Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

မြန်မာလေးတွေ မြန်မာမလေးတွေ မြန်မာလိုလှစေချင်

padonmarJanuary 8, 20124min1282108

ရွှေဘိုသားရဲ့ အမျိုးဂုဏ်ကို မဖျက်ဆီးပါနဲ့ ကိုဖတ်ရတော့

ရွှေဘိုသားကိုလည်း ထောက်ခံပေးရင်း စိတ်ထဲက ဖြစ်စေချင်တာလေးတွေ post တစ်ခုတင်ချင်ပါတယ်။

လွန်ခဲ့တဲ့ ၁-၂ လလောက်က ဂျာနယ်တစ်ခုထဲမှာ ဒါရိုက်တာ ကြည်ဖြူရှင် စင်္ကာပူမှာ ရုပ်ရှင် သင်တန်းတက်ပြီး ပြန်အလာ

အင်တာဗျူးဖြေထားတာလေး ဖတ်လိုက်ရပါတယ်၊

ကြည်ဖြူရှင်က စင်္ကာပူမှာ သူ မြန်မာဝတ်စုံဘဲတောက်လျှောက် ဝတ်ခဲ့ပါတယ်တဲ့။

ဒီလိုဝတ်တဲ့အတွက် သူ့ကို မြန်မာမှန်းသိပြီး အကူအညီတောင်းရင် အလွယ်တကူရခဲ့ပါတယ်တဲ့။

အရင် ကြည်ဖြူရှင့် ဓာတ်ပုံတွေ မဂ္ဂဇင်း ဂျာနယ်တွေမှာတွေ့ဖူးတာ သူလည်း ခေတ်ရဲ့ သမီးပျိုလေးပီပီ ဘောင်းဘီနဲ့ တီရှပ်နဲ့ အလုပ်လုပ်လို့ လွယ်ကူမယ့် ပုံစံဝတ်ဆင်တာတွေ့ဖူးပါတယ်။

နိုင်ငံခြားထွက်တဲ့အခါ မြန်မာဝတ်စုံလေး အသားပေးပြီး ဝတ်တယ်ဆိုတော့ သူ့စိတ်ဓာတ်ကလေး ကျွန်မတော့ ချီးကျူး မဆုံးပါဘဲ။

ဒါနဲ့ တဆက်တည်း ဖတ်ဖူးတာလေး ကောက်နှုတ် တင်ပြပေးချင်ပါတယ်။

ဒါရိုက်တာ ကြည်စိုးထွန်းရေး တောကြောင် မောင် ကျောက်ခဲ နှင့် အထွေထွေ မှတ်စုများ စာအုပ်ပါ “တစ်ဆယ်စုနှစ်ဓါတ်ပြားဟောင်း ” မှ

ယဉ်ကျေးမှုရိုးရာနဲ့ပတ်သက်ပြီး ဦးညီပုပြောသွားတဲ့ စကားတချို့ဟာ တော်တော်မှတ်သား အတုယူစရာကောင်းတာကိုတွေ့ရပါတယ်။

နိုင်ငံရပ်ခြားကိုသွားတဲ့အခါ ဘောင်းဘီရှည်ကြီးတွေ တကားကား၊ ကုတ်အင်္ကျ ီတွေတဖားတဖားဖား၊ လည်ပတ်ကြီးတွေ တကြွားကြွား ဝတ်ဆင်တတ်တဲ့
ပုဂ္ဂိုလ်များအနေနဲ့ ဦးညီပုရဲ့ အောက်ဖော်ပြပါစကားများကို ဂရုထားသင့်တယ်လို့ ထင်မိပါတယ်။

“ကျွန်တော့်ကိုယ်ကျွန်တော် သိဒ္ဓိတင်နေတာ မဟုတ်ပါဘူး၊

ကျွန်တော်တို့နိုင်ငံခြားသွားတဲ့ အခါတိုင်း ကျွန်တော်ဘယ်တော့မှ ဘောင်းဘီမဝတ်ဘူး၊ ဥရောပဝတ်စုံလည်းမချုပ်ဘူး၊

ကျွန်တော့်ရဲ့ ရည်ရွယ်ချက်ကဘာလဲ၊ မြန်မာ၊ မြန်မာကို နိုင်ငံခြားကသိအောင်လုပ်ချင်တယ်၊

ကျွန်တော်ဘောင်းဘီ ဝတ်သွားရင် ကျွန်တော့ကိုဘယ်လိုထင်မလဲ၊ ဖိလစ်ပိုင်လိုလို မလေးရှားလိုလို ထင်ကြမှာပါ၊

ကျွန်တော် ရုရှားလည်းရောက်ဖူးတယ်၊ ဂျာမနီ၊ ပြင်သစ်၊ တရုတ်ပြည်၊ အီတလီ ရောက်ခဲ့ပါတယ်။

