ဆက်ပျံ ့နေဦးမည့် အတွေးစများ
ဆက်ပျံ ့နေဦးမည့် အတွေးစများ…..
“ကောင်းလိုက်တဲ့ စေတနာတွေ ……ဦးအေး၊ ဒေါ်မြင့် မိသားစုက အလှူတော်ငွေကမှ
ငါးရာကျပ်ပါခင်ဗျား………… သဒ္ဓါပေါက်၍ လာရောက်လှူဒါန်းသွားပါတယ် ခင်ဗျား…….
ကောင်းလိုက်တဲ့ စေတနာတွေ ပါခင်ဗျ။”
လော်စပီကာမှ အလွန်အမင်း ကျယ်လောင်စွာ ပေါ်ထွက်လာတဲ့ အသံကြောင့် ကျမရဲ ့
နေ့ခင်း တစ်မှေးလေး ဖျောက်ခနဲ ပျောက်သွားပါပြီ။ ကျမတို့ အိမ်နဲ့ တစ်အိမ်ပဲ ခြားတဲ့
အိမ်ရဲ ့ရှေ ့တည့်တည့် လမ်းကိုတစ်ဝက်သာသာ ကျူးကာကျော်ကာ နဲ့ တည်ဆောက်ထားတဲ့
ဓမ္မ တရားမဏ္ဍပ် (သူတို့ အခေါ်) မှ လာတာပါလား။
အလို …သူတို့ သံဃိက ဒါန ဘုံဆွမ်းလောင်း အသင်းကြီးက (၅) ရက်တိုင်တိုင် ကျင်းပမယ် ဆိုပါလား၊ ဘုန်းတော်ကြီးဟောကြားတာ ပြဿနာ မရှိဘူးကွယ်။ ဘုန်းကြီးဟောမှာက
ည (၇) နာရီ ၊ သူတို့ အလှူခံ Campaign က နေ့ခင်း (၁.၃၀) ကတည်းက ကွဲ့။
(လွန်တယ်ကွာ) လို့ စတင် အတွေးပွားမိတာကို ပြန်ထိန်း ပြီး (အေးပါလေ) လို့
ဖြေတွေးလေးနဲ့ ကိုယ့်ကိုယ်ကို တရားချ လိုက်ရတယ်။
ပထမတင်ခဲ့တဲ့ ပို့စ်ထဲက ဘိုးတော်ပါပဲ၊ သူက အသက်(၇၈) နှစ်တဲ့၊ အော်နှိုင်ဆဲပဲကွာ။
ဒီပွဲမှာတော့ သူက ဆန်းထွဋ္ဋ် ထက်သာတဲ့ Presenter ပေါ့။ ပထမဆုံး နမောတဿ နဲ့
စတင်လိုက်တာ အတော်အတန် ဘုန်းကြီးများတော့ အသာလေးရယ်။ ဆက်ပြီး စိန်ရောင်
ခြည်ဘုရားပင့်ပါတယ်။ အဲဒီကစ တော့တာပါပဲ။ ဘုရားပင့်နေရင်း….
