Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ရွှေပြည်တံခွန် ကပဲ နောက်တာလား … မြန်မာဆက်သွယ်ရေးကပဲ နောက်တာလား …

ေမွာ္ဆရာJanuary 10, 20121min148450

ပြည်သူအားလုံး စောင့်မျှော်နေကြတဲ့ ငါးထောင်တန်ဖုန်းဆိုတာ တကယ်တော့ မဖြစ်နှိုင်ပါဘူးလို့ မြန်မာ့ဆက်သွယ်ရေး သတင်းအချက်အလက်နှင့် နည်းပညာဌာန အင်ဂျင်နီယာချုပ် ဦးဇော်မင်းဦးက ပြောကြားလိုက်တယ်လို့ ရတနာပုံ မြန်မာဝက်ဆိုက်မှာ ဖတ်လိုက်ရပါတယ် …။ အကြောင်းပြချက်ကတော့ ဥပဒေနဲ့လဲ ညိစွန်းပါတယ်တဲ့ .. နည်းပညာအရလဲ မဖြစ်နှိုင်ပါဘူးတဲ့ …
ဒီတော့ ရွှေပြည်တံခွန် ကပဲ နောက်တာလား … မြန်မာဆက်သွယ်ရေးကပဲ နောက်တာလား …
ကျွန်တော်တို့တော့ မျက်စိသူငယ် နားသူငယ်နဲ့ ကလယ် ကလယ် ဖြစ်ရတော့မယ် ထင်ပါတယ် …
မူရင်းကတော့ မဖြစ်မနေ ကူးတင်ရပါလိမ့်မယ်ခင်ဗျာ …. ခွေးလွှတ်ကြပါ …
အခုလ ပထမအပတ်က ပြည်သူလူထုကြား ပြန့်နှံ့သွားတဲ့ မိုဘိုင်းဖုန်း ဆင်းမ်ကဒ် တစ်ကဒ်ကို ကျပ် ၅၀၀ဝ နဲ့ ရောင်းချဖို့ ကုမ္ပဏီတစ်ခုက စီစဉ် ဆောင်ရွက်နေခြင်းမှာ ဥပဒေ အရရော နည်းပညာ အရပါ လောလောဆယ် မဖြစ်နိုင်ဘူးလို့ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦးက ဒီကနေ့ ဇန်နဝါရီ ၉ ရက်က ပြောကြားပါတယ်။ တနင်္လာနေ့ မွန်လွဲ ၁ နာရီက မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ ကြေးနန်း ဆက်သွယ်ရေးနှင့် စာတိုက် သင်တန်းကျောင်းမှာ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက လက်ရှိပေးနေတဲ့ ဝန်ဆောင်မှုတွေနဲ့ ပတ်သက်ပြီး ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲအပြီး တွေ့ဆုံမေးမြန်းရာမှာ သတင်းအချက်အလက်နှင့် နည်းပညာဌာန အင်ဂျင်နီယာချုပ် ဦးဇော်မင်းဦးက အဲဒီလို ဖြေကြားခဲ့တာပါ။

“ကျွန်တော်တို့ နားလည်တာတော့ ဥပဒေအရဆိုရင် ကျွန်တော်တို့ ဆက်သွယ်ရေးနဲ့ပဲ ပေါင်းလုပ်ရမှာပါ။ နိုင်ငံတော်ကသာ လုပ်ခွင့်ရှိတဲ့ လုပ်ငန်းတွေရှိတယ်။ ဥပမာ- သစ်တောထွက် ပစ္စည်းတို့၊ တွင်းထွက်ပစ္စည်းတို့၊ ပို့ဆောင်ရေးလုပ်ငန်းတို့၊ ဆက်သွယ်ရေးလုပ်ငန်းတို့ လျှပ်စစ်တို့ စတာတွေက နိုင်ငံတော်ကသာ လုပ်ခွင့်ရှိတဲ့ လုပ်ငန်းတွေဆိုပြီး အခြေခံဥပဒေမှာကို ပြဋ္ဌာန်းထားတာ။ အဲဒီလုပ်ငန်းတွေကိုပဲ နိုင်ငံတော်နဲ့ အများပြည်သူ အကျိူးစီးပွား အလို့ငှာဆိုတဲ့ တစ်ပိုဒ်ရှိတယ်။ Private (ပုဂ္ဂလိက) ကုမ္ပဏီတွေနဲ့ ပေါင်းလုပ်မယ်ဆိုရင်လည်း ခွင့်ပြုတယ်။ ဒါပေမယ့် ပေါင်းလုပ်ရမယ်။ အခု ကျွန်တော်တို့ GSM သန်း ၃ဝ စီမံကိန်း လုပ်သလိုမျိုး ပေါင်းလုပ်ရမယ်” လို့ အခြေခံဥပဒေကို ကိုးကားပြီး ပြောပါတယ်။

သတင်းစာ ရှင်းလင်းပွဲ လုပ်နေစဉ်အတွင်း သတင်းစာဆရာများက အဆိုပါ ကိစ္စနဲ့ ပတ်သက်ပြီး မေးမြန်းရာမှာလည်း မြန်မာ့ဆက်သွယ်ရေး အနေနဲ့ ၎င်းတို့နဲ့ ဆက်သွယ်ခြင်းမရှိဘဲ ဖြစ်ပေါ်လာတဲ့ ကိစ္စဖြစ်လို့ တစ်စုံတစ်ရာ ထင်မြင်ချက် မပေးလိုကြောင်း၊ နည်းပညာအရ မိုဘိုင်းကွန်ယက် တစ်ခုဖြစ်ဖို့ တည်ဆောက်ရာမှာ နေချင်းညချင်း မဖြစ်နိုင်ကြောင်း၊ မြန်မာ့ဆက်သွယ်ရေး ဖုန်းမဟုတ်ဘဲ မြန်မာ့ဆက်သွယ်ရေးက ချပေးထားတဲ့ ဖုန်းတွေနဲ့ ဘယ်လိုကွန်ယက် ချိတ်ဆက် ခေါ်ဆိုမယ် ဆိုတာကို နားမလည်နိုင်ကြောင်း၊ အလားတူ မြန်မာ့ဆက်သွယ်ရေးရဲ့ မိုဘိုင်းကွန်ယက်ထဲ မဖြတ်ဘဲ နိုင်ငံတကာနဲ့ ချိတ်ဆက်နိုင်မှာ မဟုတ်ကြောင်း စသဖြင့် နည်းပညာအရ မဖြစ်နိုင်သေးတဲ့ အခြေအနေတွေကို မိုဘိုင်းဌာန အင်ဂျင်နီယာချုပ် ဦးသိန်းဝင်းနဲ့ သတင်းအချက်အလက်နှင့် နည်းပညာဌာန အင်ဂျင်နီယာချုပ် ဦးဇော်မင်းဦးတို့က ရှင်းပြပေးပါတယ်။

ဆင်းမ်ကဒ် တစ်ကဒ်ကို ကျပ် ၅၀၀ဝ နဲ့ ရောင်းချပေးပြီး မြို့တွင်း ၂၅ ကျပ်၊ နယ်ဝေး ၃ဝ ကျပ်နဲ့ GSM ဖုန်းတွေ ရောင်းချပေးနိုင်ဖို့ ရွှေပြည်တံခွန် ကုမ္ပဏီက ကြိုးစားနေတဲ့အကြောင်း အခုလ ဇန်နဝါရီ ၃ ရက်က သတင်း ထုတ်ပြန်ခဲ့တာပါ။ အဆိုပါ သတင်းထုတ်ပြန်မှုနဲ့ ပတ်သက်ပြီး နိုင်ငံတော် သမ္မတရုံးကို လုပ်ငန်းလုပ်ကိုင်ခွင့် တင်ထားဆဲ အခြေအနေသာဖြစ်လို့ လက်ရှိ အခြေအနေမှာ လုပ်ကိုင်ခွင့် မရသေးဘူးလို့လည်း ဆိုတယ်။ အခုလို တကယ် လုပ်ကိုင်ခွင့်မရသေးဘဲ သတင်း ထုတ်ပြန်မှုမျိုးတွေ ဆက်လုပ်ကြမယ်ဆိုရင် ပြည်သူလူထုအတွက် အခက်တွေ့နိုင်ကြောင်း အွန်လိုင်း Developer တစ်ဦးက သူ့အမြင်ကို ပြောပါတယ်။
ကဲ မျက်စိသူငယ် နားသူငယ်တို့ …
ပထမတစ်ချက် ဆက်သွယ်ရေးဆိုတာ အစိုးရမှ လုပ်လို့ရမှာတဲ့ … ပြည်သူလူထု အကျိုးငှာ ဆိုရင်တော့ ပုဂ္ဂလိကနဲ့ ပေါင်းလုပ်လို့ ရပါသတဲ့ ….။ ဒီတော့ ပေါင်းလုပ်မှကို ရွှေပြည်တံခွန်ကို လုပ်ခွင့်ပေးမယ့် သဘော ဆိုလိုက်တာပါ …. ။ ကဲ လူကြီးမင်း နဲ့တော့ ရွှေပြည်တံခွန် ညားတော့မယ် ထင်ပါတယ် …
နောက်တစ်ခုက မြန်မာ့ဆက်သွယ်ရေးကွန်ယက်နဲ့မှ မပေါင်းရင်လဲ နိုင်ခြံကားကိုလဲ ခေါ်မရနှိုင်ပါဘူးတဲ့ ၊ ဒါဆိုရင် ရွှေပြည်တံခွန်က သတင်းဂျာနယ်တွေကို သက်သက်ခေါ်ပြီး နောက်လိုက်တာပေါ့ .. ခေါ်လို့မရပဲနဲ့များ ဖုန်းရောင်းဖို့ ကြံသေးတယ် ရွှေပြည်တံခွန်ရယ် … အကြံပက်စက်ပါဘိ …
သူကြီး အစပြုသော နိုင်ခြံကားတွင် နေထိုင်ကြကုန်သော … အမျိုးကောင်းသား အမျိုးကောင်းသမီး အပေါင်းတို့ … ကမှော်တို့ နိုင်ခြံကားကို မရောက်ဖူးတိုင်း ခင်ညားတို့ဆီမှာ ဖုန်းတစ်လုံး ဘယ်လောက်နဲ့ရတယ် . ဘယ်လောက်ဈေးပေါတယ်…
ထပ်မညာကြပါနဲ့ … ဆက်သွယ်ရေးက တာဝန်ရှိ ပုဂ္ဂိုလ်ကြီးကိုယ်တိုင် ဒီလောက်နဲ့ မဖြစ်နှိုင်ဘူးလို့ ဆိုထားတယ်… ဒီတော့ ခင်ညားတို့ ပြောတာ ခင်ဗျားတို့ မလိုတမာရှိလို့ ညာပြောတာပဲ ဖြစ်ရမယ်… ဒါမှမဟုတ်ရင်လဲ ရွှေပြည်တံခွန်ကကို အရေမရ အဖတ်မရ လျှောက်ပြောတာ ဖြစ်ရမယ် …
ကြည့်ကျက်လုပ်ကြပါ အမျိုးသားကောင်းအပေါင်းတို့ …
ဒီတော့ကာ “““ ရွှေပြည်တံခွန် ကပဲ နောက်တာလား … မြန်မာဆက်သွယ်ရေးကပဲ နောက်တာလား … ””” ဆိုတာကတော့ ကျွန်တော်တို့ ပြည်သူတွေရဲ့ ကံကြမ္မာလို့ပဲ ဆိုရတော့မှာပေါ ….
မူရင်းဖတ်ချင်ရင်တော့ ဖတ်နှိုင်ကြပါတယ် ခင်ဗျား

50 comments

  • the best

    January 10, 2012 at 9:59 am

    တခုခု ထူးခြားတာနဲ့ သတင်းစာရှင်းလင်းပွဲ ထပ်လုပ်ပြီးတော့ အခုလိုပဲ အသိပေးပါမယ်။ဆိုတဲ့ ရွှေပြည်တံခွန်ရယ် သတင်းအပေါ် မယုံမရဲဖြစ်နေကြတဲ့ ပြည်သူတွေကို ဘာများ ထပ်ဖြည့် ပြောချင်ပါသလဲ။

    • မှော်ဆရာ

      January 10, 2012 at 10:03 am

      ပြည်သူတွေရဲ့ ကံကြမ္မာလို့ပဲ ဆိုချင်ပါတယ် ….

