ကျောင်းတက်တဲ့အရွယ် ဈေးရောင်းမယ်
ပင်လယ်ကိုဖြတ်ပြီး တိုက်ခတ်လာတဲ့လေပြင်ညှင်းက ကျွန်မစိတ်တွေကို လန်းဆန်းစေပါတယ် ။ စိုစွတ်စွတ်သဲမြေပေါ်မှာ ခြေဗလာနဲ့ လမ်းလျှောက်ရခြင်းကလည်း လွတ်လပ်ပေါ့ပါးတဲ့ ခံစားမှုကို ဖြစ်စေပါတယ် ။ တိမ်တွေကြားမှ ခပ်ကျဲကျဲ ကျနေတဲ့နေရောင်ကလည်း နွေးထွေးမှုကို ပေးပါသေးတယ် ။ ကမ်းစပ်ကို အရှိန်အဟုန်နဲ့ ပြေးတိုက်လာတဲ့ ပင်လယ်လှိုင်လုံးလေးတွေရဲ့ အသံကလည်း သဘာဝရဲ့ဆည်းချက်တွေလိုပါပဲ ။ ပတ်ဝန်းကျင်နဲ့ ရာသီဥုတုအနေထား သဟာဇာတကျစွာ မျှတပြီး အနားယူလို့ကောင်းတဲ့နေရာလေးကတော့ ချောင်းသာကမ်းခြေမှာပါပဲ ။
မြို့ပြရဲ့ မွန်းကြပ်လှတဲ့ ဘဝတွေထဲ ခဏတာထွက်ပြေးပုန်းရှောင်ရင်း ဒီလိုနေရာလေးမှာ အပန်းဖြေအနားယူရတာ ကြုံတောင့်ကြုံခဲ နေ့ရက်တွေပါပဲ ။ နေစဉ်နေ ့တိုင်း ၊ မီးခိုးတွေ ၊ ဖုန်မှုတွေ ၊ ကြပ်သိပ်လှတဲ့ ဘတ်စ်ကားတွေ ၊ အရောင်စုံလူစုံကြားထဲ လှုပ်ရှားရုန်းကန်နေရတဲ့ ဘဝမို့ တစ်ခါတစ်လေ သောကမရှိလျှောက်သွားနေရတဲ့ ယခုလိုနေရက်မျိုးကို တောင့်တမိပြန်တယ်လေ … ။ ရန်ကုန်တွင် ခြေဗလာဖြင့်လမ်းမလျှောက်ဖူးပေမယ့် ကမ်းခြေရောက်တုံး အလုပ်တွေလည်း ပြီးလို့ … သဘာဝရဲ့ အသာကို အပြည့်ဝခံစားမယ်ဆိုတဲ့ စိတ်နဲ့ ရေစပ်စပ်စိုနေတဲ့ သဲမြေပြင်ပေါ်ကို ဖိနပ်မပါပဲ လမ်းလျှောက်နေမိတယ် ။ ထိုစဉ် ဘယ်က ဘယ်လို ထွက်လာမှန်းမသိတဲ့ ကလေးတစ်သိုက် ရေပုံးလေးများ ကိုယ်စီဖြင့် “အစ်မ ကဏန်းလွှတ်မလား ၊ ဂုံးလွှတ်မလား ” ဟုဆိုကာ အနားသို့ ရောက်လာကြသည် ။ ဗုဒေါ္ဒတမိရအောင် … မမျှော်လင့်ပဲ ကြားရသောစကားကြောင့် ကျွန်မ နားမလည်သလိုလို မျက်လုံးများဖြင့် သူတို့ကို ပြူးကြည့်နေမိတယ် ။
သူတို့ ပြောသလိုပဲ ကဏန်းလေးတွေ အရွယ်စုံ ဆိုဒ်စုံ ပုံးလေးအတွင်းမှာ ယောက်ယက်ခတ်နေတော့တယ်။ ပင်လယ်ကမ်းခြေလိုနေရာမျိုးမှာ ကျွန်မအတွက်တော့ ကဏန်းလွှတ်ခိုင်းတယ်ဆိုတာ အ ထူးဆန်းပေါ့ ။ ရေထဲက ကဏန်း ပြန်ဖမ်းပြီး ပြန်လွှတ် ဒါနဲ့ပဲ သံသယာလည်နေတယ်မဟုတ်လားလို့ မေးမိတော့ ။ ကဏန်းတွေက ရေငန်မှာ မနေဘူးဆိုပဲ ။ လွှတ်လိုက်တာနဲ့ ရေထဲ ဆင်းပြေးပြီး ရေငန်ကနေ ရေနက်ပိုင်းရောက်မှ ရေချိုဘက်ထွက်ပြေးတယ်တဲ့လေ … ။
မယုံလို့ တကောင်လောက်စမ်းလွှတ်လိုက်တော့ ရေမျက်နှာပြင်အောက်ကို တိုးလျှောပြီးပြေးဆင်းတာတွေ့တယ် …. ခဏအကြာမှာ လုံးဝကိုပျောက်သွားပါတော့တယ် … ။ ကမ်းခြေမှာနေတဲ့ ကဏန်းတွေက ရေငန် သဲကဏန်းလေးတွေဖြစ်ပြီး စားလို့ရတဲ့ အရွယ်မရှိတာကိုလည်း ကလေးတွေဆီက ဗဟုသုတအနေနဲ့ကြားခဲ့ရပါသေးတယ် ။ စပ်စပ်စုစုကျွန်မက ဒီကဏန်းတွေလွှတ်မယ့်လူမရှိလျှင် ဘာဖြစ်မလဲမေးကြည့်တော့ ဟင်းအိုးထဲရောက်မှာပေါ့လို့လည်း ရယ်ကျဲကျဲနဲ့ ပြောကြပါသေးတယ် ။ ကလေးတွေရဲ့ ပုံပန်းသွင်းပြင်က နွမ်းလျနေပေမယ့် သူတို့ အပြုံးလေးတွေက ဝင်းလက်နေပါတယ် ။ အဝတ်စား အဆင်ယင်အရသာ နွမ်းပါးချင်နွမ်းပါးမယ် ၊ စာရိတ္တပိုင်းမှာ မနွမ်းပါးဘူးဆိုတဲ့ အချက်ကိုတော့ သူတို့နဲ့ စကားဝိုင်းဖွဲ့ပြောစဉ်အတွင်း ကျွန်မကောင်းကောင်းခံစားမိပါတယ် ။ ကဏန်းလေးတွေတစ်နေ့ ဘယ်လောက်ဖိုးရောင်းရသလဲမေးတော့ တစ်ယောက်ကို တစ်ထောင်ဖိုးလောက်သာ ပျှမ်းမျှရောင်းရပါသတဲ့ ။ ခရီးသွားတဲ့ရာသီလောက်သာ ရောင်းအားကောင်းကြောင်းပြောပြပါတယ် ။ ကဏန်းတစ်ကောင်ကို တစ်ရာကျပ်နှုန်းနဲ့ရောင်းပြီး အရောင်းထိုင်းတဲ့နေ့တွေမှာ အိမ်စရိတ်ရအောင် တစ်ကောင် ငါးဆယ်ကျပ်နဲ့ရောင်းပါတယ် ။ ဒါ့ပြင် ဂုံးလေးတွေကိုလည်း တစ်လုံးတစ်ထောင်နဲ့ ဇီဝိတဒါန လုပ်နိုင်ပါသေးသတဲ့လေ … ။ ကလေးတွေဆီက ဂုံးနဲ့ ကဏန်းအားလုံးလွွှတ်ပြီးတော့ ရှင်းပေးလိုက်ရတာ သုံးထောင့်ငါးရာလောက်ပဲမို့ ဟုတ်ရောဟုတ်ရဲ့လား လွှတ်လိုက်တာတွေက အများကြီးလို့ မေးတဲ့အခါ ။ သူတို့ သချာင်္တွက်တက်ပါတယ်တဲ့ ကဏန်းလွှတ်နေကတည်းက အကောင်ရေ ရေတွက်ခဲ့တာပါတဲ့လေ ။ တချို့ကလေးတွေက အကောင်သေးလေးတွေကိုပါ အစစ်အနေနဲ့ ထည့်ပေးတာကြောင့် အများကြီးဖြစ်နေတာလို့ ထင်နေတာပါလို့ ပြန်ချေပပြောဆိုပါသေးတယ် ။
အရွယ်နဲ့မလိုက်အောင်ပဲ သွက်လက်ချက်ချာလွန်းတဲ့ ကလေးတွေအကြောင်း စပ်စုချင်စိတ်ဖြစ်မိပြန်တော့ သူတို့လေးတွေရဲ့ ဘဝတစိတ်တပိုင်းကိုလည်း သိခွင့်ရခဲ့ပါသေးတယ် ။ ကလေးတွေထဲက အများစုက ကျောင်းမနေတော့ပါဘူး အလွန်ဆုံးလေးတန်း ၊ ငါးတန်းလောက်မှာပဲ ကျောင်းထွက်ကာ ပင်လယ်ကမ်းခြေမှာ ကြုံရာကျပန်းလုပ်ရောင်းပြီးရှာကျွေးနေကြတာပါ ။ ကဏန်းရောင်းတဲ့ ကလေးတွေအသက်ကိုမေးကြည့်တော့ အငယ်ဆုံး ငါးနှစ်မပြည့်တပြည့်လေးတောင် ပါပါသေးတယ် ။ သားလေးနာမည်ဘယ်သူလဲလို့မေးတော့ …. စကားတောင် လုံးစေ့ပတ်စေ့မပြောတတ်သေးတာတွေ့ရတယ် ။
ကျွန်မမြင်ပြီး စိတ်မကောင်းဖြစ်မိတယ် ။ ဒီအရွယ်လေးတွေဟာ စာသင်ခန်းထဲမှာ ရှိနေရမယ့်အရွယ်လေးတွေပါ ။ မိဘ အစဉ်ဆက် လျှောက်လာတဲ့ လမ်းကြောင်းအတိုင်း သေစာရှင်စာလောက်သာ သင်ခွင့်ရပြီး ဈေးသည်ဘဝ ၊ ကျပန်းလုပ်စားရတဲ့ ဘဝကိုရောက်ကုန်ကြပါတယ် ။ မိဘတွေရဲ့ အထောက်ပံ့ သွန်သင်မှုကို မရခဲ့ပေမယ့် အလုပ်ကပေးတဲ့အတွေ့ကြုံကြောင့် တတ်မြောက်ခဲ့တာကတော့ ပေါင်းသင်းဆက်ဆံရေးပါပဲ ။ ခပ်နွမ်းနွမ်း အကျီ င်္လေးတွေနဲ့ ကလေးတွေနှုတ်ဖျားက ထွက်တဲ့စကား ဘယ်လိုမှ ဒီလောက်ပြောတတ်လိမ့်မယ်လို့ ကျွန်မတွေးမထားခဲ့မိပါဘူး ။ အသက်ရွယ်မျိုးစုံနဲ့ သင့်တင့်လျှောက်ပတ်အောင် စကားပြောဆိုနိုင်တာကိုလည်း တွေ့ခဲ့ရပါတယ် ။ မရှိခိုးနိုးဆိုတဲ့စကားပုံမျိုးရှိခဲ့ပေမယ့် … ဒီကလေးတွေကတော့ ကိုယ်ကျင့်တရားမပျက်ပြားပဲ အလုပ်လုပ်မှ ပိုက်ဆံရမယ်ဆိုတဲ့စိတ် ကိုယ်စီရှိနေခဲ့တာကိုလည်း လေးစားစရာတွေ့မြင့်ခဲ့ရပါတယ် … ။ ကလေးတွေရဲ့ အနာဂတ်ရေး ခဏဝင်တွေးကြည့်ပြန်တော့ စိတ်မသက်မသာဖြစ်မိခဲ့တယ် ။ တစ်သက်လုံး သောင်ပြင်မှာပဲ ဈေးသည်ဘဝနဲ့ နေတော့မတဲ့လား … ။ ကျောင်းမတတ်ချင်ဘူးလားမေးပြန်တော့ … ကျောင်းတက်လျှင် ပိုက်ဆံကုန်မှာပေါ့တဲ့ ။ အမေနဲ့ အဖေမှာ ပိုက်ဆံမရှိဘူးတဲ့လေ ။
