လေတိုက်ရာ အရပ်သို့မျက်နှာမူကာ(၂)
လေထဲမှာ အလုပ်လက်မဲ့ ရိုင်းပျနေပုံက
စိတ်ကူးယဉ်အခန်းတွေကို ကျော်ဖတ်လို့မရဘူး
လိပ်ပြာဟာ ခေတ်စနစ်ထဲမှာ ပုံလျက်သား
ရင့်ရော်ကြမ်းတမ်းလို့….
အခန်းတံခါးပိတ်လိုက်မှ
အဆိပ်ဟာ …..အချစ်နဲ့အတူဝင်လာပြီးစူးတယ် . . .။
ကားမီးရောင်ကို မျက်နှာချင်းဆိုင်ခဲ့တဲ့
ဘဝလောက်မှ အနုပညာ မဆန်ဘူးဆိုရင်
ဘယ်လိုနိဗာန်ဘုံမှ ငါမလိုချင်
ရေကုန်ရေခမ်း ဆန်တက်နေရတဲ့
ငါးရံ့တစ်ကောင်ရဲ့ နွေရာသီမှာ
ရောက်ရာ အရပ်က အမြန်ပြန်လာဖို့ကိုပဲ ညှို့မိတယ် . . .။
ထွက်သက်ဝင်သက် တင်းခံထားရ လမ်းတွေ
မင်းအကြောင်းများနဲ့ ငယ်ဘဝဝတ္ထုတွေ
ဘယ်မှာရှာဖတ်ရမလဲ
တောင်တန်းကြီးရဲ့ နောက်ကွယ်မှာ
ဘာရွှေမြို့တော်မှ မရှိဘူး . . .။
မိသားစုဆီက တရားမဝင်ခိုးထုတ်သွားတော့
မျက်နှာစုံညီ ထမင်းဝိုင်းလည်း
အေးစက်ခြောက်ခြားခဲ့ပြီပဲ . . .။.
မဟာပေါက်ကွဲမှုကနေ စကြဝဠာကြီးစတင်လာသလို
ပြဌာန်းတဲ့စိတ်နဲ့ မပြဌာန်းတဲ့စိတ်ဟာ
လမ်းပေါ်မှာ ကြေပြီးပေါက်ကွဲတော့တာပဲ
နေထိုင်ရအဆင်မပြေခြင်းမှာ
အဆုတ်ဟာ စိတ်အချဉ်တွေပဲ ဖောက်ထုတ်လွှတ်တယ်
မကောင်းမှုဒုစရိုက်နဲ့ယဉ်ပါးနေတဲ့အနမ်းတွေ
ငါ့နံရံကိုမထိနဲ့ . . .။
အာရုံခံစားမှုသက်သက်နဲ့
သံသယလောကကြီးမှာနေဖို့ရာ…..သင့်မှာဆွံ့အနေတဲ့
ဒဏ်ရာတစ်စုံ လိုပါတယ် . . ..။ ။
……………………အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျား…………………….
9 comments
နီကီတာ
December 21, 2011 at 2:43 pm
အခန်းတံခါးပိတ်လိုက်မှ
အဆိပ်ဟာ …..အချစ်နဲ့အတူဝင်လာပြီးစူးတယ် .
>>>
သိပ်ကောင်းတဲ့ကဗျာတစ်ပုဒ်
ပြန်ခံစားလို့ရအောင် ကူးထားလိုက်တယ်နော်
comegyi
December 21, 2011 at 3:41 pm
သူကြီးခင်ဗျာ ……..
ကျွန်တော့်ကဗျာခေါင်းစဉ် `လေတိုက်ရာအရပ်သို့ မျက်နှာမူကာ (၂) အစား
ကျေးဇူးပြုပြီး (၃)လို့ ပြင်ပေးစေချင်ပါတယ်ခင်ဗျ (၂)ကို ကျွန်တော်တင်ထားပြီးသားကို
နမော်နမဲ့နဲ့ အခုကဗျာကိုလည်း (၂)လို့ ရေးဖြစ်သွားခြင်းအတွက် ပြင်ပေးစေလိုပါသည်ခင်ဗျာ။
ကျေးဇူးတင်ပါတယ်ခင်ဗျာ လေးစားစွာ…
………….
