ရောက်တတ်ရာရာ ဟာသ

htet wayJanuary 11, 20121min41915

ကျွှန်တော်က ဟာသစာပေကို စိတ်ဝင်စားသည်။ အရင်ကဆိုလျှင် သောကြာမှာ ဟာသဝတ္ထုတွေရေးခဲ့ဖူးသည်။လူများလိုတော့ ဟာဟဉာဏ်မရွှင်ပါ။အခုတော့ ပိုလို့ မရွှင်တော့
ဘဝအမောတွေကို ဖြတ်သန်းရင်း သောကတွေနဲ့ ဝင်တိုးခဲ့ရသူမို့ တခါတလေ အရမ်းစိတ်ချမ်းသာချင်ခဲ့သည်လေ။အရင်ကဆို စာဖတ်၊စာရေး မဂ္ဂဇင်းမှာကိုယ့်စာ ပါရင်သိပ်ပျော်ခဲ့သည်။
ပန်းတနော်သားဝင်းရွှေနီ(ကွယ်လွန်) လက္ခဏာဆရာဆီဝင်တုန်းက “လာဗျာဆရာထက် ကျွှန်တော်ဆွေမျိုး လာရင်တောင် ဒီလောက်ဝမ်းမသာဘူး” ဒီလိုပြောပြီးလက္ခဏာလာမေးသူကို စောင့်ခိုင်းပါတယိ
ဒီလို စာပေသမားချစ်ခင်ကြတာပါ။ နောက် မင်းနွယ်စိုး၊မောင်ညိုမှိုင်း(သံလျှင်)….အများကြီးပါ ခင်မင်ရင်းနှီးခဲ့ကြ တယ်။ အခုဂေဇက်မှာပဲ စာရေးတော့ ရွာသူ ရွာသားတွေရဲ့ ဖြူစင်မူတွေကို တန်ဖိုးထားမိတယ်
စာပေကိုချစ်စိတ် အချင်းချင်း ခင်မင်စိတ်တွေကို သိခဲ့ရပါတယ်။
ဟာသရေးရတာ ဝါသနာကြီးတာလည်းအခက်တွေ့ရသည် အတည်အခန့်ပြောသူတွေကြားထဲ ဟာသဆန်ဆန်ပြောမိတော့ အခင်မင်ပျက်ရသည်။ဆရာဝန်ရှေ့ သွားပြီးကျွှန်တော်က လူအထင်မကြီးတဲ့
တိုင်းရင်းဆေးဆရာပါလို့ ကိုယ်ကိုကိုယ် ဟာသလုပ်မိတော့ တဖက်သားကို ပမာမခန့် လုပ်သလိုဖြစ်ရသည်လေ။တကယ်တော့ ကျွှန်တော်က ဆရာဝန်မှန်းမသိ၍ပြောခြင်းသာ။
နောက်တခုက အိမ်ထောင်သည်တွေ မိန်းမ မကြောက်ကြောင်းပြောကြတော့ မိန်းမကြောက်ရသော ဘုရင် တစ်ပါးအကြောင်း သတိရမိပါသည်။ မိန်းမကြောက်ရတဲ့ ဘုရင်ကြီးက လူတွေအားလုံးမိန်းမ
ကြောက်မှာ မဟုတ်ဘူး ငါမလုပ်နိုင်တဲ့ အလုပ်ကို လုပ်နိုင်တဲ့ လူကို ထိုက်တန်တဲ့ ဆုပေးမယ်လို့တွေးပြီး ကြော်ငြာမောင်းခတ်ခဲ့ပါတယ်။ နောက်နေ့ လူတွေတန်းစီပါတယ် ဘုရင် အမိန့်နဲ့ လာကြတာပါ ဘာရယ်တော့ သူတို့ မသိကြဘူးလေ။ တန်းစီနေတဲ့ လူတွေရဲ့ ရှေ့ ဝေးဝေးမှာ အလံ နှစ်လက် စိုက်ထားပါတယ်။
ကဲ မင်းတို့တွေထဲက မိန်းမကြောက်တဲ့သူ အလံဖြူရှေ့မှာစုရပ်ပါ ၊မိန်းမ မကြောက်တဲ့ သူတွေက အလံနီရှေ့မှာရပ်ကြပါ ဒါ အမိန့်လည်းဆိုရော ယောက်ျား အားလုံးက အလံဖြူရှေ့ပဲ ရပ်ကြပါတယ် ။ဒါပေမယ့်
လူတယောက်ကတော့ အလံနီရှေ့မှာရပ်လို့ပါ။
ဘုရင်ကြီးက စိတ်ဝင်စားသွားပါတယ် ။ အင်းငါထက်သာတဲ့လူတွေ့ပြီပေါ့ ကဲ ရှေ့တော်မှောက်သွင်းစေပေါ့။ရှေ့တော်မှောက်ရောက်တော့ မောင်မင်း ကဘာကြောင့် အလံနီရှေ့ရပ်တာလဲ မိန်းမ မကြောက်သူလား
မှန်ရာကိုလျှောက်တင်စေဆိုတော့ .. ကျွှန်တော်မျိုးမိန်းမက သူများလုပ်သလို လိုက်မလုပ်နဲ့လို့ မှာထားလို့ပါ ဒါကြောင့် သူများတွေရပ်တဲ့ ဘက်မရပ်ရကြောင်းပါဘုရား “လို့ ပြန်ဖြေပါတယ် ခင်ဗျား။
