတော့ 100% မပြောင်းဘဲနဲ့ ကိုတိုးတက်ပါတယ်။

ပြောင်းနိုင်တဲ့ ဒီဂရီအလိုက်တက်ပါတယ်။ ဥပမာပြရရင် စင်ကာပူမှာ မီဒီယာလွတ်လပ်ခွင့်ဟာအခက်အခဲရှိ-အနေ

အထားပါတဲ့။ တခြားဖွံ့ဖြိုးနေတဲ့ နိုင်ငံများမှာလည်း ပါတ်တလီးဖရီး=အစိတ်အပိုင်းလိုက်ပဲ လွတ်လပ်ကြတာမို့

ရတဲ့ နေရာလေးကနေ လုပ်နိုင်ရင် “ဖြစ်”တယ်လို့ကျနော် စဉ်းစားနေတာပါ။ နည်းနည်းခြင်းတော့ တိုးယူဘို့

လိုတာပေါ့ဗျာ။

Measured indicators for Freedom-factors

Country 1(Total) Freedom
house (2011)
2Economic
freedom (2011)
3Press
freedom(2010)
4Democracy Index (2010)
Cambodia 1 not free 4 mostly not free 3 noticeable problems 4 hybrid regime
Indonesia 4 mostly not free 3 noticeable problems 2 flawed democracy
Lao PDR 1 not free 4 mostly not free 1 very serious situation 1 authoritarian
Malaysia 3 partly free 3 moderately free 4 difficult situation 2 flawed democracy
Myanmar 1 not free 1 repressed 1 very serious situation 1 authoritarian
Philippines 3 partly free 4 mostly not free 4 difficult situation 2 flawed democracy
Singapore 3 partly free 1 free 4 difficult situation 4 hybrid regime
Thailand 3 partly free 3 moderately free 4 difficult situation 2 flawed democracy
Vietnam 1 not free 4 mostly not free 1 very serious situation 1 authoritarian

Sources: 1Freedom House (http://www.freedomhouse.org), 2Waldman, Katy. ‘Let X Units of Freedom Ring: How do you quantify a country’s liberty?(‘http://www.slate.com/id/2291847), 3Press freedom index, Reporters without Borders(http://en.rsf.org/press-freedom-index-2010),4Democracyindex 2010, Democracy in retreat, A report from the Economist Intelligence Unit 2010 Retrieved August23,2011

သူများတွေအတွက်တော့ မပြောတတ်ဘူးဗျာ။

အဲဒီ ဇယားလေး ဟာ ကျနော့အတွက်တော့ ကျနော်တို့နိုင်ငံရဲ့ မျှော်လင့်ချက် ရောင်ခြည်လေးပါဘဲ။

အကြမ်းဖျဉ်းပေါ့ဗျာ။

တိုးတက်နေပါတယ်ဆိုတဲ့ နိုင်ငံတွေတောင် Partly-အဲဒီလိုဆိုတော့ ကျနော်တို့”ဖြစ်”နိုင်တယ်ဗျာ။

လက်ရှိ အစိုးရခေါင်းဆောင်များကလည်း 100%ကြီးတော့ ပေးအုန်းမှာမဟုတ်တော့ ဒီ အဆင်လေးနဲ့ သွား

ရင်တောင် သူတို့နီးနီး ကျနော်တို့နိုင်ငံဖြစ်နိုင်တယ်ပေါ့ဗျာ။အဲဒီလိုမျိုး။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ကိုဘကြီးရေ………

သိပ်ကိုကောင်းပါတယ်။ သူတို့ရဲ့ ပြန်လည်းဆွေးနွေးချက်များထဲက ထူးခြားတာရှိခဲ့ရင်ပြန်လည်ပြော

ပြပေးပါအုန်းခင်ဗျာ။

~~~~~~~~~~~~~~~~~~~~~~

ကိုလင်းဝေကျော်နဲ့ ကိုပါလေရာကြီးတို့ရေ…….

ဟုတ်ကဲ့ ကျနော်မှာ (ဆရာဒေါက်တာမောင်မြင့်၊ဆရာမဒေါက်တာဒေါ်ခင်စန်းရီတို့အမှူထမ်းခဲ့ကြတဲ့)

အက်စ်ကတ်-Economic and Social Commission for Asia and the Pacific (ESCAP) အဖွဲ့အစည်းက

Good Governance “စံ”  ကိုရှင်းထားတဲ့ စာတမ်း တစောင်ရှိပါတယ်။ ကျနော် ကလည်း ကိုက်ညှိကြည့်ပြီး

ဖိလစ်ပင်း ကေ့စ်ကိုပြန်ရေးထားတာရှိပါတယ်။ နဲနဲရှည်လို့ ဒီမှာမထဲ့လိုက်နိုင်တာခွင့်လွှတ်ပါအုန်းနော။

သေသေချာချာကိုရေးမှာပါ။စောင့်မျှော်ဖတ်ရှူ့ပေးပါခင်ဗျာ။

~~~~~~~~~~~~~~~~~~~~~~~

အန်ကယ်ကြီးရေ……….

သမိုင်းနဲ့ချီသော အကြောင်းတရားတွေရှိခဲ့တာပါ။

ကူမင်တန်တရုတ်ဖြူကို မွေးထုတ်ပေးခဲ့သော၊ဘိန်းဘုရင်များစွာရဲ့အရင်းအမြစ်ဖြစ်သော၊ အရေးကြုံရင်ကြုံသလို

အခွင့်အရေးယူ အနိုင်ကျင့်တတ်သော၊ “သူ” တို့ကိုအမှန်အတိုင်းပြောပြတာပါ။ ဒီကနေ့ စကောင်းတာနဲ့

ကောင်းတယ် လို့ကျနော်ပြောဘို့ ဝန်မလေးပါခင်ဗျာ။

အဲ တခုတော့ပြောနိုင်ပါတယ်။ တိုင်းပြည်အကျိုးစီးပွါးထက်ကိုယ့်အကျိုးစီးပွါးကိုရှေ့တန်းတင်ခဲ့ကြသူများရှိလို့

“သူ”တို့လုပ်ခွင့်ရတယ်ဆိုတာမျိုးပေါ့။ သူ ကမြန်မာပြည်ကိုကာကွယ်တာကတော့

ဟိုတုန်းကဆိုရှယ်လစ်လက်ကျန်တွေကိုကာကွယ်တဲ့ ဆိုဗီယက်ယူနီယံနဲ့ ကျူးဘားလိုပါဘဲ။

ဟိုတုန်းကတကယ်ဖြစ်ခဲ့တဲ့ အဖြစ်လေးရှိခဲ့တာပါ။ဖီဒယ်ကက်စထရို ရဲ့ ကျူးဘားအစိုးရ မလဲပြိုအောင်

ကျူးဘားထွက်”ကော်ဖီ” များကို ဆိုဗီယက်က ၃ ဆ ဈေးပေးပြီး ဝယ်ပေးပါသတဲ့။ရပ်တည်မှုခိုင်မာမှ

သူ့ဝါဒတူလူရှိအောင်ပေါ့။

အဲဒီလိုဈေးကြီးပေးဝယ်တဲ့သတင်းကို အမေရိကန်လူလည် ၂ ယောက်ကသိပြီး သင်းဘောတစီးငှါး

ဘာကော်ဖီမှမပါဘဲ ဆိုဗီယက်တို့ကိုလိမ်ရောင်းတဲ့ ဇာတ်လမ်းတပုဒ်တောင် တကယ်ရှိခဲ့ပါတယ်။

ပြောရရင်”စင်ဝါး(-ism war)=ဝါဒစစ်ပွဲ ” ရဲ့ အရိပ်တွေပါ။ ကျနော် အမြင်ကတော့ တရုတ်ရောအင်ဒီးယားကို

ပါအိမ်နီးချင်းကောင်း ဖြစ်ချင်တာပေါ့ဗျာ။

World Population ၃ ပုံ ၁ ပုံ ရှိတဲ့ သူတို့ ၂ နိုင်ငံရဲ့ ဈေးကွက်ကို သာကျနော်တို့ ရောင်း နိုင်ရင်

အားလုံး Millionaire ဖြစ်ပြီပေါ့ဗျာ။ ကောင်းစေချင်ပါတယ်။လက်တွဲချင်ပါတယ်။ကြိုးစားကြည့်ကြတာပေါ့ဗျာ။

~~~~~~~~~~~~~~~~~~~~~~~~~~~~

ကိုဂျစ်ပစီရေ……….

လိုအပ်တဲ့ လောဘရှိရအုန်းမှာပါ။ဝိသမလောဘ တော့မဖြစ်အောင်ထိန်းဖို့လိုတာပေါ့ခင်ဗျာ။

လောကီ ဆိုတော့ လောဘမောင်းနှင်အားလေးလိုသဗျာ။

~~~~~~~~~~~~~~~~~~~~~~~~~~~~~

ကိုကမ်းကြီးရေ…..