မြန်မာလိုဝတ်သွား လို့ ဘယ်သူမှထူးထူးဆန်းဆန်း ဝိုင်းမကြည့်ကြပါဘူး၊

သိပ်အေးတဲ့ ရုရှား မိုးဥတုမှာတောင် ကျွန်တော် ဘန်ကောက်လုံချည်နဲ့ပဲနေခဲ့ပါတယ်။”

မိမိအမျိုးသားဝတ်စုံကို နိုင်ငံခြားမှာတောင် အမြတ်တနိုးဝတ်ဆင်တတ်တဲ့ ကျွန်တော်တို့ရုပ်ရှင် ဖခင်ကြီးအတွက် ဒီနေ့ကျွန်တော်တို့ ဂုဏ်ယူရမှာအမှန်ပါပဲ။

လွန်ခဲ့တဲ့ သုံးလေးနှစ်လောက်က ဆရာဦးသုခ နိုင်ငံခြားသွားတော့လည်း မြန်မာဝတ်စုံနဲ့ပဲသွားခဲ့ တယ်လို့ကြားသိခဲ့ရပါတယ်။

ဒါတွေအတွက် ကျွန်တော်တို့ဂုဏ်ယူရင်း ကျွန်တော်တို့ခေတ်ရောက်မှ သရုပ်ပျက်နေတာတွေဟာ

တစ်စိတ်တစ်ဒေသအားဖြင့် ကျွန်တော်တို့အားလုံးရဲ့တာဝန်ဖြစ်တယ်လို့
ခံယူရပါလိမ့်မယ်။

ကျွန်မတို့ရဲ့ သဂျီးမင်းဦးခိုင်နဲ့ သဂျီးကတော်ကိုလည်း ချီးကျူးချင်ပါတယ်၊

The Lady ရုပ်ရှင်ပွဲကို မြန်မာဝတ်စုံနဲ့ သွားတယ်ဆိုကတည်းက သူကြီးကို ပိုလေးစားသွားပါတယ်။

တကယ်တော့ မြန်မာဝတ်စုံလေးတွေဟာ အဖိုးနည်းဝန်ပါ ဆိုသလို လှလည်းလှပါတယ်၊

တန်ဖိုးလည်း သူ့နေရာနဲ့သူ ဈေးသက်သာတာလည်းရှိ၊ပွဲဝင်စေတာလည်းရှိပေါ့၊

ချည်ထည်လေးတွေဆို ရာသီဥတုနဲ့ အလွန်အဆင်ပြေပါတယ်။

ဒေါ်စုရဲ့ ပါးစပ်ကဖွင့်ပြောစရာမလိုဘဲ ကိုယ်တိုင်ဝတ်ဆင်ပြပေးနေတဲ့ ရိုးရာဝတ်စုံတွေကြောင့်လည်း ခုခေတ်မြန်မာမလေးတွေ ရိုးရာချည်ထည်တွေ ဝတ်လာကြပါပြီ၊

မြန်မာဝတ်စုံနဲ့ ယဉ်နေတဲ့ ဒေါ်စု
ချင်းရိုးရာ ဝတ်စုံနဲ့ဒေါ်စု (ဟောင်းပေမယ့် အမြဲသစ်နေမယ့်ပုံတွေပါ)

celebrity တွေလည်း ဒေါ်စုနဲ့တွေ့တဲ့ပွဲမှာ ဝတ်ကြတာတွေ့ရမှာပါ။

တဖြည်းဖြည်းဆွဲဆောင်သွားရင် မိန်းကလေးတွေဟာ ဘောင်းဘီတို စကပ်တိုလေးတွေအစား မြန်မာဝတ်စုံဝတ်ရတာ ဂုဏ်ယူစရာလို့ ခံယူလာပါလိမ့်မယ်။

ချည်ထည်ဝတ်စုံလေးတွေက ဈေးလည်းသက်သာပါတယ်။

ချည်ထည်ဆေးရေးလုံချည်၊ချည်သားပေါ် စီးကွင့်အလှထိုးထားတဲ့အကျီင်္ ဒီဝတ်စုံလေးက တစ်စုံလုံးမှ ကျပ်တစ်သောင်း မကျပါဘူး
ချည်နဲ့ မှန်ဇာပေါ်မှာ စီးကွင့်ထိုးထားတဲ့ ready made အကျင်္ီ နဲ့ ချည် ဆေးရေးလုံချည်လေး ဝတ်ခိုင်းပြီး အင်းလေးထဲမှာ ရိုက်ထားတာပါ။
ဒီမော်ဒယ်လေးဝတ်ထားတာကတော့ အင်းအကျီင်္လေးပါ (ကျပ်၄၀၀၀)လုံချည်က ချည်လုံချည် (ကျပ်၂၈၀၀)ပါ
ဒီအကျီင်္က အင်းအကျင်္ီ (တစ်ထည် ၄၀၀၀) လုံချည်က ချည် ဆေးရေး (၄၀၀၀) ပါဘဲ ၊ပုဂံမြို့ဟောင်းတစ်နေရာမှာပါ
လည်ကတုံးအကျီင်္ ၊ချည်ပုဆိုး ဟာ လူငယ်တွေ အတွက်လည်း လိုက်ဖက်ပါတယ်။မြန်မာလေးတွေလည်း မြန်မာဝတ်စုံဝတ်ကြစေချင်ပါတယ်၊မိန်းကလေးတွေကိုချည်း လက်ညှိုး မထိုးကြပါနဲ့။
မြန်မာဝတ်စုံလေးတွေဟာ ဘုရားသွားကျောင်းတက် ကျက်သရေ မင်္ဂလာရှိတဲ့ ဝတ်စုံလေးတွေပါ။
သူငယ်ချင်းမေအေးဦးကတော့ ဆရာမ ပီပီ ကလေးတွေ အတုယူစေဖို့ မြန်မာဝတ်စုံ အမြဲဝတ်ပြပါတယ်။အသက်ကြီးပေမယ့် မပျက်စီးသေးဖူးမလား၊(သူက သူ့ကို Volunteer လေးတွေက မာမီခေါ်ကြပေမယ့် ကျွန်မထက် ငယ်ပါတယ်။)(အသက်ကြီးပြီပြောလည်းကြိုက်ပါတယ်တဲ့) :D)

