မြန်မာ့လေကြောင်းလေယာဉ်အပိုင်စီးခံရခြင်းနှင့် နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းများ

လင်းဝေJanuary 13, 20121min84052

သိပ်ပြီး အထိတ်တလန့်ဖြစ်မသွားကြပါနဲ့။
မြန်မာ့လေကြောင်းက လေယာဉ်အပိုင်းစီးခံရလို့ ဆိုပြီး အလန့်တကြားတွေဖြစ်ကုန်မှာ စိုးလို့ပါ။ လေယာဉ်ကို အပိုင်စီးခံရပေမယ့် ရန်ကုန်လေယာဉ်ကွင်းကို ချောချောမောမော ပြန်ဆင်းသက်ပြီး ဒီအတိုင်းပြီးသွားပါတယ်။ ဖြစ်တာကတော့ ရက်နည်းနည်းတောင် ကြာပါပြီ။ မပြောပဲထားမလို့ပဲ။ ဒီလိုမျိုးတွေကို မပြောပဲထားရင် ပိုဆိုးလာတတ်လို့ နည်းနည်းပြောပါရစေ။

ဖြစ်တာကတော့ ၂၀၁၂ ဇန်နဝါရီလ ၂ ရက်နေ့ကပါ။ လေယာဉ်ခရီးစဉ်ကတော့ မြိတ်-ရန်ကုန် ခရီးစဉ်ပါ။ ခရီးစဉ်အမှတ် UB-351 ။ ပုံမှန်ပျံသန်းမှု လမ်းကြောင်းကတော့ မြိတ်-ရန်ကုန် တိုက်ရိုက်ဖြစ်ပါတယ်။ အဲဒီ ဇန်နဝါရီလ ၂ရက်နေ့က ပန်ကာတပ် ATR-72 လေယာဉ် က အဲဒီခရီးစဉ်ကိုပြေးဆွဲပေးပါတယ်။ ဒါပေမယ့် တိုက်ရိုက် ရန်ကုန်ကို ပျံမှာ မဟုတ်ပါဘူးတဲ့။ ရန်ကုန်ကနေ မြိတ်ကို တိုက်ရိုက်ပျံသန်းပြီး မြိတ်ကနေ ရန်ကုန်အပျံမှာ မော်လမြိုင်ကို ဆင်းမှာဖြစ်ပါတယ်တဲ့။ တခါမှ မကြုံဖူးပါဘူး။

လေယာဉ်ပေါ်မှာ မြိတ်ကနေပြီး ရန်ကုန်သွားမယ့် ခရီးသည်အပြည့်ပါပဲ။ အဲ ရှေ့တန်း ခုံလေးခုံတော့ လွတ်ပါတယ် အဲဒါ မော်လမြိုင်အတွက် ဆိုပါတယ်။ မော်လမြိုင်မှာ လူလေးယောက်ပဲ တက်မှာကို တကူးတက ဆင်းပေးတာ ချီးကျုးစရာပဲ။ ပုံမှန် မြိတ်-ရန်ကုန် တိုက်ရိုက်သွားမယ့် လေယာဉ်ကို တကူးတက ဆင်းပေးရတာပဲ။

အဲသလိုနဲ့ လေယာဉ် မော်လမြိုင်ရောက်တော့ မြန်မာ့လေကြောင်းလိုင်းက ဝန်ထမ်းများ ပြူးပြူးပျာပျာနဲ့ တက်လာပြီး ခုံလေးခုံကို သန့်ရှင်းရဲ့လား ဘာလားတက်ကြည့်ပြီး ခေါင်းစွပ်လေးဘာလေးတွေ ဆွဲဆန့်နေကြတော့တယ်။ ပြီးတော့ လေယာဉ်မယ်လေးကိုပြောနေတာက ၃ယောက်ပဲလိုက်မယ်။ ဝန်ကြီးကတော်နဲ့ သူ့သမီးရယ် နောက်တစ်ယောက်ရယ် တဲ့။

အောင်မလေးလေးးးး….. မိုးပေါ်ပျံနေတဲ့ လေယာဉ်ကို အောက်ကနေပြီး အပိုင်းစီးပြီး သူလိုရာ သွားဖို့ ခေါ်ထားတာကိုး။ ပို့ဆောင်ရေးဝန်ကြီးရဲ့ မိန်းမနဲ့ သမီးရယ် နောက် ဘယ်သူမှန်းမသိတဲ့တစ်ယောက်ရယ်ပါဗျာ။ ကောင်းကြသေးရဲ့လား။ ဒါစီးပွားရေးလုပ်ငန်းပါ။ နိုင်ငံပိုင် စီးပွားရေး လုပ်ငန်းဆိုတော့ နိုင်ငံသား အားလုံးပိုင်တဲ့ စီးပွားရေးလုပ်ငန်း မဟုတ်ပေဘူးလားဗျာ။
အဲဒီလုပ်ငန်းက ပုံမှန်ပြေးဆွဲနေတဲ့ လေယာဉ်တစ်စီးကို ခရီးသည်တွေလည်း ပါနေရက်နဲ့ကို ကိုယ်အသုံးချဖို့ တကူးတက ခေါ်တာကတော့ စီးပွားရေးလုပ်ငန်းရှင်တောင် မလုပ်သင့်တာပဲဗျာ။ အခုတော့ ငါ့ယောကျာင်္း က ပို့ဆောင်ရေးဝန်ကြီး။ ငါ့ယောကျာင်္းရဲ့ လက်အောက်က မြန်မာ့လေကြောင်းက လေယာဉ် ငါစီးချင်လို့ ခေါ်တာ ဘာဖြစ်သလဲ ပုံစံဖြစ်မနေပေဘူးလားဗျာ။ သင့်၏ မသင့်၏။ ဥပဒေကြောင်းအရတောင် မှား၏ မှန်၏ ဆုံးဖြတ်လို့ ရမယ့် ကိစ္စပါ။ သို့သော်လည်း မြန်မာပြည်မှာ ဒီလောက်ကတော့ ဘာမှ မဖြစ်သလိုပဲ။ ဒါဖြစ်သင့်တဲ့အရာ ဖြစ်နေသလိုပဲဗျာ။ ပြောကြပါလိမ့်မယ်။ ဒါလေးများကွာ။ ဒီအသေးအဖွဲကို စာဖွဲ့နေကြတယ် လို့။

နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများ( State Owned Enterprises ) ဆိုတာ နိုင်ငံတိုင်းလိုလိုမှာ ရှိတတ်ပါတယ်။ မြန်မာပြည်မှာလည်း ဆိုရှယ်လစ် စနစ်အမွေခံ နိုင်ငံပိုင်လုပ်ငန်းအများအပြားရှိနေပါသေးတယ်။ ပိုဆိုးတာကတော့ ဒီလုပ်ငန်းများဟာ သီးသန့်ရပ်တည်တာ မဟုတ်ပဲ ဝန်ကြီးဌာနတွေ အောက်မှာ ရပ်တည်နေကြတာပါ။ ဆိုရှယ်လစ်ခေတ်နောက်ပိုင်းမှာတောင် အဲဒီ နိုင်ငံပိုင်လုပ်ငန်းကြီးတွေကို အမှီပြုပြီး ချမ်းသာသွားသူ ဝန်ကြီးများ၊ အလုပ်အကိုင်မှားလို့ ပြုတ်သွားသူ ဝန်ကြီးများ အများကြီးရှိမယ်ထင်ပါရဲ့။ ဖြစ်သင့်ဖြစ်ထိုက်တာကတော့ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းဆိုတာ ပုဂ္ဂလိက ကဏ္ဍက ဝင်ရောက်ရင်းနှီးမမြုပ်နှံလို့ ဝင်လုပ်ပေးရတဲ့ ကဏ္ဍတွေမှာသာ ရှိသင့်တာပါ။ သို့သော်လည်း အကြောင်းအကြောင်းတွေကြောင့် ဆက်လက် လုပ်ကိုင်နေကြတဲ့ လုပ်ငန်းများ ရှိနေကြဆဲပါပဲ။ အစိုးရလုပ်ငန်းအများစုကလည်း အရှုံးပေါ်နေတယ် ပြောနေကြဆဲပါပဲ။ နှစ်ပေါင်းများစွာ အရှုံးပေါ်နေတာ ဘာကြောင့်ပါလဲ။ လုပ်ငန်းတစ်ခု အရှုံးပေါ်တယ်ဆိုတိုင်း “ဝင်ငွေ” ကိုပဲ လက်ညှိုးထိုးလိုက်တာပါပဲ။ ဝင်ငွေနည်းလို့၊ ရောင်းဈေးနည်းလို့၊ ကောက်ခံတဲ့ အခကြေးငွေ နည်းနေလို့ ဆိုပြီး ဝုန်းဒိုင်း ဈေးတက်ဖို့လောက်သာ လုပ်ကြတာပါပဲ။ တကယ်တမ်း “ထွက်ငွေ” ကိုကော စစ်ဆေးကြရဲ့လား။ (တကယ်စစ်ဆေးတာပြောတာနော်)။ အသုံးစားရိတ်တွေဟာ လျှော်ညီစွာသုံးတာလား။ ကုန်ကျစားရိတ်တွေက မှန်ကန် သင့်တော်ရဲ့လား။ အသုံးစားရိတ်တွေကို ဘယ်လိုလျှော့ပြီး ဘယ်လိုထိရောက်အောင်လုပ်နိုင်မလဲ အဲသလို သုံးသပ်တာတွေ တခါမှ မကြားဖူးပါဘူး။( ကိုယ်ပဲ နားပေါက်သေးလို့လားမသိပါဘူးလေ )။

