Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

သူမသည် အလွန် လက်ရေးလှ၏

ムラカミJanuary 1, 20122min59439
သူမသည် အလွန် လက်ရေးလှ၏
သူမ၏ လက်ရေးများသည် ..ဘာ့ကြောင့် ညီညာဝိုင်းစက် နေပါသနည်း..
သူမသည် လူ၁၀၀ဝတွင် တယောက် ရနိုင်ခဲသည့် လက်ရေးလှပိုင်ရှင်လေးဖြစ်သည်..
သူမသည် အလွန် လက်ရေးလှ၏
လက်ရေးလှတဲ့သူများသည် ...လက်ရေးဆိုးတဲ့လူများသည် ....
ဘာဖြစ်သည် ညာဖြစ်သည် .....ဆိုသော လက်ရေးမှ ပြောသော လူ့ စရိုက် အကြောင်း..
ကျနော် မသိပါ ....ကျနော် သိတာက သူမ သည် လက်ရေးအလွန်လှ၏ .....
သူမသည် အလွန် လက်ရေးလှ၏
နာမည်ကျော် ကျောင်းတစ်ကျောင်း၏ ကျောင်းသား ထောင်ပေါင်းများစွာထဲမှ...
အောင်လက်မှတ်(ဝါ)ဆုလက်မှတ်ချီးမြှင့်ရာတွင် တာဝန်ယူ ရေးရသော လက်ရေးပိုင်ရှင်
၃ဦးထဲမှ တစ်ဦးဖြစ်၏ ။
သူမသည် အလွန် လက်ရေးလှ၏ ..
လှသည်ဆိုသော စာကားလုံး သည်ပင်လျင်သူမ၏ လက်ရေး၏ ဂုဏ်သတ္တိကို
လောက်ငှအောင် ဖော်ပြခြင်းငှာ မစွမ်းသာပေ...
အဘယ်ကြောင့်ဆိုသော် ရှင်းလင်းပြေပြစ်သည့် ဂုဏ်.. ဖော်ရွေနှစ်လိုဖွယ်ကောင်းသော
ဂုဏ်... စသည်တို့ကို လှသည် ဆိုသော စကားလုံးက cover မဖြစ်သောကြောင့်တည်း...
သူမသည် အလွန် လက်ရေးလှ၏
ကျနော် ငယ်ငယ်က ဘောလုံးကန်၏ လှေလှော်၏ ပန်းချီရေး၏ ထို့အတူ ...ကဗျာလည်း ရေး၏
တခါတရံ ကျနော် ဆုရ၏ ... ထိုဆု အတွက် ဂုဏ်ပြုလွှာများ ရရှိခဲ့ဖူး၏ ..
အားလုံး သူမ၏ လက်ရေးနှင့်ချည်း ...။ တခါတရံ ကျနော် အနှီ လက်ရေးလေးများအား
လိုချင်တပ်မက်မိ၍ ကြိုးစားမိသလားပင် မပြောတတ်။


သူမသည် အလွန် လက်ရေးလှ၏
ကျနော် လိုက်ရေးကြည့်မိ၏ ။ အထက်တန်းကျောင်းသားဘဝ ကျနော့် ဗမာစာလက်ရေးသည်
နောက်ဆုံး သူ့လက်ရေးနှင့် အတော်အတန်ဆင်လာ၏ ..အရင်ကပြောခဲ့ဖူးသလို ကျနော်သည်
ဘယ်သန်ဖြစ်သောကြောင့် ညာလက်နှင့် စာများများရေးသည့်အခါ အခက်အခဲ ရှိ၏
လက်ခလည် တတိယဆစ် နာကျင်၏ ...။

သူမသည် အလွန် လက်ရေးလှ၏
ကျနော့်လက်ရေးသည် ကြာတော့ အသတ် တွေကြီးလာ၏ ..ဝဆွဲတွေထွားလာ၏
ဒါကိုယ်က ကျနော့် ပင်ကိုယ် စတိုင် သော့ခြင်းတမျိုးဖြစ်လာ၏ ...
ထိုလက်ရေး ခပ်သော့သော့ဖြင့် သူမအား ..စာတိုစာရှည်များစွာ ပေးခဲ့ဖူးပါ၏
သူမဆီကလည်း အပြုံးပန်း တပွင့် ရဖူးပါ၏