ကဲ မောင်ထက်ဝေးရေ မငိ်းရောဆိုရင်“ ရင်ကော့ခေါင်းမော့လို့ အလံနီ အလံဖြူတွေနဲ့ လွတ်မြောက်နေသူပါ ကြောက်ခြင်း မကြောက်ခြင်းနဲ့ လွတ်မြောက်နေသူပါ လို့ ဖြေမှာပါခင်ဗျား။
ပြောချင်တာက ဟာသတွေရေးတဲ့ ကိစ္စပါ။ တလောက ဂေဇက်မှာ အိမ်မဲရှေ့နေ ဆရာငွေကိုရေးတော့ မြို့သားတွေ ကြိုက်ကြပါတယ် ဆရာငွေဆိုတဲ့ လူက ကျွှန်တော်မိတ်ဆွေပါ စကားပြောကြွယ်ပါတယ်
ဘိသိက် ဆရာလည်း လုပ်ပါတယ်။ အင်မတန်လည်းနိုင်ငံရေးအကြောင်းပြောပါတယ်။ အစက ဥပဒေအရာရှိပါ။ သူ့ အကြောင်းဂေဇက်မှာပါတာဝမ်းသာအားရ ကူးပြီးသူကိုတိုင် လိုက်ဝေပါတယ်။ဒါကို တချို့က
ဆရာထက်က ရှေ့နေကို ဖိုက်လိုက်တယ် ဘာညာပြောကြပါတယ် ။တကယ်တော့ ဒါဟာ ဟာသရေးတာပါ။ဆရာငွေ ဘယ်လောက်ဟာသပြောလည်းဆိုရင် တရားရုံးမှာ ကျွှန်တော် ဖြတ်လျှောက်တော့ လူပုံလယ်မှာ
ဒီလူကို သိကြလား ကျွှန်တော် ကြက်ဖြစ်မယ့်ဆဲဆဲ ကြက်မဖြစ်အောင် သူလုပ်ပေးခဲ့တာပါ။ လူတွေက ဘာလဲ မေးတော့မှ အရိုးအတက် ခြေဖနောင့်ထွက်တာ သူကုပေးလို့ ပေါ့ဗျာ မဟုတ်ရင် ကျွှန်တော်ဘဝကြီးမတွေးရဲစရာပါလို့။ဒီလိုဇာတ်သံနဲ့ ဟာသဖေါက်ပါတယ်။
တရားခွင်မှာ သူကို ယှဉ်ပြောရတာခကိခဲပါတယ် ။မမှားသောရှေ့နေဆိုသော်လည်းသူခံရတာရှိပါတယ်။အရွယ်ရောက်သော်လည်း မိဘအုပ်ထိန်းသူ မကျေနပ်လို့ တရားစွဲတဲ့ အမူမှာ တရားလို ဘက်က လိုက်ပါတယ်။ ဒီမှာတရားခံဘက်ကိုမေးတဲ့ အခါ ကဲ လက်ထပ်ပေးတဲ့ လူ ခင်ဗျားမှာ လက်ထပ်ပေးလောက်တဲ့ အခွင့် အာဏာရှိလား လို့မေးတော့ တဖက်က လက်ထပ်ပေးတဲ့ ရွာလူကြီးက ရှိပါတယ် ကျုပ်က
ရာအိမ်မှူးချုပ်ပါ …တဲ့ ဥက္ကဋ္ဌ လည်းမဟုတ် ဘာလည်းမဟုတ်ပဲ ရာအိမ်မှူးချုပ်တဲ့ .. ဆရာငွေ ပါးစပ်ပိတ်သွားပါတယ် အဲ့ ဒီကာလက မှူးချုပ်တွေခောတ်ပါ။
နောက် ဂျက်စတင်း ဆိုင်းပါတဲ့ ဘုန်းကြီးပျံပွဲမှာဆိုင်းသမားတွေ ညကဆိုင်းတီးပြီးမနက်အိပ်နေတဲ့ အချိန် အလှူခံဖို့ သူကို အကူအညီတောင်းထားတာကြောင့် မိုက်ကိုင်ပြီး အလှူခံပေးပါတယ်၊ခဏကြာတော့
အေးယဉ်ကျူးတဲ့ စာသားကို သံနေသံထားနဲ့ ရွတ်လိုက်ဆိုလိုက် လုပ်တာ ဆိုင်းသမားတွေ အကုန်ထကြည့်ရပါတယ်။ကျွှန်တော်ကိုလည်း အတင်းခေါ်လို့ အလှူခံ တဲ့ နေရာနဲ့ ခပ်လှမ်းလှမ်းမှာ စောင့်ပေးခဲ့ရပါတယ်။
ဒါကတော့ ဟာသကို စိတ်ဝင်စားတဲ့ နာမည်ရရှေ့နေကြီး ရဲ့ အဖြစ်ပါ။
စာကြွင်း။ ။ ကျွှန်တာ်မှာ သောကြာမဂ္ဂဇင်းမှာပါပြီးသား ဟာသ ဝတ္ထုု အပုဒ် ၂၅ပုဒ် ရှိပါတယ် ။ စာအုပ် ထုပ်ချင်သော်လည်း မထုပ်နိုင်ပါ။ သေချာပေါက် အမြတ်မရနိုင်ပါ ငွေထုပ်ငွေခဲရှိသူ မည်သူမဆို
ဟာသပေါင်းချုပ်ထုတ်လိုပါက ထုတ်နိုင်ပါကြောင်း။