“ ကားဆရာများ၊ ဆိုင်ကယ်ဆရာများခင်ဗျား….အိုး… ကားဆရာများ၊ ဆိုင်ကယ်ဆရာများခင်ဗျား ( ပထမ အပိုဒ်က အတင်ကီး၊ ဒုတိယအပိုဒ်က အချကီး )။
ဖြည်းဖြည်းမောင်းကြပါခင်ဗျာ ဖြည်းဖြည်းမောင်းကြပါခင်ဗျ။ …..ကျွန်တော်များ
သံဃိက ဒါန ဘုံဆွမ်းလောင်း အသင်းကြီးက ကျင်းပနေတဲ့ တရားပွဲကြီး ကို လာရောက်
လှူဒါန်းနေသူတွေ အန ္တရာယ်ရှိနှိုင်တာမို့လို့ ဖြည်းဖြည်းမောင်းကြပါခင်ဗျာ ဖြည်းဖြည်းမောင်းကြပါခင်ဗျ။ ကျွန်တော် မေတ္တာရပ်ခံနေတာပါခင်ဗျ ။”
အဲလို ထအော်ပါလေရော။ အော်ရင်းနဲ့ သူ စိတ်မထိန်း နှိုင်တော့ဘူး ဒေါသတွေနဲ့
“ မေတ္တာရပ်ခံလို့မှ မရရင် လမ်းနှစ်ဖက် လုံးပိတ်ပစ်ကွာ”
စိန်ရောင်ခြည် ဘုရားပင့် ကို စာချတန်း ဘုန်းတော်ကြီးတစ်ပါး လေသံ နဲ့ ရွတ်ဖတ်လို့
မပြီးသေးဘူး။ ဒေါသတွေ ဟုန်းဟုန်းတောက်နေပါကလား။
နေ့ခင်း စောင်းရောက်ပြီ ဆိုတော့လေ ကျောင်းကြို၊ ရုံးကြို သွားကြလာကြ ချိန်ဆိုတော့
ကားတွေ၊ ဆိုင်ကယ်တွေ ဆိုတာ ကလည်း သူ့ အရှိန်တွေနဲ့ သူတွေ မဟုတ်ပါလား။
ဒါနဲ့ ဘိုးဘိုးကြီး သူ့ဒေါသနဲ့သူ ချောင်းတွေဆိုး အသံတွေ ဗလုံးဗထွေး ဖြစ်နေတုန်းမှာ
အသံချဲ ့စက်သမားက သီချင်းဖွင့်လိုက်ရပါတယ်။
ကျမ အတွေးစတွေကလည်း အတင်းဘရိတ်လိုက်အုပ်တဲ့ ကြားက စာထဲမှာဖတ်ဖူးတဲ့
Pollution လေး မျိုးဆီကို ရောက်သွားပြန်ပါတော့တယ်။
(1) Air Pollution
(2) Water Pollution
(3) Light Pollution
(4) Noise Pollution
ကျမတို့ဆီမှာ ဘာ ဘာတွေပေါပါလိမ့်…အလိုလေး…(၃) ကလွဲရင် အကုန်ပါလားကွယ်တို့ရေ။
အခု လောလောဆယ် ကျမ ရင်ဆိုင်နေရတာ ရန်သူနံပါတ်(၄) ပါလား။ ကျမ နားတွေထဲမှာ
ဝါဂွမ်းဆို့ထားကြည့်တယ်။ ကြားနေရသေးတယ်။ ဝါဂွမ်းထုတ်လိုက်ရင် နားတွေ ပိုအူလာပြီး
အန်ချင်သလိုလိုဖြစ်လာတယ်။ ခေါင်းကိုက်ပြီး ဆေးသောက်ရတော့တာပေါ့။
နားအေးပါးအေးနေချင်ပေမဲ့ လူတောထဲကလူတစ်ယောက်မို့ လူတွေကို ရှောင်မရတာ
ကျမ နားလည်ပါတယ်။ ပင်စင်ယူပြီးမှ Crowd ကို ကြောက်တတ်နေသလိုပါပဲ။ လူလိမ်ခံ
ရမှာစိုးလို့ လူတွေနဲ့ မပေါင်းရင် လူအကြောင်းသိမှာ မဟုတ်ဘူးလို့ အမေ ပြောပြဖူးတဲ့
ပုံပြင်လေးတစ်ပုဒ် သွားသတိရမိပါတယ်။
