Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

မော်လမြိုင် ညနေဆည်းဆာ

weiweiJanuary 1, 20123min78335

နှစ်သစ်လက်ဆောင်ပါ …
မနေ့ညနေက မော်လမြိုင် ကမ်းနားလမ်းပေါ်ကနေ ဆည်းဆာကို စောင့်ပြီး ရိုက်ထားတဲ့ ဓါတ်ပုံလေးတွေဖြစ်ပါတယ် … ရွာထဲက ပရိုဓါတ်ပုံဆရာတွေကို မမှီပေမယ့် ပြချင်လွန်းလို့ ….
နှစ်သစ်မှာ ပျော်ရွှင်ချမ်းမြေ့ကြပါစေ …

ညနေ ၅ နာရီ ၁၅ မိနစ်ခန့်
၅ နာရီ ၂ဝ မိနစ်ခန့်
နေဝင်ခါနီးပြီ
ဆည်းဆာအလှ
အိမ်ပြန်ချိန်
၅ နာရီ ခွဲ အချိန်
နေလုံးကြီး နိမ့်ဆင်းလာပြီ
တောင်စွန်းနဲ့ ထိနေတဲ့အချိန် ၅ နာရီ ၃၅ မိနစ်ခန့်
တောင်စွယ်မှာ နေတစ်ဝက်ကွယ်ပြီ
နေဝင်ပြီးနောက်

မော်လမြိုင်ရောက်ခိုက် ညနေဆည်းဆာအချိန် ကမ်းနားလမ်းမှာ လမ်းလျှောက်ရင်း ရိုက်ထားတဲ့ဓါတ်ပုံတွေဖြစ်ပါတယ်။ ကင်မရာအစုတ်ကလေးနဲ့မို့ သဘာဝအလှကို ပေါ်လွင်အောင် မပြနိုင်ဘူးဖြစ်နေပါတယ်။ မော်လမြိုင်မှာ ၃ ရက်တာ လျှောက်လည်ခဲ့တဲ့အချိန်မှာ ရွာသူားများကို သတိရနေမိတယ်။ ပြောပြချင်တာတွေ၊ ပြချင်တာတွေ အများကြီးရှိတယ်။ ပျော်စရာတွေ၊ စိတ်ညစ်စရာတွေ၊ အတွေ့အကြုံကလေးတွေ နဲနဲချင်း ရေးပါအုန်းမယ် …

ပထမဆုံးအနေနဲ့ နောက်ဆုံးရိုက်ခဲ့တဲ့ ဆည်းဆာချိန်နဲ့ မော်လမြိုင်ခရီးစဉ်ကို စတင်မိတ်ဆက်လိုက်ပါတယ် …

35 comments

  • ဆူး

    January 1, 2012 at 11:55 am

    တောင်စွယ်နေကွယ် ဆိုတဲ့ အချိန်က အင်မတန် ဝမ်းနည်းကြေကွဲဖွယ်ကောင်းတဲ့ အချိန်ဖြစ်မယ် အာဏာပကွက်သားတွေ အတွက်ပေါ့လေ..
    လူသားတွေ အတွက်ကလည်း တောင်စွယ် နေကွယ် သွားပြီဆိုရင် နောက်တနေ့ ကို ရောက်မှာမို့ အသက်တရက်ကြီးသလို နေထိုင်ရမဲ့ သက်တမ်း တရက်လျော့သွားပါပြီ.. သေမင်းဆီကို သွားနေတာ ၁ရက်ပိုမြန်သွားပြီ။
    သံဝေဂ ယူမယ်ဆိုရင် တကယ်ကို သံဝေဂ ရဖွယ်ကောင်းလှပါတယ်။
    မင်္ဂလာနှစ်သစ်မှာ သံဝေဂ တရားတွေနဲ့ တရားနှလုံးသွင်း ပျော်မွေ့နိုင်ပါစေ ချစ်မကြီး ဝေဝေ။