ဒီလိုဈေးသက်သက်သာသာနဲ့ ချည်ထည်တွေရနိုင်တဲ့ ဆိုင်လေးတစ်ဆိုင်ကို မိတ်ဆွေတွေညွှန်လို့ရောက်သွားရင်း ဝယ်ရတာလည်း အဆင်ပြေလို့ ရွာသူရွာသားတွေကို ထပ်ဆင့် လမ်းညွှန်ချင်ပါတယ်။

ဆိုင်ရှင်နဲ့ အမျိုးလည်းမဟုတ် အသိလည်းမဟုတ်ပါဘူး၊ကြော်ငြာခလည်းမရပါဘူး၊

ဈေးလည်းသင့်တင့်၊ ဆက်ဆံရေးလည်းကောင်း၊အကျီင်္ကျယ်နေရင် တစ်ခါတည်း စက်နဲ့ ပြင်ချုပ်ပေးတဲ့ ဝန်ဆောင်မှုလေးလည်းရှိတဲ့ ဒီ ရိုးရာထည်လုပ်ငန်းလေးကို
အားပေးချင်လို့ပါ(ကိုပေါက် မန်းလေးက ထမင်းဆိုင်လေး အကြောင်းရေးသလိုပေါ့)

ဇေယျာထက် ချည်ထည်အမျိုးမျိုး အမှတ် ၄၂/A ၊ ၉လမ်း၊လမ်းမတော် (၀၁-၂၂၉၂၂၁/၀၉-၄၉၃၀၈၄၃၅)ပါ။

သူကြီးတို့ မြန်မာပွဲတွေများ လုပ်ရင်လည်း တစ်ဦးစာမှ ဒေါ်လှ ၁၂.၅(မြန်မာငွေ ကျပ်တစ်သောင်း)တောင် မကျတဲ့ ဒီလို ဝတ်စုံလေးတွေ ဆင်ပေးသင့်ပါတယ်လို့ အကြံပေးချင်ပါတယ်။

“][/caption]

အန်တီပဒုမ္မာ့ပုံ မဟုတ်ဘူးနော်၊သူငယ်ချင်းရဲ့ ပွဲတက်မြန်မာဝတ်စုံလေးပါ၊ဒီလို အဖိုးတန် မြန်မာဝတ်စုံတွေနဲလည်း လှနိုင်ပါတယ်ဆိုတာပြချင်လို့ ခွင့်တောင်းပြီးရိုက်လာတာပါ။"မဟာသန္တိသုခ ကျောင်း အပေါ်ဆုံး ၁၁ ထပ်မှာပါ

108 comments

  • Phaung Phaung

    January 10, 2012 at 5:41 pm

    မန့်ထားတာတွေများလွန်းလို့ အားလုံးမဖတ်နိုင်တော့ဘူး … ကိုယ့်အတွေးလေးကိုပဲရေးလိုက်တော့မယ်…အမPandomar တင်ထားတဲ့ မြန်မာဝတ်စုံလေးတွေအားလုံးကြိုက်ပါတယ်…အခုခောတ်မှာ သရုပ်ဆောင်တွေအားလုံးက ရင်ရှားတွေ၊ ပေါင်တိုတွေပဲ ဝတ်ပြနေတော့ လူငယ်တွေက မြန်မာဆန်တာလေးတွေကို မေ့နေကြတယ်… သူတို့လိုလိုက်ဝတ်မှ လှတယ်ထင်နေကြတယ်… အဓိကကတော့ မော်ဒယ်တွေ၊သရုပ်ဆောင်တွေကစပြီး ယဉ်ကျေးမှုလမ်းကြောင်းပြင်သင့်တယ်ထင်ပါတယ်……… နော်………

  • padonmar

    January 10, 2012 at 9:19 pm

    yaungchikha says
    အကြိုက်တူလို့ ဝမ်းသာပါတယ်။
    လုံခြုံစိတ်ချရကြောင်း ကိုယ်တွေ့ထောက်ခံချက်ကလေးအတွက် ကျေးဇူးပါနော်။