တစ်ခါက ကလေးတစ်ယောက်ဟာ လူကြီးသူမ ဆုံးမလိုက်တဲ့ အတိုင်း လူလိမ်ခံရမှာစိုးပြီး
ဘယ်သူ့ကိုမှ မပေါင်းခဲ့၊ မယုံခဲ့ဘူးတဲ့။ ဒီတော့ အရွယ်ရောက်တဲ့ အထိ လူလိမ်မခံရဘူးပေါ့။
အသက်ကြီး လာပြီး သေဆုံး ခါနီးမှာ “လောကမှာ လူကောင်းတစ်ယောက်ကိုမျှ မတွေ့ရပါလား ” လို့ ပြောသွားခဲ့တာတဲ့။
ဒီတော့ အသုဘလာတဲ့ အဘွားအိုတစ်ဦးက …
“ဪ … သူ့ခမျာ လူလိမ်လည်းမခံရ၊ လူကောင်းနဲ့လည်းလွဲရှာတယ်”…လို့ မှတ်ချက်ချတာကို သေသူရဲ ့ ဝိညာဉ်က ကြားလိုက် ရတော့တယ်။
ဆိုတော့ ကျမတို့တွေ လူကောင်းနဲ့တွေ့ဖို့လည်း အရေးကြီးတာပဲ မဟုတ်ပါလား။ ကိုယ့်ရှိတဲ့
အသိဉာဏ်လေးလွှာသုံးပြီး (လူ)လား။ (လု) လား။ (လူး)လား စဉ်းစားကြရပေတော့မယ်
လို့ အတွေးစ လေးကို ဂီယာ တင်လိုက်ပါတယ်။
တွေးနေရင်းအိမ်ရှေ ့ ခြံတံခါးဝမှာ ရိပ်ခနဲ လူတစ်ယောက်မြင်လိုက်လို့ အော် ဧည့်သည်များ
လား ဆိုပြီး ကြည့်လိုက်တော့ ဒီပုဂ္ဂိုလ် အိမ်ရှေ ့ ရေမြောင်းထဲကို တစ်ခုခု ပစ်ချလိုက်
ကောက်လိုက်နဲ့ ကလေးတစ်ယောက်လိုဆော့နေတာ။
သူက ကျမတို့အိမ်နဲ့ မလှမ်းမကမ်း လောက်က။ အသက် (၃၀) ဝန်းကျင်လောက်ပဲ။ မိသားစု
ရှိတယ်။ လူလတ်တန်းစားထဲကပဲ။ အရက်အလွန်များသွားတာကြောင့် စိတ် အဆင်မပြေဘူး
လို့ ပြောကြတယ်။ သူနာမည် မောင်မူး ထားကြပါစို့။
ကျမ မနက်စောစော ကျုံးဘေး စက်ဘီးစီးသွားရင် တစ်ခါတစ်ရံ သူ့ကို ကျုံးဘေးမှာ
တစ်ယောက်တည်း စကားတွေပြောနေတာ၊ တစ်ခါတစ်လေ ခိုးခိုးခစ်ခစ် ရယ်နေတာ၊
တစ်ခါတစ်လေ ကလေးတစ်ယောက်လို ရှိုက်ကြီးတငင်ငိုနေတာ တွေ့ ဖူးတယ်။ကျမတော့
ကြောက်တာနဲ့ သူ့ဘေးကဖြတ်ရင် ဘီးကို သုတ်သုတ်နင်း ပြေးခဲ့တာ။
အခုလည်း သူ ခြံရှေ ့လာထိုင်ဆော့နေပါလား။ ခြံတံခါးက သော့ခတ်ထားလို့ တော်သေးတယ်။
သိပ် မကြောက်ဘူးပေါ့။ ဒါနဲ့ မနက်က ပဲထတ္တရာတစ်ချပ် ကျန်သေးတာသတိရပြီး
လိမ္မော်သီးလေး တစ်လုံးနဲ့ ထတ္တရာလေးနဲ့ ပလတ်စတစ် အိပ်ထဲထည့်ပြီး ခြံတံခါး သံကွက်ကြားထဲ
ကနေ လှမ်းပေးရင်း
“ရော့… မုန့်စား၊ အိမ်ပြန်စားနော်”
မောင်မူးထရပ်လိုက်တယ်။ သူ့လက်ထဲက ခဲလုံးတွေမြောင်းထဲပစ်ပေါက်လိုက်တာ ကျမ လန့်သွားလိုက်တာ။ အမလေး ..ငါ့ များအော်ဆဲမလား ပေါ့။
