ရောက်တတ်ရာရာ ဟာသ

htet wayJanuary 17, 20121min40923

ဂေဇက်မှာစာရေးသူတွေကို ကျွန်တော်အထင်မသေးဝံ့ပါ။ အထင်တကြီးရှိခဲသလို တလေးတစားလည်းရှိခဲပါတယ်ဆိုတရိုးသားစွာဝန်ခံပါရစေ။ခြွင်းချက်အနေနဲ့တော့ကိုဘုန်ကျော်ကိုတော့
နည်းနည်းစိတ်ကသိကအောက်ဖြစ်ခဲ့ရပါတယ်။
စာရေးဆရာကြူးနစ်ဟာ အင်မတန်စာရေးကောင်းပါတယ်။ တွေခေါ်မှုစာဟာလည်းအင်မတန်ကိုမှ လေးစားလောက်အောင်ကောင်းတယ်။ ကျွန်တော်ဟာကိုကြုးရဲ့ခြေမှုန်ကိုတောင်မမှီသူ
လို့ ခါတရံမှာ တွေးဖူးခဲ့ပါတယ်။ အခုဂေဇက်မှာ စာဝင်ရေးမိတော့မှာ အော်………ငါ့ထက်သုတ/ရသပြည့်သူတွေချည်းပါလားလို့ တွေးဝင်စိတ်ကူးဖြန့်ကျက်မိပါတယ်။
ချီးကျူးသင့်သူကိုချီးကျူးရမှာဖြစ်ပါတယ်။ တစ်ချို့စာသိပ်ရေးတာမတွေ့ရဘူး ကွန်မန့်တွေဖတ်လိုက်ရတော့ အဆင်မြင့်ပြီးတအားကောင်းနေတာတွေ့ရပြန်တယ်ဦးဦးပါလေရာ နေးချား..ကိုသစ်မင်း….
.အခြားလူတွေလည်းရှိပါသေးတယ်။
မန်းဂေဇက်မှာ စာရေးသူတွေကိုဆရာတွေဆရာမတွေလို့ ကျွန်တော်ဆိုချင်ပါတယ် ။ လူတိုင်းက အရေးအဖွဲ့တွေ ၊ ပေးချင်တဲ့ရည်ရွယ်ချက်ကို ပို့ဆောင်တာတွေသိပ်ကောင်း ၊ သိပ်လှကြပါတယ် စာမှာစေတနာကိုတွေပါတယ်။
မန်းဂေဇက်ဟာ သိက္ခာရှိတန်းဖိုးရှိတဲ့ ဝက်ဆိုက်တစ်ခုဖြစ်နေတာ လူအများစုလက်ခံသလို မြတ်နိုးစရာကောင်းတာက ရွာသူရွာသားတွေဟာ အချင်းချင်းမောင်နှမဆွေမျိုးရင်းချာလိုရှိနေကြတယ်။
ဒီလိုအလှတရားမျိုးဟာရှားပါးလွန်းပါတယ်။
ကျွန်တော်အခုပြောနေတာတွေက တကယ့်အစစ်တရား (Realism) ကိုပြောနေခြင်းပါ။ ကျွန်တော်က ဆင်းရဲသားမိသားစုကဖွားမြင်ပြီး ပညာကို ခက်ခက်ခဲခဲ ရှာဖွေကြိုးစားခဲ့ရပါတယ် ။
ရန်ကုန်တက္ကသိုလ်တက်စဉ်ကခါတရံမှာ ထမင်းကိုညစာလွတ်ခဲ့ပါတယ်။ ငှတ်ပျော်သီးစားခဲ့ရတယ်။ ဒါကိုစကားစပ်မိတော့ ကိုယ့်ညီမလေးတစ်ယောက်လို စိတ်ထဲခင်မိနေသူကိုပြောမိခဲ့ပါတယ်။
သူမကတော့ချမ်းသာသူ မျိုးရိုးကဆင်းသက်လာတော့ ဒီလိုခံစားမှုမျိုးအတွေအကြုံရှိဖူးမယ်မထင် ။ သူမ “ငှတ်ပျော်သီအားရှိပါတယ်” တဲ့ ရယ်သမ်းသွေးပြီးပြန်ပြောခဲ့ပါတယ်။
တကယ်တော့ငှတ်ပျော်သီးစားရတဲ့ညက အိပ်မရခဲ့ပါဘူး။ ရေခဏခဏသောက်ဆီးသွားနဲ့ အိပ်ပျက်ခဲ့ရသလို ဆာလောင်မွတ်သိပ်မှုတွေနဲ့ ဝမ်းနည်းမှုတွေက ရင်ထဲပြည့်ခဲ့ရတယ်။
