Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

အမှတ်တရ ပုဂံပြည် အပိုင်း – ၄

we R oneJanuary 25, 20122min2624

ဓမ္မရံ ကြီး…

ညနေ ၄ နာရီ ကားပေါ်ကို အရောက် ပြန်ခေါ်ထားပေမဲ့  တစ်နာရီခွဲ အချိန်အတွင်း မောမောနဲ အိပ်ပျော်သူ က အိပ်ပျော်နဲ မို့ ၄ နာရီကျော်မှာ ကားစထွက်ဖြစ်ပါတယ်..။ ရာသီဥတု က နေမထွက်ပဲ အေးစိမ့်နေတာမို့ အနွေးထည် ကိုယ်စီနဲ ဖလန်းလန်း ထ ရင်း ဘောစီ တို့ တည်းခိုး ရာ ဟိုတယ်ကို သွားခေါ်ပြီး ပုဂံမှ ထုထည် အကြီးမားဆုံးဖြစ်တဲ့ ဓမ္မရံ ကြီး. ဘုရားဆီသို့ ခရီဆက်ခဲ့ကြပါတယ်..။

ဓမ္မရံ ကြီး.ဘုရားကို အလောင်းစည်သူမင်းရဲ့ သားတော် အငယ် ဖြစ်တဲ့ ပုဂံသမိုင်းမှာ ဒေါသကြီးသော အဖသတ်မင်း အဖြစ်နာမည် ဆိုးနဲ ကျော်ကြားတဲ့ နရသူမင်း ခေါ် ကုလာကျ မင်းက တည်ထားခဲ့တာ ဖြစ်ပါတယ်.. ။ နရသူမင်းဟာ ခမည်းတော် အလောင်းစည်သူ မင်းကို ရွှေဂူကြီး ဘုရား အတွင်းသို့ ခေါ်သွင်းကာ ခေါင်းအုံးနဲ ဖိသတ်ခဲ့ပါတယ်..။ဒါ့ အပြင့် ဖခင်ပြီးရင် ထီးနန်းတက်မယ် အစ်ကို ဖြစ်သူ မင်းရှင်စော ကို ဘိသိတ်သွန်းမင်္ဂလာ တင်မြှေက့်ပြီး ည မှာပဲ အဆိပ်ခတ်လုပ်ကြံသတ်ဖြတ်ပြီး ပုဂံထီးနန်းကို သိမ်းပိုက်ခဲ့ပါတယ်.။

နရသူမင်းဟာ ဖခင်နဲ အစ်ကို ဖြစ်သူ ကို သတ်မိတဲ့ အတွက် နောင်တရပြီ. ဖခင်နဲ အစ်ကို အတွက် ရည်စူးပြီး ဓမ္မရံ ကြီး ဘုရားကို တည်ထားခဲ့တာ ဖြစ်ပါတယ်.။ ဓမ္မရံ ကြီး ကို ၃ နှစ်အတွင် အပြီးတည်ဆောက်ရန်ရည်ရွယ်ထားခဲ့ ပြီး အုတ်တစ်ချပ်နဲ တစ်ချပ်ကြား ကို အပ်ထိုးလို့ မပေါက်အောင် တည်ထားခဲ့ပါတယ်.။ တည်ထားနေစဉ်အတွင်း အုတ်တစ်ချပ်နဲ တစ်ချပ်ကြား အပ်ထိုးလို့ ပေါက်ခဲ့မယ် ဆိုရင် ပထမဆုံး သတိပေးတဲ့အနေနဲ ပန်ရံဆရာ ကို လက်ချောင်းတွေ ကို ဖြတ်ပြီး အဝါကတ်ပြ ပါတယ်.. ။ နောက်တစ်ကြိမ် အပ်ထိုးလို့ ရခဲ့မယ် ဆိုရင်တော့ အဲဒီပန်ရံဆရာ ကို နှစ်ဝါတစ်နီနဲ သတ်ပစ်ပါတယ်..။ ရက်စက်ချက်..