ကလေးတွေကတော့ သူတို့ ဘဝကို သူတို့ နေပျော်နေကြပေမယ့် မြင်ရတဲ့ ကျွန်မကတော့ စိတ်မကောင်းဖြစ်ကာ မျက်ရဲဝဲမိတယ် ။ သူတို့နဲ့ ယှဉ်တော့မှ ငါတောင်ဒီလောက် အသုံးကျခဲ့ဖူးလားဆိုတာမျိုး ကိုယ့်ကိုယ်ကိုပြန်မေးမိတယ် ။ မိဘတွေကိုယ်တိုင်ကလည်း ဒီလိုဘဝကနေအိမ်ထောင်ကျပြီး နှုတ်ခမ်းပဲ့ခြင်း မီးမှုတ်ရာက ကလေးတွေမြေစာပင်ဖြစ်ကြရတယ် ။ တာဝန်ယူမှုဆိုတာမျိုး ၊ မိဘဝတ္တရားဆိုတာမျိုး နားလည်ခဲ့ဟန်မတူဘူး ။ မွေးပြီး တာဝန်ကျေတယ်ထင်ကာ ကြုံရာဘဝရှာစားစေခဲ့တာ သူတို့လေးတွေအစား အငှားဒေါသဖြစ်မိခဲ့တယ် ။ ကလေးတွေကတော့ မိဘကို အပြစ်တင်တဲ့ စိတ်လုံးဝမရှိကြပုံပါပဲ … ။ ကိုယ့်ဘဝနဲ့ကိုယ်လို့ ခံယူထားကြပုံပါ ။
အခမဲ့ပညာရေးတွေ လုပ်ပေးနေတဲ့ကြားက ကျောင်းမနေနိုင်သေးတဲ့ ကလေးတွေရှိနေသေးတယ်ဆိုတာ တကယ်လက်တွေ့ မြင်တွေ့ခဲ့ရတယ် ။ အခမဲ့စာသင်ကြားနိုင်ပါလျှက် ကျောင်းတက်ဖို့ထက် စားဝတ်နေရေးစရိတ်ရှာရတဲ့ ကလေးတွေ အရွယ်နဲ့မလိုက်အောင် သူတို့ဘဝကြမ်းတမ်းကြရှာတယ် ။ ငါးနှစ်ဆိုတဲ့အရွယ် မိဘဆွေမျိုးတွေကြားထဲ တီတီတာတာချွဲပြီး လိုချင်သမျှ လက်ညှိုးထိုးဝယ်ခိုင်းတတ်တဲ့ မြို့ကကလေးတွေကတော့ ဒီလိုအတွေ့ကြုံမျိုး ရှိမှာမဟုတ်ဘူးလေ ။ မျက်လုံးနှစ်လုံးပွင့်ကတည်းက ဝမ်းစာအတွက်ရှာဖွေရတဲ့ သူတို့ဘဝ ကိုယ်တတ်နိုင်တာနဲ့ ဘာများလုပ်ပေးနိုင်ပါလိမ့်လို့ တွေးမိပြန်တော့ ဘာမှ လုပ်ပေးနိုင်တာမရှိဘူးလေ ။ ကျောင်းတက်ချင်လားမေးပြီး ကျောင်းထားပေးဦးတော့ မနေချင်ပါဘူး တဲ့ …. ကျောင်းတက်နေစဉ်ကာလ ပိုက်ဆံရှာမရတာကြောင့်ပါတဲ့လေ ။ ဒါမှမဟုတ်ဘာအလုပ်လုပ်ချင်သလဲဆိုတော့လည်း ရေရေရာရာမရှိပါဘူး ။ပိုက်ဆံရမယ့်အလုပ် ရိုးရိုးသားသားဆို ဘာမဆိုလုပ်ပါမယ်တဲ့ … ။သူများပစ္စည်းတော့ ခိုးဝှက်လိမ်မစားပါဘူးတဲ့လေ ။ ရေရှည်အလုပ်မြဲဖို့အတွက်ပါတဲ့ ..။ မြို့ကကလေးတွေကတော့ သားသားကြီးလျှင် ဘာလုပ်မလဲမေးတိုင်း စစ်ဗိုလ်ကြီးလုပ်မယ် ၊ ဆရာဝန်ကြီးလုပ်မယ် ၊ အင်ဂျင်နီယာကြီးလုပ်မယ် စသဖြင့် (တကယ်ဖြစ်ချင်ချင် မဖြစ်ချင်ချင်) ပြောတတ်ကြတယ် ။ အဲ့ဒီကလေးတွေက မိမိဘဝကို မိမိကိုယ်တိုင်တောင် အချိုးချဖို့ တွေးမကြည့်တတ်သူလေးတွေပါ … ။ မိဘရင်ခွင်မှာ မိမိကိုယ်ကို ကလေးလို့ ခံယူရင်း ပျော်နေကြတဲ့ ကလေးတွေပေါ့ ။
ကလေးတွေရဲ့ လူနေမှုစရိုက်နဲ့ ပေါက်ဖွားရာ ဒေသကွာခြားတာကြောင့် အသက်ချင်းတူတာတောင် တွေးတောပုံလေးတွေခြားနားနေတယ် … ။ ကျောင်းလည်း မတတ်ချင် ၊ စာသင်တာကို ဝန်ထုတ်ဝန်ပိုးလို သဘောထားတဲ့ကလေးတွေကြား ကူညီနိုင်တာ ဘာမှမရှိတာမို့ … ပါလာတဲ့ မုန့်ကျွေး ၊ မုန့်ဖိုးပေးပြီး ပြန်လွှတ်လိုက်ပါတော့တယ် … ။ ပျော်ရွှင်ခုန်ပေါက်ပြီး ပြန်ထွက်သွားတဲ့ သူတို့ကျောပြင်တွေကိုကြည့်ရင်း သက်ပြင်းသာချမိပါတော့တယ် .. ။ ။
30 comments
koyinmaung
December 21, 2011 at 5:23 pm
ဓါတ်ပုံလေးတွေကြည့်ပြီးစိတ်မကောင်းဖြစ်မိပါတယ်…..
အိတုံရေ ခလေးတွေကချစ်စရာလေးတွေပါ
နှစ်ယောက်လောက်မွေးစားထားလိုက်ပါလားကွယ်….
etone
December 22, 2011 at 9:44 am
koyinmaung ရေ မွေးစားဖို့တော့ တွေးမိပါဘူး။ ကျောင်းတက်ချင်လျှင် ရန်ကုန်ခေါ်ပြီး ကျောင်းထားပေးမလားလို့တော့ စိတ်ကူးခဲ့မိတယ် … ။ ကလေးတိုင်းကိုတော့ အဲ့လိုစိတ်မျိုးမဖြစ်မိပေမယ့် … ချောင်းသာက ကလေးတွေအပေါ်တော့ ကူညီချင်စိတ်ဖြစ်မိခဲ့တယ် ။
kai
December 21, 2011 at 5:27 pm
အဟမ်း..