    သံဝေဂ တရားဘေးချိတ်ထားပြီး မသိမှုတွေနဲ့ ပျော်နေတဲ့
    ဆူး

  • Anzartone

    January 1, 2012 at 12:09 pm

    လွမ်းမောဖွယ်ရာ ညနေဆည်းဆာ ပုံတွေပါပဲ။ ညနေ ၅ နာရီ ၁၅ မိနစ်ခန့်ဆိုတဲ့ ပုံကတော့ ကျွန်တော် အကြိုက်ဆုံး ပုံပါလို့ ပြောချင်ပါတယ် ခင်ဗျာ။

  • weiwei

    January 1, 2012 at 12:24 pm

    နေက အတက်မှာ ကြာသလောက် အဝင်မှာ မြန်တာကို သတိထားမိပါတယ် ….
    ၃ ရက်ဆက်တိုက် ညနေဘက် ကမ်းနားလမ်းမှာ လမ်းလျှောက်ဖြစ်ခဲ့တယ် … ရှုခင်းလဲလှ၊ လေကလဲသန့်၊ လမ်းကလဲကောင်း၊ လူလဲမရှုပ်တဲ့ မော်လမြိုင်မြို့ကို သဘောကျတယ် …

    • ဆူး

      January 1, 2012 at 1:03 pm

      ဘာမှ အနားအကပ်မခံဘူး အမိအရ ပုပ်ထုတ်မယ် ဆိုတဲ့ သဘောလား.. 😀

    • hmee

      January 1, 2012 at 2:46 pm

      အတက်လည်း မြန်တယ် မဝေရဲ့။ ကျွန်မတို့ ငယ်ငယ်တုန်းက သူငယ်ချင်းတွေ စုပြီး စစ်တောင်းမြစ်ကမ်းပါးကိုသွား။ အစောကြီး နေမထွက်ခင်သွားတာ ပြီးတော့ ကိတ်မုန့်တတုံးကို (ကြက်ဥတလုံးသာသာရှိတဲ့ ကိတ်မုန့်) နေ တောင်စွယ်က စအထွက်မှာ အလောင်းအစားနဲ့စားတာ နေလုံး တောင်စွယ်ကနေ လွတ်လွတ်ကျွတ်ကျွတ် အထွက် ကိတ်မုန့် အကုန်ကြေးလောင်းတာ တခါမှ ဘယ်သူမှ မကုန်ဘူး။ 🙂
      မဝေရဲ့ ဓါတ်ပုံလေးတွေ ကြည့်ရတာ လွမ်းစရာလိုလို ဘာလိုလို ခံစားရတယ်။ အမှန်က နဂိုအခံကကို လွမ်းချင်နေတာ။ ချစ်ချစ်ကြီးကို ထားခဲ့ရမှာမို့။ 🙂 😀

  • MaMa

    January 1, 2012 at 12:47 pm

    Sunset ကို အမိအရ ရိုက်လိုက်နိုင်တာပဲ။
    ရွာသူပီသပါပေတယ်။ (သဂျီးကိုယ်စား ပြောပေးသည်။) 😀

  • Zaw Wonna

    January 1, 2012 at 2:21 pm

    လူကိုလွမ်းအောင် တမင်များ ဖန်လေရော့သလား ၆၀၆၀ရယ်။ နဂိုကတည်းကမှ စိတ်က မခိုင်ရတဲ့အထဲ ….

  • fatty

    January 1, 2012 at 4:03 pm

    ရေပြင်ကိုကြည့်ရတာတည်ငြိမ်တယ် .. ငြိမ်းချမ်းတယ် ..။
    နေမင်းကလည်း အကျဆိုေတော့ မာန်မာနတွေ ပြေလျှော့နေချိန်မို့ …
    ပုံလေးကြည့်ရတာနဲ့ အတွေးတွေနယ်ချဲ့လို့အတော်ကောင်းတာဘဲနော် …။

    • weiwei

      January 1, 2012 at 4:15 pm

      ပန်းချီကားကြိုက်တဲ့ ဦးဖက်တီးအတွက် သဘာဝပန်းချီတစ်ခုဖြစ်နေမှာပေါ့နော် …
      ကျွန်မလဲ ဒီအတိုင်း မတ်တပ်ရပ်ပြီး တစ်နာရီလောက် ကြည့်နေမိတယ် …
      အတွေးတွေချဲ့လိုက်တာ ၂၀၁၁ ကနေ ၂၀၁၂ အထိ တစ်နှစ်တောင် ကူးသွားတဲ့အထိပဲ …

