အမှောင်..မပါသော…ည
( အမှောင် မပါသော ည….. )
၁ ။ ။ ရေးရင်း တန်းလန်း…အဆုံးမသတ်လိုက်ရသေးမီ…ပစ်ပယ်ထားလိုက်ရသော..စာများ..။
မပေးဖြစ်လိုက်သော ချစ်ခွန်းခြွေလွှာများ….
မရေရာသော မျျှော်လင့်ချက်များ….. စသည်ဖြင့် …
ကျွန်တော့် အိတ်ထဲမှာ ပြည့်နှက်နေပါသည်။
သို ့သော် ..ကျွန်တော် ပြောပြချင်သည်မှာ…ထိုအရာများအကြောင်း မဟုတ်ပါ။ ညများ..နှင့် လမ်းလျှောက်ခြင်းများအကြောင်းသာ..
ပြောပြချင်ပါသည်။
အရောင်တစ်လက်လက် ထ..နေသော ကြယ်များ( ပါဝင်သော်လည်း.. ) ဤည သည် ကျွန်တော်ကိုယ်တိုင် မနှစ်သက်သော ည..ဖြစ်သည်။
၂ ။ ။ သို ့သော်…ကျွန်တော်သည် ည ထဲမှ မထွက်ခွါချင်သေးပါ။
ညသည်…အဆင်တန်ဆာတစ်ခု မဟုတ်ဘူးဆိုသော်လည်း… ကျွန်တော် ဆင်မြန်းချင်သော…ဝတ်ရုံတစ်စ ဖြစ်သည်။
ညသည်….လူငယ်တစ်ယောက်၏ အိပ်မက်များကို ခင်းကျင်းပြ သ ခွင့်ရအောင်… စွမ်းဆောင်ပေးမည့်..
တောင်ယာတစ်ကွက်ဖြစ်သည်။
ညသည်…အသံကုန် အော်ဟစ်၍ ( ရယ်မောသည်ဖြစ်စေ..၊ ငိုကြွေးသည်ဖြစ်စေ…) ပေါက်ကွဲ ပစ်လိုက်ဖို ့
အသင့်တော်ဆုံးသော အချိန်ကာလ တစ်ခု ဖြစ်ပါသည်။
၃ ။ ။ ည မျိုးစုံ ရှိသည့်အနက် လ…မပါသောည ကို ကျွန်တော်..ပို ချစ်ပါသည်။
လ…ပါဝင်နေသော ညများသည်…အထီးကျန်ည..ဖြစ်သည်။
တစ်ခုတည်းသော လ..နှင့် တစ်ယောက်တည်းသော ကျွန်တော်…အထီးကျန် ပိုဆန်တာ ဘယ်သူလဲ..?
ကျွန်တော် မပြိဲုင်ဆိုင်ချင်တော့ပါ။ ထို ့ကြောင့် လ မပါသော ညများသည်..ကျွန်တော့်အတွက်ပို၍ အဆင်ပြေပါသည်။
ည၏ အမှောင်သည်..ကျွန်တော့်ကို ပျေက်ဆုံးလုလ ဝါးမျိုထားသောအခါ
ကျွန်တော့်ကို ကျွန်တော်…
ပြန်ရှာတွေ ့ဖို ့…. အတော် ကြိုးစားရပါသည်။
တစ်ခါတရံ….ထိုင်လျက်သားတွေ ့ရတတ်သော်လည်း..တစ်ခါတရံမှာတော့…
အမှောင်စူးစူး အောက်မှာ…လဲကျ…ခွေခေါက်လျက်…ရှိနေခဲ့ရသည်။ အဲဒါ မကောင်းပါ။
တကယ်တော့…ကျွန်တော်…. လမ်းလျှောက်နေချင်ပါသည်။ လမ်းနှင့် ခြေထောက် ထိတွေ ့ခွင့်ရနေသ၍
လမ်းလျှောက်နေချင်ပါသည်။
သို ့သော် ဟိုတစ်နေ ့က ကျွန်တော်….လမ်းပျောက်သွားသည်။
လမ်းနှင့်အတူ…ညတစ်ည ပါ..ရောယောင်လျက် ပျောက်ကွယ်သွားပါသည်။
နောက်တစ်နေ ့ည မှာတော့…..လမ်းလျှောက်ဖို ့….ဖိနပ် လိုက်ရှာနေရပြန်သည်။
အမှောင်ကိုလည်း..ဖိနပ်နှင့်အတူ တကူးတက..လိုက်ရှာလိုက်ခဲ့ရသေးသည်။
ဒီနေ ့ညတော့…..