သူမသည် အလွန် လက်ရေးလှ၏
သူမသည် ယဉ်ကျေးမှုအရသော်လည်းကောင်း ..အမှန်တကယ်သော်လည်းကောင်း
ကျနော့်လက်ရေးကို သဘောကျသည် ပြော၏။ ကျနော်သူ့ကိုတုပြီး ကျင့်ထားကြောင်း
ပြောတော့ ပြုံး၏။ ထိုအပြုံးကို ယနေ့တိုင် မျက်စိထဲကမထွက်တာ ဝန်ခံရမည်ဖြစ်သည်။

သူမသည် အလွန် လက်ရေးလှ၏
လွန်ခဲ့သော ရက်ပေါင်း ၅၀ဝ ခန့်ထိ ...သူမလက်ရေးသည် ငယ်ငယ်တုန်းကလို
လှနေဆဲ ဆိုတာ ကျနော် မြင်ခွင့်ရလိုက်၏ ။ ကျနော့်ကို သူမ စာရေးစေ၏ ။
ကျနော့်လက်ရေး ..အတော်စုတ်ပြတ်နေပီဖြစ်သည်။ ဖတ်၍ရယုံလောက်သာ ရှိတော့၏
ကျနော် လက်ရေးပျက်သွားသည့်အတွက် ..သူမ စိတ်မကောင်းဟု ဆိုသည်။


သူမသည် အလွန် လက်ရေးလှ၏
ကျနော် ကတော့ ယခင်လို ခဲတံ ဘောပင် ကိုင်၍ စာမရေးတော့....။
လက်၁ဝချောင်းလုံးသုံးကာ ကီးဘုတ်နှပ်ကာ စာရေး၏ ။ ကျနော်သည် အောက်ခြေလွတ်
နေသော လူတန်းစားမျှသာဖြစ်၏ ။ ကျနော့်ကို စာရေးဆရာ ဟု သတ်မှတ်ပါက ...
ကျနော်သည် ဘောပင် စာရွက် မကိုင်သော Typing သမား အဆင့်ထက်မပိုပါချေ။
ကျနော့်ကို ဒါ့ပုံဆြာ ဟုခေါ်ဆိုပါက ..ကျနော်သည် ...ဖလင် မကိုင်ဘူး ..မဆေးဖူးသော
ဒါ့ပုံဆြာ ပါပေ။ ကျနော် သည် အခြေခံ တန်ဖိုးများမပြည့်ဝသည့် လူ့ပေါက်ပန်းမျှသာဖြစ်၏
သို့တစေ သူမ လက်ရေးလေးများကို ကျနော် ထပ်မြင်ချင်သေးပါ၏ ..အဘယ်ကြောင့်ဆိုသော်..
သူမသည် အလွန် လက်ရေးလှ၏

(စာကြွင်း ...ဒါဟာ ကာရံမပါပေမယ့် မင်းရေးစေချင်သေးတယ် ဆိုတဲ့ ကဗျာပဲပေါ့ ကောင်မလေးရယ်.....)


P.S သည်စာသည် တယောက်သောသူကို အမှန်တယ်ပေးခဲ့သော မိုင်ဒီးယားဒိုင်ယာရီ ဖြစ်၏
Copy/ Paste ထဲမှာပင် ထားစေလိုပါသည် ...အဘယ်ကြောင့်ဆိုသော် ...Microsoft Word
ထဲမှာရိုက်ပြီး ယခု wordpress ပေါ်တွင် လာ paste ထားသောကြောင့်ပင်ဖြစ်ပါသည်...

ပုံ
နှစ်သစ်မှာ ပို့စ် အသစ်အဖြစ်
 ရေးချင်ရာကို ရေးချင်သလို ရေးပြီး တင်တဲ့ ဂီ...