  • windtalker

    January 1, 2012 at 4:17 pm

    အန်တီဝေ့ ကို မှာချင်ပါ၏
    မော်လမြိုင်သူ အပျိုချောလေးများ ၏ ပုံများများ / အများဂျီး အများဂျီး
    တင်ပေးပါရန်
    ကိုးဆယ့်ကိုးစား စွာဖြင့်
    မစ်စတာပေ

  • naywoonni

    January 1, 2012 at 4:26 pm

    မဝေကတော့ လွမ်းအောင်လုပ်နေပြန်ပါပြီ…။ ဘယ်လွမ်းရမှန်းမသိတာခက်တယ်….။

  • ဓါတ်ပုံကို အမှီပြုပြီး ကြော်ငြာကပ်ခြင်းကို ခွင့်မပြုပါ
    ပုံ (သဂျီး)
    မဝေ က နေတစ်ဝက်ကွယ်တဲ့ အထိဘဲတင်ထားတယ်။
    နေအားလုံးကွယ်သွားချိန်အလင်းရောင်ပြပြလေးကျန်တာရေ မတင်တော့ဘူးလား။
    ဘယ်လိုဘဲပြောပြော လှတယ်ဗျာ။

    • weiwei

      January 1, 2012 at 5:24 pm

      ကိုပေါက်ပြောလို့ နေဝင်ပြီးပုံတစ်ပုံ ထပ်တင်လိုက်ပါတယ် …
      မှောင်သွားတဲ့အချိန်မှာရိုက်တဲ့ပုံတွေက သိပ်မလှလို့ မတင်လိုက်တာ …

  • aye.kk

    January 1, 2012 at 5:46 pm

    ငယ်ငယ်ကအမေ့အမျိုးတွေရှိတဲ့မော်လမြိုင်ကိုခေါ်လယ်လို့ရောက်ဘူးတယ်..
    ကမ်းနားလမ်းမှာရှိတဲ့ဟော်တယ်တစ်ခုပေါ်ကနေညနေခင်းလေးမှာဆည်းဆာကိုထိုင်ကြည့်ရင်းငေးလို့ကိုမဝဘူး ၊ အဲင်္ဒီတုံးကတော့လေညှင်းခံလမ်း ထွက်လျှောက်တဲ့သူတွေ ၊ အုတ်ခုံလေးတွေမှာထိုင်ရင်းဆည်းဆာကိုတဝကြည့်ပြီး၊ အပမ်းလာဖြေသူတွေနဲ့စည်ကားလို့နေနေတာ ၊ ပြန်ပြောင်းသတိရမိတယ် ၊ ဓါတ်ပုံလေးတွေကြည့်ပြီး ၊ အလွမ်းဓါတ်ခံရှိနေတဲ့ အံတီကတော့ဆွေးမိတယ် ၊ ကျေးဇူးတင်မိပါတယ်နော်ဝိုင်းဝိုင်းရေ..။

    • weiwei

      January 1, 2012 at 6:18 pm

      မော်လမြိုင်ကို ၅ ကြိမ်လောက်တော့ အနဲဆုံးရောက်ဖူးတယ် … တစ်ခါမှ ကမ်းနားလမ်းမှာ အေးအေးဆေးဆေး လမ်းမလျှောက်ဖူးခဲ့ဘူး … ဒီတစ်ခေါက် ကမ်းနားလမ်းပေါ်က ငွေမိုးဟိုတယ်မှာ တည်းဖြစ်ခဲ့တယ် .. မော်လမြိုင်မြို့ပေါ်မှာ စတည်းချပြီး လျှောက်လည်ဖြစ်တာမို့လို့ အခုလို ဓါတ်ပုံမှတ်တမ်းတင်နိုင်ခဲ့ခြင်းဖြစ်ပါတယ် …
      ကျွန်မလဲ လွမ်းလာတာ အခုထိ အရှိန်မသေသေးဘူး …. 🙁