    ကိုနိုဇိုမီ
    ဒီတစ်ခါတွေ့ဖြစ်ရင် မအိမ်သူပါ ခေါ်ခဲ့လေ။
    ကျွန်မတို့ စည်းရုံးရေး ဆင်းပေးပါမယ်။

    ပြည့်ပြည့်စုံစုံရေ
    ရှမ်းအကျီင်္လေးတွေဆို ဝရင်လည်း ဝတ်လို့လှတဲ့ design တွေပါ။

    ဇာလေး
    အန်တီပေးထားတဲ့ အညွှန်းက ချုပ်ခ မကုန်ပဲ ဝယ်ဝတ်လို့ရမယ့် နေရာပါ။နည်းနည်းပါးပါး ပြုပြင်ခိုင်းလို့လည်းရတော့ အဆင်ပြေ ပါလိမ့်မယ်။
    ဗိုလ်ချုပ်ဈေး၊သိမ်ကြီးဈေးတို့မှာလည်း လှလည်းလှ၊ဈေးလည်း သက်သာ တဲ့ ဆိုင်တွေရှိပါတယ်။
    လိပ်စာရရင် ထပ်တင်ပေးပါမယ်။

    ဖောင်းဖောင်းရေ
    အန်တီက မော်ဒယ်တွေပုံပြရင် မော်ဒယ်ပဲ လှမှာပေါ့လို့ ဆိုစရာဖြစ်မှာစိုးလို့
    သာမာန် လူထဲကလူ မိန်းကလေးတွေပုံနဲ့ post တင်တာပါ။
    မော်ဒယ်နောက် ခေတ်ကလိုက်သလို
    ခေတ်ကအားကောင်းရင် မော်ဒယ်တွေ ခေတ်နောက်လိုက်လာပါလိမ့်။

  • padonmar

    January 10, 2012 at 9:25 pm

    yaungchikha says
    အကြိုက်တူလို့ ဝမ်းသာပါတယ်။
    လုံခြုံစိတ်ချရကြောင်း ကိုယ်တွေ့ထောက်ခံချက်ကလေးအတွက် ကျေးဇူးပါနော်။

    ကိုနိုဇိုမီ
    ဒီတစ်ခါတွေ့ဖြစ်ရင် မအိမ်သူပါ ခေါ်ခဲ့လေ။
    ကျွန်မတို့ စည်းရုံးရေး ဆင်းပေးပါမယ်။

    ပြည့်ပြည့်စုံစုံရေ
    ရှမ်းအကျီင်္လေးတွေဆို ဝရင်လည်း ဝတ်လို့လှတဲ့ design တွေပါ။

    ဇာလေး
    အန်တီပေးထားတဲ့ အညွှန်းက ချုပ်ခ မကုန်ပဲ ဝယ်ဝတ်လို့ရမယ့် နေရာပါ။နည်းနည်းပါးပါး ပြုပြင်ခိုင်းလို့လည်းရတော့ အဆင်ပြေ ပါလိမ့်မယ်။
    ဗိုလ်ချုပ်ဈေး၊သိမ်ကြီးဈေးတို့မှာလည်း လှလည်းလှ၊ဈေးလည်း သက်သာ တဲ့ ဆိုင်တွေရှိပါတယ်။
    လိပ်စာရရင် ထပ်တင်ပေးပါမယ်။

    ဖောင်းဖောင်းရေ
    အန်တီက မော်ဒယ်တွေပုံပြရင် မော်ဒယ်ပဲ လှမှာပေါ့လို့ ဆိုစရာဖြစ်မှာစိုးလို့
    သာမာန် လူထဲကလူ မိန်းကလေးတွေပုံနဲ့ post တင်တာပါ။
    မော်ဒယ်နောက် ခေတ်ကလိုက်သလို
    ခေတ်ကအားကောင်းရင် မော်ဒယ်တွေ ခေတ်နောက်လိုက်လာပါလိမ့်မယ်။