ဝင်ရောက်ဆွေးနွေးပေးပါအုန်း။ ဘာဘဲဖြစ်ဖြစ် ဒီ ဆီမီနာလေးကိုတက်ရောက်လာလို့ဝမ်းသာ

ကျေးဇူးတင်ပါတယ်ညီရေ့။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

Totalitarianism

Authoritarianism

Role conception

Leader as function

Leader as individual

Ends of power

Public

Private

Corruption

Low

High

Official ideology

Yes

No

Limited pluralism

No

Yes

Legitimacy

Yes

No

~~~~~~~~~~~~~~~~~~

အားလုံးကိုကျေးဇူးပါ…

မောင်သစ်မင်း (^^)

69 comments

  • kai

    December 14, 2011 at 12:27 am

    ဤသုံးမျိုး (၁)- thit min = http://myanmargazette.net/82369/business-economy
    ဤသုံးမျိုး (၂)- thit min = http://myanmargazette.net/84347/business-economy
    ဤသုံးမျိုး (၃)- thit min = http://myanmargazette.net/84454/business-economy

    ကိုသစ်စာတွေအားလုံးနဲ့တွဲဖတ်ဆွေးနွေးရင်ကောင်းမှာပါ..။
    လောလောဆယ်တော့.. ဤသုံးမျိုး ၁,၂,၃ကို လင့်ခ်ပေးထားပါတယ်..။ အဲဒါတွေဖတ်ကြစေလိုပါတယ်..။
    .. အကြံပေးအရာရှိများလည်း ဖတ်ပေးကြစေလိုပါတယ်နော..။ 😆
    အဲ.. အဓိကကတော့..ဒီရွာထဲက.. ရွာသူားများမေးကြဆွေးနွေးကြပါပေါ့..။
    တယောက်ချင်းစွမ်းအား.. မယုံဘူးလား..။ အောက်ကကြယ်ငါးပုံပြင်လေး..ဖတ်ကြည့်ပါ..။
    =======

    The Starfish Story

    adapted from The Star Thrower
    by Loren Eiseley (1907 – 1977)

    Once upon a time, there was a wise man who used to go to the ocean to do his writing. He had a habit of walking on the beach before he began his work.

    One day, as he was walking along the shore, he looked down the beach and saw a human figure moving like a dancer. He smiled to himself at the thought of someone who would dance to the day, and so, he walked faster to catch up.

    As he got closer, he noticed that the figure was that of a young man, and that what he was doing was not dancing at all. The young man was reaching down to the shore, picking up small objects, and throwing them into the ocean.

    He came closer still and called out “Good morning! May I ask what it is that you are doing?”

    The young man paused, looked up, and replied “Throwing starfish into the ocean.”

    “I must ask, then, why are you throwing starfish into the ocean?” asked the somewhat startled wise man.

    To this, the young man replied, “The sun is up and the tide is going out. If I don’t throw them in, they’ll die.”

    Upon hearing this, the wise man commented, “But, young man, do you not realize that there are miles and miles of beach and there are starfish all along every mile? You can’t possibly make a difference!”

    At this, the young man bent down, picked up yet another starfish, and threw it into the ocean. As it met the water, he said, “It made a difference for that one.”

  • ကြောင်လတ်

    December 14, 2011 at 10:06 pm

    ဆရာသစ်ရေ ပို့စ် တစ်ခုမှာ comment ရေး၊ တခြားစာလိုက်ဖတ်၊ ဖတ်နေရင်း comment အသစ်တက်လာတာတွေ့ရင် ချက်ချင်းပြန်ဝင်၊ ချက်ချင်းပြန်မန့် ၊ အဲသလိုလုပ်လို့ ရတဲ့ connection အဆင့်ဆိုရင် သိပ်ကောင်းမှာပဲဗျာ။

  • blackchaw

    December 14, 2011 at 10:10 pm

    ကိုသစ်ရေ။
    တလေးတစား ပို့စ်တစ်ခုတင်ပြီး ပြန်ဆွေးနွေးသွားတဲ့ လုပ်ရပ်လေး လှတယ်ဗျာ။
    တချို့ဟာတွေက ကြည့်တတ်မှ မြင်ရ
    အလှဆိုတာ လူတိုင်းအတွက် မဟုတ်ပါဘူးဗျာ။
    ဆက်လျှောက်ပါဗျာ။ ကျွန်တော်တို့ အနောက်က ပါလာတယ်လို့ ထင်ပါတယ်။
    တရွတ်တိုက်ကြီးတော့ မဟုတ်လောက်ပါဘူး နော။

  • weiwei

    December 14, 2011 at 10:20 pm

    ဝင်ရောက်ဆွေးနွေးချင်ပါတယ် … ဒါပေမယ့် ကျွန်မ နားမလည်တဲ့အပိုင်းဖြစ်နေလို့ မဆွေးနွေးနိုင်ပေမယ့် ကိုဘလက်ပြောသလို အနောက်ကနေတော့ ပါလာမှာပါ …

  • ကိုသစ်ရေ
    ပထမဆောင်းပါးတွေမှာ ဖတ်တော့ဖတ်တယ်မမန်းဖြစ်ခဲ့ဘူး။
    ကျနော်လက်တွေ့လုပ်နေရတဲ့မြန်မာပြည်ရဲ့အခြေအနေမှာ သီအိုရီတွေကောင်းပေမယ့်
    အသုံးချလို့ မရတဲ့ “ဆာသော်”လိုဘဝမျိုးမှာရောက်နေတဲ့သူမို့
    ဝင်တော့ပြောချင်တယ် ကိုယ်တိုင်လိုက်မလုပ်နိုင်သေးတဲ့အနေအထားဆိုတော့ ဝင်မမန်းဖြစ်တော့ဘူးဗျာ။

  • thit min

    December 14, 2011 at 11:49 pm

    ကိုကြောင်လတ်ရေ
    ဖတ်ထားပြီးပြောတာလဲ ကောင်းပါတယ်၊လက်တွေ့အမြင်ကို ပိုလိုချင်တာပါ။
    စုထားပြီး နောက်မှပြန်ပြောလည်း ဖြစ်ပါတယ်။ ကျနော့ ပို့စ်တွေ ကျနော်ပြန်ကြည့်နေတာမို့ပြန်ဆွေးနွေးနိုင်မှာပါ။
    ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
    ကိုဘလက်ရေ
    ခင်ဗျား လည်းထူးခြားတာ ရှိရင်ပို့စ်တင်ရေးပါ။ သူကြီးပြောသလိုပေါ့။ အဲဒီလောက်တော့ရေးလို့ရမှာပါဗျ။
    “ဇ” တွေ ပေါင်းကြည့်တာဗျာ။ ခင်ဗျားပြောတဲ့ အင်ဒိုးရ် သာတီဆဲဗင်း အောက်ဒိုးရ်သာတီဆဲဗင်း ရီဇာ့ဗ်
    သာတီဆဲဗင်း ပူးပေါင်းရေး လေဗျာ။
    ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
    မဝေဝေရေ
    ၁ ချက်လေးလောက်တော့ ပြောနိုင်တာရှိမှာပါ။အကြောင်းကြောင်းကြောင့် မပြောဖြစ်ရင်လည်းနားလည်ပါတယ်ဗျာ။
    ကျနော်အားလုံးနဲ့ ပေါင်းပြီး စဉ်းစားတဲ့ မှန်ကန်တဲ့အဖြေ တခု ရချင်လို့ပါ။
    ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
    ဟုတ်တယ် ကိုပေါက် ……….
    အဲဒီဟာပါဘဲ။
    လုပ်နိုင် တာကို ရှာ ဘို့ ရည်ရွယ်နေတာပါ။လုပ်လို့မရဘူး ဆိုပြီး ပစ်ထားတာကြာလှပေါ့။
    အဲဒီစိန်ခေါ်မှုကို ဒီအတိုင်းထားမဲ့အစား ကျော်လွှားကြည့်ကြရအောင်ပါ။နဲနဲ တိုးကြည့်မယ်ဗျာ။နော်ဆရာ။

  • thit min

    December 15, 2011 at 12:51 am

    ဟိုဘက် ကိုမိုးကြိုး ရဲ့ “နှစ်သီးစားသောပုဇွန်စိမ်းများအကြောင်း” ပို့စ်က သယ်လာတာပါ။
    “Oo Oo says:
    လက်ရှိမြန်မာပြည်အစိုးရဝန်ထမ်းလောကရှိ ဝန်ထမ်းကြီးငယ်တွေရဲ့ ကိုယ်ကျင့်တရားနဲ့စာရိတ္တ တွေကိုပြုပြင်နိုင်မှသာမြန်မာပြည်ကြီးဒီမိုနိုင်ငံတော်အဖြစ်ဖွံ့ဖြိုးနိုင်မှာဖြစ်တယ်လို့မြင်မိပါတယ်”

    ~~~~~~~~~~~~~~~~~~~~~(^^)~~~~~~~~~~~~~~~~~~~~~
    ကဲ ……
    “ဘယ်လို ပြုပြင်ပြောင်းလို့ရမလဲ ?????
    (အပေါင်းအသင်းဖြစ်အောင်လုပ်ပြီးဖြစ်ဖြစ်ပေါ့နော် တခုခုနဲ့)
    စည်းရုံးရေး၊ အသိပညာပေးရေး၊ ဘာသာရေး၊…… စဉ်းစားပေးပါ။ ဆွေးနွေးပေးပါ။
    ခင်ဗျားတို့ သူငယ်ချင်းတွေ မိတ်ဆွေတွေဆိုရင်လည်း ပြောပြကူညီပါ။
    တယောက် ပြောင်းသွားရင် ကို မြတ်တယ်ဗျာ။ အဲဒီလိုလက်တွေ့ကျကျစဉ်းစားမယ်။

    ရှက်စရာကောင်းသောနိုင်ငံဖြစ်နေရတာ “ပြုသူမှာရော ခံရသူ” မှာပါအတူတူ အကျိုးသက်ရောက်တာပါ။
    E.g.
    ခင်ဗျားတို့ ကျနော်တို့အားလုံးရဲ့ မြေးမြစ်တွေ ခေတ်မှာ “စာအုပ်နီလေး”
    ကောင်တာပေါ်ပစ်ချပြီး နိုင်ငံတကာလေဆိပ်မှာ ” from Burma/Myanmar ” လို့အော်ပြီးဝင်သွားလို့ရအောင်ပါ။

    • Oo Oo

      December 15, 2011 at 10:26 pm

      ကို thit min ရေ ..
      ကျနော်ကွန်မန့်လေးကို ဂရုပြုပြီး သယ်လာပေးတဲ့အတွက်ရော ဆွေးနွေးပေးတဲ့အတွက်ရော ကျေးဇူးပါ
      ရွာတော်ရှင်တစ်ဦးမိတ်ဆက်ပေးလို့ မန်းဂေဇက်ကိုကျနော်ဖတ်ဖြစ်တာတစ်နှစ်ကျော်လောက်တော့ရှိပါပြီ.မန်းဂေဇက်အပါအဝင်မြန်မာဆိုက်တချို့ကိုညပိုင်းအားတဲ့အချိန်တွေမှာကျနော်အချိန်ရသလောက်
      ဝင်ဖတ်ဖြစ်ပါတယ်…မန်းဂေဇက်မှာကို thit min တို့ကို blackchaw တို့ တင်ခဲ့တဲ့ပို့တွေကိုလဲ
      ဖတ်ဖြစ်ခဲ့ပါတယ်..တချို့အကြောင်းအရာတွေကိုဝင်ရောက်ဆွေးနွေးချင်ခဲ့ပေမယ့်..
      အင်တာနက်သုံးနိုင်ချိန်နဲတဲ့အတွက်အရေးထက်အဖတ်ကိုဦးစားပေးနေရလို့ဝင်ရောက်
      မဆွေးနွေးဖြစ်ခဲ့ပါဘူး
      ကျနော်ကမြန်မာပြည်ဖွါး မြန်မာနိုင်ငံသားတစ်ယောက်အနေနဲ့
      သေချာတာတခုကတော့..ကို thit min တို့လို ကျနော့်စိတ်ထဲမှာလဲ
      မြန်မာပြည်ကြီးကိုဖွံ့ဖြိုးတိုးတက်စေချင်တဲ့ဆန္ဒပြင်းပြင်းထန်ထန်ရှိနေပါတယ်
      နောင်များ အချိန်ရတဲ့အခါအပြုသဘောဝင်ရောက်ဆွေးနွေးချင်ပါတယ်
      ကျေးဇူးပါ

  • kai

    December 15, 2011 at 5:34 am

    ပြည်တွင်းက.. လူတွေတော့.. ထွက်ဖို့လုပ်နေတာရယ်.. ထွက်တာရယ်ဖြစ်ကုန်ပြီ..။
    အသိသညာသင်ယူဖို့အတွက်ပါ…။
    မျက်မြင်အရ.. ယူအက်စ်ကိုလည်း.. တော်တော်လာနေကြပါတယ်..။

    ကြည့်ရတာ..ကြယ်ငါးလေးတွေ.. တတ်နိုင်သလောက် ကောက်ပစ်ပေးနေကြပြီထင်ကြောင်း..။
    =
    Suu Kyi’s party execs to be invited to visit Japan
    Kyodo

    Japan is planning to invite members of the political party led by Myanmar democracy icon Aung San Suu Kyi to visit next year, government officials said Monday.

    The invitation will be extended to Suu Kyi, who was released by the military junta’s last term of house arrest about a year ago, when Foreign Minister Koichiro Gemba meets her in Myanmar, formerly known as Burma, in late December, the officials said.

    Suu Kyi’s National League for Democracy decided to reregister as a political party in November to take part in as-yet unscheduled by-elections.

    By inviting the NLD and members of other political parties after the parliamentary by-elections, which are expected to be held early next year, Japan is hoping to increase momentum for Myanmar’s transition to democratic governance and national reconciliation, one of the officials said.

    It will be the first time that any member of the NLD, formed in 1988, has visited Japan at the invitation of the Japanese government.

    Late last month, Japan and Myanmar launched consultations on new development aid for the Southeast Asian country, which has been showing flickers of progress toward democratization since forming a civilian government in March.

    Gemba has repeatedly said Myanmar’s steps toward reform must be “irreversible,” suggesting that Japan is ready to resume official development aid programs for one of Asia’s most impoverished countries if its transition to democracy progresses.

    Gemba’s five-day trip to Myanmar, Thailand and Cambodia is expected to start on Dec. 25, about a month after U.S. Secretary of State Hillary Clinton made a historic visit there.

    It will be the first time a Japanese foreign minister has visited Myanmar since August 2002.
    http://www.japantimes.co.jp/text/nn20111213a7.html
    =======
    Myanmar activists learn about democracy in Poland
    by AP
    04:13 PM Dec 13, 2011
    WARSAW – Young activists from Myanmar said yesterday that a visit to Poland will allow them to learn from this nation’s experience of a peaceful transition to democracy during the 1990s.

    The eight activists are linked to the National League for Democracy party of Nobel Peace Prize laureate Aung San Suu Kyi who urged them to make their week-long visit. They came at the invitation of Poland’s Foreign Ministry.

    “In this trip we will be able to learn about the foundations of democracy and about the democratic values, and we will take that back to our country and build on it,” one of the activists, Ms Aye Aye Nyein, told reporters.

    She said efforts should be intensified to have Myanmar’s political prisoners released and human rights observed in her country.

    During their stay through Dec 17, this Saturday, the activists will learn about Poland’s 1989 round table talks that allowed for a peaceful transition of power from a communist government to the Solidarity freedom movement.

    They will hold meetings with experts on civic society and on the role of the media under democracy. The activists also will travel to a county near Warsaw to learn about the local government mechanisms and Poland’s education system, which has undergone a broad transformation since 1989.

    The visit was made possible by reforms undertaken by the nominally civilian government in Myanmar since it took power from a military junta earlier this year.

    More such visits are planned.
    http://www.todayonline.com/World/EDC111213-0000117/Myanmar-activists-learn-about-democracy-in-Poland

  • ကြောင်လတ်

    December 15, 2011 at 6:52 am

    “လက်ရှိမြန်မာပြည်အစိုးရဝန်ထမ်းလောကရှိ ဝန်ထမ်းကြီးငယ်တွေရဲ့ ကိုယ်ကျင့်တရားနဲ့စာရိတ္တ တွေကိုပြုပြင်နိုင်မှ”

    ဒါလေးကိုနဲနဲဆွေးဆွေးနွေးချင်ပါတယ်၊ ဝန်ထမ်း(ကြီး/ငယ် )ဆိုတဲ့နေရလေးပါ၊
    တဖွဲ့တနွဲ့ ရှင်းမပြတော့ပါဘူး၊လိုရင်းပဲပြောပါ့မယ်။
    တကယ်တော့ ဝန်ထမ်းကြီးတွေ သာမတရားစားနေကြတာပါ။ အောက်ခြေဝန်ထမ်းတစ်ယောက်လစာ၊ သုံးသောင်း၊တနေ့ တစ်ထောင် တစ်ယောက်စာတောင်ဘယ်လိုမှရပ်တည်လို့မရ၊ မိသားစုကျန်းမာရေး၊ သားသမီးပညာရေး၊ ဝတ်ရေး၊လူမှုရေး၊ နေထိုင်ရေး(ဌာနတိုင်း၊ဝန်ထမ်းတိုင်းအတွက်လိုင်းခန်းမရှိပါ)
    အရာရှိအဆင့်အောက်၊ ခြောက်သောင်းတနေ့နှစ်ထောင်၊ ဘာလုပ်လို့ရမလဲ၊
    အပင်တစ်ပင်ရှင်သန်ဖို့ဆိုတာ အောက်ခြေက ရေကိုအခေါက်ကနေ အပေါ်ကိုထောက်ပံ့ပေးနေတာပါ၊ အပေါ်က ရေနဲ့ ကလိုရိုဖီးလ် ကိုနေရောင် နဲ့ အစာချက်နေတာပါ။
    ဆိုတော့ လဒ်စားမှုပြဿနာကိုဘယ်လိုရှင်းမလဲ၊ အမြစ်တွယ်နေတဲ့ အပင်ကြီးတစ်ပင် ၊ ဘယ်လိုလှဲမလဲ၊
    အောက်ခြေကိုတခါတည်းခုတ်ချလိုက်လို့ ရမလား၊ဘေးက အဆောက်အဦတွေကိုထိခိုက်နိုင်သလား၊လွတ်ရဲ့လား၊အပေါ်ကနေ တဖြည်းဖြည်းခြင်း ချိုင်ချမလား၊ပြီးတော့မှ ပင်စည်ကို လှဲမလား။
    အောက်ခြေဝန်ထမ်းတွေ လဒ်စားတာက အများနဲ့ ထိတွေ့ဆက်ဆံနေရတော့ ပေါ်လွင်နေတယ်၊ ဘာကြောင့်လည်းဆိုတဲ့ အဲဒီဝန်ထမ်းနေရာတွေကို ထဲထဲဝင်ဝင်လေ့လာပြီး ဝင်ပြီးခံစားကြည့်စမ်းဘာ။
    တကယ့်အဆီ အနှစ်တွေကို ဘယ်သူတွေ စားနေသလဲ။
    ဆရာသစ်လိုချင်တာ ဘယ်လိုလုပ်သင့်သလဲဆိုတဲ့ အဖြေတပိုင်းတစလေးပါ၊ကျနော်လောလောဆယ်ရေးလိုက်တာနဲ့လွဲနေတယ်ဆိုတာသိပါတယ်၊
    ကျနော်ဖြစ်စေချင်တာလေးတွေ နောက်မှ ချင့်ချိန်ရေးပါ့မယ်၊ ကိုယ့်ဘက်ကိုယက်နေတာမျိုးလည်းဖြစ်မှာစိုးပါတယ်၊ ဒီ ရွာထဲမှာ ကျနော့်လိုခံစားချက်မျိုးရှိတဲ့ အရာရှိအဆင့်မဟုတ်တဲ့သူတွေ ရှိနေမှာပါ၊
    နောက်တခုရှိသေးတယ်၊ ကို်ယ်က ရပ်တည်နိုင်လို့ အဖြောင့်သွားတဲ့အခါ ကျန်တဲ့ဆက်စပ်လုပ်ရတဲ့ဌာနတွေနဲ့ ပူးပေါင်းဆောင်ရွက်ရတာ တကယ်ခက်ခဲပါတယ်။ ကိုယ့်ရဲ့ အမှန်က နဲနဲလေးလွဲချော်မှု(စာရင်းဇယား၊အရေးအသား) ဖြစ်သွားတာလေးကို အသေဝိုင်းဆော်လိုက်ဖို့လုပ်တာ။
    နားလည်အောင်ရှင်းပြရင် အသေးစိတ်တွေပါကုန်မယ်၊ကျနော့အတွက် အန္တရာယ်ရှိတယ်၊တော်ပြီ။

    • MaMa

      December 15, 2011 at 7:30 am

      ကြောင်လတ်ရေ-
      အားမငယ်ပါနဲ့။ ကြောင်လတ်တို့လို လူတွေကိုလည်း ကျမတို့လို အပြင်လူတွေက နားလည်မှုပေးနိုင်ကြမှာပါ။
      အဖြောင့်ရပ်တည်နိုင်ဖို့ ထိုက်တန်တဲ့ သင့်တင့်တဲ့ လစာ၊ အခွင့်အရေး လိုသလို၊ အဖြောင့်ရပ်တည်မှုကို အားပေးတဲ့ အထက်အဆင့်ဆင့်တွေလည်း လိုပါတယ်။