“တဖက်လူရဲ့နာကျင်မှုဟာတစ်ပါးသူရဲ့ဟာသဖြစ်စေတယ်” ဆိုတဲ့ဟာသအဓိပါယ် ဖွင့်ဆိုချက်လေးလို ကျွန်တော်ရဲ့နာကျင်မှုများဟာ ဟာသဝတ္ထုတိုလေးများ မဂ္ဂဇင်းမှာပေါ်ပေါက်လာခဲ့ရပါတယ်။
တစ်ခါက တစ်ချိန်က ကျေးလက်မှာလုပ်အားပေးတွေ ခေတ်စားခဲ့ဖူးပါတယ်။ ရွာသူကြီးကို ခံပြောမိရင်း သူချမှတ်တာကို မလိုက်နာခဲရင် ရဲစခန်းမှာ အချုပ်ခံရတဲ့ တစ်ခါက…….ပါ ။ ကျွန်တော်က
ရွာသားတစ်ယောက်အဖြစ်ရွာမှာနေခဲ့ရပါတယ်။ အဲ့ဒီအချိန်က ဖုန်းဆိုးကွင်းပြင်စားကျက် ကြီးထဲမှာ ကန်ပေကါရမယ်ဆိုပြီး လုပ်အားပေးဆင့်ပါတယ်။ တစ်အိမ်တစ်ယောက် မလိုက်နိုင်ရင်ငွေလေးသောင်းထည့်ဝင်စေပေါ့။ အဲဒီကာလငွေလေးသောင်းဟာအတော့်ကိုတန်ကြေးရှိပါတယ်ရွှေငါးမှုးသားဝယ်လို့ရပါတယ်။ ကျွန်တော်အဖေဆုံးကာစ ကျွန်တော်အမေနဲ့ကျွန်တော်ရှိချိန်မှာလုပ်အားပေးလိုက်ရမယ် ။ သွားရမှာလည်းရွာနဲ့မိုင်(၂၀)ကျောင်ဝေးတဲ့ လယ်ကွင်းကြီးမှာပါ။ ပြန်ပြောရင်လည်း လက်ထိပ်ကစောင့်နေပါတယ်။ ကျွန်တော်ကြားထား
တာက ဒီကွင်းကကြမ်းတယ် ကွင်းပိုင်ကဖမ်းစားတက်တယ် ဒီသတင်းက ကျွန်တော့်ကိုမတုန်လှုပ်ပေမယ့် မြွေပေါတယ် မြွေဟောက် ၊ မြွေပွေးချည်ပဲဆိုတာကတော့် ကျွန်တော့်လိပ်ပြာလွင့်မတက်ပါပဲ။
သို့သော်…….လုပ်အားပေးခဲ့ပါတယ်။ စပါးငါးကန်ဖြစ်ခဲ့ပါတယ်။ နှစ်ပေါင်းအတော်ကြာတော့ ကျွန်တော်ချစ်သူလေးတစ်ယောက်ရခဲ့တယ်။ ကံကြမ္မာကအတော့်ကိုဆန်းကြယ်ပါတယ်
ဒီစားကျက်ထဲက စပါးငါးကန်ကိုပိုင်တဲ့ ကျွန်တော်ချစ်သူဟာ ဒီကန်ကိုကျွန်တော့်ကိုခေါ်ခဲ့ပါတယ်။ ကန်ဘောင်မှာမတ်တက်ရပ်ရင်း ကန်တွေအများကြီးကို ငေးကြည့်နေမိပါတယ်။
လက်ပတ်အနီတွေ ၊ ဝါးရင်းဒုတ်တွေ ၊ ခရာသံတွေ ၊ ပိုးထိပြီးဟေ့ဆိုသံတွေ ၊ ဝမ်လျောလို့ဆေးရုံပို့ရတယ်ဆိုသံတွေမြင်ယောင်ကြားယောင်နေမိတုန်း
မောင်..ဒီကန်မှာမောင်နဲ့လမ်းလျှောက်ရတာ ခိုင်တော့သိပ်ပျော်တာပဲမောင်ရောပျော်ရဲ့လားတဲ့ ကျွန်တော်ပြုံးမိပါတယ် နာနာကျင်ကျင်ပြုံးမိခဲ့တာပါ။
မပျော်ဘူး ဒါတွေဟာဒို့ရဲ့ ချွေးစက်တွေ၊ ဒီမှာ အသက်တွေ စတေးခဲ့ရ ဒုက္ခတွေရောက်ခဲ့ရတယ်လို့ ..စိတ်ထဲကပဲပြောမိခဲ့ပါတယ်။
ဒီလိုနဲ့ ကျွန်တော်ရဲ့ နာကျင်မူကို ဟာသဖြစ်စေချင်လို့ သောကြာမဂ္ဂဇင်းဇူလိုင်လထုတ်(၂၀၀၀)ခုနှစ်ထုတ်မှာ “တစ်နေ့နှစ်ခါရူးတယ်” ဆိုတဲ့ တစ်မျက်နှာဝတ္ထုတိုလေးရေးဖြစ် ခဲ့ပါတယ်။
