တိုင်းရင်းဆေးဆရာတစ်ယောက်ရဲ့ဝေဒနာခရီးကြမ်း
တိုင်းရင်းဆေးဆရာကြီးတစ်ဦးက ကျွန်တော့်ကို နန်းတွင်းသွေးကြောပြင်ပညာသင်ပေးရင်း “တပည့်ရယ်…ဒါတွေက လူအထင်မကြီးတဲ့အရာတွေပါ..
ဘာလို့သင်ချင်ရတာလဲတဲ့” ကျွန်တော်ကတိုင်းရင်းဆေးပညာကို ဝါသနာကြီးခဲ့သည်လေ။
ဆေးဆရာအဖေဆုံးသွားတော့ ဆေးဆရာပေါက်စလေးဖြစ်လာခဲ့တယ်။ ဖြစ်ပုံက အိမ်မဲမြို့နယ်သရက်ကုန်းကျေးရွာတစ်ဖက်ကမ်းက “မိုးသဲသဲ”ဆိုတဲ့ကရင်မလေးရဲ့
လက်မောင်းရိုးကို ကုပေးရာကစတင်ခဲ့ပါတယ်။ ကျွန်တော့်အိမ်ကိုလူ(၁၀)ယောက်လောက်ရောက်လာပါတယ်။သူမရဲ့အမေက ဆရာကြီးဘယ်သွားလဲလို့မေးတဲ့အခါ
ကျွန်တော်က အဖေဆုံးပါးခဲ့တာ ၆ လကျော်ပါပြီလို့ပြောတော့ မိုးသဲသဲအမေက ငိုပါလေရော။ ကျွန်တော်ကအံဩပြီးငေးနေမိတယ်။ ကျွန်မသမီးလေး လက်ကတော့
ဆုံးပါပြီတဲ့။…ကလေးမလေးက (၆)နှစ်သမီးလေးပါ အခုဆိုအသက်(၂၅)နှစ်လောက်ရှိမယ်ထင်ပါရဲ့။ လက်မောင်းက အလုံးကြီးပြီး အနာပေါက်ဖြစ်ကာပြည်တွေထွက်တယ်
အရိုးစအမှုန်လေးတွေပါတယ်လို့ပြောပါတယ်။ ဒီလက်ကိုခွဲစိတ်ပြီးခြစ်ထုတ်ပြစ်ရမယ်လို့ဆရာဝန်ကပြောလို့ငွေကြေးမတက်နိုင်တာရယ် မခွဲစိတ်ချင်တာရယ်ကြောင့်
ဒီကိုလာခဲ့ရတယ်လို့ပြောပါတယ်။ကျွန်တော်တွေဝေသွားခဲ့ရတယ်။ ဓါတ်မှန်တွေထုတ်ပြတာတွေကိုငေးကြည့်ရင်း အကြာကြီးရပ်နေမိတယ်။ အဲ့ဒီ့အချိန်က ကျွန်တော်
၁ဝတန်းအောင်ပြီးစ တိုင်းရင်းဆေးသင်တန်းတိုလေးတွေတက်ပြီးစအချိန်ပါ။
နောက်တော့ ကျွန်တော်ကုပေးပါရစေဆိုပြီး ပြောခဲ့မိတယ်။ ဒီကလေးမိဘတွေကလည်း အဖေအရှိန်နဲ့လက်ခံခဲ့ပါတယ်။ဒီကစလို့ဆေးဆရာပေါက်စလေး
ဖြစ်ခဲ့ရပါတယ်။
ကျွန်တော်ဖြစ်ချင်တာ အသက်မွေးချင်တာက စာရေးဆရာအလုပ်ပါ။ တစ်ကယ်ဖြစ်လာတာက တိုင်းရင်းဆေးဆရာပါ။ ဒီလိုနဲ့ပုသိမ်မြို့တော်ကြီးမှာ တက္ကသိုလ်
တက်နေတဲ့သူငယ်ချင်းတင်အောင်မိုး(ယခုကျူရှင်ဆရာ)က လက်ထောက်ညွှန်ကြားရေးမှူးရဲ့ဇနီးတစ်ယောက်ကိုဆေးကုပေးဖို့ကမ်းလှမ်းလာပါတယ်။… သူက
ဒီမိသားစုနဲ့ရင်းနှီးပြီးတော့ လမ်းကောင်းကောင်းမလျှောက်နိုင်တဲ့ အန်တီကြီးကိုမေးမြန်းစပ်စုတာကနေစပြီး ကျွန်တော်နေထိုင်ရာအိမ်မဲမြို့လေးးကိုလှမ်းခေါ်
အကြောင်းကြားတာပါ။ ကျွန်တော်တို့မိရိုးဖလာကုသတဲ့ ပညာက“အရိုးဆက်”ပညာပါ။ ဒူးဆစ်ရိုးပုံပျက်ပြီးကွေးဆန့်လို့ခက်ခဲတဲ့ အနိမ့်အမြင့်တက်လို့မရတဲ့
ဒူးဆစ်ရိုးကျီးပေါင်းရောဂါပါ။ ကျွန်တော့်မှာမိဘသင်ပေးတာက အရိုးကျိုးရင်ကုသတဲ့ပညာပါ။ အရိုးကျီးပေါင်းရောဂါအကြောင်းလည်းမသိသေးပါဘူး။
ကျွန်တော်ရှိသမျှအဖေ့ဆေးစာအုပ်တွေဖက်နေရပါတယ်။ သုတေသနတွေလုပ်ရတယ် ကျွန်တော်ကလူနာကို ရိုးရိုးသားသားပဲပြောခဲ့ပါတယ်။ ကျွန်တော်
မကုဖူးပါ ပျောက်မယ်လည်းအာမမခံပါ ကြိုးစားတော့ကုပေးပါ့မယ် ဆန္ဒ့ရှိရင်ကုပါပေါ့။အန်တီကြီးကလည်း ကုမယ်လို့ဆိုလာပါတယ်။ ရင်တထိတ်ထိတ်နဲ့
ကုရတဲ့ရက်တွေပါ။ ကံတရားကကျွန်တော်ဘက်ကိုပါခဲ့ပါတယ် အဲ့ဒီ့အမျိုးသမီးကြီးသက်သာခဲ့ပါတယ်။
နောက်တစ်ယောက်ကတော့ ကျောင်းဆရာမတစ်ဦးပါ။ ကုတ်ဆက်ရီုးကျီးပေါင်းကနေ အတက်ထွက်ပြီး ကြာလာတော့ဇက်ခိုင်နေသူပါ။ ဆရာတင်အောင်မိုး
ကပဲဆက်စပ်ပေးတာပါ။ ဒီအမျိုးသမီးဆီရောက်သွားတော့….