  • manawphyulay

    January 1, 2012 at 5:55 pm

    မမဝေရေ… မော်လမြိုင်က လက်ဆောင်ဝယ်ခဲ့နော် နှစ်သစ်မှာ မျှော်နေမယ်… ပုံလေးတွေက တကယ့်ပရိုပါပဲ… လွမ်းသလိုလို ဘာလိုလိုတောင်ဖြစ်သွားတယ်။ ဘယ်သူ့ကို လွမ်းလို့လွမ်းရမှန်းသာ မသိတာပါ…. မော်လမြိုင်ရောက်တုန်းကတော့ ဆည်းဆာမကြည့်အားပါဘူး။ မုဒုံ၊ ကျိုက်မရော ဘုရားစုံလျှောက်ဖူးနေတာနဲ့ပဲ အချိန်ကုန်တာ…

    • weiwei

      January 1, 2012 at 6:21 pm

      ရန်ကုန်ကိုပြန်ရောက်လို့ အခုလို ဓါတ်ပုံတင်နိုင်တာပေါ့ မနောရယ် …
      လက်ဆောင်အနေနဲ့ကတော့ ဓါတ်ပုံတွေနဲ့ အတွေးအမြင်အသစ်လေးတွေ စောင့်အားပေးအုန်းပေါ့ …

  • pooch

    January 1, 2012 at 8:51 pm

    ကြည့်ရတာ လွမ်းစရာကောင်းတယ်….

  • comegyi

    January 1, 2012 at 9:02 pm

    ညနေခင်းတွေဆို
    ဘိုးဘွားရိပ်သာမှာထိုင်ရင်း
    သံလွင်မြစ်ကြီးကို ငေးရတာ
    ိသိပ်အရသာရှိတယ်ဗျာ…..

  • ဦးဘဇင်းဘဒ္ဒ န္တမိုက်ကယ်ဂျော်နီအောင်ပု

    January 1, 2012 at 10:52 pm

    ကမ်းရဲ့တစ်ဖက်က တောင်တန်းကြီးတွေက
    ကျုပ် ကြီးပြင်းလာရာ ဘီလူးကျွန်းကြီးဘဲ
    ရွှေဘိုမှာ မွေးပြီး ဘီလူးကျွန်းမှာအကောင်ကြီးလာတဲ့
    အဲ့သည် သံလွင်မြစ်ကြောင်းတစ်လျှောက် ကျုပ်ဘဝမှာရဲ့ မှတ်တမ်းတွေ များစွာရှိခဲ့ဘူးတယ်
    တစ်နေ့ ခင်ဗျားတို့ကို ကျုပ် ပြောပြနိုင်ဘို့ လက်ကြောတင်းကြည့်ပါဦးမယ် 😀

    • Khin Latt

      January 2, 2012 at 5:15 am

      ဦးဘဇင်းကြီးရှင့် – ဘီလူးကျွန်း ဟာ ဆေးတန်ကောင်းကောင်း ထွက်တယ်လို့ တစ်ချိန်က နာမည်ကြီး တာ ကြားဘူးပါတယ်။
      ဦးဇင်း ရဲ့ ဘဝ မှတ်တမ်းများကို စိတ်ဝင်စားလှပါတယ်။
      ရွာထဲမှာ ဆွမ်း၊ ကွမ်း အဆင်ပြေရင်ဖြင့် အချိန်ယူပြီး ရေးပါလို့ တောင်းဆိုပါတယ်။
      စာကြွင်း – ဦးဇင်း ကို ပုံဖော်ကြည့်တာ ဆံပင်မရှိ၊ နက်ကတိုင် ပါ ရှပ် ကို ပုဆိုးကြီး နဲ့ တွဲမြင်ပါတယ်။ jk 🙂

    • Moe Z

      January 2, 2012 at 1:08 pm

      အယ် ဘပုက ဘီလူးကျွန်းကလား မိုးစက်ငယ်ငယ်လေးတုန်းက
      ဖေဖေအဲဒီမှာတာဝန်ကျလို့ ၁နှစ်လောက်နေခဲ့ဖူးတယ်
      ဘပုဆီက အကြွေးတွေဘာတွေများ ရစရာရှိသေးလားမသိဘူး 😀

