Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ကွန်ပျူတာဟာ အထီးလား… အမလား….

manawphyulayJanuary 13, 20121min69340

ကွန်ပျူတာဟာ အထီးလား… အမလား….

ညက ကွန်ပျူတာအကြောင်း စဉ်းစားမိတာလေပါ။ သူဟာ ဘာဖြစ်နိုင်မလဲ ဘယ်သူနဲ့ ပိုတူနိုင်မလဲဆိုတဲ့ အတွေး ဝင်လာမိတယ်။ အထီး အမ ခွဲခြားကြည့်လို့ရ မရကို ဆန်းစစ်ကြည့်မိတယ်။

ဒီလိုမျိုးလား...

အထီးဖြစ်နိုင်တဲ့အကြောင်းရင်း
– သံသယ ဖြစ်လောက်စရာ အချက်အလက်တွေ အများအပြားရှိနေတယ်။ ဒါပေမယ့် သဲလွန်စ ရှာမတွေ့ဘူး။
– ပြဿနာတွေကို ကူညီဖြေရှင်းပေးတယ်။ ဒါပေမယ့် အဲဒီ အကူအညီတွေက ပြဿနာတွေ ဖြစ်နေပြန်တယ်။
– ပစ္စည်းအသစ်ကောင်းကောင်းလေး တပ်ဆင်ခါစမှာ အမိန့်ကို ကျိုးနွံနာခံတတ်တယ်။ အဲ… ပြီးရင်တော့ ပစ္စည်းအသစ်ကောင်းကောင်းလေးကို ပြန်လည် တောင်းဆိုပြန်ရော…
– သူတို့ရဲ့ အာရုံစူးစိုက်မှုရရှိဖို့ ဇက်ကြိုးနာနာတင်းပေးဖို့လိုတယ်။ သူတို့ဟာ အာရုံတွေ ထွေပြားနေတတ်ကြတယ်။
– ညတွေမှာ သိမ်မွေ့စွာ အားကြီးနေတတ်တယ်။ မီးပလပ်ကြိုးကို ဖြုတ်ပြီး အနားပေးထားတာတောင် ပင်လယ်လှိုင်းလုံးတွေလို တအိအိနဲ့ စွမ်းအားပြည့်နေတတ်တယ်။


အမ ဖြစ်နိုင်တဲ့အကြောင်းရင်း

– အတွင်းပိုင်းစိတ်သဘောထားကို နားလည်တဲ့လူတစ်ယောက်မှ မရှိဘူး။ ဖန်တီးသူတွေ ကိုယ်တိုင်တောင် နားမလည်ဘူး။
– လူတွေ သဘောမပေါက်နိုင်တဲ့ ဘာသာစကားတွေ သုံးစွဲပြီး တခြားကွန်ပျူတာတွေနဲ့ ဆက်သွယ်တတ်လေ့ရှိတယ်။
– အမိန့် မှားယွင်းပေးမိရင် “မင်း လုပ်တာ ငါ ရူးသွားပြီ။ ဒါပေမယ့် အဲဒါကို ငါ… ဘယ်တော့မှ ပြောမှာမဟုတ်ဘူး” ဆိုတဲ့ အဓိပ္ပာယ်နှစ်ခွ စကားတွေ ပြောတတ်ကြတယ်။
– တကယ် သေးဖွဲတဲ့ အမှားအယွက်းကလေးတစ်ခုပဲရှိတာတောင် နှစ်ရှည်လများ သိမ်းဆည်းထားတတ်တယ်။
– သူတို့ကို တာဝန်စယူလိုက်ပြီဆိုတာနဲ့ ယုယမှု ပေးရတော့မယ်။ နောက် အချိန်ပေးရတော့မယ်။ ငွေကုန်ရတော့မယ်။ ပစ္စည်းတွေ ဝယ်ပေးရမယ်။