“ငါ့ကို နိုင်ငံခြားပြန်ပါရဂူတွေတောင် ၄ လပဲခံမယ် ဒီအတက်ကအဓိကအာရုံကြောကိုဖြတ်သန်းရင်သေမယ်လို့ပြောထားတယ် နင့်လိုဗမာဆေးဆရာ
အစုတ်ပလုတ်လေးကကုနိုင်ပါ့မလား” လို့ စာနဲ့ရေးပြီးပြောပါတယ်။ သူမကစကားမပြောနိုင်လို့ပါ။ သေသေချာချာစစ်ကြည့်တော့ ဇက်ခိုင်ရုံတင်မက လည်ပင်းမှာ
အိုးပိုကလေးတွေထွက်နေပါတယ်။ ပါးစပ်ကလည်း ကျယ်ကျယ်ဟလို့မရပါဘူး။ အစားအသောက်တောင်စားတာခက်ခဲနေပါတယ်။ ဇက်ခိုင်တာက(၁)နှစ်လောက်
ရှိပြီး ဒီရောဂါဖြစ်နေတာ(၇)နှစ်လောက်ရှိ်ပြီလို့သိရပါတယ်။
ကျွန်တော်ကလူငယ်လေးပါ လူငယ်ပီပီ ဒေါသထွက်လွယ်ပါတယ်။ သူမစကားကတော်တော်လည်းခံပြင်းစရာကောင်းနေပါတယ်။ကျွန်တော်ကအထင်သေတဲ့
မျက်လုံးနဲ့ကြည့်ပြီး အဖက်မတန်သလိုဆက်ဆံခဲ့ပါတယ်။ ရောဂါကြောင့်ဒီလိုဖြစ်တာပဲလို့ တရာနဲ့ဖြေပြီးကိုယ့်ကိုကိုယ် အားပေးခဲ့ပါတယ်။တကယ်လည်း
စိတ်ဓါတ်ကျနေပုံပေါက်ပါတယ်။
ဆရာမဇက်ကို ဆေးစည်းပြီး နာရီဝက်ကြာလှည့်လို့ရရင် ကျေနပ်နိုင်မလားလို့ ကျွန်တော်မေးတော့ မပီကလာပီကလာနဲ့ လုပ်တဲ့ မရလို့ကတော့
နင်နာမည်ပျက်ပြီသာမှတ်တဲ့ ကျွန်တော့်ကို ဒီလိုပြန်ပြောပေမယ့် ကျွန်တော်ကုသဖို့ဆုံးဖြတ်လိုက်ပါတယ်။ ဇက်ကိုသေသေချာချာစစ်ပြီးဆေးစည်းပါတယ်။
ပလာစတာတွေနဲ့ဆေးကိုမြဲအောင်ကပ်ရတာပါ ဆေးကိုသေချာအောင်ကပ်ပြီး ကျွန်တော်ခပ်ကုတ်ကုတ်လေးထိုင်နေလိုက်ပါတယ်။ဆရာမကတော့ နံရံက
နာရီကိုမကြာမကြာကြည့်နေခဲ့ပါတယ်။
မကြာခင်မှာပဲ ကျွန်တော်တို့စောင့်နေတဲ့ နာရီဝက်ပြည့်သွားခဲ့ပါတယ်။ ဆရာမက ကျွန်တော့်ကို မထီမဲ့မြင်အကြည့်နဲ့ ကြည့်ပြီးလှည့်လို့ရပြီလား
ဇက်ကိုလှည့်လို့ရပြီလားဆိုတဲ့အဓိပါယ်ရတဲ့ပုံနဲ့ ခေါင်းကိုလက်ညှိုးထိုးပြတယ်။ နာရီကိုလည်းလက်ညှိုးထိုးပြတယ် ။
ကျွန်တော်က လှည့်လိုက်လေလို့ပြောရင်ပဲ….ဆရာမခေါင်းကို တအားပဲလှည့်ချလိုက်ပါတယ်၊ ဇက်လှည့်လို့ရသွားတော့ “ကိုအောင်ရေ ကျွန်မတော့
လူပြန်ဖြစ်ပြီလို့အော်ပါတယ်။ ဇက်မှာကပ်ထားတဲ့ ပလာစတာလည်း ကွာကျသွားပါတယ်။ကျွှန်တော်လည်းစိတ်ပျက်လက်ပျက်ဖြစ်မိပါတယ်၊ငေါ်ကြည့်ရုံကလွဲပြီးဘာ
တတ်နိုင်မှာလဲလေ။
နောက်တေယောက်က ပခုံးရိုး အက်သွားတာပါ။ညဆိုကိုက်တယ် ၊လက်မောင်းပင့်မြှေက်ရတာ အားမပါဘူးတဲ့။သူနာမည်က ကျော်သက်ပါ။
ဟေ့.. ဆရာ ဒီရောဂါကို ကုုနိင်လား ပျောက်ရင်တော့ ကိစ္စမရှိဘူး မပျောက်ရင် မြို့ထိပ်ကနေ မြို့ဆုံး လိုက်အော်မှာနော်။ ဒီလို ပျက်ချော်ချော်နဲ့ ပြောခံရပါတယ်။
နောက်လူနာတယောက်ကတော့ အသက် ၄၅နှစ်လောက်ရှိတဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးရဲ့ အမျိုးသမီးပါ။ ဆိုင်ကယ် မှောက်တာ လက်ကျိုးသွားပါတယ်
ကျွှန်တော့်ကို သူ့သားက လာခေါ်ပါတယ် ဆရာရေ ..အမေကတော့ ဆိုင်ကယ်မှောက်တာလက်လေဝင်သွားသလားမသိပါဘူး ၊ဆရာကိုခေါ်ခိုင်းပါတယ်။ဆိုင်
ကယ်မှောက်တာဆိုတော့ စဉ်းစားရပါတယ်။ နောက်ဆုံးလိုက်ဖြစ်သွားပါတယ်။လူနာလက်ကိုကြည့်တော့ ကျိုးတာပါ၊ ကဲ ကုမယ်ဆိုတော့ နေပါဦး သူအဖေကိုစောင့်ပါတဲ့
ကျွှန်တော်က စောင့်ပေးပါတယ် လူနာရဲ့ အမျိုးသားရောက်လာတော့ ဆရာ.. သူသားသမီးတွေက ပန်းတနော်မှာနေပါတယ် အခုကိုယ်ပိုင်ကားနဲ့ လာနေပါပြီ ဆရာကုရင်တော့