နောက်တစ်ခုက နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းတွေကို ဝန်ကြီးဌာနတွေ လက်အောက်မှာ ထားတာကလည်း အမှားပါပဲ။ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းတွေကို ကိုယ်ပိုင်ဘတ်ဂျက်နဲ့ သီးသန့်ရပ်တည်ခိုင်းပြီး သမ္မတရုံးဝန်ကြီးဖြစ်စေ၊ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများ အုပ်ချုပ်မှုဘုတ်အဖွဲ့ ( တကယ်ဆွေးနွေးတိုင်ပင်ပြီး ညှိနှိုင်းလုပ်တဲ့ BOARD အဖွဲ့ ကိုပြောတာနော် ) ရဲ့လက်အောက်မှာ ဖြစ်စေ လုပ်ကိုင်ခိုင်းရမှာပါ။ ဝန်ကြီးဌာနတွေ အောက်မှာထားတော့ စီးပွားရေးကို နားမလည်တဲ့ ဝန်ကြီးကလည်း စီးပွားရေးလုပ်ငန်းကြီးအောင်မြင်အောင် ဘယ်လုပ်ပေးနိုင်ပါ့မလဲ။ အောင်မြင်အောင်လုပ်ပေးမယ့်အစား ကိုယ်ကျိုးအတွက် အသေးအဖွဲကစလို့ အကြီးကြီးအထိ ဖြစ်လာတော့တာပါပဲ။ အဲဒီအပြင် ဝန်ကြီးဌာန ဆိုတာက စည်းမျဉ်းစည်းကမ်းတွေ ထုတ်ပြန်ပြီး ကြပ်မတ်စစ်ဆေးရတာပါ။ ဝန်ကြီးအလုပ်ဆိုတာ ပိုမိုကောင်းမွန်တဲ့ လုပ်ထုံးလုပ်နည်းနဲ့ စည်းမျဉ်းစည်းကမ်းတွေကို စဉ်းစားပြီး ချမှတ်ပေးရတာ။ အဲသလို တကယ်လုပ်နေသလား၊ထိရောက်မှုရှိသလား ကြည့်ရတာပါပဲ။ ဒီတော့ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းတွေကို ဝန်ကြီးတွေလက်အောက်ထားတော့ အဲဒီလုပ်ငန်းအောင်မြင်အောင်လည်း လုပ်ပေးရဦးမယ်။ အခြား ပုဂ္ဂလိက လုပ်ငန်းတွေကို ကြပ်မတ်ဖို့တွေရှိတာကိုလည်း ပေါ့လျော့နိုင်ပါတယ်။ ဥပမာ- လေကြောင်းဦးစီးဌာန က မြန်မာ့လေကြောင်းကို စည်းကမ်းကြပ်မတ်ရတဲ့အခါ ဝန်ကြီးဌာနတစ်ခုတည်းအောက်မှာ ဖြစ်နေတော့ နည်းနည်း လုပ်ရခက်ပါတယ်။ သူ့ကို မကြပ်မတ်ရင် အခြား ပုဂ္ဂလိက လေကြောင်းလိုင်းတွေကိုလည်း ခက်သွားနိုင်တာမျိုးပါ။(ဥပမာ အဖြစ်ပြောတာပါ၊ ရှိနေတယ်ပြောတာမဟုတ်ပါဘူး။ ဒီဝန်ကြီးဌာနအပြင် အခြားဌာနတွေကိုပါ စဉ်းစားကြည့်ကြဖို့ပါ။)

လောလောဆယ်မှာ လူတိုင်းစိတ်ဝင်စားတဲ့ ကျပ်၅,၀၀ဝတန် ဖုန်းလိုင်းကဒ် နဲ့ ခေါ်ဆိုခ ၂၅ကျပ် ကိစ္စ ဆိုပါဆို့။ မြန်မာ့ဆက်သွယ်ရေးက ဖုန်းလိုင်းကဒ်ကို ကျပ်၅၀၀,၀၀ဝ နဲ့ ရောင်းစားတာ အံတိုခါနီးမှ ကျပ်၃၀၀,၀၀ဝ ဆိုလား ရောင်းမယ်တဲ့။ ဒီအကြောင်းလူတိုင်းလည်း သိပြီးဖြစ်မှာမို့ အကျယ်မပြောတော့ပါဘူး။ ရန်ကုန်ကရောနီကယ်မှာရေးထားတဲ့ “ပြည်ပန်းညိုချိုပါလျှက် ဆားဖျက်တဲ့ မိုဘိုင်းကဒ်” ဆိုတာသာ ရှာဖတ်ကြည့်ကြပေတော့။ မြန်မာ့ဆက်သွယ်ရေးက တယ်လီဖုန်း ငွေဖြည့်ကဒ်ကိုလည်း မြန်မာ့ဆက်သွယ်ရေးက တိုက်ရိုက်မရောင်းဘဲ အီလစ် ကနေ တစ်ဆင့်ရောင်းပေးပါတယ်။( မေးခွန်း – ဘာဖြစ်လို့များ အီလစ်ကနေ တစ်ဆင့်ရောင်းခိုင်းရတာတုန်း။ အဖြေ – ပို့ဆွမ်းစားလို့ရတာမို့ပါ။ )

အစိုးရအဖွဲနဲ့ ဝန်ကြီးဌာန ဖွဲ့စည်းပုံကိုလည်း ဒီ နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းများက ဖောင်းပွလျော့လျဲ ဖြစ်စေပါတယ်။ (ဝန်ကြီးတွေကပြောမယ်- ပိုက်ဆံရတာလောက် အရေးကြီးသလား နင်ပြောတဲ့ဖောင်းပွတာ လျော့လျဲတာကြီးက)

ကဲ ပြောနေရင် အများကြီးပဲ။ အခုလာမယ့် လွှတ်တော်မှာ ဘတ်ဂျက်အကြောင်းဆွေးနွေးမယ့် ကိုယ်စားလှယ်တော်ဆိုသူကြီးများ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများ ဘတ်ဂျက်ကိစ္စ ဆွေးနွေးလို့ အများပြည်သူအပေါ်ပိနေတဲ့ ဝန်ထုပ်ဝန်ပိုးများ လျှော့ချပေးနိုင်ကြပါစေလို့။( မဖြစ်နိုင်မှန်းသိသိနဲ့ မြှောက်ပေးပါရစေ )

52 comments

  • blackchaw

    January 13, 2012 at 12:01 pm

    အများပြည်သူ အထိတ်တလန့်ဖြစ်စေသော အရေးအသားများကို
    ရေးသားသူ ကိုလင်းဝေအား
    ဆီဒိုးနား က
    ဆီလိမ်းမာဆတ်ခန်းကိုပို့၍
    ဆယ်ဆက်ရှင်တိတိ
    ကန်မလေးများ၏
    ဆဲဆိုခြင်းကို
    ခံယူစေဗျာ။
    စကားမစပ်
    ရန်ကုန်ပြန်ရောက်နေပြီလားဗျ။
    အော် ဒိုင်ယာရီ ဒိုင်ယာရီ
    ပေးတုန်းက အိုက်တင်ခံမိတာ အခုမှ နောင်တရနေတယ်ဗျာ။
    အခုတော့ ၂၀၁၂ တောင် ကုန်တော့မယ်ဆိုတော့ ….ချိန်းတော့ပါဘူးဗျာ။

  • ကြောင်ကြီး

    January 13, 2012 at 12:11 pm

    ဝံကျီးလဗျာ ဝံကျီး….ဝန်အကြီးကြီးကိုထမ်းထားတဲ့ ဝက်ဝံနဲ့ ဟိုကြည့်ဒီကြည့်လုပ်နေရတဲ့ ကျီးကန်း နှစ်ကောင်စပ်ထားတာ။ ဒီလောက်လေးတဲ့ ကိုယ်ခန္ဓာအတ္တဘောဂျီးကို ကျီးကန်းအရွယ်အတောင်ပံနဲ့ ကြာရှည်ထမ်းထားလို့ ဖြစ်နိုင်မလား။ တခါတလေလဲ ငှက်ကြီးတကောင်ရဲ့ အတောင်ပံ သုံးချင်တာပေါ့။ ဝံကျီးမရှိရင် အဲဒီတောအုပ် ဘာဖြစ်သွားမယ်ထင်သလဲ၊ ဘာမှမဖြစ်ဘူး မထင်နဲ့နော်..နောက်တယောက် ဝင်ယူသွားလိမ့်မယ်။ 😆

  • windtalker

    January 13, 2012 at 12:13 pm

    နောက်တစ်ခါ ရန်ကုန်ကိုရောက်ရင်ဖြင့်
    ဆီအိုးနား မှာ အညောင်းအညာလေးဆန် ့ဖို ့အတွက်
    ကြို ဘိုကင်ယူလိုက်ပြီ ဖြစ်ကြောင်း
    ကိုလင်းမြွေ အား အသိပေးကြေငြာအပ်ပါသည် ။

  • မိုက်ကယ်ဂျော်နီချီးဘတ်

    January 13, 2012 at 12:53 pm

    မလေး ကြက်သီးတွေတောင်ထသွားတယ်
    လိန်ဗျံပြန်ပေးဆွဲတယ်ဆိုလို့
    အာစရိကိုကြည့်ရတာ မြန်မာပြည်မှာနေဘူးတာ သိပ်ကြာသေးပုံမရဘူးထင်တယ်
    ဘာလဲ ရွှေ့ပြောင်နိုင်ဂျံဂါးသားလား
    ဒါမြန်မာပြည်လေဗျာ
    ဌာနတွေကို သက်ဆိုင်ရာဌာနဝံဂျီးဒွေပိုင်တယ်လေဗျာ
    သူ့ဌာနကလိင်ဗျံသူစီးတာ ဘာမကြေနပ်နေတာလဲ
    ကိုယ့်ကို ပိုက်ဆံပေးပြီးသူ့လိင်ဗျံစီးခွင့်ရတာတောင် ကျေးဇူးမသိဘာမသိ
    မြန်မာ့ ဥပဒေနားမလည် ဘာနားမလည်ဘဲနဲ့ ဘာတွေလာပြောနေတာလဲ 😀 😀 😀
    ဖုံးကိစ္စကတော့ ဆဲခွင့်ရမှ ပြောမယ်ဗျို့
    ဆဲခွင့်ရမှ