( တစ်နေ့နှစ်ခါရူးတယ် )
ရွာသာယာသပြေတန်းမှာ ဆယ့်နှစ်ရွာကိုအုပ်ချုပ်တဲ့ ရွှေစလွယ်ရသူကြီးမင်းနေပါတယ်။သူကြီးမင်းဟာ အင်္ဂလိပ်အစိုးရရဲ့ အထူးမျက်နှာသာပေးခံရတဲ့ ပုဂ္ဂိုလ်လည်းဖြစ်ရလေအောင်အထူး
ကြိုးစားဆောင်ရွက်တယ်၊ လမ်းပန်းအစ ဧည့်ခံရေးအဆုံး ကြိုးစားပန်းစားလုပ်ကိုင်ပေးတယ်။ရွာသူရွာသားတွေကို မညှာမတာနိပ်စက်ပြီး သူနာမည်ရရေး သူမိသားစုကောင်းစားရေးသာဆောင်ရွက်သူဖြစ်လို့
ရွာသားရွာသူတွေက အလွန်မုန်းတီးကြပါတယ်။ဒါကိုရိပ်မိတဲ့ သူကြီးဟာ သူ့အပေါ်ထားတဲ့ သဘောထားအမှန်ကို သိရအောင် ရုပ်ဖျက်ပြီး စုံစမ်းဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
သူကြီးမင်းဟာတစ်ရွာဝင်တစ်ရွာထွက်နဲ့ လာရင်း ရွာသာယာနဲ့ သပြေတန်း ကိုဆက်သွယ်ထားတဲ့ လုပ်အားပေးလမ်းက အရိပ်ကောင်းတဲ့ သစ်ပင်ကြီးတစ်ပင်အောက်မှာထိုင်နားနေတုန်းသပြေ
တန်းရွာဘက်က စိတ်ပျက်အားလျှော့ဟန်နဲ့ ခေါင်းငိုက်စိုက်ချပြီးလျှောက်လာတဲ့ လူတစ်ယောက်ကိုတွေ့လိုက်တယ်။ သူကြီးက….
“မိတ်ဆွေ လာပါအုံးဗျာ ခင်ဗျားတို့ရွာကို အုပ်ချုပ်တဲ့ ဆယ့်နှစ်ပိုင်သူကြီးကို ဘယ်လိုမြင်လည်း…ပြောစမ်းပါအုံး”
လို့ မေးရင်ပဲ ထိုသူက
”သူကြီးမင်းလား အင်မတန်ရက်စက်တဲ့ လူပါ အကြင်နာတရားမရှိတဲ့ အာဏာရူး တကိုယ်ကောင်းသမား ၊ငွေတွေ အဆမတန်ကောက်ခံပြီး ကိုယ်ကျိုရှာတဲ့လူ၊သောက်ကျင့်မကောင်းတဲ့လူ…အမျိုးဖျက်တဲ့
မျိုးမကောင်း ဝရမ်းပြေးနဲ့ ဟို ဟာမနဲ့ ရပြီး……
”တော်..တိတ်.”
သူကြီးမင်းဒေါသပေါက်ကွဲလောက်အောင် မခံမရပ်နိုင်ဖြစ်လာတယ်။ ပေါင်းထားတဲ့ ခေါင်းပေါင်းကိုချွတ်ပြီး မျက်နှာကိုသုတ်လိုက်တယ်။
“ဟေ့ကောင်… မင်းငါ့ကိုသိလား ငါဟာဆယ့်နှစ်ရွာကို အုပ်ချုပ်ရတဲ့ သူကြီးမင်းပဲ”လို့ပြောတော့…ထိုသူက
“ သူကြီးမင်းခင်ဗျာ ကျွန်တော်မျိုးကို သိပါသလား ဟိုမှာမြင်နေရတဲ့ ရွာလေးမှာနေပါတယ် တစ်နေ့ကိုနှစ်ခါရူးပါတယ် မနက်စောစော ကတစ်ခါရူးပြီးသွားပါပြီ အခုဏပြောတာရူးနေတဲ့ အချိန်ပါခင်ဗျား
အခုတော့ ကောင်းသွားပါပြီ သူကြီးမင်းမေးချင်တာမေးပါတော့ ”လို့ပြန်ပြောရင်ပဲ သူကြီးမင်းခမျာ ဆုငွေ ထုတ်ပေးလိုက်ပါတော့တယ်။