39 comments

  • blackchaw

    January 1, 2012 at 10:39 am

    နှစ်သစ်မှာ ပို့စ် အသစ်အဖြစ်

    ရေးချင်ရာကို ရေးချင်သလို ရေးပြီး တင်တဲ့ ဂီ…

    နှစ်သစ်မှာ ဂီဂီ ရဲ့ ပထမဆုံးပို့စ်ကို ပထမဆုံးဖတ်ပြီး
    ပထမဆုံးကွန်းမန့်ကို ဖတ်ချင်တဲ့ အပိုင်းလေးရွေးဖတ်ပြီး
    မန့်ချင်ရာကို မန့်သွားပါသည်။
    ဘဘကြီး ဘလက်။
    တစ်နှစ် ကြီးသွားလို့ ဘဘ မှာ ကြီး ထည့်လိုက်တာပါ။

    • inz@ghi

      January 2, 2012 at 8:16 am

      အားပေးတာ ကျေးကျေးပါ ဘဘ ဘလက်ရေ….
      သည်နှစ်သစ်အတွက် စာဆက်ရေးဖို့ အားဖြစ်စေလို့ပါ

      ခင်တဲ့ ဂီ

  • weiwei

    January 1, 2012 at 10:45 am

    ဂီဂီ့လိုပဲ ဘော်ပင်မကိုင်ပဲ စာရေးတာ တော်တော်ကြာပြီ …
    ကြာတော့ ကွန်ပျူတာထဲကစာလုံးတွေကို ကိုယ့်လက်ရေးလို့ထင်လာတဲ့အထိပဲ …
    ကိုယ့်လက်ရေးကိုယ် ဘယ်လိုပုံစံလဲဆိုတာတောင် မေ့တေ့တေ့ဖြစ်နေပြီ … 🙂

    • inz@ghi

      January 2, 2012 at 8:18 am

      နှစ်သစ်မှာ တီလုပ်မလေးဒွေ နှိပ်စက်နေတယ် အန်တီဝေရေ့ ….

      ပုံ
      မွန်-ဗမာ ပေမယ့်
      ရှမ်းဂေါ်ရခါးရုပ်ပေါက်နေတဲ့
      ဂီ

  • pooch

    January 1, 2012 at 10:54 am

    “ကျနော့်ကို စာရေးဆရာ ဟု သတ်မှတ်ပါက …

    ကျနော်သည် ဘောပင် စာရွက် မကိုင်သော Typing သမား အဆင့်ထက်မပိုပါချေ။

    ကျနော့်ကို ဒါ့ပုံဆြာ ဟုခေါ်ဆိုပါက ..ကျနော်သည် …ဖလင် မကိုင်ဘူး ..မဆေးဖူးသော

    ဒါ့ပုံဆြာ ပါပေ။ ကျနော် သည် အခြေခံ တန်ဖိုးများမပြည့်ဝသည့် လူ့ပေါက်ပန်းမျှသာဖြစ်၏”

    အဲ့ဒီအတွေးက လှလိုက်တာ ဟုတ်တာပေါ့ ဖလင်မကိုင်ဘူး မဆေးဖူးသော ဓာတ်ပုံဆရာတဲ့ တခါမှတောင် မတွေးမိဘူး .. ဟုတ်တယ် သူများတကယ့်ဓာတ်ပုံဆရာများဆို ကိုယ်တိုင်ဆေးတယ် ပြောကြတယ်……

    ဘောပင်စာရွက်မကိုင်သော typing သမားဆိုတာလေးတော့ မဟုတ်လောက်ပါဘူး
    ဘာတွေကိုပဲ စာစီစာစီ ရင်တွင်းဖြစ်ကိုရေးတာမျိုးဆိုရင်တော့ typing ရိုက်တာထက်တော့ ပိုပါတယ်…
    အဲ့လိုလေးတော့ တွေးလိုက်ပါ..

    အခြေခံတန်ဖိုး မပြည့်ဝတဲ့ လူ့ပေါက်ပန်းဆိုရင်တော့ ငြင်းချင်တယ် လူ့ပေါက်ပန်းက MLM ကစလို့ laptop , camera ဘယ်လို ဝယ်သင့်တယ် ၊ ဈေးကွက်မှာ ပုံရိပ်ကောင်းကို ဘယ်လိုထူထောင်ရတယ်ဆိုတဲ့ စတဲ့စတဲ့ စာမျိုးတွေ ရေးနိုင်တဲ့ အသိဘယ်ရှိမှာလဲ…..
    ဒါလေးတော့ ငြင်းပါရစေ…