သူဘာမှမပြောဘဲ လက်အုပ်ချီပြီး မုန့်ထုပ်ကို ဆွဲယူလိုက်တယ်။
“အိမ် ပြန်စားချေ”
ဘာမှပြန်မပြောဘဲ ခေါင်းငြိမ့်ပြပြီး ပေစောင်းပေစောင်းနဲ့ ထွက်သွားတော့တယ်။
တော်ပါသေးရဲ ့။
ဘယ်သူ ဒီလို စုတ်စုတ်ပြတ်ပြတ်နေချင်ပါ့မလဲ နော်။ ဒီလို ဘဝမျိုး ဘယ်သူနေချင်ပါ့
မလဲနော်။ ငါ့ သားလေးသာဆိုရင်…. ငါ့ တူလေးသာဆိုရင်….တွေးမိလိုက်တာနဲ့
စိတ်တွေ မကောင်းလိုက်တာ။ ဒါလည်း ကိုယ်တိုင်သာကြုံရရင် တော့ စိတ်မကောင်း
လိုက်တာ ထက်ပိုတဲ့ ကမ ္ဘာပျက် ခံစားမှု ဖြစ်သွားမှာပါပဲ။ အို… အတွေးများ နှိပ်စက်တယ်နော်။
ကျမတို့တွေ လက်ရှိ ဘဝ ကြီး မှာ အဓိပ္ပာယ်ရှိအောင် အကျိုးရှိအောင် အတ္တ ပရမျှ အောင်
နေကြမှ စိတ်တွေ အဆင်ပြေကြမှာပါ။
ဒါနဲ့ ကျမ အတွေးတွေ Dr. Kent M. Keith ရေးတဲ့ ကဗျာလေး ဆီ ကို ရောက်သွားမိပြန်ပါတယ်။
အကုန် မမှတ်မိတော့ပါဘူး။ အကြိုက်ဆုံးနေရာလေး ပြောပြမယ်။
The good you do today will be forgotten tomorrow.
Do good anyway.
မင်းဒီနေ့ ကောင်းတာလုပ်ထားတာ မနက်ဖြန် လူတွေမေ့သွားမှာ၊
ဘာပဲ ဖြစ်ဖြစ် ကောင်းတာကိုတော့ လုပ်ဖြစ်အောင်လုပ်ပါ။
Honesty and frankness make you vulnerable.
Be honest and frank anyway.
ရိုးသားမှု ပွင့်လင်းမှုတွေကြောင့် မင်း အကာအကွယ်မဲ့ ဖြစ်နေမှာ၊
ဘာပဲဖြစ်ဖြစ် မာယာမကြွယ်ဘဲ ရိုးသားပါ ပွင့်လင်းပါ။
မိတ်ဆွေတို့ရေ…. အတွေးစများ ပြန်သိမ်းလိုက်ပါပြီကွယ်။ ကျမ အတွေးဝင်္ကပါထဲကို
လိုက်ပါမျောစီး ခရီးအတူနှင်ခဲ့ကြတဲ့ အတွက် ကျေးဇူးတင်ပါတယ်။
15 comments
Diamond Key
December 15, 2011 at 3:41 pm
တီနုခင်ဗျာ၊ အတွေးဝင်္ကပါထဲကို လိုက်ပါမျောစီး ခရီးအတူနှင်ခွင့် ရခဲ့ကြတဲ့ အတွက် ရလိုက်တာလေးတွေ တော်တော်များပါတယ်။
စိန်ရောင်ခြည် ဘုရားပင့် ကို စာချတန်း ဘုန်းတော်ကြီးတစ်ပါး လေသံ နဲ့ ရွတ်ဖတ်လို့ နိဗ္ဗာန်ကို ဘယ်လိုသွားပါလို့ ဆော်ဩောနေတဲ့ ဘဘကြီး သာတီနု အတွေးတွေ သိသွားရင်
Do as I say, Not as I do လို့ ဒေါသတွေ တစ်ချောင်းချောင်းနဲ့ တီနုကို ပြန်ပြောမှာ ဖြစ်ကြောင်းပါ။
htoosan
December 15, 2011 at 4:03 pm
ှဆရာမကြီးခင်ဗျာ..