စာကြွင်း။ ။ကျွန်တော် သောကြာမှာရေးတုန်းက ကအင်္ဂလိပ် အစိုးရလက်ထက်က အဖြစ်အပျက်တစ်ခုကို ရေးသည်လို့ ပါတယ် ။မှတ်ချက် ပြုတ်ကျန်ခဲ့ မှာစိုးလို့ ဖုန်းဆက်သတိပေးရသေးတယ်။

23 comments

  • manawphyulay

    January 17, 2012 at 4:18 pm

    အင်း ဒါတောင် တစ်နေ့ နှစ်ခါပဲ ရူးလို့နော်… မနောလို ခဏခဏရူးနေရင် မိတ်ဆွေတွေတော့ တစ်ယောက်မှ မရှိပဲနဲ့နေဦးမယ်… တစ်ခါတလေ ကိုယ်ပြောချင်ရာ ပြောလိုက်တာကို ဗွေယူသွားတဲ့ မိတ်ဆွေတွေကိုလည်း မနောလည်း ဒီနေရာကနေ ပြောချင်ပါတယ် အဲဒီအချိန်က မနောလည်း ရူးနေလို့ပါလို့ ပြောပေးပါ အစ်ကိုထက်ဝေးရေ… 😛

  • Moe Z

    January 17, 2012 at 4:19 pm

    “တဖက်လူရဲ့နာကျင်မှုဟာတစ်ပါးသူရဲ့ဟာသဖြစ်စေတယ်” ဆိုတော့ ကိုထက်ဝေးရေ
    ဒီပို့စ်ကိုဖတ်ပြီး ရယ်ရမှာလား စိတ်မကောင်းဖြစ်ပေးရမလားဟင် 😀 😀
    အပေါ်ပိုင်းကိုဖတ်ပြီး စိတ်မကောင်းဖြစ်သွားတယ်
    အောက်ကဝတ္ထုကိုဖတ်ပြီး ရယ်သွားတယ်နော် ….

  • စိန်ပေါက်ပေါက်

    January 17, 2012 at 4:22 pm

    ကိုထက်ဝေးက သောကြာမှာရေးဖူးတာကိုး..
    ကောင်းလေစွ တကား..
    ကျနော်လဲ ကိုထက်ဝေးလို ဗိုက်ထဲ ဂွီဂွီဂွမ်ဂွမ်နဲ ့ အိပ်ခဲ့ရဖူးတယ်ဗျာ…
    ဒါပေသိ..ရသလောက်တော့ စိတ်ငြိမ်းချမ်းအောင် နေနေလျက်ပါ
    ကိုထက်ဝေးရဲ့…နောက်ထပ် စာကောင်းလေးတွေလဲ မျှော်နေလျက်ပါဗျို ့

  • Thel Nu Aye

    January 17, 2012 at 4:22 pm

    သူ့လိုပဲတနေ့ ၂ ခါရူးရင်ထောင် ၆၅ နှစ်များနဲ့ဝေးနိုင်ကြောင်းပါ။

  • thit min

    January 17, 2012 at 4:59 pm

    ခံစားရတာတွေရှိနေပြီ ဆိုရင် “ရသ” စာဖြစ်မယ်။
    မှတ်သိတာတွေရှိနေပြီဆိုရင် “သုတ” စာဖြစ်မယ်။
    နာကျင်ကြေကွဲစရာတွေများခဲ့ရင်တော့ “မာစတာပိစ်” ဖြစ်ပါမယ် ဆရာထက်ဝေးရေ။—-