နရသူမင်းဟာ ၃ နှစ်နဲ အပြီးတည်ဆောက်ရန် ရည်ရွယ်ထားပေမဲ့ ကုလားတွေရဲ့ လုပ်ကြံသတ်ဖြတ်ခြင်းကို ခံရပြီး ဘုရားတည်ဆောက်မပြီးခင် တစ်နှစ် အလိုမှာ နတ်ရွာစံသွားလို့ ဘုရားတည်ဆောက်ကြတဲ့ အလုပ်သမား ပန်ရံဆရာတွေ ကို ဘုရားကို ဆက်လက် မတည်ဆောက်တော့ပဲ နဲ ဒီအတိုင်း ပစ်ထားခဲ့လို့ ဓမ္မရံ ကြီး ဘုရားဟာ အီဂျစ်က ပိရမစ် ပုံစံနဲ တူနေပါတယ် လို့  Guide က ပြောပါတယ်.။ဓမ္မရံ ကြီး ဘုရားကို အာနန္ဒာဘုရား ပုံစံ ပန္နက် တည်ဆောက်ပုံအတိုင်းယူခဲ့တယ်လို့ သိရပါတယ်..။ ဒါပေမဲ့ အာနန္ဒာဘုရား အောက်ခြေလို နက်နက်တူးထားမဟုတ်ပဲ ၄ ပေကျော်ကျော်သာ ရှိတယ်လို့ သိရပါတယ်.။  ဉာဏ်တော် အမြင့် ပေ ၁ဝဝ ကျော်မြင့်ပြီး ထုထည်ကြီးမားတဲ့ ဓမ္မရံ ကြီးဘုရား အဆောက်အအုံမျိုးလို ဒီနေ့ ကမာ္ဘပေါ်မှာ ရှိရဲလား ဆိုတာတော့ မပြောတတ်ပါ.။ သံမပါပဲ အုတ်များနှင့်သာ စီးထားခဲ့တာ ၊ အုတ်တစ်ချပ်နဲ တစ်ချပ်ကြား အပ်ထိုးလို့အရအောင် တည်ဆောက်ခဲ့တဲ့ ရှေ့ မြန်မာ ဗိသုကာ လက်ရာက တော့ တကယ့်ကို အံဩစရာပါပဲ.။ ဖောင်ဒေရှင်း ၄ ပေကျော်သာရှိပေမဲ့ ငလျှင်ဒဏ် အကြီးအကျယ်ခံရတာတောင် ပြိုကျပျက်စီးခြင်းမရှိဘူး လို့ သိရပါတယ်.။

ပြီးခဲ့တဲ့ တစ်ပတ်က  ကြားလိုက်ရတဲ့ အောက်ကြည့်မြင်တိုင်လမ်းက ၈ ထပ်တိုက် အဆေက်အဦး ဆောက်တာ ၄ နှစ်ကျော်ပဲ ရှိသေးတယ် မြေကျွံပြီးပြိုကျလို့ နေထိုင်တဲ့ လူတွေ ကို ညတွင်းချင်းဘေးလွတ်ရာကို ရွှေ့ပြောင်းပေးလိုက်ရတာ ဖတ်လိုက်ရတယ်.။ လွန်းခဲ့တဲ့ နှစ်ပေါင်း ၉ဝဝ လောက်က အောက်ခြေ ၄ ပေကျော်သာ ရှိတဲ့ အဆောက်အဦး တစ်ခုနဲ လွန်ခဲ့တဲ့ ၄ နှစ်ကျော်က မှ တည်ဆောက်ခဲ့တဲ့  အဆောက်အဦးရဲ့ အရည်အသွေးက ကွာပါ့..။  😀 အခြား အဆောက်အဦးမပြောနဲ အင်ဂျင်နီယာတွေ သင်တဲ့  GTC ကျောင်းတောင်ပြိုကျပါတယ်ဆိုမှ…:P