15 comments

  • ဦးဦးပါလေရာ

    January 12, 2012 at 12:02 am

    ကိုထက်ဝေးရေ

    ရန်ကုန်ပြန်ရောက်ပြီထင်တယ်။

    အဲဒီဟာသဝတ္ထုတွေ ဒီမှာတင်လေဗျာ

    ဖတ်ချင်စိတ်က စာအုပ်ထွက်အောင်မစောင့်နိုင်ဘူး…..။

  • ဦးဦးပါလေရာ

    January 12, 2012 at 1:29 am

    ကိုထက်ဝေး
    စာကြွင်းနဲ့ပတ်သက်ပြီးပြောစရာရှိတယ်ဗျ။
    နှစ်နာရီ(2 hours) လောက် အချိန်ရတဲ့တနေ့ တွေ့ချင်ပါတယ်။

  • etone

    January 12, 2012 at 8:24 am

    စာဖတ်ရလို့ …ရယ်မောခြင်းဆိုတာ ဟန်ဆောင်ပြီးလုပ်လို့မရတဲ့အရာတစ်ခုမို့ ….ဘဝအမောတွေ ခဏတာပျောက်သွားတယ်လို့ ထင်မိတယ် ။ ကိုထက်ဝေးရေ … ဟာသတွေရေးထားတာရှိလျှင်တော့ ဖတ်ချင်ပါတယ် ။ 🙂

  • Thel Nu Aye

    January 12, 2012 at 9:40 am

    ကိုထက်ဝေးရေးထားတာတွေသောကြာမှာဖတ်ဖူးပါတယ်။ တကယ်လဲကြိုက်ခဲ့ပါတယ်။ ဂေဇက်မှာဆက်ရေးပေးပါလား။ အားပေးနေပါတယ်။

  • htet way

    January 12, 2012 at 10:30 am

    ဦးဦးပါလေ ရာ ကိုတွေ့ချင်ပါတယ် ။ကျွန်တော်ကလည်း စကားတွေပြောချင်နေပါတယ်
    ခင်ဗျား။ခင်ဗျားနဲ့ ကျွှန်တော်
    ကျောချင်းကပ် ဖုံးခေါ်ကြတာ၊တယောက်နဲ့ တယောက်မသိဘဲ ဆူးပေးတဲ့ ဖုန်းနံပတ်နဲ့ ခေါ်
    ကြည့် ၊ ဒါလေးက အမှတ်တရ ဂေဇက်ဝိုင်းတော်သား တွေ့ဆုံပွဲလေးပေါ့ဗျာ။