  • မိုက်ကယ်ဂျော်နီချီးဘတ်

    January 12, 2012 at 12:29 am

    ဓာတ်ရိုက်ဓာတ်ဆင်စက်ကိုင်ထားတဲ့ မမကြီးက
    ဗိုက်ခေါက်ကြီးဆူနေပုံထောက်ရင် အစားပုပ်ပုံပေါ်မယ် 😀 😀
    မြန်မာ့ယဉ်ကျေးမှု့ မြန်မာအိန်းဂျီသာပြောတယ် တရုပ်အိန်းဂျီပုံတွေနဲ့တူတယ်
    ဘယ်မှာလဲဒေါသိဘူး ပြောခဲ့ဘူးတယ်ဗျ
    မြန်မာ့ယဉ်ကျေးမှု့ဆိုတာကို ဘယ်လိုဝတ်စုံလို့သတ်မှတ်ကြသလဲသိဘူး
    ခေတ်ရေစီးကြောင်းကြီးအား တားဆီး၍ရမည်မထင်
    သူကြိုက်တာသူဝတ်တဲ့ခေတ်ကြီးမှာ
    ဘုတ်ပဲမကြီးတွေ အတိုလေးတွေဝတ်တာ သိပ်မခံစားရပါကြောင်းနှင့်
    ရွှေသာကီတွေကို ပြောခြင်တာကတော့
    နိုင်ငံခြားသားတွေ ကိုယ့်ရိုးရာဝတ်စုံတွေဝတ်ကြတဲ့အခါ
    ဓာတ်ပုံတွေရိုက် သတင်းတွေမှာ တစ်ဖက်သတ်ရေးကြ
    ဘာဒဲ့
    မြန်မာ့ယဉ်ကျေးမှု့ဝတ်စုံကို အနောက်တိုင်းသားတွေလည်းချစ်မြတ်နိုးကြောင်း
    ဘာညာကွိကွပေါ့ ကိုယ်လိုသလိုရေးကြတာ တွေ့ဘူးကြမည်ထင်ပါသည်
    ဆိုတော့ကာ
    ဘယ်ဘာသာဘဲကြည့်ကြည့်
    သတ္တဝါဆိုတာဖြစ်လာတော့ အင်္ကျ ီပါခဲ့ပုံမရဘူးဗျ
    ဒါ့ကြောင့်
    ကျုပ်ကတော့
    သဘာဝကိုဘဲမြတ်နိုးဘာကြောင်းခင်ဗျား
    သဘာဝကိုဘဲ မြတ်နိုးပါကြောင်း 😀 😀 😀

  • padonmar

    January 12, 2012 at 12:53 am

    ပုပုရယ်
    well trained model မှမဟုတ်တာ၊ဒါလေးတော့ ခွင့်လွှတ်ပါနော။
    ကျွန်မကတော့ အကျီင်္ပုံစံထက် မြန်မာတိုင်းရင်းဖြစ် ပိတ်စဆိုတာကို ဇောင်းပေးပါတယ်၊
    design ကတော့ လုံခြုံလှပရင် စကပ်ဖြစ်စေ ဘောင်းဘီဖြစ်စေ ဆင်ပေးပြီးရိုက်ပြချင်တာပါ။
    ဝယ်ပြီးသားမရှိလို့ မပြလိုက်ရတာပါ။
    ရင်ဖုံးအကျီင်္နဲ့ ထမီတော့ဝတ်ပြီး မြန်မာပြည်တွင်းဖြစ်မဟုတ်တဲ့ ပိတ်စတွေနဲ့ ချုပ်ဝတ်တာမဟုတ်တဲ့ မမကြီးတွေကို မညွှန်းချင်ပါဘူး။
    နောက်တစ်ခါဆိုရင် ပုုပု အကြိုက် ပုပုရဲ့ သဘာဝပုံတွေ ပြပေးပါမယ်၊
    ငါးရှဉ့်ဟင်းလိုတော့စိတ်မဆိုးလိုက်ပါနဲ့နော်။
    ပုပု comment ကိုတွေ့ရလို့ ဝမ်းသာပါကြောင်း၊
    အဆဲမခံရလို့ ပိုဝမ်းသာပါကြောင်း။ 😀

  • သမီး ကြီး

    January 12, 2012 at 3:12 pm

    ဒီပို့စ်လေးကော ရေးတဲ့…သူရော…အောက်ကနေ ကွန့်မန့်ပေးတဲ့သူတွေအားလုံးကို.ကျေးဇူးတင်ဲပါတယ်…..ဝင်ရောက်ဆွေးနွေးနေကြတာ..အမြင်အမျိုးမျိုးနဲ့…. အယူအဆ မျိုးစုံ..ဗဟုသုတအစုံတွေ့ရသလိုပဲ……

    • MaMa

      January 14, 2012 at 7:05 am

      အင်းးးးးးး ဒါမြန်မာစာ ရိုက်တတ်အောင် ကျင့်နေတဲ့ သမီးကြီး ထင်ပါရဲ့။
      အတတ်မြန်သားပဲ
      🙂

      • padonmar

        January 14, 2012 at 6:36 pm

        ဒီသမီးကြီးက ပဒုမ္မာ့ဆွေမျိုး သမီးကြီး မဟုတ်ပါဘူး မမရေ၊
        စာဖတ်သူတစ်ယောက် ဖြစ်ပါလိမ့်မယ်။
        ရွာထဲမှာ ဆွေမျိုး မရှိသေးပါ။
        ဆွေမျိုးတော်ချင်သူတွေတော့ ရှိချင်ရှိမှာပေါ့။

