အိမ်ပြန်လမ်းမှ အတွေးစ…
ညသည်တိတ်ဆိတ်လျှက် …
လမ်းပေါ်တွင်လူသူကင်းရှင်းပြီးလျှပ်စစ်မီးများလည်းပျက်နေသဖြင့်
ပတ်ဝန်းကျင်တစ်ခုလုံးမှောင်မိုက်နေ၏ ။ အချိန်ကလည်း ည ၁၁ နာရီခန့်ရှိပြီမို့
အိမ်များလည်းတံခါးများကိုတင်းတင်းပိတ်ကာ အိပ်စက်ကြလေပြီ။ ကျနော်ကား
ယခုမှ အလုပ်သိမ်းသဖြင့် အိမ်သို့ပြန်လာနေရခြင်းပင်။ ကျနော့်အလုပ်ရှိရာနှင့်
အိမ်သည် တော်တော်လှမ်းသည်ဟုပြောရမည်။ အသွားအပြန်စက်ဘီးနင်းပြီး
သွားရပေသည်။ ဒီအလုပ်ကို လုပ်ကိုင်နေခဲ့သည်မှာ သုံးနှစ်ရှိခဲ့ပြီဖြစ်၏။
ညတိုင်းလည်းဒီလိုအချိန်မှသာ အိမ်သို့ပြန်နေရတော့သည်။ လမ်းမှာမှောင်မိုက်နေသဖြင့်
ကျနော်စက်ဘီးကိုမစီးပဲ တွန်းကာလာနေမိ၏။ရွာဦးဘုန်းတော်ကြီးကျောင်းနားအရောက်၌
ကျောင်းခွေးတစ်အုပ်က သဲသဲမဲမဲထိုးးဟောင်ကာကျောင်းထဲသို့ဝင်ပြေးသွားကြသည်။
ဒီခွေးများကမလွယ်ချေ။ တော်တော်ဆိုးသည်ပြောရမလား။ခွေးပါးဝသည်ပြောရမလား
မသိ။ အုပ်စုလိုက်နေကြကာ ရွာအတွင်းလှည့်လည်ကာကြက်၊
ဘဲများကိုညအချိန်ဝင်ဆွဲလေ့ရှိသည်။ ပြီးတော့ သည်ခွေးများသည်
ရွာဦးကျောင်းအုတ်တံတိုင်းပေါ်တွင် တစ်ကောင်က
အမြဲတမ်း ဝပ်ကာနေလေ့ရှိသည်။ တခြားခွေးတစ်ကောင်ကောင်လာလျှင် အုတ်တံတိုင်း
ပေါ်မှခွေးကအသံပေးလိုက်လျှင် အုတ်တံတိုင်းဘေးနား၌ ကပ်နေကြသော ခွေးတစ်သိုက်
ထွက်လာကြကာ ခွေသူစိမ်းကို အသားကုန်ဝိုင်းဆော်ကြပါတော့သည်။ တစ်ကောင်တည်း
ဘယ်တော့မှမနေကြချေ။ အုပ်စုလိုက်နေကြသောကောင်တွေပင်။
ဆက်လျှောက်လာရာ မီးရထားလမ်းဘေးရှိ လူငယ်လူလတ်တို့၏ စကားဝိုင်းမှာ
အရှိန်ကောင်းနေဆဲဖြစ်ဟန်ရှိ၏။ ကျနော်သူတို့ဘေးဖြတ်လျှောက်တော့ သူတို့
က“ခုမ..ှပြန်လာရတာလား”ဟုနှုတ်ဆက်ကြသည်။ ကျနော်ကလည်း “ဟုတ်…”ဟု
ပြန်ပြောရင်း “ဘာတွေဆွေးနွေးနေကြတာလဲ”ဟုပြန်မေးမိသည်။ သူတို့က “ဘာမှ
မဟုတ်ပါဘူး.. ခုမှဘော့လုံးပွဲကပြန်လာလို့ ဘော့လုံးပွဲအကြောင်းပြောနေကြတာ
ပါ”ဟုပြန်ဖြေ၏။ ဟုတ်ပေသည်… ဒီနေ့တနင်္ဂနွေနေ့ဆိုတော့ ဘော့လုံးပွဲတွေရှိပေသည်။
ကျနော်ဘော့လုံးပွဲလည်းမကြည့်ဖြစ်တာကြာပြီဖြစ်သလို ဘော့လုံးကစားခြင်းကိုလည်း
မပြုလုပ်ခဲ့တာကြာချေပြီ။ ပြောရရင်ကျနော် ဂျီတီအိုင်နောက်ဆုံးနှစ်ကတည်းက
ဘော့လုံးကိုမကစားဖြစ်တော့ချေ။
ထိုအကြောင်းများကိုလည်းပြန်မတွေးချင်သလိုပြန်လည်းမပြောလိုတော့ပေ။
ဒီလိုနဲ့ဆက်လျှောက်လာရင်း လမ်းထိပ်အုတ်ခုံလေးမှ ဂစ်တာသံတညံညံနှင့်