      (လာဘ်ပေးလာဘ်ယူကို မနှစ်သက်ပေမယ့်
      အဆင့်ဆင့် ဆင်းသက်လာတဲ့ ရေစီးကြောင်းအတိုင်း မလိုက်ရင်
      အန္တရာယ်ရှိတာတွေကိုလည်း ကြားဖူးနားဝရှိတာမို့) 🙁

    • KING

      December 15, 2011 at 11:52 am

      ကိုကြောင်လတ် ပြောတာတွေက ကျွန်တော့်ခံစားချက်နဲ့ ထပ်တူပါပဲ
      ဆက်လက်ပြီးတော့ မဆွေးနွေးတော့ပါဘူး
      မဆွေးနွေးဘူးဆိုပြီး
      ရေငုံ နှုတ်ပိတ်နေတယ်မထင်ပါနဲ့ … ရေငုံလို့ နှုတ်ပိတ်နေတာ မဟုတ်သလို ရေမငုံရလို့ နှုတ်ဖွာရမှာလည်း မဟုတ်ပါဘူး .. ပြောသင့်ပြောထိုက် လုပ်သင့်လုပ်ထိုက်တာကို ပြောဆို လုပ်ကိုင်သွားမှာပါ …
      မပြောမပြီး မတီးမမည်ဆိုသလို ပြောလိုက် တီးလိုက်ရင် ဘာတွေ တုံ့ပြန်မှုတွေရလာမလဲဆိုတာတော့
      ပိတ်ကားထက်မှာ စောင့်ကြည့်လိုက်အုံးမယ်ဗျာ ……………

  • ကြောင်လတ်

    December 15, 2011 at 9:41 am

    ဆရာသစ်ပြောချင်တာက နိုင်ငံတော်ပြုပြင်ပြောင်းလည်းရေးကိုဘယ်ကစကြမလဲဆိုတာလို့ထင်ပါတယ်၊
    ဦးဦးပြောသလို ဝန်ထမ်းကြီး ငယ်တွေရဲ့ ကိုယ်ကျင့်တရားနဲ့စာရိတ္တကို ကျိန်းသေပြင်ရမှာပါ။
    ဒီလိုပြင်ဖို့အတွက် လဒ်စားမှု တိုက်ဖျက်ရေးက စမှ ရမှာလား။
    အဲဒီကစရမယ်ဆိုရင် အောက်ခြေဝန်ထမ်း( အပေါ်မပါ)တွေကို လာဘ်စားမှုတိုက်ဖျက်လိုက်ရုံနဲ့ ကိုယ်ကျင့်တရားကောင်းသွားမယ်လို့မထင်ပါ။ စားဝတ်နေရေးမပြေလည်မှုကြောင့်ပိုဆိုးလာနိုင်ဖွယ်ရာသာရှိတယ်လို့ထင်မြင်ယူဆပါတယ်။ အကယ်၍ဒီလိုစလုပ်မှဖြစ်မယ်ဆိုရင် လာဘ်စားမှုတိုက်ဖျက်ရေး ဆိုတာထက် လာဘ်စားမှု လျော့နည်းပပျောက်ရေးဆိုတဲ့ မူကို ကျင့်သုံးဖို့လိုမယ်ထင်ပါတယ်။
    ဒါကို ဘယ်လိုစီမံဆောင်ရွက်ကြမလဲ ဝိုင်းဝန်းစဉ်းစားကြရမှာပါ။
    နောက်တစ်ခုက ဆရာသစ်ပြောတဲ့ (အပေါင်းအသင်းဖြစ်အောင်လုပ်ပြီးဖြစ်ဖြစ်ပေါ့နော် တခုခုနဲ့)
    အဲဒါနဲနဲနီးစပ်ပါတယ်။ အပေါင်းအသင်းဖြစ်အောင်တဖက်ဖက်က ကူညီမှုမျိုးလိုပါတယ်။
    ဝန်ထမ်း အားလုံးဟာလာဘ်စားရတာကို ပျော်ရွှင်ကျေနပ်နေတယ်လို့မထင်စေချင်ပါဘူး။
    သူများတံတွေးကွက်ပက်လက်မျောပြီး သူများ မသထာရေစာကို ဘယ်သူမှမစားချင်ကြပါဘူး။
    ကိုယ့်ဟာကို ဂုဏ်သရေရှိရှိနဲ့ သူများလေးစားခြင်းခံယူပြီးရပ်တည်ချင်တဲ့ဝန်ထမ်းတွေ အများကြီးရှိနေတယ်ဆိုတာကို နားလည်ထားစေချင်ပါတယ်။
    အရင်ဆုံးစပြင်ရမှာက စီးပွားရေးသမားလုပ်ငန်းရှင်တွေပါ။
    သူတို့အကျိုးအတွက် မမှန်တဲ့လမ်းကြောင်းကနေ အခွင့်အရေးရဖို့ လုပ်ပိုင်ခွင့်ရှိသူတွေကို အတင်းလာဘ်ထိုးနေကြတာ ကျနော်ကိုယ်တွေ့ပေါ့။
    ကိုယ်မလုပ်လဲသူများလုပ်စားသွားမှာပဲဆိုပြီး ဈေးပြိုင်စံနစ်နဲ့အတင်းသွားလာဘ်ထိုးနေကြတော့
    မခက်ဘူးလား၊ အဲဒါကိုလုံးဝရပ်ပစ်ဖို့လိုပါပြီ။
    ဒုတိယက အမှန်အကန်အလုပ်အတွက် အရစ်ခံနေရတဲ့ပြည်သူတွေ၊
    မှန်နေမှန်းသိရင် ရဲရဲတင်းတင်းပြောသင့်ပါတယ်၊ ခင်ဗျားလုပ်ပေးရမယ့်တာဝန်ရှိတယ်၊ ငွေပေးမှလုပ်ပေးမယ်ဆိုတာထက် ခင်ဗျားတာဝန်ကို ထမ်းဆောင်လိုက်ပါ။ ပြီးရင် ခင်ဗျားကိုကျေးဇူးတင်တဲ့အနေနဲ့ ကျနော်တုန့်ပြန်တာကိုလက်ခံတာက ခင်ဗျားအတွက် ပိုဂုဏ်ရှိတယ်၊လုပ်မပေးရင် ခင်ဗျားကိုပြဿနာရှာမယ်ဆိုတာမျိုးပြောပြီး၊ လုပ်ပေးပြီးရင်လည်း တပ်နိုင်သလောက် တကယ်လည်းကျေးဇူးတုန့်ပြန်တာမျိုးက စရင် ဖြစ်နိုင်မလား။ ဒါက မဖြစ်မနေလိုအပ်နေတဲ့ဝန်ထမ်းမျိုးအတွက်ပါ။ ဘယ်သူတွေ ကတကယ်လိုအပ်နေတယ်၊ဘယ်သူတွေက စီးပွားဖြစ်လုပ်စားနေတယ်ဆိုတာ ပြည်သူတွေ သိပါတယ်။
    တကယ်တော့ ပြည်သူတွေဟာ လုပ်ပိုင်ခွင့်ရှိပြီး သူတို့ ကိုရစ်နိုင် ခွင့်ရှိတဲ့သူကို အဆင့်တွေ ဘာတွေနားမလည်ဘူး ၊ အရေးတယူဆက်ဆံ အလှူလုပ်ရင်အိမ်ဦးခန်းခေါ်တင်ကြတာပါ၊
    ကွယ်ရာကျမှ မကောင်းပြော၊ ဒါကိုသိတဲ့လုပ်ပိုင်ခွင့်ရှိသူတွေကလည်း ဒီကောင်တွေ ငါ့ကိုစေတနာရှိလို့မဟုတ်ဘူး၊ငါ့ခွင်ထဲရောက်ရင်တွယ်လိုက်မယ်ဆိုတာမျိုး နဲ့ အပြန်အလှန်ဆက်ဆံပြီးဂျာအေးသူ့အမေရိုက်နေတာပါ။
    လုပ်ပိုင်ခွင့် မရှိတဲ့သူ၊ လုပ်ပေးနိုင်တဲ့အချိန်မှာလည်း မှန်မှန်ကန်ကန်ချောချောချူချူ ပေါပေါလောလော လုပ်ပေးတဲ့သူကို မလေးစားပါဘူး၊ ကျေးဇူးတင်ရကောင်းမှန်းမသိပါဘူး။ ဒီကောင် ကရေမွေပါလို့ ထင်တတ် ဆက်ဆံတတ်ကြတယ်၊ အထက်အရရှိဆိုသူများကလည်း ဒီလိုလူမျိုးကို ကြာကြာလုပ်ပိုင်ခွင့်မှ မပေးပဲ၊ သူတို့အတွက် အာရကေ မရလို့ ချောင်ထုိုးထားလိုက်တာ။ ဒါ ကိုယ်တွေ့ပါ။
    ဆိုတော့(သူဂျီးလေသံ) လူနည်းစုဖြစ်တဲ့ ဝန်ထမ်းတွေရဲ့အကျင့်တွေ ပြင်ဖို့ ဆိုတာ ၊လူများစုဖြစ်တဲ့ပြည်သူတွေရဲ့ စိတ်ဓါတ်ကိုယ်လည်း တပြိုင်တည်းပြုပြင်ဖို့လိုတယ်လို့ ထင်မိပါတယ်၊ ဒီသဘောတရားကို ပြည်သူတွေ ဒီမိုကရေစီ စိတ်ဓါတ် ရှိကြရဲ့လားဆိုပြီးကျနော်ပို့ စ် တစ်ခုရေးထားဖူးပါတယ်။
    အဟီး…….. မရေးဖူးဆိုပြီးရေးလိုက်တာ လက်လွန်သွားပြီ။လိုအပ်ချက်လေးတွေ ထင်မြင်ချက်လေးတွေ ကျနော့ အတွေးမှားယွင်းမှုလေးတွေကို ထောက်ပြပေးပါဦး ဆရာသစ်နှင့် ရွာသူားအပေါင်းတို့။

    • thit min

      December 17, 2011 at 9:25 am

      ပြန်လည်ဆွေးနွေးချက် (၁)
      ကိုကြောင်လတ်ရေ ဆွေးနွေးပေးတာကျေးဇူးပါ။
      ဝန်ထမ်းနဲ့ လာဘ်ပေးလာဘ်ယူဆိုတာ လုံးချာလိုက်နေခဲ့တာကြာပြီဘဲလေ။
      မလောက်ငှလို့ယူရသူ၊ မတတ်သာလို့ယူရသူ၊ရပေါက်ချောင်လို့ယူရသူ၊ချမ်းသာချင်လို့တောင်းသူလို့
      အမျိုးမျိုးရှိမှာပေါ့နော်။
      ကျနော် အဲဒီ လာဘ်ပေးလာဘ်ယူဆီမသွားခင် ဝန်ထမ်းကို အရင်ပြောချင်တယ်။
      ဝန်ထမ်းဆိုတော့ “တာဝန်ကိုထမ်း” ရတာပါ။ ပြည့်သူ့ဝန်ကိုထမ်းရတာပါ။
      ခဏလေးလာဘ်ကို”ကိန်းသေ”လို့ စဉ်းစားမယ်ဗျာ။ “ယူ” လို့ရတယ် ယူဗျာ။
      ဒါပေမဲ့ ပေးသည်ဖြစ်စေ၊ မပေးသည်ဖြစ်စေ “တာဝန်ကျေ” ရမယ်ဗျာ။
      အဲဒီဟာကတော့ ဝန်ထမ်းတိုင်း (အများစု)လုပ်နိုင်လိမ့်မယ်လို့ထင်တယ်။
      ကိုယ်လုပ်ပေးရမဲ့ တာဝန်ကိုကျေတာ၊ ရုံးကိုလာတဲ့ဧည့်သည်ကို ပြုံးပြဆက်ဆံတာကတော့
      လုပ်နိုင်တယ်လို့ ထင်တာပါဘဲ။
      အများစုက employ=အလုပ်လုပ် နေပါလျှက် underemployment=ငုတ်လျှိုးလုပ်အား ဖြစ်နေတယ်။
      တိုင်းပြည်တပြည်လုံးအတိုင်းအတာနဲ့ ဆို အလုပ်မလုပ်ဘဲ ရုံးမှာထိုင်နေကြတဲ့ လုပ်အားတွေ မနဲဘူးလေ။
      ကျနော်တင်ပြခဲ့တဲ့ အုပ်ချုပ်မှုညံ့ဖျင်းခြင်းကြောင့် လူတွေစိတ်ဓာတ်ကျပြီး အလုပ်မလုပ်လိုကြဘူးလို့
      ဆိုတာမျိုးလည်းရှိ ပေမဲ့ မြင်သလောက်တော့ အများစုက “ရေသာခို” နေတာပါ။ အချောင်ခိုနေတာပါ။
      ကိုယ်လုပ်စရာရှိတဲ့ အလုပ်ကို လုပ်ပါတယ်ဆိုရင်တောင်၊ ကျန်တဲ့ ရုံးချိန်မှာ တခြားအလုပ်ကို ရှာပြီး
      လုပ်တတ်တဲ့ ဝန်ထမ်းမျိုး ရှိပါ့မလား။ အဲဒါပါ။
      ရှိကိုရှိရမှာပါ။ ဒီအလုပ်ချိန်အတွင်းမှာ (ဘာဘဲဖြစ်ဖြစ်၊ လေးတန်းမအောင်တဲ့ကောင်က အပေါ်ကဘဲဖြစ်ဖြစ်)
      ဝန်ထမ်းရဲ့အလုပ်ချိန်ဟာ အလုပ်လုပ်ရမှာပါ။
      အဲဒီ အချက်လေး က ကိုယ့်ကိုကိုယ်ပြုပြင်လို့ရပါတယ်။
      သူများတွေ ဟား မှာကြောက်ရသလား။ ဟား စမ်းပါစေဗျာ။ ဘယ်လောက် ဟားနိုင်မလဲ။အပြုံးမပျက်ချီတက်လိုက်စမ်းပါ။
      ဟား တဲ့အထဲကလူတယောက်လောက် စည်းရုံးနိုင်အောင်ကြိုးစားလိုက်စမ်းပါ။
      ရုံးတာဝန်(လူတိုင်းကကိုယ့်အတွက်အရေးမကြီးဘူးလို့ယူဆထားတဲ့ တာဝန်) မှာတောင် ခင်ဗျား
      တာဝန်ကျေနိုင်ရင် ခင်ဗျားရဲ့ ကိုယ်ပိုင်ဘဝဆို ခင်ဗျားပို အားစိုက်တာဝန်ကျေတော့မှာပေါ့။
      ရုံးတာဝန်ကိုစေ့စေ့စပ်စပ် စေတနာပါပါ လုပ်တတ်ရင် ခင်ဗျားဘဝကိုလဲ
      ရေရေရာရာသေသေချာချာ တည်ထောင်တတ်တဲ့ အလေ့အကျင့်ရမှာပေါ့။
      ရုံးတာဝန်ကိုကျေလို့ ရုံးအတွက် အကျိုးရှိမယ်ဆိုရင်
      ခင်ဗျားဘဝမှာတာဝန်ကျေလို့ ခင်ဗျားဘဝအတက်အကျိုးရှိ၊လောကအတွက်အကျိုးရှိမယ်ဗျာ။
      အိုကေ ဒီမှာ စိန်ခေါ်မှုတွေလာပြီ ။
      စားဝတ်နေရေး ကရှိတော့ အများနည်းတူနေမှ အလုပ်မပြုတ်မှာဗျ။ ဟုတ်ကဲ့ နေပါ ရပါတယ်။
      ရသလောက် “ဂွင်” ချဲ့ ပြီး လုပ် မယ်ဆိုတဲ့ “အသိတရား” ရှိနေဖို့နဲ့ အဲဒီ အသိတရား
      ကိုအများသိအောင်စွဲဆောင်ယူဖို့ပါ။
      နည်းလမ်းက
      1.incentive 2. command and control ဆိုပြီး ၂ မျိုးရှိတယ်ဗျ။
      (အနုနည်း=) ၁။စွဲဆောင်မှု(သို့)မက်လုံး Incentive
      (အကြမ်းနည်း=)၂။ အမိန့် (သို့)ချုပ်ကိုင်မှု Command and Control

      မြန်မြန်အောင်မြင်ဘို့ဆိုရင်တော့နိုင်ငံတော် အဆင့်နဲ့လုပ်ရမှာပေါ့ဗျာ။
      ခုမဖြစ်နိုင်”သေး”ဘူးလို့ပြောကြတော့။
      တဦးချင်း အနေနဲ့ လည်းလုပ်လို့ရပါလိမ့်မယ်။
      လက်ဖက်ရည်တူတူသောက်ရင်း၊ ဘီယာတူတူသောက်ရင်း စွဲဆောင်ပြောကြည့်မယ၊် ခင်မင်မှုနဲ့။ 1.incentive ဆိုရင်ပေါ့။
      ကိုယ့်လက်အောက်ဝန်ထမ်းရှိရင်တော့ 2. command and control ကို ပျော့ပျော့လေး သုံးလို့ရလိမ့်မယ်။
      အဲဒီလို နည်းနဲ့ (မဖြစ်နိုင်လို့လာဘ်စားနေရပါတယ်ဆိုရင်လဲ စားလျှက်တန်းလန်းနဲ့) တာဝန်ကျေပါပေါ့။
      ~~~~~~~~~~~~~~~~~~~~~~~~~~~~
      အချုပ်ပြောရရင် ကျနော်တို့ကိုယ်တိုင် ကိုယ့်အလုပ်ပေါ်၊ ကိုယ်ပိုင်လုပ်ငန်းဆိုရင်လဲ ကိုယ့်မိသားစုအပေါ်၊ တကယ် တာဝန်ယူကြရဲ့လား။ ရိုးသားကြရဲ့လား။ ပွင့်လင်းမြင်သာရှိရဲ့လား။ ပါဝင်ပြောဆိုခွင့်ပေးထားရဲ့လား။ဆိုလိုတာက
      ကျနော်တို့ပိုင်နက်လေးထဲမှာကျနော်တို့ good governance ဖြစ်ကြရဲ့လားပါဘဲ။ အဲဒီလို
      တဦးချင်းက ဖြစ်နေပြီဆိုရင် အပေါ်ပိုင်းကမပြောင်းသည့်တိုင်အောင်တော်တော်ကိုကောင်းသွားမှာပါ။
      အပေါ်ပိုင်းကပြောင်းလဲ လာပြီဆိုရင် အဆင့်သင့်ဘဲ ဟေ့ပေါ့ဗျာ။
      လာဘ်စားတာတွေကတော့ ဥပဒေနဲ့ကို လုပ်မှရတော့မှာပါ။ ရောဂါကကျွမ်းနေပြီမဟုတ်လား။အဲဒါကတော့မလွဲ
      မသွေ အပေါ်ကအပြောင်းအလဲကိုဘဲ အားကိုးရမှာ။ ကျနော်တို့လုပ်နိုင်တာက တဦးချင်းတာဝန်ကျေမှုပါဘဲ။
      ~~~~~~~~~~~~~~~~~~~~~~~~~~~~
      ဒါဟာ အစ ပိုင်းလုပ်ကိုလုပ်ရမဲ့ အချက်ကိုဆွေးနွေးပေးတာပါ။
      အဆင့်လိုက် တက်ပြီးလုပ်စရာတွေ ရှိပါသေးတယ်။

  • ကြောင်ကြီး

    December 15, 2011 at 11:11 am

    ကြယ်ငါးလေးတွေ ကောက်ပစ်သလို တဦးချင်းတတ်နိုင်တဲ့ ဖက်ကပြုပြင်ကြတာနဲ့ ပတ်သက်လို့ပြောချင်တယ်ဗျာ။ အဆိုးမြင်သမားလို့တော့ မယူဆစေချင်ဘူး။ ငါးကို ကြောင်တွေလည်း လူတွေလို နှစ်သက်ပါတယ်။ အခုပြောနေတာကို တိုင်းပြည်ပြန်လည်တည်ထောင်ရေးအတွက် ဆြာသစ်ပေးထားတဲ့ အားလုံးပူးပေါင်းဆောင်ရွက်ရေးဘောင်အတွင်းကနေ ပြောပါမယ်။ ကနဦးလိုအပ်ချက် နှစ်ခုဖြစ်တဲ့ လုပ်နိုင်စွမ်းရှိသူများနဲ့ လုပ်နိုင်ပိုင်ခွင့် အထိုက်အလျောက် ရှိနေပြီလို့ ဘောင်ခတ်ပြောပါမယ်။ ဒီလိုပြောရတာ အခြေအနေအားလုံးကို ထည့်မတွက်ဘဲ ဆိုင်ရာခေါင်းစဉ်အောက်မှာ ဆွေးနွေးတဲ့သဘောပါ။……………
    လူတဦးချင်းစီရဲ့ လုပ်နိုင်စွမ်းဆိုတာ အရမ်းသေးတယ်၊ ဘက်စုံပါတဲ့ အများနဲ့ပေါင်းစပ်မှ သိသာတယ်။ (ဒေါ်စု၊ မင်းကိုနိုင်လို တဦးကောင်း တယောက်ကောင်းများကတော့ ခြွင်းချက်ပေါ့ဗျာ၊ သူတို့ အရင်ဘဝက ကျုပ်တို့ချစ်ခင်လေးစားတဲ့ ခေါင်းဆောင်ဖြစ်ခဲ့တာကိုး 😉 ) လမ်းကြောင်းမမှန်ရင် လုပ်ခွင့်မရ၊ လုပ်ဖို့မကြိုးစား၊ လုပ်ပေးဖို့ အနာမခံနိုင် စတာတွေနဲ့ ဒုံရင်းကဒုံရင်း ဖြစ်တယ်။ နှစ်ပိုင်းနော်… ပြုပြင်ပြောင်းလဲမယ်ဆိုသူတွေရဲ့ စတင်ရာလမ်းကြောင်း မှန်ရမယ်။ အဲဒီအစပိုင်းမှန်မှ နောက်တပိုင်း ပြုပြင်ရေးအောင်မြင်မယ်။
    ၁၉၈၈ခုနှစ်နောက်ပိုင်းမှ ယနေ့အချိန်အထိ စစ်အစိုးရအဆက်ဆက် တိုးတက်တဲ့ အိမ်နီးချင်း နိုင်ငံများကို ပုံသဏ္ဍန်မျိုးစုံနဲ့ ပညာတော်သင်တွေ လွှတ်ခဲ့တယ်။ ဥပမာ – ဂျပန်နိုင်ငံကို ရောက်နေတဲ့ အစိုးရပညာတော်သင်အများကြီးပဲ၊ ဩစတေးလျကလည်း ရဲတပ်ဖွဲ့ကို လူ့အခွင့်ရေးသင်တန်းဆိုပြီး သူ့နိုင်ငံနှစ်စဉ်ခေါ်ပေးတယ်၊ စင်္ကာပူ၊ ဩစတေးလျ၊ ဂျပန်တက္ကသိုလ်များကနေ ဘွဲ့ရသွားသူ စစ်အစိုးရဖက်တော်သား အများအပြားရှိတယ်။ နောက်တခုက ရုရှားနိုင်ငံ..အဲဒီမှာ စစ်ဗိုလ်သောင်းဂဏန်း ပညာသင်နေ၊ သင်ခဲ့ပြီးသွားပြီ။ တရုတ်ကျောင်းဆင်းတွေလည်း ပေါမှပေါ။။။ ပြောချင်တာ နိုင်ငံအလိုက် သင်ကြားခဲ့ရတဲ့ အဆင့်၊ အတွေးအမြင်များ ကွာခြားနိုင်ပေမဲ့ တိုင်းပြည်တွင်း ပြန်လာတဲ့အခါ ပိုသိပိုတတ် ပညာရှင်များ ဖြစ်နေပြီမို့ ပြန်လည်အသုံးချဖို့သာရှိတယ်။ သိပ္ပံပဲဖြစ်ဖြစ် ဝိဇ္ဇာပဲဖြစ်ဖြစ် လူတယောက် တတ်မြောက်လာရင် အဲဒီပညာကို အသုံးချလိုစိတ် ပေါ်လာတယ်၊ ပညာတတ် မာနလို့လည်းခေါ်တယ်။ အရင်လို မည်ကာမတ္တဘွဲ့လက်မှတ် မဟုတ်တော့လို့ ကိုယ်ပိုင်ညဏ်နဲ့ တွေးခေါ်တတ်လာပြီ။ အဲသလိုမျိုးလို့ ယူဆနိုင်ဖွယ်ရာ ရှိသူများ မြန်မာနိုင်ငံမှာ တပုံကြီးပါ။ လက်ရှိပြည်ပရောက်နေသူ ပညာရှင်များရောက်လာမှ စလို့ရတာ မဟုတ်ဘူး။ စချင်ရင် ပြီးခဲ့တဲ့ ဆယ်စုနှစ်ကျော်ခထဲက စလို့ရနေပြီ။ ဆိုတော့…ပြောချင်တာ လမ်းကြောင်းကိစ္စ။။ လမ်းမမှန်တော့ ဘယ်သူမှ စွန့်မပြောရဲ၊ မလုပ်ရဲဘူး။ လုပ်ခဲ့သူများ ပြုတ်ကုန်တာ အရပ်ဖက်၊ စစ်ဖက်မှာ သာဓက အများကြီးရှိတယ်။ ဒီတော့ ကျန်သူများ မလုပ်မရှုပ် မပြုတ် ရှေးထုံးကိုပြန်လွယ်ရတယ်။ စတင်ရာ လမ်းကြောင်းပိတ်နေ စောင်းနေမှတော့ သွားလည်းတလွဲဖြစ်ပါမယ်။ ဆြာသစ်ပြောတဲ့ တဝက်တပြတ် ဖွင့်ထားလည်း ဖြစ်နိုင်ပါတယ်ဆိုတာနဲ့ ဆက်နွယ်ပြောတာပါ။ အချို့ပညာရှင် များပြောသလို မြန်မာနိုင်ငံသည် တိုင်းရင်းသားလူမျိုးစု အလွန်များ၊ နိုင်ငံကြီးနှစ်နိုင်ငံကြား ညှပ်နေလို့ သူများလုပ်သလို လိုက်လုပ်လို့ မဖြစ်နိုင်ဆိုရင် (ဒီမိုကရေစီ စနစ်ထူထောင်ရာမှာ ရာနှုန်းပြည့်သွားလို့ မဖြစ်နိုင်လို့ စစ်အုပ်စုဝင်များ ပြောလေ့ရှိတယ်) တဝက်တပြတ် ဖွင့်ပိတ်သွားပြီး အောင်မြင်နေတဲ့နိုင်ငံများပုံစံအတိုင်း သွားရမယ်ဆိုတာလည်း သဘာဝမကျဘူး။ အဲဒီနိုင်ငံတွေမှာရော မြန်မာပြည်မှာလို လူမျိုးပေါင်းစုံရှိနေ၊ တရုတ် ကုလား အကြား ညှပ်နေလို့လား။ အရေးကြီးတာ အခြေခံအုတ်မြစ် ဖြစ်ပါတယ်။ ဖောင်ဒေးရှင်းမှန်မှ လမ်းဖြစ်မယ်။ ရလာတဲ့ လမ်းကိုအသုံးချတာ နောက်တပိုင်းဖြစ်သွားပြီ။။။ ကျနော်ပြောနေတာ လုံးဝလွတ်လပ်ရမယ် သို့မဟုတ် တဝက်လွတ်လပ်ရင်ရပြီ ပြောနေတာ မဟုတ်ဘူးနော်။ လူမှုရေးရှုဒေါင့်ကပြောရင် ကိုယ့်သားသမီးကိုယ် ငယ်စဉ်ကထဲက စည်းကမ်း၊ စိတ်ဓာတ်၊ ပညာ အခြေခံကောင်းအောင် လုပ်ထားမှ သူတို့ကြီးလာတဲ့အခါ စိတ်ချရမယ်။ အဲဒီ အခြေခံကောင်းတွေရှိထားရင် အရက်သောက်လည်း အရက်သမား မဖြစ်ဘူး၊ ဘိန်းရှုလည်း ဆေးနဲ့မသေဘူး၊ အပျော်ကြူးလည်း ဖာသည်မဖြစ်ဘူး။ ဖြစ်သင့်တဲ့ ဘောင်အတွင်းကနေ ကိုယ့်ဘဝကိုယ် ကောင်းမွန်စွားကျောင်းသွားနိုင်လို့ မိဘလုပ်သူ အသေဖြောင့်မယ်။ ဒါကြောင့်မို့ ကျုပ်တို့တတွေ မသေခင် အချိန်ရှိခိုက် မှန်ကန်တဲ့လမ်းကြောင်းဖြစ်ရအောင် ရေးနေဖွနေရဒါ……..။

    • thit min

      December 17, 2011 at 9:42 am

      ပြန်လည်ဆွေးနွေးချက် (၂)
      ကိုကြောင်ရေ ကျေးဇူးပါ။
      လမ်းကြောင်းမှန်ရမယ်ဆိုတာ လုံးဝ ဖြစ်ရမဲ့ ကိတ်စပါ။ ထောက်ခံပါတယ်။
      ကျနော် က တခုထပ်ပြီး ပြောလိုတာက လမ်းကြောင်းမှန်မှာ လျှောက်နိုင်မဲ့ “လူမှန်” ကိတ်စပါ။
      လမ်းကြောင်းမှန်ခဲ့တဲ့ ၁၉၄၈ လွတ်လပ်ရေးကာလများဟာ လူမှန်ခဲ့ရင် ကျနော်တို့ ဒီလိုတောင်ပြောဆိုနေစရာကို
      မလိုတော့ပါဘူး။
      ခုမြင်နေရတာက လူတွေက “အပေါ်ကမကောင်းဘူး” အော်နေကြပြီး အကြောင်းကြောင်းကြောင့်ကိုယ်နဲနဲလေး
      အပေါ် ရောက်တာနဲ့ ကိုယ်လဲ မကောင်းကြတော့ပါဘူး။
      ကျနော် စိုးရိမ်တာက “မရမှာ” မဟုတ်ပါဘူး။ ရပြီး သုံးဖို့အဆင့်သင့်အနေအထားကို မတွေ့သေးလို့စိတ်ပူနေတာပါ။
      တဦးချင်း ပြုပြင်ရေးကို (လက်ညိုးထိုးတာတွေခဏရပ်ပြီး) လုပ်ရတော့မယ်အချိန်လို့ မြင်မိလို့ပါ။
      ကျေးဇူးတင်ပါတယ်ခင်ဗျာ။

  • ကြောင်လတ်

    December 15, 2011 at 11:28 am

    “…ပြောချင်တာ လမ်းကြောင်းကိစ္စ။။ လမ်းမမှန်တော့ ဘယ်သူမှ စွန့်မပြောရဲ၊ မလုပ်ရဲဘူး။ လုပ်ခဲ့သူများ ပြုတ်ကုန်တာ အရပ်ဖက်၊ စစ်ဖက်မှာ သာဓက အများကြီးရှိတယ်။ ဒီတော့ ကျန်သူများ မလုပ်မရှုပ် မပြုတ် ရှေးထုံးကိုပြန်လွယ်ရတယ်။ စတင်ရာ လမ်းကြောင်းပိတ်နေ စောင်းနေမှတော့ သွားလည်းတလွဲဖြစ်ပါမယ်။”