  • JackSkellington

    January 13, 2012 at 8:34 pm

    ဒီ ပို့စ် ကို အရမ်းသဘောကျပါတယ်ဗျာ…
    ကျနော်လဲ မြန်မာမလေးတွေ မြန်မာဝတ်စုံ ဝတ်ထားတာလေးတွေ မြင်ရင် အရမ်းသဘောကျတယ်။
    နောက်ပြီး မြန်မာဝတ်စုံဟာ ဘာကိုမှ လှစ်ဟ ပြသ မနေဘဲနဲ့ ဆွဲဆောင်မှု အပြည့်ရှိတဲ့ ဝတ်စုံ တစ်မျိုးမှာ
    cute, sexy, innocent, hot, grand, cool smart အကုန်လုံးနဲ့ ကိုက်ညီပါတယ်။
    အပေါ် လက်တစ်အုပ် အောက် လက်တစ်အုပ် ဝတ်မှ ငါတို့က လန်း တာ ဆိုတဲ့ မမ များ တွေးတောဖွယ်ပေါ့။

    အပေါ်မှာ ပြောကြသလိုပဲ ကာလံ ဒေသံ လဲ ရှိပေသပေါ့လေ။
    မြန်မာဝတ်စုံ ကို လုပ်ငန်းခွင်ထဲ အထူးသဖြင့် လှုပ်ရှားသွားလာနေရတဲ့ လူတွေ အတွက်ကျတော့ ဝတ်ရတာ အဆင်မပြေတာ အမှန်ပါပဲ ဥပမာ အင်ဂျင်နီယာ မမ တွေ ဆိုက်ဒ် ထဲ ဆင်းနေရတာကို ထဘီကြီးနဲ့ဆိုတော့ နည်းနည်းတော့ သွားရလာရ ကျော်ရခွရ ခက်မပေါ့။
    အဲ့လိုမျိုးကျတော့ ဘောင်းဘောင်းကို အားပေးပါတယ်။

    အနောက်တိုင်း ဝတ်စုံမှာလဲ သူတို့ရဲ့ formal ဝတ်စုံ ရှပ်နဲ့ ပန်န် နဲ့ သို့ စကတ် နဲ့ ဟာလဲ သူ့ဟာနဲ့ သူ လှကြပါတယ်။

    အဓိက ကျတယ် ထင်မိတာကတော့ ကိုယ် ဘာပဲ ဝတ်ဝတ် လုံခြုံဖို့ လွတ်လပ် ဖို့ သွားရလာရ အဆင်ပြေဖို့ကို အရင်ဆုံး ဦးစားပေး စဉ်းစားသင့်တယ် ထင်တာပါပဲဗျ…. း)

    • kai

      January 14, 2012 at 1:15 am

      လုံခြုံမှုဆိုတာကို. နည်းနည်းပြောချင်တာပါ..။ မိန်းကလေးတယောက်က.. လမ်းဘေးလူသာမန်တွေကြားထဲ သွားရင်တော့.. အတိုင်းအတာတခုထိလုံခြုံတာကောင်းပေမဲ့..

      ညမှာ.. ပါတီတက်ရမယ်ဆိုရင်တော့.. လုံခြုံသင့်တယ် မထင်မိပါဘူး..။ အိမ်ထောင်မရှိတဲ့ မိန်းမတယောက်ဟာ.. ပါတီလာတဲ့..ယောက်ျားပျိုတွေကို.. တတ်နိုင်သလောက် ဖမ်းစားဖို့ တာဝန်ရှိပါတယ်..။အဲဒီကမှ.. စိတ်ကြိုက်ကို.. ခေါင်းခေါက်ရွေးပေါ့…။

      ဒါကြောင့်.. အနောက်တိုင်းဝတ်စုံမှာ ရင်တွေတော်တော်ဖေါ်ထားတဲ့.. dress evening gown စသဖြင့်..ရှိနေတာပေါ့..။မိန်းမတိုင်းက ရုပ်ရည်လှတာမဟုတ်တော့… တခြားဆွဲဆာင်နိုင်တာတွေနဲ့.. ဆွဲဆောင်ရတာဟာ.. ဘဝပေးတာဝန်လို့ ဆိုလိုချင်တာပါ…

      မြန်မာဝတ်စုံမှာလည်း.. ရှိသင့်တယ်..။ ဥပမာ.. ပုဂံခေတ် အမျိုးသမီးအဝတ်အစား(ရှေးဟန်အစစ်)ကို .. နည်းနည်းဆန်းသစ်တာမျိုး တီထွင်သင့်တယ်ထင်မိတယ်.. 🙂

  • padonmar

    January 13, 2012 at 11:06 pm

    သမီးကြီး နဲ့ JackSkellington
    အားပေးကြတာကျေးဇူးတင်ပါတယ်၊
    အခါအခွင့်သင့်ရင်လည်း
    မြန်မာဖြစ် ရိုးရာဝတ်စုံတွေ ဝတ်ခြင်းအားဖြင့် ကိုယ့်တိုင်းရင်းသားတွေကို အားပေးကြပါနော်။
    ဝတ်ကြည့်ရင် နှစ်သက်ကြမှာပါ။

