Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

သတ္တမအကြိမ် ဂျပန်စာပေဘာသာပြန်ပြိုင်ပွဲ

manawphyulayJanuary 17, 20121min41610

သတ္တမအကြိမ် ဂျပန်စာပေဘာသာပြန်ပြိုင်ပွဲ
မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံး
ပြန်ကြားရေးနှင့် ယဉ်ကျေးမှုဌာန

ဂျပန်စာပေဘာသာပြန် ပြိုင်ပွဲ

၁။ လျှောက်လွှာလက်ခံချိန်။ ။ ၂၀၁၂ ခုနှစ်၊ ဇန်နဝါရီ ၁၆ ရက်နေ့မှ ၃၁ ရက်နေ့အထိ
(စနေနေ့နှင့် တနင်္ဂနွေနေ့မှအပ)
နံနက်ပိုင်းတွင် ၈ : ၃ဝ နာရီမှ နေ့လည် ၁၂ : ဝဝ အထိ
မွန်းလွဲပိုင်းတွင် ၁ : ၃ဝ နာရီမှ ညနေ ၅ :၀ဝအထိ
လျှောက်လွှာပုံစံများကို လူကိုယ်တိုင်လာရောက်ထုတ်ယူပြီး လျှောက်ထားနိုင်ပါသည်။ လူဦးရေကန့်သတ်ထားသည့်အတွက် လျှောက်ထားသူဦးရေ ပြည့်သွားပါက လျှောက်လွှာလက်ခံခြင်းအား ရပ်ဆိုင်းမည်ဖြစ်ကြောင်း သတိပြုစေလိုပါသည်။

၂။ လျှောက်လွှာတင်ရမည့်နေရာများ
ရန်ကုန်မြို့ ။ ။ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံး၊ ပြန်ကြားရေးနှင့် ယဉ်ကျေးမှုဌာန အမှတ် (၁၀၀)၊ နတ်မောက်လမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့။ (ဖုန်း ၅၄၉၆၄၄ မှ ၅၄၉၆၄၈ အထိ)
မန္တလေး ။ ။ ဟီတိုစင်တာ
လမ်း (၈၀) နှင့် (၁၂) လမ်းထောင့်၊ မန္တလေးမြို့
ဖုန်း ဝ၂-၃၁၇၆၂

၃။ ယှဉ်ပြိုင်ရမည့် နေ့စွဲနှင့် အချိန်။ ။ ၂၀၁၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁ ရက်နေ့ (စနေနေ့)
နံနက် ၉ နာရီမှ နေ့လည် ၁၂ နာရီအထိ
(ပါဝင်ယှဉ်ပြိုင်သူအားလုံး သက်ဆိုင်ရာ စာဖြေဌာနသို့ နံနက် ၈ : ၄၅ နာရီအရောက်လာရမည်။)

၄။ ပြိုင်ပွဲကျင်းပမည့်နေရာ
ရန်ကုန်မြို့ ။ ။ ပြည်ထောင်စု မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI)
မန္တလေးမြို့။ ။ ဟီတိုစင်တာ

၅။ ပါဝင်ယှဉ်ပြိုင်နိုင်သူ
(၁) မြန်မာနိုင်ငံသား ဖြစ်ရမည်။
(၂) ဂျပန်နိုင်ငံ၏ မသင်မနေရ ပညာရေးစနစ်အား သင်ယူဖူးသူ မဖြစ်ရ။
(၃) ယခင်ပြိုင်ပွဲများတွင် အထက်တန်းအဆင့်ဆုရရှိခဲ့ဖူးသူများ မဖြစ်ရ။
(၄) ဂျပန်ဘာသာစကားလေ့လာမှု အလယ်တန်း (JLPT N3 သို့ Level 2) နှင့် အထက်အဆင့်ရှိသူဖြစ်ရမည်။

၆။ သတိပြုရမည့် အချက်များ
– ယှဉ်ပြိုင်မည့်နေ့တွင် လိုအပ်သော စာရေးကိရိယာ(ခဲတံ၊ ဘောပင်၊ ခဲဖျက်)နှင့် အဘိဓာန် (အီလက်ထရောနစ်အဘိဓာန်) အစရှိသည်တို့ကို ယူဆောင်လာရမည်။
– စာရေးကိရိယာနှင့် အဘိဓာန်မှအပ အခြားအပိုပစ္စည်းများ ယူဆောင်ခွင့်မပြုပါ။ (လက်ကိုင်ဖုန်းအပါအဝင်)
– သတ်မှတ်ထားသောအချိန်အတွင်း ပြီးဆုံးအောင် ဘာသာမပြန်နိုင်ပါက အမှတ်ပေးအကဲဖြတ်ခြင်း ခံရမည်မဟုတ်ပါ။