    “ကိုယ့်သားသမီးကိုယ် ငယ်စဉ်ကထဲက စည်းကမ်း၊ စိတ်ဓာတ်၊ ပညာ အခြေခံကောင်းအောင် လုပ်ထားမှ သူတို့ကြီးလာတဲ့အခါ စိတ်ချရမယ်။ အဲဒီ အခြေခံကောင်းတွေရှိထားရင် အရက်သောက်လည်း အရက်သမား မဖြစ်ဘူး၊ ဘိန်းရှုလည်း ဆေးနဲ့မသေဘူး၊ အပျော်ကြူးလည်း ဖာသည်မဖြစ်ဘူး။ ဖြစ်သင့်တဲ့ ဘောင်အတွင်းကနေ ကိုယ့်ဘဝကိုယ် ကောင်းမွန်စွားကျောင်းသွားနိုင်လို့ မိဘလုပ်သူ အသေဖြောင့်မယ်။ ဒါကြောင့်မို့ ကျုပ်တို့တတွေ မသေခင် အချိန်ရှိခိုက် မှန်ကန်တဲ့လမ်းကြောင်းဖြစ်ရအောင် ရေးနေဖွနေရဒါ……..။”

    ဒီနှစ်ချက် ကို အပြည့်အဝထောက်ခံပါတယ်။

  • blackchaw

    December 15, 2011 at 4:14 pm

    ကိုသစ်ရေ။
    ကျွန်တော်၊ အေးအေးဆေးဆေး သေသေချာချာ ပြန်ဖတ်နေပါတယ်။
    ပြီးမှ ပြန်ဆွေးနွေးမယ်ဗျာ။
    ရွာသူားတွေလည်း အားလုံး ဝိုင်းဆွေးနွေးကြလိမ့်မယ်လို့ ယုံကြည်ပါတယ်ဗျာ။
    ကျေးဇူးပါ။

    • koyinmaung

      December 15, 2011 at 6:33 pm

      ကိုသစ်မင်းရေ….
      ကျနော်နည်းနည်းလောက်ဝင်ဆွေးနွေးလိုက်အုံးမယ်ဗျာ
      နိုင်ငံတခုမှာအရေးအကြီးဆုံးကအများလက်ခံထားတဲ့တရားဥပဒေဘောင်အောက်မှာ
      သမတ ကအစ အောက်ခြေပြည်သူတွေအထိ လေးစားလိုက်နာဘို့လိုပါတယ်
      တချိန်ကသူရလေမန်း(ကိုကြောင်ကြီးလေသံ)ပြောသွားဘူးပါတယ်
      “ဥပဒေအပေါ်မှာဘယ်သူမှမရှိရဘူး”ဆိုတာလေ
      ဒါပေမဲ့ဥပဒေအပေါ်မှာသူတို့ဘဲနေကြတာမဟုတ်လား…..
      စာရေးဆရာကိုသာချိုရဲ့စာပေဟောပြောပွဲအခွေထဲမှာ
      အမေရိကန်နိုင်ငံရဲ့ဥပဒေလေးစားလိုက်နာပုံထဲ့ပြောသွားတာနားထောင်လိုက်ရပါသေးတယ်…
      “အမေရိကန်သမတ ဂျော့ဘုရဲ့သမီးနှစ်ယောက်၁၆နှစ်မပြည့်သေးဘဲ
      ဘီယာဆိုင်မှာဘီယာသွားဝယ်တော့ ဆိုင်ရှင်ကမှတ်ပုံတင်တောင်းကြည့်ပါတယ်
      ဒီမှာတင်၁၆နှစ်မပြည့်တာရယ် သမတသမီးတွေဖြစ်တာရယ်ဆိုင်ရှင်ကသိသွားပါတော့တယ်
      ဆိုင်ရှင်က သူ့အလုပ်သူလုပ်သွားပါတယ် ဒီခလေးမနှစ်ယောက်ကိုရဲစခန်းအကြောင်းကြားပြီးရဲလက်ကိုအပ်လိုက်ပါတယ်
      သမတကြီးကိုယ်တိုင်ရဲစခန်းလာပြီးတယောက်ကိုဒဏ်ငွေ၅၀ဝနှုန်းနဲ့
      နှစ်ယောက်ဒေါ်လာ၁၀၀ဝဆောင်လိုက်ရပါတယ်” ဆိုတာ
      ကျနော်ပြောချင်တာအဲ့ဒီလိုမျိုးပါ ဒီလိုလေးစားစေချင်တယ်….
      ဘာကိုပြင်ရမယ်ဆိုတာအဲ့ဒါသာကြည့်ကြပါတော့ဗျာ…

      • kai

        December 16, 2011 at 12:36 am

        အချက်အလက်မှန်ကြောင်း… သတင်းလေးနဲ့အားဖြည့်ပေးတာပါနော..။
        ပြောရရင် ဘုရှ်ကိုယ်တိုင်လည်း.. အရက်သောက်ကားမောင်းလို့.. အဆွဲခံရဘူးတယ်..။
        သုရာမေရယကံကို.. ဘယ်လို..ကျင့်သုံးလိုက်နာ..အပြစ်ပေးအကောင်အထည်ဖော်တယ်ဆိုတာ.. သိသာစေတဲ့ နမူနာယူကြဖို့ပါ….။
        http://news.bbc.co.uk/2/hi/americas/1379000.stm
        Alcohol sentence for Bush daughter

        One of President George W Bush’s twin teenage daughters, Barbara, has pleaded no contest a charge of underage drinking.

        The case arises from an incident in a restaurant in Austin, Texas, on 29 May in which Barbara and her twin sister, Jenna, were questioned by police.

        Jenna has pleaded innocent to charges of misrepresenting her age as she tried to buy alcohol.

        Both women are 19. Texas law prohibits anyone under 21 from buying or drinking alcohol.

        On probation

        Barbara was sentenced to eight hours of community service, put on probation for three months and ordered to attend an alcohol awareness course, the Associated Press news agency reported court records as showing.

        She was also told to pay $100 in court costs.

        If convicted, Jenna Bush could lose her driving licence for up to 90 days because it would be a second offence, according to the Texas Alcoholic Beverage Commission.

        Twins Barbara and Jenna Bush
        Barbara and Jenna Bush were both charged
        The incident, at Chuy’s restaurant in a fashionable area of Austin, came only two weeks after Jenna was ordered on an alcohol awareness course after police found her drinking beer in an Austin bar.

        In that case, Jenna had pleaded no contest to the charge of being a minor in possession of alcohol.

        She was ordered to perform eight hours of community service as well as being sent on a six-hour course to learn about alcohol abuse.

        The White House declined to comment on the incident, describing it as a “private family matter”.

        Family history

        Underage drinking laws are strictly enforced in the US, but college students habitually try to break them.

        Jenna is a first-year student at the University of Texas, while Barbara studies at Yale University in Connecticut.

        Mr Bush admitted to having a drink problem in his younger days.

        Shortly before last November’s presidential election it was revealed that he was arrested for drink-driving 25 years ago after drinking several beers in a bar.

        He pleaded guilty to a misdemeanour charge, paid a $150 fine and had his driving licence suspended.

        But in 1986 Mr Bush appeared to go through a religious awakening and quit drinking.

      • thit min

        December 17, 2011 at 10:30 am

        ပြန်လည်ဆွေးနွေးချက် (၃)
        ကိုရင်မောင်ရေ ကျေးဇူးပါ။
        ဟုတ်ပါတယ်။ တရား ဥပဒေလို့ ဆိုပါတယ်။
        တရား ရမှာပါ။ သိပ်ကိုအရေးကြီးပါတယ်။ တောတွင်းနဲ့ မတူတာအဲဒီ တရားဥပဒေရဲ့ ထိန်းကွပ်မှုပါ။
        ကျနော်တို့တဦးချင်းလုပ်နိုင်တဲ့ ဘောင်အပြင်ဘက်ကပေါ့ဗျာ။ အဲလိုက်နာဘို့တော့ တာဝန်ရှိတယ်ခင်ဗျ။
        တရား တော့ တရားရမယ်ပေါ့ဗျာ။ဘာတွေရှိသင့်တယ်ဆိုတာလေးပါဆွေးနွေးပေးပါအုန်း။

  • TTNU

    December 15, 2011 at 7:05 pm

    ဖတ်တယ်။နည်းနည်းတတ်တဲ့သိတဲ့နေရာကျ ဝင်ပါမယ်။
    နောက်မှာရှိနေမယ်နော်။

  • unclegyi1974

    December 15, 2011 at 9:23 pm

    ကိုသစ်ရေခင်ဗျာပြောတဲ့ကြိုးစားကြည့် ချင်ပါတယ်ဆိုတာတော့ကြိုက်ပြီဗျာ
    ကြိုးစားဖို့အရေးကအားလုံးကဝိုင်းကြိုးစာမှ
    ဒါပေမဲ့မြန်မာမှာကထိပ်ပိုင်းတွေမပြောတော့ပါဖူးအားလုံးသိနေကြပြီမို့
    ကျွန်တော့အမြင်ပြောရရင်စစ်တိုက်တယ်ဆိုတာကိုယ့်မြေကိုယ်လုံခြုံအောင်
    အရင်လုပ်ရပါတယ်
    ကိုယ့်မြေလုံခြုံအောင်လုပ်ဖို့ကနဲနဲလောက်ကြည့်ရအောင်
    အောက်ခြေရပ်ကွက်အဆင့်ဆယ်အိမ်မှူးတွေကိုယ့်ရပ်ကွက်ကျူးအိမ်လာ
    ဆောက်တာမသိပဲ
    နေမလားသိတာပေါ့မဖယ်ခိုင်းဆိုင်ရာမတိုင်လခယူဒီအတိုင်းကြည့်နေကြတာ
    စီးပွားရေးသမားတွေကြည့်မလား
    ကားထုတ်လုပ်သူတွေကြည့်ပထမကအရင်းမရှိလို့ဆိုပြီးနိုင်ငံခြားကကားဒီအတိုင်းဟိုဖြတ်ဒီဆက်လုပ်ပြီးငွေတွေသယ့်ယူကြပြီးပြီ နောက်ငွေရှိတော့ကောဘာတွေတိုးတက်အောင်ဆက်လုပ်
    သလဲဒီပုံဒီပုံပါပဲအလွယ်လမ်းပဲလိုက်နေကြတာ
    ကျွန်တော်ဆိုလိုတာကအတိုဆုံးပြောရရင်လူတွေရဲ့စိတ်ဓာတ်ကိုကတနပ်စားဖြစ်နေပြီ
    ပြင်ကြမယ်ဆိုရင်ဝန်ထမ်းတွေတင်မကပြည်သူတွေအားလုံးရဲ့စိတ်ဓာတ်တွေကစပြင်ရမယ်
    လို့မြင်ပါတယ်ကဲဘယ်လိုပြင်ကြမလဲ

    • thit min

      December 17, 2011 at 10:25 am

      ပြန်လည်ဆွေးနွေးချက် (၄)
      ကျေးဇူးပါ unclegyi1974 ရေ
      ဘယ်လိုပြုပြင်ရမလဲဆိုတော့ သူတို့တွေကို စည်းရုံးပေးရမယ်၊ပြီးတော့ ဒီသဘောတရား (ဆွေးနွေးချက် -၁)ရဲ့
      အကျိုးသက်ရောက်ပုံကိုပြောပြရမှာပေါ့။
      တကယ်တော့ ရုံးလုပ်ငန်းဆိုင်ရာတွေ စီးဆင်းမှုကောင်းလာရင် အစစ ချောမွေ့လာမယ်ဗျာ။အဲဒီအပေါ်မှာကုန်ဈေးနှုန်းတက်
      တာ(ရုံးစရိတ်ကြောင့်)တွေ အနဲလေးလျှော့သွားနိုင်တာမျိုးပါ။
      ဥပမာ ပြောရရင် ခင်ဗျား လမ်းမှာအမှိုက်ပစ်လိုက်တာဟာ တကယ်တော့ ခင်ဗျားအိပ်ထဲက ပိုက်ဆံကိုပစ်လိုက်တာပါဘဲ။
      အမှိုက်ပစ်တော့ စည်ပင်ဆိုတာလိုလာပြီ၊အဲဒီ စည်ပင်အတွက် အလုပ်သမားခ က ပြည်သူတွေဆီကရတဲ့အခွန်အကောက်ဗျ။
      မလောက်ရင် အခွန်တိုးကောက်မယ်။ ဟော ခင်ဗျားအိပ်ထဲကပိုက်ဆံ ထွက်ပြီ။
      ဟုတ်ဘူးဗျာ။စည်ပင်ကဘာအမှိုက်မှ မကောက်ဘူးဗျလို့။ ပြောချင်လား အိုကေ။ ဟုတ်ပြီ။
      စည်ပင်က အမှိုက်မကောက်၊ဘယ်သူမှမရှင်းတော့ ညစ်ပါတ်လာတယ်။ အမှိုက်ရှိတော့ကြွက်နဲ့ ယင်ကောင်တွေပေါလာပြီ။
      ကျန်းမာရေး ထိခိုက်ရမယ်။ဆေးခန်း ရောက်မယ်။ ဟော ခင်ဗျားပိုက်ဆံ ထွက်ပြီ။
      အမှိုက်ပစ်တာ တခုကိုဘဲ့ ထိန်းသိမ်းရင်တောင် တော်တော် ခရီးရောက်ပါတယ်။
      အဲဒီလို အသေးစားလုပ်ပိုင်ခွင့်ရှိသူများကိုအဲဒီ “အသိတရား” ပေါက်အောင် ရောက်အောင်လုပ်ရမဲ့တာဝန်ကျနော်တို့မှာရှိတာဗျ။
      ဆန့်ကျင်ဘို့မဟုတ်ဘူး။စည်းရုံး ပူးပေါင်းဘို့ပေါ့ဗျာ။ လူ လူချင်းဘဲနော်။ရသလောက် ဖောက်ကြည့်ပေါ့နော်။

  • thit min

    December 15, 2011 at 11:00 pm

    အခုချိန်ထိ ဝင်ရောက်ဆွေးနွေးပေးကြသူများကို များစွာကျေးဇူးတင်ပါတယ်ခင်ဗျာ။
    ကျနော် တခုပြောလိုပါတယ်။
    ကျနော်တို့တွေ “မဖြစ်နိုင်ဘူး” ဆိုတာတွေကိုနှစ်ပေါင်း ၂ဝကျော် ပြောခဲ့ကြပါပြီ။
    ဖတ်ခဲ့ကြပါပြီ။ ပြီးတော့ ကြုံခဲ့ကြရတဲ့အထဲမှာလည်း ဟုတ်တယ်မဖြစ်နိုင်ဘူး လို့
    ဘဲ ခံစားခဲ့ရပါပြီ။ ကျနော်မငြင်းလိုပါဘူး။
    အဲ ဒီကနေ့တွေမှာတော့ အများသိပြီးသားပါ။
    အနှစ် ၅ဝ အတွင်း ယူအက်စ်နဲ့ ပြန်လည်ပါတ်သက်လာတာမျိုးတွေလဲရှိနေပါပြီ။
    ယူအက်စ်ဝင်လာလို့လေသံပျော့လာတဲ့ အီးယူ၊ နောက်ကလိုက်လာတဲ့ ဂျပန်အိုဒီအေတွေဟာ
    (ဒဿမ ၁) လို့ဘဲ တွက်အုန်းတော့ အပေါင်းကတော့ အပေါင်းပါဘဲ လို့ ကျနော် ရိုးရိုးလေးမြင်ပါတယ်။
    ဆိုလိုတာက အချိန်ကာလ ပေါ်မှာအရာရာဟာ ပြောင်းလဲမှုရှိစမြဲပါ။
    ကြာတာမြန်တာတော့ ရှိမှာပေါ့ဗျာ။
    ~~~~~~~~~~~~~~~~~။
    ဆိုလိုတာက Individual reform တဦးချင်းပြုပြင်ရေး(ကျနော်တို့အားလုံးရဲ့စိတ်ထားများအပါအဝင်)
    ကျနော်တို့ပါတ်ဝန်းကျင်မှာရှိနေကြတဲ့ မိတ်ဆွေအပေါင်းအသင်းတွေကစလို့ လူတိုင်းလူတိုင်းရဲ့မကောင်းတဲ့ စိတ်ဓာတ်တွေပြင်ဘို့မဖြစ်နိုင်ဘူး၊လုပ်ရခက်တယ်ဆိုတာကျနော်တို့စွဲနေခဲ့တာကြာပါပြီ။ သိလည်းသိပြီးသားတွေပါဘဲလေ။
    အဲဒီတော့ အဲဒီဟာတွေ တွေးမဲ့အစား ဘယ်လို ဆိုရင် ဖြစ်နိုင်မလဲဆိုတာကိုတွေးကြည့်ဖို့ပါ။
    အရိုးစွဲနေတဲ့ အကျင့်ပျက်သူတွေ၊ ကိုယ့်ဘို့သာသိတဲ့ စီးပွါးရေးသမားတွေ၊ မြန်မာပြည်အရှေ့
    တောင်အာရှမှာကောင်းစားစဉ်က အောက်ခြေသိမ်းလုပ်ဖို့ မြန်မာပြည်ထဲဝင်လာပြီးကာမှ ထမင်းဝလို့
    ဇရပ်ပေါ်တက် လက်မထောင်တဲ့မြန်မာပြည်သားကိုကိုယ့်အမျိုးသားလို့သဘောမထားနိုင်တဲ့ ကျေးဇူးရှင်မြန်မာလူမျိုးကိုစော်ကားတဲ့ကျေးဇူးကန်း သူတွေ အားလုံးဟာ မြန်မာပြည်ရဲ့ ဒီနေ့
    ခေတ်ရဲ့ စိန်ခေါ်မှုတွေပါဘဲ။
    ကျနော်တို့ အဲဒီ “စိတ်ပုတ်၊စိတ်ယုတ်မာ၊စိတ်ထားညံ့ဖျင်းသူ၊ချိုးချိုးနှိမ်နှိမ်ပြောတတ်၊လုပ်တတ်သူ၊သူယုတ်များ”ကိုလည်းပြုပြင်ပေးရဘို့ဆိုတာ ခက်မယ်မှန်းသိပါတယ်။ ဒါပေမဲ့ ဖြေရှင်းရမှာပါ။ အဲဒီ ဖြေရှင်းနည်းကတော့ ကျနော့အလိုအရတော့
    ငြိမ်းချမ်းစွာ ဖြေရှင်းချင်တာမျိုးပါ။တောထဲက ဆင်ရိုင်းကျားရိုင်းတွေတောင်ယဉ်ပါးအောင်လုပ်လို့
    ရသေးရင်လို့စဉ်းစားပါတယ်။
    “ခုရှိနေတဲ့ ရှဉ့်တွေလဲလျှောက်လို့ရအောင်” ကျနော်တို့ဆောက်ချင်တဲ့ ” ပျားအုံကြီးလဲ တွယ်လို့ရအောင်”
    စဉ်းစား “ကြည့်” ရမှာပါ။
    ကျနော်တို့ Win-Win ဝင်း ဝင်း သီအိုရီ (၂ဘက် စလုံးနိုင်သီအိုရီ) ဖြစ်ဘို့တော့လိုလိမ့်မယ်ထင်ပါရဲ့။
    “ဘယ်လိုလုပ်ရင် အကောင်းဆုံးလဲလို့စဉ်းစားဖို့ပါ”။
    ~~~~~~~~~~~~~~~~~~။
    ဆက်လက်ဆွေးနွေးပေးကြပါအုန်း။

  • pooch

    December 16, 2011 at 12:14 am

    အသေအချာကို ဝင်ဖတ်သွားပါတယ်နော် ကိုသစ်မင်း
    တွေးစရာလေးတွေလည်း အများကြီး ရသွားပါတယ်နော်
    ဒီလိုပွဲကတော့ ကျမကလေ့လာ မှတ်သားနာယူရမဲ့ အလှည့်ပါ။ တတ်ကျွမ်းသူများ ဆွေးနွေးကြပါ။

  • comegyi

    December 16, 2011 at 1:39 am

    ဦးဆောင်ပြီးတော့ မဆွေးနွေးတတ်ပါဘူးကိုသစ်ခင်ဗျား
    သို့ပေမဲ့ အများဆွေးနွေးတဲ့အပေါ်မှာ တွေးမိခံစားမိတာလေးတွေကိုတော့
    ပြန်ပြီး ပြောကြည့်ချင်ပါတယ်ခင်ဗျား…….

  • Khin Latt

    December 16, 2011 at 7:04 am

    ဦးသစ်မင်းရှင့် – ဒီ မှာ Post ကျွန်မ ရဲ့ သာမာန် ဗဟုသုတနဲ့ Government Level အထိ မဆွေးနွေး နိုင်ပေမဲ့ အဲဒီ အဆင့်ရောက်ဖို့ အတွက် အခြေခံ လိုအပ်ချက် တစ်စိတ် တစ်ပိုင်း လေးတွေ ဝင်ဆွေးနွေး ချင်ပါတယ်။
    Seminar တက်ချင်လွန်းလို့ အချိန်လု ပြီး အမြန် ရေး ရလို့ အစပ်အဟပ် သိပ်မတည့် ရင် လဲ ခွင့်လွှတ်ကြပါ။
    အကြောင်းက –
    “ခေါင်းဆောင်ကောင်း Attitude နောက်လိုက်ကောင်း Attitude နှင့် Awareness” ဖြစ်ပါတယ်။

    (၁) နိဒါန်း
    အသင်း၊ အဖွဲ့ ဖြစ်လာပြီ ဆိုတာနဲ့ အရွယ်ပမာဏ သေးသေးကြီးကြီး တစ်ယောက်ထက် ကျော် ရင်ဘဲ သဘာဝ အရ ကို “ခေါင်းဆောင်” နှင့် “နောက်လိုက်” ဆိုတာ ဖြစ်လာမြဲ ဓမ္မတာ ပါဘဲ။ ဒီနေရာမှာ ခလေးတွေ ကစားရင်တောင်မှ သူ့တို့ထဲ မှာ ခေါင်းဆောင်ဆိုတာ အလိုလို ပေါ်လာမြဲပါ။ အဖွဲ့ကြီးရင်တော့ Organization Structure နဲ့ ရာထူး အနိမ့်အမြင့် Level တစ်ဦးနဲ့တစ်ဦး ဆက်စပ်လုပ်ဆောင် ရမဲ့ Relationship Chart ဟာ ဘယ် အဖွဲ့အစည်း မှာမဆို ရှိရပါတယ်။ Chart အများစု ကတော့ Traditional ပိရမစ် ပုံ နဲ့ Hierarchical Type ဖြစ်မှာပါ။ အဲဒီ မှာ ကြည့်ရင် ကျွန်မတို့ အများစုဟာ အချိန် နဲ့ နေရာ ပေါ်မူတည်ပြီး တစ်ချိန် မှာ ခေါင်းဆောင် ဖြစ်လိုက်၊ တစ်ချိန်မှာ နောက်လိုက် ဖြစ်လိုက် အနေအထား မှာရှိပါမယ်။
    ဒါပေမဲ့ တစ်ချို့ အခြေအနေ တွေမှာ informal ပုံစံ နဲ့ ခေါင်းဆောင်ဟာ နောက်လိုက် ဖြစ်နေသင့်တာလဲ ရှိကို ရှိရပါတယ်။
    (ဥပမာ – သူကြီး က ဒီ Site မှာ ခေါင်းဆောင် ဖြစ်ပေမဲ့ ဒီ Post မှာတော့ ဦးသစ်မင်း က ခေါင်းဆောင် ဖြစ်နေပြီး သူကြီးက နောက်လိုက် ဖြစ်ရပါမယ်။ :-))
    ခေါင်းဆောင် မှ မလုပ်ရရင် ဘာမှမလုပ်ဘူး။ သူများ နောက်လိုက် တော့ မလုပ်နိုင်ဘူး။ ဆိုတဲ့ သူတွေ ဆင်ခြင်သင့် ဖို့ နဲ့ ကိုယ့်အဖွဲ့အစည်း ကိုသာမက ကိုယ့်တိုင်းပြည် ကို ပိုမို ကောင်းမွန် တိုးတက်စေချင်လိုသူများ နဲ့ပါ ဆက်နွယ် တာမို့ ဒီ ခေါင်းစဉ်ကို ဆွေးနွေး လိုခြင်း ဖြစ်ပါတယ်။

    (၂) စာကိုယ်
    အများအားဖြင့် တော့ အဖွဲ့အစည်း တစ်ခု မအောင်မြင်ရင် ခေါင်းဆောင်ညံ့ လို့ ဆိုပြီး အပြစ်ပုံနိုင်ပါတယ်။ တကယ်တော့ ခေါင်းဆောင်မှု ဘယ်လောက်ဘဲ ကောင်းကောင်း အဖွဲ့ ထဲ မှာ ပါတဲ့ အဖွဲ့သားတွေ က Lousy ဖြစ်နေတာများရင် High Performance ကို မရနိုင် ပါ ဘူး။
    တစ်ဖက်ကပြန်ကြည့်ရင် ခေါင်းဆောင်ညံ့ဦး (Weak ဖြစ်ဦး) တော့ Strong ဖြစ်တဲ့ အဖွဲ့သား ကောင်းတွေ ရှိခဲ့ရင် ဖြစ်လာတဲ့ ပြဿနာတွေကို ဖြေရှင်းနိုင် ပြီး ပိုကောင်းတဲ့ နည်းလမ်းကို သူတို့ ရွေးချယ် သွားနိုင်ပါမယ်။ ပြီးတော့ အဲဒီခေါင်းဆောင် ကိုပါ ပထုတ် ဖို့ကြိုးစားပါမယ်။ ဒီမှာတင် အရည်အချင်းလဲမရှိ၊ နေရာလဲ ယူချင် တဲ့ ညံ့ဖျင်း တဲ့ ခေါင်းဆောင် ဟာ လဲ အဲဒီ ကောင်းတဲ့ အဖွဲ့သား တွေကို ဖယ်ထုတ်ဖို့ ကြိုးစားပါမယ်။ ဒီလို လူ ပြဿနာတွေကြား မှာ အဖွဲ့ ရဲ့ တိုးတက်မှုဟာ ဖြစ်လာမှာမဟုတ်တော့ပါဘူး။
    ဒီတော့ ခေါင်းဆောင် ရော နောက်လိုက်ပါ ကောင်းမွန်တဲ့ ရှိမှ အဖွဲ့ အစည်း ဟာ အောင်မြင်ပါ မယ်။
    ဘယ်လို Attitude ရှိမှ ခေါင်းဆောင်ကောင်း လို့ ခေါ်နိုင်လဲ။
    ဘယ်လို Attitude ရှိမှ နောက်လိုက်ကောင်း လို့ ခေါ်နိုင်လဲ။

    ခေါင်းဆောင်ကောင်း Attitude
    ခေါင်းဆောင်ကောင်း တစ်ယောက်ဟာ
    – ကိုယ့်ရဲ့ Field မှာရှိတဲ့ Knowledge နဲ့ Skill ကို အမြဲ ထက်နေအောင် သွေးနေချင်တဲ့ Attitude ရှိရပါမယ်။ ကိုယ့် အဖွဲ့ သား တွေ ရဲ့ ယုံကြည် မှုကို ရအောင် ကြိုးစားနေတဲ့သူ ဖြစ်နေသင့်ပါတယ်။