  • FattyCat

    January 10, 2012 at 10:27 am

    အစိုးရအနေနဲ့ National Security အရ Communication ကို ပုဂ္ဂလိကလက်ထဲမထည့်ရဲပါဘူး….
    နောက်တစ်ချက်က အစိုးရက ပိုက်ဆံမရလဲ ပိုက်ဆံထုတ်တဲ့စက်ရှိနေတာပဲဟာ…
    ရှုံးရှုံးမြတ်မြတ်၊ လူတွေသုံးနိုင်မသုံးနိုင် $600 (သို့) $300 လောက်တန်တဲ့ ဖုန်းတွေပဲဆက်ရောင်းနေဦးမှာပဲ။
    ပြည်သူတွေက ဘယ်တော့မှ လူတန်းစေ့မနေရပါဘူး…
    သူတို့ပဲ လူတန်းတွေစေ့ကုန်တာ..

  • True Answer

    January 10, 2012 at 10:41 am

    အော် ရန်ကုန်မြို့ကြီးကို စင်ကာပူနဲ့တူအောင် လုပ်ဦးမတဲ့လား

  • htoosan

    January 10, 2012 at 10:45 am

    ပေါင်းလုပ် ရမယ်ဆိုတာ လက်ခံပါတယ် ။
    နည်း ပညာ အရ မဖြစ်နိုင်ဆိုတာတော့ ….. အရှက်မ ရှိတဲ့ သူနောက်တစ်ဦး ရဲ့ မျက်စိစုံမှိတ် ထပ်လိမ် ရတဲ့လိမ်ညာမူ့ နောက်တစ်ခုပါဘဲ။

  • FattyCat

    January 10, 2012 at 10:52 am

    နစ်နာမှုများ….
    (၁) ဈေးပေါပေါနဲ့ လူတိုင်းမသုံးနိုင်တဲ့ပစ္စည်းဖြစ်သွားလို့ ဆက်သွယ်ရေးမှာနှောင့်နှေးစေတယ်။
    (၂) ယခုထက်ပိုပြီး Mobile Phone ဆိုင်တွေပေါများလာမယ့်အရေး နှောင့်နှေးစေတယ်။
    (၃) အပြိုင်အဆိုင်ဈေးလျော့ရောင်းချလို့ ဝယ်ယူသူတွေရရှိမယ့် အခွင့်အရေးတွေ ဆုံးရှုံးသွားတယ်
    (၄) အလုပ်အကိုင်အခွင့်အလန်းတွေ အများကြီးဆုံးရှုံးသွားတယ်။

    နည်းပညာအရမဖြစ်နိုင်ဘူးဆိုရင် သူငယ်ချင်းတွေစုပြီးပဲလုပ်ပြမယ်…
    လုပ်လို့ရရင် လုပ်ခွင့်ပေးမလားလို့ စိန်ခေါ်လိုက်ချင်သေးတယ်….ဟင်းဟင်းဟင်း

  • nozomi

    January 10, 2012 at 10:55 am

    နည်းပညာ ဆိုတဲ့ ကိစ္စတော့ မသိဘူး ၊ ဥပဒေအရ ဆိုတာမှာ သူ ဥပမာ ပေးထားတဲ့ လုပ်ငန်းတွေ က လက်ရှိ ဥပဒေ အရ အစိုးရက လုပ်ရမယ်၊ သို့ သော် ပြည်သူ့အကျိုးငှာ ဆိုတဲ့ အကြောင်းပြချက်နဲ့ အစိုးရနဲ့ ပုဂ္ဂလိက ပေါင်းလုပ်တာမျိုးတောင် မဟုတ်ပဲ ပုဂ္ဂလိက တစ်ခုထဲ လုပ်နေတဲ့ လုပ်ငန်းတွေ ရှိပါတယ် ၊ နောက် ရင်းနှီးမြုပ်နှံမှုနဲ့ ပတ်သက်လို့ ဥပဒေပြင်ဆင်ဘို့တွေ လုပ်နေတာ အခုလထဲ ကျင်းပမဲ့ လွှတ်တော်ထဲမှာတောင် ဆက်သွယ်ရေးနဲ့ ပတ်သက်တဲ့ ပြင်ဆင်တဲ့ ဥပဒေ ပါကောင်း ပါလာနိုင်တာပဲ

  • ငပေါက်ဖော်

    January 10, 2012 at 11:07 am

    သိဘူး..သိဘူး..
    အများပြီသူ အဆင်ပြေမယ်..ဆက်သွယ်ရေးကောင်းမယ်ဆိုရင် အဲဒီစီးမြင်း.စီးမျောက်..ဥပဒေ..အူးပဒေတွေ.
    အကုန်ပြင်ပေးပါ

    မစ်ချတာပေါက်ဖော်-
    သမ္မတရုံ-(နေ ့လည် ၂ နာရီပြမည်)

  • aungnng87

    January 10, 2012 at 11:12 am

    ဥပဒေအရဆိုရင်အဲဒီဥပဒေကိုလွှတ်တော်ထဲမှာပြင်လိုက်ပေါ့။ ပြည်သူလူထုအကျိုးငှာပေါ့။ ရွှေပြည်တံခွန်က
    ရောင်းနိုင်တယ်ဆိုရင်ဘာကြောင့်ရောင်းနိုင်လဲဆိုတာသူတို့လူကြီးတွေအချင်းချင်းေမေးမြန်းပေါ့။ မလေးရှားမှာတော့SIMကတ်ဈေးတွေပေါလိုက်တာမှ.။တရားဝင် register လုပ်ပြီးဝယ်ရင် တခါတခါ RM8။တခါတခါ RM10အထဲမှာလည်းပိုက်ဆံပါသေးတယ်။ တချို့တရားမဝင်ကတ်တွေဆိုရင် SIMကတ်အသစ်ဝယ်ရင်RM10ဆိုရင် အထဲမှာRM15ပါသေးတယ်။ ကိုယ်တွေမြန်မာပြည်ခေါ်ချင်ရင်အဲလိုကတ်မျိုးဝယ်သုံးလိုက်တယ်။ တချို့ဆိုရင် RM၁ရလောက်ဘဲပေးရတယ်။အထဲမှာRM30 ပါတယ်။ နိုင်ငံခြားကိုဖုန်းခေါ်ရင်လည်းတခြားရှုပ်ရှုပ်ထွေးထွေးမရှိဘူး။ရှေ့မှာ00ခံလိုက်ရုံဘဲ။ရှင်းတယ်။ ကိုယ့်ဆီအဝင်လည်းမစားဘူး။ ပြီးတော့family numberလည်းရှိသေးတယ်။f်amily number 15ခုလောက်လည်းရတယ်။ ပုံမှန်localကိုခေါ်ရင်တမိနစ်ကို၃၈ပြားစားရင် family number ကိုခေါ်ရင် ၁၅ပြားဘဲစားတယ်။ နောက်တမျိုးရှိသေးတယ်။ အဲဒါက ဖုန်းနံပါတ်၃ခုကို်free call ခေါ်လို့ရတယ်။ ကိုယ်အမြဲခေါ်တဲ့နံပါတ်ကို free call လုပ်ထားရင်ပိုက်ဆံမကုန်တော့ဘူးပေါ့။ ကို်ယ့်တူတော်မောင်က ကတ်
    ၂ခုကိုင်ထားပြီး free call ၆ခုရထားတော့ ပိုက်ဆံတော်တော်သက်သာတာပေါ့။ ကိုယ်မသိတဲ့planတွေလည်းအများကြီးရှိသေးတယ်။ အော်… ပြီးတော့ဆက်သွယ်ရေးလုပ်ငန်းဆိုတာနိုင်ငံတော်ကဘဲလုပ်ကိုင်ခွင့်ရှိတယ်ဆိုတော့ မလေးရှားမှာကျတော့
    Digi တို့၊ Maxis တို့ Umobile တို့ကျတော့ဘယ်လိုလဲ။ Celcomeကတော့နိုင်ငံတော်ပိုင်လို့ပြောတာဘဲ။ ဒါပေမဲ့ဈေးနှုန်းတွေကအတူတူပါဘဲ။ နိုင်ငံတော်ပိုင်မို့ပိုမလျှော့ပါဘူး။ ဆိုတော့ နိုင်ငံတော်လူကြီးများစဉ်းစားကြပါ.။ ပြည်သူတွေသက်သာရာသက်သာကြောင်းကိုရအောင်….။ဆက်သွယ်ရေးလုပ်ငန်းကြီးဝင်ငွေတိုးအောင်ဆိုပေမဲ့လည်း သူများနိုင်ငံတွေဘယ်လိုပြည်သူတွေသက်သာအောင်လုပ်လဲဆိုတာကြည့်ကြပါလို့။

    • မှော်ဆရာ

      January 10, 2012 at 11:21 am

      မဟုတ်တာတွေ လာ လာပြောပြန်ပြီ ….
      ဆက်သွယ်ရေးက တာဝန်ရှိပုဂ္ဂိုလ်ကြီး ကိုယ်တိုင် မဖြစ်နှိုင်ပါဘူး ၊ မရလောက်ဘူးလို့ ပြောထားတာ … ဘာ ဖုန်းကို ဈေးပေါပေါနဲ့ ရတယ်လဲ …
      ကောလဟာလတွေ :mrgreen:

  • aungnng87

    January 10, 2012 at 11:31 am

    မဖြစ်နိုင်ဘူး၊မရလောက်ဘူးဆိုရင်ဆင်းပေါ့ရှင်းရှင်းလေးဘဲ။ သူများရတာကိုမရဘူးဆိုရင်လူညံ့ဘဲ။