    • inz@ghi

      January 2, 2012 at 8:19 am

      မမပုချ်ရ် ရေ
      ကျေးကျေးပါနော…

      စာဆက်ရေးပါဦးမယ်ဗျာ
      အားပေးပါဦးနော…

      ပုံ
      လူ့ပေါက်ပန်းဂီ…

  • Anzartone

    January 1, 2012 at 11:08 am

    ” ကျနော် ကတော့ ယခင်လို ခဲတံ ဘောပင် ကိုင်၍ စာမရေးတော့….။
    လက်၁ဝချောင်းလုံးသုံးကာ ကီးဘုတ်နှပ်ကာ စာရေး၏ ။ ကျနော်သည် အောက်ခြေလွတ်
    နေသော လူတန်းစားမျှသာဖြစ်၏ ။ ”
    ဒီစကားလုံးတွေကို ကြိုက်တယ်ဗျာ …
    အစအဆုံး အကုန်လုံး လန်းတယ် …

    • inz@ghi

      January 2, 2012 at 8:21 am

      ကို အံဇာတုံးရေ..
      ကျနော့် စာ တွေ စာမူ အနေနဲ့ ထုတ်မယ်ဆို …
      ထုတ်ဝေသူ Very good /Very bad ဖြစ်မှာ မြင်ယောင်တယ်ဗျို့….
      စာတွေက ကွန်ပြူတာနဲ့ စာပြန်စီ စရာမလိုလို့ ဗဲရီးဂွတ်…
      စာလုံးပေါင်းမှား လွန်းလို့ ..ဗဲရီးဘတ်….
      ဟီးဟီး..

      ခင်တဲ့ ဂီ

  • MaMa

    January 1, 2012 at 11:23 am

    ကိုယ်ရေးတဲ့စာတောင် ကိုယ့်ဖာသာ မနည်းဖတ်ရတယ်။
    လက်ရေးလှတာ မလှတာဆိုတာကို မစဉ်းစားတာ ကြာပေ့ါ။
    (လက်ရေးမှ ပြောသော လူ့စရိုက်အကြောင်း…
    အဲဒါလေးတော့ သိချင်သား။)

    • ဆူး

      January 1, 2012 at 11:51 am

      အန်တီရေ တချို့ လက်ရေးတွေက ကြည့်လိုက်တာနဲ့ ရှင်းနေတယ် လှတာ မလှတာ မဆိုင်ဘူးပေါ့.. နောက်တချို့ လက်ရေးတွေက ရှုပ်နေတယ် လှတာ မလှတာ နဲ့ မဆိုင်ဘူးပေါ့..
      ဆူး လက်ရေးကတော့ တော်တော် ရှုပ်တယ် လှလည်း မလှဘူး။ ဝိုင်းအောင် ရေးလည်း ရှုပ်နေတာပဲ.. တခု နဲ့ တခု ဆက်နေလို့နဲ့ တူပါရဲ့။

      • inz@ghi

        January 2, 2012 at 9:57 am

        ဂတ်တူဆို ဂျီး ..ဘယ်နည်းနဲ့မှ
        လက်ရေး မလှနိုင်ဝူးရယ် ဆိုတာ …
        မနောက သိနေတယ်လေ..

    • inz@ghi

      January 2, 2012 at 9:56 am

      လက်ရေးကပြောတဲ့ လူ့ စရိုက်အကြောင်းတော့ ဂီ တကယ် ..မသိပါခင်ဗျား
      ဂီလည်း စာအုပ်ရှာဖတ်ကြည့်ချင်မိပါ၏

  • MaMa

    January 1, 2012 at 11:34 am

    ကဲ- မောင်ဂီရေ
    လက်သီးပုန်းအနီတွေ များနေတယ် နော်။
    နှစ်သစ်မှာ လူချစ်လူခင်များအောင် ကိုရင့်ဆီက ယတြာမေးပြီး ချေပေတော့။ 😛
    (ကွန်မကောင်းရတဲ့ကြားထဲ လက်သီးပုန်း အနီတွေကို လိုက်စိမ်းပေးနေရတာနဲ့ အချိန်တွေပဲ့ပါသွားပြီ။ နှမျောလိုက်တာ။) 🙁

    • inz@ghi

      January 1, 2012 at 11:37 am

      ဟုတ်လားဗျ …
      ကျေးကျေးပါဗျာ …
      ဟဲဟဲ …အတည် အကောင်းလေးတွေများရေးရင် ..
      အနီကဒ် ချီးမြင့်ခံရမယ်ဆိုတာ တိပီး မျှော်လင့်ပီးတားဘာ….