    – ကိုယ့်ကိုယ်ကို ရိုးသားစွာ အမြဲဝေဖန်နေရပါမယ်။ ကိုယ်ဘာလဲ၊ ဘာသိလဲ၊ ဘာလုပ်နိုင်လဲ ဆိုတာနဲ့ တွဲလို့ ကိုယ်မသိတာ ကိုယ်မလုပ်နိုင်တာ တွေ တွေ့လာပါမယ်။ လုပ်ငန်း အောင်မြင်ဖို့ ကိုယ်မလုပ်နိုင်တာ ကို လုပ်နိုင်တဲ့ သူ တွဲလုပ်နိုင်တဲ့ Attitude ရှိရပါမယ်။
    – ကိုယ့်ရဲ့ အဖွဲ့သား တွေ အကြောင်း ကို ကောင်းကောင်းနားလည် အောင် ကြိုးစားချင်တဲ့ Attitude ရှိရပါမယ်။ ဒါမှ လူအမျိုးမျိုး စိတ်အထွေထွေ မို့ မတူတဲ့ လူတွေ အတွက် Management Style ကို လိုသလို ပြောင်းသုံး နိုင် မှာဖြစ်ပါတယ်။
    – ကိုယ်တွေ့ကြုံ ရမဲ့ Situation တွေ ဟာ အမြဲတူ မနေနိုင်တာမို့ အခြေ အနေ အချိန်အခါ ပေါ်လိုက်ပြီး ကိုယ်လုပ်ရမဲ့ လမ်းကြောင်း ကို ပြောင်းနိုင်မဲ့ Flexible ရှိတဲ့ Attitude မျိုး ရှိရပါမယ်။
    – ကိုယ့်ရဲ့အဖွဲ့သား များနဲ့ ကောင်းမွန် ရှင်းလင်းတဲ့ Communication ကို ရှေ့တန်း ထားတဲ့ Attitude ရှိရပါမယ်။ လုပ်ဆောင်ချက်တစ်ရပ် ရဲ့ ရလာဒ် နဲ့ Feedback တွေ ကို အမြဲ အရေးထား စိတ်ဝင်စားသူ ဖြစ်ရပါမယ်။
    – အရေးအကြီးဆုံး အချက်ကတော့ ကိုယ့်အဖွဲ့ သားတွေဆိုတာဟာ လုပ်ငန်း အောင်မြင် အောင် တူညီတဲ့ ရလာဒ်တစ်ခု ဆီကို အတူသွားနေသူ တွေ ဖြစ်လို့ သူတို့ နဲ့ ကိုယ့်ရဲ့ ကြားမှာရှိတဲ့ ယုံကြည်မှု ကို ခိုင်အောင် ထားချင်တဲ့ Attitude ရှိသူ ဖြစ်ရပါမယ်။
    (အများကြီး ဆက်ဖြည့် နိုင်ပါတယ်။ ကိုယ့်ကို ဦးဆောင် မဲ့ ခေါင်းဆောင် ဟာ ဘယ်လို Attitude ရှိတဲ့ လူ ဖြစ်စေချင်ပါလဲ ????? )
    မည်သူမဆို စိတ်ဆန္ဒရှိရင် ခေါင်းဆောင်ကောင်း ဖြစ်နိုင်တယ်လို့ အဆိုရှိတာပါဘဲ။ ဒါပေမဲ့ ကိုယ်တိုင် မကျင့်ကြံ မကြိုးစားဘဲတော့ ခေါင်းဆောင်ကောင်း ဆိုတာ မဖြစ်ပါဘူး။

    နောက်လိုက်ကောင်း Attitude
    – အဖွဲ့က ချမှတ်တဲ့ ရည်မှန်းချက် ကို မလွဲမသွေ ရောက်အောင် မိမိကိုယ်ကို အဖွဲ့ရဲ့ ပန်းတိုင်မှာ Commit လုပ်ထားတဲ့ Attitude ရှိရပါမယ်။ ကိုယ့် စွမ်းအားကို အခြား အဖွဲ့သား တွေနဲ့ Align လုပ်နိုင် မဲ့ စိတ်ထား ရှိသင့်ပါတယ်။ ဒါမှ ရည်မှန်းချက် ကနေ သွေဖီ မသွားမှာ ဖြစ်ပါတယ်။
    – မိမိ ကိုယ်ကို အလုပ်မှာ ခေါင်းဆောင်က ခိုင်းမှ လုပ်မဲ့ အစား Initiative ယူ ပြီးလုပ်တတ်တဲ့၊ သင့်တော်ရာ ကိုယ့် ထင်မြင်ချက် ကို ပွင့်လင်း စွာ ဆွေးနွေးရဲ (ခေါင်းဆောင် နဲ့ ငြင်းခုံရဲ) တဲ့ Attitude ရှိရပါမယ်။
    – ကိုယ့် ခေါင်းဆောင် အပါအဝင် အခြားအဖွဲ့ သားများ နဲ့ ယုံကြည် မှု အပြန်အလှန် ဆောက်လိုတဲ့ Attitude ရှိရပါမယ်။
    – အဓိက အရေးကြီးဆုံး အချက်ကတော့ ကိုယ့်ရဲ့ ခေါင်းဆောင်ကို အားဖြည့်ပေး ချင်တဲ့၊ Support လုပ်ပေးချင်တဲ့ Attitude ရှိသင့်ပါတယ်။
    (အများကြီး ဆက်ဖြည့် နိုင်ပါတယ်။ ကိုယ် ဦးဆောင် မဲ့ နောက်လိုက် အဖွဲ့သား တွေ ဟာ ဘယ်လို Attitude ရှိတဲ့ လူ ဖြစ်စေချင်ပါလဲ ????? )

    နိဂုံး
    တကယ်တော့ လက်တွေ့မှာ ကျွန်မ အထက်က ပြောခဲ့တဲ့ အချက်တွေ တစ်ချို့ဟာ တစ်ခုနဲ့တစ်ခု Conflict ဖြစ်နေပါတယ်။
    Management စာအုပ်ကြီး တွေ ရဲ့ အတိုင်း အပြင်မှာ မဖြစ်တာတွေ လဲ အများကြီးပါဘဲ။
    ပြည့်စုံ ကောင်းမွန် တဲ့၊ ဘာကိုမှ ပြန်ပြင်စရာ မလိုတဲ့ အုပ်ချုပ်ရေး ဆိုတာ ဘယ်နိုင်ငံ၊ ဘယ်အဖွဲ့ အစည်း မှာမှ ရှိမှာမဟုတ်ပါဘူး။
    အားလုံးမှာတော့ သူ့ပြဿနာနဲ့ သူချည်းပါဘဲ။
    ပြဿနာတွေ လုံးဝမရှိစေဘဲ လုပ်ငန်းအောင်မြင်အောင် စွမ်းဆောင်နိုင်တဲ့ အလွန်တော်တဲ့ ခေါင်းဆောင်ကောင်း တွေ၊ နောက်လိုက်ကောင်း တွေလဲ ရှိမှာ မဟုတ်ပါဘူး။
    ဘာလို့ လဲဆိုတော့ ကျွန်မ တို့ အားလုံး အမှားနဲ့ မကင်းကြလို့ ပါဘဲ။ တစ်ခါမဟုတ်တစ်ခါ တော့ အမှား လုပ်မိပါမယ်။
    ဒါကြောင့် ဦးသစ်မင်း ပြောတဲ့ Awareness ကို ရှေ့တန်းထား ရမှာ အမှန်ပါဘဲ။
    အမှန်ဖြစ်စေ၊ အမှားဖြစ်စေ၊ သိလိုက်မိ ပါမှ အဲဒီ နောက်ဆက်တွဲရဲ့ အကျိုးဆက် ကို ဆက် သိ ပါမယ်။
    ဒါမှ အမှားဆိုပြန်ပြင်နိုင် ပြီး အမှန်ဆို လဲ ပိုကောင်းအောင် ထပ်ဖြစ်ဖို့ ဆက်ပြီး ယူနိုင်မှာပါ။
    ဆန္ဒ တကယ်ရှိ လို့ကျင့်ကြံ ကြရင်း ပိုကောင်းတဲ့ ဘက်ကိုရောက်မယ် လို့ မျှော်လင့်ပါတယ်။

    မှီငြမ်း –
    http://leadershipcenter.osu.edu/library/publications/leadership-moments/2000-leadership-moments/strengthen-the-leader-through-good-followership

    PS —- ဦးသစ်မင်း – ကျွန်မ ဆရာမ မဟုတ်၍ ဆရာမ လို့ မခေါ်စေလိုပါ။
    “ဒေါ်” ကတော့ တပ်သင့်ပြီမို့ ပြဿနာ မဟုတ်ပါဘူး။ 🙂
    ဒီလို လူအများ စဉ်းစားလာနိုင် အောင် စုစည်းပေးလို့ အထူးကျေးဇူးပါ။
    ကျွန်မလဲ အိမ်ထဲကနေ အော်နေမဲ့ အစား ဒီမှာ လာအော် လို့ ရသွား လို့ Site ပိုင်ရှင် Kai ကို လဲ အထူးကျေးဇူး တင်ပါ၏။

    • thit min

      December 17, 2011 at 10:44 am

      ပြန်လည်ဆွေးနွေးချက် (၅)
      မခင်လတ်ရေကျေးဇူးပါ။တရင်းတနှီးမခင်လတ်လို့ဘဲ ခေါ်လိုက်ပါတော့တယ်။
      အခုလို စာတမ်းပုံစံလေးနဲ့ ဆွေးနွေးပေးလို့ လွန်စွာတန်ဖိုးထားရပါတယ်။
      ကျနော် တခြားရှူ့ထောင့်တခု ကနေ ဒီလိုမြင်ထားပါတယ်။
      ABC-ART ပါ။အေ ဘီ စီ အနုပညာပေါ့ဗျာ။လွယ်လွယ်မှတ်ရင်။
      ABC- A-Attitude, B-Behavior, C-Contradiction
      စိတ်သဘောထား၊အပြုအမူ၊ (အတွေးအမြင် အယူအဆ) ကွဲလွဲချက် ဆိုပြီးသုံးမျိုးရှိပါတယ်။
      သဘောထားမှန်မှ အပြုမူမှန်မယ် ပြီးတော့ ကွဲလွဲချက်(လူတိုင်းဘယ်တူပါ့မလဲ) တွေကိုညှိနှိုင်း
      လုပ်ဆောင်နိုင်ပါမယ်တဲ့။
      ART- A-Accountability R-Responsibility , T-Transparency
      ထောက်ပြပြောဆိုနိုင်ခွင့်၊ တာဝန်ယူမှု၊ ပွင့်လင်းမြင်သာမှုပေါ့နော်။
      ခေါင်းဆောင်ဘဲဖြစ်ဖြစ်ငယ်သားဘဲဖြစ်ဖြစ်ရှိရမဲ့အရာတွေပါ။
      ဒါမှ အဆင်ပြေချောမွေ့စွာ လုပ်ဆောင်အောင်မြင်မှာပါ။
      ကျနော် တို့ တဦးချင်းမှာ အဲဒါတွေရှိရပါမယ်။
      Accountability=ထောက်ပြ ဝေဖန်တာကို ခံနိုင်ရည်မရှိကြဘူး ဆိုတာက အကြီးဆုံးလို့တောင်ထင်ပါတယ်။
      အမှန်ကိုလုပ် နေမယ်ဆိုရင်တော့ လဲ ဝေဖန်ခံနိုင်မယ်ထင်ပါရဲ့နော်။
      ပြင်သင့်တာတွေ ပါ။ ကျနော်တို့ကိုယ်တိုင်ကိုပြင်ရမှာပါ။ ကျေးဇူးပါ။ဆက်လက်ဆွေးနွေးပါအုန်းဗျာ။

  • inz@ghi

    December 16, 2011 at 7:35 am

    ဝင်ကြည့်တွားဘာသည်
    ပြန်ထွက်ပြေးတွားဘာသည်….

    စူပရာနို ဗိုကယ်လစ်စ်တွေ … အင်တာလုဒ် စ တီးနေတာတွေ့လို့ ….
    ဟီး ….

    ဆင်မီနာတွေဆို ခေါင်းဆင်နင်းသလောက် ကြောက်တတ်တဲ့
    ဂီ…

  • amatmin

    December 16, 2011 at 9:33 am

    ဆရာသစ်ရေ..
    အချိန်ရတိုင်း ဝင်ဖတ်နေပါတယ်…ကွန်မန့် တွေ တက်လာတာမြင်တိုင်း ပို့စ်ကို ပြန်ဖတ်ပါတယ်.
    အကိုတို့လို တတ်ကျွမ်းနားလည်.. စာနာတတ်သူတွေ က အများအတွက် ရှားပါးတဲ့ ကိုယ့်အချိန်တွေကို ဖဲ့ပေးပြီး
    ဆွေးနွေးပေးနေ တာလို့ မှတ်ယူသလို လိုအပ်ရင် ကိုယ် ကိုယ်တိုင် ပြောင်းလဲဖို့အတွက်အသင့်ပြင်ထားရင်းနဲ့ပေါ့ဗျာ..

    အကိုရေ.. အောက်ကဆောင်ပုဒ် လေးက ကိုဂီရဲ့ ဘောလုံးပိုစ် ကနေ ကျွန်တော်မှတ်ထားတာလေးပါ..

    ဥပဒေသ(၂)။ အသင်းအဖွဲ့တိုင်းတွင် ကျရာ အခန်း ကဏ္ဏမှ စွမ်းစွမ်းတမံ ဆောင်ရွက်ခြင်းဆိုသည့်
    စကားလေးကို လက်ဆောင်ပေးချင်ပါ၏။

    • thit min

      December 18, 2011 at 1:02 am

      ကိုအလင်းဆက်ရေ ကျေးဇူးပါနော်။
      စွမ်းစွမ်းတမံ ဆိုတဲ့စကားကို All out of effort (Englishလို) ပြောရမယ်ထင်တယ်။ အားစိုက်ထုတ်မှု အကုန်လို့နောက်တမျိုးပြောလို့ရတယ်..
      လူဟာအဲဒီလိုဖြစ်ဘို့
      (အနုနည်း=) ၁။စွဲဆောင်မှု(သို့)မက်လုံး Incentive
      (အကြမ်းနည်း=)၂။ အမိန့် (သို့)ချုပ်ကိုင်မှု Command and Control
      လိုတယ်။ ကဲ ဘာကိုသုံးသင့်လဲ?

      • TTNU

        December 20, 2011 at 12:00 am

        ကိုသစ်ရေ….
        (အနုနည်း=) ၁။စွဲဆောင်မှု(သို့)မက်လုံး Incentive
        (အကြမ်းနည်း=)၂။ အမိန့် (သို့)ချုပ်ကိုင်မှု Command and Control
        လိုတယ်။ ကဲ ဘာကိုသုံးသင့်လဲ? ဆိုတော့ ….

        Incentive ပေးမယ်ဆိုရင် အားစိုက်ထုတ်မဲ့ သူတွေက ဆက်ထုတ်ချင်နေမြဲ။
        ဘာကြောင့်လဲဆိုတော့ Inducing Labour ဖြစ်နေတော့ ..အလိုလို အားပါနေတယ်လေ။
        ( ဗမာစကားတစ်ခုရှိတယ်။” မြှောက်ပြောမှန်းသိပေမဲ့ ဂွေးတက်အောင်ကတတ်သတဲ့”)
        {Sorry for my language.}
        Command and Control နည်းကိုသုံးရင် စည်းကမ်းမလိုက်နာသူတွေကိုသာ Tighten
        လုပ်လို့ နည်းနည်း ရချင်ရမယ်။ ကိုယ်ရည်ကိုယ်သွေးရှိသူတွေ အတွက် Skills Blocking
        ဖြစ်သွားနှိုင်တယ်။ ( ဗမာစကားတစ်ခုရှိလေရဲ ့။ အသုဘမှာ နေရာတကာ
        ဆရာလုပ်လွန်းသူက “ဘုန်းကြီးတွေ ရှေ ့ က ကြွရမှာ” လို့ လိုက်ပြောသလိုဖြစ်နေမယ်)

        ဒါကြောင့် အားစိုက်ထုတ်မှု အကုန် ရအောင် CC Strategy ကို အဓမ္မ သုံးရင်တော့ အားမပေးချင်ပါ။

        ှု

        • thit min

          December 20, 2011 at 12:15 am

          Dec-20 Reply (1)
          ဟုတ်ကဲ့ တီတီနုခင်ဗျား
          ပါဝင်လာလို့ဝမ်းသာရပါတယ်။
          ကျနော်တို့ပညာရေးဘက်ကို သွားနေပါတယ်။ ဆွေးနွေးပေးပါအုန်းခင်ဗျာ။
          ~~~~~~~~~~~~~~~~~~~~~~~~~~~~~~
          အဲဒီ Command and Control ဆိုတာ ခုနောက်ပိုင်း Environmental issue တွေမှာတော်တော်သုံးရပါတယ်။
          သူ့ဟာသူနေတဲ့သူကို ဘာမှ Action မသက်ရောက်ပါဘူး ခင်ဗျား။
          ပြောရရင် ဒီနယ်မြေမှာဆေးလိပ်မသောက်ရဆိုရင် …..မသောက်ရင် ဘာ မှအရေးမယူဘူးဆိုတာမျိုးပါ။
          သောက်သူကိုဘဲ အရေးယူပါတယ်၊
          ဆိုတော့ကာ တီတီနုပြောတဲ့ တော်သူတွေအတွက် မထိခိုက်နိုင်တဲ့ နည်း လမ်းပါ။
          အဲဒီ Incentive , CC ၂ ခုကတွဲသုံးလေ့ရှိပါတယ်။
          နိုင်ငံရေးစာရေးဆရာ ( Joseph Nye )ပြောခဲ့တဲ့ Carrot and Stick ပါ။
          လူကောင်းတွေအတွက် Carrot ၊ လူဆိုးတွေအတွက် Stick ပေါ့ခင်ဗျာ။
          {သူကြီးတောင်ဒီနေ့တနေရာမှာ မန့်ထားတယ်ထင်ပါရဲ့။}

  • Moe Z

    December 16, 2011 at 10:27 am

    ဆီမီနာကိုလာတက်ပါတယ် ဘာမှမတတ်လို့ ဘာမှမပြောတော့ပါဘူး
    သူများပြောတာတွေပဲ နားထောင်တော့မယ် 🙂

  • ကိုရင်စည်သူ

    December 16, 2011 at 11:53 am

    ဆရာသစ်ရေ.. ဆီမီနာကို တက်သွားပါတယ်ဗျာ…
    အပေါ်က အကိုတွေ အမတွေပြောတာလည်း
    တော်တော်လေး ပြည့်စုံနေပါတယ်…
    နဝေတိမ်တောင်နဲ့ ဖတ်မှတ်သွားပါတယ်ခင်ဗျာ.. 🙄 🙄

    လေးစားစွာချစ်ခင်တဲ့
    ကိုရင်စည်သူ

  • super

    December 16, 2011 at 3:04 pm

    ကျနော်ကတော့ နေ့တိုင်းရွာထဲကို ဝင်ဖြစ်ပါတယ်၊ ပိုစ့်တွေကနေ ဗဟုသုတ အများကြီးရပါတယ်၊ ကွန်မန့်တွေအားလုံးရောပေါ့၊ ကျနော်က ပါဝင်ဆွေးနွေးလို့ ညဏ်မမှီတဲ့အတွက် မဆွေးနွေးရဲပါဘူး၊ ဒါပေမယ့် ပိုစ့်တော်တော်များများကိုတော့ ကျနော်ဖတ်ဖြစ်ပါတယ် ဖတ်တဲ့ ပိုစ့်တွေမှာလဲ ကျနော့်အတွက် မှတ်သားစရာလေးတွေရတဲ့အတွက် ဂဇက်ရွာသူား အားလုံးကို ကျေးဇူးတင်ပါတယ်ဗျာ………. 🙂

  • လင်းဝေ

    December 16, 2011 at 5:06 pm

    ဒီပို့စ်ကို ကွန်မန့်တင်ရင် ပျက်သွားလိုက်ပျောက်သွားလိုက်နဲ့ seminar မှာ ဆွေးနွေးဖို့ အလှည့်မကျ မိုက်မရ သလိုဖြစ်နေပါတယ် ခင်ဗျား။
    ဆရာရေ,
    တစ်ယောက်တစ်လက် ရွှေ့တာကနေ “အရွေ့” ဖြစ်လာခဲ့ရင် အဲဒီ အရွေ့ ထိရောက်မှန်ကန်ဖို့ အတွက် “စနစ်” ရှိနေသင့်ပါတယ်။ မြန်မာ့လူ့အဖွဲ့အစည်းက “စနစ်” နဲ့ အရမ်းဝေလွန်းတော့ စနစ် မှန်ကန်စွာပေါ်လာဖို့ သိပ်ကို စိုးရိမ်မိပါကြောင်း။
    အစိုးရ နဲ့ အစိုးရ ယန္တယား ကို စနစ်ကို မောင်းနှင်သူနဲ့ စနစ် အဖြစ် သေချာရှင်းလင်းစွာ မြင်ကြဖို့ပါ။
    ပြည်သူ့ဝန်ထမ်းတွေက စနစ်ကို သစ္စာရှိပြီး အစိုးရက တိုင်းပြည်အပေါ်သစ္စာရှိစွာ စနစ်ကို မောင်းနှင်မယ့် အခြေခံ ယူဆချက်ကို ပိုမို ရှင်းလင်း ပီပြင်စွာ တာဝန်ယူနေသူ၊ယူလိုသူများ၊တာဝန်ပေးအပ်မည့်သူများ အားလုံး သိနေကြဖို့ ကျနော်တို့ကြိုးစားကြရပါဦးမယ်ခင်ဗျား။

    • thit min

      December 18, 2011 at 12:38 am

      ပြန်လည်ဆွေးနွေးချက် (၆)
      ကျနော် လည်း အလုပ်များနေလို့ကိုလင်းဝေရေ ။
      ခင်ဗျားရဲ့ ဆွေးနွေးချက်လေး က Moral Agent, Global Citizen တို့ကိုသတိရစေတယ် မိတ်ဆွေကြီးရေ။
      ကိုယ်ကျင့်တရားကောင်းမွန်သောလုပ်ပိုင်ခွင့်ရှိသူ(သို့)အများ၏ကိုယ်စားလှယ် = Moral Agent
      ကမ္ဘာ(ဂလိုဘယ်)နိုင်ငံသား(သို့) လူသားအားလုံးငြိမ်းချမ်းရေးနှင့်တိုးတက်ရေးဆောင်ရွက်သူ =Global Citizen
      လို့မှတ်သားဘူးတယ်ဗျ။
      ကိုယ်ကျင့်တရားကောင်းဘို့ဆိုတာ ပြောသလောက်မလွယ်ပေဘူးမိတ်ဆွေကြီးရေ။
      အဲဒီ စနစ် ဆိုတာကိုယ်ကျင့်တရားနဲ့ တိုက်ရိုက်ပါတ်သက်တယ်ဗျ။
      “မူ” တခု ချထားရင် အဲဒါကို လူမြင်ရင်တမျိုး လူမမြင်ရင်တမျိုး လူသိရင်တမျိုး မသိရင်တမျိုး လုပ်တတ်တာ
      သက္ကောဥဇူစ သုဥဇူစ =ရိုးသားခြင်း အလွန့်အလွန်ရိုးသားခြင်း မရှိတာ။ ကိုယ်ကျင့်တရားမရှိဘူး
      ဆိုတော့ကာ စနစ် ချပေးလို့ ဘယ်လိုက်လုပ် မှာလဲဗျာ။
      ခေါင်းဆောင်ကောင်း “အများကြီး” လိုတယ်ဗျ။
      ဟိုးအပေါ်က လူလဲ ကောင်းရမယ်။ အဆင့်ဆင့်ခေါင်းဆောင်တွေလဲ ကောင်းရမယ်။
      နောက်လိုအပ်ချက်တခုကတော့ Law with severe action လုပ်ပြီး နဲနဲကြမ်းပေးသင့် ပေးရမယ်။
      ရိုးသားလာအောင်ပေါ့ဗျာ။

      Corruption Perceptions Index=လာဘ်ပေးလာဘ်ယူတွေအပါအဝင်အဂတိလိုက်စားမှုညွန်ကိန်း
      မှာ နိုင်ငံ ၁၈၂ နိုင်ငံမှာ ကျနော်တို့နိုင်ငံ က ၁၈ဝ ဗျ၊ အောက်မှာ “ဝိုင်းကျဉ်ခံ မြောက် ကိုးရီးယား-၁၈၂နဲ့
      အစိုးရသတ်သတ်မှတ်မှတ်မရှိတဲ့နိုင်ငံ-ဆိုမာလီယာ-၁၈၁”ဘဲ ရှိတာဗျ။ အဲဒါ ဆင်းရဲ တာနဲ့ မဆိုင်ဘူး။
      ကိုယ်ကျင့်တရားနဲ့ ဘဲ ဆိုင်တာ။
      အချိန်ယူလုပ်ရမဲ့အလုပ် ဗျ။ ကျနော် တွေးထားတာ တခုတော့ရှိတယ်။ အနှစ်ချုပ်မှဆွေးနွေးမလို့ဗျ။
      အားလုံးရဲ့ ကောင်းသောအကြံဉာဏ်များကို ခဏကြည့်ပါရစေဗျာ။

  • E.T

    December 16, 2011 at 7:56 pm

    ကိုသစ်မင်း၏ပိုစ့်ကို အမြဲစောင့်ဖတ်ပါတယ်။ ဉာဏ်မမှီလို ့ ဝင်ရောက်မဆွေးနွေးပါ။

  • windtalker

    December 16, 2011 at 8:09 pm

    ကစ်သို ရေ
    ညီငယ် မောင်ပေ သည် ခပ်ပေါ့ပေါ့ နေ ကာ ခပ်ပေါ့ပေါ့တွေးရင်း ခပ်ပေါ့ပေါ့ အလုပ်များ လုပ်ပြီး ဝမ်းကြောင်း နေသူတစ်ဦး ဖြစ်ပါသည် ခင်ဗျား ။
    ကစ်သို ရေးသော ပို ့စ်များကို အမြဲဖတ်ရင်း ၊ ကျွန်တော် တို ့နိုင်ငံအပေါ် ထားတဲ့ စေတနာ ၊ တိုးတက် ကောင်းမွန်စေချင်သော စေတနာ ကို သဘောပေါက်မိပါသည် ။
    ကစ်သို ကဲ့သို ့ရေးရန် ၊ အိုင်ဒီယာ ပြရန် ၊ လမ်းပြရန် ကိစ္စမှာမူ မောင်ပေ အနေဖြင့် လွန်စွာမှ ဝေးလွန်းလှပါသည် ။
    မောင်ပေ ဘာလုပ်တတ်လဲ ဆိုရင် ပေါ့ပေါ့ပါးပါးဖတ်စရာ အန်တာတိန်းမင့် များဖြင့်သာ ၊ ဘောလမ်းညွှန် များ ရေးရုံမျှ သာ တတ်စွမ်းနိုင်ပါသည် ခင်ဗျား ။

  • Oo Oo

    December 16, 2011 at 9:53 pm

    အားလုံးပဲ..မင်္ဂလာပါ
    အထက်မှာအားလုံးဝိုင်းဝန်းဆွေးနွေးထားကြတာတွေ ကောင်းကြပါတယ်
    ဒီနေရာမှာ..ကျနော်တို့မြန်မာနိုင်ငံကြီး..ဒီမိုနိုင်ငံတော်ကြီးအဖြစ်ဖွံ့ဖြိုးကောင်းစားဖို့အရေးကို..ကျနော်ဉာဏ်မှီသလောက်အတွေးပါးပါး
    လေးနဲ့ကျနော့အမြင်ချပြခွင့်ပြုပါ..အမှားပါရင်လဲဝင်ရောက်ထောက်ပြဝေဖန်ကြပါ
    နိုင်ငံဖွံ့ဖြိုးဖို့တင်မကပဲပြည်သူလူထုတစ်ရပ်လုံးပါဖွံ့ဖြိုးဖို့လိုအပ်ပါတယ်
    (ပြည်သူလူထုတရပ်လုံးဖွံ့ဖြိုးဖို့ဆိုတာ…နိုင်ငံကြီးသားပီသစွာနေထိုင်တတ်စေဖို့ကိုဆိုလိုတာပါ)
    နိုင်ငံဖွံ့ဖြိုးကောင်းမွန်လာစေဖို့အတွက်..ကျင့်သုံးဖို့ပြဌါန်းထားတဲ့ဥပဒေ တွေကအလွန်အရေးပါနေပါတယ်
    ချမှတ်ထားတဲ့..ဥပဒေ တွေက..နိုင်ငံရဲ့ကောင်းကျိုးနဲ့ပြည်သူလူထုရဲ့ကောင်းကျိုးကိုလက်တွေ့ကျကျအကျိုးသက်ရောက်
    နေဖို့လိုပါတယ်..အဲ့လိုပြည်သူ့အကျိုးပြု ဥပဒေ စည်းမျဉ်းစည်းကမ်းကောင်းတွေ ရှိပါပြီဆိုရင်ဖြင့် အဲ့ဒီဥပဒေ လုပ်ထုံးလုပ်နည်း
    စည်းမျဉ်းစည်းကမ်းတွေကို ရုပ်လုံးဖေါ်အသက်သွင်း မောင်းနှင်ရသူဆိုင်ရာဝန်ထမ်းအဆင့်ဆင့် တွေဟာအရေးပါလာပါတယ်
