Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

”ကဲ ဘာလုပ်မှာလဲ ပြော”

ပြောင်းသွားပြီ…ပြောင်း..သွားပြီ…ပြောင်း…..သွားပြီ….အဝတ်..အဝတ်..အဝတ်…

အတွင်းထဲမှာ ဘာတွေပြောင်းနေလဲတော့..မသိ..ကျနော်တို ့ ခံစားရတဲ့ လူမှု ့ဘဝကတော့ သိပ်မပြောင်းသေးပါဘူး မီးမှန်လာတာ တစ်ခုတော့..ကောင်းတဲ ့ဘက်မှာရှိပါတယ်..
ဖုန်းတွေချပေးတယ်..ကားတွေသွင်းခွင့်ပေးတယ်..ထုံးစံအတိုင်းလိုပါဘဲ..တစ်ဆင့်ကတော့..ဆရာစား ချန်ထားတဲ ့သဘောလေးတွေတွေ ့ရတယ် ဥပမာ ကားပါမစ်အတွက် အဆင့်တွေအများ ကြီးကျော်ဖြတ်ရတယ် ထုံးစံလေးတွေကလဲ မပြောင်းလဲသေးတာ တွေ ့ရပါတယ် လက်ဖက်ရည်ဖိုး လို ့တော့ပြောကြပါတယ်။ ကားတင်သွင်းခွင့် ရတဲ ့သူတွေ က ဘယ်လိုလူတွေလဲ အများဆုံးဘယ်လို လူတွေ တင်သွင်းနေတာလဲ ကျနော်တို ့ကတော့ အဆင့်တွေအများကြီး မကျော်ဖြတ်နိုင်သေးပါဘူး တစ်ချို ့လဲ.တင်သွင်းခွင့်ရပါတယ် သာမာန်ပြည်သူတွေပေါ့ ဒါပေမယ့်ပေးရတဲ ့ဝန်ဆောင်ခ ချင်းကျပြန်တော့ ကွာခြားလှပါတယ်..
ကျနော် ပြောချင်တဲ့သဘောကတော့.အားလုံးကို အဆင့်တွေအများကြီးမထားပါနဲ ့ လို ့ပြောချင်ပါတယ်..အဆင့်တိုင်းအဆင့်တိုင်း..မှာစားပေါက်လေးတွေပွင့်နေလို ့ပါဘဲ ကျနော်တို့ ရပ်ကွက် အုပ်ချုပ်ရေးရုံးမှာ ထောက်ခံစာအတွက် မည်သည့်
အခကြေးငွေမှ ပေးဆောင်ရန်မလိုပါ လို ့ရေးထားပါတယ်..ဒါပေမယ့်..လက်မှတ်ထိုးပေးတဲ ့
သူက..အားလုံးထောက်ခံစာရေးပြိးရင်..ရုံးရန်ပုံငွေလေး အလှုခံပါတယ်ဆိုပြီး..ဘောက်ချာ
စာရွက်တစ်ရွက်..ပေးတာပါဘဲ…ဒါကတော့တစ်ဖက်လှည့် ပြိီးတောင်းတဲ ့သဘောပါဘဲ..
မထူးပါဘူးဗျာ..
လူကြီးတွေအနေနဲ ့မသိတာလား.တမင်ဘဲ..အခွင့်အရေးပေးထားတာလားဆိုတာ
ကတော့.လူကြီးတွေဘဲသိပါလိမ့်မယ်..နေရာတိုင်းမှာ အဆင့်လေးတွေရှိပါတယ်..အဲ့အဆင့်
တွေကလဲ.သာမာန် ရာထူးအဆင့်မရှိတဲ ့ကျနော်တို ့လို လူတန်းစားတွေ အတွက် အတား
အဆီး တစ်ခုအနေနဲ ့ အမြဲတန်းရှိနေတာပါဘဲ..ကျနော်ပြီးခဲ ့တဲ ့ရက်ပိုင်းက မီတာလျှောက်
ပါတယ် သတ်မှတ်သွင်းငွေက 85000 ပါ..ဒါပေမယ့်..မကျပါဘူး ဘာဖြစ်လို ့လဲဆိုတော့
ပေကျော် နေလို ့ပါတဲ ့..ကျနော်အုပ်ချုပ်ရေးမှုးကို မေးပါတယ်မီတာရအောင်ဘယ်လို များ
လုပ်ဆောင်ပေးနိုင်ပါမလဲ..ဆိုတော့ ဓာတ်တိုင် ဆိုက်ပေးရမယ်တဲ ့ …ခင်ဗျာ….လို ့
ကျနော်အသံထွက်မိပါတော့တယ်…..လက်လျှော့ပြိးတော့ဘဲပြန်လာရပါတော့တယ်..ရပ်ကွက်
အုပ်ချုပ်ရေးရုံး ရောက်တော့ အသိတစ်ယောက်ကို မေးကြည့်ပါတယ်..ရုံးကအဆင်ပြေအောင်
လုပ်ပေးပါ့မယ် ဒါပေမယ့် 150000 ပေးရမယ်ဆိုတော့..အဆင့်တစ်ဆင့်ကျော်ဖြတ်ရဖို ့
