ဆေကိနာရာမ ကျောင်းတိုက် တရားစခန်း သွား တောလား 27 28 29 အမှတ်တရ

BurmaDecember 30, 20112min887

7 တန်း 8 တန်း 9 တန်း တရားခန်းအတွက်

ဒီလို ပြင်ဆင်ခဲ့တယ်။

ဒီ တရားစခန်းကိုသွားရဖို့ ကို ကျွန်တော် 13 ရက်နေ့ကတည်းက အွန်လိုင်းကနေ စာရင်းပေးခဲ့တာပါ။ တစ်ခါမှလည်းမရောက်ဖူးလို့ အရမ်းလဲရောက်ချင်တဲ့အတွက်ပေါ့နော်။ 19 ရက်နေ့ ဖောင်ပိတ်ပါတယ်။ 27 ရက်နေ့ သွားရမှာကို 26 ရက်နေ့အထိမရသေးပါဘူး။ ဒါပေမဲ့ ဘုန်းဘုန်းရဲ့ ခလေးတွေကိုချစ်ခြင်းကြီးမားမှုကြောင့် Mail ပို့ထားတယ် ဆိုရင် အဲဒိ ပို့ထားတဲ့ Sent Mail ကို Print ထုတ်ပီး လာခဲ့ရင်လည်းရတယ်လို့ မိန့်တော်မူလို့ 27 ရက်နေ့ မနက်သွားဖို့ ပျော်သွားပါတယ်။ ဒါပေမဲ့ စိတ်ထဲမှာ အလုံးကြီးနဲ့ပေါ့နော်။ ဒါနဲ့ပဲ 26 ရက်နေ့ည ပိုင်းအကုန်လုံးပြင်ဆင်သွားပါတယ်။ လွယ်အိတ်တစ်လုံး ၊ လက်ဂေ့ချ် တစ်အိတ်ရယ် မုန့်ထည့်ဖို့ တစ်အိတ်ရယ်ပေါ့။ စောင်တွေ ၊ ခေါင်းအုံးတွေ ၊ အိပ်ယာခင်းတွေ အကုန်လုံးလဲယူ သွားရပါတယ်။

စထွက်ပြီ

2 နာရီအရောက်လာရမယ်ဆိုပေမဲ့ ကျွန်တော်က မသေချာသေးလို့ သူငယ်ချင်းနဲ့ကျွန်တော် နှစ်ယောက် သူ့ အိမ်က ကားနဲ့ မနက် 7 နာရီကတည်းကထွက်ခဲ့ပါတယ်။ မင်္ဂလာဒုံအထွက်က တပ်နားမှာ လက်ဖက်ရည်ဆိုင် မှာ ဝင်ဝါးတီးဆွဲကြပြီး ၊ ဝါးနက်ချောင်းကျေးရွာ ၊ ဓမဒူတ ဇေတဝန်တောရ ဆေကိနာရာမ ကျောင်းတိုက်ကို တည့်တည့်ပဲထွက်ခဲ့ကြပါတယ်။ ကိုးနာရီလောက်ဟိုကိုရောက်ပါတယ်။

ဟိုရောက်တော့

ဟိုရောက်တော့ အကိုကြီးတွေတွေ့ရပါတယ်။ သူတို့ကလဲ ကျွန်တော်တို့ရှေ့က 16-25 တရားစခန်းမှာ ဝင်ခဲ့ပြီး ဝေယျာဝစ အတွက် ကျန်ခဲ့တဲ့အကိုတွေဖြစ်ပါတယ်။ 12.30 ၊ 1.30 လောက်မှ ဝင်ခွင့်လက်ခံမှဖြစ်တဲပအကြောင်းသိရလို့ ၊ သူငယ်ချင်း ခြံထဲကိုပြန်သွားကြပါတယ်။ ဟိုမှာ ထမင်းစား ၊ ဟိုဟာလုပ် ဒီဟာလုပ် နဲ့ 12.00 လောက်ကျ သူငယ်ချင်းတစ်ယောက်က ဝင်ခွင့်လက်ခံပြီ မက်ဆေ့ချ်ပို့လို့ ထွက်လာခဲ့ကြပါတယ်။