ယာယီပဲကုပါ ကျွှန်တော်တို့က ဆွဲဆန့်တာတော့ လက်မခံနိုင်ပါဘူး..တဲ့ ။အရိုးကျိုးရင် ပုံသဏ္ဍန်ပျက်သွားပါတယ် အရိုးပွင့်ကျိုးရင် နေသားတကျရှိအောင် ပြုပြင်ရပါတယ်
အခုတော့ ဆွဲမဆန့်ပါနဲ့တဲ့..။ ကဲ ဘယ်လိုကုရမလဲ ကျွှန်တော်နုတ်ဆက်ပြီးပြန်မယ်လုပ်တော့ ကျွှန်တော်ကို ဆရာခြေကြွခတဲ့ ငွေ၂၀၀ဝထုတ်ပေးပါတယ်။
တိုင်းရင်းဆေးဆရာလုပ်ရတာ ခံယူချက်နဲ့ လုပ်ရတာပါ သည်းခံရလွန်းလို့ တရားတောင်ပေါက်မတတ်ပဲလို့ေ ပြာရမလိုပါပဲ။တခါက အမျိုးသမီးတယောက်
က လက်တွေထုံနေတာ၂နှစ်ရှိပြီးပါရဂူတွေနဲ့လည်းကုပြီးပြီးမသက်သာဘူး၊နိုင်ငံခြားသွားကုရမလားပဲ ငွေတွေလည်းသောက်သောက်လဲပဲ ကုန်တာ..စသဖြင့် ကြွားတာဝါတာတွေနဲ့
ကျွှန်တော်ဆီရောက်လာပါတယ်။ ဆရာကတော့ ကုနိုင်မယ်မထင်ပါဘူး၊ ဒါပေမယ့် ဆရာစမ်းကြည့်ပေါ့ ဆေးကောင်းတွေသုံးကြည့်လေ..လို့ ခပ်တည်တည်ပဲပြောပါတယ်။
ကျွှန်တော်က လက်ချောင်းလေးတွေကျင်တာ၊ ထုံတာကို မေးပြီး လက်မောင်းဆစ် ၊ပခုံးသား၊ဇက်တွေစစ်ကြည့်ပါတယ် ။ပျောက်ရင် ဘယ်လောက်ပေးမလဲလို့ မေးတော့
ဆရာတောင်းသလောက်ပေးမယ်လို့ ပမာမခန့်ပဲပြန်ပြောပါတယ်။ခင်ဗျားကပျောက်ရဲ့ သားနဲ့ မပျောက်ဘူးလို့ပြောရင် ဘယ်လိုလုပ်မလဲ .မလိမ်ကြေးပေါ့နော်။
ကျွှန်တော် မြန်မာ့ရိုးရာနန်းတွင်းသွေးကြောပြင်ပညာနဲ့ စတင်ပြီးနိပ်နယ်ပါတယ်၊လက်မောင်းသွေးအိမ်ကြောကို ဖိထောက်တယ် လက်မောင်းကြောကိုနိပ်တယ်
အကြောပြင်ပညာတတ်သလောက်မှတ်သလောက်နဲ့ နိပ်လိုက်တဲ့ အခါ နာရီဝက်လောက်မှာ ဒီအမျိုးသမီးကို မေးကြည့်တော့ လက်ကလေးဆုပ်ဖြန့်လုပ်ပြီး
အင်းမထုံးတော့ဘူးတော့တဲ့..၊ခဏကြာလက်ချောင်းလေးတွေလုပ်ကြည့် လက်သီးဆုပ်ကြည့်အမျိုးမျိုးလုပ်ပြီး ဘယ်လောက်ပေးရမလဲ တစ်သောင်းလို့ ပြောတော့
ရှင့်ဟာကလည်းနိပ်ရုံ နိပ်တာ ဘာကုန်လို့လဲတဲ့ ရော့ ၃၀၀ဝတော့ယူပါတဲ့ ဗျာ။
ဒီလိုတွေလိုက်ရေးနေတာ ကိုယ့်ထမင်းရှင်တွေကို စော်ကားနေတာမဟုတ်ပါဘုူး။ဆေးဆရာတွေမှာ နဝရတ်ကတိသစ္စာဆိုတာရှိပါတယ်
လူနာနဲ့ ပတ်သက်နာတွေ ကို မပြောရပါဘူး၊ တိုင်ပင်တာတွေကို လျှို့ဝှက်ရပါတယ်။ဘာသာလူမျိုး၊ဆင်းရဲချမ်းသာမခွဲရပါဘူး။ တိုင်းရင်းဆေးဆရာတွေဟာ
လူအများစု အထင်သေးကြပေမယ့် ဝိနည်းသိက္ခာကတော့ သူတို့တွေမှာ စောင့်ထိမ်းရတာများပါတယ်။
ဆက်ရေးပါဦးမယ်…….. အားပေးကြတယ်ဆိုရင်ပေါ့
38 comments
kai
January 6, 2012 at 4:54 pm
ကိုရင်ထက်ဝေးရေ..
Edit နဲ့ပြင်ပြီး ဆက်ရေးတင်လို့ရပါတယ်နော..။
ဆက်ရေးပါဦး..အခုက တန်းလန်းကြီး…။
amatmin
January 6, 2012 at 5:03 pm
ကိုထက်ဝေ ရေ..
ဆက်ပါဦးဗျ.. အတော့်ကို စိတ်ဝင်စားပါတယ် မှတ်တမ်းလေး လုပ်ပြီးသာ ကုလိုက်လို့ကတော ့..
ဆေးဆရာအတွက် ပျားရည်ဆမ်းထားတဲ့ လမ်းဖြစ်သွားမှာဗျို့….
amatmin
January 6, 2012 at 10:10 pm
ဆရာထက်ရေ.
ဆရာ မှတ်တမ်းလေးတွေ နဲ့ကုထားတာကို သေချာမသိလိုက်လို့ မှတ်တမ်းလေး နဲ့လို့ပြောလိုက်မိတာနော်..ကျနော် သိပ်မမှီလိုက်တဲ့ အဘိုးလည်း တိုင်းရင်းဆေးဆရာပါ ။ တိုင်းရင်းဆေးဆရာတွေ ကိုလူတွေက သိပ်အထင်မကြီး တော့မှတ်တမ်း နဲ့သာဆို ဘယ်လို ထပ်ပြောကြမလဲ ဆိုတဲ့အမြင်နဲ့ ပြောလိုက်တာဗျ..
အားပေးပါတယ်ခင်ဗျာ….