The good you do today will be forgotten tomorrow.
Do good anyway. ဒါကတော့ လုပ်လို့လိုက်နာလို့လွယ်ပေမဲ့….
Honesty and frankness make you vulnerable.
Be honest and frank anyway. ဒါလိုက်နာ ရတာကတော့ နဲနဲခဲယဉ်းသလားလို့ .. ရိုးသားစွာ ကြိုးစားပြောလိုက်ရပါသည်။
Moe Z
December 15, 2011 at 4:04 pm
တီချာရဲ့အတွေးထဲဝင်ကြည့်လိုက်မိတာ
ဖုန်းထဲမှာ မစ်ကောလ် 2 ခုတောင်ဖြစ်သွားတယ်
မသိလိုက်ဘူး 🙂
blackchaw
December 15, 2011 at 5:00 pm
တီချာကြီးရဲ့ အတွေးဝင်္ကဘာထဲကို အခမဲ့လိုက်ပါခွင့်ရတာ
ကျေးဇူးပါ ခင်ဗျ။
manawphyulay
December 15, 2011 at 5:15 pm
The good you do today will be forgotten tomorrow.
Do good anyway.
မင်းဒီနေ့ ကောင်းတာလုပ်ထားတာ မနက်ဖြန် လူတွေမေ့သွားမှာ၊
ဘာပဲ ဖြစ်ဖြစ် ကောင်းတာကိုတော့ လုပ်ဖြစ်အောင်လုပ်ပါ။
Honesty and frankness make you vulnerable.
Be honest and frank anyway.
ရိုးသားမှု ပွင့်လင်းမှုတွေကြောင့် မင်း အကာအကွယ်မဲ့ ဖြစ်နေမှာ၊
ဘာပဲဖြစ်ဖြစ် မာယာမကြွယ်ဘဲ ရိုးသားပါ ပွင့်လင်းပါ။
လေ့လာမှတ်သားရုံတင်မကပါဘူး။ လိုက်နာကျင့်သုံးဖို့ သိမ်းဆည်းသွားပါတယ်ဆရာမ။
amatmin
December 15, 2011 at 5:44 pm
ကျွန်တော် တို့အိမ်နားမှာ အခု အသံမစဲ ပရိတ်ရွတ်နေပါတယ် (၇) ရက်တောင်ကြာမှာတဲ့…
အခု တီချယ် ပို့စ်ဖတ်ပြီး အတွေး တွေကို ဘရိတ်အုပ်တတ်ဖို့သတိထားမိသွားပါပြီ..
Do Good Anyway !! ကြိုက်ပါတယ်..
လောလောဆယ်တော့ မဂွတ်တဂွတ်လေး ဒူးနေပါတယ်..(နို့မို့ ပရဘက်များပြီး အတ္တမကျန်မှာစိုးလို့ )
ကျေးဇူးပါ တီချယ်ကြီးရေ..
pooch
December 15, 2011 at 7:51 pm
တီချယ့်ရဲ့ ကဗျာလေးကို ကြိုက်လိုက်တာ…
အဲ့ဒီလိုလေး ဖြစ်အောင်ကြိုးစားကြည့်ပါအုန်းမယ်..