  • padonmar

    January 14, 2012 at 1:29 am

    ရှိတာပေါ့သူကြီးရယ်
    မင်းသမီးတွေ ဝတ်ကြတာလေ၊အပေါ်ပိုင်းကို မှန်နိုင်လွန် ပါးပါးလေးခံပြီး အောက်က ဘော်လီအရာအတိုင်း
    ကကြီးပုံဖော်ထားတာလေ။
    လှတော့လှပါတယ်။

  • Kyithur Tun

    January 17, 2012 at 12:37 am

    လှတယ် နော် မြန်မာဝတ်စုံလေးတွေနဲ ့ဆို တော့ ကိုယ်တိုင်းရင်းသားဝတ်စုံပဲ မြတ်နိုးတာပေါ့

  • padonmar

    October 10, 2012 at 9:27 pm

    ဒေါ်စုရဲ့ ပြည်ပခရီးစဉ်တွေကြောင့် နိုင်ငံတကာက မြန်မာဝတ်စုံကို စိတ်ဝင်စားနေတဲ့ အရှိန်လေးရှိတုန်း ပြည်တွင်း ဈေးကွက်နဲ့ တင်းတိမ် မနေပဲ နိုင်ငံခြားကိုပါ မားကက်တင်းတွေလုပ်ကြဖို့ တိုက်တွန်းချင်ပါတယ်။
    7 days က ဆောင်းပါးလေး ပါကူးပေးလိုက်ပါတယ်။

    http://7daynewsjournal.com/article/7805
    ဒေါ်အောင်ဆန်းစုကြည်ကြောင့် ချည်ထည်ဈေးကွက် သွက်လက်လာ
    7Day News Journal
    ရန်ကုန်၊ စက်တင်ဘာ ၂ရ
    အတွဲ (၁၁)၊ အမှတ်(၃၀)
    အေးသူစံ၊ ခိုင်ချိူ
    ယခုနှစ်အတွင်း ဒေါ်အောင်ဆန်းစုကြည်၏ ပြည်ပခရီးစဉ်များတွင် ဝတ်ဆင်ခဲ့သည့် မြန်မာ့ရိုးရာ ချည်ထည်ဝတ်စုံများကြောင့် ချည်ထည်အဝတ်အထည်နှင့် ဒီဇိုင်းများကို ပြည်ပခရီးသွား ဧည့်သည်အများစု ယခင်ကထက် ပိုမိုစိတ်ဝင်စား ဝယ်ယူလာကြကြောင်း ဗိုလ်ချုပ်အောင်ဆန်းဈေးမှ ချည်ထည်ဆိုင်များက ပြောသည်။

    “ဒေါ်အောင်ဆန်းစုကြည်ဝတ်တဲ့ ဒီဇိုင်းတွေရှိလားလို့ တကူးတကမေးမြန်းပြီး လာဝယ်တဲ့ နိုင်ငံခြားသားဧည့်သည်တွေ ဒီနှစ်ထဲ များလာတယ်။ လူကြီးရော လူငယ်တွေပါ ကြိုက်ကြတယ်။ ဝယ်ပြီးရင် ချက်ချင်းချုပ်ပြီး ဝတ်လို့ရအောင် စောင့်ယူသွားကြတာ များတယ်”ဟု ဗိုလ်ချုပ်အောင်ဆန်းဈေး၊ အရှေ့ဘက်တန်းရှိ အောင်မြင့်မိုရ်အထည်ဆိုင်မှ ဒေါ်အေးအေးနွယ်ကပြောသည်။

    မြန်မာ့ရိုးရာ ချည်ထည်များကို နိုင်ငံခြားသား ဧည့်သည်များသာမက ပြည်တွင်းမှ လူငယ်အမျိူးသမီးများပါ ဝယ်ယူမှု မြင့်တက်လာကြောင်း၊ အထူးသဖြင့် တက္ကသိုလ်တက်ရောက်နေသော ကျောင်းသူအများစုက ဦးစားပေး ဝယ်ယူလာကြကြောင်း သိရသည်။

    “ဒါ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီဇိုင်းလို့ ပြောရောင်းတာနဲ့ကို ဟုတ်ဟုတ်၊ မဟုတ်ဟုတ် စိတ်ဝင်တစားနဲ့ကို ဝယ်သွားကြတယ်။ တချို့ နိုင်ငံခြားသားတွေက ဒေါ်အောင်ဆန်းစုကြည်ဝတ်တဲ့ ဒီဇိုင်းတွေကို ဖုန်းနဲ့ဓာတ်ပုံရိုက်ယူလာပြပြီး ဝယ်ကြတာလည်းရှိတယ်။ ဒီနှစ်ထဲမှာ ဧည့်အဝင်များတာလည်းပါတော့ ချည်ထည်တွေ တော်တော်လေး ရောင်းရတယ်”ဟု ဗိုလ်ချုပ်အောင်ဆန်းဈေး စီရုံရှိ ချည်ထည်ဆိုင်တစ်ဆိုင်မှ အရောင်းတာဝန်ခံတစ်ဦးက ပြောသည်။ အချို့ နိုင်ငံခြားသားများမှာမူ ဒေါ်အောင်ဆန်းစုကြည်၏ ပြည်ပခရီးစဉ် ဓာတ်ပုံများကို အင်တာနက်မှ ရယူပြီး ပုံပါအဆင်ဒီဇိုင်းများကို လာရောက်ရှာဖွေ ဝယ်ယူကြကြောင်း သတင်းရရှိသည်။