  • မှော်ဆရာ

    January 13, 2012 at 12:54 pm

    အရေးအသားကို ချီးကျူးတယ်ဗျာ …
    အတင်းပြောတာလို မဟုတ်ပဲ ကိုယ်လိုရာကို သိမ်သိမ်မွေ့မွေ့လေး ဆွဲခေါ်သွားတာ..
    သံတွဲက ညီအကိုတွေ အတုယူစေချင်တယ် …

    • ဟုတ်ကဲ့ပါ မှော်ဆရာရယ်။ကျနော်လဲ သံတွဲသားပေမို ့အတုယူပါတယ်။စကားနားထောင်လျှက်ပါဗျာ။
      နို ့ပေမယ့် ညမင်းသားဆိုဒ်လိုတော့ ပြဿနာတက်အောင်ရွေးမစ တတ်ဘူးနော် ကိုမှော်ဆရာ။သူ
      များချည်းမညွှန်းပါနဲ ့ကိုယ့်ဘက်လဲ သုံးချောင်းထိုးနေတာ မေ့မနေပါနဲ ့ဗျာ။

      ကိုလင်းဝေ ရေ မြန်မာ့လေကြောင်းက အစိုးရဆီမှာ လက်ဖြန် ့တောင်းမနေတော့ဘူးဆိုဘဲဗျ။တလော
      ကဖတ်လိုက်ရတယ်။ကျေးဇူးပါ ကိုလင်းဝေ။

      • မှော်ဆရာသိန်း

        January 14, 2012 at 10:26 pm

        ကိုယ်ရေးတဲ့စာဆိုတာ ကိုယ့်သမိုင်းပဲ ကိုမီးမီးသော် …
        ကျွန်တော်ရေးခဲ့တဲ့စာအတွက်လဲ ကျွန်တော်နောင်တမရခဲ့ဘူး …
        ကျွန်တော့်ရေးခဲ့တဲ့ ညမင်းသားပိုစ့်ဟာ စာဖတ်သူအပေါ် တစ်ဖက်တလမ်းမှ ကောင်းကျိုးပေးနှိုင်ခဲ့မယ်ဆိုတာ ကျွန်တော်ယုံတယ်…။
        သူတစ်ပါးကို ကျွန်တော်တိုက်ခိုက်ခဲ့တယ်ဆိုရင်တောင် ကျွန်တော်အတွက်မဟုတ်ပဲ အများအတွက် အမုန်းခံပြီး တိုက်ခိုက်ခဲ့တယ်ဆိုတာ နားလည်ထားပါ…။
        ကိုယ့်အကျိုးကို ထိခိုက်လို့ ဆတ်ဆတ်ခါအောင်နာပြီး ဘဝပြောင်းပြီးပါ လိုင်းပေါ်တက် ထမိန်ခြုံအော်တဲ့သူတွေထက်တော့ အများကြီးသာတယ်ဆိုတာလဲ မှတ်ထားပေါ့ ….။
        ကိုမီးမီးသော်ရော ကိုယ့်သမိုင်း ကို ပြန်စစ်ဆေးပြီးပြီလား …

        • ဟေ့ကောင် မှော်ဆရာ။ဒီမှာ ယောကျာ်းဆိုတာ ကိုယ်လုပ်ရဲ ရင်ခံရဲ,ရတယ်။သိလျှက်နဲ ့မပြောဘဲနေခဲ့တာဘဲရှိတယ်။
          အမှားကို အမှန်လုပ် မဟုတ်တရုတ်တွေနဲ ့ထမိန်ခြုံအော်ရ လောက်အောင် သွေးမကြောင်ဘူး။မင်းနားလည်ထားဖို ့က
          ငါ့လို သတ္တိရှိဖို ့၊နာမည်ဖော်ပြီးရေးဖို ့မလိုဘူး၊မိမိရေးတဲ့စာ မိမိတာဝန်ယူတယ်ဆိုရင် ပီးတာဘဲ။သံတွဲသားတွေ ဆိုပြီး
          သိမ်းကျုံးမပြောနဲ ့။အကောင်းရှိရင် အဆိုးရှိမှာဘဲ။ဘယ်သူမှလဲ အမှားကင်းမှာ မဟုတ်ဘူး။ကိုယ့်မြို ့ကို လာမထိနဲ ့
          မင်းထက်တော့ သတ္တိမလျော့တာသေချာတယ်။ကိုယ့်နာမည် အရင်းနဲ ့မင်းသမ္မတသိန်းစိန်မပြောနဲ ့မင်းရပ်ကွက်က
          ဥက္ကဠတောင်မင်း စာရေးတင်ရဲသလား။လုပ်ကြည့်ပါအုံးကွာ။

        • မှော်ဆရာသိန်း

          January 14, 2012 at 11:13 pm

          မီးမီးသော် တဖြစ်လဲ မောင်သန်းထွဋ်ဦး (သို့မဟုတ်) အတိသဉ္ဇာ နာဂရ ချစ်သူ ခင်ဗျား ….
          ကိုမီးမီးသော်လို .. သတ္တိရှိရှိ ဆိုတာကြီးနဲ့ ရပ်ကွက် ဥက္ကဌ လောက်ကို တိုင်စာ ရေးဖို့ ကြိုးစားလိုက်ပါဦးမယ် …
          ဒါပေမယ့် ကျွန်တော်ကတော့ တိုင်စာရေးတာ စိတ်မဝင်စားဘူးဗျ ….
          ပစ်စာလဲ မရေးတတ်ဘူး ..။ တကယ်လိုအပ်လာရင်တော့ မျက်နှာခြင်းဆိုင်ပြီးပဲ ရှင်းလိုက်တယ် …။

        • ကျနော်က ဘဲစပြီးပြော မိသူဖြစ်လေတော့ဗျာ တောင်းပန်ပါတယ် မှော်ဆရာ ရော၊ ပို ့စ်ပိုင်ရှင်
          ပါခင်များ။အနူးအညွတ်တောင်းပန်ပါရစေ။ အနူးအညွတ် တောင်းပန်အပ်တာကိုလက်ခံပေးစေချင်ပါတယ်ဗျာ ။ပြောမှားဆိုမှား အရင်ကျူးလွန်မိသူ ကျနော့်ကို အရေးယူအပြစ်ပေးစေလိုပါတယ်။

        • မှော်ဆရာသိန်း

          January 15, 2012 at 12:27 pm

          အုတ်ရှစ်သီးနှစ်လုံး ထုသလို ဖြစ်ခဲ့ပြီပေါ့ဗျာ…
          အတိတ်ကို အတိတ်မှာပဲ ထားခဲ့လိုက်ရအောင် ….
          မိတ်ဆွေကောင်းတစ်ယောက် အနေနဲ့ပဲ ရှေ့ဆက်သွားချင်ပါတယ်ဗျာ …

      • မှော်ဆရာသိန်း

        January 14, 2012 at 10:52 pm

        သံတွဲက ကိုမီးမီးသော်ကတော့ ကိုယ့်သမိုင်း ကိုယ်ပြန်စစ်စရာ မလိုပါဘူးဗျာ …
        သမိုင်းဆိုတာ သူများက အကဲဖြတ်ပေးမှ မှန်တာကလား …
        ဒီတော့ ကိုမီးမီးသော်ရဲ့သမိုင်းကိုလဲ တခြားသူတွေက အကဲဖြတ်ပေးပြီး ဖြစ်မှာပါ …

        • မှန်ပါတယ် မှော်ဆရာ(ခ)ဆရာသိန်းရေ။တန်ဖိုးဆိုတာ ဘယ်သူကကမှကိုယ်တိုင်သတ်မှတ်လို ့မရပါဘူး။
          ပုရိသတ်က ပေးတဲ့ဆုလာဘ်ပါဗျာ။လူတစ်ယောက်ကို ဝေဖန်မယ်ဆိုရင် ဝေဖန်ပါ။ဒါပေမယ့် မတိုက်ခိုက်ပါနဲ ့လို ့
          ကျနော်က မှတ်ယူပါတယ်။ဒါပေမယ့် သတ္တိရှိမလားမေးရင်တော့ ခင်များထက်တော့ မညံ့တာ အသေအချာပါဘဲ။
          ပို ့စ်ပိုင်ရှင် ခင်များ အနူးအညွတ် တောင်းပန်အပ်ပါတယ်ဗျာ။ပြောမှားဆိုမှား အရင်ကျူးလွန်မိသူ ကျနော့်ကို အရေးယူ
          အပြစ်ပေးစေလိုပါတယ်။

    • thit min

      January 15, 2012 at 9:57 am

      ညီကိုမှော်နဲ့ ညီကိုသန်းထွဋ်ဦးတို့ရေ
      ပွင့်ပွင့်လင်းလင်းပြောရရင် ညီတို့နှစ်ယောက်စလုံးဟာ ကိုယ့်အနေနဲ့ လေးလဲလေးစားရ
      ချစ်လဲချစ်ရတဲ့ ညီငယ် နှစ်ယောက်ပါကွာ။
      ညီတို့နှစ်ယောက်ရဲ့ စကားပြော အဆင်မပြေမှူကို ကို တကယ်ဘဲဝမ်းနည်းမိတယ်။
      တော်တော်စိတ်မကောင်းဖြစ်ရပါတယ်ညီတို့ရယ်။
      တခြားသူတွေလို ပစ်မထားရက်တဲ့ ညီငယ် ၂ ယောက်ဖြစ်နေလို့ပြောပါရစေ။

