Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

“ရွှေအုန်း”

aye.kkDecember 28, 20111min40714

လူကြီးသူမ
ပြောပြဆိုတာ
အိမ်ယာထူစ
အုန်းချထားကား
သမီးသားထက်
အားကိုးရဟု
ဆိုသည့်စကား
တန်ဘိုးထား၍
အုန်းများချကာ
စိုက်ခဲ့သည်တည်း
သမီးသားလျှင်
မွေးဖွားစည်ပင်
ကျောင်းလျှင်ထားက
အုန်းများစသီး
ရောင်းချငွေက
စရိတ်ရခဲ့
စိုက်တဲ့အကျိုး
တန်ဘိုးရှိမြင်
နှစ်စဉ်မြဲပင်
ဤတွင်ချိန်ကျ
သမီးသားလျှင်
အိမ်ယာမြင်၍
ရင်စုံခွာလျှက်
ထွက်ကြပေတာ
အုန်းမှာမူကား
သီးထားမပျက်
ရောင်းထွက်ငွေဖော်
ရသော်ကာမျှ
စားသောက်ရပြီ
အိုသည်မင်းစာ
ချန်ကာစုရင်း
ရင်တွင်းမှာလည်း
လိပ်ခဲတည်းလျှက်
ဝမ်းနည်းဝမ်းသာ
မျက်ရည်ဖြာစို့
ငါတို့စိုက်ထား
အုန်းများသီးတည်း
သမီးသားထက်
အားလျှက်ကိုးမြင်
ကျေးဇူးတင်သည်
လွန်ပင်ဖိုးတန်ရွှေအုန်းတည်း..။

14 comments

  • TTNU

    December 28, 2011 at 11:40 pm

    မအေးရေ…
    အုန်းကြောင့် ကလေးတွေ ပညာတတ်ကြီးတွေ ဖြစ်သွားတာ
    ဝမ်းမြောက်စရာပါ။
    မြစ်ဝကျွန်းပေါ်ဒေသမှာတော့ ကွမ်းကလည်း ရွှေကွမ်းပါပဲ။
    လွန်ပင်ဖိုးတန်ရွှေအုန်းတည်း..။ ဆိုတဲ့နေရာမှာ
    လွန်ပင်ဖိုးတန်ရွှေကွမ်းတည်း.. လို့ဆိုရပေမယ်နော်။

    မေတ္တာဖြင့်
    TTNU

  • aye.kk

    December 29, 2011 at 3:48 am

    ttnuကျေးဇူးပါ..
    စာဖတ်ပရိတ်အပေါင်းတို့ရှင်..
    ဆိုသည့်စကား..စာပိုဒ်ကလေးအား..ဆိုစကားအား..ဟုပြင်ဆင်ဖတ်ရှု ့နားလည်ပေးပါရန်..။

  • တညင်သား

    December 29, 2011 at 4:24 am

    အုန်းပင်ရဲ့တန်းဖိုးပေါ့နော်….. ဆရာမကြီး(TTNU) ပြောသလိုပါပဲ တခြားအပင်တွေလဲ တန်ဖိုးရှိပါတယ်…
    ဒီရွာထဲမှာလဲ တသက်မှာ သစ်ပင်တပင်သာ စိုက်ခွင့်ရရင် သင် ဘာပင်စိုက်မလဲဆိုပြီး မေးတာကို ကွန်မန်းတွေနဲ့ စိုက်ချင်တာ စိုက်ပြီး ဘယ်လိုအကျိူး ရှိတယ်ဆိုတာ ပြောပြထားတွေ စိတ်ဝင်စားစရာ ပို့စ်တခု ဖတ်မိတယ်…
    ကြုံတုန်းလေး ပြောပြချင်တာ အုန်းပင်က ခြံကျယ်ရင်ပဲကောင်းတာ မြို့ပြနဲ့မကိုက်ဘူး အုန်းအမြစ်က ကွန်ကရစ်ကို ထိုးဖောက်တယ် တိုက်အိမ်ဆောက်ရင် အုန်းပင်မစိုက်သင့်ဘူး မြန်မြန်ပျက်စီးလွယ်တယ်…
    ကိုယ်နဲ့ မတည့်တဲ့သူများ ကိုယ့်အိမ်ဘေးမှာ တိုက်အိမ်ဆောက်ရင် အုန်းပင် ၂ပင်လောက်စိုက်လိုက်ပါ (နောက်တာနော် သွားမလုပ်နဲ့)….:)

    • small cat

      December 29, 2011 at 6:36 am

      အုန်းလက်နဲ့ အုန်းသီးပြုတ်ကျလို့ ရင်လည်းမလွယ်ဘူး၊ သူများအိမ်ပေါ်ကျရင်လည်းလျော်ရ၊
      ကို်ယ့် အိမ်ပေါ်ကျရင်လည်း ဖာရ(သွပ်)။ဪ ခြံကျယ်ကျယ်မရှိတဲ့ဘဝ။