ဆူး
January 6, 2012 at 5:19 pm
အခုလို ရေးဖြစ်သွားတာ ဝမ်းသာပါတယ်။
တိုင်းရင်းဆေး ဆရာတွေကို အထင်အမြင်သေးတတ်တဲ့ လူတွေ အထင်မကြီးပဲ လျှောက်ပြောတဲ့ လူတွေကို သဘောမကျလှပါဘူး။ တကယ်ကုတတ်လို့ ပျောက်ပြီး စိတ်ချမ်းသာသွားတဲ့ လူတွေ အများကြီးပါပဲ။ တိုင်းရင်းဆေးနဲ့ ကုရင်တောင် ခပ်ပေါပေါ ခပ်ကြောင်ကြောင် အသိဉာဏ်နည်းလှချည်လားလို့ ပြောတတ်တဲ့ လူမျိုးတွေကို တိုင်းရင်းဆေးပညာ ဂုဏ်ငယ်နေရတာကို ပပျောက်အောင် ရေးနိုင်မဲ့ စာရေးဆရာမျိုး ရှိစေချင်တာ အမှန်ပါပဲ။
ဆက်လက်ရေးသားပါ ကြိုဆိုပါတယ်။ ဆူး တော့ အမြဲအားပေးမယ်နော်..
nature
January 6, 2012 at 5:35 pm
ဆရာထက်ရေ။ ကြိတ်ထား။ သူကြီးကဆက်ရေးပါတဲ့ ။အားပေးနေပြီ။ အဆင်ပြေရင်ရိုက်ထားတဲ့ ဓါက်မှန်လေးတွေပါတွဲတင်ပေးပါလား ။သူကြီးက သက်သေပါမှ ကြိုက်တာ။
htet way
January 6, 2012 at 6:24 pm
ဝမ်းသာလိုက်တာမဆူးရယ် အခုလေးတင် ဦးလက်ပံဆိုတဲ့ ကျောင်းကုန်းမြို့နယ်ထဲက
လူတယောက် ချော်လဲပြီးရင်ဘတ်က်ု သစ်တုံးနဲ့ဆောင့်မိတာ ရောက်လာပါတယ်
ရင်ရိုးအက်သွားတယ် ကျွန်တော် ဆေးစည်းပေးလိုက်ပါတယ် ၊ဒီမှာကတော့ အရိုးနဲ့
ပတ်သက်ရင် တိုင်းရင်းဆေးနဲ့ပဲကုပါတယ်။ မနေ့က ကျွှန်တော် မြောင်းမြကပြန်လာတာပါ ရောက်ရေက်ချင်းပဲ အသက်ရဝလောက်ရှိတဲ့
တရားထိုင်တဲ့ ယောဂီအဘွားတယောက် ချော်လဲတာ ပေါင်လည်ပင်းရိုးလေး အက်ကျိုး
ကျိုးသွားလို့ သွားကုပေးခဲ့ပါတယ်။အဘွားကို ဘုန်ကြီးကျောင်းမှာနေပါတယ်။အရမ်းဆင်း
ရဲတော့ အိမ်မဲမြို့ပေါ်က လူတယောက်က ကျွှန်တော် အခမဲ့ ကုပေးတာကို သူလည်းကုသိုလ်လိုချင်တယ်ဆိုပြီး ကုန်ကျစရိတ်ကျခံခဲ့ပါတယ်။ ကိုနေချားရေ ဓါတ်မှန်တင်ရင်
ကျွှန်တော်ဆီမှာ အချပ် ၁၀ဝကျော်လောက်ရှိပါတယ်။ကျွှန်တော် လူပုဂိုလ်ဓါတ်ပုံပါတင်ပေးပါ့မယ်
သူကြီးကိုလည်းရန်ကုန်လောက်ဆို လက်တွေ့ပြချင်ပါတယ်။အခု ရန်ကုန်မှာ ဇက်ရိုးကျီးပေါင်းလူနာ
ပျောက်သွားတာ၁ဝဦးလောက်ရှိနေပါတယ် ကိုနေချားနဲ့ တွေ့တဲ့ အချိန်ကစလို့ပေါ့။တယောက်ဆို ဇက်ရိုးမှာအတက်ထွက်တာပါ အခုကောင်းသွားပြီ၊တင်ပေးပါ့မယ်။အရိုးကျိုးတာကိုလည်းရက်ပိုင်းနဲ့ ပျောက်တာပြချင်ပါတယ်။
သူကြီးခင်ဗျာ ကျွှန်တော်တင်လိုက်တာ အပြည့်ပါ ။ဆက်တင်မှာပါခင်ဗျား။သက်သေလည်းတင်
ပေးပါ့မယ်
မှော်ဆရာ
January 6, 2012 at 6:47 pm
အင်း ဂေဇက်က ဆရာတွေကလဲ သူ့လိုင်းနဲ့ သူတော့ လူစွမ်းကောင်းကြီးပဲနော် ..
အားပေးပါတယ် ဆရာထက်ဝေးရေ ..
htet way
January 6, 2012 at 7:21 pm
ညီလေးမှော်ဆရာရေ
အကိုလည်းမင်းကိုခင်တယ်ကွာ အကူညီလိုရင်ပြောကွာ တတ်သည့်ပညာလေးနဲ့ပေါ့
လူငယ်သလောက်တော်တဲ့ ညီလေး (လူပျိုလေးလား)
သတိရပါတယ်ဗျာ။အကို ကတော့ သိပ်မစွမ်းပါဘူး ငါ့ညီလေးက အကိုထက်စွမ်းပါတယ်
တခါတုန်းက ပြောဖူးသလားလို့ အကိုက အသက်ကြီးတော့မေ့နေပြီကွ လူပျိုလေးထင်ပါတယ်
ဘယ်သူလည်းကလေးတယောက် အဖေဆိုတာ အင်း ကမ်းဝေးလား ကိုရင်စည်သူလား
မေ့နေပြန်ပြီ။တွေ့မှမေးအုံးမယ်
မှော်ဆရာ
January 7, 2012 at 9:15 am
မေ့တတ်ရန်ကော ဆရာထက်ဝေးရယ် ..
ကျွန်တော်က လူပျိုဗျ …
ကလေးအဖေက ကစည် ရယ် ကမ်းကြီးရယ်
ကစည်က တစ်ယောက် ၊ ယောကျင်္ားလေး
ကမ်းကြီးက ယောကျင်္ားလေးတစ်ယောက် မိန်းကလေးတစ်ယောက်
ယောကျင်္ားလေးတစ်ယောက်က အရင်အိမ်ထောင်နဲ့ ရတာလေ ..