  • ကောင်းမြတ်သူ

    January 10, 2012 at 11:44 am

    ဟာဗျာ နည်းပညာရှိတယ်လို့ပြောထားတာ မလုပ်နိုင်ဘူးဆိုရင် သူ့အပိုင်း၊ ပြည်သူ့အကျိုးကြည့်ပြီး ခွင့်ပြုရမှာ ကျွန်တော်တို့ သမ္မတအပိုင်း၊ မဖြစ်နိုင်တာကို သူပြောတယ်ဆိုရင် သူ့ကို ဝတ္တရားနှောက်ယှက်မှုနဲ့တရားစွဲဗျာ
    လုပ်ပေးနိုင်တယ်ဆိုရင်တော့ ဆင်းရဲမှုလျော့ပါရေးအတွက် တကယ်ခွင့်ပြုသင့်တယ်။ အခုခေတ်ဆက်သွယ်ရေးက လူတိုင်းလိုအပ်တယ်။ အခြေခံလူတန်းစားတွေအတွက်လည်းလိုအပ်တာပဲ။ သူတို့ဆက်သွယ်ဖို့ ဖုန်းမဝယ်နိုင်ဘူး၊ နယ်တွေမှာဆိုရင် ကိုယ်ဘက်ကခေါ်ရင် တစ်မိနစ်ကို (၁၀ဝိ/-) ဟိုဘက်ကခေါ်ရင် တစ်မိတစ်(၅ဝိ/)ပေးနေရတယ်။ အမှန်တကယ် ဒါတွေလည်း ဥပဒေနဲ့ညှိနေတာပဲ။ ဈေးနှုန်းသက်သက်သာနဲ့အသုံးပြုခွင့်ပေးနိုင်သူရှိရင်တော့ ပိုခွင့်ပြုသင့်တယ်။ ပြည်သူတွေမျက်နှာကိုကြည့်တဲ့ အကြီးအကဲဆိုရင်ပေါ့။ လက်ဝါးကြီးအုပ်မယ်ဆိုရင်တော့ မပြောလိုဘူးဗျာ။ ဆက်သွယ်ရေးတကယ်ခိုင်မာသွားရင် အခြားကုန်ဈေးနှုန်းတွေထိန်းလို့ရမယ်လို့ ကျွန်တော်ထင်တယ်။ အခုနယ်ဈေးကွယ်မှာ ဈေးတစ်မျိုး၊ ရန်ကုန်လို၊ မန္တလေးလိုနေရာမျိုးမှာဈေးတစ်မျိုးဆို နယ်ဝယ်သူအနေနဲ့ ဖုန်းသာရှိခဲ့ရင် အဲဒိဈေးကွက်တွေကို သိနိုင်ပြီဗျ။ ဈေးအရမ်းကွာရင် လှမ်းမှာကြမှာပဲ။ ဒါဟာပြည်သူတွေအတွက် အကျိုးရှိမဲ့ လုပ်ငန်းဆိုတာသေချာတယ်။ ဆင်းရဲမှုလျော့ချဖို့တာ၊ ဈေးကွက်တည်ငြိမ်ဖို့လိုတယ်။

  • တောင်တန်း က မောင်ဆန်း

    January 10, 2012 at 12:16 pm

    တခြားနိုင်ငံမှာ ဖြစ်ပြီးတော့ ကိုယ့်နိုင်ငံမှာ မဖြစ်တာ ဘာကြောင့်လဲဆိုတာ လူကြီးတွေအနေနဲ့ ပြန်လည် အဖြေရှာစေချင်တယ်ဗျာ …
    ဥပဒေ ဆိုတာနဲ့ ကိုင်မပေါက်နဲ့ … ဥပဒေဆိုတာ လူကလုပ်တာ ..
    အမေရိကန် အခြေခံဥပဒေတောင်မှ အမန်းမန့် တွေ အများကြီး
    လူထုအတွက် တကယ်ကို ကောင်းကျိုးပြုရင် .. ဥပဒေဆိုတာ တိုးတက်မှုကို တားဆီးထားတဲ့အရာ မဖြစ်သင့်တော့ဘူး …
    ရွှေပြည်တံခွန်မှ လူကြီးမင်းများကလဲ ကိုယ့်ဘက်က ကိုယ့်တာ ကိုယ်လုံအောင်တော့
    လုပ်ဆောင်ထားသင့်ပြီ …

  • bluerose

    January 10, 2012 at 1:29 pm

    နည်းပညာရှိပါတယ်လို့ ခိုင်ခိုင်မာမာပြောနေတာကို မဖြစ်နိုင်ဘူးလို့ပြောတဲ့သူက အဆင့်မမှီတာလား အရည်အချင်းမရှိတာလား စဉ်းစားကြည့်ကြပေါ့နော် မဖြစ်နိုင်ပဲနဲ့ ရွှေပြည်တံခွန်က သိက္ခာကျခံပြီးပြောမလား မြန်မာ့ဆက်သွယ်ရေးကရော ဘယ်လောက်ဆက်သွယ်ရေးကောင်းအောင် လုပ်နိုင်လို့လဲနော် ဖုန်းလိုင်းတွေကောင်းနေရင် သူတို့ကလာပြင်လိုက်တာနဲ့ ပျက်ရော အမြဲလိုလိုပဲ လိုင်းဖုန်းတွေဆို ခဏခဏလိုင်းမန်းကို ခေါ်ပြင်ရတာနဲ့မွဲဖို့ကိန်းဆိုက်နေတာ ဒါတောင်ခေါ်တိုင်းလာတာမဟုတ်ဘူးနော် အောက်ကျို့ခံပြီးပြောပြောနေရတာ ဥပဒေဆိုတာကိုဗန်းပြချင်တယ်ဆိုရင ်ဒီလိုင်းမန်းတွေကို အရင်ဒဏ်ပေးသင့်တယ ်လာပြင်ရင်လည်း လ္ဘက်ရည်ဖိုးက၁၅၀၀။၂၀၀ဝလောက်ရမှ ကျေနပ်ကြတာသုဝဏ္ဏဘက်မှာ ဆိုတခါပြင်၃၀၀ဝန ဲ့အသိတယောက်အိမ်ကဖုန်းဆ ိုတချိန်လုံးပျက်နေတာကများတယ်
    ဒါကျတော့ဆက်သွယ်ရေးက ဘယ်လိုပြောမလဲ ဘယ်လိုကောင်းအောင်လုပ်ပေးမလဲ ဒါတွေကိုအရင်မပြုပြင်ပဲနဲ့ သူများတကာလုပ်တာကို လိုက်ကန့်ကွက်နေတာက တကယ်စိတ်ပျက်ဖို့ကောင်းပါတယ ်သူများနိုင်ငံမှာအသုံးပြုနေတာကို ကိုယ့်နိုင်ငံမှာအဆင်မပြေဘူးလို့ ပြောကတည်းကိုက သိက္ခာကျပါတယ် တကယ်တိုးတက်ချင်ရင် ခွင့်ပြုသင့်တယ်လို့ထင်ပါတယ်

  • windtalker

    January 10, 2012 at 1:34 pm

    အိမ်း
    ဟိုနေ ့က ချီးကျူးမိတာ
    မှားပြန်ပေါ့ကွယ်
    လဟယ်

  • sitminnaing

    January 10, 2012 at 1:39 pm

    မဖြစ်နိုင်ဘူးဆိုတာရှင်းပါတယ် သူတို့အတွက် မကျန်ရင်မဖြစ်နိုင်ပါဘူး..ကျန်မယ်ဆိုရင်တော့ ဖြစ်နိုင်တယ်ပါတယ်…
    ဥပဒေတွေ၊နည်းပညာတွေဆိုတာ လူကြားကောင်းအောင်ပြောတာ…အရှေ့တောင် အာရှလောက်မှာနေတဲ့သူတိုင်းသိတယ်…ဒင်းတို့မသိဘူးလား…

  • blueblood

    January 10, 2012 at 1:45 pm

    ဒီကုမ္ပဏီကတော့ ခုလိုရဲရဲဝံ့ဝံ့ လူသိရှင်ကြား စာနယ်ဇင်းတွေကိုပါ အသိပေးလိုက်တော့ ခွင့်ပြုမပေးရင် အစိုးရတာဝန်ပဲဆိုပြီးတော့ လုပ်ခွင့်မရသေးခင် ချုပ်ထားတဲ့သဘောပဲ…
    တကယ်သာ ဖြစ်လာရင်တော့ ပြည်သူတွေအတွက်အများကြီး အကျိုးရှိတာပေါ့
    ဟို ၁၅သိန်း၊၅သိန်း နဲ့ရောင်းခဲ့တဲ့ ဆသရရော ကုမ္ပဏီတွေရော ပြည်သူအပေါ်ဘယ်လောက် စေတနာ ထားလဲဆိုတာကြီးပေါ်သွားပြီလေ… ထင်ပါတယ်လေ စိန်စိန်ကတော့ ဖျက်မှာပဲ…

  • kaung kin pyar

    January 10, 2012 at 2:34 pm

    ဘယ်သူ့ကို ယုံရမလဲတောင် မသိတော့ဘူး။ ဆက်သွယ်ရေးလား၊ ရွှေပြည်တံခွန်လား။ ကြားထဲက ပြည်သူတွေပဲ ခံနေရတယ်။

  • Thel Nu Aye

    January 10, 2012 at 3:02 pm

    ဖြစ်တာမဖြစ်တာအပထားဒင်းတို့အမြတ်ကြီးစားတာပေါ်သွားပြီ။ ရှက်တတ်ရင်လိပ်သာဆိုခေါင်းဖေါ်နိုင်မှာမဟုတ်ဘူး။ ဒါပေမဲ့ဒင်းတို့တွေက without အရှက်။
    ပြောင်ပြောင် ပဲတားရသမျှတော့တားမှာပဲ။ တားမရမှပြည်သူအတွက်ဘာညာဆိုပြီးခွင့်ပြုမှာပါ။ မကြာပါဘူး။

  • Phaung Phaung

    January 10, 2012 at 4:05 pm

    အားလုံး …မင်္ဂလာပါ
    MG မှာ Register လုပ်ပြီးမှ Post ဘယ်လိုတင်ရမှန်းမသိလို့ ပြောပြပေးကြပါ။

    • မှော်ဆရာ

      January 10, 2012 at 4:52 pm

      စာမျက်နှာရဲ့ အပေါ်ဆုံးမှာ add new ဆိုတာရှိပါတယ် ..အဲဒီအောက်က post ကို နှိပ်လိုက်ပါ
      ့ပြီးရင် စာရေးလို့ရပါပြီ …
      ရေးပြီးရင် publish ဆိုတာကို နှိပ်လိုက်ပါ …
      အဲဒါ အလွယ်ဆုံး ပိုစ့်တင်နည်းပါပဲ ..
      အဲဒါတွေ မတင်မှီ
      http://myanmargazette.net/64188/education/learn-how-to-do-just-about-everything ဟောဒီပိုစ့်ရယ်
      http://myanmargazette.net/rules-for-writers ဒါရယ်
      http://myanmargazette.net/writing-guidelines ဒီကောင်ရယ် .. ကို သေချာဖတ်ကြည့်စေချင်ပါတယ် ..
      အဲဒီ့အပြာရောင် စာသားလေးတွေပေါ်ကို နှိပ်လိုက်ရင် ပွင့်လာပါလိမ့်မယ်…

  • lu nyo chaw

    January 10, 2012 at 4:10 pm

    ကဲ မောင်သိန်းစိန် ဘယ်လိုလဲ?
    ဆက်သွယ်ရေးက လူတွေကို ကြယ်ဂေါင်လောက်ပဲ ခန လောက်လွှတ်ပေးလိုက်ပါဦးဗျာ
    လုပ်နိုင်ရင်လုပ်ပါစေ
    မလုပ်နိုင်ရလဲလုပ်နိုင်သူတွေကိုလုပ်ခွင့်ပေးပါလေ……….
    ခင်ဗျားလူတွေက စစ်ပဲတိုက်တတ်တာလား?