လတ်လတ်ဆတ်ဆတ်.. မီးဖုတ်စားလိုက်ရရင်တော့လား…။
ဒါပေမဲ့..ကြည့်ရတာ.. ညောင်နာနာနဲ့..။ အရသာရှိမဲ့ပုံ မပေါက်ဖူးနော…။ 😆
kotun winlatt
December 21, 2011 at 5:31 pm
ဒီလိုကလေးတွေ ကျနော်တို့နိုင်ငံမှာ ဒုနဲ့ဒေးဗျ..
hmee
December 21, 2011 at 6:39 pm
ဒေါ်တုံကတော့ အပန်းဖြေခရီးထွက်တာတောင် ကုန်ကြမ်းရလာသေးတယ်နော်။ 🙂 မမှီတို့ ရွာဘက်ကို အလည်ခေါ်ဦးမယ် အဲ့လို ငယ်ငယ်လေးတွေ အရွယ်နဲ့ မလိုက် နေ့စားလိုက်နေရတာလေးတွေ တုံကို ပြမလို့။ မမှီလည်း မြင်ရတိုင်း စိတ်မကောင်းဘူး။ 🙁
etone
December 22, 2011 at 10:14 am
ခရီးကထွက်ခဲတယ်လေ မမှီရေ … အပန်းဖြေခရီးဆို မသွားဖြစ်တာ ကြာလှပေါ့ ။
ရန်ကုန်မှာက ကလေးအလုပ်သမားဆိုတာ လ္ဘက်ရည်ဆိုင် စားပွဲထိုးလောက်ပဲ တွေ့ဖူးတာ …. ။ အခုမှ ဒီလိုတွေ့ဖူးတာလေ ။
အိမ်မှာရှိတဲ့ တူလေးကလည်း ငါးနှစ်သာသာပဲဆိုတော့ အသက်ရွယ်တူချင်း ဘဝပေးကုသိုလ်ကံကွာတယ်လို့ပဲ တွေးမိပါတော့တယ် … ။
water-melon
December 21, 2011 at 6:49 pm
မြန်မာပြည်ကြီးတိုးတက်ဖို့ လိုလိုလိုသေးသည်
လာဘ်စားတွေဖယ်
ကိုယ်ကျိုးကိုစွန့်မှ
ဒုို့ပြည်ကြီးတိုးတက်မယ်
မောင်သန်းထွဋ် ဦး
December 21, 2011 at 7:20 pm
မမအိတုံရေ……ဒီနေ ့ဘဲအိမ်မှာအုတ်ခဲတွေပို ့တဲ့လှည်းမှာကလေးတစ်ယောက်ပါလာတယ်ဗျ။မေးကြည့်တော့အသက်က(၁၂)နှစ်၊ကျောင်းနေအရွယ်
မို ့ကျောင်းမတက်ဘူးလားမေးတော့ မတက်ချင်လို ့ထွက်လိုက်ပီတဲ့။ကလေးတစ်ယောက်ရဲ ့အဖြေနော် တော်တော်စိတ်ထိခိုက်ရပါတယ်။ခုလိုဘဲ
လမ်းဘေးလက်ဘက်ရည်ဆိုင်တွေမှာလဲ အရွယ်မရောက်သူ ကလေးသူငယ်တွေတွေ ့နေရတာပါဘဲ။စိတ်မကောင်းစရာတွေပါဗျာ။
windtalker
December 21, 2011 at 7:36 pm
ဂဏန်းပျော့လေးတွေ မြင်ရတော့ နော်
ဝ အားကီး သဘောကျလယ်နော်
ဝ နော်
နီ တို ့ဆီက အမြဲ ဈေးကောင်းပေးဝယ်နေကြနော်
ခေးတွေ နော်
အဲဒီမှာ ဈေးရောင်းလို ့ရတာ တော်သေးတယ် မှတ်
ဝ တို ့ဆီ ရောက်ရင်နော်
ကျောက်ကပ် ထုတ်မယ် ၊ အသည်းထုတ်မယ် အကုန်ထုတ်ရောင်းစားပစ်မယ်နော်
Khin Latt
December 21, 2011 at 7:37 pm
အိတုံ ရေ – မြန်မာပြည် ထဲ မှာ စာသင်ဖို့ အခွင့်အရေး မရရှာ တဲ့ ခလေးတွေ ရာခိုင်နှုန်း အရမ်းများပါတယ်။
တကယ်တော့ သူတို့ မိဘတွေ ကိုယ်တိုင်တောင် ကျောင်းစာ ကောင်းကောင်းသင်ခွင့် ရ မှာမဟုတ် ဘူး။
ဒီတော့ ပညာ ဟာ အရေးကြီးတယ် ဆိုတာ သူတို့ သိခွင့်ရမှာမဟုတ်ဘူး။
နောက်ပြီး – တနေ့စာ ထမင်းစားဖို့ ကို တောင် အနိုင်နိုင် ရုန်း နေရတာ မဟုတ်လား။
ပုံထဲက ခလေးလေး တွေကြည့်ရတာ သန့်သန့်ပြန့်ပြန့် လေးတွေနော်။ သနပ်ခါး လေးတွေနဲ့။ ချစ်စရာလေးတွေ။
အဲလို သနားစရာ ဘဝလေး တွေကို၊ ကြားတိုင်း တွေ့တိုင်း “စိတ်ရိုင်း” ဝင် ဝင် လာတယ်။
ဓာတ်ပုံ လေးတွေ မျှတာ ကျေးဇူးပါ အိတုံ ရေ။
ပေါက်ဖော်
December 21, 2011 at 7:47 pm
ဂဏန်းကြော် ဝါးချင်ဒယ်..ဝါးချင်ဒယ်..
ရှလွတ်..