  • aye.kk

    December 29, 2011 at 5:00 am

    ကျမတို့ကျိုက်ထိုကတောမြို့လေးပါ..
    အဖေနဲ့အမေတို့ခေတ်တုံးကဘိုးဘွားတွေပိုင်ဆိုင်ခဲ့ကြတဲ့ခြံတွေဆိုတော့ကျယ်တာပေါ့နော်..
    အဖေနဲ့အမေတို့ရဲ ့ကျေးဇူးတရားတွေကိုပြန်လည်အောင်းမေ့ရင်းရေးဖွဲ ့မိတာပါ..
    ခုခေတ်အမြင်နဲ့ကအရမ်းကိုကွာခြားသွားပါပြီ..
    မြို့ပြကျေးရွာအားလုံးကရွှေကွမ်းခေတ်ဖြစ်နေပါပြီ..
    တညင်သားကိုလည်းကျေးဇူးပါနော်..။

  • Khin Latt

    December 29, 2011 at 5:27 am

    အစ်မအေး ရဲ့ ရွှေအုန်း တွေကို သားရေကျသွားပါတယ်။

  • aye.kk

    December 29, 2011 at 5:39 am

    မလတ်ရေ..ကျိုက်ထီးရိုးဘုရားဖူးကြုံရင်လာဝင်လယ်ပါလား..
    တကယ်မြင်ရမှပိုပြီးတော့တောင် သဘောကျသွားဦးမှာ..
    အခုကကဗျာလေးပဲဆိုတော့လေ..။

    • windtalker

      December 29, 2011 at 8:07 pm

      ကျိုက်ထီးရိုး ဘုရားဖူး ထွက်မယ် ဆိုရင်
      စေတနာရှင် ကဗျာဆရာမကြီး အေး.ကေကေ နဲ ့ဆက်သွယ်မယ်နော
      အလည်ဝင်ဖို ့ပါ ။
      အဲ့ခါကြ မသိချင်ဟန်မဆောင်ရဘူးနော
      🙂

  • yaungchikha

    December 29, 2011 at 8:57 am

    ကျိုက်ထိုကိုတော့၊ မော်လမြိုင်၊ ကျိုက်ခမှီ၊ စက်စဲဘက်အလယ်သွားရင်းနဲ့ ဖြတ်သွားဘူးတယ်၊ သာယာတယ်နော်၊ ဒူးရင်းသီးရော စိုက်လားအစ်မ……….

  • MaMa

    December 29, 2011 at 9:24 am

    မအေးရေ-
    ခုနောက်ပိုင်းတော့ မိသားစုစီမံကိန်း အနေနဲ့ သစ်မွှေးစိုက်ဖို့ ကြော်ငြာနေကြတယ်။ တကယ်ဖြစ်ထွန်းမထွန်းတော့ သေသေချာချာ မကြားမိသေးဘူး။
    မအေး ခြံကျယ်ရင် သစ်မွှေးစိုက်ဖို့ စိတ်မဝင်စားဘူးလား။

  • ကြောင်ကြီး

    December 29, 2011 at 10:51 am

    ပြုံးချင်
    အုန်းပင်
    အသုံးရွှင်
    ဖြုန်းလျင်
    မလောက်ငှ..
    လှချင်
    ပချင်
    အဘမြင်
    မီးလေး
    လာအုံးခဏ…
    ဟိုပါ
    ဒီပါ
    လူသိလာ
    ကြာလျင်
    ဈေးမရ….
    ထိန်းထား
    မှိန်းထား
    နွားသိုးများ
    လိုတော့
    ခိုင်းဖို့ထား….။ 🙁

  • ရွှေအုန်း

    December 29, 2011 at 4:18 pm

    လာပါဘီ ဒေါ်လေး
    မုန် ့ဘိုးပေးမို ့ခေါ်တာယား ခင်ည

  • aye.kk

    December 29, 2011 at 8:23 pm

    yaungchikha..ရေ
    ဒူးရင်းသီးတော့မစိုက်ပေမယ့်..ဒူးရင်းဩဇာတော့စိုက်ထားတယ် ။
    မမကျေးဇူးပါ..အုန်းပင်ကကျေးဇူးကြီးမားလို့..မခုတ်ရက်ပါ ။
    ကိုကြောင်ကြီးရေ..အသုံးချနေခဲ့တာကြာပါပြီလို့ပြောပါရစေ ။
    အခုတော့တာချီလိတ်မှာအုန်းသီးတစ်လုံး (20) ဘတ်တောင်ဝယ်စားရတယ်..ရွှေအုန်းကဒီမှာတော့ တအားအဖိုးတန်တယ်..လာခဲ့နော်ရောင်းပြီးမုံ့ဘိုးထဲ့ပေးလိုက်ပါ့မယ်..။

  • comegyi

    December 30, 2011 at 1:14 am

    သံယောဇဉ်အုန်း
    မေတ္တာအုန်း
    နှစ်ထောင်ရာချီ
    တည်စေသော်ဝ်…..

Leave a Reply