    ဥပဒေဆိုတာမျိုးက..နေရာတိုင်းမှာ ( ၂+၂ =၄ ) ဆိုပြီးပုံသေသတ်မှတ်ပေးဖို့မဖြစ်နိုင်တော့ကာ…ဘောင်တစ်ခုသတ်မှတ်ပြီး
    ဥပဒေမောင်းနှင်သူကိုလုပ်ပိုင်ခွင့်အတိုင်းအတာတစ်ခုပေးထားရပါတယ်..ဒီနေရာမှာဝန်ထမ်းဖြစ်သူရဲ့လုပ်ဆောင်ချက်ကအရေး
    ပါလာပါတယ်.. မီဒီယာတွေကတော့အထိန်းအကွပ် လုပ်ဖို့လိုအပ်ပါတယ်…ဝန်ထမ်းတွေမမှန်မကန်လုပ်ရပ်တွေလုပ်ခဲ့ရင်မီဒီယာတွေကဖေါ်ရပါမယ်…အထက်ကတာဝန်ရှိသူတွေကလိုအပ်တဲ့အရေးယူဆောင်ရွက်မှုတွေတကယ်လုပ်ရပါမယ်
    ဝန်ထမ်းတွေကိုလဲခေတ်နဲ့ညီတဲ့လူနေမှုဖူလုံတဲ့လစာသတ်မှတ်ပေးဖို့လိုပါတယ်..
    ဒါကအရေးကြီးတဲ့အုပ်ချုပ်ရေးအပိုင်းမှာဖြစ်သင့်တာကိုတွေးမိသလောက်လေးအကျဉ်းချုံးဝင်ရောက်ဆွေးနွေးခြင်းပါ.
    ကျန်ပြုပြင်သင့်တဲ့..ပညာရေး..စီးပွါးရေး နဲ့အခြားသောအကြောင်းအရာများလည်းအများအပြားရှိနေပါသေးတယ်

    • thit min

      December 18, 2011 at 12:52 am

      ပြန်လည်ဆွေးနွေးချက် (၇)
      ဦးဦးရေ ကျေးဇူးပါ။
      အသေးစိပ်ကလေး ရေးပြပေးလို့တန်ဖိုးရှိလှပါတယ်။
      အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး ဆိုတဲ့ အာဏာခွဲဝေမှု (ပါဝါအလိုကေးရှင်း)
      ကိုဘဲ ပြောနေတာလို့ သဘောပေါက်ရပါတယ်။
      မီဒီယာဆိုတာကလဲ အဲဒီ ကျနော်တို့အထက်မှာဆွေးနွေးခဲ့ကြတဲ့ ထောက်ပြဝေဖန်နိုင်ခွင့်ပါဘဲ။
      ကောင်းသောအကြံဉာဏ်များပါ။
      မေးခွန်းက ဘယ်လိုလုပ်ရမှာလဲပေါ့ခင်ဗျာ။
      ကျနော်တို့ရဲ့အပေါ်ကအဖြေရှာဆွေးနွေးချက်များနဲ့ ကိုက်ညှိကြည့်ပြီး “အသစ်” တွေ့ရင် အမိန့်ရှိပါအုန်းလို့။

      • Oo Oo

        December 18, 2011 at 11:28 pm

        ကိုသစ်မင်းရေ…
        ကျနော်ရဲ့စာရေးအားညံ့လို့မရှင်းမလင်းဖြစ်သွားတာကို..နားလည်ဖတ်ရှု့ပေးတဲ့အတွက် ကျေးဇူးပါ
        ကိုသစ်မင်းတို့လိုပညာရှင်ဆန်တဲ့အချက်အလက်တွေနဲ့ချပြရှင်းလင်းထားတဲ့အတွေးအခေါ်ကောင်း
        တွေအပေါ်မှာဝင်ရောက်ဆွေးနွေးအကြံပြုရလောက်အောင် ကျနော့မှာဉာဏ်မမှီပါဘူး..
        မြန်မာပြည်ကောင်းစားစေလိုတဲ့စိတ်တစ်ခုထဲနဲ့..ကိုသစ်မင်းမေးခဲ့သလို..
        “မေးခွန်းက ဘယ်လိုလုပ်ရမှာလဲပေါ့ခင်ဗျာ။” ဆိုတဲ့မေးခွန်းကို
        ပကတိအခြေအနေအပေါ်မှုတည်ပြီးကျနော်ဉာဏ်မှီသလောက်လေးရောဂါရဲ့အတိမ်အနက်ကိုပြကြည့်ပါမယ်
        ရောဂါတစ်ခုကိုကုသဖို့ဆိုတာက..ရောဂါဖြစ်လာရတဲ့အကြောင်းရင်းဇစ်မြစ်ကိုအရင်လေ့လာပြီးမှ
        ကုသနိုင်တဲ့ဆေးနဲ့..နောင်ကိုမဖြစ်အောင်ဘယ်လိုကာကွယ်ရမယ်ဆိုတာကိုပါသိနိုင်မှာဖြစ်ပါတယ်
        ကျနော်တို့နိုင်ငံကြီးအဘက်ဘက်ကယို့ယွင်းနိမ့်ကျလာခဲ့တာမျိုးဆက်နဲ့ချီပြီးကြာခဲ့တာအားလုံးအသိပါ
        အုပ်ချုပ်ရေးတရားစီရင်ရေးအပါအဝင်အစိုးရယန ္တယားကြီးတခုလုံး မှာရှိတဲ့ဝန်ထမ်းအများစုဟာ..ဘယ်လို
        ရည်ရွယ်ချက်..ဘယ်လိုစိတ်ဓါတ်..ဘယ်လိုခံယူချက်တွေကျင့်သုံးပြီးမောင်းနှင်နေတယ်ဆိုတာ အားလုံး
        သိပြီးသားဖြစ်မှာပါ..(စကားချပ်….ရိုးရိုးကျင့်သူအချို့လဲရှိတဲ့အတွက်သူကိုတော့အားနာမိပါကြောင်း)
        မိသားစုစားလောက်ဖို့အရေးလာဒ်တောင်းသူလဲရှိရဲ့..ညနေရုံးဆင်းချိန်မှာအမောပြေဘီယာဆိုင်လေးမှာ
        သုံးဖို့စွဲဖို့..ရှာဖွေကြသူကလဲမနဲ…အဲ့တာထက်ပိုပြီးမာဆက်တို့ကေတီဗီတို့ကိုချီတက်ဖို့အရေးကြိုးစားနေကြ
        သူလဲရှိရဲ့..ဒီထက်ပိုတဲ့လူတွေအတွက်တော့.သားမယားတွေအသိုင်းအဝိုင်းမှာသုံးဖြုန်းနိုင်ရေး..အငယ်မလေးတွေ
        ကိုထောက်ပံ့နိုင်ရေး…စသဖြင့်ကြီးရင်ကြီးတဲ့အလျောက်..ငယ်ရင်ငယ်တဲ့အလျောက်..ဘယ်တော့မှမပြည့်နိုင်တဲ့
        ဆန္ဒလေးတွေအတွက်..ဆင်ခြေလေးတွေကတော့အမြဲရှိနေမှာပါ
        အုပ်ချုပ်မှုယန ္တယားထဲကအဲ့လိုအခြေအနေတွေကိုပြုပြင်ဖို့ဆိုတာ..ကျနော်တော့ဉာဏ်မမှီလို့မတွေးတတ်သေး
        ပါ..အဲ့ဒီအပိုင်းကိုပြုပြင်နိုင်ပြီဆိုရင်ပြည်သူလူထုအပိုင်းမှာပြုပြင်ဖို့ဆိုတာသိပ်ခက်မယ်မထင်တော့ဘူးဗျ
        အားလုံးရဲ့ရင်ထဲမှာ..ငါတို့ရဲ့အမိမြန်မာပြည်ကြီးကောင်းစားရေးအတွက်ဆိုတဲ့စိတ်ဓါတ်နဲ့ကိုယ်စီတာဝန်ယူပြီး
        ကြိုးစားကြမယ်ဆိုရင်ကမ ္ဘာ့အလယ်မှာရွှေရောင်လွှမ်းတဲ့ပြည်မြန်မာဖြစ်လာမှာသေချာပါကြောင်း

  • alinsett

    December 17, 2011 at 6:30 pm

    ဆက်လက် ဝေမျှပေးပါဦး..ဆရာသစ်မင်းရေ..။
    အလက်စင်းတို ့က ဆရာသစ်မင်းတို ့ရဲ ့စာ ဆိုရင် သေချာကို စောင့်မျှော်နေပါတယ်။

    လေးစားခင်မင်စွာ..

    အလင်းဆက်

  • “ဘီလူးကြီး”ogre

    December 17, 2011 at 7:08 pm

    ကောင်းဖို့ပြောနေကြတာသိတယ်…ဒါပေမယ်
    ဘာမှမပြောတတ်ဘူးဗျ..အဲဒါမှ ဓါတ်ခပဲ
    အရင်အစိုးရလက်ထက်က ““မမ””ဝန်ကြီးအသစ်ပြောသလိုပဲ
    အားလုံးက ကောင်းအောင်လုပ်နေကြရင်
    ““အခု အရင်ထက်ကောင်းအောင်လုပ်””..ဒါဗျဲ….လို့ပဲပြောတတ်တော့တယ်
    နို့ တိမှမတိပဲဂိုဗျ.. 🙂

    • thit min

      December 18, 2011 at 1:11 am

      ဟေ့ကိုဘီလူးရေ
      ဒီနေ့ကျနော် အဝတ်ဆိုင်မှာ မိတ်အင်မြန်မာ အဝတ်တွေ တွေ့ခဲ့လို့ ခင်ဗျားကိုအမှတ်ရလိုက်သေးတယ်ဗျို့။
      ဂျပန်ကိုသွင်းလာတဲ့တရုတ်ကွာလတီနဲ့ တူတူဘဲဗျ။ (ဂျပန်ကဂျီးများတော့ တော်ရုံကွာလတီ မသွင်းဘူးဗျ)
      အင်း နဲနဲတော့အားရှိသွားတယ်။ ဘွတ်ပုံစံမျိုးကျနော် စီးနေကျ ဖိနပ်မျိုးလဲ တွေ့ဘူးတယ်။မိတ်အင်မြန်မာ။
      တိုင်းပြည်ကောင်းလာရင်တော့ ဈေးကွက်ရှယ်ယာ ရ နိုင်တယ်ဗျာ။အသေအချာဘဲ။
      ဆရာမောင်စူးစမ်းကပြောဘူးတယ်ဗျ။
      Aid အိဒ်(အကူအညီ-အိုဒီအေတို့ဘာတို့ပေါ့ဗျာ) မလို
      Trade ထရိတ်(ကုန်သွယ်ရေး) သာလို၏ တဲ့။
      ကျနော်ကတော့ နဲနဲလောဘ ကြီးတယ်ဗျာ။
      ၂ ခုလုံးကို လိုချင်တာ။ (^^)

      • “ဘီလူးကြီး”ogre

        December 18, 2011 at 10:17 am

        ဂျာပန် တွေ့မှာပေါ့ ကိုသစ်ရဲ
        ကျုပ်တို့ Garment အကုန်နီးပါး ဂျာပန် Order နဲ့ လုပ်နေကြတာကိုဗျ
        အဝတ်အထည်တင်မဟုတ်ဘူး ရှုးတွေဘွတ်တွေ အကုန်ချုပ်တယ်
        ဂျာပန်တွေ နည်းနည်းတော့ချေးများသားဗျ
        အမှန်တော့ Garment ဆိုတာ
        နိုင်ငံတော်ဝင်ငွေကို
        သစ်တောမပြုန်း
        နိုင်ငံခြားငွေအပြင်မရောက်
        သယံဇာတမဆုံးရှုံး
        မီးခိုးမထွက်
        ပတ်ဝန်းကျင်မညစ်ညမ်းစေဘဲ
        နိုင်ငံခြားငွေရှာပေးနေတာဗျ

  • zaw min

    December 17, 2011 at 9:55 pm

    ဂေဇက်မှာ ရှိနေတဲ့ အချိန်တွေမှာ တန်ဖိုးအရှိဆုံးပါပဲလို့ထင်မိတယ်….
    ဒီအထဲမှာ ထက်မှန်အားဖြည့်ရရင် ကိုရင်မောင်အတိုင်းလိုက်ရပါ့မယ်….
    ဥပဒေရဲ့အထက်မှာ ဘာမှမရှိစေရဆိုတဲ့ အချက်ကို တစ်ကယ်လက်တွေ့ပြလုပ်ဆောင်ဖို့လိုပါတယ်…
    တရားဥပဒေဆိုတာ တရားမျှတသော ဥပဒေဖြစ်ဖို့လိုပါတယ်…

  • ကိုသစ်ရေ
    ကျနော်တို့ဆီမှာ သီအိုရီသိတဲ့လူတွေရှိတယ်။
    ဒါပေမယ့် အသုံးမချဘူး၊
    လက်တွေ့လုပ်နေရတဲ့သူတွေရှိတယ်။
    ဒါပေမယ့် သီအိုရီမသိဘူး။
    အဲတော့ သီအိုရီရှိပြီး လက်တွေ့မရှိသူနဲ့
    လက်တွေ့ရှိပြီး သီအိုရီမရှိသူတွေကို ပေါင်းပြီး
    “သားစိုး”လုပ်နိုင်မယ်ဆိုရင်ဖြင့်……………………………………………….

    • thit min

      December 17, 2011 at 11:52 pm

      ကိုပေါက်ရေ
      သီအိုရီဆိုတာ မြန်မာလိုမှန်ကန်ချက်ပါဘဲ။
      မိုးပေါ်က ကျလာတဲ့ သီးသန့်သဘောမဆောင်ပါခင်ဗျာ။
      မိန်းကလေးချောချောလေးမြင်ရင် ယောက်ကျားလေးတွေလိုက်ကြည့်ကြမယ်ဆိုတာလည်းသီအိုရီပါ။
      ဆားငန်တယ်။ သကြားချိုတယ် ဆိုတာတွေလဲသီအိုရီပါဘဲခင်ဗျ။
      အာဏာနဲ့ လုပ်ပိုင်ခွင့်ကို မိသားစု တစုထဲရှိတဲ့အိမ်မှာဘဲ ဖြစ်ဖြစ်၊အဖွဲ့အစည်းတခုမှာဘဲဖြစ်ဖြစ်၊
      နိုင်ငံတနိုင်ငံမှာဘဲ ဖြစ်ဖြစ် တယောက်ထဲက အကြာကြီး “ယူ” ထားရင် အာဏာရှင်ဖြစ်တယ်ဆိုတာလည်းသီအိုရီပါဘဲ။
      အမှန်တော့ သီအိုရီကိုယ်တိုင်ကိုက လက်တွေ့ဖြစ်ရပ်ပါခင်ဗျာ။ အဲ ကိုယ့်ဆီမှာမရှိသေးလို့၊
      မလုပ်နိုင်သေးလို့ဆိုတာတော့ ရှိတာ ကျနော် လက်ခံပါတယ်ခင်ဗျ။
      ဒါပေမဲ့ သီအိုရီဆိုတာစိတ်ကူးယဉ်မှု ကမွေးလာတာမဟုတ်ဘဲ၊ လက်တွေ့ကမွေးပေးလိုက်တဲ့
      သင်ခန်းစာ၊လိုက်နာကျင့်ကြံစရာ၊ ရှောင်ရှားစရာ များပါ။
      ဆိုလိုတာက သူများတွေ အဲဒီ ဟင်း ကို အဲဒီလို ချက်တာကွ။
      တို့ချက်ကြည့်ရအောင်ဆိုတာမျိုးနဲ့ တူပါတယ်ခင်ဗျာ။
      ~~~~~~~~~~~~~~~~~

      ကိုပေါက်ပြောတဲ့ လက်တွေ့နဲ့သီအိုရီ ပေါင်းစပ်ရောသမမွှေ ရတော့မဲ့ အချိန်လည်း
      ရောက်လာတော့မယ်ထင်ပါရဲ့ခင်ဗျာ။
      (လေးစားခင်မင်စွာ ဖြေကြားအပ်ပါသည် အကိုပေါက်ခင်ဗျား)
      (^^)မောင် သစ်မင်း

  • aye.kk

    December 18, 2011 at 5:55 am

    လာဘ်မစားဘူး..
    မြေတကွက်မရှိဘူး..
    အိမ်တလုံးမပိုင်ဘူး..
    ကိုယ်ကျိုးမဖက်ဘူး..
    သားတွေဘွဲ့ရပြီဝန်ထမ်းပေးမလုပ်ဘူး…။

    • thit min

      December 18, 2011 at 8:00 am

      အစ်မအေးကေကေခင်ဗျား
      လေးစားခင်မင်စွာ ပြန်ကြားပါသည်ခင်ဗျား။
      ဟုတ်ကဲ့ အဲဒီဟာတွေ ဘယ်လိုဆိုရင် ကောင်းသွားမလဲလို့ဝိုင်းပြီးစဉ်းစားနေကြတာပါ။
      အပြစ်တင်တဲ့နည်း၊ လက်ညိုးထိုးတဲ့နည်း၊ဆင်ခြေပေးတဲ့နည်း၊သူများအားနဲချက်လဲရှိသလို
      ကျနော်တို့မေ့နေ(မယ်လို့ထင်)တဲ့ကိုယ့်အားနဲချက်များကိုပါ ကိုယ်ကိုတိုင်ဆန်းစစ်ရှာဖွေကြဘို့ပါ။
      ကျနော်တို့ စည်းကမ်းရှိကြရဲ့လား။
      ကျနော်တို့ အရည်အချင်း(ကျောင်းစာတခုထဲမဟုတ်)တကယ်ရှိကြသူလား။
      ကျနော်တို့ “တကယ်ကော” ကြိုးစားပမ်းစားလုပ်တတ်ရဲ့လား။
      ကျနော်တို့ အခက်အခဲနဲနဲ တွေ့တာနဲ့ လက်လျှော့အရှုံးပေးနေသူတွေလား။
      ကျနော်တို့မရိုးမသားလုပ်တာတွေ၊ သူများကိုအနိုင်ကျင့်တာတွေ၊မတရားမှုတွေ၊
      ကတိမတည်တာတွေ၊မကြိုက်ပါ၊သူများလုပ်ရင်လည်း အားရပါးရကို ဝေဖန်ပြစ်တင်ပါတယ်။ဟုတ်ပါပြီ။
      ကျနော်တို့ ကိုယ်တိုင်ရော ရိုးသားပါသလား၊ ကိုယ့်ထက် နိမ့်သူကိုညှာတာတတ်ပါသလား၊
      တရားမျှတစွာ လုပ်ကိုင်ပြောဆိုတတ်ပါသလား၊ ကတိတည်ပါသလား၊
      ကိုယ့်အမှားကိုထောက်ပြဝေဖန်လာရင်ကော လက်ခံနာယူပြီး”ပြုပြင်”သူများဖြစ်ပါသလား။
      ဆိုတဲ့ ကိုယ့်မှာရော ပြင်စရာ ဘာရှိနေလည်းဆိုတာကိုပါ ဝိုင်းစဉ်းစားဖို့ပါ။
      ကျေးဇူးအထူးတင်ပါသည်ခင်ဗျာ။
      (^^)မောင်သစ်မင်း

  • aye.kk

    December 18, 2011 at 8:38 am

    ခံစားမှုတွေများနေလို့..
    ဘယ်ကဘယ်လိုစပြောရမှန်းတောင်မသိတော့ပါ..
    ထေရဝါဒကိုလက်ခံထားတဲ့ဗုဒ္ဓဘာသာဝင်အနေနဲ့..
    ပြောချင်တာတစ်ခုဘဲရှိပါတော့တယ်..
    ဗုဒ္ဓဘာသာလက်ခံသူဆိုရင်တော့မွေးလာအတည်းက..
    သိတတ်စအရွယ်ကတည်းက..ဗုဒ္ဓတံဆိပ်ခပ်နှိပ်ရိုက်သွင်းထားပေးဘို့လိုပါကြောင်း..
    ရင်သွေးငယ်မျုားကို(၃၈)ဖြာမင်္ဂလာကိုရွတ်ဆိုချင်းထက်အသိတရားဝင်အောင်ပုံသွင်းပေးကြစေချင်ပါကြောင်း
    အမြင်လေးသာပြောပြနိုင်ပါတော့တယ်..
    အာဏာရှင်လောင်းရိပ်အောက်ကလူသားတိုင်းရုန်းထွက်နိုင်ကြစေဘို့ကိုသစ်မင်းတို့လိုလူမျိုးတွေများစွာ
    လိုအပ်လျှက်ရှိပါကြောင်းပြောလိုက်ပါရစေ..။

  • blackchaw

    December 18, 2011 at 4:41 pm

    ကိုသစ်ရေ။
    တံခါးစောင့်ပို့စ်ရေးထားတဲ့ မန်မိုရီ စတစ်ကလေး
    ပျောက်သွားလို့ နှစ်ခါပြန်ရေးနေရတာနဲ့ ကိုသစ်ကို မဆွေးနွေးနိုင်တာပါ။
    ဂဇက်ရဲ့ ပထမဆုံး ဆီမီနာကို
    ရွာသူရွာသားတွေ စိတ်ဝင်စားလာကြမှာပါဗျာ။

  • Khin Latt

    December 19, 2011 at 6:00 am

    အစ်မ Aye.KK (သားတွေ ဘွဲ့ရပြီ ဆိုလို့ အစ်မ အရွယ် ဖြစ်မယ် ထင်လို့ပါ) ပြောတဲ့ “ထေရဝါဒကိုလက်ခံထားတဲ့ဗုဒ္ဓဘာသာဝင်” ဆိုတာကို သဘောကျလို့ အဲဒါကို ဆက် ဆွေးနွေးချင်ပါတယ်။
    ကျွန်မ တို့ရဲ့ မြန်မာပြည် ဟာ အစ်မ Aye.KK ပြောသလို ထေရဝါဒကို လက်ခံထားတဲ့ ဗုဒ္ဓဘာသာစစ်စစ် နိုင်ငံပါ။ Wiki အရ ဗုဒ္ဓ ဘာသာ ကိုးကွယ်သူ ဟာ 89% လို့ တွေ့ရ ပါတယ်။ အဲဒီ ထဲ မှာ တိုင်းပြည် ရဲ့ ဦးစီးဦးဆောင် လို့ ဆိုသူများ ရှေ့ဆုံး က ရှိပါမယ်။

    ဗုဒ္ဓ ဘာသာ ဆိုတာနဲ့ ဒါန၊ သီလ၊ ဘာဝနာ အပြင် မေတ္တာဆို တာပါရပါမယ်။ ကံ ကံ၏ အကျိုး၊ အကြောင်း တရား တွေကို လက်ခံရပါတယ်။ နောင် သံသရာ ဘဝ ဆိုတာကို ယုံကြည်ရပါမယ်။
    အဲဒီ ထဲမှာ ဒါန ကတော့ အလွယ်ဆုံးမို့ လူတိုင်း အနည်း နဲ့အများ လုပ် ကြ ပါတယ်။
    ဒါပေမဲ့ ပြဿနာက ဒါနပြုတိုင်း ကုသိုလ် ရ/မရ မသိနိုင်ပါ။ ဘယ်လို စိတ်ထားနဲ့ လှူတာလဲ ဆိုတာက ရှိသေးတာ မဟုတ်လား။

    သီလ ဆိုတာကတော့ ကျင့်ကြံ ရမဲ့ လမ်းညွန်ချက် ဆိုတာ ဗုဒ္ဓ ဘာသာ ဝင်တိုင်း သိပါ တယ်။သီလ အဆင့်ဆင့် ရှိပေမဲ့ (၅ပါး၊ ၈ပါး၊ ၉ပါး၊ စသဖြင့်) အခြေခံ ၅ပါး ကိုတောင် လူတိုင်း ကျင့်ကြံ နိုင်ပေမဲ့ ဗုဒ္ဓ ဘာသာ ဝင်တိုင်း မလိုက်နာနိုင် ပါဘူး။
    ဘာဝနာ ကတော့ အကြောင်းအမျိုးမျိုး နဲ့ ဝေးနေကြပါတယ်။
    မေတ္တာဆို တာ လဲ အချင်းချင်း လက်တွေ့ကျကျ မထားနိုင်ပါဘူး။
    အဲဒီ အကြောင်းများ နောက်မှာတော့ နောက်ဘဝ မှာ ဖြစ်လာမဲ့ ကံကံ ၏ အကြောင်း ဆို တာ ဟာ လှနိုင်ပါတော့ မလား ဆိုတာ တွေးကြည့် မိပါတယ်။

    ကျွန်မတို့ ရဲ့ ပြည်သူလူထု အများစု ကတော့ မိသားစု ထမင်းလေးတနပ် စားဖို့၊ သားသမီး လေးတွေ အတန်းကျောင်း ပညာ ရဖို့ အတွက်ကိုတောင် ပင်ပန်းတကြီး လုပ်နေရတာ “ကိုယ့်တိုင်း ကိုယ့်ပြည် အကြောင်း” ကို စိတ်ဝင်စား လူတိုင်း သိကြပါတယ်။

    ကို ဦးဦး တို့၊ ကိုကြောင်လတ် တို့ ဆွေးနွေး ခဲ့သလို ဘယ်သူမှ (ဗုဒ္ဓဘာသာစစ်စစ် တိုင်း) သူများ ဆီက အေးဓမြ တိုက်ချင်မှာ မဟုတ်ပါဘူး။ အများစု ကတော့ ငါ့ဝမ်းပူစာ မနေသာ လို့ လုပ်ကြရတာပါ။
    ကျွန်မတို့ မြန်မာလူမျိုး ဟာ တော်ရုံကို သည်းခံပြီး တင်းတိမ် တတ်ကြ တဲ့ စိတ်ဓာတ် ရှိကြပါတယ်။ တစ်ချို့ ကတော့ အဲဒီ ရောင့်ရဲစိတ် ဟာ တက်လမ်းပိတ် တယ်လို့ ဆိုပါ တယ်။ မှန်သင့်သလောက်တော့မှန် ပါတယ်။ ဒါပေမဲ့ အရမ်း Aggressive ဖြစ်တဲ့ စိတ်ဓာတ် မှာလဲ ကောင်းကျိုး၊ ဆိုးကျိုး ကတော့ ရှိတာမို့ မဇ္ဇိမ ပဋိပဒါ – အစွန်း မရောက်တဲ့ အလယ်အလတ်ကျင့်စဉ် က တော့ အကောင်းဆုံးပါဘဲ။

    အစောက အေးဓမြ ကိစ္စကို ပြန်ဆက်ရရင် – ခက်တာက အဲလို စီးပွါးရေး သမားတွေ က မပေးရင် လဲ အခြေခံ ဝန်ထမ်း တွေဟာ သူတို့ တရားဝင် ရတဲ့ လစာ က ဆန်ဖိုးတောင် ရပါ့မလား။ တစ်ချို့ ညွန်ကြားရေးမှူး ရာထူး ရှိသူ တွေတောင် ဒီလို ဘေးပေါက် ဝင်ငွေ မရှိရင် ချို့တဲ့ စာရင်းပါပါ တယ်။ ကြွေးတင်ခံ ပြီး သားသမီး ပညာရေး ကို ပေးရပါတယ်။ သဘောကတော့ အစိုးရ ဟာ ပြည်သူတွေ အတွက် အခြေခံသုံး စားရိတ် ကိုတောင် Cover ဖြစ်စေမဲ့ လစာ ဝင်ငွေ မျိုး ကိုတောင် ဖန်တီး ပေး နိုင် ခြင်း မရှိလို့ပါဘဲ။ ဒီတော့ ဒီလိုမှ မခိုးရင်၊ အေးဓမြ မတိုက်ရင် ဘဝ ရပ်တည်လို့မရတဲ့ အခြေအနေဖြစ်ပါတယ်။

    နောက်တစ်ချက် ကတော့ ဒီလို အောက်မှာ ဖြစ်နေတာကို သိသိ ချည်းနဲ့ အထက်ပိုင်း ကလဲ ဘာမှ Action မယူ ပါဘူး။ သူတို့ ကိုယ်တိုင် အကြီးစား ခိုး နေလို့ပါဘဲ။ စီးပွါးရေး သမားတွေ က လဲ ပေးပျော်ပါတယ်။ တိုင်းပြည် ကို ပေးရမဲ့ အခွန်ငွေ တွေ ပေးစရာမှ မလိုဘဲ။ မြန်မာပြည်မှာ အစိုးရ အကြီးအကဲ အမည်ခံ နဲ့ သူဌေးလို့ အမည်ခံနေသူ (အားလုံးကို မဆိုလိုပါ) တွေထဲ က အတော်များများ ဟာ ကျေးလက် တောရွာ တွေ က မီးမရှိ၊ ရေမရှိ ၊ ပညာမသင်ရ၊ ဖုံတော ထဲမှာ ညစ်ညစ်ပေပေ လေးတွေ နေနေရတဲ့၊ ကျန်းမာရေး အတွက် ဆေးမကုရ တဲ့ ပြည်သူတွေ၊ ခလေးငယ် တွေ နဲ့ သက်ကြီးရွယ်အို တွေ ဆီ က ရပိုင်ခွင့် တွေကို ခိုးနေ၊ ဓမြ တိုက် နေကြတာပါ။ တကယ်တော့ ရှက်တတ်ရင် အတော်လေး ရှက်ဖို့ ကောင်းပါတယ်။

    ကျွန်မ အနေနဲ့ သူတစ်ပါးချမ်းသာတာကို ဝန်တို စိတ် ထားစရာမလိုပါဘူး။ ဒါပေမဲ့ အခုတော့ တိုင်းပြည် ကလဲ မဆင်းရဲပါဘူး။ ရာသီဥတု၊ ရေမြေ နဲ့ သံယံဇာတ လဲ ကောင်းမွန် ပါရက်၊ တိုင်းပြည်က လူတွေ ရဲ့ ဉာဏ်ရည် လဲ မြင့်နေပါရက် နဲ့ တိုင်းသူ ပြည်သားတွေကို ချမ်းသာအောင် မထားနိုင်တာ ဟာ ဘယ်လိုမှ လက်မခံနိုင် အောင်ပါဘဲ။ တကယ်တော့ ကိုယ်လဲချမ်းသာ၊ တိုင်းပြည်လဲ သာယာ အောင် လုပ်ပေးရမှာပါ။ အဲလို လုပ်ဖို့ အစွမ်းမရှိရင်လဲ လုပ်နိုင်သူတွေကို လုပ်ခွင့်ပေး ရမှာပါ။ အောက်လူတွေ က တကယ်တော့ ခိုးတာမဟုတ်ပါဘူး။ ကိုယ့်ဘဝ ရပ်တည်ရေး အတွက် မဖြစ်သာလို့ လုပ်တာပါ။ အထက်ပိုင်း က ချမ်းသာပြီးရင်း ချမ်းသာ နေသူတွေ ကတော့ လောဘ တက်ပြီးရင်း တက်ရင်း နဲ့ ကိုယ့်ကိုကိုယ် ဟုတ်လှပြီ ထင်နေကြတာ တကယ် တော့ ဘာသာရေး အမြင် နဲ့ ကြည့်ရင် အလွန် ကြောက်စရာကောင်းပါတယ်။