  • sun

    January 10, 2012 at 5:08 pm

    5သိန်းတုံးကလဲဆက်သွယ်ရေးကမဖြစ်နိုင်ဘူးလို ့ပြောခဲ့တာဘဲ။
    လုပ်ခွင့်ပြ ုလိုက်လေ၊ဖြစ်မလား၊မဖြစ်ဘူးလားအဖြေထွက်လာပါလိမ့်မယ်။
    ရွှေပြည်တံခွန်ကလဲမဖြစ်နိုင်ဘဲနဲ ့ဒီလိုစိမ်ခေါ်ရဲမယ်မထင်ဘူး။ပါမစ်မကျမှာ
    စိုးလို ့ကိုကြိ ုပြီးသတင်းစာရှင်းလင်းပွဲလုပ်လိုက်တာဘဲလေ။
    ပွဲကတော့ကောင်းလာပြီဟေ့။ဆက်ပြီးကြည့်နေမယ်

  • ရွှေဘိုသား

    January 10, 2012 at 6:22 pm

    ဖြစ်ရင်တော့ ကောင်းသားဗျာ ဒါမှလည်း ကို်င်နိုင်မှာ နော့မို့တော့ အနိုင်နို်င်ပဲ
    လုပ်ခွင့်တော့ပေးသင့်ပါတယ် အမှန်တကယ်ကို အကျိုးရှိမှာပါ သူများနိုင်ငံတွေ လယ်သမားက အစကိုင်နိုင်နေပါပြီ တစ်ခုရျိတာက ထုတ်မဲ့ကုမ္မဏီကလည်း သေသေချာချာကောင်းကောင်းလေးလုပ်ထားတာဆိုရင် ထုတ်ခွင့်ပေးသင့်ပါတယ်

  • water-melon

    January 10, 2012 at 6:29 pm

    ဘာ မပေးတော့ဘူးဟုတ်လား
    ရွာထဲက ကွမ်းတောင်ကိုင်လေးကို ဘယ်လိုပြန်ပြောပြရမလဲ
    ဝယ်ပေးမယ်လို့ ဖရဲက စကားကျွံနေပြီ
    စာဥရေ ကိုကိုဖရဲ ပိုက်ပိုက်စုပြီးမှ ၅ သိန်းတန် GSM/CDMA ဖြစ်ဖြစ်ဝယ်ပေးမယ်နော်
    အခုတော့ ဘုရားကြီးက ဝယ်လာတဲ့ တော်တီးတီးတော် ဖုန်းလေးနဲ့ဆော့လိုက်အုန်း 😆

  • myintsoelatt

    January 10, 2012 at 8:19 pm

    မြန်မာ့ ဆက်သွယ်ရေးက ပေါင်းလုပ်ရမယ် ပြောနေတယ်လေ ရွှေပြည်တံခွန် ရဲ့ ၊ ပေါင်းလုပ် ပေါင်းလုပ်။ သူ့ အကျိုး ကိုယ့်အကျိုး ကြည့်၊ ဘာမှ အသုံးမကျ တဲ့ ပြည်သူ့ အကျိုး မကြည့် နဲ့၊ သူများပေး သလောက်ပေး၊ ဒါဆို ရင် အိုကေ။

  • နွေးနွေး

    January 10, 2012 at 8:30 pm

    ပြည်သူအတွက်အများကြီးအကျိုးရှိမယ်ထင်တဲ့အရာကိုဘာကြောင့် လက်မခံတာလဲ နားမလည်ဖြစ်မိတယ်
    ၅၀၀ဝတန် သတင်းကြားပြီးတည်းက အားလုံးတော်တော်များများမျှော်လင့်ကြတာပါ အားလုံးသိပြီးကြမှ မဖြစ်နိုင်လို့ သတင်းထုတ်ယင် အကြောင်းပြချက်ခိုင်လုံသင့်ပါတယ် တစ်ဦးတစ်ယောက်အတွက်မှမဟုတ်ဘဲ သေချာဆွေးနွေးဆုံးဖြတ်သင့်ပါတယ်

  • ရွှေ မင်း သား

    January 10, 2012 at 9:03 pm

    ကျနော်က တော့ ရွှေပြည်တံခွန် ဆိုတဲ့ နာမည်တစ်ခုနဲ့ နိုင်ငံရေးသွေးတိုးစမ်းတာ ဒါမှမဟုတ်၊ စီးပွားရေး သမား အချင်းချင်း အတို့အထောာင်လုပ်တာ လို့ မြင်မိပါတယ်။

    သေချာတာ တစ်ခု က စီးပွားရေးသမား အစစ် တစ်ယောက်က ဒီလို ပုံစံမျိုးမဟုတ်ဘူးဗျ။
    သူနည်းသူ့ဟန်နဲ့ သူလုပ်ငန်း လုပ်ခွင့်ရအောင် ကြိုးစားမှာဘဲလေ။
    ၁။ သူ့ လုပ်ခွင့် ရဖို့ လုပ်ငန်းစဖို့ ကြိုးစားရမှာ။ နောက်ပြီး တကယ်လုပ်နိုင်စွမ်းရှိတဲ့သူ တစ်ယောက်အနေနဲ့ လုပ်ခွင့် ရနိုင်မယ့်ပုံစံ က ဘယ်လိုပုံစံလဲ ဆိုတာ သိကို သိရမယ်။

    ဒါမှမဟုတ်၊
    ခဲ တစ်လုံးထဲနဲ့ ငှက် ၂ ကောင်၊ ၃ ကောင် လောက်မှန်အောင် ပစ်လိုက်တာလားမသိ။
    ကျနော်လဲ ဉာဏ်မမှီလို့ ဖြစ်မှာပါလေ။

    • တောင်တန်း က မောင်ဆန်း

      January 10, 2012 at 10:42 pm

      မောင်ဆန်းလဲ အဲဒီ့ကိစ္စကို တော်တော့ကို စဉ်းစားတယ်
      သေချာတာတစ်ခုကတော့ သုံးသိန်းဖုန်းဆိုတဲ့ ကိစ္စက ဒီငါးထောင်ဆိုတဲ့ ကိစ္စကြောင့် တော်တော့ကို အ သွားပြီပေါ့ ..
      ဖြစ်နှိုင်တာ နှစ်ခုရှိတယ် …
      ပထမတစ်ခု မီဒီယာ အားကို ယူသလား
      နောက်တစ်ခုက ရွှေမင်းသားတွေးသလို အတို့အထောင် ပျက်ဆီးရာ ပျက်ဆီးကြောင်း လုပ်သလားပေါ့
      မီဒီယာ အားကို ယူသလားဆိုတာကို စဉ်းစားကြည့်ရအောင် ..
      လွယ်လွယ်တွေးရင် ၁၅ သိန်း ၅ သိန်း ၃ သိန်း ဖုန်းတွေကို ထုတ်ရောင်းနေတာ အစိုးရပါ …
      ၅၀၀ဝ တန်ဖုန်း ပုဂ္ဂလိက ကထုတ်ရင် အစိုးရဖုန်းတွေ ဝယ်သူရှိမှာ မဟုတ်တော့တာ အသေအချာပဲ … ဒီတော့ အစိုးရက သူ့ကို ဖုန်းထုတ်ရောင်းခွင့်မပေးဖို့က ရာနှုန်းများတယ် … လူမသိ သူမသိတင်ရင် လူမသိ သူမသိ ပယ်ချခံရမှာပဲ .. ပယ်ချခံရကာမှ မီဒီယာက ပြန်အော်လဲ အပိုပဲ …
      ဆိုတော့ …… မီဒီယာအားကို ယူ … ပြီးမှ လျှောက်လွှာတင်တာက သူ့အတွက် နဲနဲမျှော်လင့်ချက် ရှိတယ်လို့ ယူဆရတယ် … အခုတောင် ဒီကိစ္စကို ပြည်သူလူထုက ထောက်ခံနေပြီမလား …၊ ကျွန်တော်တို့ အခု အစိုးရကလဲ ပြည်သူ့အသံကို အရင်ကထက် အများကြီး ပို နားထောင်နေပါပြီ …. ။
      အတို့အထောင် လုပ်တာလား ဆိုတော့ ….
      မောင်ဆန်းတော့ မထင်ဘူးဗျ … သူက ခိုးကြောင် ခိုးဝှက် ပြောတာမဟုတ်ဘူး …. သတင်းစာရှင်းလင်းပွဲ လုပ်ပြီးကို ပြောသွားတာ… မဟုတ်ရင် မသေချာရင် အမှုပါတ်သွားစရာ … တသက်လုံး မျက်နှာမပြရဲစရာ ဖြစ်သွားနှိုင်တယ်..
      နောက် ဆက်သွယ်ရေးကလဲ နေမှာ မဟုတ်ဘူး … သေချာအောင်ခေါ်မေးတာ .. ပလန်တင်ခိုင်းတာ ..လုပ်ရင် နားကားစရာလဲ အများကြီးရှိတယ် … ။ မလိုတမာ အတို့အထောင်လုပ်ချင်ရင် ဖော်ဝါ့မေးတစ်ခု ဖန်တီးလိုက်ရင်လဲ ဖြစ်တာပဲဗျာ… ဟိုးအရင်တုန်းကလဲ စီးပွားရေးသမားတွေ ဈေးတက်ချင်တော့ တစ်သောင်းတန်ထွက်မယ်တို့ ဘာတို့ လုပ်ဖူးတာပဲ …။ ဒါပေမယ့် အခုလို ပေါ်ပေါ်ထင်ထင် ဘယ်သူမှ ထွက်မပြကြဘူး …
      ပြီးတော့ နိုင်ငံတကာမှာလဲ ဒီနှုန်းထားအောက် နိမ့်တဲ့နှုန်းနဲ့တောင် ဖုန်းတွေ ရောင်းနေတာပဲ … ဒီပလန်ကလဲ မြန်မာနိုင်ငံမှာ ဖြစ်လာနှိုင်လောက်တယ်လို့ ယူဆတယ် …
      ဒီတော့ မောင်ဆန်း ယူဆရမယ်ဆိုရင် တကယ်ဖြစ်အောင်လုပ်နှိုင်လို့ .. အစိုးရက ပါမစ်မချပေးမှာစိုးလို့ … သူများအကျိုးဆောင် ၊ ကိုယ့်အကျိုးအောင်ဆိုတဲ့ ပရဟိတ စိတ်ဓါတ်ရှိတဲ့သူမို့လို့ ရွှေပြည်တံခွန်ဟာ မီဒီယာ အားကို ယူတာလို့ ယူဆမိပါတယ်..
      အဲ …. မောင်ဆန်း ရွှေပြည်တံခွန်ကနေ ကြော်ငြာခ မရပါဘူးနော်… 😀