ကဲ သင်ကော ကွန်ပျူတာပေါ် သင့်အမြင်လေး ပြောကြည့်ပေးပါဦး။

40 comments

  • weiwei

    January 13, 2012 at 3:58 pm

    ကွန်ပျူတာဆိုတာကို မတီထွင်ခဲ့ကြရင် သိပ်ကောင်းမှာဟုသာ ထင်မြင်ပါကြောင်း …. 😛

    • manawphyulay

      January 13, 2012 at 4:05 pm

      မမဝေ အဲလိုတော့ ပြောနဲ့လေ သူတို့ မတီထွင်ခဲ့ရင် ခုရွာကြီးလည်း ပေါ်မလာတော့ပဲ မမဝေနဲ့လည်း မနောတို့ ဘယ်ဆုံဆည်းခွင့်ရနိုင်မလဲနော်…

  • cobra

    January 13, 2012 at 4:12 pm

    ကွန်ပျူတာကအခြောက်ကြီးပါ

  • ငပေါက်ဖော်

    January 13, 2012 at 4:13 pm

    အထီးလဲဟုတ်ဝူး..အမလဲဟုတ်ဝူး..
    ခမ်ဖြူတာအခြောက်
    😆

    • Moe Z

      January 13, 2012 at 4:26 pm

      မာမီပေါက်လိုပေါ့နော် 😀

    • manawphyulay

      January 13, 2012 at 4:29 pm

      ဒါဆို အခြောက်ဆိုတာ ဘာနဲ့သက်သေပြမလဲ။ ဘယ်လိုအချက်တွေ တွေ့ရှိထားလို့လဲ သေချာပြောပြဦးလေ..

      • Moe Z

        January 13, 2012 at 4:37 pm

        မမမနောကလည်း ဦးနှောက်စားမနေနဲ့ မိန်းကလေးတွေသုံးရင် အထီး၊
        ယောက်ျားလေးတွေသုံးရင် အမ ဘာလို့ဆို သူတို့ကကိုယ့်ရဲ့အချိန်တွေကို
        သက်ဆိုင်သူတွေထက် ပိုပြီးယူထားလို့ ….

        • ငပေါက်ဖော်

          January 13, 2012 at 5:59 pm

          သုံးဆွဲလာတာကြာဘီ.
          ဒလောက်တောင်မသိသေးတဲ့ အဘွားကြီးကိုပြောလိုက်ချမ်းဘာ..
          😆

        • koyinmaung

          January 13, 2012 at 6:27 pm

          ဟုတ်ပ..မိုးဇက်ရေ ပြောလိုက် ပြောလိုက်…….

  • Thel Nu Aye

    January 13, 2012 at 5:22 pm

    အဲဒါပြင်သစ်နဲ့အီတလီတွေမေးကြည့်။ သူတို့က စားပွဲ၊ ဘောပင် ဘာမှမချန်ဘူး။ အထီးအမခွဲတာ။ ကွန်ပြူတာကိုလဲသေချာပေါက်အထီး၊အမခွဲလိမ့်မယ်။

    • small cat

      January 13, 2012 at 8:02 pm

      ကိုကင်းလိုပဲ ကျနော်လည်းဒွိလိင်လို့ပြောမလိုု့

  • alinsett

    January 13, 2012 at 7:12 pm

    အမ ပဲ..ဖြစ်နိုင်တယ်။

    တစ်ခါတစ်ခါ ရစ်တတ်လို ့။

  • yaungchikha

    January 13, 2012 at 8:13 pm

    ကွန်ပျူတာဆိုသည်မှာ အထီးအမ ရောရာဖြစ်ပါသည်………. 🙂

  • naywoonni

    January 13, 2012 at 8:50 pm

    ကန်ပူတာက အမပါ…။ ဘာလို့ဆို နေဝန်းနီနေ့တိုင်းဆော့တာ သူကလက်သင့်ခံနေတာကိုးးး

  • nature

    January 13, 2012 at 9:51 pm

    ကွန်ပြူတာ အထီး၁လုံး အမ၁လုံး ပေးပါ။ မျိုးပွားပြီးရောင်းစားရအောင်။ အဲဒါမှ မီလီယံဘစ်ဇနစ် ။ 🙂