      ဆဲစာလေးများ ရေးမယ် ပေါက်ပန်း၄ဝလေးများ ရေးမယ်ဆိုရင်ဒေါ့ …
      စိမ်းသောသစ်ရိပ်အောက်တွင် …စိမ်းသော မြမြက်ခင်းပေါ်…ပေါ့ …..ခိခိ….

      ရင်ထဲ သိပ်မထားလော့ဘာဘူးဂျာ ……
      မခံဇားနိုင်ရင် မရေးလော့ဘူး ဖြစ်တွားမှာပေါ့နော….
      ရေးချင်သေးတာဗျ…..

      ခင်တဲ့
      ဂီ

  • ဆူး

    January 1, 2012 at 11:42 am

    ူဆူးလည်း အရင်က သူငယ်ချင်း တယောက်ရဲ့ လက်ရေးကို တုပြီးရေးဖူးတယ်။
    ဆူးရဲ့ စာအုပ်တွေကို သူကို ရေးခိုင်းဖူးတယ်။
    အဲဒီသူငယ်ချင်း လက်ရေးလှလှလေးတွေ စီနေတာကို သဘောကျလို့ ငါ့ကို ကူးပေးပါဆိုပြီး ညာညာပြီး ရေးခိုင်းတယ်။
    ကျောင်းပြီးသွားတော့ သူရေးပေးထားတဲ့ စာအုပ်တွေကို အမှတ်တရ ထုတ်ကြည့်ဖူးတယ်။
    သူရဲ့ လက်ရေး အသတ်အကျ တွေက အစ ထပ်တူ ဖြစ်အောင် လိုက်ရေးပေမဲ့ သူ့လောက်တော့ မလှဘူး။
    သူနဲ့ မတွေ့ဖြစ်တော့ဘူး သိမ်းထားတဲ့ စာအုပ်တွေလည်း ပိုးတက် ချတက် ဖြစ်ကုန်ပြီ..
    နောက်ထပ် ၁ဝနှစ်လောက် ကြာတဲ့ အချိန် ယခု အချိန်မှာ ပြန်တွေ့တဲ့ အခါ လက် ၁ဝချောင်း နဲ့ ကွန်ပြူတာကို မြန်မြန်တော့ ရိုက်တတ်နေပေမဲ့ ဘောပင် ကိုင်စာရေးတဲ့ အလုပ်လည်း မလုပ်ဖြစ်တာ အတော်ကြာခဲ့ပြီ ဆိုတာ သတိထားမိခဲ့တယ်။

    အတုခိုးတဲ့ အထဲမှာ ခဲပန်းချီလှလှလေးတွေ ဓါတ်ပုံကို ကူးဆွဲနိုင်တဲ့ပညာလည်း ပါတယ်။
    တော်တော် ဆွဲနိုင်ခဲ့တယ်။ မျက်နှာ အသွင်အပြင် အနီးစပ်ဆုံး တူအောင် ဆွဲနိုင်ခဲ့တယ်။
    အခုပြန်တွေ့တဲ့အခါ နင့် ငါ့ကို တာဝန်တခု မကျေဘူး ငါ့ကို အခုထိ ပုံတူ မဆွဲပေးသေးဘူးလို့ ပြောဖြစ်ခဲ့တယ်။
    သူ ပြန်မေးတဲ့ နင်ကော တော်တော် တိုးတက်ပြီလား ဆိုတဲ့ စကားကိုတော့ ဆူး စွန့်အ သွားခဲ့တယ်။
    ၁ဝ နှစ်ဆိုတဲ့ အချိန် ယန္တရားကြီးက လူတွေကို ဘဝ ပုံစံတခုစီ ဖြစ်အောင် လုပ်ပေးတယ်ဆိုတာ မလွဲမသွေပါပဲ။

    လက်ရေးမလှတဲ့
    ပန်းချီ မဆွဲတတ်တဲ့
    ဆူး

    • Foreign Resident

      January 1, 2012 at 1:01 pm

      လက်ရေးလှ အောင်ရေးတာ ကျင့်ယူလို့ရပါတယ် ။

      ဝ လုံး ၊ စတုရန်း နှင့် တြိဂံ တွေကို စိတ်စိတ် ညီညီလေး
      ဗလာစာအုပ် ၂ အုပ်လောက် အပြည့်ရေးလိုက်ပါ ။
      ပြီးရင် ဖတ်စာအုပ်ထဲက စာလုံးတွေအတိုင်း
      ၂ အုပ်စာလောက် ကူးချလိုက်ရင် ရပါတယ် ။