  • Dra Koi

    January 10, 2012 at 11:53 pm

    ဒီ သောက် မြန်မာပြည်ဆက်သွယ်းရေးက SIM Card တစ်ခုကို 5000ထောင်နဲ့ရောင်းဖို့ဘယ်ဖြစ်နိုင်မှာလဲ ။ 15 သိန်းကနေ စားလာတာ အခုမှ 5 သိန်း ထိပဲရောက်သေးတာလေ။ အခု 5 သိန်းကနေ 5 ထောင် ဆိုတာ သူတို့အတွက် သုည ၂ လုံးလျှော့သွားမှာပေါ့ ဟုတ်ဘူးလား။ ဒီသောက် ဆက်သွယ်ရေးက ပြည်သူတွေ ဆီကနေ ပါးပါးလေး မဟုတ်ဘူး ထူထူကြီးကို အုပ်နေတာ ။ (နှောင် 5 နှစ်လောက်ဆိုရင်တော့ SIM Card ၁ ခု 5 ထောင်လောက်နဲ့ ရကောင်းရနိုင်လိမ့်မယ်လို့တော့ ထင်တာပဲ)

    • ကောင်းမြတ်သူ

      January 11, 2012 at 9:45 am

      သိပ်မအုပ်ပါဘူး တစ်ရွက်နဲ့တစ်အုပ်ပါ(၅၀၀ဝိ/-တန်)

  • sun

    January 11, 2012 at 12:43 am

    “ဒီတော့ မောင်ဆန်း ယူဆရမယ်ဆိုရင် တကယ်ဖြစ်အောင်လုပ်နှိုင်လို့ .. အစိုးရက ပါမစ်မချပေးမှာစိုးလို့ … သူများအကျိုးဆောင် ၊ ကိုယ့်အကျိုးအောင်ဆိုတဲ့ ပရဟိတ စိတ်ဓါတ်ရှိတဲ့သူမို့လို့ ရွှေပြည်တံခွန်ဟာ မီဒီယာ အားကို ယူတာလို့ ယူဆမိပါတယ်..”
    ကိုမောင်ဆန်းရေ၊ပရဟိတလို ့တော့မမြင်မိဘူး။ရွှေပြည်တံခွန်ကလဲလုပ်ခွင့်သာရရင်တသက်စားမကုန်
    တဲ့ပဒေသာပင်ကြီးရတာဘဲလေ။
    ရွှေပြည်တံခွန်ကလဲပထမနှစ်ကဒ်တစ်သန်းနဲ ့ငါးနှစ်ကဒ်သန်း30ထုတ်မှာလေ။
    တစ်မိနစ်25ကျပ်နဲ ့တနေ ့“4မိနစ်”ဘဲပြောကြအုံး၊တစ်ကဒ်အတွက်တနေ ့100ကျပ်ရမယ်လေ။
    ကဒ်တစ်သန်းအတွက်တနေ ့ဝင်ငွေသန်း100ဘဲ။တစ်နှစ်သန်း36500။“4မိနစ်”နဲ ့တွက်ထားတာနော်၊ပိုဘို ့ဘဲရှိ
    မယ်ထင်တယ်။
    PHONEဆိုတာရင်းနှီးငွေများပေမဲ့စသုံးပြီဆိုတဲ့အချိန်ကစပြီးရွှေဥ ဥတော့တာဘဲ။နောက်ပိုင်းက
    ဝန်ထမ်းစရိတ်။ပြင်ဆင်၊ထိန်းသိမ်းစရိတ်လောက်ဘဲရှိတော့တာ။
    ဖုံးကဒ်သန်း30ရောင်းပြီးရင်တော့တနေ ့ဝင်ဘယ်လောက်ရှိမလဲဆိုတာမှန်းသာကြည့်တော့ဗျာ။

    • တောင်တန်း က မောင်ဆန်း

      January 11, 2012 at 7:12 am

      ပရဟိတဆိုတာ အများအကျိုးဆောင် ကိုယ့်အကျိုးဆောင်လို့ ဆိုလိုတာပါ …
      အများပြည်သူကို အဆင်ပြေအောင် လုပ်ပေးပြီးရင်တော့ သူပြန် အဆင်ပြေမှာ ပြောစရာမလိုပါဘူး ..
      လူဆိုတာ ကိုယ့်ဖို့ မကျန်ပဲနဲ့တော့ ဘယ်လုပ်မလဲ
      အထူကြီးလှီးတာကို ခေါင်းငုံခံနေရတာထက်စာရင် .. နှစ်ဦးနှစ်ဖက် အဆင်ပြေအောင် လုပ်မယ့်သူကို အပြစ်ပြောလို့တော့ဘယ်ဖြစ်မလဲ ….
      အတ္တဟိတတွေ များနေတဲ့ခောတ်မှာ ဒီလို ပရဟိတ သမား ပေါ်ထွန်းလာတာ ကြိုဆိုရမှာပါ ..

  • nigimi77

    January 11, 2012 at 2:10 am

    ပြည်သူအားလုံး စောင့်မျှော်နေကြတဲ့ ငါးထောင်တန်ဖုန်းဆိုတာ တကယ်တော့ မဖြစ်နှိုင်ပါဘူးလို့ မြန်မာ့ဆက်သွယ်ရေး သတင်းအချက်အလက်နှင့် နည်းပညာဌာန အင်ဂျင်နီယာချုပ် ဦးဇော်မင်းဦးက ပြောကြားလိုက်တယ်လို့ ရတနာပုံ မြန်မာဝက်ဆိုက်မှာ ဖတ်လိုက်ရပါတယ် …။
    …………………………….

    မဖြစ်နိုင်ဘူးလို ့ပြောတဲ့ “သူ” ဟာ မြန်မာ့ဆက်သွယ်ရေး သတင်းအချက်အလက်နှင့် နည်းပညာဌာန အင်ဂျင်နီယာချုပ် ဦးဇော်မင်းဦး ….ဖြစ်နေတယ် ။

    ဘာကြောင့် မဖြစ်နိုင်ဘူးလို ့ ပြောရသလဲဆိုတာ စဉ်းစားဖို ့လိုတယ် ။

    ခေတ် အဆက်ဆက်က အားလုံးသော လက်ရှိ အုပ်ချုပ်ပိုင်ခွင့်ကို ရယူထားသူတွေဟာ “မဖြစ်နိုင်ဘူး” ဆိုတဲ့ စကားရပ်ကိုပဲ

    ရေလဲ သုံးခဲ့တယ် ။ သဘောတရားအရ မဖြစ်နိုင်ဘူး ဆိုတာ မှန်ချင်မှန်လိမ့်မယ် ။ ဒါပေမဲ့ အချိန် အတိုင်းအတာ ကာလ အကန် ့

    အသတ်ဆိုတာ ရှိတယ် ။ ဘယ်တော့မှ မဖြစ်နိုင်ဘူးဆိုတာ ဘယ်တော့မှ မရှိဘူး ။

    အုပ်ချုပ်ပိုင်ခွင့်ဆိုရာမှာ အဲဒီ “ဦးဇော်မင်းဦး ” ဆိုတဲ့ လူဟာ သူလုပ်ဆောင်နေတဲ့ လုပ်ငန်းသဘာဝကို ဘယ် အတိုင်းအတာ

    အထိ တာဝန်ယူ လုပ်ဆောင်နေလဲ ဆိုတာပေါ် မူတည်လိမ့်မယ် ။ တကယ်လို ့သာ ရွှေပြည်တံခွန် ဆိုတဲ့ နာမည်ယူထားတဲ့

    လုပ်ငန်းက အများပြည်သူကို ဖွင့်ပြခဲ့တဲ့ အကြောင်းအချက်အလက်တွေဟာ တကယ်ကို အကောင်အထည် ဖော်နိုင်သည်ဖြစ်စေ

    မဖော်နိုင်သည်ဖြစ်စေ သူတို ့က ဘယ်လို ယုံကြည်ချက်မျိုးနဲ ့ ဘယ်လို တောင့်တင်းမှုမျိုးနဲ ့ မီဒီယာတွေကို ထုတ်ဖော်ပြောပြ

    ခဲ့သလဲ ဆိုတာကိုလည်း ထည့် စဉ်းစားဖို ့လိုအပ်တယ် ။ ဒီနိုင်ငံ သက်ဆိုင်ရာ အစိုးရ ဋ္ဌာန ပေါင်းစုံရဲ ့ ထုတ်ဖော်ပြောပြချက်တိုင်း

    ဟာလည်း အတည်ယူဖို ့ ခဲယဉ်းသလို …ဒီနိုင်ငံ မှာရှိတဲ့ အစိုးရ အဖွဲ ့အစည်းမှာ နေရာအနေအထား တခုအနေနဲ ့ စိတ်သွားတိုင်း

    ကိုယ်ပါတဲ့ တစ်စုံတစ်ယောက်နဲ ့ ပါတ်သတ်နေတဲ့ ဖားတစ်ပိုင်း ငါးတစ်ပိုင်း လုပ်ငန်းရှင်တွေရဲ ့ …ပြည်သူတွေကို မစားရ ဝခမန်း

    ထုတ်ပြတဲ့ ဆင့်ဖင်ခွေးမျှော် စီမံကိန်းတွေဟာလည်း ယုံရ ခက်ခက် ပဲ ။ မိုးပြော ဂျိုးပြောနဲ ့ လှေနံ နှစ်ဖက်နင်းတဲ့ အစိုးရ အဖွဲ ့

    အစည်းနဲ ့ အစိုးရတစ်ပိုင်း လုပ်ငန်းရှင် လူတန်းစားတွေကြားမှာ ဟိုဖက်ယိမ်းသလိုလို ဒီဖက်ယိမ်းသလိုလို ……ခိုင်မာတဲ့

    ဦးတည်ချက် မရှိတဲ့ ငွေကြေးရှိသော်လည်း အသိပညာမရှိတဲ့ လူတန်းစား အနည်းစုကြားမှာ ငွေကြေးမရှိ အသိပညာ မရှိတဲ့