သူငယ်ချင်းခြံထဲက အမှတ်တရ

လက်ခံပြီ

ရောက်တော့ နည်းနည်းတောင်နောက်ကျသွားတယ်ထင်တယ်ဗျ၊ ကားတန်းတွေအများကြီးပဲ တော်တော်ကြီးကို များတယ်၊ အဲဒိအတွက် လက်ဆင်းလျှောက်မှရတော့မယ်ဆိုတော့ အိတ်ဆွဲပြီးလျှောက်ရတာပေါ့ 12 နာရီကျော်ကျော်လောက်က နေက ဘယ်လောက်ပူလဲ စဉ်းစားသာကြည့် ၊ ဘုန်းကြီးကျောင်းနားရောက်ဖို့ နည်းနည်းအလိုမှာ ဖြတ်လမ်းရှိတယ်လို့ ပြောလို့ သွားမိပါတယ်။ တောလမ်းထဲမှာ ကားတော့မရှိပေမဲ့ 1 မိုင်လောက် ကွေ့ကောက် ၊ဟိုတက်ဒီတက် နဲ့ တော်တော်ကြီးဆိုးရွားလေရဲ့ ဘာပဲဖြစ်ဖြစ် တရားစခန်းရောက်ချင်တဲ့ဇော နဲ့ ဟိုရောက်တော့ လူက ဟင်း ခနဲဖြစ်သွားရပါတယ်။ ပျော်သွားလို့။ ရောက်ရောက်ချင်းမြင်လိုက်ရတာကတော့ ဗိမာန်ကြီးဖြစ်ပါတယ်။ အကြီးကြီးမှအကြီးကြီးဖြစ်ပါတယ်။ ဒီအောက်ထဲမှာ ကျောင်းသား (ယောကျာင်္းလေးတွေ) အိပ်ဖို့ ကုတင်တွေအများကြီးတွေ့ရပါတယ်။ ကျွန်တော်တို့ ကဒ်ပြားတွေ သွားယူရမယ်ဆိုလို့ ကျွန်တော်ရယ်သူငယ်ချင်းရယ် အထုတ်တွေထားပြီး ဆွမ်းစားရုံအောက်မှာ  ထိုင်စောင့်ပြီးကဒ်ယူရပါတယ်။

တော်သေးပါရဲ့

Sent Mail ကိတ်စ စိတ်ထဲမှာ ထင့်နေပေမဲ့ ဟိုရောက်တော့ ကျွန်တော့လို Sent Mail လူတွေအတွက် Counter သတ်သတ်ဖွင့်ပေးထားလို့ အသက်ရှူချောင်သွားပါတယ်။ ဟူးးးး ခုမှပဲ တော်သေးတယ်လို့တောင် ရေရွတ်မိပါတယ်။ ပြီးတော့ ကျန်းမာရေးစစ်ရပါတယ်။ လက်သည်းခြေသည်းတွေ ရှည်နေရင်ညှပ်ရပါတယ်။

ကို့နေရာကိုသွားကြမည်။

ဒါနဲ့ပဲ အိပ်ရမဲ့နေရာက ဗိမာန်မှာလူပြည့်သွားလို့ဆွမ်းစားဆောင် အပေါ်ထပ် Hall မှာဆိုလို့ Hall ကိုပြေးကြပါတယ်။ Hall မှာ ကျွန်တော်နဲ့ ကျွန်တော့သူငယ်ချင်းနည်းနည်းစောတော့ လူတွေသိပ်မရောက်သေးပါဘူး။ ဒါနဲ့ ပြတင်းပေါက်ထိပ်ကိုမြန်မြန်ပြေးကပ်ပြီး အိပ်ယာလေးခင်း ၊ အိတ်တွေချပြီး နေရာယူထားလိုက်တယ်။ ဒါနဲ့ ဝရန်တာထွက်ပြီး အောက်ကလူတွေကြည့်လိုက်တော့ အားပါးးး မနည်းပါလား။ မိဘတွေက မြက်ခင်းပေါ်မှာ ၊ ခလေးတွေကတော့ ကဒ်တွေ သွားထုတ်နေကြတယ်။ ကျွန်တော်တို့လဲ ဗိမာန်မှာမဟုတ်ဘဲ နေရာက ဆွမ်းစားဆောင်အပေါ်မှာဆိုတော့ အဲဒိကိုသွက်သွက်ပြေးကြပါတယ်။ ဟိုရောက်တော့ လူတွေအများကြီးမရောက်သေးတာနဲ့ နံရံနားကပ်ပြီးနှစ်ယောက် အိပ်ယာခင်းလိုက်ပါတယ်။ လူကတော့ နည်းနည်းများများလာတယ်ဗျ ခင်းနေရင်းနဲ့။ ဒါနဲ့ပဲ အပြင်ခဏထွက် ဓာတ်ပုံလေးရိုက် ၊ သူငယ်ချင်းမိဘတွေသွားနှုတ်ဆက် အပေါ်ပြန်တက်ပြီး အကုန်ပြန်သွားမဲ့အချိန်ကိုစောင်နေခဲ့ပါတယ်။

ဆွမ်းစားရုံက တွေ့ရတဲပ မှန်နန်းဆောင်
မိဘတွေအိပ်ယာ

 