  • ကောင်းမြတ်သူ

    January 17, 2012 at 5:56 pm

    ကိုဘုန်းကျော်လည်း တစ်နေ့ (၂)ခေါက်ရူးတဲ့အထဲပါတာနေမှာပါ…. သူကောင်းတဲ့အချိန်ဆိုလည်းကောင်းပါတယ်… သူကောင်းတဲ့အချိန်ဆို မိုင်းအကြောင်းတွေပြောခဲ့တာဘဲဗျာ… ခွင့်လွှတ်ပေးတော်မူပါ သူကြီးမင်း( ကျွန်တော်တို့သူကြီးမင်းက ကိုထက်ဝေးရေးတဲ့ သူကြီးမဟုတ်ကြောင်း ရွာထဲကလူများသိရှိနားလည်မည်သာ) ဤစာသားဖြင့် သူကြီးမင်းအားလာဘ်ထိုးပါ၏ သူများတောင်းဆိုသလိုသူကြီးတူမအားမတောင်းဆိုလိုပါ။ ကြိမ်ဒဏ်(၁၀)ချက်အမြန်ရိုက်စေလိုပါသည်။

    • Thel Nu Aye

      January 18, 2012 at 9:18 am

      စကားမစပ်။ ကိုဘုန်းကျော်တယောက်ပျောက်ချက်သားကောင်းနေတယ်။ နေမှကောင်းရဲ့လား။ မတွေ့တာကြာတော့စိတ်ပူရပြန်ရော။

      • ကောင်းမြတ်သူ

        January 18, 2012 at 4:40 pm

        ဟုတ်ပါ့ မသဲနုအေးရယ် ကျွန်တော်လွမ်းမိတဲ့လူတွေရှိတဲ့ဗျ။ သာဓုနဲ့အာယု၊ ငါးမင်းဆွေ၊ ကိုဘုန်းကျော်ရယ်… သူတို့တွေရဲ့အပြောအဆိုထဲမှာ hint တွေပါလာတယ်လို့ထင်မိတယ်…

  • ရွှေဘိုသား

    January 17, 2012 at 7:24 pm

    အစ်ကိုရေ အစ်ကိုနဲ့ဘဝတူပဲဗျ ကျနော်လည်း ရွှေဘိုကနေဒီကိုလာနေပြီး ထမင်းငတ်တဲ့နေ့တွေ မရေတွက်နိုင်တော့ဘူး

  • htet way

    January 17, 2012 at 9:01 pm

    စိန်ပေါက်ပေါက်ခင်ဗျား စိတ်ငြိမ်းချမ်းမူကို
    မတော်တဆအသည်းကွဲတော့မှ ခြေချော် လက်ချော် ရှာတွေ့ခဲ့တာပါ။အဲ့ ဒီအချိန်က
    ရိုးသားစွာပြောရရင် မသိသေးပါခင်ဗျာ။ကိုမိုးဇက်ရေ..ဖတ်ရှူပေးတာကျေးဇူးပါ။
    ဟုတ်ကဲ့ပါကိုသစ်မင်းရေ မာစတာပိစ် ဖြစ်အောင် အတော်ကြိုးစားရအုံးမှာပါ။
    ကိုယ်ချင်းစာပါတယ်ဗျာ၊နေညိုရင်တော့ ရွှေဘိုကို လွမ်းလိုက်ပေါ့ဗျာ။
    မနောဖြူလေးရေ စကားစပ်မိရင် ခင်ဗျားရဲ့ စာရေးနိုင်မူကို ပြောဖြစ်ပါတယ်။

  • nature

    January 17, 2012 at 10:16 pm

    တော်သေးတာပေါ့။အချိန်ကိုက်ရူးမိလို့။ 🙂

  • Kyithur Tun

    January 17, 2012 at 10:45 pm

    ရူးလို ့ဆုငွေချတာတဲ ့ ဒီမှာကရူးလည်းမရဘူး ဘယ်သူမှချမ်းသာပေးမှာမဟုတ်ဘူး

  • ဟုတ်တယ်ဗျ။တနေ ့နှစ်ခါရူးတယ်လို ့ဆိုလို ့သာ။အထောင်းသက်သာသွားတာပေါ့နော်။
    နို ့မဟုတ်ရင် မလွယ်ကြောပါလား။

  • ဦးဦးပါလေရာ

    January 17, 2012 at 11:59 pm

    ဦးပါလေရာလဲ တနေ့ တခါလောက်တော့ ရူးပါတယ်။
    ညသန်းခေါင် ကွန်မင့်တွေ ရေးတဲ့အချိန်ပေါ့။
    အဲတာကြောင့် ထိမိခိုက်မိတာလေးတွေရှိရင်
    ချိတ် မချိ ကြနဲ့ နော်…….