ကျွန်တော်..လမ်းလျှောက်ဖြစ်လိမ် ့မည်..ဟု ကျကျနန မျှော်လင့်ခဲ့သည်။
သို ့သော်……………………………………………
၄ ။ ။ ဤ ည……..လမ်းမပျောက်ပါ ။ ည လည်း မပျောက်..ပါ။
ဖိနပ်နှင့် အမှောင်များလည်း…ရှိနေသည်။
ကြယ်ကလေးများကလည်း…. ကျွန်တော် လမ်းလျှောက်မည့် ကိစ္စ ကို စ်ိတဝင်စားစွာ…စောင့်မျှော်နေပြီ…။
လမ်း..စလျှောက်ဖို ့….ပြင်ဆင်လိုက်သောအခါ………………
ကျွန်တော်……………………
အလွန်ပင်….ထိတ်လန် ့ အံ့ဩသွားရပါသည်။
၅ ။ ။ ကျွန်တော့်မှာ…..
ခြေထောက်များ မရှိတော့ပါ။
ပျောက်ဆုံးသွားသော..ခြေထောက်များကို…လိုက်ရှာဖို ့…
အင်း……လိုက်… .. ရှာ…ဖို ့……
ခြေထောက်များ…..ခြေထောက်များ….မ ….. ရှိ …. တော့ …. ပါ …။
ဤအဖြစ်သည်…မရေရာခြင်းများနှင့် နေသားကျခဲ့သော…
ကျွန်တော် ့လို တလွဲကောင်…အတွက်တော့….လုံးဝ မထင်မှတ်သော….ဖြစ်ရပ်တစ်ခု…ဖြစ်ပါသည်။
___________________________________________________________________________________
အလင်းဆက်
21 .1 .2012 .
alinsett.art@gmail.com
___________________________________________________________________
7 comments
alinsett
January 19, 2012 at 8:45 pm
alinsett.art@gmail.com
thit min
January 19, 2012 at 8:52 pm
…………နောက်ထပ်သတိထား လိုက်မိသည်ကတော့ အသဲနှလုံးတစုံ၏ရင်ခုန်သံကို မကြားရတော့ခြင်းပါဘဲ။
နားတို့၏အကြားအာရုံမရှိတော့ဟု ထင်မိ၍ အောက်ကိုငုံ့ကြည့်လိုက်တော့ ဗလာဟင်းလင်ရင်ကိုတွေ့ရသည်။……..
…………လက်နဲ့စမ်းကြည့်ဖို့ကြိုးစားတော့မှ လက်နှစ်ဖက်ပါမရှိတော့မှန်း…အလန့်ကြားထပ်ဖြစ်ရသည်။
ကြားခြင်း မြင်ခြင်း အသိတရား သုံးမျိုးနှင့်သာ “ည” ကခံစားခွင့်ပြုလိုက်တာလား။………..
….ခြေ လက် နှလုံးသားကို သိမ်းပိုက်လိုက်သော ည ကို လွန်စွာချစ်ခင်သွားမိကြောင်း ပြောပြရအုန်းမည်။
ည ထံမှ အသံတခုကြားရလေ သည်။ ငါ မင်းဆီ လာနေပြီတဲ့။…
ကြိုဆိုပါတယ် …………
ကြိုဆိုပါတယ် ……………….