ကိုရင်စည်သူ
January 7, 2012 at 4:57 pm
တေရော.. တေရော.. တေရော…
တားတို့ကိုများ ကလေးတစ်ယောက်အဖေတဲ့
သူများတို့က ပါကင်စစ်စစ်လေးတွေ…
ကိုထက်ဝေကြီးလို လူပျိုကြီးလုပ်မှာ.. ဟီးး ဟီးး
ဒါနဲ့ စကားမစပ်…
ကိုရင်ထက်ဝေရေ အားပေးတယ်ဗျာ.. တိုင်းရင်းဆေးကိုလည်း
လေးစားတယ်။ တိုင်းရင်းဆေးဆရာတွေကိုလည်း လေးစားတယ်
ဗေဒင်ဆရာတွေကိုလည်းလေးစားတယ်။ စာရေးဆရာတွေကိုလည်းလေးစားတယ်။
ကိုယ်တိုင်အတွေ့အကြုံလေးများများရေးပေး။
ဟိုနေ့တွေ့ဆုံပွဲက လက္ခဏာ တွေ့လိုက်တုန်းက ကျနော် ဟောချင်ပေမယ့် မေ့သွားလို့
မဟောဖြစ်လိုက်ဘူး။
ကိုရင်ထက်ဝေ ဒီတစ်နှစ်အတွင်း နာမည်ဂုဏ်သတင်းကျော်ကြားကိန်းမြင်တယ်။
၂၀၁၂ မှာ နေရာပြောင်းရွှေ့ကိန်းမုချကြုံလိမ့်မယ်။ မိန်းမကိစ္စတော့ ရှောင်နိုင်သမျှရှောင်လေ
အောင်မြင်လေပဲဗျို့… အဲ့ဒါ ကျနော် အဟောလေးနဲ့
ကိုရင့်ထက်ဝေပို့စ်ကို ဉာဏ်ပူဇော်ပေးသွားပါတယ်နော့…
ခင်မင်လေးစားတဲ့
ကိုရင်စည်သူ
ငပေါက်ဖော်
January 6, 2012 at 7:22 pm
အားပေးတယ်ခင်ည
ဆက်ရေးပါဦး..
တစ်ကယ်အားပေးပါတယ်.
htet way
January 6, 2012 at 7:35 pm
ဆရာပေါက် တကယ်ပြောရင် တကယ်ရေးပါ့မယ်
ကျွှန်တော်ကလည်း လက်ပြင်ထားပါတယ်
sealion
January 6, 2012 at 7:41 pm
ဆက်ရေးပါအုံး အကို ရ သိပ်စိတ်ဝင်စားဖို ့ ကောင်းတယ် တခြားရောဂါ ကုတဲ ့ဇာတ်လမ်းလေးတွေလဲ အချိန်ရရင်ရေးပါဗျာ
padonmar
January 6, 2012 at 8:00 pm
ဆရာထက်ရေ
စာရော ပညာရော အားပေးပါတယ်နော်၊
အရိုးအကြောနဲ့ပတ်သက်ရင် တိုင်းရင်းဆေးစစ်စစ်တွေစွမ်းတယ်ဆိုတာ လက်ခံပါတယ်။
MaMa
January 6, 2012 at 8:21 pm
အင်းးးးး ဒီရွာထဲမှာ ရာဇဝင်ရှိတယ်။ တိုင်းရင်းဆေးနဲ့ ပတ်သက်လာရင် တုတ်ထမ်း၊ ဓားထမ်း ပြောရမယ်။ 😆
windtalker
January 6, 2012 at 8:59 pm
“မြန်မာ့ရိုးရာနန်းတွင်းသွေးကြောပြင်ပညာ” ကို အသုံးချကာ လူနာများ ကို ကုစားပေးသော
“မြန်မာ့ရိုးရာနန်းတွင်းသွေးကြောပြင်ပညာ” ပညာ ကို ဖြန် ့ချီသော သမားတော်ကြီး ဖြစ်ပါစေ ဗျာ
Foreign Resident
January 7, 2012 at 5:44 am
ကို htet way ရေ
အဘ အားပေးပါတယ်ကွယ် ။
မြန်မာ့ တိုင်းရင်းဆေး အတွက် ကြိုးစားပေးကြပါအုန်း ။
အခု အနောက်တိုင်း ဆေးဆိုတာကလည်း
အနောက်တိုင်း တိုင်းရင်းဆေး ကနေဘဲ စခဲ့ကြတာပါပဲ ။
သူတို့က စနစ်တကျမှတ်တမ်းတင်ခဲ့ပြီး သုသေသန အားကောင်းခဲ့လို့
အခုအချိန်မှာ အနောက်တိုင်း ဆေးတွေက တွင်ကျယ်အားသာနေတာပါ ။
အရှေ့တိုင်းမှာက ဗုဒ္ဓဘာသာ ( ထေရ + မဟာယာန ) ရဲ့ အဆုံးအမတွေကြောင့်
ရှေးရိုးစွဲလွန်းပြီး ရောင့်ရဲလွယ် သည်းခံလွယ် တဲ့ အတွေးအခေါ်တွေထွန်းကားခဲ့တဲ့အတွက်
တဖြည်းဖြည်း တုံးလာပြီး ကိုလိုနီကျွန်ပြုခံရပြီး အောက်ကျနောက်ကျဖြစ်သွားတာပါ ။
ပြီးခဲ့တဲ့ 2011 ခုနှစ်အတွက် အမေရိကန်နိုင်ငံ ရဲ့ ဂုဏ်သိက္ခာ အရှိဆုံး ဆေးပညာဆုကို
( အမေရိကန်နိုင်ငံ ရဲ့ ဆေးပညာ နိုဘယ်ဆုလို့ ပြောရမယ့် )
တရုတ်နိုင်ငံသူ တိုင်းရင်းဆေးသုသေသန ပညာရှင်က ရသွားပါတယ် ။
ငှက်ဖျားရောဂါကို ကုသဖို့
လက်ရှိ ကမာ္ဘ့အစွမ်းအထက်ဆုံးဆေး / Last line Defense ဆေး
” Artemisinin ” ( အာတီဆူနိတ် / အာတီမီတာ တင်တယ်လို့ လူသိများတဲ့ ) ကို
ရှာဖွေတွေ့ရှိခဲ့လို့ပါ ။
သူမဟာ ဒီဆေးနည်း
( Qinghao — Artemisia annua L., or sweet wormwood သစ်ပင် ) ကို
ရှေးဟောင်း တရုတ် တိုင်းရင်းဆေးကျမ်းထဲက ရှာဖွေတွေ့ရှိခဲ့တာပါ ။
အဲဒီတော့ အရှေ့တိုင်း တိုင်းရင်းဆေး ပညာဟာ မညံ့လှဘူးဆိုတာတွေ့နိုင်ပါတယ်။
ကြိုးစားပေးကြပါအုန်း ။
Foreign Resident
January 7, 2012 at 5:50 am
Reference ပါကွယ်
—http://www.asianscientist.com/academia/tu-youyou-%E5%B1%A0%E5%91%A6%E5%91%A6-2011-lasker-debakey-clinical-research-award-artemisinin-malaria/—
—http://www.winvivo.com/BotanicalNewsPrestigiousAmericanMedicalPrize.html—
—http://www.usatoday.com/tech/science/story/2011-09-12/lasker-awards/50371124/1—
ကြောင်ကြီး
January 7, 2012 at 1:20 pm
ဟုတ်တယ်ဗျို့ တရုတ်ပြည်က တိုင်းရင်းဆေးသမားတော်ချုပ်ကြီး အညှော်မိပြီး အဖျားမပျောက်တာ မြန်မာပြည်က မောရိယမန်းဆေးတိုက်လိုက်တာ ပျောက်သွားတယ်။ ပြောပြတာပါ မြန်မာတွေလည်း မညံ့ကြောင်း….
