ကြုံတောင့် ကြုံခဲဖြစ်ရပ်

myanmarcitizenJanuary 19, 20121min23312

မနေ့ကရုံးကို အသွား သမိုင်းလမ်းဆုံကိုရောက်တော့ လိုင်းကား driver က အကျင်္ီ လည်ကတုံးအဖြူတွေဝတ်ထား တဲ့သူတွေရှေ့မှာရပ်လိုက်တယ်။ စိတ်ထဲမှာတော့တွေးမိလိုက်တယ် ဘယ်ကဝတ်စုံအသစ်နဲ့ အဖွဲ့လဲလို့(ဒီကောင်တွေတော့ ဖမ်းခံရပြီပေါ့)။ နောက်တော့ မှ စပါယ်ယာက အော်တယ် “ခရီးသည်များ အကြွေ လိုအပ်ရင် လဲနိုင်ပါတယ်” ဆိုပြီး ဟိုက် အထူးအဆန်းပဲ … တစ်ခါမှမကြားဘူးခဲ့တဲ့စကား … ဒါနဲ့စိတ်ဝင်စားသွားပြီး ထိုင်နေရာက မတ်တပ်လေး ထရပ် ပြီးတော့ ကြည့်လိုက်တယ်။ အဲ့ဒီတော့မှ လူ သုံးလေးယောက် ပိုက်ဆံ အကြွေလေး တွေကိုင်ထားတာမြင်လိုက်တယ်။ ကြည့်နေစဉ်မှာပဲ အပေါက်ဝနားက ခရီးသည်အချို့ တစ်ယောက်က 1000 ဘိုး တစ်ယောက်က 3000 ဘိုးလဲကြတာတွေ့တယ်။ ဒါနဲ့ ကျွန်တော် လဲ အိတ်ထဲက ထောင်တန် ၂ ရွက် ထုတ်ပြီး အပြင်ကိုကမ်းပေးလိုက်တော့ ဆရာသမားတစ်ယောက်က 100 တန် တွေပြန်ပေးတယ်ခင်ဗျ။ လဲချင်တာက ကျွန်တော်တော်တော်များများလဲခဲချင်တာပါ။(ကားစပါယ်ယာတွေနဲ့ အကြွေကိစ္စပြသနာတက်လွန်းလို့) ဒါပေမဲ့ ခုမှ ဒါမျိုးကြုံဘူးတာဆိုတော့ မယုံရဲသေးဘူးလေ။ 🙂

ကျွန်တော်ပြောချင်တာက ခုလိုလုပ်ပေးတာ ကောင်းပါတယ်။ ပြည်သူတွေကို ဒီထက်ကောင်းတဲ့ အစီအစဉ်တွေနဲ့ (အခုအကြွေကိစ္စတင်မဟုတ်ဘူး ) ဆောင်ရွက်ပေးစေချင်သေးတယ်။ ပြည်သူတွေ နေ့စဉ်ကြုံတွေ့နေရတဲ့ အဆင်မပြေ မှုတွေကို အစဉ်ပြေချောမွေ့အောင် လုပ်ပေးစေချင်တယ်။

လွှတ်တော် ကိုယ်စားလှယ်တွေကလဲ ပေးထားတဲ့ကားတွေကိုပဲ စီးပြီးသွားမနေကြပါနဲ့။ လိုင်းကားစီးပြီး တစ်ခါတစ်လေ ဒိုးကြပါ။ ဒါမှ တကယ့်ပြည်သူ့အသံကိုကြားကြမှာပေါ့။ နောက်ပြီး ပြည်သူ့ အသံစစ်စစ်ကို ကြားနိုင်မယ့်နေရာတွေ ကို လှည့်ပြီး ဒိုးနိုင်ကြပါစေ

 

12 comments

  • Thel Nu Aye

    January 19, 2012 at 2:29 pm

    ဖြစ်ရပ်မှန်ပိုစ့်မှာ အကြွေလဲပေးမလို့ကြေငြာတုန်းသူကလဲပေးနေပြီ။ သူများစီးပွားပျက်အောင်။
    ဘာပဲဖြစ်ဖြစ်ရှားရှားပါးပါးကြားရတာမို့ကြေနပ်စရာပါ။ ဒီမိုကရေစီအငွေ့အသက်တွေလား။ ကြိုးနီစနစ်ပျောက်လုပြီလား။ ဘာပဲဖြစ်ဖြစ်ဝမ်းမြောက်ဝမ်းသာကြိုဆိုပါတယ်။