      ညီတို့နှစ်ယောက်ဟာ အစွမ်းအစ၊အရည်အချင်း၊စိတ်ဓာတ်၊အသိပညာ များပြည့်စုံသူတွေပါ။
      တဦးနဲ့တဦးပြောမှားဆိုမှားဆိုတာ ရှိတတ်တာလဲ လူ့သဘာဝပါ။
      မိတ်ဆွေအချင်းချင်း သူငယ်ချင်းတွေဆိုရင် ခွင့်လွှတ်ပေးကြရတယ်မဟုတ်လား။
      ညီတို့နှစ်ယောက်ဟာ ဘာလုပ်ပါညာလုပ်ပါ ဘယ်လိုပြောပါလို့ ပြောပြနေရမဲ့အဆင့်တွေလည်း
      မဟုတ်ဘူးဆိုတော့ အကို မေတ္တာရပ်ခံချင်တာကတော့ တို့ညီအကိုတွေချစ်ချစ်ခင်ခင်စည်းစည်းလုံးလုံးနေ
      ကြရအောင်နော်။
      အကိုညီတို့နှစ်ယောက်စလုံးကို ချစ်ခင်လေးစားလို့ ပြောရတယ်ဆိုတာထပ်ပြောပါတယ်။
      မင်းတို့ရဲ့
      အကိုသစ်မင်း

      • မှော်ဆရာသိန်း

        January 15, 2012 at 12:33 pm

        ကျွန်တော်မှားသွားပါတယ် အကိုသစ် …
        တောင်းပန်ပါတယ် .. နောက်မဖြစ်အောင် ရှောင်ပါ့မယ် …

      • ကြောင်ကြီး

        January 15, 2012 at 1:59 pm

        နေအုံးလေ ဆြာသစ်ရဲ့။ ပဋိပက္ခရှိမှ တိုးတက်မှာပေါ့။ အမှန်အတိုင်း မကွယ်မဝှက် အဓိဌာန်ကျကျ ဘက်မလိုက်ဘဲ လူကြီးလူကောင်းပီပီ ဆုံးဖြတ်ရရင် ကိုသန်းထွဋ်ဦး အဲသလို မရေးသင့်သလို မှော်ဆရာကလည်း အဲလို မတုံ့ပြန်သင့်ဘူး။ ပြသနာနောက်ထပ် မဖြစ်ရအောင် အပြင်မှာ လူခြင်းတွေ့ ရှင်းသင့်တယ်။ ယောက်ျားတွေပဲကွာ…စပြီးမှတော့ ဆုံးအောင်လုပ်ရမှာပေါ့။။

        • မှော်ဆရာသိန်း

          January 15, 2012 at 2:34 pm

          လက်ဝှေ့ကြိုးဝိုင်းထဲ ဝင်ရမှာလားဟင် … 🙁

        • thit min

          January 15, 2012 at 2:47 pm

          ကောင်းပြီ။
          ကိုသန်းထွဋ်ဦးက သံတွဲ (ငပလီလေဆိပ်) ကနေ လေယာဉ် နဲ့ လာရမယ်။
          ကိုမှော်က မြန်အောင်ကနေ ကားနဲ့လာမယ်။
          ဖြစ်ချင်တော့ ကိုသန်းထွဋ်ဦး စီးလာတဲ့ လေယာဉ် မြစ်ကြီးနားက ငြိမ်းချမ်းရေးဆွေးနွေးရေးသွားသူ
          များကို (လမ်းကြုံကြုံ မကြုံကြုံ) သွားကြိုရတယ်ဆိုပါစို့။
          ကိုမှော်က ထရေးဒါးဟော်တယ်မှာ ဂိုးလ်လေဘယ်ကို ဇိမ်ခံသောက်နေရင်းစောင့်နေခဲ့ပေမဲ့ ကိုသန်းထွဋ်ဦးက
          အချိန်မီရောက်မလာလို့ ပေါက်ကွဲပြီး ကိုးမိုင်ကပေါက်ဖော်လေးကို ကြောင်သားကင် အမြည်းရှာပေးရမယ်
          လို့ ရစ်နေတယ်ဆိုပါတော့ဗျာ။
          ကိုင်း ဘာလုပ်သင့်သလဲ။

        • စိန်ပေါက်ပေါက်

          January 15, 2012 at 3:02 pm

          ကဲ..ကဲ..
          စကားမများကြနဲ ့

          ဓါးတစ်ယောက် တစ်ချောင်းယူ
          သဂျီးတူမ ဓါးပြ သွားတိုက်ကြမယ်..

          ရရင်နာ့ဆီခေါ်လာခဲ့..
          အစီအစဉ် ..သဂျီးမသိစေနဲ ့..
          တော်ကြာ တစ်သိန်းထုတ်မပေးပဲ နေဦးမယ်

        • ဟုတ်ပါပီ အကိုကြီးတို ့၊မှော်ဆရာဆရာသိန်းပါ။ခွင့်လွှတ်ပေးကြလို ့ကျေးဇူးတင်ပါတယ်ဗျာ။
          တနေ ့ ရန်ကုန်မှာ တွေ ့ချင်ပါတယ်။မိတ်ဖြစ်ဆွေဖြစ်ပေါ့။ကျနော်ဘဲ ဒကာခံပါရစေ။ကျနော်
          ကအမှားကို စကျူးလွန်မိလို ့ပါဗျ။

      • ကြောင်ကြီး

        January 15, 2012 at 10:58 pm

        မြန်မာတွေ မတိုးတက်တာလည်း မပြောနဲ့လေ။ မိုးလားကဲလား ဆင်ဖမ်းမယ် ကျားဖမ်းမယ်နဲ့ နောက်တော့ အဖျားရှုးကုန်တာပဲ။ ရွာသားတွေမိုလို့ အားကိုးရမလား မှတ်တယ် အားလုံး ဒီပုပ်ထဲကဒီပဲ….။ စပြီးမှတော့ ဆုံးအောင်လုပ်ပါတော့လား…။ ကြားထဲက မနေနိုင်လို့ ဝင်ပြောသူတွေက ငပေါတွေလား။ နောက်ဆိုမပါဒေါ့ဘူး…အလကား အဖြစ်မရှိ လေအလကားရ သောက်ပြောကြီးတွေ…။

        • ကိုကြောင်ကြီးရေ အဲလိုတော့လဲ မဟုတ်ရပါဘူးဗျာ။အကိုတို ့က အပေါမဖြစ်ရပါဘူး။
          ကျနော်က ကိုယ်တိုင်ကနှုတ်မစောင့်ဘဲ လက်ကရေးမိလေတော့ မမှားသင့်တာလေးမှားသွားခဲ့ပါပီ။
          တောင်းပန်ပါတယ် ကိုကြောင်ကြီးရေ။

        • ကြောင်ကြီး

          January 15, 2012 at 11:43 pm

          ဟ…..မင်းတို့တောင်းပန်တိုင်း ကျေနပ်လိုက်ရင် အစရှိ အနောင်နောင် ဖြစ်ကုန်မှာပေါ့ကွ။ မင်းတို့လို့ လက်တွေ့မပါ အပြောသမားတွေလို့ ကြားချောင် အထင်ခံရမှာပေါ့။ ဘယ့်နှယ်ကွာ…ပြောတုန်းကပြောပြီး နောက်မှ ရွှေပြည်အေးတရား ဟောနေတယ်။ ဘုန်းကြီးဂေါင်းခေါက်ပြီးမှ တောင်းပန်လို့ ငရဲကလွတ်မယ် မထင်နဲ့။ မင်းတို့ ရှင်းစရာရှိတာ ရှင်းမှကို ဖြစ်မယ်။ ဟိုကောင် မှော်ဆရာလည်း အလကား ငပျော့..။ ချစရာရှိတာ ချပါတော့လား။ အခုမှ အိညက်အိညက်နဲ့…ချစ်နေလိုက်ကြတာ…။ တော်ဘီကွာ လူတွေနဲ့ ကင်းကင်းနေတာပဲကောင်းတယ်…။ အလကားလူတွေ…။ 😡

    • kai

      January 15, 2012 at 3:12 pm

      ဒီလို တောင်းပန်..ကြေအေး..ခွင့်လွှတ်.. တိုက်တွန်း.. ရွာသားတွေရှိနေတဲ့အတွက် ဂုဏ်ယူကြောင်းပြောပါရစေပါနော..။
      အဲ..( ချောက်)တွန်းသူရောပေါ့..။ 😆

      • windtalker

        January 15, 2012 at 8:05 pm

        ဒါမျိုးလေးတွေကြောင့်လည်း
        သဂျိုင်ခီး နှုတ်ခမ်းမွှေးတွေ တစ်နေ ့တစ်ခြား ပိုပိုရှည်လာတာ
        ပေါင်ချိန်ကားထဲက ကုန်းစွန်း လို
        နှုတ်ခမ်းမွှေးလေး သပ်လိုက်
        ပြုံးဖြီးဖြီး ဖြစ်လိုက်နဲ ့
        “ ငါ့ ရောင် တွေ ဘယ်ဆိုးလို ့လဲ ”
        ( မှတ်ချက် ။ သဂျိုင်ခီး ဖြစ်နေသော ပုံစံအား ၊ အကြားအမြင် မရသေးသူ ဘိုးဘိုးပေ မှ ခန် ့မှန်းပြီး မန် ့သည် ။ )
        ကျွန်ုပ် ကော်မန် ့အား မပြောင်ရ ။ ပြောင်သူ ပြူသောင် ဝဲထူ စေသတည်း ။

  • inz@ghi

    January 13, 2012 at 1:05 pm

    အားပေးသွားပါတယ် ဆြာလင်းဝေကျော်ရေ…
    ဒါမျိုးများများ တွေ့-ကြုံ-ကြား-သိ စေလိုပါ၏ လို့
    ဆုမတောင်းကောင်းသော်လည်း
    ဒါမျိုးများများ ရေးပေးစေချင် ကြောင်း ပန်ကြားအပ်ပါတယ်ဗျာ…….။

    ခင်တဲ့
    ဂီ

  • water-melon

    January 13, 2012 at 1:10 pm

    ရောမရောက်ရင် ရောမလိုကျင့်ရမယ်
    မြန်မာပြည်ရောက်ရင်တော့ ………..အင်း ပြောတော့ဘူး

  • Lwin Aung

    January 13, 2012 at 1:18 pm

    If 5000 Kyats GSM can do, Telecommunication Ministry and their Monopoly partners are big big big problems.