      မမဝေရေ မော်လမြိုင်က မေမေ့ရဲ့ဇာတိပေါ့ အမျိုးတွေလည်းအများကြီး
      နောက်ခါသွားရင်ပြော မိတ်ဆက်ပေးမယ့်လူတွေရှိတယ် 😛

  • Khin Latt

    January 2, 2012 at 5:18 am

    မဝေ ရဲ့ ပုံ တွေကြည့်ပြီး ထူးအိမ်သင် ရဲ့ “ဒီနေဝင်တာ နောက်ထပ် တွေ့ဦးမယ် …. ” စာသားပါ “အိမ်ပြန်ချိန်များ” ဆိုတဲ့ သီချင်းကို သတိရမိတယ်။
    ပုံတွေက လွမ်းစေကောင်းလောက်အောင် လှတာပါဘဲလား။
    ကျေးဇူးဘဲ မဝေရေ။

  • aye.kk

    January 2, 2012 at 6:29 am

    ဦးဘဇင်း..
    ဘီလူးကျွန်းဆိုတော့ရွာလွတ်ကိုအတူတွဲမြင်မိတယ်..
    ကျမခင်မင်သိဘူးတဲ့ဒေါ်ကြာပဲ့ဆိုတာဘီလူးကျွန်းရွာလွတ်ကပါ..
    ဟိုတုံးကဘီလူးကျွန်းရွာသူတွေအတော်များများသိသလောက်နီးပါးခင်မင်ကျွမ်းဝင်ဘူးပါတယ်..
    ကျမတို့တဆွေတမျိုုးလုံးလိုလိုပါဘဲအလွန်ခင်မင်ကာကျေးဇူးတရားအပြန်အလှန်ရှိခဲ့ကြပါတယ်..
    သူတို့အမြဲဂုဏ်ယူပြောတဲ့စကားတခွန်းနားမှာအမြဲကြားဘူးတာရှိတယ်..
    ငါတို့တစ်ရွာလုံးကနိုင်ငံတော်ကိုအကျိုးကျေးဇုူးပြုတဲ့ရွာသူားတွေဖြစ်တယ်ပေါ့နော်..
    ကျမတို့ခေတ်မူလတန်းအရွယ်ကစာအံသင်ခဲ့တဲ့ကျောက်သင်ပုန်းဆိုတာ..
    တစ်နိုင်ငံလုံးအတွက်ထုပ်လုပ်နိုင်တာဆိုပြီးအမြဲလိုလိုပြောပြတတ်တယ်..
    ဘီလူးကျွန်းရွာလွတ်ကိုမမေ့နိုင်တာခုထိပါဘဲ..။

  • FattyCat

    January 2, 2012 at 10:16 am

    ” တောင်စွယ်နေကွယ်ချိန်မှာလေ….ရွှေဓားဆွဲလို့သတ်ပါ…တမလွန်ကို အကြင်နာချစ်ကြွေးလဲယူမသွားချင်…
    အသဲထဲအချစ်ရှိတာ မှားကိုမှားသွားပြီ….”

  • blackchaw

    January 2, 2012 at 12:24 pm

    မိ်န်းကလေးအမုန်းကြီးတာ
    ဒို့ယောက်ျား မမီ
    သီချင်းကို ဆုံးအောင် မဆိုဘူး ဝတုတ်ကြောင်။
    ဓါတ်ပုံလေးတွေ တော်တော်လှတယ်ဗျာ။
    ၂၀၁၁ နှစ်ဆုံးမှာ လက်တက်လာသော ဓါတ်ပုံဆရာမတစ်ယောက်ပါဗျာ။

    • weiwei

      January 2, 2012 at 1:16 pm

      ရွာထဲမှာ ဓါတ်ပုံဆရာတွေ အများကြီးဆိုတော့ … တံငါနားနီးတံငါ မုဆိုးနားနီးမုဆိုး ဆိုသလိုပေါ့ …. 🙂