alinsett
December 21, 2011 at 7:50 pm
သိပ်ကောင်းတဲ ့ပို့စ်ပါပဲ။
ဒါမျိုးတွေ….လိုနေပါတယ် ။ ပုံတွေရော…တင်ပြတဲ ့အကြောင်းအရာရော….ကောင်းပါတယ် ။
နောက်လည်း မျှော်လင့်နေပါဦးမယ်။
ခင်မင်စွာ…
weiwei
December 21, 2011 at 8:54 pm
သူတို့လေးတွေကြည့်ရတာ ပျော်နေပုံပါပဲ …
ရန်ကုန်က ကျောင်းမတက်နိုင်တဲ့ ကလေးတွေထက်စာရင် တော်ပါသေးတယ် …
အသိတစ်ယောက်ကပြောဖူးတယ် .. သူတို့အိမ်နားက ကလေးအမေတစ်ယောက်က ကလေးတွေအများကြီးမွေးတာ အခုနောက်ဆုံး ၉ ယောက်မြောက်တောင် မွေးပြီးပြီတဲ့ … ယောက်ျားလေးဆို ၈ နှစ်လောက်ရောက်ရင် လက်ဖက်ရည်ဆိုင်ကို အပြီးပို့ပစ်ပြီး အလုပ်ခိုင်းတယ် … မိန်းကလေးကို သူများအိမ်ပို့ပြီး အိမ်ဖော်လုပ်ခိုင်းတယ်တဲ့ … ပတ်ဝန်းကျင်က ကျောင်းထားပေးပါ့မယ်ဆိုတာတောင် လက်မခံဘူး .. ပိုက်ဆံရှာဖို့ပဲ ခိုင်းစားထားတာဆိုပဲ …
ကျောင်းမတက်နိုင်တဲ့ကလေးတွေအများကြီးရှိနေတာ မိဘတွေကြောင့်လို့ပဲ မြင်မိတယ် … အခမဲ့ကျောင်းတွေ၊ ဘကကျောင်းတွေရှိပေမယ့် မပို့ပဲ ခိုင်းစားချင်ကြတယ် …
KING
December 21, 2011 at 9:05 pm
မဝေရေ
မဝေပြောသလိုပါပဲဗျာ
မိဘတွေကိုယ်တိုင်က ကလေးတွေကို ကျောင်းမထားချင်ကြသလို
ကလေးတွေကိုယ်၌ ကလည်း ကျောင်းကို တက်ချင်စိတ်မရှိကြဘူး … ပညာ ဆိုတာကို နားလည်ပုံမရကြဘူးဗျ
သူတို့လေးတွေ ကျောင်းတက်ပြီး ပညာလိုချင်စိတ်ရှိအောင် နည်းလမ်းလေးတွေ စဉ်းစားပေးဖို့ လိုပြီဗျ
တစ်ခါတုံးက ဗိုလ်တထောင်ဘုရားက ကလေးလေးတစ်ယောက် မုန့်ဖိုးလာတောင်းတယ်
ဒါနဲ့ ကျွန်တော်လည်း နည်းနည်းစပ်စုလိုက်တာပေါ့ ကလေးက ရ နှစ်လောက်တော့ရှိတော့မယ် … ညီမလေး ဘယ်နှစ်တန်းရောက်ပီလဲဆိုတော့ … ကျောင်းမနေတော့ဘူးတဲ့ … ဘယ်နှစ်တန်းထိ နေဖူးလဲဆိုတော့ ၁ တန်းတဲ့ … ဘာလို့ ကျောင်းမနေလဲလို့ မေးကြည့်တော့ … မတက်ချင်တော့လို့တဲ့ … ကျွန်တော်လည်း သူ့လက်ထဲ ပိုက်ဆံတွေထည့်ပေးပြီး ဒါဘယ်လောက်ရှိလဲ မှန်အောင်ဖြေနိုင်ရင် အကုန်ယူဆိုတော့ … သူ့ခင်ဗျာ ခေါင်းကုတ်ပြီး ရေနေတာ အကြာကြီးပဲ … ဒါနဲ့ပဲ ညီမလေး ကျောင်းတက်မှ ဒါတွေ ဘယ်လောက်ဆိုတာ သိမှာပေါ့ဆိုပြီး ပိုက်ဆံပေးပြီး ကျောင်းနေဖို့ စည်းရုံးလိုက်တယ် … နောက်ပိုင်းတော့ ဘာဖြစ်လာမလဲဆိုတာ ကျွန်တော်မသိတော့ဘူးဗျာ …..
မှော်ဆရာ
December 21, 2011 at 9:44 pm
ဂဏန်းတွေ လွှတ်ပေးလိုက်တဲ့ အလှူအတွက် သာဓုပါဗျာ ……
TTNU
December 21, 2011 at 10:12 pm
အိတုန်ရေ
ချောင်းသာမှာ စက်ဘီးစီးနေတဲ့ပုံတွေ့တယ်။
အရမ်းပျော်နေပုံပေါ်တယ်။
တီချာလည်း ကြည့်ရင်းနဲ့ ပျော်လို့ ပြုံးမိသေးတယ်။
အခု ဂဏန်းရောင်းတဲ့ ကလေးတွေပုံတွေ သိပ်ကောင်းတာပဲ။
သဘာဝကျတယ်၊ စာရေးသူရဲ ့ စေတနာတွေ မြင်ရတယ်။
တီချာလည်းဖတ်ရင်း အိတုန်ရေးတတ်လိုက်တာလို့ တွေးမိသေးတယ်။
etone
December 22, 2011 at 10:53 am
တီချယ်ကြီးရေ …ဓါတ်ပုံတွေမြင်ရပြီးပျော်တယ်ဆိုလို့ .. ဝမ်းသာပါတယ် … ။ ချောင်းသာမှာ စက်ဘီးတကယ်စီးခဲ့တာမဟုတ်ပါဘူး … ။ 😛
သဲထဲမှာ စက်ဘီးနင်းလျှင် ပိုရုန်းရလွန်းလို့ ပင်ပန်းမှာစိုးလို့ … ဟီး .. သူများစီးလာတဲ့ စက်ဘီးကို တား … ခဏငှားပြီး …. စက်ဘီးစီးတဲ့လူတွေကို ဓါတ်ပုံပြန်ရိုက်ခိုင်းလိုက်တာပါ … . ။ 😀 ဒါက ဒုတိယအကြိမ်ပါ ။
ပထမတစ်ကြိမ်ချောင်းသာရောက်တုန်းကလဲ … စက်ဘီး နဲ့ပဲ ရိုက်ခဲ့ပါသေးတယ် … အဲ့ဒီတုန်းကတော့ … ကိုယ်တိုင်စက်ဘီးနင်းတုန်းက ဓါတ်ပုံရိုက်ဖို့ စိတ်ကူးမရှိပေမယ့် …စက်ဘီးအပ်ပြီးမှ .. ပေါတောတောအမှတ်တရကျန်စေချင်တဲ့စိတ်နဲ့ … သူများ စက်ဘီးကို ရေထဲထိတွန်းပြီး .. ရေထဲမှာ စက်ဘီးနင်းနေသယောင်ယောင်ရိုက်ခဲ့တာပါ ။ 😀
ကျွန်မတို့အသက်တွေက တဖြည့်းဖြည်းကြီးလာပြီလေ … ဒီထက်အသက်ကြီးလာလျှင် ပေါတောတောက လုပ်လို့မကောင်းတော့ဘူး .. ဒီတော့ … လက်ရှိအရွယ်မှာပဲ မှီသလောက်ပေါလိုက်တာ 😀 ရိုက်လာတဲ့ပုံတွေထဲ တပုံမှ တည်တည်တံ့တံ့မပါဘူး … မျက်နှာပြောင်နေတာတွေချည်းပဲလေ … ။
blackchaw
December 21, 2011 at 10:38 pm
Etone ရေ။
ဝင်ဖတ်သွားပါတယ်နော။
pooch
December 21, 2011 at 11:12 pm
တုန်တုန်ရေ ဖတ်ရတာ စိတ်တောင်မကောင်းဘူး…
နောက်များ တိုးတက်လာတဲ့ အခါ တို့ပြည်ရွာ သာယာတဲ့အခါ ဒီလို အခြေခံလူတန်းစားများအတွက် အကူအညီပေးနိုင်မဲ့ အခြေအနေလေးတွေ ရှိလာနို်င်ပါစေ ဖန်တီးပေးနိုင်ပါစေလို့ ဆုတောင်းရမှာပဲ ….
kai
December 22, 2011 at 1:02 am
အဲဒီကျောင်းမသွားတဲ့ ကလေးတွေရဲ့… မိဘတွေလည်း.. ကျောင်းပို့ခံခဲ့ရတာ မဟုတ်ဘူးလို့ ယူဆရတယ်..။
သေစာရှင်စာလောက်အထိပဲ..ရခဲ့ကြတာ..။
.. ဒီလိုဖြစ်နေတာ.. အနည်းဆုံး မျိုးဆက် ၂ခုလောက်တော့ ရှိပြီ..။
အခုကလေးတွေကြီးလာပြီး အိမ်ထောင်ရက်သားကျလို့.. မွေးလာတဲ့ကလေးတွေကို.. ကျောင်းတောင် ထားပါတော့မလားမသိဘူး..။
တိုင်းပြည်အတွက် အင်မတန်ရင်လေးစရာပေါ့..။ 🙂
UNIVERSAL DECLARATION OF HUMAN RIGHTS
Article 26.