  • Anzartone

    January 13, 2012 at 1:24 pm

    အခုလို မြန်မာပြည်အတွက် အပြောင်းအလဲတွေကို ပုံဖော်နေတဲ့ အချိန်မျိုးမှာ ဒီလို လုပ်ရပ်မျိုးတွေက မဖြစ်သင့်ဘူးဗျ။ လေယာဉ်ဆိုတာ ကားလိုမျိုး လမ်းကြုံတင်လို့ ကောင်းတဲ့ အရာမျိုးမှ မဟုတ်ဘဲနဲ့ … ။ ကိုလင်းဝေ သုံးထားသလို လေယာဉ် အပိုင်စီး ခံရတယ်ဆိုတာ ဖြစ်သင့်တယ်ဗျို့ ……. ။

  • FattyCat

    January 13, 2012 at 2:06 pm

    ကိုလင်းဝေရေ-
    ကျွန်တော်အတွက်တော့ မဆန်းတော့ပါဘူးဗျာ…
    အလုပ်ကိစ္စနဲ့ စစ်တွေနဲ့လွိုင်ကော်ကို သွားနေကျပေါ့…
    အမြဲတမ်း စစ်တွေကို ရန်ကုန်ကနေသွားရင် မန်းတလေးရယ်၊ ပုဂံ-ညောင်ဦးလေဆိပ်ရယ် ရောက်နေကျ
    တစ်ခါများ ဟဲဟိုးကနေ ရန်ကုန်ပြန်လာတာ…မန်းတလေးရယ်၊ နေပြည်တော်ရယ်၊ ပုဂံ-ညောင်ဦးရယ်
    ပတ်ပြီးမှ နေ့လည် (၃)နာရီခွဲကစီးလာတဲ့လေယာဉ်ပျံ၊ ရန်ကုန်ရောက်တော့ (၆)နာရီခွဲနေပြီ…
    မြန်မာပြည်မှာ လေယာဉ်ပျံသည် ဘတ်စ်ကားကဲ့သို့ မှတ်တိုင်တွေအများကြီး ရပ်တတ်ပါသည်..လူစောင့်တတ်ပါသည်…

    အဲယားမန်းဒလေး၊ အဲယားပုဂံ၊ အဲယားကမ်ဘောဇ ရှိသမျှအားလုံး ထိုနည်းလည်းကောင်း၊ ထိုနည်းလည်းကောင်း…ထိုနည်းလည်းကောင်း..

    • koyinmaung

      January 13, 2012 at 5:19 pm

      FattyCat ရေးမှဘဲပိုသိရတော့တယ်…
      ကောင်းလေစွ..ကောင်းလေစွ

  • ငပေါက်ဖော်

    January 13, 2012 at 4:34 pm

    တော်တေးဒယ်..
    သများတို ့အိမ်မှာ လေယာဉ် ၅ စင်းရှိတာ ပို ့ဆောင်ရေးဝန်ဂျီးတွေမသိလို ့..
    သိရင် ပြန်ဘေးဆွဲဦးမယ်..

    ပြန်ဘေးဆွဲရင်တော့ သများညီလေးနဲ ့ဖိုက်ရလိမ့်မယ်..ဟိုက..အိပ်တာတောင် ဘောင်းဘီအိတ်ထဲထည့်ပြီး အိတ်တာ…
    ညှင်း.ညှင်း.ညှင်း..

  • လင်းဝေ

    January 13, 2012 at 4:39 pm

    စကားလုံးတွေ အတွေးမျှင်တွေ မဆုံဖြစ်တာ ကြာတဲ့ မိတ်ဆွေများ ကို သတိရလျှက်ပါ။
    ထင်မြင်ချက်တွေ ဝိုင်းပေးကြ မှတ်ချက်ပြုကြတာ ကျေးဇူးပါ။

    Fatty Cat ခင်ဗျား…. ထိုလေယာဉ်ခရီးစဉ်များပတ်ကြသည်မှာ လက်မှတ်ရောင်းကတည်းက ပြောထားကြပါသည်။ ပုံမှန်ဆွဲနေကျ ခရီးစဉ်မှာ ခရီးသည်လည်းရှိလို့ ဖြစ်ပါသည်။
    ယခုဖြစ်ပုံမှာ ပုံမှန် F-28 ဂျက်အင်ဂျင် လေယာဉ်ဆွဲနေကျ ခရီးစဉ်ကို မော်လမြိုင်မှာ ဆင်းလို့ရအောင် ပန်ကာတပ် ATR-72 ပြောင်းပြီး လူပါလျှော့ချပြီး အဲဒီကွင်းက လူကလေး ၃ယောက်ကို တကူးတက ဝင်ခေါ်တာကိုပြောတာပါ။ ဒီထက် အဓိက ပြောချင်တာက နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းတွေကို ကိုယ်ကျိုးအတွက်အသုံးချနေတာ ကို မြင်စေချင်လို့ ဒီအဖြစ်အပျက်ကလေးကို ဥဒဟရုဏ်ပြုပေးထားတာပါ။ မြင်စေချင်တာက အဲဒီနောက်က အကွက် အကျယ် အကြီးကြီးကို မြင်စေလိုတာပါ။

    • htoosan

      January 15, 2012 at 11:03 am

      ိုကိုလင်းဝေရေ ..
      ပထမ တစ်ချက်ကတော့ လုံးဝမဖြစ်သင့်ဘူးဆိုတာ ထောက်ခံပါတယ် ။
      တစ်ခါတစ်လေ လက်မှတ်ရောင်းတုန်းက မပါဘဲ ကြားကားဝင်ဆွဲသလို ဝင်သွားတာတွေခံရတယ်ဗျ။ ခရီးသွား ကုမ္မဏီတွေလည်း နိုင်ငံခြားသားတွေကို ဖြေရှင်းရတာတွေရှိတယ် ။ တိုက်ရိုက် ခရီးစဉ် ဆိုပြီး ခရီးစဉ် မကြာခဏပြောင်းပစ်လို့ ဆင်းလို့ ပြသနာ ရှာခံထိကြတယ် ။
      ကျွန်တော်ကိုယ်တိုင် လည်း air bagan နဲ့ ဟဲဟိုး တိုက်ရိုက် ဆိုပြီး သေသေချာချာ ဝယ်ခိုင်းတာ. အချိန်ကိုက်သွားတာ ။ အဲ့ဒီ့နေ့ ကျမှ လေယာဉ်က နာရီဝက်လောက် နောက်ကျပြီးထွက်တယ် ။ ဘာဖြစ်လို့လည်း မေးတော့ VIP စောင့်နေရလို့တဲ့ ။
      ဲပြီး ရောက်လာတော့ ကိုတေဇ နဲ့ သူ့နောက်လိုက် ၃ယောက် ၊ လေယာဉ်တက်ပြီး လေယာဉ်မယ်လည်း ကြေညာ ကော နေပြည်တော် ၊ဟဲဟိုးဖြစ်နေရော။ နေပြည်တော်မှာ ဆင်းသွားတာလည်း သူတို့ လေးယောက်ဘဲ။ နောက် ၄၅ မိနစ်လောက်ထပ်နောက်ကျသွားတယ် ။
      ခရီးသည်တွေကို တစ်ချက် မတောင်းပန်ပါဘူး ။ ကျွန်တော်တို့ အချိန်ကိုက်စီစည်စီထားသမျှလည်း လွဲတော့တာဘဲ။ ဖြစ်ခဲ့တာတော့ နဲနဲ တော့ ကြာပြီ။

      လေယာဉ် ခရီးစဉ်ထဲမှာ ကျွန်တော် ကြုံဘူးသမျှ အဆိုးဆုံးကတော့ ရန်ကုန်-ထားဝယ်-မြိတ်-ကော့သောင်းဘဲ။ ကြုံ ရင် ကြုံ သလို လှည့်မောင်းသလို လေယာဉ် အခု ဆင်းမယ်ပြော ၊ မဆင်းတော့ဘူးပြော။ ချာတာ ယူထားတဲ့ ကုမ္မဏီ က လူ။ ကုန် ရတဲ့ အပေါ်မူတည်ပြီး ပြောင်းချင်သလိုပြောင်းတာ ။ ပြောရရင် အများကြီး။
      ထားဝယ်သွားတာ ဝယ်ထားတဲ့ အပြန်လက်မှတ်က ထားဝယ်-ရန်ကုန် ။ ဝယ်တုန်းက ပြောထားတဲ့ ခရီးစဉ်က လေယာဉ် အဲ့ဒီ့နေ့မှာ ရန်ကုန်-ထားဝယ်-မြိတ်-ကော့သောင်း-ထားဝယ်-ရန်ကုန် ရှိတယ်ဆိုလို့ လက်မှတ်ဝယ်ထားတယ် ။ အဲ့ဒီ့နေ့မှာ ခရီးစဉ်ပြောင်းသွားပြီ။ လေယာဉ်က ထားဝယ်ပြန်မလာတော့ဘူး ။ ကော့သောင်းကနေ တိုက်ရိုက် ရန်ကုန်ပြန်မှာ တဲ့။ ဒါဖြင့် ဘယ်တော့ ရှိမှာလည်းဆိုတော့ မသိသေးဘူးတဲ့။ ထားဝယ်မှာ သောင်တင်နေမှာစိုးလို့ ထားဝယ်-ရန်ကုန် လက်မှတ်ရှိရက်နဲ့ အဲ့ဒီ့လေယာဉ်ကိုဘဲ ထားဝယ်-ကော့သောင်း လက်မှတ်ဘိုးထပ်ပေးပြီး ပြန်ခဲ့ရတယ်။
      ဒါနဲ့ မြန်မာ့ လေကြောင်းကလည်း အခု ကမော္ဘဇ လက်ထဲ ရောက်တာ ကြာပြီနော်။