နောက်တော့

မိဘတွေ ပြန်သွားပြီး ခဏနေနေတော့ သားတို့ကို ဗိမာန်ကိုခေါ်ပါတယ်။ ဘုရားဝတ်ပြုရပါတယ်။ မေတာပို့ရပါတယ်။ တရားထိုင်ရပါတယ်။ ဘုန်းဘုန်းက ကျွန်တော်တို့ကို ငါးပါးသီလပေးတော်မူပါတယ်။ သဘောက ဒီညတော့ ထမင်းစားရမယ်ဆိုတဲ့သဘောဗျ။ စားရမှပဲကို တစ်နေလုံးဘာမှကိုမစားပဲ နေခဲ့တော့ ခု လုံးဝဗိုက်ဆာနေပြီ။ ။ ခဏနေတော့ ပြန်ဆင်းပြီး မိန်းခလေးတွေကိုခေါ်ပါတယ်။ ကျွန်တော်တို့ကတော့ ထမင်းစားဆောင်ကိုသွားရတယ်။ တကယ်ကို တရားစခန်းကြီးကကောင်းပါတယ်ဗျာ။ အားလုံးအတွက် လိုလေသေးမရှိ ဘုန်းဘုန်းရဲ့ ဂရုဏာတော်ရော အကိုတွေအမတွေရဲ့ ဝေယျာဝစ ကုသိုလ်တွေကြောင့် ထမင်းဟင်းကလဲ ပူပူနွေးနွေး ဘဲဥချဉ်ဟင်း နဲ့ ဘူးသီးဟင်း။ လက်ဖက်သုတ်တောင်ပါသေးသဗျ။ ဘူးသီးဟင်းတော့ ကျွန်တော် မတို့ခဲ့လိုက်ပါဘူး။ ဒါနဲ့ ထမင်းစားပီးတော့ ကိုယ့်ပန်းကန်ကိုယ်ဆေးဘူး ဆပ်ပြာဘုံးတစ်ဘုံး ၊ ရေဘုံး သုံးဘုံးနဲ့ ပေးထားပါတယ်။ လေးနေရာ ငါးနေရာလောက်မှာ အကုန်လုံးကို အဲ့လိုလုပ်ပေးထားပါတယ်။ ပြီးတော့ ထမင်းမစားခင်လဲ ကုသိုလ်ရှင်တွေကိုမေတာပို့ပေးရပါတယ်။ ကျွန်တော်တို့စားပီးတော့ မိန်းခလေးတွေစားပါတယ်။ ကျွန်တော့တို့ကတော့ အဲ့အချိန်မှာ ညဘက်အိပ်ခါနီး ဘုရားဝတ်သွားပြုရပါတယ်။ ဝတ်ပြုပြီးနောက် အောက်မှာ 1 နာရီ 1နာရီ ခွဲလောက် ထိုင်ပြီး စကားပြော ဟိုလျှောက် ဒီလျှောက်နဲ့ ညအိပ်ဖို့ခေါ်ပါတော့တယ်။ ကျွန်တော်တို့လဲအပေါ်တက် အကျီင်္လေးလဲ ၊ အဖေနဲ့အမေကိုကန်တော့ပြီး တော့ မီးပိတ်ကျပါတော့တယ်။ 12.30 လောက်မှ အိပ်ပျော်သြွးပြီး 1.30 လောက်က ပြန်နိုးလာပြီး တစ်နေကုန်ပင်ပန်းနေလို့လားမသိဖူး ထူးထူးဆန်းဆန်း အိပ်မပျော်ပါဘူး။

 

နောက်နေ့တွေအတွက်ဆက်ရေးဦးပါမည်။

 

 

 

 

 

 

 

ဗိမာန်တော်ဗိမာန်တော်

 

အမှတ်တရ

 

7 comments

  • ငပေါက်ဖော်

    December 30, 2011 at 9:33 pm

    သာဓုဗျား.သာဓု
    နောက်နေ ့တွေအတွက် ဆက်ရေးမယ်ဆိုတော့
    တရားစခန်းကို ဒီနေ ့မှ ရောက်တာထင်တယ်..ကောင်းလယ်..ကောင်းလယ်..အတွေ ့အကြုံလေး သိရတာပ

    အင်း..
    ကလေးတွေတောင် ဘုရားတရား.ဘာသာရေး အားထုတ်သေးတယ်
    ကပေဆိုတဲ့လူကဒေါ့..ကဒေါ့

