မော်လမြိုင်က ကျိုက်ခမီရေလည်ဘုရား
မော်လမြိုင်ဆိုတာနဲ့ ကျိုက်ခမီဘုရားကို အရင်ဆုံးသတိရကြပါလိမ့်မယ်။ မော်လမြိုင်မြို့ပေါ်ကနေ တစ်နာရီကျော်ကျော်လောက် ကားစီးသွားရပါတယ်။ မုဒုံ၊ သံဖြူဇရပ်ကို ကျော်ဖြတ်ပြီးမှ ကျိုက်ခမီကို ရောက်တယ်။ လမ်းတလျှောက် မျက်စိတဆုံးမြင်ခဲ့ရတဲ့ ရော်ဘာပင်တွေက မွန်ပြည်နယ်ကို ချမ်းသာတဲ့ပြည်နယ်တစ်ခုလို့ သက်သေပြနေသလိုပါပဲ။
ဘုရားကိုရောက်တော့ မနက် ၉ နာရီအချိန်ပါ။ ပိတ်ရက်မဟုတ်လို့ ဘုရားဖူးတဲ့လူတွေ သိပ်များများမတွေ့ခဲ့ရဘူး။ ဘုရားကိုသွားရတဲ့လမ်း (နတ်လမ်းလို့ခေါ်တယ်ထင်တာပဲ) ပြုပြင်နေချိန်မို့ အမြင်ထဲမှာ နဲနဲတော့ မျက်စိရှုပ်နေတယ်။ ဓါတ်ပုံလေးတွေ အလွမ်းပြေကြည့်ကြပါအုန်း …














ဘုရားဖူးအဖွဲ့တွေနဲ့သွားရင် ကျိုက်ခမီက ခြေတံရှည်ဇရပ်တွေပေါ်မှာ အိပ်ကြရပါတယ်။ ထမင်းဟင်းချက်စားလို့ရတယ်။ ဘုရားဖူးရာသီတွေမှာ အရမ်းစည်ကားပြီး တည်းခိုရတာ အဆင်မပြေဖြစ်ရလေ့ရှိပါတယ်။ အဲဒီဘုရားကိုရောက်တိုင်း အမျိုးသမီးများ မတက်ရဆိုတဲ့လှေကားကိုမြင်လိုက်တိုင်း စိတ်ထဲမှာ ဘဝင်မကျဖြစ်မိတယ်။
ဘုရားသမိုင်းကြောင်းနဲ့ပတ်သက်ရင် မုဆိုးမတည်ခဲ့တဲ့ဘုရားဆိုတာကလွဲပြီး ပိုမသိပါဘူး။ သိတဲ့သူများရှိရင် ကွန်မန့်ကနေ ပြောပြပါလို့ တောင်းဆိုချင်ပါတယ်။
14 comments
MaMa
January 3, 2012 at 11:00 am
ဝေဝေ ရောက်တဲ့အချိန်က ရေကျချိန်မို့ ဖြစ်မယ်ထင်တယ်နော်။
ကျမတို့သွားတုန်းက အဲဒီဇရပ်တွေမှာ တည်းဖူးတယ်။
တညလုံး ဒီရေတက်တဲ့အသံကြားရတာ မိုးကြီးလေကြီးကျနေသလိုပဲ။
ဇရပ်ပြိုကျမှာ ကြောက်လို့ အိပ်ရတာတောင် စိတ်မဖြောင့်နိုင်ကြဘူး။
အောက်ဆုံးက စနက်ရှော့လေး မိုက်တယ်။ 🙂
weiwei
January 3, 2012 at 11:01 am
အင်တာနက်ကနေရှာတာ ကျိုက်ခမီသမိုင်း pdf ဖိုင်တွေ့ပေမယ့် download က ကော်နက်ရှင်ကြောင့် အပြည့်မရတာနဲ့ စိတ်မရှည်တော့လို့ ဒီအတိုင်းပဲ တင်ဖြစ်သွားပါတယ် …
ဆူး
January 3, 2012 at 12:30 pm
ရောက်တော့ ရောက်ဖူးတယ် ခပ်ငယ်ငယ်က ဆိုတော့ မေ့သလိုတောင် ဖြစ်နေပြီ။ အခုတော့ ပြန် နွေးလိုက်သလို ပေါ့။
မြန်မာပြည်ထဲ လှည့်လည် သွားဖို့ စိတ်ကူး ရှိသေးတယ်။