  • thit min

    January 13, 2012 at 4:50 pm

    ကိုလင်းဝေရေ ဟတ်ပီးနယူးယီးယားခင်ဗျားကို ကျနော်လုပ်ထားပါတယ်ဗျ။
    အားလုံးအတွက်ပို့စ်တင်ပြီးတော့ပေါ့ဗျာ။
    ခုထပ်လုပ်တယ် ကိုယ့်ဆရာရေ့ နှစ်သစ်မှာရွှင်လန်းပါစေဗျာ။
    ~~~~~~~~~~~~~~~~~~~~~
    ခင်ဗျားပြောပုံအရ ခင်ဗျားဒါမျိုး တခါဘဲကြုံဘူးပုံရတယ်နော်။
    ဟုတ်ပါတယ်ဗျာ။
    အခွင့်အရေးယူခြင်း၊ မယူခြင်းဆိုတာ လူ့ရဲ့စောင့်ထိန်းအပ်သောကျင့်ဝတ်တမျိုးလို့ရိုးရိုးလေးစဉ်းစား
    ရင်တောင် မလုပ်ထိုက်တာမျိုးပါ။
    အင်း ……မီဒီယာလွတ်လပ်ခွင့်ရမယ်၊ ပြီးတော့ ပြည်သူ့အသံကိုအလေးထား
    ပေးမဲ့ ခေတ်ကိုရောက်မယ်ဆိုရင်တော့ မြေပြင်မှဝေဟင်ကလေယာဉ်ကို အပိုင်စီးရေးဝေးမယ်လို့တော့။

  • kokoover

    January 13, 2012 at 7:35 pm

    လောလောဆယ်မှာ လူတိုင်းစိတ်ဝင်စားတဲ့ ကျပ်၅,၀၀ဝတန် ဖုန်းလိုင်းကဒ် နဲ့ ခေါ်ဆိုခ ၂၅ကျပ် ကိစ္စ ဆိုပါဆို့။ မြန်မာ့ဆက်သွယ်ရေးက ဖုန်းလိုင်းကဒ်ကို ကျပ်၅၀၀,၀၀ဝ နဲ့ ရောင်းစားတာ အံတိုခါနီးမှ ကျပ်၃၀၀,၀၀ဝ ဆိုလား ရောင်းမယ်တဲ့။ ဒီအကြောင်းလူတိုင်းလည်း သိပြီးဖြစ်မှာမို့ အကျယ်မပြောတော့ပါ။
    5000တန်ဖုန်းကတော့ နှောင်နှစ်ငါးထောင်းစောင့်ပါ။

  • small cat

    January 13, 2012 at 8:30 pm

    အဲဒီသုံးသိန်းဆိုတဲ့ဖုန်းကဒ်ကိုတစ်ပြည်လုံး(တစ်ပြည်လုံး) ကမဝယ်ပဲ သပိတ်ကော ဆွမ်းအုပ်ကောမှောက်ထားကြည့်လိုက်ကြပါလားဗျာ။

  • Thel Nu Aye

    January 13, 2012 at 10:10 pm

    လေယဉ်ပြန်ပေးဆွဲတာကတကြောင်းထဲ။ ဝံကြီးသားလုပ်ကွက်ပြန်ပေးဆွဲတာမှနိုင်ငံသားပိုင် ဂုဏ်ဘဏီပြုတ်လုလု။

  • padonmar

    January 13, 2012 at 10:27 pm

    အားပေးပါတယ် ကိုလင်းမြွေ၊
    အခွင့်ထုူခံတာ ရှက်စရာ၊
    အခွင့်အရေးမယူတတ်တာ လေးစားစရာဆိုတဲ့ စိတ်ဓာတ်ပြန်လည်ရှင်သန်အောင် ပျိုးထောင်ပေးကြပါစို့။

  • ဦးဦးပါလေရာ

    January 13, 2012 at 11:49 pm

    တရားဝင်ပေးထားတာမဟုတ်တဲ့အခွင့်ထူး ဆိုတာ

    သွယ်ဝိုက်ခိုးတာတောင်မဟုတ်ဘူး…

    တိုက်ရိုက်ခိုးနည်းတမျိုးပါ ။

  • MaMa

    January 14, 2012 at 6:49 am

    လင်းဝေ ပါမှန်း မသိလို့ပါတဲ့။
    ခုလိုမျိုး ရေးမယ်မှန်းသာသိရင် တစ်ဦးတည်းသီးသန့် လေကြောင်းခရီးစဉ်
    (လေထီးမပါပဲ လေယာဉ်ပေါ်မှ တွန်းချခြင်း) ဖြင့် ပို့ဆောင်ပေးပါမယ်လို့ အကြောင်းကြားလာပါတယ်။ အဲဒါဆို ဘယ်သူ့ အနှောင့်အယှက်မှ မခံရတော့ဘူးပေ့ါ။ 😆

  • kyeemite

    January 14, 2012 at 9:25 am

    ဒီအဖြစ်မျိုးတွေ မြန်မာပြည်အတွက် ရိုးနေပီ ဆိုပေမဲ့ စစ်မှန်တဲ့ဒီမိုကရေစီကို
    ပုံဖော်နေတဲ့ အချိန်မျိုးမှာ ဒီလို လုပ်ရပ်မျိုးတွေက မဖြစ်သင့်ဘူးဗျ။ နောက်ပီးတော့..ဒီလိုအခွင့်ထူးခံတဲ့ကိစ္စ
    တွေကို များများ ဖေါ်ထုတ်ရေးသားကြဘို့ လိုတယ်ဗျာ..အခုအချိန်က လူများစုကအင်တာနက်ကိုဝင်ဖတ်နေကြတဲ့ အချိန်ဆိုတော့..လူများများသိသွားတာပေါ့..
    ဒါပေမဲ့..အချက်အလက်မှန်ကန်သေချာဘို့တော့အရေးကြီးကြောင်းပါ

  • three colors

    January 14, 2012 at 3:59 pm

    မိန်းမကြောက်ရသူတွေကို ဝန်ကြီးမခန့်ကြပါနဲ့၊
    ဝန်ကြီးလုပ်မဲ့သူကို မိန်းမရဲ့အကျင့်စာရိတ္တကြည့်ပြီးမှခန့်ပါ။

  • Khin Kha

    January 14, 2012 at 4:04 pm

    အမူအကျင့်တွေကတော့အရင်တိုင်းဘဲနော်၊ခေတ်ပြောင်းချိန်ရောက်လုနီးပါပြီ။

  • comegyi

    January 14, 2012 at 5:40 pm

    ရန်ကုန်၊ မြိတ်ပျံနေတဲ့ လေယာဉ်ကို
    မော်လမြိုင်ကနေ လမုနဲ့ ဆင်းလို့ရအောင်လုပ်ဒယ်
    ကောင်းလိုက်တဲ့ လမုဗျာ…..

  • ကိုရင်စည်သူ

    January 14, 2012 at 7:40 pm

    ကိုလင်းဝေကြီး ရွာထဲမှာ လှိမ့်ပျောက်နေလို့
    သတိတွေရနေဒါ… လတ်စသတ်တော့
    အိုင်ပီက လေယာဉ်အပိုုင်စီးတဲ့ အမှုကို
    လိုက်နေတာကိုးဗျ… ကောင်းဒယ်…
    နောက်ဆို ဓါတ်ပုံလေးနဲ့ တကွ ဖော်ပြပေးရင်
    ပိုကောင်းတယ်…
    ကိုရင်လည်း ဝန်ကြီးတစ်နေရာတော့
    ၂၀၂ဝမှာ ဝင်အရွေးခံမလားလို့…
    အဲ့ကျရင်တော့ ဒုံးပျံအပိုင်းစီးမယ်ဟေ့
    ကောင်းဘူးလား.. 😆

  • naywoonni

    January 14, 2012 at 9:59 pm

    အော်………. ကိုလင်းရယ် …. တူ့ရေညင်ကျန်တူ စီးတာပဲ ဘယ်ညေရာ ကစီးစီးပေါ့ဂျာ….။ တို့ ရေညင်ကျန်လာမစီးပီးရောပေါ့……………။ 😛

  • Khin Latt

    January 15, 2012 at 4:59 am

    ဟိုး အရင်က ဒီလို ကိစ္စမျိုးဆို သိသိကြီး နဲ့ ဘာမှ မပြောနိုင် တဲ့ ဘဝ ကနေ မြန်မာသိ ရုံမက ကမ္ဘာမှာပါ သိလို့ ရအောင် သယ်ဆောင်နိုင်စွမ်းရှိလာတဲ့ အင်တာနက် မီဒီယာ ကို ပထမဆုံး ကျေးဇူးတင်ရပါမယ်။
    ဒုတိယ ကတော့ ကျွန်မတို့ ပြောချင်တာလေး တွေ၊ ရင်ဖွင့်ချင်တာလေး တွေ ကို တစ်ခြား သူများ နဲ့ မျှဝေလို့ ရအောင်၊ တနည်း Free Post လုပ်လို့ရအောင် ဆောင်ရွက်ပေးထား တဲ့ ဂေဇက် သူကြီးနဲ့ သူ့ကို ပါရမီဖြည့် ကာ အားပေးနေတဲ့ သူကြီးကတော် တို့ ကို ကျေးဇူး တင်ပါတယ်။
    တတိယ ကတော့ ဒီလို ကိုယ်တွေ့ အကြောင်းလေး ကနေ တစ်ဆင့် ကျွန်မတို့နိုင်ငံမှာ ပြင်ရန် လိုနေတဲ့ “အများကြီး များ” ကို ထောက်ပြ ပေးတဲ့ ကိုလင်းဝေ(မြွေ) ကိုလဲ အထူးကျေးဇူး တင်ပါတယ်။