    • etone

      January 12, 2012 at 1:43 pm

      ဟီးဟီး …ကျွန်မတို့ကလည်း … ဦးဦးပါလေရာကိုကြည့်ပြီး .. ဟိုအန်ကယ်ရော ဘယ်သူနဲ့ ချိန်းထားပါလိမ့်လို့ စပ်စုနေတာ … ။ ရွှေတိုက်စိုးက နားပါးမှပါး … ဟိုအစ်ကိုနဲ့ အန်ကယ်နဲ့ ချိန်းထားတာဖြစ်မယ်ဆိုပြီး ကွက်ကြည့်ကွက်ကြည့်နဲ့ .. ပြီးမှ .. ဂေဇက်ကလူတွေပါလား သိတော့တယ် …တခါမှ မမြင်ဖူးပဲကိုး …. ။

      ပထမဆုံးတွေ့ဆုံပွဲတုန်းက … မနွယ်ပင်နဲ့လွဲတာလေး သတိရမိတယ် … ။ သူကလည်း ကိုယ်တွေမလာဘူးထင်လို့ … လိုက်ရှာ .. ကိုယ်တွေကလည်း သူမှန်းမသိလို့ မခေါ်နဲ့ … နောက်မှ …. အရှက်ကွဲချင်ကွဲပါစေဆိုပြီး …နွယ်ပင်လားလို့မေးတော့… သူကလည်း ဟုတ်တယ်တဲ့ .. အဟီး … မှတ်မှတ်ရရအဖြစ်ပျက်လေ .. ။

      နောက်တခုက ရွှေတိုက်စိုးတို့ ကိုဘီလူးတို့နဲ့တွေ့တုန်းက စိမ်းလန်းစိုပြေက ဇီးပြားမှာ ကော်ဖီသောက်နေကြတယ် .. တယောက်တဝိုင်းထိုင်နေကြတာ … ဘုရှိုးရှိုးပြီး ကွက်ကြည့်ကွက်ကြည့်နဲ့ .. ဖုန်းတွေထုတ်ဆက်တော့မှာ … ကိုယ့်လူတွေပါလားလို့သိတော့တယ် …အမှတ်တရအဖြစ်ပျက်ပါပဲ .. ။

      • hmee

        January 12, 2012 at 3:08 pm

        တုံပြောတာနဲ့ မမှီလည်း ရွာကလူတွေကို အရမ်းတွေ့ချင်လာပြီ။ ကိုထက်ဝေးရေ ကျွန်မအစ်ကိုကြီးက သောကြာမဂ္ဂဇင်းဆိုသိပ်ကြိုက်။ ဒီတခါတွေ့မှ ကြွားရမယ် ကိုထက်ဝေးဆိုတာ ဂေဇက်ရွာသားလို့လေ။ 🙂

  • kyeemite

    January 12, 2012 at 1:19 pm

    စာရေးနိုင်သူအားလုံးကိုလေးစားပါတယ်…
    အားပေးပီးလဲဖတ်နေပါတယ်..
    ကိုယ်တိုင်တော့တစ်လုံး မှမရေးဖြစ်သေးဘူး…တစ်နေ့နေ့ပေါ့…
    ခင်မင်စွာဖြင့်..
    ကြီးမိုက်

  • manawphyulay

    January 12, 2012 at 3:27 pm

    အသက်ရှည်လိုလျှင် တစ်နေ့ကို များများရယ်ပါတဲ့။ တစ်ယောက်ထဲ အသက်ရှည်ချင်လို့ ထိုင်ရီနေရင် ရူးနေပြီလို့ ပြောကြမှာဖြစ်ပါတယ်။ ဒါကြောင့် စာအုပ်ဖတ်ရင်း ဟာသလေးတွေ သဘောကျရင်း ရယ်တော့ ရယ်သောသူ အသက်ရှည်၏ဆိုတဲ့ ဆောင်ပုဒ်လေးနဲ့ ကိုက်ညီသွားတာပေါ့နော်။ တစ်ခါတလေ စိတ်ထွက်ပေါက်အဖြစ် ဟာသလေးတွေဖတ်ရင်း ဘဝခရီးကို လျှောက်လှမ်းချင်ပါသေးတယ်။