(1) Everyone has the right to education. Education shall be free, at least in the elementary and fundamental stages. Elementary education shall be compulsory. Technical and professional education shall be made generally available and higher education shall be equally accessible to all on the basis of merit.
(2) Education shall be directed to the full development of the human personality and to the strengthening of respect for human rights and fundamental freedoms. It shall promote understanding, tolerance and friendship among all nations, racial or religious groups, and shall further the activities of the United Nations for the maintenance of peace.
(3) Parents have a prior right to choose the kind of education that shall be given to their children.
Ko Ko Aung
December 22, 2011 at 9:24 am
ဒါမျိုးတွေဟာ ဆင်းရဲတဲ့နိုင်ငံတွေမှာ ဖြစ်နေကျ ဓမ္မတာပါပဲ။ လူအစစ်တွေ တခြားလူတွေထက်နိမ့်ကျမယ့်လမ်းကြောင်းကို သိသိကြီးနဲ့လျှောက်နေကြတာ ကြေကွဲဘို့ကောင်းပါတယ်။
ဆင်းရဲမွဲတေမှု့ကိုတိုက်ဖျက်ရမယ်။ ကလေးတိုင်းကို ကျောင်းပို့ရမယ်။ စာထဲမှာတော့ဟုတ်ပါတယ်။ စိတ်ကူးယဉ်လို့လဲကောင်းပါတယ်။ ဒါပေမယ့်လက်တွေ့တော့ ဖြစ်မလာနိုင်ကြသေးပါဘူး။
အဲဒီပန်းတိုင်တွေမရောက်ခင် ချီတက်နေတုန်းကြားကာလမှာတော့ လက်ငင်းသက်သာရာရစေမယ့်-
လိုအပ်တဲ့နေရာတွေကို ပရဟိတလုပ်ငန်းတွေကတဆင့် ပံ့ပိုးတာ
ကလေးသူငယ်တွေ အနှိပ်စက် အနိုင်ကျင့်မခံရအောင် ဥပဒေရေးထားရုံသာမက လက်တွေ့ ကာကွယ်ပေးတာ
ကလေးသူငယ်တွေရဲ့ ကျန်းမာရေး စတာတွေကို စောင့်ရှောက်ပေးတာ
အဲဒါမျိုးတွေလုပ်နိုင်ပါတယ်။ လုပ်သင့်ကြပါတယ်။ လုပ်ကြပါစို့ဗျာ။
ဦးဘဇင်းဘဒ္ဒ န္တမိုက်ကယ်ဂျော်နီအောင်ပု
December 22, 2011 at 9:54 am
လောကကြီးရဲ့သဘာဝကိုက ဆင်းရဲသူနှင့်ချမ်းသာသူ ဆိုပြီးဒွန်တွဲနေတယ်လို့တော့ထင်တာဘဲ
( အထင် )
သူဌေးဆိုတာ ဆင်းရဲသားရှိလို့ သူဌေးဖြစ်တာ
ဆင်းရဲသားဆိုတာကလည်း သူဌေးဆိုတာ ရှိလို့ ဆင်းရဲသားဖြစ်တာလို့ပြောရင် ရီစရာတော့
ကောင်းသွားမယ်ထင်တယ် ( အထင် )
ဆိုတော့ကာ
( ဗျာပါဒ ) လို့ဆိုတဲ့ စားဝတ်နေရေးတွက်ပူပမ်နေရမှု့တွေနဲ့ နှိုင်းယဉ်ပြီးပြောရရင်တော့
နိုင်ငံတော်ရဲ့ ဖွဲ့စည်းပုံတွေအထိ ရောက်အောင်ပြောမှရမယ်
ဒါကြောင့် လက်ရှိမြန်မာနိုင်ငံမှာတော့
ဒီမိုကရေစီတို့ ဘာညာကွိကွတို့ကို လွှတ်အော်နေကြတယ်
သစ်ပင်ခုတ်ရင် ဘာဂေဟ ညာဂေဟ စာကြီးပေကြီးတွေနဲ့ အော်ပြနေကြတယ်
ဆင်းရဲသား လူထုနဲ့ ချမ်းသာတဲ့ လူထုကြား ဘယ်လို ဂေဟစနစ်လေး ကွဲနေတယ်ဆိုတာလေး
ထောက်ပြတဲ့သူကတော့
ကျုပ်ဘဲ မျက်စေ့လျှံတာလား မရှိတာလားသိဘူး မတွေ့မိသေးဘူး
ဒီမိုကရေစီဆိုတဲ့ သဘောတွေကို ဒီလို ဗျာပါဒ ခံစားနေရတဲ့ လူတန်းစားတွေရဲ့ ခေါင်းထဲ
ဘယ်လို ရောက်ရှိအောင်လုပ်ကြမယ်ဆိုတဲ့ ပြောဆိုဆွေးနွေးမှု့တွေ ဒီဆိုဒ်ထဲ တွေ့ရင်
လက်တို့ကြပါဦး
ကိုယ့်အကြောင်းနဲ့ကိုယ် ဆယ်သက်လောက် စားမကုန် သောက်မကုန်ဖြစ်နေတဲ့အကြောင်းတွေ
သူဌေးစာတွေဘဲရေးနေကြရင်တော့
အင်တာနက်ဆိုတာကို ရတဲ့လခလေးနဲ့ ဆိုင်မှာငှားပြီးသုံးနေရတဲ့ သူတွေရဲ့ အတွေးခေါ်တွေ
ဒီလို နေရာကို ဝင်ရောက်ခွင့်မရတော့ရင်