  • awra-cho

    January 18, 2012 at 10:36 am

    (“မောင်..ဒီကန်မှာမောင်နဲ့လမ်းလျှောက်ရတာ ခိုင်တော့သိပ်ပျော်တာပဲမောင်ရောပျော်ရဲ့လား”တဲ့ ကျွန်တော်ပြုံးမိပါတယ် နာနာကျင်ကျင်ပြုံးမိခဲ့တာပါ။)
    ဒီနေရာ လေး ကို တော်တော် လေးကြိုက်မိပါတယ်၊ စာရေး ကောင်းတဲ့ သူလို့ သိသာစေပါတယ်၊ အား
    ပေးနေ ပါတယ်။

  • zarlay

    January 18, 2012 at 11:34 am

    ဒီ သူကြီးက ရှားပါးသူကြီးပဲနော် ဆုတွေဘာတွေချတယ်ဆိုတော့ သူကြီးကဆုချတယ်ဆိုတာဒီတစ်ခါပဲ ကြားဘူးတယ်

  • htet way

    January 18, 2012 at 5:11 pm

    စနစ်ဟောင်းမှာတို့တွေ မျက်ရည်ကျခဲ့ရတယ်
    အရင်းစစ်ရင် စနစ်ကိုပင် အပြစ်တင်သည်…မဟုတ်လား
    သူကြီးတွေဆုချတာရှိပါတယ် သူ့ရဲ့ ဖေါ်လံဖားတွေကိုဆုချတာပါ။
    ဩရချို… ကျေးဇူးတင် ပါတယ်။
    စိတ်မရှိပါ ဦးဦးရေ.. ဒီမှာ အားလုံး ဂတုံးတုံးကြသည်..အဲလေ ယောင်လို့
    စိတ်ကောင်းရှိကြပါသည်ခင်ဗျား။

  • blackchaw

    January 18, 2012 at 5:27 pm

    အားပေးသွားပါတယ် ကိုထက်ဝေးရေ။

  • htet way

    January 18, 2012 at 6:01 pm

    လေးစားပါတယ် ကို ဘလက်ချောရေ
    သီချင်းဆိုသံကို ပြန်ကြားယောင်မိတယ်ဗျာ ဒါနဲ့ ခင်ဗျားကို အားကျပြီး
    ကာရာအိုကေ ဆိုင်လေးထဲသွားကျင့်မိတယ်။တစ်ပုဒ်၅၀ဝဗျ။
    မကြာပါဘူးဗျာ ငွေရှင်းတော့
    ဆိုင်ကကောင်တာထိုင်တဲ့ကောင်မလေးက မယူဘူးဗျ။ရုပ်ရည်ကြောင့်လားပေါ့
    “ရှင်နောက်တခါလာမဆိုပါနဲ့ အခုဆိုတာလည်းပိုက်ဆံမပေးနဲ့တော့”တဲ့ ဗျာ။
    ငွေတော့ မကုန်ဘူး အသံပြာခဲ့ တယ်။

  • blackchaw

    January 18, 2012 at 6:09 pm

    ဈေးကြီးလိုက်တာဗျာ။ တစ်ပုဒ် ၅၀ဝ တောင်။
    ရန်ကုန်ကို လာခဲ့ပါဗျာ။
    ကာရာအိုကေ ဆိုချင်ရင် လိုက်ပို့ပေးပါ့မယ်။
    ကောင်မလေးတွေတော့ မပါဘူးနော်။
    အဲဒီကောင်မလေးတွေက သီချင်းလုဆိုလွန်းလို့
    အခန်းထဲကို ပေးမဝင်တာ။
    အဲဒါမျိုးကျတော့ ပေါက်ဖေါ်ကြီးတို့ကို သာ အားကိုးဗျာ။