    ဒီနေ့ ခေတ်အခါ မှာ 2 in 1, 4 in 1, All in One စသဖြင့် အတော် ရေပန်းစားပါတယ်။
    ဒါကြောင့် ကျွန်မ လဲ ခေတ်မှီရလေအောင် သူကြီး မှ မရွေ့ အောင် ကပ်ထား ပေးသော ကိုလင်းဝေ ရဲ့ Post ကို အမှီပြုပြီး အရင်ထဲ က မန့်ချင် ပေမဲ့ မမန့် ရသေးသော၊ မန့်မယ် ဟု တေးထားသော ထိုထိုသော Post များမှ အတွေး အကြွေး များ နှင့်ပါတွဲ ၍ မန့်ပါရစေ။

    ပထမဆုံး ကျွန်မ Recall လုပ်ချင်တဲ့ Post က ကျွန်မရဲ့ တူတော်လေး ဂီဂီ (အခုတော့ – စိန်ဂီဂီ) ရဲ့ Post ပါ။ သူရေး ခဲ့တဲ့ “အဆင့်များ က ပြောတဲ့ လိုအပ်ချက်များ -၁” ကို ဖတ်အပြီး မူးယစ်ရီနေတဲ့ ကြားထဲ က သူ့ Post ထဲ က ကာလာစုံ တြိဂံ ရဲ့ ပုံ က စိတ်ထဲမှာ ကျန်ခဲ့ပါတယ်။
    http://myanmargazette.net/84671/business-economy
    အဝါရောင်လိုင်း အောက်ခြေ အဆင့် Physiological Needs ကနေပြီး တစ်ဆင့်ကဲ လို့ ပိုမြင့်တဲ့ တစ်ခြား အဆင့် တွေ ကျွန်မတို့ နိုင်ငံက လူအများ ဘာကြောင့် ဆက်ပြီး မတက် နိုင်ရသလဲ ဆိုတာ ကို အကျယ်ချဲ့ ဆွေးနွေး ချင်စိတ်တွေ ပေါ်ခဲ့ပါတယ်။ အခုဆွေးနွေးမှာ ကျွန်မ ရဲ့ Personal အတွေ့အကြုံ နဲ့ အတွေးအခေါ် အများစု ဖြစ်မှာကြောင့် မှားနိုင်ပါ တယ်။ ဒါကြောင့် လွဲနေတယ်လို့ ထင်ရင် ဝင်ပြီး ဖြည့်စွက် ဆွေးနွေးတာကို အထူး ကြိုဆို ပါတယ်။

    ဒုတိယ က တော့ ကိုပေါက် ရဲ့ “ဖျပ်ကနဲ့ရန်ကုန် အပိုင်းသုုံး(ဝမ်းတစ်ထွာအရေး)
    ဝမ်းရေး ထဲ က ဓာတ်ပုံတွေ ထဲ က စာကလေး တွေ ကို လှောင်ချိုင့်ထဲ ရောင်းနေတဲ့ လူပုံရိပ် တွေပါ။
    http://myanmargazette.net/92369/travel/local-guides
    တွေးလိုက်ရင် တော့ သူတို့ဟာ ထမင်းတစ် လုပ် စားရဖို့ ကိုယ့်ကို ဘာမှ မတုန့်ပြန် နိုင်တဲ့ ငှက် ကလေးတွေ ကို မတရားချုပ်နှောင် ထား ထားတာပါ။ တစ်ခြားတစ်ဖက်ကတော့ ထမင်းစားရဖို့၊ အသက်ရှင်ရပ်တည်ဖို့ အတွက် သူတို့ ဒါဘဲ လုပ်တတ် လို့ပါ။ ဒီတော့ကာ ပညာမတတ်၊ ပိုက်ဆံမရှိ လို့ ထမင်းစားရဖို့ ကိုတောင် အနိုင်နိုင် ရုန်းကန်နေရတဲ့ သူတို့ လို အခြေခံ လူတန်းစား တွေ မှာ “စာနာစိတ်၊ ကိုယ်ချင်းစာစိတ်၊ မေတ္တာစိတ် ထား တတ်ရမယ်” ဆိုတာက နောက်ကို ရောက် (ဒါမှ မဟုတ်) အောက်ခြေ basic needs မပြည့်တာကြောင့် တြိဂံ ရဲ့ အပေါ် အဆင့်တွေကို ဆက်မတက် နိုင်တာပါ။
    ဆရာသစ် ဆွေးနွေးချက် စကား မှ အသက်ရှင်သန်နေနိုင်မှု (Sustenance) ဆိုတာဟာ ာ Physiological Needs (အနိမ့် ဆုံး အဆင့်) ဘဲ ထားဦး။ အသက်ရှင်သန်နေနိုင်မှု အတွက် တစ်နေ့ စားဖို့လဲရှိ နေစရာလဲရှိ စသည်တို့ အပါအဝင် အဲဒီ အဝါရောင် လိုင်းမှာ လိုအပ်တာတွေ ပြည့် ပြီဆိုပါစို့။ ဒါဆိုရင်ဖြင့် ကျွန်မတို့ အားလုံး ဟာ အနဲဆုံး တစ်ဆင့်မြင့် Safety Needs ကို တက်လှမ်း ရန်မသင့်ပါလား။

    သို့သော် … သို့သော် ရရင်တော့ ကျွန်မ အပါအဝင် လူအများစု ကတော့ ဖြင့် စာကလေး ရောင်း ပြီး ဝမ်းစာရှာနေ တဲ့ လူများ နဲ့ အပြိုင် ရဲ့ တြိဂံ အောက်ခြေ မှာဘဲ နေရာယူ နေဆဲ …… Safety Needs ကို စိတ်ကျေနပ်နိုင်ဖို့ အခြေ အနေမှ ဝေးဆဲ ……. ပါ။
    ဒါကို မငြင်းနိုင်ရင်တော့ ဘာကြောင့်လဲ ဆိုတာကို အဖြေထုတ် ကြည့် ကြ ဖို့ စိတ်ဝင်စား သင့် တယ် မဟုတ်ပါလား။

    အဖြေရှာဖို့ လွယ်အောင် ၂ မျိုးတော့ ခွဲနိုင်ပါသေး တယ်။

    (၁) Physiological Needs ကို ကျော်လာ ၍ Safety Needs အဆင့် ကို ရောက် သော် လည်း အဲဒီအဆင့်မှာ မှာ စိတ်ပျော်ရွှင်ကျေနပ်မှု မရ၍ ရှေ့အဆင့်မတက်နိုင်သူများ

    ဒီမှာ ကျွန်မ အဓိကထား ပြောချင်တဲ့ Safety Needs အခြေခံ ၂ချက် ကတော့ – ကိုယ့်ကို ဘေးအန္တရာယ်မှ (ရန်သူမျိုး ၅ပါး လို့ဆိုနိုင်မလား) ကာကွယ်ပေး နိုင်တဲ့ အခြေအနေကို လိုအပ်ခြင်း နဲ့
    တရားဥပဒေ စိုးမိုး တဲ့ အခြေအနေကို လိုအပ်ခြင်း ဖြစ်ပါတယ်။
    ဒီလိုအပ်မှု ကို ကျွန်မတို့ နိုင်ငံ မှာ ယနေ့လက်တွေ့ ခံစားနေကြရတာပါ။
    ကိုယ့်ရှေ့မှာ မဟုတ်တာပြောနေ၊ မဟုတ်တာလုပ်နေလဲ မတရားခံနေရတဲ့ သူဘက်ကနေ မားမား မတ်မတ် ရပ်မပေးရဲကြဘူး မဟုတ်လား။ တကယ်လို့ မှန်တာကို ပြောလိုက်၊ လုပ်လိုက် မိလို့ ကိုယ့်မှာ ဘေးကျရောက်မယ် ဆိုရင် တော်ရုံ ဘယ်သူ လုပ်ရဲပါတော့ မလဲ။
    ကျွန်မ ဒီလို ပြောနေတာဟာလဲ တကယ်တော့ ပုဆိုးခြုံထဲက လက်သီးပြနေတာပါ။ ကျွန်မ ဘယ်သူ၊ ဘယ်ဝါ ဆိုတာ အတိအကျ မသိနိုင်ဘူး ထင်လို့ဒီကနေ ရမ်းတီး နေရဲ တာပါ။ မဟုတ်လို့ ကတော့ အမြီးလေး ကုပ်ပြီးနေတဲ့ အထဲမှာ ရှေ့က ပါပါတယ်။ ဒီတော့ အမှန်တရား အတွက် မတရားခံနေရတဲ့ သူတွေ ၊ အခွင့်မရလို့ ဆင်းရဲတွင်းနက်နေသူ အတွက် ကိုယ်ချင်း စာစိတ် ဆိုတာ စိတ်ထဲမှာဘဲ ရှိပြီး လက်တွေ့ မလုပ်ရဲ တာနဲ့ ကိုယ်ချင်းစာနာစိတ် ဆိုတာပါဝင်တဲ့ Love and Belongingness Needs ဆိုတဲ့ တတိယ အဆင့်ကို ဘယ်လို ဆက်တက်နိုင်ပါ တော့ မလဲ။
    ဒီတော့ ဒီလို လူတွေအတွက် ဒီအဆင့်ကို ကျော်ဖို့ အဓိက ကတော့ ကောင်းမွန် မှန်ကန်တဲ့၊ ကျောသား ရင်သား မခွဲတဲ့ တရားဥပဒေ စိုးမိုး တဲ့ အခြေအနေကို ဖန်တီးပေးဖို့ ဖြစ်ပါတယ်။
    ဒီနေရာမှာ ကိုကျော်သူ၊ မရွှေဇီးကွက် နဲ့ မဖြူဖြူသင်း တို့ ကိုအင်မတန် အားကျ လေးစား ချီးကျူး ပါတယ်။ နိမ့်ကျ အားငယ် နေသူ တွေအတွက် ကိုယ့် အန္တရာယ် ကို မမှုဘဲ ကိုယ်ချင်းစာနာစိတ် ကို လက်တွေ့လုပ်ပြနိုင် လို့ သူတို့ က Safety Needs ဆိုတဲ့ အဆင့်ကို ကျော်နိုင်ပြီး ဖြစ်နေပါတယ်။