    အနောက်နိုင်ငံများမှ နိုင်ငံခြားသား ဧည့်သည်အများစုမှာ ဝတ်ဆင်ရန် ချည်ထည်များကို ဦးစားပေး ဝယ်ယူကြပြီး အရောင်တောက်သော တိုင်းရင်းသားဝတ်စုံအချို့နှင့် ရိုးရာဂျပ်ခုတ်ထည်များကို လက်ဆောင်ပေးရန် ဝယ်ယူကြကြောင်း ဗိုလ်ချုပ်အောင်ဆန်းဈေး၊ စီရုံရှိ Ct Chin-NAGA ဆိုင်မှ တာဝန်ခံကပြောသည်။

    မြန်မာ့ရိုးရာအဝတ်အထည်ကို နိုင်ငံတကာမှ ၂၀၁ဝ ခုနှစ်နောက်ပိုင်း ပိုမိုစိတ်ဝင်စားလာခြင်းမှာ ဒီမိုကရေစီခေါင်းဆောင်တစ်ဦးအဖြစ် အသိအမှတ်ပြုထားခြင်း ခံရသည့် ဒေါ်အောင်ဆန်းစုကြည်၏ တစ်စိုက်မတ်မတ် ဝတ်ဆင်မှုကြောင့်ဖြစ်ကြောင်း ဧည့်လမ်းညွှန်အချို့က သုံးသပ်ပြောကြားသည်။

    “ဗိုလ်ချုပ်အောင်ဆန်းဈေးကို ရောက်တာနဲ့ ရိုးရာဝတ်စုံတွေ ကြည့်တယ်။ ဒေါ်စုဒီဇိုင်းတွေဆိုရင် ဝယ်တယ်။ သူတို့နိုင်ငံ ပြန်ရောက်ရင် ဒါဒေါ်အောင်ဆန်းစုကြည်ဝတ်တဲ့ ဒီဇိုင်းဆိုပြီး အမှတ်တရ ပြန်ပြချင်တာ”ဟု စပိန်ဧည့်လမ်းညွှန်တစ်ဦးက ပြောသည်။

    “အခု ဒေါ်အောင်ဆန်းစုကြည်က မြန်မာ့ရိုးရာဝတ်စုံကို ကမ္ဘာကို ထိုးဖောက်နိုင်ပြီ။ အဲဒီလိုပဲ မြန်မာ့ရိုးရာ အစားအစာတွေကိုလည်း ကမ္ဘာကို ထိုးဖောက်သင့်တယ်။ ကိုရီးယားဆိုရင် သူတို့ ရိုးရာအစားအစာကို ကမ္ဘာအနှံ့ ထိုးဖောက်နိုင်တာ တွေ့ရတယ်”ဟု အသက် ၅ဝ အရွယ် အိမ်ရှင်မ ဒေါ်မြင့်မြင့်သန်းကပြောသည်။

    • pooch

      October 10, 2012 at 10:45 pm

      ဒီသတင်းလေးလည်း ဖတ်လိုက်ရတယ် ဒေါ်ဒေါ်ရေ ။ ဝမ်းသာစရာပါ ဒေါ်ဒေါ်။ ကျမတို့ ဒီလိုသတင်းကောင်းလေးတွေကိုပဲ အမြဲကြားချင်ပါတယ်။ နောက် ဘကြီးစိန်ရဲ့ နိုဗယ်ဆု စကာတင် သတင်းစကားကိုလည်း ပီတိဖြစ်မိတယ်။

  • kai

    October 10, 2012 at 11:18 pm

    ရွာထဲက.. ဆရာမပဒုမ္မာအတွေးအခေါ်က.. ၉လမက.. ရှေ့ပြေးနေတာ သတိထားမိကြမှာပါ…။ ရွာသူားများ.. အတွေးအခေါ်ပိုင်းမြင့်ကြတယ်ယူဆနိုင်တာမို့..
    ယူကြောင်း… ဂုဏ်.. ဂုဏ် :harr:

  • padonmar

    October 11, 2012 at 12:04 am

    ဒိန်း……………..သဂျီးမြှောက်လို့ မျက်နှာကြက်နဲ့ ခေါင်းနဲ့ ဆောင့်မိပြီဗျို့။
    (အေကံဒ တော့ ဒီသဂျီး လယ်ထွန်Zဂီရဲ့ သနပ်ခါးဝမ်းနှုတ်ဆေးရန်က ကယ်တင်ပေးမယ့် အန်ကယ်ဒုံကို ဖားထားတာဖြစ်မယ်။အိုခေ ..နော်မယ်ဆေလိုင်းလေးအမြန်သွင်းပေးလိုက်မယ်။)

Leave a Reply