လွတ်လပ်သွားတဲ့ ဂေဟစနစ်လေးက တော်တော် နှမြောဘို့ကောင်းတယ် ထင်တယ် ( အထင် )
ဆိုလိုတာက ခုတစ်လော ဆိုဒ်ထဲမှာ သဌေးအာဘော်တွေ ဆရာကြီးအတွေးခေါ်တွေချည်းဘဲ
များနေတော့ ဆိုခဲ့ပြီးသလို ဗျာပါဒ လူစုတွက် ဘယ်လို လုပ်သင့်သလဲဆိုတာလေး
တွေးတောကြဘို့ တိုက်တွန်းပါတယ်
သိတတ်ရမှာက ဒီထဲမှာ ရေးနေကြတဲ့ ဘယ်သူ ဘယ်ဝါ ဘာညာကွိကွတွေက
အရေးခင်းလို တစ်ခုဖြစ် ဘယ်ကောင်မှ လမ်းထွက်ပြီးအော်မယ့်ကောင်မရှိဘူးလို့ထင်တာဘဲ
ပြောနေလိုက်တာကတော့ ဗိုလ်ချုပ်အောင်ဆန်းက သူတို့အမေလင် ဆိုတဲ့
လေသံမျိုးနဲ့ 🙁
( တစ်လောက ဦးဖက်တီး ပြောတဲ့ သဘောကျတဲ့ ထင်မြင်ယူဆချက်လေး print ထုတ်ပါမယ် )
ဆိုတာလေး တော်တော်တန်ဘိုးကြီးတဲ့ အယူဆတစ်ခုဘဲ
စိတ်ပျက်ဘို့ကောင်းတာက ဘယ်သူကမှ အဲ့ဒါလေး စိတ်ဝင်စားပုံမပေါ်ဘူး
ကိုယ့်အာဘော် ဟိုက print ထုတ်မလားဘဲ အားစိုက်ပြောကြတယ်
ဒီတော့ကာ
ခင်ဗျားတို့အနေနဲ့
မိမိတို့ လက်ခံသဘောကျတဲ့ အားလုံးသိထိုက်တယ်လို့ ယူဆတဲ့ အကြောင်းရာလေးတွေကို
A4 စာရွက်လေးနဲ့ ရေးပြီး လက်ကမ်းစာစောင်အဖြစ်
ဗျာပါဒ လူသားတွေကို အသိပညာတွေ ဖြန့်ဝေသင့်တယ်
ဘယ်သူ စာရွက်လာပေးမလဲဆိုတော့ ဘယ်သူမှ မပေးဘူး
ကိုယ့်အိတ်စိုက်ရမှာ
ကြုံလို့ပြောတာပါ ခင်ဗျားတို့နားလည်ထားဘို့က ကျုပ်က ဂုရုကြီးတော့ မဟုတ်ဘူး
ခင်ဗျားတို့ အွန်လိုင်းထဲမှာ ခွေးလိုအော်ခြင်သလောက်အော်
ဆိုခဲ့ပြီးသလို
ဗျာပါဒ လူတန်းစားတွေခေါင်းထဲ အခမဲ့ အသိတရားတွေ လက်ဆင့်မကမ်းနိုင်သေးသ၍
အင်းအင်းအင်း
အနိစ္စ ဒုက္ခ အနတ္တ
ဘာရယ်တော့ဟုတ်ပါဘူးနော
စိတ်မကောင်းပါဘူး
ဝမ်းနည်းတယ် ဘာညာကွိကွ မျက်ရည်ကျပြတဲ့ သူတွေကို အနီကတ်ချီးမြှင့်လိုက်ပါတယ် 😀 😀 😀
နွယ်ပင်
December 22, 2011 at 10:25 am
etone ရေ ဓာတ်ပုံတွေနဲ့ပါ တင်ထားတော့ ကလေးတွေရဲ့မျက်နှာကို ကြည့်ပြီး
ဖတ်ရင်းတကယ်ကို စိတ်မကောင်းဖြစ်မိတယ် .. ရေးတဲ့သူကလည်း တကယ့်ကို
လှိုက်လှိုက်လှဲလှဲ ခံစားပြီးရေးတယ်ထင်ပါတယ် ဖတ်တဲ့သူ ကိုယ်တိုင်မြင်ရသလိုပဲ
ခံစားရပါတယ် ….
စုံ စုံ
December 22, 2011 at 10:43 am
ရန်ကုန်မှာတခါတလေလက်ဖက်ရည်ဆိုင်ထိုင်မိရင်လဲ
စားပွဲလာထိုးတာက ကလေးတွေချည်းဘဲ
ကြီးကြီးမားမားစားပွဲထိုးဆိုတာမမြင်ရသလိုကိုဖြစ်နေပြီ
အဲ့ဒိစားပွဲထိုးသေးသေးလေးတွေကိုမြင်မိရင်လဲ အခု etone ဖြစ်တဲ့
ဖီးလ်မျိုးဖြစ်မိတယ် ဒီကလေးတွေ ဒီအရွယ်နဲ့စာမသင်တော့ဘဲ
အလုပ်လုပ်နေရတာ တသက်လုံးများဒီလိုဘဲလုပ်နေရတော့မလားဆိုပြီး
တွေးပြီးရင်လေးမိဖူးတယ်
ဒါပေမယ့်ဒီလိုတွေးလို့ ကိုယ့်ကိုကိုယ်ကောဘာကြီးလဲဆိုပြီးပြန်တွေးတော့လဲ
ကိုယ်ကိုတိုင်ကဘာကြီးမှမဟုတ်ဘူး အဲ့ဒိတော့ဒီလိုကလေးတွေကို
ဂရုဏာသက်စွာ သနားမိတာကလွဲရင် ဘာမှမလုပ်ပေးနိုင်ဘူးပေါ့
တချိန်ချိန်မှာ ကိုယ်ကိုတိုင်က ငါဘာကြီးဖြစ်နေပြီကွ လို့ လက်မထောင်နိုင်ရင်တော့
လူမှုရေးအနေနဲ့ ဒီလိုကလေးသူငယ်တွေကိုအရင်ပြုစုပျိုးထောင်သင့်တယ်လို့မြင်တယ်
စာသင်ချင်မသင်ချင် တာဝန်တခုအနေနဲ့သင်ရမယ်
စာသင်မှစာတတ်မယ် စာတတ်မှ အတွေးအခေါ်ကောင်းမယ်
အတွေးအခေါ်ကောင်းမှ ဆုံးဖြတ်ချက်မှန်မယ်
ဆုံးဖြတ်ချက်မှန်မှ အောင်မြင်မှုရမယ်
ဒါကြောင့်စာသင်ကိုသင်ရမယ်
etone
December 22, 2011 at 11:09 am