လူငယ်လေးတို့၏ဂီတဖျော်ဖြေပွဲလေး မြိုင်မြိုင်ဆိုင်ဆိုင်ရှိနေကြသည်။
ဒီလိုဂီတဖျော်ဖြေပွဲကြောင့်ပြဿနာဖြစ်ရသည်ကိုတွေးရင်းပြုံးမိသေး၏။ ထိုနေ့ကို
ကျနော်ဘယ်တော့မှမေ့မည်မဟုတ်ပါ။ ကျနော်နှင့်သူငယ်ချင်းသုံးယောက် အသက် ၁၉ /
၂ဝ ခန့်က မြစ်ကြီးနား- မန်းလေးရထားသံလမ်းပေါ်တွင် ဂစ်တာတီးကာ
ညတိုင်းသီချင်းတွေဆိုဖြစ်ကြသည်။
ဘာရယ်မဟုတ်ကောင်မလေးအိမ်နားတွင်ဆိုခြင်းလည်းမဟုတ်။
နွေရာသီတွင် ဒီရထားလမ်းပေါ်က လေသာသဖြင့် ကျနော်တို့သူငယ်ချင်းတစ်သိုက်
အမြဲဂစ်တာတီးကာသီချင်းဆိုဖြစ်၏။ ကျနော်အကြိုက်ဆုံးသီချင်းက ကိုလေးဖြူ၏
နောက်ဆုံးရထား..ဂစ်တာအတီးကောင်း
သောသူငယ်ချင်းက ကိုအငဲ၏ သီချင်းများကြိုက်သလို အဆိုရောအတီးပါ
မဆိုးလှဟုပြောရမည်။ကျနော်ကတော့ဟုတ်တိပတ်တိမတီးတတ်သလို
သီချင်းဆိုလည်းမကောင်းပါ။ ထိုညကကျနော်တို့သူငယ်ချင်းတစ်စု
ရထားလမ်းပေါ်တွင်ဂစ်တာတီးကာသီချင်းဆိုနေကြသည်။
ထိုအချိန်တွင်ပင် မြစ်ကြီးနားဘက်မှလာသောရထားမီးကိုမြင်နေရသည်။ ခါတိုင်းလည်း
ဒီလိုပင် ရထားဘူတာမှထွက်လျှင် ကျနော်တို့သူငယ်ချင်းတစ်စု ရထားလမ်းဘေးသို့
ဆင်းကြရမြဲ။ ဘူတာသို့ဝင်စဖြစ်သဖြင့် ကျနော်တို့လူစုမဆင်းသေးပဲ ဂစ်တာတီးကာ
သီချင်းဆက်ဆိုနေကြသည်။ ဘေးနားသို့ ဆိုင်ကယ်တစ်စီးဆိုက်လာ၏။ဆိုင်ကယ်ပေါ်မှ
လူကကျနော်တို့လူစုကို “မင်းတို့ဘယ်ကကောင်တွေလည်း”ဟုလှမ်းမေးသည်။
ကျနော်တို့လည်းသေချာဂရုမစိုက်မိတာမို့
သူမေးတာကိုမကြားချေ။ထိုသူကဒေါသထွက်သွားဟန်ဖြင့်
အော်မေးသည် “ဟေ့ကောင်တွေမင်းတို့ဘယ်ကကောင်တွေလဲ….”
ကျနော်ဒီတစ်ခါတော့ကြားသည်မို့ “ဟုတ်ကဲ့…ဒီရွာထဲကပါပဲ”
ထိုအခါ လူကြီးကဆက်ပြီး “ရထားလာနေတာမမြင်ဘူးလားးးအဲ့တာရထားကွ…
မင်းတို့ အဖေမဟုတ်ဘူး” ဟု ဆက်ပြော၏။ ကျနော်တော်တော်ဒေါသထွက်သွားသည်။
“မြင်တာပေါ့ဗျ…ပီးတော့ ကျုပ်တို့အဖေမဟုတ်မှန်းလည်းသိတာပေါ့ ..ခင်ဗျားရဲ့
အဖေတော့ဟုတ်ရင်ဟုတ်နေမှာပေါ့” ဟု ပြန်ပြောလိုက်သည်။
လူကြီးကဆက်ပြီး“ဟေ့ကောင်..မင်းးဘာကောင်လဲ…ငါ့ကိုရောဘာကောင်မှတ်နေတာလဲ..”
ဟုဆက်မေးသည်။ ဘေးနားကသူငယ်ချင်းများကလည်း ဂစ်တာတီးတာရပ်ကာ
ကျနော်တို့နှစ်ယောက် စကားပြောနေတာကိုနားထောင်နေကြသည်။
ကျနော်ကဆက်ပြီးး“ ခင်ဗျားဘယ်သူဖြစ်ဖြစ် ကျနော်ကဘာလုပ်ရမှာလည်း…
ကျနော်တို့ဂစ်တာတီးနေတယ် ..ရထားးလာတာလည်းးမြင်တယ်..