naywoonni
December 15, 2011 at 9:42 pm
ကြုံရပါတယ် ဆရာမကြီးရယ်…..။ အစဉ်အလာခြံခတ်ပိတ်မိနေသူတွေ သနားစရာလို့ပဲ သဘောထားလိုက်ပါ….။ ဆွမ်းလောင်းအသင်းက အလှူခံနေတာက နဲနဲ နားခံသာဦးမှာပါ…။ ကျွန်တော်တွေ့ကြုံနေရတာတာက ဘယ်ကမှန်းမသိ ကိုယ်လည်းမရောက်ဖူးတဲ့ ကျောင်းတွေက သိမ်အတွက် တဲ့….။ နောက်ဆွမ်းစားကျောင်းဆောင်အတွက်တဲ့…။ အဲဒိတော့ ကျွန်တော်စဉ်းစားကြည့်တယ်…။ အဲဒိအရပ် မှာ ဗုဒ္ဓ ဘာသာဝင် မရှိလို့လား…။ ဒါမှမဟုတ်တော်တော့ကို နွမ်းပါးနေကြလို့လားလို့ ………..။ ဟုတ်တယ်နော် ကျွန်တော်တို့ တစ်ချို့ရွာတွေရှိတယ်…။ အိမ်ခြေလည်းနဲတယ် …။ သိပ်အချမ်းသာကြီးလည်းမဟုတ်ဘူး…။ ဒါပေမဲ့ အဲဒိရွာက ဘုန်းကြီး ကိုအပြင်ထွက်အလှူမခံစေရဘူး…..။ နှစ်စဉ်လစဉ် တတ်နိုင်တဲ့သူဘယ်လောက် နဲနဲတတ်နိုင်တဲ့သူက ဘယ်လောက် …။ လက်လုပ်လက်စားကတော့ ဒီနှစ်ကင်းလွတ် စသည်ဖြင့် သူ့ရွာ ကျောင်းကို သူ တတ်နိုင်အောင် ပံ့ပိုးကြတယ်…။ ကိုယ့်ရွာက ဘုန်းကြီး အခြားနေရာမှာ အလှူခံရင် ရွာသားတွေ မျက်နျာငယ်တယ်တဲ့….။ အဲဒိလိုရွာမျိုးတွေ များရင်လည်းကောင်းသား….။ ခက်တာက ကျွန်တော်တို့ လူမျိုးတွေက ကောင်းတာကို အတုမယူချင်ကြဘူး…။ ဘယ်ကျောင်းက အလှူခံတာ ဘယ်လောက်ရတယ်ဆိုတာမျိုး တွေပဲ စဉ်းစားကြတာ….။ တစ်ချို့ကိုယ်တော်တွေကလည်း လာလှူအောင်ကိုမစောင့်နိုင်ကြဘူးထင်ပါ့….။ ရပ်ကွက်ထဲ ရွာထဲပဲ အလှူ လာလာခံနေတော့တာပဲ…..။ အလှူခံရတဲ့ ငွေကလည်း ကျောင်းအကုန်ပါတာမဟုတ်ပါဘူး….။ ကားခရယ် စက်ဖိုး (အသံချဲ့စက်ဘ်ိုး)ရယ်ရအောင်ပဲ တစ်ချို့နေရာတွေ မနဲ …………။ နောက်မှသီးခြားတစ်ပုဒ်ရေးပါဦးမယ်…။ (ရေးတော့ ရေးပြီးသား ဆရာမရဲ့ ရိုက်ရမှာပျင်းနေတာ………။ :P)
windtalker
December 15, 2011 at 10:05 pm
ဒီနေ ့လည်း ကောင်းအောင်နေတယ်
မနက်ဖန် လည်း ကောင်းအောင် နေပါ့မယ် ဆရာမ
unclegyi1974
December 15, 2011 at 11:25 pm
အသံတွေကြားနေရတယ်
ကြားရင်ကြားတယ်လို့မှတ်
ဒါကမြို့ဒုက္ခ
ဘာသာရေးလည်းဘာသာရေးပေါ့လေ
နားမခံသာအောင်ဖွင့်ကြတဲ့သူများကိုယ်ကကုသိုလ်ယူ
သူများကိုတော့ငရဲပေးလုပ်နေတာလားထင်ရတယ်
မကောင်းပါဖူးကျောင်းအမရယ်
small cat
December 16, 2011 at 8:18 am