    ပြည်သူအများစုက ဘုန်းကြီးရူး ပဲ့နင်းတဲ့ လှေလူးကို စီးသလို သေကာမှ သေတော့ ဟို်ဖက်ကမ်းရောက်ရင် ငါ့ ကိစ္စပြတ်ပြီ

    ဆိုတဲ့ အနေအထားနဲ ့ ရှေ ့ဆက်လျှောက်နေကြတယ် ။

    …………………………………………………………………

    အခုလ ပထမအပတ်က ပြည်သူလူထုကြား ပြန့်နှံ့သွားတဲ့ မိုဘိုင်းဖုန်း ဆင်းမ်ကဒ် တစ်ကဒ်ကို ကျပ် ၅၀၀ဝ နဲ့ ရောင်းချဖို့ ကုမ္ပဏီတစ်ခုက စီစဉ် ဆောင်ရွက်နေခြင်းမှာ ဥပဒေ အရရော နည်းပညာ အရပါ လောလောဆယ် မဖြစ်နိုင်ဘူးလို့ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦးက ဒီကနေ့ ဇန်နဝါရီ ၉ ရက်က ပြောကြားပါတယ်။ တနင်္လာနေ့ မွန်လွဲ ၁ နာရီက မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ ကြေးနန်း ဆက်သွယ်ရေးနှင့် စာတိုက် သင်တန်းကျောင်းမှာ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက လက်ရှိပေးနေတဲ့ ဝန်ဆောင်မှုတွေနဲ့ ပတ်သက်ပြီး ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲအပြီး တွေ့ဆုံမေးမြန်းရာမှာ သတင်းအချက်အလက်နှင့် နည်းပညာဌာန အင်ဂျင်နီယာချုပ် ဦးဇော်မင်းဦးက အဲဒီလို ဖြေကြားခဲ့တာပါ။
    ……………………………………………………………………………

    သတင်း အချက် အလက်ကို အများပြည်သူ အားလုံးက အမှန်ကို သိဖို ့ရာ အတွက် အများပြည်သူ အတွက် အမှန်တရားကို

    ထုတ်ဖော်ဖို ့ နီးစပ်လာနေတဲ့ မီဒီယာတွေ အရှေ ့မှာ ထုတ်ဖော် ပြောကြားခဲ့တယ် ။

    သမ္မတကြီး ဆိုတဲ့ စကားကို တွင်တွင်သုံးပြီး အများရှေ ့မှောက်မှာ ပြောဆိုခဲ့တဲ့ စကားတွေကို ဒီ ” ဦးဇော်မင်းဦး” ဆိုတဲ့

    ဆက်သွယ်ရေး ဝန်ထမ်း တစ်ယောက်က ပြောတဲ့ ” မဖြစ်နိုင်ပါဘူး” ဆိုတဲ့ အနေအထားဟာ ” သမ္မတ လပ်လပ်ဆပ်ဆပ်

    ကြီးရယ်…..ဘယ့်နှယ် ဟာသ ပျက်လုံးတွေကို ပွဲထုတ်ဖို ့ကြိုးစားနေတာလဲ….ဟုတ်မှလည်း လုပ်ပါ အာစိရယ်…..

    ဘဘကြီးရဲ ့ ယန္တရား ကွန်ယက်ကျယ်ကြီးရဲ ့ မိန်းဖြစ်တဲ့ ဆက်သွယ်ရေး ဋ္ဌာနကို ပေါက်ပန်းလေးဆယ် ၅၀၀ဝ ပေးပြီး

    မင်းတို ့ သဘောရှိလုပ်ရအောင် ပေးပြစ်လိုက်မည့် အခြေအနေ မရောက်သေးပါဘူး……လို ့ ဆိုလိုက်သလိုပါပဲ ။

    ………………………………….

    ပြောရမယ် ဆိုရင် အဲသည် ဋ္ဌာနပေါင်းစုံက အင်္ဂါသားတွေဟာ ကေသရာဇာထုံး နှလုံးမူထားသလား ထင်ရအောင်

    ဆရာထက် တပည့် လက်ဇောင်းထက် နေတယ် ။

    ………………………………………

    သတင်းစာ ရှင်းလင်းပွဲ လုပ်နေစဉ်အတွင်း သတင်းစာဆရာများက အဆိုပါ ကိစ္စနဲ့ ပတ်သက်ပြီး မေးမြန်းရာမှာလည်း မြန်မာ့ဆက်သွယ်ရေး အနေနဲ့ ၎င်းတို့နဲ့ ဆက်သွယ်ခြင်းမရှိဘဲ ဖြစ်ပေါ်လာတဲ့ ကိစ္စဖြစ်လို့ တစ်စုံတစ်ရာ ထင်မြင်ချက် မပေးလိုကြောင်း၊ နည်းပညာအရ မိုဘိုင်းကွန်ယက် တစ်ခုဖြစ်ဖို့ တည်ဆောက်ရာမှာ နေချင်းညချင်း မဖြစ်နိုင်ကြောင်း၊ မြန်မာ့ဆက်သွယ်ရေး ဖုန်းမဟုတ်ဘဲ မြန်မာ့ဆက်သွယ်ရေးက ချပေးထားတဲ့ ဖုန်းတွေနဲ့ ဘယ်လိုကွန်ယက် ချိတ်ဆက် ခေါ်ဆိုမယ် ဆိုတာကို နားမလည်နိုင်ကြောင်း၊ အလားတူ မြန်မာ့ဆက်သွယ်ရေးရဲ့ မိုဘိုင်းကွန်ယက်ထဲ မဖြတ်ဘဲ နိုင်ငံတကာနဲ့ ချိတ်ဆက်နိုင်မှာ မဟုတ်ကြောင်း စသဖြင့် နည်းပညာအရ မဖြစ်နိုင်သေးတဲ့ အခြေအနေတွေကို မိုဘိုင်းဌာန အင်ဂျင်နီယာချုပ် ဦးသိန်းဝင်းနဲ့ သတင်းအချက်အလက်နှင့် နည်းပညာဌာန အင်ဂျင်နီယာချုပ် ဦးဇော်မင်းဦးတို့က ရှင်းပြပေးပါတယ်။

    ……………………………………………………………..

    ခွေးတွေ စမာန်ခုတ်ပြီး စားခွက်လုတာကမှ နည်းနည်း ကြည့်ပျော် ရှုပျော် ရှိပေမဲ့ ပြည်သူလူထုကို မျက်မှောက်ထားပြီး

    အဖိုးတန် ချီးခွက်ကို လုနေကြတာဟာ အတော်ကို ရုပ်ဆိုးလွန်းပါတယ် ။

    ရွှေပြည်တံခွန် အနေနဲ ့လည်း သူ ့လူကိုယ့်ဖက်သား အုပ်စုကွဲနေတဲ့ အစိုးရ အဖွဲ ့အစည်းအတွင်းလှိုက်

    စားခွက်လု ဘက်တော်သားတွေရဲ ့ အကူအညီ အပံ့အပိုး အာမခံချက်တွေကို အားကိုးပြီး ပြည်သူတွေကို ချပြတာမျိုး ဆိုရင်

    ဒါဟာ မှန်ကန် သင့်မြတ်တဲ့ အများပြည်သူ ဆက်သွယ်ရေးပိုင်းဆိုင်ရာ စီးပွားရေး တည်ထောင် အစပျိုးမှု မဖြစ်လာနိုင်သလို ….

    သမ္မတ ဆိုတဲ့ နာမည်တပ်ပြီး “ဟုတ်ပါတယ်” ……” မဟုတ်ပါဘူး” ….လို ့ သိက္ခာ မရှိ ပြောဆိုနေကြတာဟာ……..

    ဦးသိ်န်းစိန် ဦးဆောင်တဲ့ အရပ်သားအစိုးရဟာ အရပ်သား အမည်ခံ အစိုးရသာ ဖြစ်တယ်လို ့ နှစ်ဦးနှစ်ဖက်စလုံးက

    အမျှော်အမြင် မရှိစွာ ဖော်ပြရာရောက်နေတယ်။

    ……………………………………………………………………….

    ကျန်တာတွေကတော့ ဦးဏှောက်ရှိတဲ့ စာဖတ်သူတွေ ဆက်ပြီး ဆွေးနွေးကြည့်ပါ ။

    ဆွေးနွေးရာမှာလည်း အဂတိ တရား မှ ကင်းလွတ်စေချင်တယ် ။

    အပေါ်မှာရေးခဲ့တာတွေကို ဘယ်လို အမြင်မျိုး ရှိမလည်း ဆိုတာကို မသိပေမဲ့ အောက်မှာ ဆက်ရေးမဲ့

    စာကြောင့် အပေါ်က ထင်မြင်ချက် နဲ ့ တွေးတောမှု အားလုံးဟာ အချဉ်းနှီး ဖြစ်စေခဲ့သည့်တိုင်အောင်…………

    ………………………………………………………………………..

    ဘာပဲတွေးတွေး ” ကာလာမ သုတ်” ဆိုတာ ဂေါတမ ဆိုတဲ့ လူစင်စစ် ဘုရားက သိမြင်ခဲ့တယ် ဆိုရင်

    လေယူရာတိမ်း ယိမ်းနွဲ ့တဲ့….ဘာလိုလို…..

    ဒီရွာထဲက အတွေးအခေါ်ရှင်တွေ တညီတညွတ်ထဲ

    “မှန်လှပါဘုရား”…..” ဟုတ်ကြောင်းပါဘုရား”……” သင့်တင့်လျော်ကန်လှကြောင်းပါ ဘုရား”

    ဆိုတဲ့ ရွာခံ တွေ မဖြစ်ဖို ့မျှော်လင့်တယ် ။

  • kai

    January 11, 2012 at 4:07 am

    တကယ်တော့.. အခု ၅၀၀ဝတန်ကိစ္စကစဉ်းစားစရာတွေ အများကြီးပါ…။
    အများကြီးမှ.. တကယ့်အများးးးးးးးးးးးးးးကြီး..။
    တိုင်းပြည်အင်ဖရာစရပ်ချာဆိုတာက.. အစိုးရကတဆင့်မှ.. သွားကြရတာဖြစ်ပါတယ်..။
    ဆက်သွယ်ရေးအင်ဖရာစရပ်ချာဆို ..ပိုအရေးကြီးတာပေါ့…။ ကမ္ဘာနဲ့ ချိပ်ရတာကိုး…။