65000 အပိုပေးလိုက်ရပါတော့တယ်ဗျာ…မီတာလဲ.ကျလာပါတော့တယ်..ပေလဲမကျော်တော့
ပါဘူး ဓာတ်တိုင် လဲမထူပေးရတော့ပါဘူး..မီးသမားက မီတာဘောက်လာတပ်ပေးပါတယ်.. သူကတော့ ချိုချိုသာသာပါဘဲပေ 300 ကျော်နေတယ် ၁၀၀၀ဝ ကတော့ နည်းတယ် တဲ ့ ၁၅၀၀ဝ ပေးရမယ် လို ့ပြောပြန်တော့လဲ တစ်ဆင့်ပေါ့ဗျာ ကျော်ဖြတ်ရတာပါဘဲ ကိုယ်ကလဲလိုချင်နေတာ ဆိုတော့
ဒါမျိုးလေးတွေက..ကျနော်တရားဝင် နိုင်ငံတော်ကိုပေးသွင်းငွေက 85000 ဘဲကျပါ
တယ်..ကြားထဲမှာကျနော် အပိုဆောင်းပေးလိုက်ရတာက 80000 ဆိုတော့ကာ..ကြားထဲမှာ
အဆင့်တစ်ဆင့်က..နောက်တစ်ဆလောက် ပိုနေပါတယ်..ကျနော်တို ့လဲ.လုပ်ရတာ ကြန် ့ကြာ
ပါတယ် ဟိုရုံးပြေးရဒိရုံးပြေးရ ဆိုတော့ ဝန်ထမ်းတွေကလဲ ရနေကြဆိုတော့ ကာ မရပြန်ရင်လဲ
တစ်မျိုးဖြစ်ကြမှာဘဲ အဲ့ဒီမှာ ကျနော်တို ့ပြည်သူတွေရဲ ့လိုအပ်ချက်တွေကိုထောက်ပြပြီးတော့
သူတို ့ကတော့ စားပေါက်လေးတွေ ရှာနေတာပါဘဲ ခုနကကျနော် ပြောသလိုဘဲ ပေကျော်နေ
တယ် ဓာတ်တိုင်ထူပေးရမယ် ဆိုတော့ စဉ်းစားသာကြည့်ပေတော့ နောက် 65000 ပေးလိုက်
တဲ ့အခါကျတော့ ဘယ်လိုအိုကေသွားတယ် မသိ ပေမကျော်တော့ပါဘူး ဒါကလဲစားပေါက်လေး
တစ်ပေါက်ပွင့်နေလို ့ ပိတ်လိုက်ရတာပါဘဲ မပေးနိုင်ရင်တော့ မရပါဘူး သူတို ့ကလဲပြောပါတယ်
” မရလို ့ပါ ရ ရင်လုပ်ပေးပါတယ် “ ရှင်းပါတယ် ဗျာ သူ ့အတွက်
မရလို ့ပါ ရ ရင်လုပ်ပေးပါမယ်ဆိုတော့ ကျနော်တို ့မှာ နိုင်ငံသွင်းရတာက တစ်ခါ နိုင်ငံဝန်ထမ်း
တွေကို သွင်းရတာ ကတစ်ခါ နှစ်ခါပါ ခင်ဗျာ။
ကဲအဲ့ဒိတော့ အဆင့်လေးတွေ ကျော်နိုင်မှ ဖြစ်မှာပါခင်ဗျာ သတ်မှတ်တန်ကြေးရဲ ့
နောက်ကွယ်မှာ မမြင်ရ သေးတဲ ့ကုန်ကျစရိတ် လေးတွေ ဖြေရှင်းနိုင်မှ အဆင်ပြေမှာပါခင်ဗျာ။
ကျနော်ဆိုလိုချင်တာက အဆင့်လေးတွေလျှော ့ပေါ့ ပေးပါလို ့…ဘယ်လိုမျိုးလဲဆိုတော့ ဥပမာ
အနေနဲ ့ အခုဖုန်းဝယ်ရတာ အဆင်ပြေပုံလေးကြည့်ပါ သတ်မှတ်တန်ကြေး ငါးသိန်း ပေးဆောင်
နိုင်တယ် ဆိုရင် ဓာတ်ပုံ 3 ပုံ သန်းခေါင်စာရင်း မိတ္တူ ဒါဆိုရပါပြီ…ငါးမိနစ် အမြန်ရပြီ လို ့
တောင် တစ်ချို ့ဆိုင်တွေက ရေးထားသေးတယ်။ အရင်တုန်းက ဖုန်းနဲ ့ လုပ်စားသွားတဲ ့ ဝန်ထမ်း တွေမနည်းမှမနည်းဘဲကိုး ။ ငါးသိန်း ဆိုတဲ ့ ဈေးနှုန်းလေးသာ ဒိ ့ထက်
သက်သာမယ်ဆိုရင်တော့ အားလုံးအတွက် အဆင်ပြေမှာပါ အခုကတော့ ခွဲခြားလျက် ဖုန်းကိုင် နိုင်တဲ ့သူနဲ ့မကိုင်နိုင် တဲ ့သူတွေရှိနေတုန်း ပါဘဲ။ အားလုံးအဆင်ပြေမယ့် တစ်နေ ့ကို အမြန်
ဆုံးရောက်ရှိ နိုင်အောင်အဆင့်လေးတွေ လျှော့ပြီး ပြောင်းပေးကြပါလို ့ တောင်းဆိုလိုက်ပါရစေ ခင်ဗျာ။