မြို့ဒုက္ခ ထက် တောမကျ မြို့မကျ ဒုက္ခ ကပိုကြီးပါတယ်၊ကျနော်တို့ ရပ်ကွက်ထဲ တန်ဆောင်းနှစ်ခုကပ်လျှက်ရှိတယ်။ တခုမှာ နေ့စဉ်အလှူခံတယ်၊အလှူခံမလာတဲ့အချိန် တောက်လျှောက် သီချင်းဖွင့်ထားတယ်၊ အလှူခံလာမှ ထကြေညာပေးးလိုက်ရတာပဲ။နောက်တခုက လပြည့် လကွယ်ရက်များမှာ မတိုင်မီတရက်က စပြီးသီချင်းတွေဖွင့်ထားတယ်၊ နေ့လယ်၊ညနေ၊ည၊မနက်အစောကြီး ဓမစကြာ ကို ဌာန်ကရိုင်းမကျ၊သံနေသံထားမမှန်၊ တရောက်တပေါက်၊ ရွတ်ကျတယ်၊ မှားသွားရင်လည်း မိုက်ထဲ ဟီဟိ ဆိုတာလည်းပါသေးတယ်။ ဟဲ့ အဲဒီအပိုဒ်မဟုတ်ဘူးလေ လို့လဲပါသေးတယ်၊ သီချင်းဖွင့်ထားချိန်ဆိုလည်း တန်ဆောင်းနှစ်ခုအပြိုင်၊လော်ကြီးတွေနဲ့၊ဆိုးပါ့။
ကထိန်ကာလတွေများဆိုရင် မနက်သုံးနာရီထပြီး အလှူရှင်စာရင်းကျေညာတာ၊ ဘယ်သူက သင်္ကန်းတစုံ ဆိုတာကနေ စလိုက်တာ၊ ဘယ်သူက ငါးရာ၊ ဘယ်သူက တစ်ရာဆိုတဲ့အထိပဲ၊ ကထိန်မစသေးလို့ အချိန်ပိုနေရင် တကြိမ်ပြန်အော်သေးတယ်။ ဘုရားတို့ အလှူတို့ဆိုတာ အသံထွက်နေရမယ်လို့ယူဆထားကြတာ။ လူတွေကလည်းအော်ကိုအော်ချင်နေကြတာ။ ခဝဲစင်မှာ ခဝဲပွင့်တွေ ပွင့်နေတာမြင်ရင်တောင် ခဝဲသီးကို မိုက်လုပ်အော်မဲ့လူစားမျိုးတွေလေ။
kotun winlatt
December 16, 2011 at 8:50 am
နေတတ်အောင်နေ..ဖြေတတ်အောင်ဖြေနေရတာပါပဲ..
တီတီနုရေ….
အတွေးလေးတွေဖတ်သွားတယ်ခင်ဗျ…။
ကြောင်ကြီး
December 16, 2011 at 10:05 am
“အိမ် ပြန်စားချေ” ဆိုတဲ့ စကားလုံးလေးကို ဖတ်ပြီး အမှတ်မထင် အတွေးတခု ပေါ်မိတယ် တူမချောလေးရှိတဲ့ အန်တီယောက္ခမလောင်း တီချယ်ကြီး။ 😳
သချာင်္မှာ ပိုင်းခြေ၊ ပိုင်းဝေ ဆိုတာ ရှိတယ် မဟုတ်လား။ ပိုင်းဝေက အပေါ်ကိန်း၊ ပိုင်းခြေက အောက်ကိန်း စားခြေပေါ့။ စားခြေကြီးရင် ကြီးသလို ထွက်လာတဲ့ ရလဒ် သေးသွားတယ်။ အိမ်ပြန်တဲ့အခါ ကျနော်တို့ရဲ့ ရလဒ်အဖြေလည်း ကြီးမလား၊ သေးမလား အဖြေမသိသေးတဲ့ သချာင်္တပုဒ်တွက်သလို တွက်နေမိပါတယ်။ 😎
kay jonas
December 29, 2011 at 10:28 am
တီချယ် ကဗျာ ခေါင်းစဉ်လေးတစ်ချက်လောက်ပြောပြပါလား ရှာကြည့်မလို. ပါ 🙂
နွယ်ပင်
December 29, 2011 at 10:37 am
တီချယ်ကြီးရဲ့ အတွေးတွေကို ဖတ်ရတာ အရမ်းကောင်းတာပဲ
လေ့လာစရာတွေရော မှတ်သားစရာတွေရောပါပေးတဲ့ အတွေးလေးတွေပါပဲ ….