ဆွတ်ပြန့်လှိုက်မောသော………..ချစ်ခြင်းတို့နှင့် ကြိုဆိုပါတယ်
…………”အဆွေည” ရေ။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ကိုအလင်းဆက်ရေ
ခင်ဗျားခင်းတဲ့ လမ်းပေါ် ကျနော် တက်လျှောက်မိပါတယ်။
ခင်ဗျားစိုက်တဲ့ပန်း ကျနော် တချက်လှမ်းမိတာပါ။
ခင်ဗျားပြောတဲ့ပုံပြင် ကျနော် နားဝင်သွားတာဗျ။
ခင်ဗျားခင်းလိုက်တဲ့ အိပ်ယာပေါ်ကျနော် အိပ်ပျော်သွားတယ်ဗျာ။
ကျနော် မှားခဲ့တယ်လို့ဆိုရင်တောင်
ခင်ဗျားခေါ်ရာ ကျနော် လိုက်ခဲ့မိတာပါလို့။
လေးစားခင်မင်လျှက်
မောင်သစ်မင်း
—————————–
သိပ်ကောင်းတာဘဲ ဆိုတဲ့ စကား ကို ကျနော် ပြောဖို့များ လိုသေးလား???????
windtalker
January 19, 2012 at 9:09 pm
အမှောင် မပါည
ကြောင်လာက
စောင်အသာမ
မောင်မလာည ။
…..အားပေးသွားတယ်နော…..
ကိုးဆယ့်ကိုးစားစွာဖြင့်
အဂ္ဂမဟာသရေစည်သူ၊ အဂ္ဂမဟာသီရိသုဓမ္မ၊ သီရိပျံချီ KING
January 19, 2012 at 9:29 pm
မောင်မလာည
တစ်ရံခါမှထ
အဖန်ဖန်သာချ …..
မောင်မရှိ
မှောင်အတိ
ကြောင်ကလိတဲ့ည … 😛
——————————————–
ကိုထက်ဝေး အားပေးသွားတယ်ဗျ …
ကျွန်တော့်ကို ကျွန်တော်…
ပြန်ရှာတွေ ့ဖို ့…. အတော် ကြိုးစားရပါသည်။
ကျွန်တော်လည်း စစ်မှန်တဲ့ ကျွန်တော့်ကို ကျွန်တော် ပြန်ရှာဖွေနေမိတယ်
တစ်နေ့တော့ တွေ့မှာပဲ ဆိုတဲ့ မျှော်လင့်ချက်နဲ့ပေါ့
တွေ့ခဲ့ရင် ရွာထဲက ကျွန်တော်ထွက်ခွာတဲ့ အချိန်မှာ မတွေ့ပါစေနဲ့လို
ဆုတောင်းနေရင်းနဲ့သာ ………………………
အဂ္ဂမဟာသရေစည်သူ၊ အဂ္ဂမဟာသီရိသုဓမ္မ၊ သီရိပျံချီ KING
January 19, 2012 at 9:33 pm
မှားလို့ တောင်းပန်ပါတယ်
ကို အလင်းစက်ရေ ….