4 comments

  • windtalker

    December 20, 2011 at 7:27 pm

    အစိုးရဝန်ထမ်းအားလုံး ကို ၊ သင့်တင့်တဲ့ လစာ တိုးပေးဖို ့ရယ် နဲ ့
    မြင့်တက်နေတဲ့ ကုန်ဈေးနှုန်းများကို လျှော့ချပေးဖို ့ရယ် … လို ့မြင်မိပါကြောင်း

    • KING

      December 20, 2011 at 8:21 pm

      ကိုပေ ပြောတာကို ထောက်ခံပါကြောင်း
      ခေါင်းပေါင်းမဆောင်း တိုက်ပုံမဝတ်(ရွာထဲက စကားငှားပြောတာ)ဘဲ
      ပတ်ပတ်စက်စက်ကို ထောက်ခံသွားပါကြောင်း ….
      နိုင်ငံတော်ရဲ့ ဘဏ္ဍာတွေကို နှိုက်မြည်းတဲ့သူတွေရယ်၊ အခွန်ဘဏ္ဍာတွေကို လက်တစ်လုံးခြား လှည့်ရှောင်နေသူတွေ … O O O O … ပြောရရင် အားလုံးအားလုံး ကြားကြားသမျှ …. .. 😀

  • inz@ghi

    December 21, 2011 at 8:24 am

    ဆြာ ဂေါ်လီလုံးလေး ရေ …..အားပေးတယ်ဗျို့ ….
    နောက်ပိုင်းလည်း ခုလို အကျိုးပြုဆောင်းပါးတွေ များများရေးဖို့
    တိုက်တွန်းပါတယ်ဗျို့ ……

    ခင်တဲ့
    Inz@ghi

  • kotun winlatt

    December 21, 2011 at 8:42 am

    ပြောင်းသင့်တာတွေ ပြောင်းမပြောင်းတော့မသိဘူးးး
    ပြည်တွင်းထဲက သစ်တောတွေ ကျောက်စိမ်းတွေ
    သဘာဝဓာတ်ငွေတွေတော့ ပြောင်တော့မှာသေချာတယ်ဗျ..

Leave a Reply