  • htet way

    January 12, 2012 at 5:44 pm

    ဟာသကို စိတ်ဝင်စားရင် လေးစားပါတယ်
    တကယ်တော့ ဟာသဆိုတာ တဖက်လူနာကျင်တာကို ကြည့်သူက ရယ်ရွှင်ခြင်းပဲလေ
    ကျွှန်တော်သူငယ်ချင်းတယောက်တိုင်းရင်းဆေးဆရာပါ ဆီးချိုသွေးချိုကုပါတယ်
    ရွာဘက်က အဘိုးကြီးနဲ့ အဖွားကြီး လာပြီးပြတယ် နောက်နေ့လာရင် ဆီးခံလာခဲ့ပါတဲ့
    နောက်နေ့ ဆေးခန်းလာတော့ ဆီးပုလင်းလေးယူလာတယ်။
    ဆရာက အခန်းထဲဝင်ပြီး ဆီးကိုချက်ပါတယ် အုတ်ခဲကျိုးရောင်ဖြစ်နေတော့ အဘိုးကြီးကို
    အဘ… အဘဆီးကချိုနေတယ် ..လို့ပြောပါတယ် အဖိုးကြီးက “ဟာကွာ ကြံကြံဖန်ဖန်.
    .မဖြစ်နိုင်ပါဘူး” ဆရာလုပ်သူကလည်း ..ချိုနေတယ် အဘရယ်…။လူနာကလည်း မဟုတ်တာ ဆရာလေးရယ်နဲ့ ငြင်းနေတော့ ပါလာတဲ့ အဘွားကြီးက..“.တော်ကလည်း..ဆရာလေးကတို့ကြည့်လျှက်ကြည့် ပြီးပြောတာကို…
    စောစောက အခန်းထဲဝင်သွားတယ်လေ..”တဲ့
    ဆရာခဗျာ…စဉ်းစားကြည့်လေသူကရှုံ့ မဲ့သွားချိန်မှာကျွန်တော်က ရယ်စရာဖြစ်ခဲ့ပါတယ်။
    hmeeလည်း ကြွားပါ ကြွားပါ ဂေဇက် ရွာသားဖြစ်ရတာ ဂုဏ်ယူပါတယ်ကွာ
    ဟာသဖတ်ချင်ရင် ဆရာမလေး မနောဖြူကို ပို့လိုက်ပါ့မယ် ရေးပြီးသားဟာသတွေ
    ထင်းရူးဗုံးတစ်လုံးရှိပါတယ်။

  • ayethaw tarsan

    May 1, 2013 at 3:53 pm

    အားပေးပါတယ်

  • ayethaw tarsan

    May 1, 2013 at 3:56 pm

    ဆရာ ကအိမ်မဲကလား။သမီးကို မှတ်မိလား။ဝေယံကို သိတယ်မလား။ဆရာကို လေးစားပါတယ် အိမ်မဲ connectionနဲ.ရအောင်တင်နိုင်တာ။ဆရာကို အိမ်မဲက ဆိုတာ ပို သတိထားမိတာ ဟိဟိ။အမျိုးတွေမလို.လေ။

  • ayethaw tarsan

    May 1, 2013 at 3:58 pm

    တိုင်းရင်းဆေးကို အခုလို လူအများသိအောင် ကြိုးစားပေးတာ သမီးက တိုင်းရင်းဆေးဆရာတွေအစား ကျေးဇူးတင်ပါတယ်။ ဆေးနည်းလေးပါပြောပြရင် ပိုကောင်းမယ်။သမီးတို.က တိုင်းရင်းဆေးကို လူအများသိအောင် ဖုန်းနဲ. ဆေးညွှန်ပေးရတာမလို.ပါ။

  • ayethaw tarsan

    May 1, 2013 at 4:02 pm

    တဖက်တလမ်းက လူနာတွေကို ကုသပေးတဲ. သဘောပါ။ သမီးတို.လဲ ကြိုးစားနေပါတယ်။တချို.ဆို တိုင်းရင်းဆေးက တက္ကသိုလ် ရှိမှန်းတောင် မသိကြလု.ိ။လူတွေပို သိ ပို အလေးထားအောင်ကြိုးစားနေပါတယ်။အဓိက ကတော. လူနာ သက်သာဖို.ပါပဲ ဘယ်ဆေးနဲကုကုပေါ.။အမြဲ အားပေးနေပါ.မယ်။ကျေးဇူးတင်ပါတယ် ဆရာ။see you.

  • ayethaw tarsan

    May 1, 2013 at 4:04 pm

    လိုင်းက မကောင်းဘူးပို.ရတာ ကြာတာ။ ဆရာတော. ဘယ်လို တင်လဲမသိ။

Leave a Reply