ရထားးကအဝေးကြီးးဘူတာရောက်ရင်ရပ်ဦးမယ်…ဘူတာကထွက်ရင်
ကျနော်တို့ အောက်ကိုဆင်းးမှာပါ..” ဟုပြန်ပြောလိုက်သည်။
လူကြီးကတော့ဒေါသမထိန်းနိုင်တော့ဟန်ဖြင့် “ မင်းတို့ကောင်တွေ
အကုန်လုံးးစခန်းလိုက်ခဲ့ရမယ်…”
ကျနော်အံ့ဩသွားသည်… ဘာလဲဒီလူပေါ့..။
“ကျနော်တို့စခန်းးလိုက်ရအောင်ဘာအပြစ်မှမလုပ်ထား
ဘူးး။ခင်ဗျားကဘာမို့ကျနော်တို့ကိုစခန်းခေါ်ရတာလဲ….”
မေးလိုက်တော့ ..“ငါက ဒီစခန်းကစခန်းမှူးပဲ မင်းတို့ကောင်တွေကိုရပ်ကွက်ဆူပူမှုနဲ့
ဒီတစ်ညအချုပ်ထဲမှာ အိပ်ခိုင်းလို့ရတယ်..”
အာလားးလားးးဒီလူ ..ကျနော်ရယ်ချင်သွားးတာ လူကို ငတုံးးငအ ရွာသားးဆိုပီးး
လာနှပ်နေတာကိုးးဗျ။ ကျနော်က “ ခင်ဗျားးစခန်းမှူးဆိုရင်လည်းးသိသာအောင်
ယူနီဖောင်းးဝတ်ခဲ့လေ..ပီးးတော့ ရပ်ကွက်ဆူပူမှုနဲ့ကျနော်တို့ကို
အချုပ်ထဲထည့်ရအောင်လည်း
ကျနော်တို့က ရပ်ကွက်ထဲမှာ ဆူနေတာမဟုတ်ဘူးဗျ… ရထားလမ်းပေါ်မှာပါ…”
ထိုအခါစခန်းမှူးဆိုတဲ့လူက ဒေါသသံဖြင့် “မင်းးတို့ပြန်မလားးမပြန်ဘူးးလားး”ဟု
ပြောလာပါတော့သည်။ ကျနော့်သူငယ်ချင်းးသတ္တိကောင်းးများးကကျနော့်ကိုအတင်းဆွဲ
ခေါ်ကာပြန်လာခဲ့ကြပါတော့သည်။ နောက်တစ်ရက်မနက်တွင်ရွာထဲမှာထိုသတင်းးး
ဟိုးးလေးးတကြော်ကြော်ပေါ့ဗျာ…။ အဲ့ကတည်းးက ရထားးလမ်းးပေါ်ကျနော်တို့လူစု
ဂစ်တာမတီးဖြစ်တော့ပါ။ အတွေးနှင့်ပြုံးရင်းးးးလျှောက်လာလိုက်သည်မှာ အိမ်ရှေ့သို့ပင်
ရောက်လာချေပြီ။ ကျနော်ခြံတံခါးသော့ကိုဖွင့်ခါ ဝင်လိုက်သည်။ အခန်းထဲမှာလည်းးမှောင်
မဲနေချေ၏။ မီးခြစ်ကိုစမ်းးတဝါးးဝါးးရှာဖွေသော်လည်းးးမတွေ့သဖြင့် ကုတင်ပေါ်သို့
လဲလျောင်းးလိုက်ကာ…စောင်ခေါင်းမှီးးခြုံပြီးးးးအိပ်စက်လိုက်ပါတော့သည်။
@@@@@@@@@@@@@@@@@@@@@@@@
2 comments
thit min
December 20, 2011 at 6:42 pm
အင်း တကယ် ဟုတ်နေရင်တောင် ပြောပုံဆိုပုံတွေမဟုတ်သေးဘူးနော်။
မြန်မာပြည်က ဝန်ထမ်းဆိုတာ လူဆိုးခေါင်းဆောင်တွေလို ဆက်ဆံပြောဆိုနေ
တတ်တာ ကိုယ့်ကိုကိုယ် သတိမထားမိကြဘူးဗျာ။အံ့ရော။(^^)
kotun winlatt
December 20, 2011 at 6:50 pm
ဟုတ်တယ်..ကိုသစ်ရ…ခုထိလည်း ကျနော်တို့ဆီမှာ ပြောင်းလဲမှုဆိုတာ
ဘာမှကို မမြင်ရသေးဘူးဗျ… နေမြဲ..စားမြဲ..ခိုးမြဲ….ဆိုတဲ့ ဆရာအော်ပီကျယ်ပြောတဲ့
စကားလေးကိုပဲ ကြားနေမိသဗျားးးး နိုင်ငံတော်သစ်ကြီးဖြစ်ပီ…
ပြောင်းလဲမှုတွေလာတော့မယ်ဆိုလို့ အားတက်သရော မျှော်လင့်မိပါတယ်ဗျာ..
ခုထိတော့ နဂို အတိုင်းပါပဲဗျာ… အဆိုးမြင်လွန်းသူလို့ ထင်နေမလားး
ဆောရီးဗျာ…ပြောရင်းးး စိတ်တွေက တိုတိုလာတယ် အစ်ကိုရ…
မပြောတာကောင်းပါတယ်ဗျာ….