  • Anzartone

    January 19, 2012 at 3:20 pm

    ဟိုက် ရှားလပါး …
    ခရီးသည်တွေကို အကြွေ လဲပေးတယ် ဆိုပါလား …. ။
    နောက်နေ့ကျရင်တော့ ထောင်တန် အထပ်လိုက် ဆောင်သွားဦးမှပဲ ….
    လမ်းကြုံရင် လဲသွားရအောင် … 😀 😀

  • koyinmaung

    January 19, 2012 at 3:31 pm

    ဝမ်းသာစရာသတင်းပါလား…
    ကြိုဆိုပါတယ်……

  • (နောက်နေ့ကျရင်တော့ ထောင်တန် အထပ်လိုက် ဆောင်သွားဦးမှပဲ ….
    လမ်းကြုံရင် လဲသွားရအောင် )
    ကျနော်တို့ဒီနေရာမှာ စမှားတာဘဲလို့ထင်ပါတယ်။
    တကယ် ကိုယ်လိုအပ်သလောက်မယူဘဲ လိုလို မလိုလို ရတုန်းယူမယ်ဆိုတဲ့စိတ်နဲ့
    အရင်ဦးသူက ယူသွားတော့ နောက်လူက မရတော့ဘူးလေ။
    အဲဒီမှာ မလုံလောက်ဘူးဆိုတဲ့ပြဿနာစတာဘဲ။
    မန်းလေးမှာဒီအတိုင်းဘဲ ဓါတ်ဆီရောင်းစားတဲ့လူက ဇွတ်တိုးပြီး ယူတော့ တကယ်လိုအပ်သူလက်မရောက်တဲ့ပြဿနာစတာဘဲ။
    ကိုယ်အသုံးချဘို့လောက်ဘဲယူမယ် ပြန်ရောင်းစားဘို့ ဖြစ်ဖြစ် မလိုအပ်ဘဲသိမ်းထားဘို့ဖြစ်ဖြစ ်
    မယူဘူးဆိုတဲ့ စိတ်မျိုးမွေးဘို့လိုအပ်ပြီလို ယုံကြည်ပါတယ်။

  • bluerose

    January 19, 2012 at 4:32 pm

    တကယ်ဆိုရင်တော့ကောင်းပါတယ်
    ချိန်ချိန်ဆဆလေးလုပ်ပေးတာကပိုကောင်းပါတယ်
    ကိုပေါက်(မန္တလေး)ပြောသလိုပေါ့လိုလိုမလိုလိုရတုန်းယူမယ်ဆိုတဲ့သူတွေလည်းရှိပါတယ်
    အဲတော့လူတယောက်ကိုဘယ်လောက်နှုန်းလဲပေးတယ်ပေါ့အများဆုံး
    အဲလိုဆိုတော်တော်အဆင်ပြေမယ်
    ခုကအကြွေအသစ်တွေလိုချင်ရင်ဘဏ်မှာသွားလဲခိုင်းရင်မရဘူး
    ဘဏ်နားကကွမ်းယာဆိုင်မှာအမြတ်ပေးပြီးလဲခိုင်းရင်ရတယ်
    တကယ့်အမှန်ကိုပြောတာနော်ပို့စ်မတင်တတ်သေးလို့မရေးဖြစ်ဘူး

  • thit min

    January 19, 2012 at 4:39 pm

    ဘဝအကျိုးပေးအရ စပယ်ယာဖြစ်ရသေး၊ စာရိတ္တကလဲဆင်းရဲသေး၊
    ကိုယ်ချင်းစာစိတ်၊ရှက်စိတ်၊ဘာမှကိုမကျန်အောင် ကိုယ့်တန်ဖိုးကိုချ
    ၁၀ဝ လောက်တောင်စိတ်မချရတဲ့သူ မိသားစုက၊သူ့အပေါင်းအသင်းက
    သူ့နိုင်ငံကဘယ်လိုစိတ်ချရပါ့မလဲ။ ပြောသာပြောရတာ သူကိုယ်တိုင်လဲ
    သူများအလိမ်ခံရမှာ ကြောက်ပြီး စိတ်မချတဲ့သူမျိုးပါဘဲ။
    စိတ်ရဲ့အကြံမှန်သို့အလား ကိုယ့်ကိုပွါးပါဘဲ။