Khin Latt
January 7, 2012 at 6:46 am
ကျွန်မ အဖွား လေဖြတ်ပြီး တော့ အင်္ဂလိပ်ဆေး တွေ နဲ့ အရင်ကုပါတယ်။ လက်ကပ် နေတာ လက်လေ့ကျင့်ခန်း လဲလုပ်ပါတယ်။ ဘယ်လိုမှ မပျောက်ပါဘူး။
နောက်မှ မြန်မာ တိုင်းရင်းဆေးဆရာကြီး ကို ပင့်ပြီး အနှိပ်ခံ၊ ဓာတ်စာလို စားပြီး တော့ ပျောက်ပါတယ်။
အဲဒီ ဓာတ်စာ ကတော့ Balance Diet ဖြစ်အောင် လုပ်ဖို့ တော့လိုတာပေါ့နော်။
လူမမာ ကို အဟာရပြတ်စေမဲ့ ဓာတ်စာတော့ မဖြစ်သင့်ဘူး ထင်ရဲ့။ နှိပ်တာကတော့ အကြောပညာ သိမှ အမှန်အကျိုးဖြစ်မှာ ဆိုတော့ ဆရာ့ ပညာ က တန်ဖိုးရှိလှပါတယ်။
တကယ်တော့ ရွှေဘုံသာလမ်း မှာတောင် ဆရာဝန် တစ်ယောက် တိုင်းရင်းဆေး နဲ့ပါတွဲကုတာ ရှိတယ်မဟုတ်လား။ ဘယ်မှာမဆို အစွန်းမရောက်ဖို့သာ လိုပါမယ်။
ကျွန်မ သူငယ်ချင်း တစ်ယောက် ကတော့ လိမ်းဆေး၊ သောက်ဆေး မြန်မာဆေး အစုံ ကို ဆောင်ထားပြီး နေတာ။
စံနစ်တကျ အကျိုးအကြောင်းမှန် အသေအချာ Research လုပ်ပြီး တီထွင် နိုင်ရင် ကျွန်မတို့ မြန်မာ တိုင်းရင်းဆေး လဲ ဘာလို့ ကမ္ဘာမကျော်ရမှာလဲ နော်။
~~~ ဘယ်လောက်ပေးရမလဲ တစ်သောင်းလို့ ပြောတော့ ရှင့်ဟာကလည်းနိပ်ရုံ နိပ်တာ ဘာကုန်လို့လဲတဲ့ ရော့ ၃၀၀ဝတော့ယူပါတဲ့ ဗျာ။ ~~~
အံ့ဖွယ်သုတဘဲ။ နောက်တစ်ခါဆိုရင် ဆရာရေ – ဘာမှ မလုပ်ခင်ကတည်း က ပညာခ ကို ကြိုပြောထားပေါ့။
အားပေးပါတယ်။ ဆက်ရေးပါဦး။ ဗဟုသုတတိုးပါတယ်။
Khin Latt
January 7, 2012 at 6:50 am
~~~ ဆရာကုရင်တော့ ယာယီပဲကုပါ ကျွှန်တော်တို့က ဆွဲဆန့်တာတော့ လက်မခံနိုင်ပါဘူး..တဲ့ ။အရိုးကျိုးရင် ပုံသဏ္ဍန်ပျက်သွားပါတယ် အရိုးပွင့်ကျိုးရင် နေသားတကျရှိအောင် ပြုပြင်ရပါတယ်
အခုတော့ ဆွဲမဆန့်ပါနဲ့တဲ့..။ ~~~
ဆရာရေ ကျွန်မ လဲ ဆေးပညာကို နားမလည်ပါဘူး။ ဒါပေမဲ့ ကျိုးတဲ့ လက်ကတော့ ဆေးရုံမှာ ကျောက်ပတ်တီး စီးမှ ပိုသင့်တော်မယ် ထင်လို့ပါ။ 😀
ဆူး
January 7, 2012 at 10:55 am
အန်တီ ရေ.. ဆူး ဆို ငယ်ငယ်က ၂ခါတောင် ဖြစ်ဖူးပါတယ် အက်တာနဲ့ ကျိုးတာပါ။
၃တန်းမှာ တခါ ၄တန်းမှာ တခါ.. ညာလက်ကျိုးပြီး နေရာကလည်း သိပ်မကွာလှပါဘူး။ ကျောင်း ၁လစီ နားလိုက်ရပါတယ်။
၃တန်းတုန်းက ပထမ အကြိမ် ပါ ကျိုးတာ မဟုတ်ပဲ အက်သွားတာပါ.. ကျောင်းမှာ ဆော့ရင်းနဲ့ ရေတွေ နင်းပြီး ချော်လဲလို့ အရိုးအက်သွားပါတယ်။ ကိုယ်ဟာ ကိုယ်ဖြစ်တာ ဘယ်သူမှ မပြောပဲ ဒီလိုပဲ နာနာ နဲ့ နေရင်းနဲ့ ၃ရက်လောက်နေတော့ လက်က ကြီးပြီး ယောင်လာလို့ အမေက မေးမှ ပြောပြတာနဲ့ တရုတ်ဆေးဆရာ သွားစည်းဖူးတယ်။ ဆေးဆရာက ကျဉ်းပေါင်းတက်ချင်သလို ဖြစ်နေပြီတဲ့ ဆေးဆရာ ကတော့ ဆွဲပြီး တည့်လိုက်တာ တော်တော် နာတာ မှတ်မိနေတယ်။ ပြီးတော့ ဒုတ်ခံပြီး ပတ်တီးစီးပေးလိုက်တယ်။
၄တန်း နှစ်တုန်းကလည်း ချော်လဲပြီး ကျိုးတာပါပဲ.. ချော်လဲကျိုးတာ.. တခြား မဟုတ်ဘူး သိုင်းသင်တန်း တက်ပြီး ကြွားပြနေတဲ့ အကို တစ်ယောက်ကို သွားပြီး ရုပ်ရှင်ထဲကလို ပြေးပြီး စောင့်ကန်တာ အကျမတော်တော့ ကျိုးသွားပြန်ကော.. ဘယ်ရမတုန်း လူကြီးတွေ သိအောင် အသံပြဲကြီးနဲ့ အော်ငိုပြလိုက်တယ်။ သနားကမား ရုပ်နဲ့ မနှစ်က ကုတဲ့ တရုတ်ဆေးဆရာဆီ အပြေးသွားကုပေးကြတယ်။