  • မှော်ဆရာ

    January 13, 2012 at 10:04 pm

    ကွန်ပျူတာဆိုတာ အမပါ … ။
    သူ့မှာပါတဲ့ ခေါင်းတွေကို ကြည့် ….
    အမခေါင်းတွေပဲ ပါတယ် …
    မန်မိုရီ စတစ်ကတော့ အထီးပါ … ။ :mrgreen:

  • Shwe Tike Soe

    January 13, 2012 at 10:42 pm

    မမနောပြောမှပဲ သုံးလာတာ ကြာလှပြီး ကိုယ်သုံးတဲ့ကွန်ပျူတာ အထီးလားအမလားမသိဘူး ဟဟဟဟ
    ကွန်ပျူတာဆိုတာ ကျွန်တော်တို.ရဲ. သူငယ်ချင်းပါ… အထီအမမဟုတ်ဘူး ဒွိလိင် လေ သူက မိန်းကလေးတွေ လို နူနူညံ့ညံ့ခိုင်းရင် နူးနူးညံ့ညံ့လုပ်ပေးသလို. ယောင်္ကျားလေးလို ကြမ်းကြမ်းတမ်းတမ်း ခိုင်းရင် ကြမ်းကြမ်းတမ်းတမ်း တုန်.ပြန်တယ်လေ.. ဟုတ်ဘူးလား…

  • ဦးဦးပါလေရာ

    January 13, 2012 at 10:52 pm

    အဲဒါ အမ

    သူ့ဟာသူဖြစ်တဲ့ပြဿနာတွေ သူများကိုရှင်းခိုင်းတယ်

    နဲနဲလေးအဆင်မပြေတာနဲ့ အစကပြန်စ restart ခိုင်းတယ်

    ဝယ်ဆင်ပေးရတာတွေက ခဏလေးနဲ့ မော်ဒယ်အောက်ကုန်တယ်

    အဆိုးဆုံးကတော့ သူနဲ့ဆို အချိန်ကုန်မှန်းမသိ ထမင်းမေ့ဟင်းမေ့ ကုန်တတ်တယ်။ 😀

    • Shwe Tike Soe

      January 14, 2012 at 9:13 am

      ဦးပါကြီး သူမိန်းမ ကိုစောင်းပြောနေတာနေမှာ.. ဟဟ 😀

  • Anzartone

    January 14, 2012 at 9:17 am

    ကွန်ပျူတာ၏ ဖွဲ့စည်း တည်ဆောက်ပုံသည် ရှုပ်ထွေးသောကြောင့် နားလည်ဖို့ရန် ခက်ခဲ၏။
    ထို့ကြောင့် အမ ဟု ဆိုချင်ပါသည်။
    အဟီး … ရမ်းတုတ်လိုက်တာ ………….. 😀 😀

  • ကြောင်ကြီး

    January 14, 2012 at 9:47 am

    hardware ကိုယ်ထည်နဲ့ software အပျော့ထည် နှစ်ခုခွဲမြင်ရင် ရှင်းသွားပါမယ်။ သာမန်တွေးရင်တော့ ဟတ်ဒ်ဝဲသည် အမျိုးသား၊ ဆော့ဖ်ဝဲသည် အမျိုးသမီး..ဒါပေမယ့် အပြင်ဖက်ကမာ္ဘကြီးမှာ များသောအားဖြင့် အမျိုးသမီးတွေက အိမ်ထောင်ကို ကာကွယ်စောင့်ရှောက် ပေးရတာများလို့ ပြောင်းပြန်ယူရမယ်ထင်တယ်။