မသွားဖြစ်သေးတာပဲ ရှိတယ်။ ဟိဟိ
kai
January 3, 2012 at 12:32 pm
အမှတ်မမှားရင်.. အဲဒီအမျိုးသမီးမတက်ရကို.. မိန်းမတက်လို့ရှိရင်..လေနီကြမ်းတိုက်ပြီး.. မိုးကြီးလေကြီးကျတယ်တဲ့…။
ဟတ်..ဟတ်…ဟတ်…ချိုး…။
အဲဒီကျိုက္ခမီမြို့က.. အင်္ဂလိပ်ခေတ်က.. ခရိုင်ရုံးစိုက်ရာမြို့ထင်တာပဲ..။
ဂျပန်ဝင်တော့ သံဖြူဇရပ်ပြောင်းသွားတာလို့ မှတ်မိတယ်..။
ငယ်ငယ်တုံးက.. အဲဒီခြေတံရှည်ဇရပ်တွေမှာအိပ်ခဲ့ဖူးတယ်..။ အောက်က ဝင်ကစွပ်ကောင်တွေကို ..အခုထိသတိရတုံး…။
ဘာပဲဖြစ်ဖြစ် ပုံတွေအတွက်.. ကျေးကျေးကမ္ဘာပါနော..။ 🙂
weiwei
January 3, 2012 at 1:26 pm
ငယ်ငယ်တုန်းက ညဘက်ကြီးရောက်ပြီး အဲဒီမှာအိပ်ဖူးတယ် … အိုးကြီးတွေထဲကရေကို ဒီအတိုင်းခပ်ပြီး ဟင်းချက်ကြ ရေနွေးသောက်ကြနဲ့ … မနက်လင်းတော့ ကြည့်လိုက်တော့မှ ညစ်ပတ်နေတာပဲ (အောက်ခြေမှာ) …
လွန်ခဲ့တဲ့ ရ နှစ်လောက်က ပွဲတော်ရက်ကြီးတစ်ခါရောက်သွားတာ ဇရပ်တွေအားလုံးလူအပြည့်ပဲ …. အခန်းသေးသေးလေးတစ်ခန်းပဲရပြီး ရေချိုးစရာမရတော့လို့ ရေမချိုးပဲနေခဲ့ရဖူးသေးတယ် ….
ဒီတစ်ခါတော့ မော်လမြိုင်မြို့ပေါ်မှာပဲ တည်းလိုက်တော့တယ် …
မုဒုံကန်ကြီးအကြောင်း ဓါတ်ပုံနဲ့ပို့စ်တင်ပေးအုန်းမယ် … မိန်းမတွေကို ခွဲခြားခွဲခြားဆက်ဆံတဲ့ နောက်ထပ်နေရာတစ်ခု …
etone
January 3, 2012 at 1:09 pm
တစ်ခါမှတော့ မရောက်ဖူးသေးဘူး …. ။ လောလောဆယ်တော့ မဝေတင်ပေးတဲ့ ဓါတ်ပုံလေးတွေနဲ့ပဲ သွားဖူးလိုက်ပါတယ် … ။
blackchaw
January 3, 2012 at 2:48 pm
ဓါတ်ပုံလေးတွေ က အလွမ်ပြေ ဟုတ်ဘူးဗျို့။
ဗဟုသုတ အတွက်ပဲ ကြည့်လို့ရသေးတယ်။
မရောက်ဘူးသေးလို့။
ရောက်ဘူးတဲ့ သူတွေအတွက် တော့ အလွမ်းပြေမှာ သေချာပါတယ်ဗျာ။
memeseku
January 3, 2012 at 3:13 pm
ရောက်ဖူးတာတော့ကလေးဘဝကပါ…….သိပ်တောင်မမှတ်မိချင်တော့ဘူး
ရေကအရင်ကတော့မသန့်ဘူးအခုတော့ဘယ်လိုလဲမသိဘူး…….နေတော့တော်တော်ပူတယ်နော်
thanks for ur photos
pooch
January 3, 2012 at 3:52 pm
မမဝေရေ ကျမတော့ အဲ့ဒီဘုရားကို ၃ ခေါက်လောက်ရောက်ဖူးတယ် ခုတော့ မရောက်ဖြစ်တာ အတော်ကြာပေါ့…..