ရေးရင်းနဲ့ နာမည်မှားသွားတာ ခွင့်လွှတ်ပါဗျ …
ဟိုဘက် တတ် တစ်ခုမှာ ကိုထက်ဝေးဟာ ဖတ်နေရင်းနဲ့ ရေးလိုက်တော့
အနူးအညွတ်တောင်းပန်ပါ၏ ……
ခင်တဲ့
KING
mandalarthu
January 19, 2012 at 10:17 pm
အလင်းဆက်ေ၇
ထိမိတဲ ့စကားလုံးတွေနဲ ့ခံစားချက်ကို သရုပ်ဖော်သွားတာဘဲ
စာဖတ်သူကို အဆုံးထိဆွဲခေါ်သွားနိုင်တဲ ့ဖော်ကျူးမှုလေးတခုပါဘဲ။
လက်ရာကောင်းလေးမို ့နှစ်ခြိုက်မိပါတယ်။
ဂျူးကဗျာကိုတော ့ခံစားလို ့မရဘူး ….အစကတည်းကသူ ့ကိုသိပ်မကြိုက်လို ့ပါ။
အမြဲ အားပေးနေမယ်နော်။
alinsett
January 20, 2012 at 6:04 pm
ဆရာသစ်မင်းရေးသွားာတာလေးကို ကျွန်တော် အရမ်း ကြိုက်ပါတယ် ။
ကျွန်တော့် စာမူလေးကို..ကျွန်တော်က အဆုံးမသတ်ခဲ့ပါဘူး။ အဆုံးမသတ်ခြင်းဟာလည်း..မော်ဒန်အနုပညာနည်းတစ်ခ ုအနေနဲ ့.. ကျွန်တော်..ချစ်မိနေလို ့ပါ။
ကျွန်တော့် စာမူကို ဆက်လက် ခံစားပြိး.ရေးဖွ ဲ့..သည်ဖြစ်စေ..တွေးယူသည်ဖြစ်စေ… ကျွန်တော် ((စာရေးသူ)
နဲ့အတူ..စာဖတ်သူတွေကပါ..တွဲဖက်ပါဝင်လာနိုင်အောင်..ဆိုတဲ့ သီအိုရီတစ်ခု အဖြစ်…အဆုံးမသတ်ခဲ့တာပါ။
အခု ဆရာသစ်..က ကျွန်တော့်စာမူလေးကို ထပ်ဖြည့်တွေးယူ ( ရေးယူ )ပေးထားလို ့..ကျေးဇူးလည်းတင်..။ ဝမ်းလည်းသာရပါတယ် ။
ပြိးတော့ ဆရာသစ်မင်းရေးသွားတဲ့စကားလုံးတွေက သိပ်ကောင်းပါတယ် ။ အပိုအလို မရှိသလောက်ပါပဲ။
ကျွန်တော့်စာမူက ဆရာသစ်…စကားလုံးတွေကြောင့် ပိုပြီး..အသက်ဝင်သွားတယ်..လို ့ပြောပါရစေ..။
______________________________
ကိုပေ..ရေ…ကျေးဇူးပါပဲ..ဗျ။
_____________________
mandalarthu .ရေ.. ကျွန်တော့်စာမူတွေကို အမြဲ..အားပေး နေလို ့ ကျေးဇူးပါပဲ..။
ကျွန်တော်..ဒီ စာမူလေးကို ကျွန်တော့် ဘဝမှာ အဆိုးဆုံးလို ့ ထင်ရတဲ့ကိစ္စတွေ..ဖြစ်နေတဲ ့…အခု ရက်တွေမှာပဲ..ရေးတာပါ။
ကျွန်တော့်ရဲ့ ကံကြမ္မာ ဆိုးဝါးမှုတွေ..ကို ခံစားချက်ပြင်းပြင်းနဲ ့ ချရေးမိတာပါ ။
စာမူ ထဲက ကျွန်တော်..ဟာ လမ်းလျှော်ကဖို ့…လမ်းပျောက်ရုံမက…၊ ဖိနပ်ပျောက်ရုံမက..၊
ည..ဟာ ညမပီသတော့တဲ့အထိ အမှောင်တွေ..ပျောက်နေရုံမက… လမ်းလျှောက်ဖို ့ ခြေထောက်တွေ..ပါ
ပျောက်နေရတယ်..။
ကျွန်တော်…အခု ခြေထောက်တွေ..ပျောက်သွားရသလို …ရောက်တဲ့နေရာမှာပဲ..ရပ်တန် ့နေရပါတယ် ။ နာကျင်နေရပါတယ် ။
အနုပညာ တစ်ခုကို ဖွဲ ့ဆိုခြင်းအားဖြင့် ကျွန်တော့်နာကျင်မှုတွေ…သက်သာသွားတတ်ပါတယ် ။
ဒါကြောင့် ဒီ ပို ့စ်လေးကို ရေးမိပါတယ် ။
__________________________________
ကျွန်တော့် အနုပညာကို အသိအမှတ်ပြု..ပေးလို ့ကျေးဇူးတင်ပါတယ် ။
ခင်မင်လေးစားစွာ…
alinsett.art@gmail.com