  • မန်း ရိပ်

    January 14, 2012 at 10:46 am

    ကွန်ပျူတာက အထီရော အမရော နှစ်မျိုးစလုံးပေါင်းစပ်ထားတဲ့ ပစ္စည်းပါ။

  • Harumoto

    January 14, 2012 at 12:03 pm

    Online သုံးနေတဲ့ အချိန်မှာ ကွန်ပြူတာက ကွန်နက်ရှင်ကို ဖမ်းစားထားနိုင်ပြီး ငြိနေ ကြည်နေ တယ်ဆိုရင် ခင်ဗျားကွန်ပြူတာက အမပေါ့။
    Online ပေါ်မှာ သုံးနေရင်း ကွန်နက်ရှင် နဲ့ ပြဿနာ ခဏခဏတက်ပြီး ပြုတ်ပြုတ်ကျနေတယ် ဆိုရင်တော့ ခင်ဗျားကွန်ပြူတာက အထီးလေ။
    အဲ ကွန်နက်ရှင် မရတခါ ရတလှည့် ဆိုရင်တော့……..မာမီပေါက်တို့ အဖွဲ့နဲ့သာဆက်ပေးလိုက်တော့…း)

  • ကိုရင်စည်သူ

    January 14, 2012 at 2:03 pm

    မတူတဲ့အမြင်လေးပေါ့နော့..
    ကျနော် အမြင်က ကွန်ပျူတာက ကျနော်အတွက်
    အမ… အဟီးး
    အမပုံတွေပဲ ကြည့်နေတာဆိုဒေါ့လေ…
    တားတားရှက်ရှက်… 😳 😳

    • manawphyulay

      January 14, 2012 at 4:46 pm

      ဟားဟား ကိုရင်ကတော့ လုပ်တော့မယ်။ သူများမှပဲ လုံလုံခြုံခြုံ အဝတ်နဲ့ ပတ်ထားရမလိုဖြစ်နေပြီ။ အင်း အမြင်လေးတွေလည်း သိချင်ပါသေးတယ်။

  • မမမနောပြောထားသလိုပါဘဲ။ဒီအတိုင်းဘဲလေ

    အမ ဖြစ်နိုင်တဲ့အကြောင်းရင်း
    – အတွင်းပိုင်းစိတ်သဘောထားကို နားလည်တဲ့လူတစ်ယောက်မှ မရှိဘူး။ ဖန်တီးသူတွေ ကိုယ်တိုင်တောင် နားမလည်ဘူး။
    – လူတွေ သဘောမပေါက်နိုင်တဲ့ ဘာသာစကားတွေ သုံးစွဲပြီး တခြားကွန်ပျူတာတွေနဲ့ ဆက်သွယ်တတ်လေ့ရှိတယ်။
    – အမိန့် မှားယွင်းပေးမိရင် “မင်း လုပ်တာ ငါ ရူးသွားပြီ။ ဒါပေမယ့် အဲဒါကို ငါ… ဘယ်တော့မှ ပြောမှာမဟုတ်ဘူး” ဆိုတဲ့ အဓိပ္ပာယ်နှစ်ခွ စကားတွေ ပြောတတ်ကြတယ်။
    – တကယ် သေးဖွဲတဲ့ အမှားအယွက်းကလေးတစ်ခုပဲရှိတာတောင် နှစ်ရှည်လများ သိမ်းဆည်းထားတတ်တယ်။
    – သူတို့ကို တာဝန်စယူလိုက်ပြီဆိုတာနဲ့ ယုယမှု ပေးရတော့မယ်။ နောက် အချိန်ပေးရတော့မယ်။ ငွေကုန်ရတော့မယ်။ ပစ္စည်းတွေ ဝယ်ပေးရမယ်။