    ဆိုတော့…
    မိုဘိုင်းဌာန အင်ဂျင်နီယာချုပ် ဦးသိန်းဝင်းနဲ့ သတင်းအချက်အလက်နှင့် နည်းပညာဌာန အင်ဂျင်နီယာချုပ် ဦးဇော်မင်းဦးတို့က မဖြစ်နိုင်ဘူးဆိုရင်တော့.. တကယ်မဖြစ်နိုင်ဘူးလို့ပဲ..မှတ်ပါတယ်..။
    တခုတော့မေးစရာရှိတာပေါ့..
    သူတို့က.. စစ်သား(ဟောင်း) တွေလား.. လုပ်သက်နဲ့ တက်လာတဲ့.. အင်ဂျင်နီယာတွေလား.. မေးချင်တာပါ..။ 😆
    ==
    ဆဲလ်ဆိုက်(တာဝါ)တွေ ဘယ်သူထောင်မှာလည်း..။ ဘယ်မှာထောင်မှာလည်း..။ ဘယ်သူ့မြေမှာထောင်မှာလည်း..။
    စံနှုန်းတွေကို.. ဘယ်သူကစစ်မှာလည်း.။ ဘယ်လိုင်စင်တွေယူမှာလည်း..။
    ဆက်စပ်နေတဲ့.. အကျ်ုးအပြစ်တွေ.. ဘယ်သူကတာဝန်ယူမှာလည်း..။
    ရှိတဲ့ဈေးကွက်တခုလုံး.. လက်ဝါးကြီးအုပ်သွားတာ.. ဘယ်သူကာကွယ်မှာလည်း.. ဘာဥပဒေတွေရှိလည်း..။
    စသဖြင့်ပေါ့..။

    သာမန်လူပြိန်းအတွေးနဲ့ဆိုရင်.. အင်ဖရာဆောက်ဖို့.. ငွေအရမ်းကုန်နေ/ကုန်ခဲ့/ကုန်မှာပါ.. အဲဒါက အစိုးရမှပဲတတ်နိုင်တာမျိုးဖြစ်ပါတယ်..။ အစိုးရငွေဆိုတာက.. လူထုငွေတွေပါ..။ ဒါတွေကို.. ခေါင်းပုံဖြတ်ပြီး.. ယူသုံးတာမျိုးကို..
    .. ပုဂ္ဂလိကကုမဏီလက်ထဲအပ်ဖို့..ခွင်ြ့ပုလိုက်ဖို့…. အာဏာရအစိုးရမှာရော..လုပ်ပိုင်ခွင့်ရှိပါရဲ့လား…မေးရမှာပါ..။

    According to most sources including the CTIA’s database, at the end of 2008 there were 242,130 cell sites in the United States.
    http://en.wikipedia.org/wiki/Cell_site

  • small cat

    January 11, 2012 at 7:02 am

    ဦးဇော်မင်းဦးပြောတဲ့ နည်းပညာအရမဖြစ်နိုင်ဘူးဆိုတာက လုံးဝမဖြစ်နိုင်ဘူးလို့ ဆိုလိုတာ မဟုတ်နိုင်ပါဘူး၊
    အစိုးရခွင့်မပြုပဲ သူ့ဟာသူ သီးခြားကြီးလုပ်လို့ မဖြစ်နိုင်ဘူး၊ အစိုးရထိမ်းချုပ်ထားတဲ့ဆက်သွယ်ရေးရဲ့ ကွန်ယက်ထဲကို မချိတ်ဆက်ပဲ လုပ်ဖို့ မဖြစ်နိုင်ဘူးလို့ဆိုလိုတာဖြစ်မှာပါ။ ငါးထောင်နဲ့မဖြစ်နိုင်ဘူးဆိုတာတော့ နဲနဲလွန်ရာကျပါတယ်၊ ပတ်ဝန်းကျင်နိုင်ငံတွေမှာရနေပြီး ဒီမှာမရဘူးဆိုတာ ရှက်စရာတော့ကောင်းတာပေါ့၊ သူကလည်းနောက်ခံအကြောင်းတစ်ခုကြောင့်ဒီလိုပြောနေရတာဖြစ်မယ်၊ အင်ဂျင်နီယာစစ်စစ်ကြီးတွေကတော့ အပေါ်မှာ ဝိုင်းပြောကြသလို သူတို့ ပညာ သိက္ခာကျစရာကောင်းတဲ့စကားကို အကြောင်းမဲ့ ပစ်စလခတ်မပြောတန်ကောင်းပါဘူး။
    နိုင်ငံတော်ရဲ့ မူဝါဒနဲ့ပဲဆိုင်မှာပါ။

    အချုပ်ပြောရရင် ခွင့်ပြုချက်ရှိရင်၊ ပိုက်ပိုက်ရှိရင် နည်းပညာရှိပါတယ်။

    • kai

      January 11, 2012 at 7:21 am

      ကိုရင်စမောကြောင်လေးရေ..
      ပတ်ဝန်းကျင်နိုင်ငံတွေမှာရနေပြီး ဆိုတာမှာ.. အဲဒီနိုင်ငံတွေက.. မြန်မာပြည်ထက်အများကြိးချမ်းသာတာမို့.. အင်ဖရာစရပ်ချာ ဆောက်ထားပြီးဖြစ်လို့ပါ…။

      အဝေးပြေး.. အနီးပြေးကားလမ်းကြီးတွေ..။ လျှပ်စစ်ဂရစ်ကြီးတွေ..။ လျှပ်စစ်၊အင်တာနက်.. ဝိုင်ယာလက်စ်တာဝါ..ကြိုးတန်းတွေ.. ။ မိုက်ခရိုဝေ့ဗ်လွှင့်တဲ့ တာဝါအဆောက်အဦတွေ..။ ဂြိုလ်တု.. တီဗီ အသံလွှင့်စက်ရုံတွေ..
      သူတို့လုပ်ပြီးခဲ့ကြပြီလေ…။ သူတို့တွေမှာ.. ရှိခဲ့ပြီးတာတောင် ကြာလှပေါ့…။

      အဲဒါလေး.. လက်တို့ပြီး.. သတိပေးချင်တာပါဗျာ…။

      List of ASEAN countries GDP (nominal), International Monetary Fund 2010 estimates.
      Rank Country GDP (millions of USD)
      — World 62,909,274
      — European Union 16,282,230
      United States 14,657,800
      — People’s Republic of China 5,878,257
      — Japan 5,458,872
      — South Korea 1,007,084
      — ASEAN 1,843,846
      1 Indonesia 706,735
      2 Thailand 318,850
      3 Malaysia 237,959
      4 Singapore 222,699
      5 Philippines 188,719
      6 Vietnam 103,574
      7 Burma 35,646
      8 Brunei 11,963
      9 Cambodia 11,360
      10 Laos 6,341

      • small cat

        January 11, 2012 at 9:09 am

        ကျေးဇူးပါသဂျီးခင်ဗျာ၊ ကျနော်ပြောတဲ့အထဲမှာလဲ ပိုက်ပိုက်ရှိရင်ဆိုတာပါ ပါတယ်ခင်ဗျ၊ အပေါ်က မန့်တာတွေမှာ နည်းပညာအရမဖြစ်နိုင်ဘူးဆိုတဲ့စကားအတွက် အင်ဂျင်နီယာကြီးတွေကိုအမြင်မရှင်းတာမျိုးလေးတွေ့လို့ ပါခင်ဗျ။
        ဦးသိန်းဝင်းဆိုတာအောက်ခြေက တက်တဲ့ အရပ်သားအင်ဂျင်နီယာပါခင်ဗျ။

      • Wow

        January 11, 2012 at 6:43 pm

        စင်ကာပူနဲ့တူအောင်လုပ်မယ်ဆိုတဲ့ ထိပ်ပြောင် ဒီတစ်ခုလောက်ဖြစ်မြောက်အောင်လုပ်ကြည့်ပေါ့။
        ဖြစ်အောင်လုပ်မယ် ဆိုတဲ့ စိတ်နဲ့ စေတနာအမှန်သာ ထားရင် ဖြစ်ပါတယ်…
        မဖြစ်နိုင်ဘူးလို့ ဖင်ပိတ်ညင်းမနေကြပဲ sooner or later ဖြစ်ရမှာပေါ့ ဆိုတဲ့ စေတနာလေးများ မထားနိုင်ကြဘူးလား….

  • မှော်ဆရာ

    January 11, 2012 at 8:43 am

    တကယ်ဆို ဒီသတင်းကို ကျွန်တော်ရေးတာဟာ မန္တလေးဂေဇက်မှာ ဝင်ရောက်ရေးသားနေသူတွေဟာ စတုတ္ထမဏ္ဏိုင်ရဲ့ တစ်စိတ် တစ်ပိုင်း ဖြစ်တယ်လို့ ကျွန်တော် ယူဆထားလို့ပါ … တနည်းပြောရရင် ပြည်သူ့အသံ ပေါ့ဗျာ …
    ဘယ်ဘက်က မှန်သည်ဖြစ်စေ မှားသည်ဖြစ်စေ ဒီသတင်းအပေါ် ပြည်သူတွေအနေနဲ့ ဘယ်လိုသဘောထားတယ် .. ဆိုတာကို ဒီသတင်းနဲ့ ပါတ်သက်တဲ့သူတွေ သိအောင် ပြသချင်တဲ့ စိတ်စေတနာပါ ..။
    မလုပ်နဲ့ကွာ … မရဘူးကွာ … လို့ တစ်ခွန်းထဲ အပြတ်ပြောတဲ့ခေတ် ကုန်သွားပြီလို့လဲ ယူဆလို့ပါ …
    ဘာပဲပြောပြော ရွှေပြည်တံခွန်ရော … မြန်မာ့ဆက်သွယ်ရေးရော … ကိုယ်ပြောတဲ့ စကားတွေအတွက် ကိုယ်ကိုယ်တိုင် တာဝန် ရှိသွားပါပြီ .. ပြည်သူတွေက သူတို့အသံကို ဆက်လက်စောင့်မျှော်နေတယ်ဆိုတာ သိစေချင်ပါတယ်…။
    မြန်မာ့ဆက်သွယ်ရေးကတော့ ဥပဒေ နဲ့ နည်းပညာနဲ့ကြောင့် မဖြစ်နှိုင်ဘူးလို့ ဆိုသွားပါတယ်..
    ရွှေပြည်တံခွန်ကရော ဘာကြောင့် ဖြစ်နှိုင်ပါတယ်.. ရောင်းနှိုင်ပါတယ် .. လုပ်နှိုင်ပါတယ် .. လို့ပြောသလဲ .. ပြန်ဖြေရှင်းရမှာ သူတို့တာဝန်ပါ …။ ပြည်သူလူထု စောင့်မျှော်နေတယ်ဆိုတာ သိရပါတော့မယ်…။သူတို့ပြောပြီးစကား ဘွာတေး တော့ လာမလုပ်ပါနဲ့ ..။
    သူကြီးပြောသလို အခြေခံအဆောက်အဦးတွေ မရှိသေးလို့လို့ ဆိုရင်လဲ ဆက်သွယ်ရေးနဲ့ မပါတ်သက်ပဲ သူတို့ဟာသူတို့လုပ်ပါမယ် ပြောတဲ့အတွက် တာဝါတိုင် ထူတာကအစ ရွှေပြည်တံခွန် သူ့ဟာသူ လုပ်ရတော့မှာပါ ….
    နောက် နည်းဥပဒေ ..
    နည်းဥပဒေက အတားအဆီးဆိုရင် ဒါကို ဖျက်ပေးဖို့ ပြည်သူ့လူထု အသံ လိုပါတယ်… ။ ဖျက်ပေးတာ မပေးတာ .. ဖျက်သင့်တာ မသင့်တာ သူတို့အပိုင်း .. ကိုယ့်ဆန္ဒကို ထုတ်ဖော်ဖို့က ကျွန်တော်တို့ ပြည်သူတွေ တာဝန်လေ …
    1- ဒီလို ထုတ်ဖော်ခွင့်ရအောင်..
    2-ဆက်သွယ်ရေး (သို့) ရွှေပြည်တံခွန် လေထိုး လေလျှော် လုပ်လို့မရအောင်
    ကျွန်တော် တို့မီး ရှို့မီး လုပ်ပေးလိုက်တဲ့ သဘောပါပဲ …. :mrgreen:

  • junfrid

    January 11, 2012 at 12:21 pm

    နွယ်ပင် ပြောသလိုပင် ရွှေပြည်တော်မျှော်တိုင်းဝေးပါ….ထွေထွေထူးထူး မပြောလိုပါ ဧရာဝတီလိုညီညွက်ကြမည်ဆိုရင်ဖြင့် ရနိုင်ပါလိပ်မည်ခင်ဗျား

  • Kyithur Tun

    January 11, 2012 at 6:14 pm

    ပြည်သူတွေက ရူးလို ့ ဘယ်သူကိုဆရာခေါ်ရမလဲမသိဘူး ဒီတသက် ဈေးနည်းနည်းနဲ ့ဖုန်းကိုင်ရပလားနော်

  • kookaburra

    January 11, 2012 at 6:42 pm

    ပျင်းလို့ ငါးထောင်ဖိုးခေါ်နောက်လည်း ခံနိုင်ပါတယ်။ နောက်ခွင့်ပေးလိုက်ပါ….။ နော်လို့ 😉

  • the best

    January 11, 2012 at 8:39 pm

    ဆက်သွယ်ရေးဝန်ကြီးဌာန အကျင့်ပျက်အရာရှိတွေ နဲ့ မြန်မာနိုင်ငံ ရဲ့ စီးပွားရေးလက်ဝါးကြီးအုပ်ထားတဲ့ကုမ္မဏီတွေက ပြည်သူ့ တွေကို လုပ်ချင်ရာလုပ်လို့ ပြီး ဆင်းရဲမွဲတေအောင် ကြံနေတာပါ ပဲ။
    ဆင်းရဲမွဲတေမှု လျှော့တယ်ဆိုတာ လက်ဝါးကြီးအုပ်တွေရဲ့ စီးပွားရေး စားပေါက်ပိတ် ပြီး ဆင်းရဲမွဲတေမှု မဖြစ်နိုင်အောင်လျှော့တာ ပါ။ ပြည်သူတွေ အတွက် မဟုတ် ပါ။
    ဒါကြောင့် ခွင့်ပြုချက် ရနိုင် မရနိုင် ဆိုတာကိုတော့ မေးခွန်းထုတ်စရာပါ။
    အစိုးရ တဖွဲ့လုံး ပြည်သူတွေအတွက်ရပ်တည်ပေးသင့်ပါတယ်။ အဲဒါ ဟာ ပြည်သူတွေ ဆင်းရဲမွဲတေမှု လျှော့ တာပါ။
    နိုင်ငံတော်အစိုးရက လုပ်ခွင့်ပေးပါလို့ ပြည်သူတွေ တောင်းဆို နေပါပြီ ။
    Good အစိုးရ ; Clean အစိုးရ ; Save ပြည်သူတွေ’s MONEY!

  • Gipsy

    January 12, 2012 at 12:14 am

    အင်း…။
    ဆယ့်ငါးသိန်းတန်ဖုံး…
    နောက်ထပ်တဖန်..
    ငါးသိန်းတန်ဖုံး…
    နောက်လာမှာ က သုံးသိန်းတန် ဖုံး….
    ခုတခါ ငါးထောင်တန်ဖုံး… တဲ့..
    အားလုံးကောင်းပါတယ် .. မပြောလိုပါဘူး… ဒါပေမဲ့…
    ငှါးရမ်းတယ် စကားသုံးတာလေးကို နားခါးတယ်ဗျာ…။

  • ကိုစိုး

    January 12, 2012 at 1:03 am

    ရွှေပြည်တံခွန် ကပဲ နောက်တာလား … မြန်မာဆက်သွယ်ရေးကပဲ နောက်တာလား … ””” ဆိုတာကိုသိရအောင် နည်းနည်းစုံစမ်းကြရအောင်…
    ရွှေပြည်တံခွန်အကြောင်းသိသူများရှိရင်ပြောပေးကြပါအုံး..
    -မည်သိလုပ်ငန်းလုပ်နေသောကုမ္မဏီလဲ
    -ဘယ်အချိန်တုန်းက ကုမ္မဏီမှတ်ပုံတင်ထားသလဲ
    -ငွေကြေးအမြောက်အများ (နိုင်ငံခြားငွေ+ကျပ်ငွေ) သုံးစွဲနိုင်လောက်တဲ့ စီးပွားရေးနောက်ခံ
    -ဒေါ်လာသန်း ၇၇ဝ ရဲ့ ၃၀% ၂၃၁ သန်းသောငွေကြေးသုံးစွဲနိုင်လောက်တဲ့ နိုင်ငံခြားဝင်ငွေလုပ်ငန်း
    စတာတွေကို သိတဲ့သူများရှိရင် တင်ပေးကြပါအုံး..

    မြန်မာဆက်သွယ်ရေးကလည်း ဒီ proposal ကို မသိပါဘူးလိုပြောတာ..တစ်ခုခုတော့လွဲနေတယ်လို့ထင်ပါတယ်..
    ဆက်သွယ်ရေးဝန်ကြီးကတော့သိကိုသိရမယ်လိုထင်ပါတယ်..
    ့အစိုးရ(သမ္မတကြီး)အနေနဲ့ National Security အရ ဆက်သွယ်ရေးဝန်ကြီးကို ဒီ proposal အကြောင်း အသိပေးရမယ်..
    တစ်ကယ်လို့. ဆက်သွယ်ရေးဝန်ကြီးက တစ်ကယ်မသိတာဆိုရင်တော့….
    သမ္မတကြီးက ဆက်သွယ်ရေးဝန်ကြီးကို မယုံကြည်တာလား….
    ဒါမှမဟုတ် အရင်လမ်းဟောင်းအတိုင်း.. ဗဟိုချုပ်ကိုင်စနစ်နဲ့သွားချင်တာလား..စဉ်းစားစရာပါ..
    ဒီ Proposal ကိစ္စကို နိုင်ငံတော်သမ္မတကြီးရုံးမှ ပြည်သူများသိရှိနိုင်အောင် သတင်းစာရှင်းလင်းပွဲလုပ်သင့်ပါပြီ…

    • the best

      January 12, 2012 at 10:10 am

      ဆက်သွယ်ရေးဝန်ကြီးကို ဆက်သွယ်လို့ မရပါ.။ ဆက်သွယ်ရေး လိုင်းတွေ မ ကောင်းလို့ ပါ။ လောလောဆယ် နည်းပညာအရ မဖြစ်နိုင်လို့ ပါခင်ဗျ။

  • ရွှေ မင်း သား

    January 12, 2012 at 9:10 am

    ရွှေပြည်တံခွန်တော့ အကျိုးအမြတ်တွေ အများကြီး ရသွားပြီ။
    ရွှေပြည်တံခွန် ဘာလဲ ဘာလဲ ပေါ့….. နာမည်တော့ အတော်ကြီးသွားတယ်။
    လူတိုင်းနီးပါးလဲ ၅၀၀ဝ ဖုန်းနဲ့ စိတ်ကူးယှဉ် ကုန်ကြတယ်။
    ကြော်ငြာစရိတ် ပြောသလောက် မသုံးရဘဲ.နဲ့ လူအများကြီးသိသွားတယ်။ လူတိုင်းနီးပါးရဲ့ အာရုံကို ဖမ်းစားနိုင်တယ်။ ရွှေပြည်တံခွန် ဘာလဲ ဘာလဲ ဆိုပြီး ဖြစ်အောင် လူတွေ စိတ်ဝင်စားအောင်လုပ်ပြသွားနိုင်တယ်။

  • mdychronic

    January 12, 2012 at 11:00 am

    ‎*****အခု ကျွန်တော်တို့ GSM သန်း ၃ဝ စီမံကိန်း လုပ်သလိုမျိုး ပေါင်းလုပ်ရမယ်*****
    5000 လောက်နဲ့ရမဲ့ဟာကို ငါးသိန်းလောက်တင်ပြီး ပြည်သူတွေဆီက ပေါင်းယူမယ်ဆိုတဲ့ သဘောပေါ့နော်..
    ဒီမိုကရေစီဆိုတာ ဘာလဲတော့..သိပ်မသိပင်မဲ့…အခုလိုပြည်သူတွေ လွတ်လပ်စွာ ပြောခွင့်ရလာတာကိုက တော်တော်လေးကောင်းပါတယ်…အခုတော့ facebook တို့ ဘာတို့ကနေပေါ့လေ…နောက်တော့..ပြည်သူတွေက ပေါ်ပေါ်ထင်ထင် သူ့တို့ဆန္ဒတွေကို ထုတ်ဖော်လာနိုင်မယ်ထင်တာပဲ…တနှစ်တနှစ်မှာ..ပစ်စလတ်ခတ်ထွက်လာတ့ ဗိုလ်လောင်းတွေကို b ပိုးလို လို c ပိုးလိုလိုနဲ့..အရပ်ဖက်ပို့…ရှိသမျှရုံးမှာလည်း စစ်သားတွေချည်းပဲ…နောက်တော့ ဦးသိန်းစိန်ပါ အသွင်ပြောင်းလိုက်တော့..ကော်နက်ရှင်တွေက အကုန်စပ်ဆက်ကုန်ပြီ…ကြိုတင်ကြံစည်ပြီးလုပ်လာတဲ့ သူတို့ဦးနှောက်တွေကို ချီးကျူးရမယ်..နောက်လူတယောက်တက်လာရင်တော့..အဲဒီစစ်သားတွေနဲ့ ရင်လေးစရာပဲ…ဘာပဲဖြစ်ဖြစ်ပါ..ကိုယ်နိုင်ငံကို ချစ်တဲ့စိတ်..ကိုယ့်လူမျိုးကို ကြီးပွားစေချင်တဲ့ စိတ်လေးတွေနဲ့ လုပ်သွားကြရင်..အားလုံးအဆင်ပြေပြေဖြစ်သွားမယ်လို့ထင်ပါတယ်.အန်တီစုတက်လာတက်လာ..ဘယ်သူတက်လာတက်လာ..အဲလိုစိတ်ရှိဖို့နဲ့..အဲလိုစိတ်နောက်ကို ညီညီညွတ်ညွတ်လိုက်ကြပါစေလို့ပဲ..ဆုတောင်းပါတယ်..

Leave a Reply