တစ်ခု စဉ်စားမိတာ က ဒီလောက်ကောင်းမွန်တဲ့ ရှေ့မြန်မာ များရဲ့ ဗိသုကာ လက်ရာတွေ က ဘယ်ရောက်ကုန် ပြီးဆိုတာပဲ.. လက်ဆင့်ပဲ မကမ်းခဲ့လို့ လား မသိဘူး ။  ရှေ့မြန်မာ များရဲ့ ဗိသုကာ အတတ်ပညာ တွေ တိမ်ကော ပျောက်ကွယ်ကုန်တာ တော့ တကယ် နှမျောစရာပါ. ဒီနေ့ခေတ်မှာ နည်းပညာတွေ အမျိုးမျိုး တိုးတက်ပြောင်လဲလာပေမဲ့  ရှေ့မြန်မာ များရဲ့ ဗိသုကာလက်ရာတွေကိုတော့ မမှီသေးဘူးလို့တင်တယ်…။

ဘုရားလည်းဖူး လိပ်ဥလည်း တူးခဲ့ ကြပြီမို့ စူဠမဏီစေတီ တော်သို့ ခရီးဆက်ခဲ့ကြလေတော့သည်.။

ထုထည် အကြီးမားဆုံးဖြစ်တဲ့ ဓမ္မရံ ကြီး. ဘုရား
ထုထည် အကြီးမားဆုံးဖြစ်တဲ့ ဓမ္မရံ ကြီး. ဘုရား
ထုထည် အကြီးမားဆုံးဖြစ်တဲ့ ဓမ္မရံ ကြီး. ဘုရား
ထုထည် အကြီးမားဆုံးဖြစ်တဲ့ ဓမ္မရံ ကြီး. ဘုရား
ဘုရားရှေ့မှာရောင်းနေတဲ့ ဆင်းထုတော်တွေ..
ဘုရားရှေ့မှာရောင်းနေတဲ့ ဆင်းထုတော်တွေ..
ဆင်းထုတော်
ဆင်းထုတော်
အဝေးက လှမ်းမြင်ရတဲ့ ဓမ္မရံ ကြီးဘုရား
အဝေးက လှမ်းမြင်ရတဲ့ ဓမ္မရံ ကြီးဘုရား
အဝေးက လှမ်းမြင်ရတဲ့ ဓမ္မရံ ကြီးဘုရား
အဝေးက လှမ်းမြင်ရတဲ့ ဓမ္မရံ ကြီးဘုရား

 

ဆက်ပါအုံးမည်….

we R one

 

4 comments

  • windtalker

    January 25, 2012 at 12:24 pm

    အမှတ်တရ ပုဂံပြည်မှာ ပိုပြီးအမှတ်ရစရာ ရင်ခုန်စရာလေးတွေကော ထဲ့မရေးဘူးလား ဟင်..။ ဟီဟိ
    x စတာနော x

    • ကြောင်ကြီး

      January 25, 2012 at 12:52 pm

      ဘဒူရဲကွ၊ နာတို့အကြောင်း ရေးခိုင်းတာ။ ပရိုက်ဗိတ်ဆီလေကွာ…။ ဘယ်လိုကောင်လဲ သိဘူး၊ ဒင်းတို့ရှိလို့ နာတို့မှာ ထီးကွယ်ရ မိုးကာခြုံရနဲ့ လွတ်လွတ်လပ်လပ်ကို ရှိဘူး…

  • three colors

    January 25, 2012 at 3:28 pm

    ပုဂံပြည်ကြီး ဘယ်သူဖျက်ဆီးလဲ၊
    ပျက်စီးခဲ့ရ၊ တို့ရဲ့ပထမ မြန်မာနိုင်ငံတော်။

  • စုံ စုံ

    January 25, 2012 at 4:18 pm

    we R one ရေ အခုမှဘဲ အပိုင်း ၁ ကနေ ၄ အထိဆက်တိုက်ဖတ်လိုက်ရတယ်
    စာတွေကောပုံတွေကော အပြည့်အစုံဘဲဆိုတော့
    ပြည့်ပြည့်ဝဝကြီးဘဲအားပေးသွားပါတယ်နော်

Leave a Reply