    ကျနော်ကတော့ အမဘဲဖြစ်နိုင်တယ်ဟု ထင်မိပါလျှက်။

  • AYAN KHA

    January 14, 2012 at 8:32 pm

    ကျွန်တော့်သူငယ်ချင်းတစ်ယောက်ကို စိတ်ကူးပေါက်လို့ မေးခွန်းတစ်ခုမေးခဲ့ဘူးတယ်… စပါးပင်က အထီးလား အမလား ဆိုပြီး… သူပြန်ဖြေတာက သင်္ဘောသီးပင်တောင်မှ အဖိုပင်ဆို မသီးဘူး၊ အမပင်မှ သီးတာ အဲ့တော့ စပါးက ဆန်ကို ထုတ်ပေးတယ်… ဆန်ဆိုတာက စပါးရဲ့အသီးသဘောမျိုးပဲတဲ့ အဲ့ဒီတော့ စပါးပင်က အမ လို့သူကပြောတယ်။ ဟုတ်တယ်မလားတဲ့
    ကျွန်တော်ကလည် ပြန်ပြောပါတယ် အဲ့လိုလဲဖြစ်နိုင်တာပဲ ဒါပေမယ့် မင်း ဟင်းချက်ရင် မွှေးအောင်ခတ်တဲ့ စပါးလင်ဆိုတာ သိလားလို့… သူက အေးသိသားပဲတဲ့…. အေး အဲ့ဒါက စပါး”လင်”ဆိုမှ တော့ စပါးပင်က အမ ဖြစ်နိုင်လောက်တယ်လို့ပဲ ကောက်ချက်ဆွဲလိုက်ကြတယ်ဗျာ…..

  • zaw min

    January 14, 2012 at 8:54 pm

    ကွန်ပြူ့ဆိုတာ ပေါင်းစပ်ခြင်းလို့ အဓိပ္ပါယ်ဖွင့်ဆိုထားတယ်..ဒါကြောင့် ဆော့ဝဲ နဲ့ ဟက်ဝဲပေါင်းပြီး အသုံးပြုရတယ်…ဆော့ဝဲကြီးပဲ သုံးလို့မရနိုင်သလို ဟက်ဝဲကြီးပဲသုံးလို့မရပါ…ထိုကြောင့် ကွန်ပြူတာဆိုတာ နှစ်ဖက်ချွန်ဖြစ်နိုင်ခြေရှိသည်။ဒါကြောင့် ကွန်ပြူတာသည်
    အောင်ပုတို့ ဂိုဏ်းဝင်ဖြစ်ပါသည်။(မဆဲရ ဘူးနော် အဘက အသက်ကြီးနေပြီ)…

  • ဂျက်ကီချီးပေ

    January 14, 2012 at 9:56 pm

    ဟဲ့
    ကွန်ပျုတာက အထီးလားအမလာထက်
    ကိုယ်ယူမဲ့လင်က ဘိန်းစားလား အရက်သမားလား ဆိုတာ
    ပိုအရေးမကြီးဘူးလားဟဲ့
    ဒါ့ကြောင့် ငြီးလင်မရဒါ 😀 😀 😀

    • manawphyulay

      January 16, 2012 at 10:56 am

      အံ့ပါ့အေ… ကွန်ပျူတာတောင် အထီးလား အမလား ခွဲခြားနေတာ ညီးမို့ ပြောတတ်တယ်အေ.. သက်မဲ့တောင် ခွဲခြားနေမှတော့ သက်ရှိတော့ ပြောစရာလိုသေးလားအေ… 😛

    • char too lan

      March 13, 2012 at 3:00 pm

      ဟဟား ဒီစာလေးကြိုက်လိုက်တာ
      အမွှေးနှုတ် ဆီသုတ်ပီး ချက်စားအုံးမှ (အဲမှားလို့)
      ကော်ပီလုပ် ပရင့်ထုတ်ပီး ချိတ်ထားအုံးမှ ဟဲဟဲ 😀

      • manawphyulay

        March 13, 2012 at 3:32 pm

        လုပ်တော့မယ် ချာတူးလန်တစ်ယောက်ကတော့လေ.. အလန့်ထညက်တွေ။ ကြွက်ပြေးတယ် ချိတ်ထားသိလား ညီမလေး… 😛