    ကိုယ် ဆီဦးထောပါတ် ကို ဇိမ်ခံ စားနေချိန် တောရွာက ခလေးတွေ ဆာ လွန်းလို့ ငိုနေတာ သတိရပါ။
    ကိုယ် ဈေးအကြီးဆုံး ယာမကာ ကို အအေးခန်းထဲမှာ သောက် နေချိန် တောရွာက ခလေးတွေ ရေကြည် ရဖို့ နေပူကြီးထဲ လျှောက်နေရတာ သတိရပါ။
    ကိုယ် အနှိပ်ခန်းမှာ အညောင်းဖြေ နေချိန် တောရွာက ခလေးတွေ ဆေးကုစရာမရှိလို့ အသက်ဆုံး နေကြတာ သတိရပါ။
    ကိုယ် ကရာအိုကေ ခန်းမှာ သီချင်းဆို နေချိန် တောရွာက ခလေးတွေ စာဆိုဖို့ အခွင့် မဘူး ဆိုတာ သတိရပါ။
    တကယ် တော့ ကိုယ့် ရဲ့ လုပ်အား နဲ့ရင်းပြီး ရတာ မဟုတ်သ၍ အဲဒါတွေ ဟာ ဆင်းရဲတဲ့ စားစရာမရှိတဲ့ လူထုဆီက ခိုး ထားတာတွေ နဲ့ ချမ်းသာ နေတာ သတိရပါ။
    ပြီးရင် တစ်ဆက်တည်း သံသရာရဲ့ ကံ-ကံ၏ အကျိုး ကို သတိရကြပါ။

    တစ်ဆက်တည်း ကိုကြောင်ကြီး ပြောတဲ့
    “အရင်လို မည်ကာမတ္တဘွဲ့လက်မှတ် မဟုတ်တော့လို့ ကိုယ်ပိုင်ညဏ်နဲ့ တွေးခေါ်တတ်လာပြီ။ အဲသလိုမျိုးလို့ ယူဆနိုင်ဖွယ်ရာ ရှိသူများ မြန်မာနိုင်ငံမှာ တပုံကြီးပါ။”
    ဆိုတာ ကို ဆက်ဆွေးနွေး ချင်ပါတယ်။ (ကျွန်မကို စကား အတော်များ တဲ့ မိန်းမ လို့ ပြောချင်လဲပြောနိုင်ပါတယ်။ ကြုံတုန်းလေး ရင်ဖွင့်တာပါ။ :-))
    အဲဒီအချက် ကို ကျွန်မ အပြည့်အဝ ထောက်ခံပါတယ်။ နောက်တစ်ချက် က ပြည်တွင်းမှာ နေနေတဲ့ သူ တွေ အများစုဟာ လဲ ပြည်ပ မှာတင့်တင့်တယ်တယ် သွားပြီး အလုပ်လုပ်နိုင် ကြပါတယ်။ ဒါပေမဲ့ ကိုယ်ကြိုးစား ရင် ကိုယ့်ရေ၊ ကိုယ့်မြေ ပါ တိုးတက် လာမယ် ဆိုတဲ့ မျှော်လင့်ချက် နဲ့ အလုပ်လုပ်နေ သူတွေပါ။ ကျွန်မ အဲလို လူတွေ ကို တကယ်ဘဲ လေးစား ပါတယ်။

    ဒါပေမဲ့ အဲလို လူတွေ ရဲ့ တိုင်းပြည် အပေါ် လုပ်ပိုင်ခွင့် နဲ့ သူတို့ရဲ့ ရပိုင်ခွင့် တွေကိုလဲ အစိုးရက ဖွင့်မပေးပြန်ပါဘူး။ သူတို့ကို Support လုပ်ပေး ရမဲ့ အရာတွေ ကိုလဲ လုပ်မပေးပါဘူး။ ဒီတော့အဲလိုလူတော် တွေမှာ တိုင်းပြည်ထဲမှာ ရှိပြီး သူတို့ အရည်အချင်း ကို ကောင်းကောင်း မသုံးနိုင်ကြရပါဘူး။ အဲဒီလို လူတွေဆီက စကားတွေ၊ အကြံပြုချက် တွေကို နားထောင်သင့်၊ သူတို့ကို Support လုပ်ပေးသင့်ပါတယ်။ တကယ်တော့ ကျွန်မတို့ အပြင်က လူတွေ ဆိုတာ ကိုယ့်ပြည်အတွက် အဝေးက နေ လေ နဲ့ဘဲ အလုပ်လုပ် နေကြတာပါ။ ကိုယ့် တိုင်းပြည် ကို လက်တွေ့ကျကျ လုပ်ပေး ဖို့ အခွင့်မရှိပါဘူး။ ဒီတော့ ပြည်တွင်း အား ဟာ ပိုပြီး လက် တွေ့ မှာ အသုံးချနိုင်မှာပါ။

    ကျွန်မရဲ့ လေရှည်ခြင်းရဲ့ အချုပ်ကတော့ – အောက်ပိုင်းကို ကောင်းစေချင်ရင် အထက် က စပြီးကောင်း ရပါမယ်။ ဒါကြောင့် နိုင်ငံ ရဲ့ အကြီးအကဲ ဟု အမည်ခံ သူ များ နဲ့ တိုင်းပြည် ကို ပါချမ်းသာ စေလိုမဲ့ စီးပွါးရေး သမားများ အတွက်
    (၁) ကံ-ကံ ၏ အကျိုး ကို သတိရပါ။
    (၂) ပြည်တွင်း အားကို ယုံကြည်ပါ။ အားပေးပါ။

    PS – တကယ်တော့ ချစား တယ် ဆိုတာ တိုင်းပြည်တိုင်း မကင်းပါဘူး။ အဲတာကို ဖော် ထုတ် ပေးမဲ့ စံနစ် ကောင်း တစ်ခု ရှိကို ရှိရပါမယ်။ ဒါပေမဲ့ အဲဒီလို ဖြစ်ဖို့ လွယ်လွယ် လေးတော့ မရပါဘူး။ အဲဒီ စံနစ်ကောင်း ရအောင် အစိုးရ အဖွဲ့ မှာ တိုင်းပြည်ကို တကယ် ချမ်းသာ စေချင် တဲ့ လူကောင်း တွေ အရင်လာရပါမယ်။ နောက် တိုင်းပြည် ရဲ့ အခြေခံ ဝင်ငွေ နဲ့ အသုံး စားရိတ် မျှအောင် လုပ်ပေးရင်း ဥပဒေချ ပြီး၊ စံနစ် ဆောက်။
    လူ ဆိုတာ အတ္တရဲ့ သားကောင်မို့ အပြစ်ဒါဏ် နဲ့ ဥပဒေကောင်း ကတော့ အမြဲ ရှိနေရမှာပါဘဲ။
    အခုကနေ စမယ် ဆိုရင်တောင် အချိန်တော့ အတော်လေး ယူရမှာပါ။
    ပြင်ရမဲ့ လမ်းတွေ၊ အဆောက်အဦး တွေ က ခဏ နဲ့ပြီးနိုင် ပေမဲ့ စိတ်ဓာတ် တွေကို မြှင့် ပေးဖို့ က ပိုအချိန်ယူ ရမလားဘဲ။
    အမှန်တော့ လဲ ပြောသာပြောရတယ်။ ကျွန်မ ပြောတာတွေ ဟာ အားလုံး သိပြီး သားပါ။
    သိသိချည်း နဲ့ ကျူးလွန် နေတာဆိုရင်တော့ လဲ ……………..

  • thit min

    December 19, 2011 at 11:09 am

    ဗွီအိုအေ သောတရှင်တွေရဲ့ မေးမြန်းချက်တွေကို ဒေါ်အောင်ဆန်းစုကြည်က ပြန်လည် ဖြေကြားပေးထားပါတယ်။
    အရင်ဆုံးတော့ အကျင့်ပျက်ခြစားမှုနဲ့ ပတ်သက်လို့ ဆွေးနွေးချက်နဲ့ စချင်ပါတယ်။ မောင်လက်ဝဲ ဆိုတဲ့ သောတရှင်က မေးမြန်းထားတာပါ။
    မေး။ အဲဒီ အကျင့်ပျက် ခြစားမှုတွေကို အမှန်တကယ် လုံးလုံး လျားလျား ပပျောက်သွားအောင် ဘယ်လောက်ကြာကြာ လုပ်ဖို့လိုပါသလဲ။ အကျင့်ပျက်ခြစားမှုတွေ ပပျောက်ဖို့ ပြည်သူတွေဖက်က ကြိုးစားနိုင်ပါမလားခင်ဗျာ။ ဧရာဝတီမြစ်ဆုံဆည် စီမံကိန်းတုန်းကလို ပြည်သူတွေ ဝိုင်းဝန်း ကန့်ကွက်၊ ဝိုင်းဝန်း ဆောင်ရွက်ကြတဲ့ ပုံစံမျိုး ကို ဆိုလိုတာပါ။ ဥပဒေဘောင်အတွင်းကနေ ပြည်သူတွေ စနစ်တကျ ကြိုးပမ်း မယ်ဆိုရင် ဖြစ်နိုင်မယ်ထင်လို့ပါ။ ပြည်သူတွေလို့ ဆိုရာမှာ ပြည်သူတွေ ကိုယ်တိုင်က အကျင့်ပျက် ခြစားမှုတွေနဲ့ မကင်းနိုင်တော့ ခက်မယ်ထင်တယ် အန်တီစုရယ်။

    ဖြေ။ အကျင့်ပျက် ခြစားမှုတွေ ရေရှည်ဖြစ်ပွားခဲ့ပြီးမှ ပပျောက်အောင် လုပ်ဖို့ဆိုတာ မလွယ်ကူကြောင်းကို ကမ္ဘာအဝှမ်း နိုင်ငံတွေများစွာရဲ့ အတွေ့အကြုံအရ သိရပါတယ်။ တိကျတဲ့ စည်းမျဉ်းဥပဒေတွေ ပြတ်သားတဲ့ အရေးယူမှုတွေ သင့်လျော်တဲ့ ဝန်ထမ်း လခတွေနဲ့တင်မက ပြည်သူတွေ အပါအဝင် သက်ဆိုင်သူ အားလုံး စိတ်ဓါတ် အတွေးအခေါ် ပြောင်းလဲအောင် လုပ်ကြရမှာပါ။ အင်မတန်ခက်မယ်ဆိုတာကို မငြင်းနိုင်ပေမယ့် အန်တီတို့ မြန်မာတွေ ပြောလေ့ရှိတဲ့အတိုင်း ကြိုးစားရင် ဘုရားတောင် ဖြစ်နိုင်တယ်၊ ဆန္ဒ ဝီရိယ စိတ်ဓါတ် ပညာနဲ့ အောင်နိုင်မှု ရနိုင်တယ် ဆိုတာကိုတော့ ယုံကြည်ပါတယ်။ ဒါကြောင့် အားလုံးဟာ အမျိုးသားရေး
    တာဝန် တရပ် အနေနဲ့ ဒီကိစ္စမှာ ပါဝင် ကြိုးပမ်းရမှာဖြစ်ပါတယ်။
    ~~~~~~~~~လို့ တွေ့ရပါတယ်။
    ကျနော်တို့စဉ်းစားတာနဲ့ တူနေပါတယ်။ ဒိထက်ပိုပြီးဆွေးနွေးနိုင်ရင်ကောင်းပါတယ်။
    ~~~~~~~~~~~~~~
    Oo Oo says:
    “ညနေရုံးဆင်းချိန်မှာအမောပြေဘီယာဆိုင်လေးမှာ
    သုံးဖို့စွဲဖို့..ရှာဖွေကြသူကလဲမနဲ…အဲ့တာထက်ပိုပြီးမာဆက်တို့ကေတီဗီတို့ကိုချီတက်ဖို့အရေးကြိုးစားနေကြ
    သူလဲရှိရဲ့..ဒီထက်ပိုတဲ့လူတွေအတွက်တော့.သားမယားတွေအသိုင်းအဝိုင်းမှာသုံးဖြုန်းနိုင်ရေး..အငယ်မလေးတွေ
    ကိုထောက်ပံ့နိုင်ရေး…စသဖြင့်ကြီးရင်ကြီးတဲ့အလျောက်..ငယ်ရင်ငယ်တဲ့အလျောက်..ဘယ်တော့မှမပြည့်နိုင်တဲ့
    ဆန္ဒလေးတွေအတွက်..ဆင်ခြေလေးတွေကတော့အမြဲရှိနေမှာပါ”
    ကောင်းလိုက်တာ ဦးဦးရေ………
    စားဝတ်နေ ရေးအတွက် မလောက်လို့ လာဘ်စားရပါတယ်ကနေ၊ ဘီယာဘိုးဖြစ်သွားပုံပါဘဲ၊ အဲဒီပါသွားတဲ့
    “အကျင့်” က ဆိုးတာဗျ။ စားရုံလောက်ရုံလေး လာဘ်စားတာမှ မဟုတ်တော့ဘဲ၊စီးပွါးဖြစ်ကြီးလေ။
    ၁။ မလွှဲမရှောင်သာလို့ လာဘ်စားတာတယ်
    ၂။ စိတ်ပါလက်ပါလာဘ်စားတာရယ်
    ၂ မျိုးရှိတယ်လို့ စဉ်းစားလို့ရသွားတယ်။
    အောက်က ဟာက ပြုပြင်ရင်ရတဲ့ ကိုယ်ကျင့်တရားဘဲနော်။
    အဲဒီ (၂) ကိုလျှော့နိုင်ရင်ကို ကုန်ဈေးနှုန်းတွေကျလာမယ်၊ သာမန်ပြည်သူပြည်သားတွေစိတ်ချမ်းသာမှု “ပို”လာမယ်လို့ တွက်လို့ရသွားတယ်။
    ကဲ “လာဘ်မစားလို့မရသော ဝန်ထမ်းများခင်ဗျား၊ လောက်ငှရင် တော်ပါတော့လို့”
    { (^^)ရမလားလို့ ပြောကြည့်တာနော်။}
    ~~~~~~~~~~~~~~~~
    မခင်လတ်ရေ ကျေးဇူးပါ။
    ခုလို ပို့စ်နဲ့ ကော်မန့်တွေကို ပေါင်းပြီးဆွေးနွေးပြလိုက်တော့
    ကျနော်တို့ (Panel Discussion)အဖွဲ့လိုက်ဆွေးနွေးပုံစံကိုရောက်နေပါပြီ။
    ဘာသာရေးကို ပုံစံပြောင်းပြီး ပညာရေးမှာထဲ့လို့ရပါတယ် ၃၈ ဖြာကို လက်တွေ့ကျင့်သုံးခိုင်းတာမျိုးပါ။
    ဂျပန်မှာ မူကြိုကထဲက စနစ်တကျတန်းစီစောင့်ရတာ၊အမှိုက်မပစ်ရတာ၊စည်းကမ်းအတိုင်းနေထိုင်ရတာ၊
    ကိုယ့်အတွက်သူများ စိတ်အနှောက်အယှက်မဖြစ်စေရတာ၊ထမင်းစားရင်အကြိမ် ၃ဝ ဝါးပြီးမျိုချရတာ၊
    သပ်သပ်ရပ်ရပ်သန့်သန့်ရှင်းရှင်း ဝတ်ရစားရတာ၊ကိုယ့်အထက်လူကြီးစကားကို ကွယ်ရာမှာရော
    ရှေ့တင်ပါ အမိန့်နာခံရတာ၊အလုပ်တခုကို လွယ်လွယ်ဇွဲမလျှော့ဘဲ အရှုံးမပေးဘဲ ကြိုးစားသင့်တာ၊
    လူကြားသူကြားထဲ ထွက်ပြီး စကားပြောရတာ လေးတွေကိုနဲနဲချင်း ရိုက်သွင်းပေးထားပါတယ်။
    ကျနော်တို့ နိုင်ငံမှာ ဆိုရင်တော့ ကြီးသူအတွက် “ဥပဒေ” …..ငယ်သူအတွက် “ပညာရေး” ပေါ့ခင်ဗျာ။
    ခုလက်ရှိအနေနဲ့ဆိုရင်တော့ ကိုယ်ပိုင် စာသင်ကြားရေး(အခုအမေ့အိမ်လိုပေါ့နော်) တွေမှာ လုပ်နိုင်ပါတယ်။
    များများလုပ်ပေးဘို့ လိုအပ်နေပါပြီ။ ကလေးကိုသင်ပေးလို့အိမ်ရောက်သွားပြီး လူကြီးတွေပါပြောင်းလဲ
    လာ”နိုင်”မယ်လို့ တွေးမိပါတယ်။ လူတိုင်းမဟုတ်တောင် % တခုတော့ရှိလာမှာပါ။
    အဲဒီလို ကျနော်စဉ်းစားထားပါတယ်။
    ~~~~~~~~~~~~~~~~~
    မိတ်ဆွေများခင်ဗျား……..
    အားလုံးကောင်းအောင်ဆွေးနွေးနေတဲ့ ဒီနေရာမှာ ဘယ်သူမှဆရာ မဟုတ်ပါဘူးခင်ဗျာ။
    ကျနော်တို့ အားလုံးကိုတန်းတူထားပြီး ပညာ ဗဟုသုတဖလှယ် ဆွေးနွေးပုံစံနဲ့ သွားနေတာမို့
    အားလုံးကိုလေးစားစွာပါဝင်ဘို့ ထပ်မံဖိတ်ခေါ်အပ်ပါတယ်ခင်ဗျား။
    ဘယ်သူမဆို ဝင်ရောက်ဆွေးနွေးပေးဘို့ ပါ။
    ပညာရပ်ဆိုင်ရာစကားလုံး မလို ပါဘူး။ “စေတနာ” ဘဲ လိုပါတယ်။
    အကယ်၍ သီးသန့်ပို့စ်တင်ပြီးဆွေးနွေးရင်လည်း ကျနော်တို့ပါလိုက်လံ ဆွေးနွေးပေးပါမည့်အကြောင်း
    လေးစားစွာအသိပေးပြောကြားပါရစေ။

    • Khin Latt

      December 19, 2011 at 6:03 pm

      ဦးသစ်မင်းရဲ့ ဒီဂေဇက် မှာ ပေးတဲ့အချိန် နဲ့ Knowledge တွေ၊ လူအများ ပေါင်းစည်း လုပ်ကိုင်ခြင်း ဆိုတာကို လက်တွေ့ဦးဆောင် ပြပေး နေတာတွေ အတွက် ကျေးဇူးတင်ပါတယ်။

      အစ်မ အေး ရဲ့ “ဘာသာရေးကို ပုံစံပြောင်းပြီး ပညာရေးမှာထဲ့လို့ရပါတယ် ၃၈ ဖြာကို လက်တွေ့ကျင့်သုံးခိုင်းတာမျိုးပါ။” ကို ဆိုတာကို လဲ တကယ်လုပ်ရင် တကယ် ဖြစ်မယ် ယုံ ကြည်ပါတယ်။

      မနေ့ ည က ကျွန်မ တင်ခဲ့ တဲ့ ဆွေးနွေးချက် မှာ အပိုဒ် တစ်ခု ကို ဆီလျော်ခြင်း ရှိမရှိ မသေချာ တာနဲ့ ဖြုတ်လိုက် ပါတယ်။ အဲဒီမှာ အစ်မ ရဲ့ လိုရင်း ကို မဆွေးနွေး မိ သလို ဖြစ်သွားပါတယ်။ အခုအောက်မှာ ထည့်ထားပါတယ်။ ကျွန်မ ရဲ့ ဝင်ဆွေးနွေး မှုတွေ မှာ မဆီလျော် တာ၊ မမှန်တာ၊ ယေဘူယျ မကျနိုင်တာတွေ ပါနိုင်ပါတယ်။
      အသက်ကြီး ငယ် မရွေး ဝင်ပြီး ထောက်ပေးကြပါ။ ကျွန်မ ဟာ “ပညာသည်” မဟုတ်ပါဘူး။ “ပညာ ဝယ်” ပါ။ မည်သူ့ဆီမှ မဆို အဖိုးတန်တဲ့ တွေကို အတုယူချင်ပါတယ်။ ခရီးသွား မှတ်တမ်း ရေးတာမျိုး၊ ပြည်တွင်း-ပ က နေ့စဉ်အတွေ့ အကြုံ လေးတွေ ဖတ်ရတာလဲ ကျွန်မတို့ အတွက် ဖတ်ရှု မှတ်သား သင့်တဲ့ တန်ဖိုး ရှိ စာတွေပါ။ ကျွန်မ အချိန်ရတိုင်း အားလုံး ကို ကြိုးစားဖတ်ပါတယ်။ ကိုယ့် အချိန်လေးတွေ ပေးပြီး ဒီမှာ ဝေနေသူ အားလုံးကို ကျွန်မ လေးစားခင်မင် ပါတယ်။ 🙂

      ဦးသစ်မင်း ရေ – အစ်မ အေး ရဲ့ ဆွေးနွေးချက် အတွက် ပြန်တင်တာ

      “အစ်မရေ တိုက်တိုက် ဆိုင်ဆိုင် ဘဲ အစ်မ ဆွေးနွေး ချက် မဖတ်ခင် ထဲမှာ Internet သတင်း တစ်ခု တွေ့ လိုက် တယ်။
      UK Prime Minister David Cameron has declared that “Britain is a Christian country and we should not be afraid to say so”, in a speech to mark the 400th anniversary of the King James Bible.
      မှီငြမ်း – http://www.guardian.co.uk/world/2011/dec/16/cameron-king-james-bible-anniversary
      အဲဒီမှာ သူက ဩဂုတ်လ တုန်းက UK မှာ ဖြစ်ခဲ့တဲ့ Riots တွေဟာ လူငယ်တွေ ရဲ့ Moral အားနည်းမှု ချို့ယွင်းမှု ကြောင့် မို့ သူတို့ဟာ အမှားအမှန် မခွဲနိုင်ကြလို့ အဓိက ဖြစ်တယ် လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ လက နိုင်ငံမှာရှိတဲ့ ကျောင်း တွေ ကို The King James Bible တွေပို့ထားပြီ ပြောပါတယ်။

      ဒါပေမဲ့ အစ်မပြောသလို ဘဲ ဖတ်ရုံ မပြီး တကဲ့ လက်တွေ့ ကျင့်ကြံ ဖို့က ပို အရေးကြီးပါတယ်။
      ကျွန်မ တို့ မြန်မာပြည်က ကျောင်းတိုင်း ကို လဲ ၃၈ဖြာမင်္ဂလာ စာအုပ် တွေ ဖြန့်ဝေပေး၊ လက်တွေ့ကျင့်ကြံ နိုင်အောင် သင်ကြားပေး ရင် လက်တွေ့ဖြစ်နိုင် ပါတယ် အစ်မရေ။ ဒါဟာ ဘယ်လူမျိုး ဘာသာ မဆို လိုက်နာသင့်တဲ့ လမ်းညွန်မှုတွေပါ။”

      ဦးသစ်မင်း တော်ကြာ Bible နဲ့ ၃၈ဖြာမင်္ဂလာ Conflict ဖြစ်မလား ဆိုပြီး ဖျက် ခဲ့ လိုက်တာပါ။ မဆီလျော် ရင် သူကြီး Kai ဖျက်လိုက်ပါရှင့်။ 😉

      • thit min

        December 19, 2011 at 8:36 pm

        Dec-19 Reply (1)
        ဆီလျှော်ပါတယ်မခင်လတ်ရေ။
        ဘိုင်ဘယ်ဘဲဖြစ်ဖြစ် ကိုရမ်ကျမ်းဘဲဖြစ်ဖြစ် ၃၈ဖြာဘဲဖြစ်ဖြစ် လူ့ကျင့်ဝတ်ကို ကောင်းအောင်ပြုပြင်
        ပေးနိုင်ဘို့ကအဓိကပါဘဲ။
        ကျနော်ကတော့ ယုံကြည်ပါတယ်။
        ကျနော်တို့ ငယ်ငယ်ကအစွဲဆိုရင်တော်တော်နဲ့ မကျွတ်တတ်ဘူးလေ။အဲဒီတော့ ကောင်းသောအစွဲဆို
        ရင် ကောင်းသော ကိုယ်ကျင့်တရားရှိသွားမှာပါ။
        စံလွဲသူတွေတော့ရှိမှာပေါ့ဗျာ။ ဘာဘဲဖြစ်ဖြစ်အများစု ကကောင်းသွားမှာမို့ နောင်အနှစ် ၅ဝ ကြာချင်ကြာ
        မယ်ဆိုရင်တောင် မျိုးစေ့အနေနဲ့ဘဲဖြစ်ဖြစ် အဲဒီလုပ်ငန်းကို ကျနော်ဖြစ်အောင်လုပ်ချင်နေတယ်။ကျနော်နိုင်သလောက်ကလေးပေါ့ဗျာ။

  • inz@ghi

    December 19, 2011 at 1:36 pm

    ကစ်သိုရေ …
    ညီ အိပ်ငိုက်နေပေမယ့် သည်နေရာမှာ နည်းနည်း ဝင်ပြောကြည့်မယ်နော….
    တကယ်က ကျောင်းတွေမှာ အဲ့ဒါတွေ မသင်နိုင်ဘူး ဖြစ်ဖြစ်နေတယ်ဗျာ …

    ဟိုဘက်မှာ ကျနော် ပြောဖူးသလိုပါပဲ ….ကျောင်းတွေမှာ အဲ့ဒါတွေ
    မသင်နိုင်ကြဘူးဗျာ .. လက်တွေ့ အနေအထားကိုပြောတာပါ….

    ကျနော်တို့ သင်ရိုးညွှန်းတန်းတွေကို ပြန်ပြီး စိစစ်ဖို့ လိုအပ်နေပါပြီ …
    အချို့ ဘာသာရပ်တွေ အလွန် အန်းတိတ်ဖြစ်နေပြီး အချို့ ဘာသာရပ်တွေ
    စာ အလွန်များနေပါသည် ..အနှစ်သာရအားဖြင့်တော့ ..မပြောတတ်ပါ

    မူလတန်းကိုတော့ မပြောလိုတော့ပါ
    ဆယ်ကျော်သက် ဘဝ စကြသည့် အလယ်တန်းမှ စပြောပါမည်.

    အချို့ဘာသာတွေ စာများ၏
    သည်တော့ …၃၈ဖြာ မင်္ဂလာ ပြည်သူ့နီတိ လက်မှုပညာ အစရှိသည်တို့ သင်ကြားအပ်သော
    ဖွံ့ဖြိုးရေး အချိန်များ ကို စာများသော ဘာသာရပ်သင် ဆြာ ဆြာမများက
    ခွဲဝေ ယူကြပြီး ဘာသာရပ်များသာ သင်ကြားပေးကြပါသည်…

    စေတနာကို ကျေးကျေးပါ .. သို့သော် လုပ်နည်း မမှန်ဟု ပြောချင်ပါသည်။
    အဆိုပါ ဆြာ/ဆြာမများသည်လည်း အခြား ဘာသာရပ်ပိုင် ဆြာ/ဆြာမများထက်
    စာလျင် သင်ရသောစာမှာ ပမာနများပြားနေပါသည် ….
    (စာသင်ချိန်ကတော့ အတူတူသာရကြသည် မဟုတ်ပါလား …)

    စာမေးပွဲနီးလာလျင် နီးလာသလို ဖွံ့ဖြိုးရေးနှင့် P.T ချိန်များ … မရကြတော့ပါ….
    ကစားချင်လို့ ပြောတာမဟုတ်ပါခင်ဗျား …

    အလွတ်ကျက်၍ မည်မျှ မှတ်မိသလဲ ဆိုတာကို စစ်သော စာမေးပွဲများ …. ခေတ်နှင့်လျော်ညီပါ၏လား …တွေးမိလို့ပါ

    စကားစပ်လို့ပြောရရင် နာမည်ကြီး ပုဂ္ဂလိက ဘိုကျောင်းတစ်ကျောင်းမှ အလယ်တန်း
    ကျောင်းသူတယောက် ရောမအင်ပါယာခေတ် အကြောင်း အွန်လိုင်းမှ ရှာဖွေ တင်ပြ
    ထားသည့် စာတမ်းငယ်လေး ယူဖတ်ဖူးပါသည် (ထိုအချိန်တွင် ကျနော် အသက် ၂ဝရှိပြီဖြစ်၏)
    ရှက်လိုက်တာဗျာ …အဲ့သည့်အချိန် ကျနော့်ကို အဲ့လိုရေးခိုင်းရင် ရေးတတ်မှာ မဟုတ်ခဲ့လို့ပါပဲ
    ကျနော် သူ့အရွယ်တုန်းကဆို ရှာဖို့ ရေးဖို့ ဝေးစွ …ဖတ်တတ်မှာတောင်မဟုတ်….
    ရေရှည်မှာ သာမန်လူတန်းစား ကပေါက်ဖွားတဲ့ ကလေးတွေနဲ့ သည်ကလေးတွေ နဲ့ ယှဉ်ရင်
    ဘယ်လောက်တွေ ကွာကုန်မလဲဗျာ…

    ဆက်ရဦးမယ် ကိုသစ်ရေ …
    သည်လိုနဲ့ …ကျောင်းမှာ teamwork ဘာမှန်းမသိ မင်္ဂလာတရားတော် သင်ကြားခြင်းမခံရ..
    အားကစား ကို စနစ်တကျ မသင်ယူခဲ့ရတဲ့ ဂီဂီ တယောက် အထက်တန်းရောက်လာပြီဆိုပါတော့ဗျာ..

    ပညာရေး စီမံချက်တဲ့ခည ..ကျနော်တို့နှစ်ကစပြီး ၅ဘာသာ စနစ်(၉ဘာသာတွဲ) ကနေ
    သိပ္ပံ-ဝိဇ္ဇာ-ဝိပ္ပံ အမျိုးမျိုး ပြန်ခွဲပြီး ၆ဘာသာ စနစ်ကို သွားကြလေရဲ့ခင်ဗျ …….
    ကျနော်တို့ကျောင်း မှာ တခန်းလူ ၇ဝ တန်းခွဲရခု …၆ခု က ဘိုင်အို ယူပါတယ်ခင်ဗျား ..
    (၁၀%တောင် ဆြာဝန် ဖြစ်မလာပါ…)
    သေရောပေါ့ဗျာ .. အီကို ဘာမှန်းမသိ …သမိုင်း ပထဝီ ကို အလယ်တန်း အဆင့်ကလွဲ၍မတတ်
    အဲ့သည့်ကြားထဲ ..၁ဝတန်းမှာ တက္ကသိုလ် ပထမနှစ်က အချို့ စာတွေ ချသင်ပေးတယ်ခင်ည…