၇။ ဆုရရှိသူများ၏ အမည်စာရင်းကို သံရုံးရှေ့ရှိ ကြော်ငြာသင်ပုန်းတွင် ကြေညာပေးပါမည်။ ဆုပေးပွဲကို ဇွန်လတွင် ကျင်းပရန် ရည်ရွယ်ထားသော ဂျပန်စကားပြောပြိုင်ပွဲနှင့်အတူ ကျင်းပရန် ရည်ရွယ်ထားပါသည်။

မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံး
ပြန်ကြားရေးနှင့် ယဉ်ကျေးမှုဌာန

ဂျပန်ရုပ်ရှင်ပွဲတော်

တစ်လက်စတည်း ပြောလိုက်ဦးမယ်နော် ၂ရ ရက်နေ့ကို ဂျပန်ရုပ်ရှင်ပွဲတော်ရှိတယ်။ သွားကြည့်ချင်တဲ့သူရှိရင် မနောဆီမှာ လက်မှတ်တွေရှိတယ်။ သွားချင်တဲ့သူများကို ပေးပါမယ်။ တကယ်လို့ သံရုံးနဲ့နီးတဲ့သူတွေလည်း သံရုံးမှာ သွားယူလို့ရပါတယ်ရှင်။

10 comments

  • True Answer

    January 17, 2012 at 4:26 pm

    မိတ်ဆွေတွေကို ထပ်ဆင့် မျှဝေပေးလိုက်ပါမယ်ခင်ဗျာ

  • Diamond Key

    January 17, 2012 at 4:29 pm

    私は競争する。しかし、私はボードに私の名前を公表したくありません。ဟဟ….
    ဘာတွေလဲတော့ မသိ………. Google translate ထဲက ယူလိုက်တာ :mrgreen:

    • thit min

      January 17, 2012 at 4:34 pm

      ကျနော်ဝင်ပြိုင်ပါမယ်။ဒါပေမဲ့ လှေမှာတော့ ကျနော့နာမည် မတတ်ချင်(မရေးချင်)ဘူး။

      • manawphyulay

        January 17, 2012 at 4:37 pm

        လျှောက်လွှာကို စကမ်ဖတ်ပြီး ပို့လိုက်ရမလား အစ်ကိုသစ်မင်း…
        မနောဆီမှာ လျှောက်လွှာဖောင်တွေလည်း ရှိပါတယ်။

        • thit min

          January 17, 2012 at 5:18 pm

          ပို့နဲ့ ။
          ဂျပန်လိုသေသေချာချာမတတ်ဘူး။
          အင်းဂလိပ်လိုကျတော့ အီးယောင်ဝါး။
          မြန်မာလိုလေးတော့ သတိထားပြောရင် နဲနဲ မှန်တာ။

        • inz@ghi

          January 17, 2012 at 5:25 pm

          ခန်းဆိုင်းက ဆြာကြီးက လျိုဘီ

          😀

        • manawphyulay

          January 17, 2012 at 5:28 pm

          လျှိုတာမဟုတ်ဘူး သင်ပေးရမှာစိုးလို့ ဖြစ်မယ်…
          ထမင်းစားရေသောက်လေး သင်ပေးပါပြောတာပါ…..

  • yaungchikha

    January 18, 2012 at 1:33 pm

    မနောရေ….. ဂျပန်ရုပ်ရှင်ပွဲတော်တော့ သွားကြည့်ချင်သား၊ နီးရင်တော့ကောင်းမှာ……… 🙂

    • manawphyulay

      January 18, 2012 at 3:40 pm

      အရင်ကတော့ တီဗီမှာလာတဲ့ကားတွေကြည့်ဖြစ်တယ်။ အိုးရှင်းလိုမျိုးကားတွေဆို အရမ်းသဘောကျတယ်။ ကိုရီးယားရုပ်ရှင်ပွဲတော်တုန်းကတော့ သွားကြည့်ဖြစ်တယ်။ ခုကတော့ ဘယ်လိုကားတွေပြမလဲမသိဘူး။ လိုချင်ရင် မနောဆီမှာ လက်မှတ်တွေရှိတယ် ပေးမယ်လေ။

Leave a Reply