    • Burma

      December 31, 2011 at 8:31 am

      ပြန်လာပြီ အကိုရဲ့ 29 ညက ၊ ဆက်ရေးဖို့ အချိန်မရတော့လို့ 😀

  • windtalker

    December 30, 2011 at 9:43 pm

    ဘားမားရေ သာဓု သုံးကြိမ် ရွတ်ဆိုမိတယ်ဗျို ့
    အပေါ်က ကွန်မင့်ကို ပြန်ရရင်ဖြင့်
    “ ကပေ ဆိုတဲ့သူကတော့ ဂဇော် ကပေါက်ဖော် အား ရှက်ကီဘီယာ ဒါန ပြုနေတယ် ဆိုကလားဘဲ ”

  • mandalarthu

    December 30, 2011 at 10:50 pm

    burma ေ၇
    ဓာတ်ပုံလေးတွေ က သိပ်ကို ကောင်းပါတယ်။ ရန်ကုန်မှာ သင်တန်းကို ခက်ခက်ခဲခဲ တကူးတက သွားရောက်တက်ခဲ ့ပုံလေး က စိတ်ဝင်စားစရာပါ။
    စာကဆက်ဖတ်ချင်နေတုန်း ဖြတ်လိုက်တာကိုး။
    ဆရာတော် ့ သင်တန်းကို မန္တလေးမှာ ရှိုင်းဟုပ် က ဦးစီးပြီး ဖွင် ့ပေးတာ(၂)ကြိမ်(၃)ကြိမ်လောက်ရှိပြီ ။အသက ်အလိုက် အတန်းအလိုက် ခွဲပြီး (၁)ရက်စီ ခွဲဖွင် ့ပေးတာ
    တနေ ့တနေ ့ထောင်ချီဘဲပေါ ့။အားရကျေနပ်စရာကြီး။ ဝမ်းမြောက်စရာ အနာဂတ်လူငယ်တွေကို ယဉ်ကျေးလိမ္မာဖို ့နဲ ့စိတ်ဓာတ်ရေးရာကို ဘာသာရေးနဲ ့နွယ်ပြီး ပြုပြင်ဆုံးမပေးတာပါ။
    အခု ရန်ကုန်မှာလို မန္တလေးမှာ ရက် ကြာ သင်တန်းဖွင် ့နိုင် ရင် ပို ကောင်းမှာပါ။
    အခန်းဆက်ကို စောင် ့ဖတ်မယ်နော်။

  • shwemyintin

    December 30, 2011 at 11:30 pm

    ကောင်းပါပေတယ်ဗျာ၊ အဆောက်အဦတွေကတော့ ဘာမှကို ပြောစရာမရှိပါဘူး။ အိမ်နီးချင်း ပေါက်ဖောက်တို့ တိုင်းပြည်ထဲများ ရောက်သွားသလား အောက်မေ့ရတယ်။

    အင်း ကလေးဆိုတော့ ကလေးအတွေးနဲ့ ရေးတာဖြစ်လိမ့်မယ်။ ငါးပါးသီလ ပေးတာဆိုတော့ ဒီနေ့တော့ ထမင်းစားရမယ်ဆိုတဲ့ သဘောပဲပေါ့။ ကောင်းပါတယ်။

    ကလေးရေ ငါးပါးသီလထဲက အရေးအကြီးဆုံးနဲ့ စောင့်ထိန်းရအခက်ဆုံး၊ ကျူးလွန်ရအလွယ်ဆုံး သီလ က ဘာလဲဆိုတာကို ဆန်းစစ်ပြီး မကျူးလွန်မိအောင် တစ်သက်တာ စောင့်ထိန်းနိုင်ပါစေလို့ ဆန္ဒမွန်ပြုရင်း

  • padonmar

    December 31, 2011 at 5:31 am

    Burma လေးရေ
    အရွယ်ငယ်ပေမယ့် ဘာသာရေးလုပ်ဖို့ အသိရှိတာရော
    IT ကို အကျိုးရှိမယ့် နေရာမှာ ထိထိရောက်ရောက် သုံးတတ်တာရော
    စိတ်ဝင်စားဖွယ် ဖြစ်အောင် စာရေးတတ်တာရော
    ချီးကျူးပါတယ်နော။
    ဆယ်တန်းရောက်ရင်လည်း ဂုဏ်ထူးတွေနဲ့ အောင်မြင်ပြီး အမျိုးဘာသာ သာသနာကို စောင့်ရှောက်နိုင်တဲ့
    ဓမ္မဒူတ မောင်မယ်ကောင်းလေး ဖြစ်ပါစေ။

  • ssa

    December 31, 2011 at 2:15 pm

    အဲ့ဒီ..ကျောင်းကိုရောက်ဘူးချင်တာတော့ကြာလှပီ..
    ဓာတ်ပုံတွေတင်ပေးလို့ကျေးဇူးတင်ပါတယ်..

Leave a Reply