သမုဒယစည်း
အဆုံးအစမဲ့လောကကြီးထဲ
မရပ်မနားပြေးလွှားနေဆဲ…
တက်မက်မှု့ကြောင့်ဖြစ်တဲ့နွယ်ပင်
စောင့်စည်းမှု့ဆိုတဲ့စကားလုံးသာ
မရှိ်ခဲ့ရင် ငါမင်းကို
သိပ်ချစ်တယ်လို့ပြောမိမှာပဲ…
Coffee ခါးခါးတစ်ခွက်ကတော့
ကွဲအက်နေတဲ့ငါ့အသဲတွေကို
ပြုပြင်ပေးနေလေရဲ့…
ယုံကြည်မှု့ဆိုတာငါ့အတွက်
တိမ်တိုက်တစ်ခုလိုပါပဲ…
ဟန်ဆောင်မှု့လား…?
အစစ်အမှန်လား…?
ဒါမှမဟုတ် အစစ်အမှန်ကို
ဟန်ဆောင်နေတာလား…?
ငါဘယ်လိုတွေးရမှာလဲလေ
ငါ့အတွက်
နက်ဖန်ထိခဏစောင့်ပါဦးလား
ကြမ္မာရယ်…
6 comments
lulinmg
December 20, 2011 at 12:22 pm
မစောင့်လဲနေကွာ
kotun winlatt
December 20, 2011 at 1:10 pm
အမ်….ကံကြမ္မာ က ဘယ်သွားမှာမို့စောင့်ခိုင်းတာလဲဗျ..
ပြီးးတော့ မစောင့်လဲနေကွာဆိုတော့…
စိတ်ရှည်ရှည်ထားမှပေါ့ ကိုယ့်ဆရာရယ်…
စိတ်လျှော့နော်..စိတ်လျှော့..ဟဲဟဲ..
ပျော်ရွှင်ပါစေဗျာ…
နီကီတာ
December 20, 2011 at 1:18 pm
သိပ်ကောင်းတဲ့ ကဗျာတစ်ပုဒ်ပဲ 🙂
နီလေး
December 20, 2011 at 3:37 pm
ဘာမဆိုရပ်စောင့်ရတယ်ဆိုတဲ့ မောင်မောင်ဇော်လတ်ရဲ့သီချင်းတောင်ရှိသေးတာပဲ
thit min
December 20, 2011 at 5:23 pm
Tomorrow never comes.
ဒီနေ့ဘဲ လိုက်သွားလိုက်တော့။
စောင့်ရတာ မောတယ်။ မကြိုက်ဘူး။(^^)
windtalker
December 20, 2011 at 6:47 pm
သမုဒယ စည်း
အခုည ခရီး
လူ ့ဘဝကြီး
ရှူ ့မဝ ငြီး
နုလှ အသီး
ခူးကွ အပြီး