လပြည့်ညကို ဘုရားစောင်းတန်းပေါ်ကနေ ဝိုင်းစက်ပြီး လင်းနေတဲ့ လမင်းကြီးကို လှိုင်းပုတ်သံတွေ ကြား လေတဖြူးဖြူးကြား ကနေ ကြည့်ခဲ့ဖူးတယ်…..အဲ့ဒီတုန်းက ရေတွေကလည်းတက်နေတာ …..
ခုတော့ ရေသိပ်မတက်သလိုပဲ…
နွယ်ပင်
January 3, 2012 at 4:08 pm
မဝေရေ တစ်ခါမှမရောက်ဖူးလို့ ဗဟုသုတအနေနဲ
လာကြည့်သွားပါတယ် ပုံတွေအတွက် ကျေးဇူးပါနော် ………
တညင်သား
January 4, 2012 at 5:07 am
ဒီရေ တက်တဲ့အချိန်ဆို ဘုရားပေါ်သွားတဲ့ တံတားခေါ်မလား အဲ့ဒီအပေါ်ထိအောင်ရေရောက်တယ်…..
” အိုးကြီးတွေထဲကရေကို ဒီအတိုင်းခပ်ပြီး ဟင်းချက်ကြ ရေနွေးသောက်ကြနဲ့ … မနက်လင်းတော့ ကြည့်လိုက်တော့မှ ညစ်ပတ်နေတာပဲ (အောက်ခြေမှာ) ”
မြစ်ရေနဲ့နီးတဲ့ ရွာတွေမှာ အဲဒီလို ရေသုံးကြတာ နေ့ခင်း ရွာထဲ လျှောက်သွားလို့ရပေမဲ့ ညဘက်ရောက်ရင် တအိမ်နဲ့တအိမ် လှေနဲ့သွားရတာ သူတို့ကတော့ဒီရေတက်ချိန်သိတာပေါ့နော်.. နေ့ခင်း ရေကိုကြိုက်သလောက်သုံး ညရောက်ရင် ရေအကုန်ပြည့်… ရေချိုးတော့လဲ အိမ်ပေါ်တက်တဲ့ လှေကား အဆင်းလေးမှာ ခပ်ချိုးလိုက်ယုံပဲ…..မိုက်တယ်နော်..:)
windtalker
January 4, 2012 at 8:40 pm
သာဓု သာဓု သာဓု ပါ
ဘုရားဒကာမကြီး ဒေါ်ဝေဝေ ရေ
alinsett (gazette)
March 17, 2014 at 8:41 pm
အဲဒီကို ရောက်ဖူးချင်နေတာ…
အခုတော့… ကရင်ပြည်နယ်ဘက် လှည့်ဦးမှာမို ့….
😆
လောလောဆယ်…
ဒီပုံတွေထဲကပဲ..သွားနှင့်ဦးမယ်.. ။
myat pearl phyu
March 18, 2014 at 3:57 pm
မရောက်ဖူးသေးဘူး … သွားဖူးချင်ပါတယ်…