………
နီကီတာရေ့
အားပေးတာကျေးဇူးတင်တယ်နော်…
ပေါက်ဖော်
December 21, 2011 at 4:12 pm
မျက်နှာမူတာ ကြည့်မူ..
ငပေ အီးပေါက်တဲ့အရပ်ဆို..ဓညင်းသီး နံ ့…အီးနံ ့..ဘီအီး.ဘီယာနံ ့..အစုံပဲ..
နေရာယူမှားမယ်..နေရာယူမှားမယ်..
windtalker
December 21, 2011 at 8:15 pm
အလို
သူ ကောင်းကောင်းကြီး ရှူဖူးတာ အခုမှ သိရတော့တယ်
ကိုယ့် အီးနံ ့လေး ကို သတိရရဲ ့လား
သတိရရဲ ့လား လို ့မေးချင်တယ်….နင့်ကို
amatmin
December 21, 2011 at 5:36 pm
ကို comegyi ရဲ့ သံသယ ဝင်စရာ မလိုတဲ့ ကဗျာ ကို ဆွံအ မင်တက်နေ တဲ့ စိတ်အာရုံ နဲ့ ဝင်ဖတ်သွားပါတယ်..
ကားမီးရောင် ကိုမျက်နှာချင်းဆိုင်တာ အနုပညာဆန်တဲ့ ဘဝ .. သဘောကျတယ်ဗျာ
မှော်ဆရာ
December 21, 2011 at 9:35 pm
ငါးရံ့တစ်ကောင်ရဲ့ နွေရာသီမှာ
ရောက်ရာ အရပ်က အမြန်ပြန်လာဖို့ကိုပဲ ညှို့မိတယ် . . .။
—— တယ်စာတဲ့ဆိုပါလားဟေ့ ..——–
ရှူံးနိမ့်မှုများနဲ့.. လူ
December 22, 2011 at 1:42 am
ငါ့မျက်ဝန်းတွေ လေလံပွဲရောက်သွားတယ်
သဒ္ဒါတွေ ဈေးတွေအပြိုင်အဆိုင်ပေးလို့
လေးဘီးကားပေါ်မှာတော့ ကာရံတွေပြွတ်သိပ်ပြီး
၂ဝ ရာစုထဲ တစ်ပြုံတစ်မကြီး ပါသွားလေရဲ့။
ဆေးစက်တွေပျံ့ကြဲ
အရောင်တွေ ကခုန်နေတဲ့ ပိတ်သားချပ်ကြီး
မော်ဒန်မုန်တိုင်းထဲ
ခြင်္သေ့မဟုတ်တဲ့ ဆင်ကောင်ကြီးတွေ
အချပ်လိုက်၊ အချပ်လိုက်ပေးချေကြရဲ့
နားမလည်မှုကိုက
လေးနက်မှုတွေ နေ့စေ့လစေ့တဲ့။
ကွယ်…
တိမ်မီးခိုးကိုမှ
ဖမ်းဆုတ်လို့ ချုပ်ကိုင်ချင်ရော့လား
နားမလည်ခြင်းတွေကြား
တစ်စုံတစ်ရာကိုနားလည်ကြည့်ခြင်းကိုက
ကိုယ့်ဖာသာ
ရူးသွပ်ခြင်းလေလား။ ။
ရှူံးနိမ့်မှုများနဲ့.. လူ
(ခေတ္တလူ့ပြည်)
“ဘီလူးကြီး”ogre
December 22, 2011 at 12:05 pm
ကီလီကမ်းနားကလူရော တစ်ခါမှမနိုင်တဲ့သူရော
အကုန်ကောင်းတယ် ဖတ်လို့….
တစ်ခုပဲ .. နားလယ်ဘူးဗျ.. 🙂 😛
comegyi
December 23, 2011 at 1:34 am
အခုပြောနေကြတဲ့ စကားနဲ့ပြောရမယ်ဆိုရင်
ကိုရှုံးကဗျာက ပိုလန်တယ် …….
အဲဒီအတွက် ဆလံပေးပါတယ်ခင်ဗျား……..။