      အဘ ငယ်ငယ်က ဒီလိုပဲကျင့်ယူလာတာပဲ ။

      • ဆူး

        January 1, 2012 at 1:12 pm

        ဆူး က စိတ်လည်း မြန်သလို စိတ်လည်း မရှည်တတ်ဘူး ဘာလုပ်လုပ် အစကောင်းသလောက် အဖျားရှူး အဆုံးသတ်ညံ့တတ်တယ်။ ဆူး ရဲ့ သူငယ်ချင်းတယောက်က ဆူး ကို ဝေဖန်တယ် နင်က စာရေးလိုက်ရင် အစက ဟုတ်သလိုလိုနဲ့ အဆုံးပိုင်း ဆွဲစိလိုက်တာ ဇတ်လမ်းက ဆတ်တငံ့ငံ့နဲ့တဲ့.. စိတ်မရှည်မှန်း သိပ်သိသာတာပဲတဲ့…
        ဆူးလည်း ကိုယ့်ဟာကို သိပါတယ် ပြင်ရကောင်းမှန်း သိပေမဲ့ ပြင်ဖို့ စိတ်မရှည် ဖြစ်နေတာ။
        လက်ရေးကတော့ အရင်ကထက်ကို ပိုပြီး ညံ့သွားတာ အမှန်ပဲ.. ကွန်ပြူတာပဲ နိပ်နေလို့လား မသိဘူး။

      • inz@ghi

        January 2, 2012 at 10:00 am

        ဟုတ်ပါတယ် အဘဖောရေ….

  • Wow

    January 1, 2012 at 1:40 pm

    ကွန်ပျူတာစသုံးထဲက လက်ရေးဆိုလဲချာတူးလန်(ရွာသားချာတူးလန်မဟုတ်ပါ) ၊ သချင်္ာဆိုလဲ ၁+၁ ကအစ ကတ်ကူလေတာမရှိ ကွန်ပျူတာမရှိရင် မတွက်တတ်တော့ဘူး…
    ဒါကြောင့်စာရေးဆြာတစ်ယောက် သရော်စာတစ်ခုမှာရေးဘူးတယ်…. “လူတိုင်းလုံးမှာ သက္ကရာဇ် ၃၀၀ဝ မှာ” တဲ့. အဲဒီအချိန်မှာ Science ကအရမ်း တိုးတက်လာတော့ လူတွေက အိမ်ထဲမှာနေလဲ အပင်ပန်းခံပြီး လမ်းမလျှောက်တော့ပဲ အော်တိုချဲ ပေါ်မှာပဲ ရီမုတွေနဲ့သွားချင်တဲ့နေရာသွား၊ စားစရာဆိုလဲ အပင်ပန်းခံပြီး ချက်နေ၊ဝါးစားနေစရာမလိုတော့ လိုအပ်တဲ့ဗီတာမင်တွေကို ပဲ အရည်သို့အခဲ အဖြစ်နဲ့မျိုချ၊ ကွန်ပျူတာတွေဆိုလဲ တပ်ချ်စကင်ထက် အဆင့်မြင့်တဲ့ Mind Screen ရေးချင်သမျှ တွေးလိုက်ရုံနဲ့ အလိုလိုပေါ်လာ၊ ကီးဘုတ်ရိုက်စရာ လက်မလိုတော့၊ Evolution Theory အရ အသုံးမပြုတဲ့ပစ္စည်းက အလိုလိုပျောက်ကွယ်လာမယ် ဆိုတော့….
    လျှောက်စရာမလိုတော့တဲ့ ခြေထောက်တွေတဖြည်းဖြည်း တိုဝင်လာ၊ ရီမုနှိပ်ရုံကလွဲပြီး အသုံးသိပ်မဝင်တော့ တဲ့ လက်တွေလဲ တိုဝင်လာ၊ လိုအပ်တဲ့ ဗီတာမင်တွေပဲ စားတော့ ဒိုင်ဂျက်စတစ် စစ်စတန်လဲမလိုတော့ အညစ်အကျေးစွန့်အင်္ဂါတွေလဲမလိုတော့၊ ခေါင်းကိုပဲ အသုံးပြုရတဲ့အတွက် ခေါင်း ကပဲ မတန်တဆကြီးလာမယ်၊ လက်တို၊ ခြေတို၊ ခေါင်းကြီးသာကျန်ပြီး လူတိုင်းလုံးမှာ သက္ကရာဇ် ၃၀၀ဝ မှာတဲ့….
    😀