တရုတ်ဆရာက လက်ကြည့်ပြီး ဒီတခါ ပိုဆိုးတယ်တဲ့ လက်အရိုးက ကျိုးပြီး လည်သွားတာ တနေရာစီ ဖြစ်သွားလို့.. ဆွဲ လှည့်ရမယ် ပြန်တည့်ရမယ် ဆိုပြီး လှည့်ပေးလိုက်တာ အသည်းခိုက်အောင် နာပါတယ်.. တကြိမ်တခါ အသည်းခိုက်အောက် နာပြီး ဆွဲ လှည့်လိုက်တာ တခါတည်း ပုံကျ ပန်းကျ လှပတဲ့ လက်ကလေး ဖြစ်သွားပါတယ်။
အခုထက်ထိ အများနဲ့ တန်းတူ ကျိုးထားမှန်း မသိသာပါဘူး။ ပူရင် အေးရင် နာတာ ကိုက်တာ မရှိပါဘူး.. မကျိုးဖူးတဲ့ လက်နဲ့ ကျိုးဖူးတဲ့ လက်နဲ့ ဘာမှ မထူးခြားပါဘူး.. ကျိုးတဲ့ လက်က သန်တဲ့ လက်ဖြစ်နေလို့ သူက မကျိုးဖူးတဲ့ လက်ထက်တောင် ပိုပြီး သန်မာပါတယ်။
ကျောက်ပတ်တီးတော့ တခါမှ မစီးလိုက်ရပါဘူး..
အနှစ်ချုပ်လိုက်တော့ ကျောက်ပတ်တီး မစီးလည်း ပျောက်အောင် ကုနိုင်တဲ့ ဆရာတွေ ရှိသလို ကောင်းကောင်းမွန်မွန် ရှိနေလျှက်ပါဆိုလိုတာပါ..
တိုင်းရင်းဆေးဆရာ အကြောင်းပြောရင်းနဲ့ တရုတ်ဆေးဆရာ ကြေညာသလို ဖြစ်နေပြီ။
Khin Latt
January 7, 2012 at 9:59 pm
ဆူးရေ – အစ်ကို မောင် တွေနဲ့ ရင်ဘောင်တန်း ကာ ကစားနိုင်သူ ထင်ပါရဲ့။ (မျောက်မူးလဲ ဆိုတာ ကြားဘူးတယ် jk ;-))
ဆူး အတွေ့အကြုံ လေးနဲ့ တွဲရှင်းပြ တော့ တိုင်းရင်းဆေး တွေ၊ တရုပ်ဆေး တွေ စွမ်းကြောင်း ပိုပြီး အန်တီတို့ အတွက်ပို သက်သေခိုင်သွားတာပေါ့။
ဒီလို တစ်ယောက်သိတာ တစ်ယောက်ကို မျှ ဝေ နေတာ လေးတွေကြောင့်နဲ့ ဒီဂေဇက် က လှနေတာ ဆိုရမယ်။
ကျေးဇူးဘဲ ဆူးရေ။
ဆူး
January 8, 2012 at 10:43 am
အန်တီရေ.. ဆူး ကတော့ ငယ်ငယ်ကတည်းက အကြောတင်းတယ်.. မထင်ရင် မထင်သလို လုပ်တတ်သလို မှန်တယ် ထင်ရင် ကြိမ်လုံးလည်း မကြောက်ဘူး.. အရမ်းခေါင်းမာတတ်တယ်။ အိမ်က လူကြီးတွေကတော့ ရိုက်ရင် တောင် မငိုတတ်လို့ တခုခု ဖြစ်လို့ ငိုပြီဆို အရမ်းသနားတယ်။
မျောက်တော့ မူး မလဲနိုင်ဘူး.. မျောက်လန့် ပြေးရမှာ.. ဟိဟိ..
htoosan
January 7, 2012 at 10:17 am
ကိုထက်ဝေးရေ.. ဆက်သွယ်ရန် လိပ်စာလေးများ တင်ပေးနိုင်ပါသလား..
နွယ်ပင်
January 7, 2012 at 10:39 am
စိတ်ဝင်စားဖို့ကောင်းပါတယ် ကိုထက်ဝေးရေ
ဆက်ရေးပါဦး ……………
tt lay
January 7, 2012 at 3:29 pm
ကိုထက်ဝေးရေ ဆက်ရေးဖို့ တောင်းဆိုပါရစေ။ ကျွန်မအမေက တိုင်းရင်းဆေးသုံးတာ များပါတယ်။ လိပ်စာလည်းသိချင်ပါတယ်ရှင်။
htet way
January 7, 2012 at 7:32 pm
ဒီလို ဝေဖန်အားပေးတာကျေးဇူးပါ
လက်ကျိုးလို့ ကျောက်ပတ်တီးစည်းတာလဲကောင်းကြပါတယ်
သို့သော်ဖုဖေါင်းကြလို့ကောက်ကြလို့ စိတ်ညစ်သူတွေမနည်းပါ။
Daw Khin Latt ကို တင်ပြလိုတာက ကျွှန်တော်တို့တိုင်းရင်းဆေးအရိုးဆက်ပညာဟာ
ရှေ့ကတည်းကရှိပြီး ယခုထိ အမြန်ဆုံးနဲ့ အကောင်းဆုံးရှိနေတာပါပဲ။
ဒါကလည်းမကြုံဘူးတော့မယုံဘူးဆိုသလို အပြစ်မမြင်ပါ။ရွာသားအချင်းချင်း
တွေ့ဆုံပွဲလေးလုပ်ပြီး သက်သေပြချင်ပါတယ်။(ဓါတ်မှန်ကိုပြောတာပါကိုနေးချားရေ)
ဖတ်ပြီးဝေဖန်တာကိုပဲကျေးဇုူတင်ပါတယ်။
Khin Latt
January 7, 2012 at 10:01 pm
ဆူးရှင်းပြလို့ သက်သေ ရသွားပါပြီ ဆရာ ရေ။ ဒါထက်ပိုအောင်မြင်ပါစေ ဆုတောင်းပါတယ်။ 🙂
nature
January 7, 2012 at 11:57 pm