ဟုတ်ပါတယ် စုံစုံရေ… ။ သူတို့လေးတွေကို စိတ်ဓါတ်ခွန်အား မြင့်တင်ပေးပြီး စာသင်ကြားဖို့ ၊ဗဟုသုတပေးဖို့ … အထောက်ကူပေးနိုင့်မယ့် ပရဟိတ္တအဖွဲ့စည်းတွေ များစွာ လိုအပ်ပါတယ် … ရှိလည်းရှိသင့်ပါတယ် .. ရှိနေတဲ့ အဖွဲ့စည်းတွေကလည်း ကိုယ်ကျိုးအတွက် မဘတ်ပဲ အလှူရှင်လှူသလောက် ကလေးတွေလက်ထဲ ပြန်ရောက်အောင်ပို့ပေးသင့်ပါတယ် ။
ဒီလိုကလေးအလုပ်သမားတွေ များနေရတာကို တိုက်ဖျက်ဖို့ ဆိုလျှင် တင်းကြပ်တဲ့ အလုပ်သမား ဥပဒေလိုပါလိမ့်မယ် … အရွယ်မရောက်သေးသူတွေကို အလုပ်လုပ်ခွင့်မပေးဖို့နဲ့ .. တွေ့ရှိတဲ့အခါ စည်းရုံးသိမ်းသွင်းပြီး … စက်မှု ၊ လက်မှု အတတ်တစ်မျိုးမျိုး သင်ပေးတာမျိုးလုပ်သင့်ပါတယ် … ။
စားဝတ်နေရေးအတွက်ဈေးမရောင်းလျှင် တောင်းစားတော့မယ်ဆိုတဲ့ လူတွေလည်း ရှိကောင်းရှိမှာပါ … ။
ဒီတော့ရာ …. တောင်းစားတဲ့ ကလေးတွေကိုလည်း … မြို့မှာဖမ်း နယ်မှာ ပြန်လွှတ် .. နယ်မှာဖမ်း မြို့စွန်မှာ ပြန်လွှတ်တွေ လုပ်မယ့်အစား … လေ့ကျင့်ပျိုးထောင်ပေးရေး လုပ်ငန်းကျောင်းတွေမှာပို့ပြီး … အတတ်ပညာတမျိုးမျိုး စနစ်တကျ သင်ယူစေသင့်ပါတယ် … ။ သင်ကြားတတ်မြောက်ပြီးသားကလေးတွေကိုတော့ … တူရာအုပ်စုဖွဲ့ပေးပြီး …. တပိုင်တနိုင်လုပ်နိုင်သည်အထိကူညီလုပ်ဆောင်ပေးမယ်ဆိုလျှင် နောက်ပိုင်း … ဒီလိုမြင်ကွင်းတွေ မြင်ရတော့မှာ မဟုတ်ဘူးလို့တော့ .. ထင်မိတယ် … ။
“ဘီလူးကြီး”ogre
December 22, 2011 at 11:29 am
မတူတဲ့အမြင်လေးနဲ့ပြောကြည်လိုက်မယ်
လူတွေရဲ့ နေထိုင်ရာနေရာဒေသတွေနဲ့လဲဆိုင်မယ်ထင်တယ် ဗျ ..
ဒီပညာရေးဆိုတာကြီးက
အမေဇုံတောထဲက လူရိုင်းတစ်ယောက်အတွက်
အမဲလိုက်နည်းက သူရဲ့ပညာရေးပဲ
အတန်းစာတတ်လို့ သူဒေသမှာအသုံချလို့မရနိုင်ဘူးလေ
ရန်ကုန်မြို့မှာနေတဲ့လူတွေအတွက်တော့ အတန်းစာလေးတော့တတ်မှ ဘွဲလေးတော့ရမှပေါ့
တောနယ်မှာနေတဲ့ လူတွေအတွက်ကတော့
ဒေသဆိုင်ရာလက်မှုပညာတတ်မှဖြစ်မယ်လေ
တဂျီးတို့နေတဲ့နေရာမှာဆိုရင်တော့ ဘွဲ့ရနဲ့တင်မဖြစ်တော့ဘူး ဘွဲလွန်ရော ဘွဲလွန့်လွန်လွန် တွေရောတတ်ထားမှ တော်မယ်
မြန်မာပြည်မှာတော့ နေရာဒေသကိုလိုက်ပြီး ပညာသင်ကြားမှုအတွေးအခေါ်က ပြောင်းလဲသွားတာပဲဖြစ်မယ်
ဘယ်နယ် ဘယ်ဒေသမှာဖြစ်ဖြစ်
အတန်းပညာမတတ်သော်လဲ
အတတ်ပညာတစ်ခုခုတတ်ထားရင်
ဘဝအတွက်ရပ်တည်မှု..ခက်ခဲမည်မထင်ပါကြောင်း
တော်ကြာ ပညာတတ်တွေများပြီး စပါးစိုက်မယ့်သူမရှိမှ ထမင်းငတ်နေအုံးမယ်
ပညာတတ်တွေများလဲ ပြည်တွင်းလူသားအရင်းအမြစ် မထိမ်းသိမ်းနိုင်ရင်
ဦးနှောက်ယိုစီးမှုတွေဖြစ်နေအုံးမှာပေါ့ ….. တတ်သလောက်မှတ်သလောက်ဝင်ပြောကြည့်လိုက်တာပါ…..
ဦးဇင်းမလာခင်…လစ်ချေမှပဲ…. 🙂 😛
ကြောင်ကြီး
December 22, 2011 at 12:27 pm
အဝတ်အစား ကောင်းကောင်းမွန်မွန်လေးတွေနဲ့မိုလို့ တော်သေးတယ်ဆိုရမယ်။ ဒါနဲ့ အီးဒုံး ဘီကီနီဝတ်ပြီး ရိုက်ထားတဲ့ပုံရှိတင်ပါအုံး…။ အီးဒုံးတယောက် မျက်လုံးလေးပဲဖော်ထားတဲ့ အိမ်တွင်းပုန်ကုလားမ ဝတ်စုံနဲ့ ကမ်းခြေမှာ နေပူဆာလှုံနေတာ တွေ့သူက တွေ့ခဲ့တယ်ပြောလို့။။။။
နီကီတာ
December 22, 2011 at 12:53 pm
မအိတုံး
အပြန်လက်ဆောင်ဘာမှ ပါဘူးလား…. 😀
char too lan
December 22, 2011 at 5:10 pm
ဪ….. ချောင်းရာက ပြန်လာပီပေါ့ ဟီးဟီး 😀 😀 😀
ကျနော်က ကမ်းခြေတွေကို တစ်ခါမှ မရောက်ဖူးဘူး ………………….
ဒါလည်း ဗဟုသုတပေါ့ဗျာ……………..
ဆူး
December 22, 2011 at 6:26 pm
ချောင်းသာ မရောက်ဖူးသေးဘူး တုံးရေ.. ချောင်းသာ ပုံတွေ ဝေဝေ ဆာဆာ တင်ပေးပါလား.. သူများ နဲ့ မတူတာ ပြောလိုက်တယ်နော်။ ဟိဟိ