  • small cat

    January 1, 2012 at 2:41 pm

    လိုအပ်တာလေးတွေလုပ်ဖို့ အတွက်
    လိုအပ်တာလေးတွေတော့ကျန်နေရဦးမှာပါကွယ်။

  • hmee

    January 1, 2012 at 2:52 pm

    မမှီလည်း လက်ရေးအလွန်လှကြောင်း ဝင်ကြွားလိုက်ဦးမယ်။ 😀 အမေတို့ဆီ စာရေးရင် အမေက အမြဲပြောတယ် ညည်းလက်ရေးက အစပဲ ကောင်းကောင်းဖတ်ရတာပါကွယ်။ စာနောက်ပိုင်းရောက်လေ ပဲပင်ပေါက်တွေ တင်ထားသလား အောင့်မေ့ရအောင် ဖတ်ကို မရတော့ဘူးတဲ့ အဲ့လို လက်ရေးလှတာ။ စာရေးရင်းကနေ စိတ်ကမရှည်တော့ ပြီးစလွယ် စာဖြစ်ပြီးရော ရေးတာ။ 😀 လက်ရေးလှတဲ့သူဆို သိပ်သဘောကျတာ ကိုယ်တိုင် အဖြစ်မရှိလို့။ 🙂

  • windtalker

    January 1, 2012 at 4:13 pm

    သူမ သည် ဘာမှ မလှပါ
    သို ့သော် ကျွန်တော့် စိတ်ထဲတွင် လွန်စွာ အူယား၏
    ထို ့ကြောင့် သူမ အချစ် ကို ရအောင် ကြိုးစားခဲ့သည် ။
    ထိုအတွက် ကျွန်တော် အရမ်းပျော်ရပါသည် ။

    • inz@ghi

      January 2, 2012 at 10:01 am

      ပျက်ပါဘီ ..နာ့ပိုစ့်လေး ပျက်ပါဘီ..
      လူဇိုးဂျီး

  • comegyi

    January 1, 2012 at 4:17 pm

    သူမသည် အလွန်လက်ရေးလှ၏။
    ထို့ကြောင့်……
    ဂီ၏ နှလုံးသားသည်
    နွေရာသီ လှိုင်းကြက်ခွပ်ကလေးများလို
    ခုန်ဆွ ခုန်ဆွဖြစ်နေ၏………။

    • inz@ghi

      January 2, 2012 at 10:06 am

      ဟင့်အင်း ..

      အဲ့တုန်းက ကုလားဘုရားပွဲ လှည့်ခဲ့ဖူးတာပါ…
      ခုတော့ ..မောင်ရင်လောင်း ပွဲ လှည့်သွားဖူးတဲ့ သဲလမ်းမကြီးလို
      ဖုန်တထောင်းထောင်း ပေါ့…

  • rain pricess

    January 1, 2012 at 6:10 pm

    သူမသည် အလွန်လက်ရေးလှ၏။
    ထို.ကြောင်. ဂီဂီ အသဲကွဲနေပါသည်
    ဟုတ်တယ်ဟုတ်

    • inz@ghi

      January 2, 2012 at 10:06 am

      ကွဲခဲ့ဖူးပါသည်

      😀

  • alinsett

    January 1, 2012 at 7:37 pm

    ရေးချင်တာကို ရေးပြီး တင်တယ် ဆိုပေမယ့် စိတ်ဝင်တစားနဲ ့အစ အဆုံး ဖတမိအောင် ရေးနိုင်လို ့ အားကျ အတုယူလိုက်ရပါတယ် ။

    ရသ စာပေကောင်းတွေ ဖန်တီးနိုင်မယ့် လက်..လို ့ မြင်မိပါတယ်ဗျာ။

    ဆက်လက် အားပေးနေပါ့မယ်။

    ခင်မင်လေးစားစွာ…

    အလင်းဆက်

    • inz@ghi

      January 2, 2012 at 10:08 am

      အစ်ကို တို့ အားပေးမယ်ဆိုရင်ဖြင့် …
      ညီ ကြိုးစားနေဦးမှာ ဖြစ်ပါကြောင်း….