    ပညာရေးအဆင့်မြှင့် တာ ဆိုပဲ ….

    သင်္ချာတခုပဲ ပြောဦးမယ် ..ကယ်ကုလတ်စ် တဲ့ …ဆြာတွေကတော့ အပလိုင်းမတ်စ် မှာ
    ဖစ်ဇစ်မေဂျာမှာ အလွန်အသုံးဝင်သတဲ့ …ကြိုးစားပါကွာ ပြောကြပါတယ်….
    သည်ကျောင်းသားတွေထဲက ၅% အောက်လောက်သာ physics သမား applied mathsသမား
    ဖြစ်လာမှာ မဟုတ်လားဗျာ ..၉၅% လောက်သော ကျောင်းသားတွေအတွက် ..တသက်စာ
    မေ့ပစ်ခံ သင်ခန်းစာ ကို ဘဝအဆုံးအဖြတ်ဖြစ်မယ့် တက္ကသိုလ်ဝင်တန်း ကြီး ၁ခုတည်းအတွက်
    ကျက်မှတ် တွက်ချက် ကြရတာတော့ ….နည်းနည်း …တမျိုးဗျို့ ……

    သည်အစား မည်သူမဆို real-life မှာ အသုံးပိုတည့်မယ့် probability တွေ factors တွေ
    ပိုသင်ပေးနိုင်ရင် မကောင်းဘူးလားဗျာ…သင်္ချာ ၁ဘာသာတည်းကွက်မပြောကြေးဆိုလျင်
    လက်တွေ့နှင့် သိပ် မကိုက်လှသော ..သင်္ချာ စာအုပ်ထူကြီးမှ သင်ခန်းစာများအား
    အတန်ငယ်လျော့ပြီး …ပြည်သူ့ နီတိလို ဟာမျိုး …အသုံးချ စိတ်ပညာ လိုဟာမျိုး
    အတွေးအခေါ်ပိုင်း အားပေးတဲ့ သင်ခန်းစာ ဘာသာရပ်မျိုး ..စီးပွားရေးပညာနှင့် သဘာဝ
    ပတ်ဝန်းကျင် ထိန်းသိမ်းရေးလို ဘာသာရပ်မျိုး … ပိုပြီး ထည့်သွင်းသင့်တယ် မဟုတ်လားဗျာ..

    ကျနော်တို့နှစ်က သင်္ချာ ကဲ့သို့သော စာများသည့် ဘာသာရပ်များ ကိုစ့် မပြတ်…
    (နာမည်ကျော် ကျူရှင်ဆြာတွေပင် ပြတ်အောင် မသင်ခဲ့နိုင်)
    စနစ်သစ် နှစ်သစ် ဖြစ်သဖြင့် …စာမေးပွဲအောင်ကြတော့လည်း …အမှတ်တွေမကောင်းကြ
    ထိုစဉ်က whole burmaပင်လျင် ..ယခု ခေတ် top-ten စာရင်းပင်
    မဝင်နိုင်တော့…

    နောက်ပိုင်းနှစ်တွေမတော့ …မေးခွန်းအထှာ ကိုကြည်ု့ပြီး …ဘယ်ဘာသာ ဆို
    ဘယ်အခန်း အပိုင်ကိုင်ရင် ဘာ လွှတ်လို့ရတယ် …ဆိုတာမျိုးတွေပေါ်လာသည်။
    ဒါက အများဆုံးမှ ၁ဝမှတ်ဖိုးပဲပါမှာ ကြည့်ရမှာ နဲ့ မတန်ဘူး …
    choice လုပ်ပြီး ရှောင်လို့ရတယ် ..လွန်ရောကျွန်ရော ဓမ္မဌိထန် ၃မှတ်ပဲထိမှာ…
    ဒါမျိုးတွေ လုပ်ပြီး သင်လာကြသည် …. ဝှိုး ဘားမား မှန်းသော ဆေးကျောင်းအမှတ်မှန်းသော
    ကျောင်းသားအတွက် ဂုဏ်ထူးလေး ၃-၄လုံးလောက် မှန်းသောကျောင်းသားအတွက်
    ကို အောင်ရုံ များအတွက် …course တွေ အမျိုးမျိုးခွဲပေးထားသလိုပင် ဖြစ်သွားလေသတည်း….

    ကျနော်လည်း ဂိုက် သင်စားတုန်းက ဒါမျိုးလုပ်ခဲ့ဖူးပါသည်…. မှန်တာဝန်ခံရင်
    လုံးဝ စိတ်မသန့်ခဲ့ပါခင်ဗျား ….
    တကယ်တော့ ….
    အပေါ်အတန်းကဟာတွေ အောက်အတန်းကို ဆွဲချပြီး သင်တာသက်သက်က ..
    ပညာရေးစနစ် မြှင့်တင်ခြင်း လို့ မမြင်မိဘူးဗျာ..(မှားရင်လည်း ထောက်ပြပေးပါ)

    တချိန်က ………….
    ဗမာကျောင်းသား နိုင်ငံခြားထွက်ကျောင်းတက်ရင် အင်္ဂလိပ်စာ ကောင်းတယ် ..သင်္ချာတော်တယ်
    ချီးကျူးခံ ရတာ ကြားဖူးပါတယ် …. ကြာလည်းကြာခဲ့ပါပြီ …ခုနောက်ပိုင်း သိပ်မကြားရတော့ပါ…
    (စလုံးမှာ ကျောင်းတက်စား နေတဲ့ ကျနော့် ဘော်ဘော်တွေ ပိုသိပါမည်…)

    အင်း …ဒါတွေကို နောက် generation လောက်များ ဆိုရင် အိပ်ယာဝင်ပုံပြင် ဖြစ်သွားမှာမျိုး တော့ မလိုလားပါခင်ဗျား
    အိမ်နီးနားချင်း သူများတိုင်းပြည်တွေ သင်ရိုးတွေဘယ်လိုဆွဲသလဲ ..ဘယ်လို သုသေသနနဲ့ ဘယ်လို
    update လုပ်လည်း ပညာရှင်များ …လေ့လာစောင့်ကြည့် ပြီး public ကိုလည်း ပြောသင့် ပြသင့်ပါသည်။

    ဂလိုနဲ့ …တောင်မှန်းမြောက်မှန်း မသိတဲ့ ဂီဂီ …ဆယ်တန်းအောင်လာပါပြီ ….
    သားလိမ္မာလုပ်ပြီး …(ကိုယ်နဲ့ ဘယ်လိုမှ မကိုက်မှန်းလည်းသိ …အစကတည်းက အီကိုယူချင်တဲ့ကောင်)
    ဆေးကျောင်း သွားတက်ပါသည် …… ရီစရာကတော့ လိပ်ခုံးနှင့် ကျနော်တက်ခဲ့သည့် အထက်တန်းကျောင်းသည်
    လမ်းတခုသာခြားပါသည်။ (သည်တော့ တောကျွမ်းပြီပေါ့ ……)

    ပထမနှစ်ကို ဖုတ်လိုက်ဖုတ်လိုက်နှင့် ဖြတ်သန်းခဲ့ပါသည်။ ဗမာစာ နှင့် အင်္ဂလိပ်စာ ဘာသာရပ်၂ခုမှလွဲလျင်
    ကျန် ဘာသာများ စိတ်မဝင်စားခဲ့ပါခင်ဗျား …..ကျနော်တို့ practical group ထဲမှ ကောင်မလေးတယောက်၏
    ရည်းစား (E major ကျောင်းသား…)ကို လူစားထိုးပြီး …ကျနော်ကတော့ အပြင်က ရည်းစားလေးနှင့် လိမ့်ပါသည်…..
    ဖိုင်နယ် မတိုင်ခင်အထိ ကျနော့်ကို အတု ဟိုဘဲကို အစစ် ဟုထင်ကြပါသည်…. အဲ့လောက် ဆိုးသွမ်းခဲ့သည့်
    ခုံနံပတ် -၃၇၆ ဖြစ်ပါသည်။

    ပြောချင်တာ သည်လိုပါ ကိုသစ်ရေ။ ကျနော်တို့ လူပေလူတေ တသိုက်ဒုတိယနှစ်ရောက်တော့မှ
    ဝါသနာမပါဘဲ ကျောင်းရောက်လာတဲ့ကောင်တွေ လပတ်စာမေးပွဲတွေ badly fail တွေများလွန်းရာမှ …
    ဒုတိယနှစ်မှ သင်ခန်းစာအချို့ ကို ပထမနှစ်သို့ ချပြီး သင်စေပါသည်။ ၂၀၀၃ တဝိုက်ဆီမှ …၁ဝတန်းအောင်ကာစ
    ချာတိတ်တွေ စီနီယာ လူမိုက်တွေ ကောင်းမှုကြောင့် ဘာမှ မသိသေးဘဲ …စူပရာနို ဆိုလိုက်ရပါသည်…။
    သူတို့လည်း တဖုန်းဖုန်းပါပဲခင်ဗျား ….
    (အော် …ဝါသနာပါရာကိုသာ လုပ်ခွင့်ရကြမယ်…ဆိုရင်ဖြင့်လေ…)

    သည်လိုနှင့် တတိယနှစ်ရောက်လာပါသည်။ ကျကျန်ရစ်သူများ ဘေးချော်သွားသူများ ၊ ဆယ်လစ်ဘရစ်တီဖြစ်သွားသူများ
    နိုင်ငံခြား ထွက်သွားသူများ မနည်မနော ….ကျနော် စိတ်မဝင်စားသော ဆေးပညာကြောင့် တခါ သေမလို ဖြစ်ပြီး အနှီ
    လောကကို အပြီးတိုင် စွန့်ခွာခဲ့ပါသည်။

    ပြောချင်တာကတော့
    ကံကောင်းထောက်မစွာဖြင့် ကျနော် အကောင်းဆုံး ဆိုသော ကျောင်းတွေ တက်ခွင့်ရခဲ့ပါသည်။
    အဆိုပါကျောင်းများတွင်လည်း လိုအပ်ချက် အားနည်းချက်များ ရှိနေပါသည်။
    (ကျောင်းသားတယောက် ၁နှစ်လုံး practical လူစားထိုးခဲ့တာ …ကို မသိခြင်း အပါအဝင်ပေါ့လေ..)
    ပညာရေး စနစ် တခုလုံးအနေနှင့် လွန်စွာ မြေလှန်ပစ်ရန် လိုအပ်ပါကြောင်း …
    ပညာရေးစနစ်ကောင်းလျင်ဖြင့် … safty needs တွေ ပြေလည်လာပြီး အဂတိတရား တွေ လျော့ပါးနိုင်ပါကြောင်း …
    next generation ကစပြီး စာအုပ်နီနီလေးတွေ လက်မထောင်လာနိုင်မှာဖြစ်ကြောင်း ….

    တော်သေးဘီ မောသွားဘီ …..

    ပုံ
    ကြောက်ကပ် ဝေဒနာ သယ် ဂီဂီ…
    (ကျောက်ကပ် ဟုတ်ဝူးနော … ဆင်မီနာတွေ ဆို ကြောက် လွန်းလို့ ချောင်မှာ ကပ် နေတဲ့ ဂီ)

    • Khin Latt

      December 19, 2011 at 6:12 pm

      ghi (abcdef က ဘယ်ရောက်သွားလို့လဲ) မှာရှိတဲ့ inz ရေ …
      စိတ်ဝင်စားဖွယ် ပညာရေး အတွေ့ အကြုံများ ကို Share လုပ်ပေးလို့ ကျေးကျေး ပါ။
      အချိန်ရတာနဲ့ ဝင်လျှာရှည် ပါရစေဦး။ 🙂

      • inz@ghi

        December 19, 2011 at 6:28 pm

        ိဟုတ် ဂီ့ ကို
        အားပေးတာ ကျေးကျေးပါ …

        ကြောက်လို့ကပ်နေတာပါ …
        ပိုစ့်ပိုင်ရှင်ကြီးက စိတ်ကောက်ပီး စကားတောင်ပြန်မပြောဝူး
        ဟင့်
        :'(

    • thit min

      December 19, 2011 at 9:03 pm

      Dec-19 Reply (2)
      ဟုတ်တယ်ညီလေး (in zar ghi) ရေ
      ကို ဒီမှာပြောနေကြ စကားရှိတယ်။ ကိုယ်နဲ့အသုံးတဲ့မှ သင်ပါလို့။
      အသုံးမတဲ့ ရင် သင်စရာမလိုပါဘူးလို့။
      ပြောရရင်တော်တော်လွဲနေတာတွေက အများကြီးပါ။ အမေရိကန်မှာတောင် ကလေး
      တွေ သေနတ်ကိုင်နေကြတယ်။
      ဂျပန်မှာ တချို့အသက်မပြည့်ဘဲအရက်ခိုးသောက်နေတယ်။
      ပြည့်စုံတဲ့ ပညာရေးဆိုတာမရှိသလောက်ပါဘဲ။
      သင်ရိုးညွန်းတမ်းနဲ့ သင်ရတဲ့စာသင်ချိန်ကလည်း မလောက်ဘူးကွ ဒီမှာဆိုရင်ပေါ့ကွာ။
      တို့ဆီမှာ ပထမနှစ်နဲ့ ဒုတိယနှစ်သင်တဲ့ အတိုင်းအတာကို ချုံးပြီး ၆ လ (၁၅ ကြိမ်) နဲ့ သင်နေတာဗျ။
      တတ်ပါလိမ့်မယ် အားကြီး၊ကလေးတွေကလည်း စာစိတ်မဝင်စား၊ဂျပန်ကတော့နောက်ပိုင်းမချောင်တာ
      အမှန်ပါဘဲဗျ။အဲ အများစုကလေးတွေရဲ့ ကိုယ်ကျင့်တရားကတော့ ကောင်း နေ”သေး” တယ်ကွ။ဟဲ ဟဲ။
      အဲ အပေါ်တန်းတွေရောက်လာမှ လုပ်ယူရတော့တာဘဲ။ သာမန်အန်ဒါဂရက်တွေကတော့
      ရေလိုက်ငါးလိုက်ပြီပေါ့ကွာ။
      အဲဒီတော့ ရှင်းပါတယ် ၁၅ ကြိမ်မှာ စာထက် “စိတ်” ကိုသင်ပေးလိုက်တယ်။
      တွေးခေါ်တတ်အောင် အဓိကသင်ရတာပေါ့ကွာ။ လွတ်လပ်စွာတွေးတတ်ဖို့ပေါ့။ စာအုပ်ထဲရေးထားလို့၊
      ဆရာပြောလို့အဲဒီအမှန်တရားဟုတ်မဟုတ် ကိုယ်ဟာကိုဆန်းစစ်၊ ပြီးရင် တဆင့်တက် ကိုယ်ဆိုဘယ်လိုစဉ်းစားမလဲ။
      အသစ်တွေရှာ။ အဲဒီလိုလုပ်ခိုင်းတယ်။ ဘဝကိုရည်မှန်းချက်နဲ့သွားတတ်အောင် ပြောပြတယ်။
      နို့ စာတွေစွတ်သင်နေတော့ကော ဘာလုပ်မှာလည်းနော့။
      အမှန်က “စိတ်” ကိုသင်ပေးရင်ပြီး ပြီ။
      စိတ် က အတွေးအခေါ်မှန်သွားရင် တော်ရုံတတ်တဲ့ ကောင်တွေချည်းဘဲရှိလည်း တိုင်းပြည် သင့်ပြီပေါ့ကွာ။
      အဲ အတွေးအခေါ်မှန်မှာ လူတော်တွေရှိမယ်ဆိုရင်တော့ ပွဲပြီးတာပေါ့။
      {စောစောက ဘယ်လိုမှကော်မန့်တင်လို့မရတာကွ၊ ဘာဖြစ်မှန်းမသိဘူး၊သူကြီး ကိုယ်ကိုဘန်းတာလားတိဘူးကွ(^^)}

  • Oo Oo

    December 19, 2011 at 10:32 pm

    ဒီထဲမှာဝင်မန့်ဖြစ်တဲ့..ကျနော့ရဲ့ကွန်မန့်တွေဟာ..ဝန်ထမ်းတွေအပေါ်အပြစ်ပြောမိသလိုဖြစ်သွားတဲ့အတွက်
    ရွာထဲရှိဝန်ထမ်းများကိုအနူးအညွန့်တောင်းပန်ပါကြောင်း ဦးစွာပြောလိုပါတယ်
    တကယ်တော့ကျနော်ဟာ..အစိုးရဝန်ထမ်းတွေကိုမုန်းလို့..မလိုစိတ်နဲ့ပြောခဲ့တာမဟုတ်ပါဘူး..
    ကျနော်နဲ့အင်မတန်ရင်းနှီးတဲ့ကျောင်နေဖက်ငယ်သူငယ်ချင်းတွေတော်တော်များများလည်းဝန်ထမ်းတွေပါပဲ
    သူတို့ကြောင့်လည်းဌါနတော်တော်များများရဲ့ဝန်ထမ်းလောကအကြောင်းထဲထဲဝင်ဝင်တော်တော်လေးသိခွင့်ရခဲ့တာပါ
    ရိုးသားမှုကိုလက်ကိုင်ထားကြတဲ့အရပ်ဘက်ဝန်ထမ်း/အရာရှိတွေကိုသိကျွမ်းခွင့်ရခဲ့ဖူးသလို..စိတ်ဓါတ်မွန်မြတ်ပြီး
    လေးစားထိုက်တဲ့စစ်ဘက်ဆိုင်ရာအရာရှိကြီးတစ်ချို့နဲ့လည်းသိကျွမ်းဆက်ဆံခဲ့ဖူးပါတယ်..ကျနော်ဆိုလိုချင်တာက..
    ပြည်စုံတဲ့လူနေမှုမရပေမယ့် စိတ်ဓါတ်၊ခံယူချက်မြင်မားစွာနဲ့တာဝန်ထမ်းဆောင်နေတဲ့ဝန်ထမ်းတွေလက်ရှိအချိန်မှာရှိနေ
    ကြပါသေးတယ်..ဆန္ဒတွေနောက်ကိုလိုက်နေကြတဲ့ဝန်ထမ်းတွေကလည်းလောကီသားတွေမို့အပြစ်ဆိုဖို့ခက်ပါတယ်
    အဓိကအကြောင်းရင်းက..ကောင်းမွန်ပြီးဟာကွက်နဲတဲ့ဥပဒေကောင်းတွေရှိပြီး..ထိထိရောက်ရောက်ကျင့်သုံးနိုင်ခဲ့ရင်
    ဝန်ထမ်းလောကလည်းလုံလောက်တဲ့သာတူညီမျှအခွင့်အရေးတွေရကြပြီး..ဆိုင်ရာတာဝန်တွေကိုကြိုးစားလုပ်ကိုင်လို
    စိတ်တွေရှိလာကြမှာပါ..ဖြစ်သင့်တာဖြစ်ပြီးမှန်ကန်တဲ့အနေအထားလမ်းကြောင်းတခုပေါ်ရောက်လာတဲ့အချိန်ကျရင်
    အဂတိလိုက်စားမှုတွေကိုတိုက်ဖျက်ဖို့လွယ်ကူသွားနိုင်မယ်ထင်ပါတယ်

  • inz@ghi

    December 20, 2011 at 12:59 pm

    ဆက်ရွှီးဦးမယ် ကိုသစ်ရေ ..

    ပညာရေးစနစ်အကြောင်း …
    အစ်ကိုရော ကျနော် ပါ ကြုံရတာလေးတွေနဲ့ ယှဉ်ပြီးတော့ပေါ့…

    တနေ့က akihabara-shosen ရောက်တယ်
    ၆ထပ်တိုက် တတိုက်လုံး စာအုပ်တွေအပြည့်
    အပြာစာအုပ်ကအစ- နည်းပညာစာအုပ်အလယ်-ဘာသာရေးစာအုပ်အဆုံး.
    အကုန်လုံး သူတို့ဘာသာနဲ့ ထုတ်ထားကြတာ …

    အားကျထှာ ဗျာ ..တကယ်ပါ …သူတို့ လူမျိုးအတွက်ဆို ..သူတို့စာပေ ..
    သူတို့ ဘာသာ တခုပဲတတ် …ဘာမဆို လေ့လာလို့ ရသွားပြီ….
    သင်ယူလို့ရသွားပြီ ….။ သည်ငပုတွေက တော်လားဆို ထင်သလောက်
    မတော်ဘူးဗျ …ပညာရေး စနစ်လည်း ကျနော် သိသလောက်….
    (တိုင်းပြည်ကသာ ကမာ္ဘ့အဆင့် -၃ ပညာရေး စနစ်ကတော့ ကမာ္ဘ့အဆင့်-၃မဟုတ်ရှာဘူး)
    သည်လောက်ကြီး ကောင်းနေတာ မဟုတ်ဘူးဗျာ….

    အားသာချက်က ဘာမဆို သင်းတို့ ဘာသာပြန် ရှိတာပဲ….
    (ဟိုတခါပြောသလို ဘာသာပြန်သူရဲ့ အစွဲ bias လေးတွေတော့ ပါတာပေါ့ဗျာ..)
    သို့သော် ရေရှည်မှာ တအားသိသာတယ်ဗျ…

    ကျနော်တို့လောကမှာ အသစ် အသစ်တွေ ခနခနပေါ်တယ်…
    ဥပမာဗျာ Microsoft Silverlight လိုမျိုး ..API အသစ်ပေါ်လာတယ်..
    ဒါနဲ့ project ရေးရမယ် လုပ်ရမယ်။ သူလည်း မတတ်ဘူး … အင်း ..ကိုယ်လည်းမတတ်ဘူး..

    ထုံးစံအတိုင်း လမ်းဟောင်းကြီးလိုက်ရမယ်ဗျာ …စု-တု-ပြုမယ် …..
    microsoft ကတင်ထားတဲ့ ဝက်ဆိုက်ထဲသွား step-by-stepလေ့လာ …
    ဒါ ဂျာပွန်မှာမှ မဟုတ်ဘူး ..စလုံးမှာ ဆိုလည်း သည်လိုပဲ …အိနိ္ဒယမှာ ဆိုလည်း သည်လိုပဲ ….

    ဘသားချောတွေကတော့ မိုက်တယ်ဗျ …သည်နေ့ ဒါ နဲ့ သည်လိုရေးမယ် ပြောလိုက်
    နောက်နေ့ စာအုပ်လေး တစ်အုပ်ပါလာတယ် .silverlight-nyuumon တဲ့ ….
    ကိုယ့်အရင် develop လုပ်သွားခဲ့တဲ့ technician က spoon-feeding လုပ်ထားတာတွေလေ…
    ဖတ်ကြည့်လိုက် … သေပြီဆြာဘဲ …… ကိုယ်တွေ စု-တု-ပြု တာထက် အပုံကြီး ကွာသွားပြီ…
    အွန်လိုင်းမှာ ရှာဖတ် …လိုက် စမ်းသပ် ..မှားလိုက် …ချာလပတ်လည်လိုက် ….တိုင်တွေပတ်…
    သူတို့ကတော့ ..step-by-step ကွက်တိ …..
    အင်္ဂလိပ်စာ ဟာ မိခင်ဘာသာစကားမဟုတ်လေတော့ ….ဘယ်သူမဆို အနည်းနဲ့အများတော့
    အခက်အခဲလေးတွေ ရှိတယ်ဗျာ …. ဒင်းတို့မှာတော့ ဖတ်ရတော့လည်း ..မိခင်ဘာသာစကားနဲ့ …
    ရေးပေးထားတဲ့လူကလည်း … လုံးဝ ဘီဂင်နာ တယောက် ကို ပရိုအဆင့်ထိ တဆင့်ချင်း
    ဆွဲခေါ်နိုင်တဲ့ spoon-feeding ..နဲ့ …
    “nyuumon ဆိုရာဝယ် …blah-blah blah for dummies စာအုပ်မျိုးတွေဗျ-စကားချပ်”

    လုပ်နိုင်ပီပေါ့ဗျာ လုပ်တတ်ပီပေါ့ …. လိုကယ်လ် မှာတုန်းက သွားတွေ့တာလေး တစ်ခုပါ….
    (ကျနော်တို့ sector တခုတည်း အနေနဲ့ ဆွေးနွေးမယ်နော …)
    IQ ချင်းတူရင် အခွင့်အရေးချင်း ဆတူ ရထားရင် ..english ကောင်းတဲ့ ချာတိတ်က ..
    အတတ်မြန်တာပဲ ..ရှေ့ရောက်တာပဲ …တခါတခါများ IQ သာပြီး Eng မကောင်းတဲ့လူက
    အပြတ်အသတ်တောင် ကျန်ခဲ့သေး ….ယုန်နဲ့ လိပ် ပြေးသလိုဖြစ်ဖြစ်နေတာကိုးဗျာ..

    သည်တော့ ပညာရေး စနစ်အရ ပြောရရင် …ကျုပ်တို့ ရွေးချယ်စရာ ၂ခု ရှိမယ်ဗျာ ….
    ၁၊ ဂျာပွန်လို ဘာမဆို ကိုယ့်ဘာသာ ကို ပြန်ဆိုရေးသားကြမလား။
    ၂၊ Eng ပိုကောင်းအောင် သင်ပေးမလား ..

    ၁ကိုရွေးဖို့တော့ လက်ရှိ မလွယ်ဘူးဗျ ….အရမ်းကြီးရေရှည်သွားရမှာ … ပြီး …revolution လိုကို လုပ်ယူရမှာ..
    ၂ ကိုတော့ ပိုသဘောကျတယ်ဗျို့ …. ENG ပိုကောင်းဖို့ တအားလိုနေပြီ …
    ပြည်တွင်းပြည်ပက အလုပ်အကိုင်အခွင့်အလမ်းကောင်းတွေ .. တကယ်ရရှိစေချင်လို့ပါဗျာ ….
    safty needs တွေ cover ဖြစ်သထက်ဖြစ်လာရင် စာရိတ္တတွေ ပိုပိုကောင်းလာမယ် ထင်လို့ပါ…

    စကားမစပ် ..ဂျာပွန်ကတော့ ရှေ့လျောက် ပို မလွယ်တော့ဘူး ထင်ပါ၏
    သူတို့လည်း english benkyo ကို revolution လုပ်နေတာကိုးဗျ …….
    Uniqlo က နောက်နှစ် official language ကို ဘိုလိုပြောင်းမယ် ပြောတယ်…
    ရုံးဆင်းချိန်ကို စောဆင်း ပေးလိုက်ပြီး ဝန်ထမ်းတွေကို english class တွေသွားဖို့ တိုက်တွန်းတာ …
    ဟဲဟဲ …၅နာရီမထိုးသေးဘူး အီဇာဂါယာ ရောက်ကုန်တဲ့ ငတိတွေ မနည်းဘူး လို့ ဖတ်ရတယ်ဗျ…
    အစ်ကို ပြောသလို စိတ်ဓါတ်အဆင့်အတန်း က တိုင်းပြည်အဆင့်အတန်း ကို ဆွဲချသွားနိုင်တယ် မဟုတ်ပါလားဗျာ…

    (စကားအတင်းစပ်လို့ ..) ကျနော်တို့ဆီမှာ နည်းနည်းရေလိုက်လွဲတာလေး ပြောချင်သဗျား …..
    အင်္ဂလိပ် စာ သင်တန်း ရန်ကုန် မန ္တလေး ခွဲပြောမယ်နော ….(၂မြို့စလုံးက ဆဲစာ လေးတွေ လာမှာမြင်ယောင်၏)
    ရန်ကုန်သူား များ(စာသင်သား)က အင်မတန် အသံထွက် ကို အလေးထားတာကလား ….phonetics မှ phonetics…
    အသံနေအသံထား ..အင်မတန် အလေးထားတာကလား …(ကြုံမှ ဆော့သန်းန် ..ကယ်ရိုလိနား …လေကျနဲ့
    စကားပြောတဲ့ ငတိတွေအကြောင်း ရေးဦးမယ်……..ခိခိ…သူရို့ လေအတိုင်းပေါင်းထားတာနော….)
    အဲ့ ..မန ္တလေးသူား တွေကတော့ …စကားလုံးကြွယ်ဝဖို့ တဲ့ဗျို့ …… စကားလုံးအသစ်အဆန်းတွေ ….
    နုတ်ထုတ် အာဂုံဆောင် …..

    ဆိုလိုချင်တာက သည်လိုပါဗျာ ..အသုံးများတဲ့ english ကို common တွေကို ကျေညက်ဖို့ ကပိုအရေးပါကြောင်းပါ…
    နိုင်ငံခြားသားနဲ့ ဆက်ဆံတဲ့အခါ native speaker လို စကား မပီတာ … အထူးအဆန်းစာလုံး နားမလည်တာ….
    သူတို့ ခွင့်လွှတ်နားလည်ပေးပြီးသားပါ အထင်မသေးကြပါဘူး …

    သည်အတွေးကို three ကို siree လို့ အသံထွက်တတ်ဆဲ …ကမာ္ဘပါတ်နေတဲ့ … လေးစားရပါသော ..
    ဂျာပွန် တယောက်က အခိုင်အမာ…သက်သေပြသွားတာပါ…

    ပိုကောင်းတဲ့ လူ့ဘောင် အတွက် …တော့ …..စည်းကမ်းရှိကြ ..ကျင့်ဝတ်စောင့်ကြ …
    အင်းဂလိစာကောင်းအောင်လုပ်… သင်္ချာကောင်းအောင်လုပ်…
    လျောက်ပြောနေရင် ပညတ် တွေဖြစ်လိမ့်မှာမို့ ပရမတ်ကိုပြောပါဆို …ဟုတ်ကဲ့..
    စိတ်ဓါတ် ၊ စည်းကမ်း ၊ ပညာ ပါခင်ဗျား…

Leave a Reply