    • thit min

      January 19, 2012 at 5:04 pm

      အပေါ်ကကော်မန့်ကပို့စ်မှားသွားလို့ဗျို့။
      ————-ဒီဟာဒီပို့စ်အတွက်ကော်မန့်
      အဲဒီအဟ လေးရရင် မြန်မာပြည်တိုးတက်ဖို့ သေခြာပြီဗျ။
      တခုခု ကောင်းတာလေး၊အခွင့်အရေးလေးကို “လိုတာထက်”ပိုမယူတော့ဘူးဆိုရင်
      ခင်ဗျားတို့ပြောတဲ့ ဒီမိုကရေစီ ဆိုတာအဲဒါဘဲ။
      လုပ်ခွင့်လေးတွေရှိလာပြီးဆိုတဲ့အချိန်မှာ
      ဒီမိုကရေစီဆိုတာ ကိုယ်ကလုပ်ရတာဆိုတာ ဒီနေရာမှာ ပြ ပါတယ်။
      အားလုံးကို သာတူညီမျှစိတ်မထားဘဲ အခွင့်အရေးသမားစိတ်ရှိနေသမျှ ကာလပါတ်လုံး
      ဘယ်လို အစိုးရဘဲတက်တက် ဒီမိုကရေစီ နိုင်ငံမဖြစ်ဘူးဗျာ။
      ကိုယ်ဖန်တီးသော ကိုယ့်နိုင်ငံလို့ ပြောရမှာပါ။

  • aungnng87

    January 19, 2012 at 4:54 pm

    Ko pauk comment is fully correct.

  • kyeemite

    January 20, 2012 at 2:32 pm

    သွေးရိုးသားရိုတော့မဟုတ်ဘူးထင်တယ်..တစ်ခုခုတော့လိုနေသလိုခံစါးရတယ်..
    ပါတီတစ်ခုခုကများ မဲဆွယ်ဘို့လုပ်တာလား?
    myanmarcitizen တင်တဲ့စာထဲမလဲ ဘယ်သူတွေကလဲပေးတာလဲဆိုတာပြောမထားဘူး..
    အစိုးရတော့ မဖြစ်နိုင်ဘူး..ကြံ့ဖွတ်ဖြစ်ကောင်းဖြစ်နိုင်တယ်..
    ကော်လာကတုံး……ကော်လာကတုံး……ကော်လာကတုံး……အင်း………

    • myanmarcitizen

      January 21, 2012 at 1:27 pm

      လိုင်းကားပေါ်မှလဲယူရခြင်းဖြစ်ပါသဖြင့် ဘယ်ဌာနက ဖြစ်ကြောင်းမမေးကြည့်မိခဲ့ပါ။ နောက်တခါ ထပ်တွေ့မှသောချာမးကြည့် ပြီးပြန်ပြောပါ့မယ်။
      ကောက်ရိုးမီးတောက်ကဲ့သို့ သာမဖြစ်စေရန်မျော်လင့်မိပါသည်။

  • nayminn

    January 21, 2012 at 1:52 pm

    နောက်ကျရင် ဒီထက်ကောင်းတဲ့ အစီအစဉ်တွေလာဦးမယ်တဲ့…။

  • nature

    January 21, 2012 at 2:39 pm

    ဘာပဲဖြစ်ဖြစ် ကောင်းတာလုပ်တာကို တော့ ကောင်းတယ်လို့အမှန်အတိုင်းမြင်သင့်တယ်ထင်ပါတယ် ။တရားသဖြင့် ကောင်းတဲ့နည်းလမ်းနဲ့ မဲဆွယ် တာလည်းကိုယ်ကြိုက်ရင်ထောက်ခံသင့်ရင်ထောက်ခံရမယ်ထင်ပါတယ်။ ကိုယ့်သဘောပါ။ ဆိုးတာမြင်ရင်ဆိုးတယ်ပြောပါ။ ကောင်းတာမြင်ရင်အားပေးတတ်ဖို့လိုမယ်ထင်ပါတယ်။
    ကောင်းတာလုပ်သော်လည်း အဆိုးမြင်ဝါဒဖြင့် ပြစ်ချက်ရှာ ဝေဖန်နေရင်တော့ ခက်ပါတယ်။

Leave a Reply