      ခင်တဲ့ ဂီ

  • ငပေါက်ဖော်

    January 1, 2012 at 8:51 pm

    သူမသီ လက်ရေးလှ၏.
    လက်ဝါးလဲ ပြင်း၏
    ကြောင်တောင်တောင်လုပ်လျင် လက်ဝါးပြင်းကြီးနဲ ့ဗျန်းခနဲ ရိုက်တတ်၏
    ိထို ့ကြောင့်
    ကျနော်ကုပ်နေရ၏..

    အရဂါးနောက်ဒါ

    • inz@ghi

      January 2, 2012 at 10:11 am

      သူမသည် ညာသန်ဖြစ်၏ …
      ထို့ကြောင့် ကျနော့် ဘယ်ဖက်ပါး မကြာခန နာကျင်စပ်ဖျဉ်းရ၏

      အရဂါး နောက်တာ

      😀

  • Moe Z

    January 2, 2012 at 9:48 am

    ကွန်ပြူတာတွေဘယ်လိုပဲပေါပေါ အခုအချိန်အထိ စာမေးပွဲတွေနဲ့နပန်းလုံးနေရဆဲမို့
    မိုးစက်ကတော့ ball pen ကိုင်နေရတုန်းပဲ ကြုံတုန်းကြွားရရင် မိုးစက်လည်းလက်ရေးအရမ်းလှတယ် 😛

    • ငပေါက်ဖော်

      January 2, 2012 at 10:00 am

      ဟယ်
      ဟုတ်ပတော်.ဟုတ်ပ
      လက်ရေးလေးက လှလိုက်တာ ဝိုင်းချွန်ကောက်ကွေးနေတာပဲ

    • inz@ghi

      January 2, 2012 at 10:12 am

      ညီမလေး လက်ရေးလှတယ်ဆိုတာ ကျနော်ယုံကြည်ပါတယ်ဗျာ…
      မြင်ဖူးချင်စမ်းပါဘိ ….

      ခင်တဲ့
      ညည်းခေါ်တတ်တဲ့
      ကအင်ဂျီး…

  • nozomi

    January 2, 2012 at 10:25 am

    ဂီဂီ အဲဒီလက်ရေးလှလှ ကောင်မလေးအကြောင်း နောက်ပို့စ် တွေ ထပ်တင်နော်
    ရင်တွင်းဖြစ်လေးတွေ ဖတ်ချင်လို့

    • inz@ghi

      January 2, 2012 at 10:31 am

      ကြိုးစားပါဦးမယ် …ဦးနိုရေ ….

  • နီကီတာ

    January 2, 2012 at 10:29 am

    ပို့စ်လည်းဆုံးရော
    တစ်ကြောင်းပဲ မှတ်မိတယ်..

    သူမသည် အလွန် လက်ရေးလှ၏

  • ကိုရင်စည်သူ

    January 2, 2012 at 11:23 am

    သူစည်သည် လက်ရေးအလွန်လှသည်..
    သို့သော် ဘယ်တခြမ်းစောင်းနေသည်… 😛 😛

  • Khaing Khaing

    February 28, 2012 at 3:29 pm

    သူမသည် လက်ရေးအလွန်လှသည်
    ဂီသည် ထိုလက်ရေးများကို စွဲလန်းမိသွားကာ
    ထိုကောင်မလေးကို သွားချောင်းကြည့်မိသည်
    ထိုအခါ ထိုကောင်မလေးသည် အသားမဲမဲ နဲ့ ကုလားမလေးဖြစ်နေသည် …တိန်

    စာအရေးအသားကောင်းပါတယ် ဂီ…တို့အားပေးမယ်နော် …. အချိန်တွေလွန်လို့ အသက်တွေကြီးလာရင် …စာရေးစရာလုပ်မယ့်ဂီစာအုပ်တွေကို လိုက်ဝယ်ပြီး ကုလားမလေးလုပ်မယ့်

    khaing Khaing

Leave a Reply