  • မွန်မွန်

    January 15, 2012 at 4:44 pm

    ဲပြင်သစ်အဆိုအရ အထီးဖြစ်သည်။

    un ordinateur (un သည် အထီးအတွက်သုံးသော article (a) ဖြစ်သည်။)

  • char too lan

    January 16, 2012 at 12:08 pm

    အဆိုးဆုံးအချက်ကတော့ ကွန်ပျူတာဆိုသော ကောင်များမှာ အထီးမှန်းမသိ အမမှန်းမသိ မျိုးပွား၍ မရသော အပုန်းများ ဖြစ်ကြလေ၏။ လူတွင်လည်း အထီးနှင့် အမရှိ၏။ ကြက်အထီးနှင့် အမ တစ်စုံဝယ်၍ အတူတူ ထားလိုက် လျှင်တောင် အချိန်ကြာလာသောအခါ ဥကလေးများ ပေါက်၍ မွေးချင်မွေး၊ စားလိုစား လုပ်နိုင်ဦးမည်။ ကွန်ပျူတာမှာသာ အထီးနှင့် အမရှိလျှင် တစ်စုံဝယ်ပြီး အတူတူထားပေး၍ အချိန်တန်သောအခါ ကွန်ပျူတာ နှစ်လုံး၏ ရင်သွေးလေး Laptop တစ်လုံးလောက်မွေး၊ နောက်ထပ်ကြာသောအခါ သူတို့၏ မြေးကလေးအဖြစ် Netbook လေးများကို ထပ်မွေး၊ သုံး လေး ငါးမွှာပူးလောက်ဖြစ်လျှင် အတိုင်းထက်အလွန်ပေါ့။ ဒါဆို ဘယ်လောက်တောင် ပျော်ဖို့ကောင်းလိုက်မလဲ။ အခုတော့ အဲဒီလို မဟုတ်။ သူတို့ကိုယ် သူတို့တောင် အထီးမှန်း အမမှန်း မသိတဲ့ဟာတွေ။
    Credit : “သူရဿဝါနှင့် ကွန်ပျူတာငတုံးများ”

  • FattyCat

    January 17, 2012 at 1:23 pm

    ကွန်ပျူတာတော့မသိဘူးကွယ်….
    လွန်ခဲ့တဲ့ (၁၀)နှစ်လောက်က Mouse က Track Ballနဲ့ အထီးပါ…
    အခုနောက်ပိုင်းထွက်တဲ့ Optical Mouse ကတော့ အမပါ… (သူ့မှာဘာမှမပါဘူး)…ဟီးဟီး

  • zarlay

    January 17, 2012 at 3:14 pm

    မမ မနောပြောတာမှန်တယ်သိလား သူကအသစ်ဆိုရင်တော့ ခိုင်းတာကို သွက်သွက်လက်လက် လုပ်တယ်ဆိုတာ ဇာ့ လက်တော့လည်း ဟိုတစ်လောက kaspersky မတင်ထားတော့ သုံးရတာ အရမ်းနှေးတယ် နောက် kaspersky ၉၅၀ဝ အကုန်ခံပြီး ဝယ်တင်လိုက်မှပဲ သွက်သွက်လက်လက် ဖြစ်တော့တယ်

  • snow white

    March 13, 2012 at 12:38 pm

    အထီးဖြစ်ဖြစ်အမဖြစ်ဖြစ်ပါ ကွန်ပျူတာရှိနေလို့ အစစအရာရာအဆင်ပြေနေကျတယ်လေ

    • manawphyulay

      March 13, 2012 at 2:47 pm

      မရှိရင်တော့ မျက်စိပါဝါ ဒီထက် မတိုးတော့ဘူးပေါ့နော်.. 😛

  • kyeemite

    March 13, 2012 at 3:59 pm

    အင်း..အပျိုဂျီးတွေများတယ်ခက်သကိုး..
    အလုပ်မရှိအလုပ်ရှာ…

Leave a Reply