    • စိန်ပေါက်ပေါက်

      January 18, 2012 at 6:34 pm

      အသာလုပ်ပါဂျ
      သများလဲ ဓာတ်ရှင်ထဲပဲကြည့်ဖူးတာပါဂျ
      အပြင်မှာသွားဖူးပါဘူးဂျ

  • nature

    January 18, 2012 at 6:40 pm

    ကျွန်တော်သည်ရွာထဲလျှောက်သွားနေစဉ်ရွာမှ htet way ဆိုသူအားတွေ့သဖြင့် နှုတ်ဆက်ပြီး …
    ဗျို့ ..ဆရာထက် ၊ ရွာသူကြီးကိုဘယ်လိုမြင်တုန်းဟု မေးလိုက်သောအခါ……..

  • htet way

    January 18, 2012 at 8:44 pm

    အင်မတန်ကပ်စီးနည်းတဲ့ လူကြီးပါဗျာ။ကျုပ်တို့အလေးထားတဲ့ တိုင်းရင်းဆေးကိုများသင်းက
    မယုံမကြည် ၊နောက်ပြီး ရွာသားတွေကို အလေးထားတဲ့ စိတ်လည်းမရှိဘူး
    အစကတော့ အလကားမဟုတ်ပါ ပိုက်ဆံရမယ်လေးဘာလေးနဲ့..ကျုပ် မိန်းမ၁ဝယောက်ယူပြီးကလေး၃၆ယောက်ရရင်တောင် ပိုှင့်၁၀၀ဝပြည့်မှာမဟုတ်ဘူး
    နောက်ဆုပေးမယ် ဘာပေးမယ်နဲ့ ဖြီးလုံးရွှီးလုံးတွေနဲ့ တခါတလေ ရွာသားတွေကိုဩဝါဒ
    တွေပေး လွှတ်ဘဝင်မြင့်နေတဲ့ သူ။ကျုပ်ကိုလည်းအမေရိကန်ခေါ်ပြီးနိုဘယ်ဆုရအောင်လုပ်ပေးမယ်ပြောလိုပြော
    ထီးတစ်လက်ဝယ်ပေးမယ် ထီးမှာ အနိပ်သည်လို့ စာရေးပြီးလျှောက်ရင် ပိုအောင်မြင်
    မယ်ပြောလိုပြော အလကားလူကြီးပါဗျာ။ ရွာသားရွာသူတွေကို တိုးတက်အောင်ဘာ
    လုပ်ပေးနိုင်လို့လဲ သင်းတောင် အနိုင်နိုင်ရယ်။သူကိုကြောက်အောင် ဟိုစည်းကမ်းဒီစီးကမ်းတွေထုတ်
    အနုပညာဟာဘာအတွက်မှမဟုတ်ဘူးလို့ကြွေးကြော်ပြီးလုပ်ချင်ရာလုပ်နေတဲ့သူ……။
    ကိုနေချားခင်ဗျား ကျျွန်တော်ဟာ ဧရာဝတီတိုင်းက နယ်မြို့လေးမှာနေပါတယ် တစ်နေ့
    သုံးခါရူးပါတယ် အခုရူးနေတာပါ ။ ကိုယ့်နာမည်ကိုတောင် ကိုယ်မေ့နေပါတယ်
    ခင်ဗျားအနေနဲ့ သိရင်ပြောပေးပါဗျာ။
    ခင်ဗျားမေးချင်တာရှိရင် ဒေါက်တာ ခေါ်လာပြီးကုသပြီးမှမေးပါနော်..။
    ခင်ဗျားကိုလည်းကျွန်တော် သိပ်မမှတ်မိချင်တော့ဘူး ဟိုဓါတ်ပုံမော်ဒယ်ကောင်မလေးရဲ့
    အမျိုးသားလား ဘာလားလည်းသိပ်မမှတ်မိချင်တော့ဘူး။ခင်ဗျားတို့ရွာက ဟို တံခါးမှူး
    ဆိုတဲ့ လူပျိုကြီးအကြောင်းလည်းမသိတော့ဘူးဗျာ။
    အပျိုကြီးတွေထဲက သိုင်းတတ်တယ်ဆိုတဲ့ ရေခဲတောင်ဘွားဘွားကိုလည်းမသိတော့ဘူး
    ဖြစ်နိုင်ရင် တော့ အမြန်ကုပေးစေချင်ပါတယ်။

Leave a Reply