ကျွန်တော့်မိတ်ဆွေ တယောက်ဆိုလေဖြတ်သွားတာ ၆လလောက် ကုလို့မရဘူး။ တိုင်းရင်းဆေးနဲ့ကုမှ တဖြေးဖြေးသက်သာသွားတယ်။ လေဖြတ်တာကို တိုင်းရင်းဆေးနဲ့ကုလို့သက်သာတာကိုယ်တွေ့ဆို ၂ယောက်ရှိတယ်။
htet way
January 8, 2012 at 3:54 pm
လေဖြတ်တာကို တိုင်းရင်းဆေးနဲ့ ကုလို့ပျောက်ပါတယ်
တခုရှိတာက ဆေးကို စွဲစားရမယ်သက်သာရုံမက အကောင်းတိုင်းနီးပါးတွေ့ဖူးပါတယ်
အချိန်ယူရပါတယ် လူနာကလည်းဆရာရဲ့ စကားအတိုင်းနေထိုင်ဖို့လိုအပ်ပါတယ်
အပေါ်က လိပ်စာမေးသူတွေအတွက်ကတော့ ဖုန်း0973234101ကို ဆက်သွယ်ပါ။
ရန်ကုန်ပုသိမ် မြောင်းမြ အိမ်မဲ နေရာ၃ခုကို ၂လလောက်လှည့်လည်နေပါတယ်။နောက်ဆိုရင် နေရာပြောင်း
မယ်ထင်ပါတယ်။ရန်ကုန်မှာ ဆေးခန်းဖွင့်ဖို့ အစီအစဉ်ရှိပါတယ်။လတ်တလောအိမ်မဲ (ဧရာဝတီတိုင်း)ဇာတိချက်ကြွေမှာနေပါကြောင်း။
ဦးဦးပါလေရာ
January 8, 2012 at 5:38 pm
ရိုးရှင်းပွင့်လင်းစွာပြောဆိုတတ်တဲ့ ကိုထက်ဝေးကို ခင်မိသဗျာ။
ကျွန်တော်ကတော့ တိုင်းရင်းဆေးဝါးတွေကို ကိုယ်တွေ့ရော မြင်ရကြားရတာတွေကြောင့်ပါ
ယုံရုံမက အားပါကိုးတဲ့ လူတယောက်ပါ။
ဒီပိုစ့်လေးတွေရေးတာ တိုင်းရင်းဆေးနည်းကောင်းတွေကို ပွဲထုတ်ပေးရာရောက်ပါတယ်။
လူတွေ အကျိုးများစေတာပေါ့ …။
တနေ့ အေးအေးဆေးဆေး ဆုံချင်ပါသေးတယ်။
fatty
January 8, 2012 at 5:48 pm
ကိုရင်ထက်ဝေးရေ အင်မတန်တန်ဖိုးရှိတဲ့ပိုစ်ပါ ရေးပါဗျာ ဆက်တိုက်ဆက်တိုက် ….
အကျိုးရှိမဲ့ ဆေးနည်းလေးတွေတချို့လဲဖော်ပြပေးဖို့တောင်းဆိုပါတယ် .. နော ..။
Novy
January 9, 2012 at 2:50 pm
မနိုရဲ့ အဖွားကိုလဲ တရားချနေတယ် ကိုထက်ဝေးရေ
အဖွားကလည်းပြောပါတယ် သူ့ဒူးခေါင်း ကျီးပေါင်းက ဖြစ်နေတာ နှစ်နဲ့ချီနေပြီတဲ့
ပျောက်ပါ့မလားဟယ်တဲ့
nature
January 9, 2012 at 7:41 pm
Novy ရေ။ ဆရာထက်နဲ့ဆက်သွယ်လိုက်လေ။ ဖုံးနံပါတ်သိလား။ မကုခင်ဓါက်မှန်အရင်ရိုက်ပြီးသူကြီးဆီသက်သေခံတင်ထား။ ပြီးမှကု။
nozomi
January 9, 2012 at 3:04 pm
ကိုထက်ဝေး ရေ အကျိုးရှိတဲ့ ဒီလို ပို့စ် မျိုးလေးတွေကို အားပေးပါတယ်
တခြားရောဂါတွေ အတွက်ပါ ရေးပါဦးနော
etone
January 9, 2012 at 4:52 pm
ကိုထက်ဝေးရေ .. အားပေးပါတယ်နော် ဆက်ရေးပါ … ။ တချို့တိုင်းရင်းဆေးတွေ စွမ်းပြီဆိုလျှင် အနောက်တိုင်းဆေး လိုက်မမှီပါဘူး … အဲ့ဒီလို အဖြစ်ပျက်လေးတွေလည်း ရှိခဲ့ပါတယ် … ။
ကိုထက်ဝေးရဲ့ အတွေ့ကြုံအရ ကိုယ့်ကို မယုံကြည်တဲ့ လူကိုတောင် ဆေးကုပေးခဲ့ရတယ်နော် … အတော်ခံပြင်းတဲ့ စိတ်ခံစားမှု ဖြစ်ခဲ့မှာပါပဲ … ။ ဒါပေမယ့်လည်း ကိုယ့် ယုံကြည်ချက်နဲ့ အပြောတွေကို အလုပ်က အနိုင်ယူလိုက်နိုင်တာ .. ဝမ်းသာ ပီတိဖြစ်မိပါတယ် … ။
တတ်ထားတဲ့ ပညာတွေနဲ့ ဝေဒနာရှင်တွေကို အကျိုးပြုနိုင်ပါစေလို့ ဆုတောင်းပေးပါတယ် … ။ 🙂
hmee
January 9, 2012 at 6:21 pm
ကျွန်မအဖေက ပြောဖူးတယ် တိုင်းရင်းဆေးဆရာ တယောက်ဟာ ဆေးသာကုရတာ လူနာက အထင်ကြီးတာမဟုတ်ဘူးတဲ့။ ကုလို့ပျောက်သွားရင်လည်း ကျားလောက်ဆိုးတဲ့ခွေး ယဉ်လာမှ ငွေရတာတဲ့။ ငွေတောင်းရလွန်းလို့ အိမ်ခဏခဏ လာရင်းနဲ့ လာရလွန်းလို့ ခွေးကခင်မှ ငွေရတာတဲ့။
အဖေလည်း စိတ်ဝင်စားလို့ တိုင်းရင်းဆေးကို လေ့လာနေတယ်။ ရန်ကုန်လာတိုင်း တိုင်းရင်းဆေးစာအုပ်တွေ ဝယ်ပြီး စုတော့တာပဲ။