    (၂) Physiological Needs ပြည့်ဝ သော်လည်း Safety Needs အဆင့်ကို မရောက်ဘဲ တြိဂံ အောက်ခြေ မှာတင် တစ်နေ တဲ့သူ များ

    ဒါကတော့ အခြေခံအဆင့် မှာတင် လိုတာထက်ပိုပြီး လောဘကြီးနေ သူများ ဖြစ်ပါတယ်။ ငွေ ကို ပိုရသည်ထက် ပိုရနိုင်ဖို့၊ အစားတွေ ကို အဆီယစ် နင့် နေအောင် စားဖို့၊ အိမ်တွေ ကို တစ်လုံးပြီး တစ်လုံး ပိုင်ဖို့၊ မိန်းမ တွေ တစ်ယောက်ပြီးတစ်ယောက် ယူဖို့၊ နာမည်ကြီးသထက် ကြီးဖို့ ၊ အခွင့်အရေးတွေ ပိုပို ရဖို့ ၊ ငါ့အတွက် သာ ဆိုတာ ကလွဲလို့ တစ်ခြား ဘာကိုမှ စိတ်မဝင်စား ပါ။ ဒီတော့ သူတို့ ရဲ့ လောဘတွေ အတွက် ကာကွယ်ဖို့ ကြိုးစားရင်း အဲဒီ အောက်ခြေမှာဘဲ နစ်နေပါတော့ တယ်။
    တစ်ချို့က ရှေ့အဆင့် ကိုတက်ဖို့ Idea ကို လုံးဝမရှိအောင် ပညာ ဉာဏ်အလင်း ကင်းပါတယ်။ တစ်ချို့ကတော့ Idea ရှိနိုင်ပါတယ်။ ဒါပေမဲ့ လောဘကို မသပ်နိုင်တာ ကြောင့် ရှေ့တက်ဖို့ မကြိုးစားတော့ပါဘူး။
    တကယ်တော့ လောဘနဲ့နေနေတဲ့ သူတွေ၊ ကိုယ့်အတွက်သာ ကြည့်နေတတ် သူ တွေဟာ ပျော်ရွှင်ခြင်းအစစ် ကို မရပါဘူး။ ဘာကြောင့်လဲ ဆိုတော့ လောဘ ဆိုတာ ဘယ် လောက်ဖြည့်ဖြည့် မပြည့်တဲ့အရာမို့ပါဘဲ။ ဒီမှာတင် ဥစ္စာချမ်းသာတာ ကနေ ဆင်းရဲသွား မှာ၊ ပါဝါကျမှာ တွေကို ကြောက်လာပြီး ဘာမဆိုလုပ်မယ် တွေဖြစ်ကုန်ကြရတော့တာပါ။ အရှက်တရား ဆိုတာကို လုံးဝ လစ်လျုရှူ ထားတဲ့သဘောပါဘဲ။
    တနည်း အားဖြင့် ဒါဟာ အကြောက်တရား နဲ့ လူတွေ ပါးစပ်ပိတ် နေတာ ကို အခွင့်ကောင်းယူ ကြတာပါ။ သူတို့ရဲ့ လုပ်ရပ် တွေဟာ ရှက်စရာ ဆိုတာ ဝေဖန်မဲ့သူ ကင်းနေတာကြောင့် လဲ ဖြစ်ဖို့များပါတယ်။
    ဒီတော့ကာ ကျွန်မတို့ စကားတွေပိုပြောခွင့် ရလာရင်၊ ပိုပြီး ဝေဖန်နိုင်ရင် “ဘာကိုလုပ်ရင် ဘယ်လို အပြောခံရမယ်” ဆိုတဲ့ သတိထားစိတ် တွေ ဝင်လာနိုင်ပါတယ်။ ဒီတော့ မဟုတ်တဲ့ အခွင့်အရေး တွေ ယူဖို့၊ မမှန်တာ လုပ်ဖို့ ဆိုတာ နဲနဲ တော့ ရှိန်သွား ပါ့မယ်။
    နောက်တနည်း ကတော့ ကောင်းတာကို လုပ်ပြနေတဲ့၊ အမှန်တရား ကို ရပ်တည်ပြရဲ့တဲ့၊ မတရားမှုကို ကာကွယ် ပေးတတ်တဲ့ Role Model များများ လိုအပ် နေတဲ့ အချိန်ပါဘဲ။ အဲဒီ အားကတော့ ပိုပြီး လဲ ထိရောက် မယ်ထင် ပါတယ်။
    ဒီတော့ ကိုလင်းဝေ ရေ ကျွန်မတို့ အားပေးနေပါတယ်။ ဒါမျိုး (အမှန်သတင်း) များများ ထွက်လို့ ကျွန်မတို့ များများ ဝေဖန်နိုင်ရင်တော့ မမှန်တာ၊ မဟုတ်တာ၊ မတရားတာ လုပ်ဖို့ ကြိုးစား သူတွေ ပျောက်လာ ကောင်းပါရဲ့။
    ဒါပေမဲ့ ကျွန်မတို့ အတွက် protection from harm နဲ့ law and order တော့လိုတာမို့ သက်ဆိုင်သူ ဆိုင်ရာ ပိုင်ရာမှ သူတော်ကောင်းကြီးများ ကျွန်မ တို့ ဆင်းရဲသားပြည်သူလူထု ကို ဝိုင်းကူညီ ကြပါ၊ ကျွန်မ တို့ အတွက် Role Model ကောင်းများ လုပ်ပေး ကြပါလို့ အလေးအနက်ထား ပန်ကြားလိုပါတယ်။ ဒီတော့ နီးစပ်ရာမှာ တစ်နိုင်တစ်ပိုင် ကိုယ်တိုင် Role Model လုပ်ပြရင်း နဲ့ ကိုယ်ကိုယ်တိုင်လဲ တြိဂံ ရဲ့ အပေါ်ကို ရောက် မှန်းမသိ ရောက်သွားရ အောင်ပေါ့။

    ပြောချင်တာတွေ အများကြီးပေမဲ့ ရပ်လိုက်ပါဦးမယ်။ 😉

    လေးစားစွာဖြင့်

    PS – တူတော်လေး စိန်ဂီဂီ – အရီး အကြွေးကျေပြီနော်။
    ဒီ Post မှာ ပြောချင်တာ နဲ့ ကိုက်သလို ရှိသလား ဆိုပြီး မင်း Post အတွက် Comment ကို သုံးလိုက် လို့ စောဒီး ပါ။ 🙂
    ခင်တဲ့ – အရီး

    • MaMa

      January 15, 2012 at 9:24 pm

      မလတ်ရေ-
      (ဒါဟာ အကြောက်တရား နဲ့ လူတွေ ပါးစပ်ပိတ် နေတာ ကို အခွင့်ကောင်းယူ ကြတာပါ။)
      ဆိုပေမယ့် …
      ကိုယ်ကိုယ်တိုင်ရဲ့ ဗီဇကိုကလည်း ခပ်စွာစွာ ….
      ဆရာသော်တာဆွေရဲ့ မှန်ကန်ခြင်းနှင့် ရဲရင့်ခြင်း ဆိုတဲ့ စာကိုလည်း အင်မတန်သဘောကျတော့..
      ကျောင်းပြီးကာစ အလုပ်ထဲဝင်စဉ်မှာ မှန်တိုင်းမကောင်းဘူးဆိုတဲ့ သင်ခန်းစာပေါင်းမြောက်မြားစွာကို
      ပေးဆပ်မှုပေါင်း မြောက်မြားစွာနှင့် လဲလှယ်ပြီးသကာလ…
      အမှန်သမား အမှားတစ်ရာ http://myanmargazette.net/59100/creative-writing
      ဆိုတဲ့ ဖြစ်ရပ်တွေ အများကြီးကြုံခဲ့ရပြီးသည့်နောက်
      သည်းခံခြင်းဖြင့် အောင်မြင်ရာဧ။် ဆိုတဲ့စကားလုံးကိုပဲ ရေလဲနဲ့ သုံးတော့တယ်။
      (သည်းခံခြင်းထက် မဟုတ်မခံစိတ်ဓာတ်က တိုင်းပြည်တိုးတက်နိုင်တယ်လို့ ပြောသော သဂျီးနှင့် FR သို့)

  • windtalker

    January 15, 2012 at 8:09 pm

    သည်ပို ့စ် ကို ပြန်ဖတ်ကြည့်မိရင်း ၊ ရန်ကုန်ကနေ လေယာဉ်စီးမယ် လုပ်တုန်းက ၊ ကိုလင်းမြွေ ၏ လေယာဉ်မယ် ဝိုက်နည်း နိဿရည်းများ ကို ပြန်သတိရမိသွားတယ် ။
    လေယာဉ်မယ် ကို စိတ်ဝင်စားသော ရွာသားများ ကိုလင်းမြွေ ထံတွင် ပညာသင်ကြားနိုင်ပါပြီ ။ တစ်ကယ်ထူးခြားမှု ရှိကြောင်း ၊ အီ ကော်မန် ့ဖြင့် ဖော်ပြအပ်ပါကြောင်း ရယ်ပါလေ

  • unclegyi1974

    January 15, 2012 at 11:04 pm

    လွယ်ပါတယ်ကိုလင်းရယ်လေယာဉ်အပိုင်စီးမခံချင်ရင်
    လေယာဉ်မစီးနဲ့
    ဘတော့လေယာဉ်ကိုမစီးဖြစ်အောင်ရှောင်တယ်
    ဒါမျိုးမကြုံဖူးပေါ့ကွယ်
    ပါးပါးလေးပါကွယ်

Leave a Reply