  • အရမ်းမိုက်ပါတယ်ဗျာ။ရိုက်ထားတာက ကင်မရာအစုတ်မဟုတ်ရပါဘူး။
    မော်လမြိုင်က တကယ့်ကို ဆိုင်ကယ်ပေါတဲ့မြို ့ပါနော်။အရမ်းရောက်ဖူး
    ချင်တာ။သွားလည်ဖို ့လဲ သူငယ်ချင်းတွေခေါ်နေတာတောင်မသွားနိုင်
    ဘူးဖြစ်နေတယ်။ခုတော့ ရောက်ဖူးသလို ခံစားရပါပီ။ကျေးဇူးပါနော်။

  • nozomi

    January 2, 2012 at 1:34 pm

    ဓါတ်ပုံလေးတွေက တော်တော်လှတယ် မဝေ ရေ ပို့စ်ကဒ် လေးတွေလိုပဲ
    တစ်ပုံကြည့်နေရင်း တွေးမိသွားလို့ နောက်တစ်ပုံကို ချက်ချင်းမကြည့်နိုင်ဘူး ဖြစ်သွားတယ်
    အတွေး၊အရေးရော အရိုက်ပါ တော်သူဖြစ်ကြောင်း ရွာထဲကို အသိပေးသွားတာပဲ

    • weiwei

      January 2, 2012 at 2:37 pm

      ဒီရွာထဲကို ဓါတ်ပုံနဲ့ စဝင်ဖြစ်ခဲ့တာ …
      ဝါသနာပါလွန်းလို့တော့မဟုတ်ဘူး … ပြန်ပြချင်တဲ့ စေတနာပါလွန်းလို့သာ စိတ်ရှည်ရှည် ရိုက်ဖြစ်တာ …
      အရိုက်တင်မက အပုတ်ပါ ရတဲ့အကြောင်း ဘောလုံးပုတ်တဲ့ ပုံလေးနဲ့လဲ ပြထားသေးတယ်နော် … 😛

  • inz@ghi

    January 2, 2012 at 1:40 pm

    အောင်မာငီး ဇိမ်ဖုံးဂျီး ငယ်လဲ အဲ့ဘက်မှာ နေခဲ့ဖူးသပေါ့ ….
    ၂နှစ်လောက် ..နေခဲ့ဖူးသမှ တခါ သေမလိုတောင် ဖြစ်ဖူးသေး ….
    အာဟောင်းဒွေ အာသစ်ဖစ်ကုန်ဘီ ….

    ပျင်းတောင်ပျင်းသေး ကို အာလုပ်သံနဲ့ ပြောတတ်တဲ့
    တချိန်က မှောင်ခိုမြို့တော်လို့ ဆိုကြတဲ့ …..
    ရွာတန်းရှည် မြို့ ကလေး ကို လွမ်းတွားဘီ ….

    😀

  • ကြောင်ကြီး

    January 2, 2012 at 2:37 pm

    မော်လမြိုင်နဲ့ မွန်မ နန္ဒာလှိုင် ခွဲမရလို့ ငြိမ်သက်နေတဲ့ ကြောင်ကြီးအသည်းနှလုံး တဆတ်ဆတ်တုံအောင် ထပ်မံနာကျင်စေပါတယ်။

  • alinsett (gazette)

    March 17, 2014 at 8:50 pm

    မော်လမြိုင်မြို ့ အကြောင်း စဉ်းစားလိုက်ရင်…
    မော်လမြိုင်နဲ့ ပက်သက်တဲ့ပုံရိပ်တွေ.. မြင်လိုက်မိရင်..
    မော်လမြိုင်သူလေးတစ်ယောက်ကို သတိရသွားတာ..ခက်တယ်… ။
    သူလေး…အခု..ဘယ်ဆီရောက်နေပါလိမ့်….

    :kwi:

    • weiwei

      March 18, 2014 at 10:05 am

      အလင်းဆက်ကျေးဇူးနဲ့ ပို့စ်အဟောင်းတွေ ပြန်မြင်ခွင့်ရသွားတယ် …
      ဘယ်အချိန်ပဲကြည့်ကြည့် မရိုးနိုင်တာကတော့ ရှုခင်းတွေပါပဲ ..

Leave a Reply