Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

သံမဓဦးကြောင်ကြီးနှင့် မလေးဂွေယှက် interview

သံမဓဦးကြောင်ကြီးမှ မီဒီယာအား ဖြေကြားစဉ်

မြန်မာနိုင်ငံသံမဓ ဦးကြောင်ကြီးအား အမေရိကန်အခြေစိုက် မလေးဂွေယှက်မဂ္ဂဇင်း အယ်ဒီတာချုပ် ဂျော်လကီယာခိုင်မှ ယနေ့နံနက် ကိုးနာရီအချိန်က နေပြည်တော်ရှိ သံမဓအိမ်တော် ဧည့်ခန်းမဆောင်တွင် လာရောက်တွေ့ဆုံသည်။ လိပ်ခေါင်းနှင့်အတူ လေးဖက်နာ၊ ကျီးပေါင်းတက်၊ သွေးတိုး၊ ဆီးချိုရောဂါများလည်း ပါရှိသည်။ တွေ့ဆုံမေးမြန်းချက် အပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်သည်။ (မှတ်ချက်။ မေးမြန်းသူခိုင်မှာ ဂေး ဖြစ်သောကြောင့် မေးမြန်းသည့် အသုံးအနှုန်းအပေါ် နားလည်မှု ပေးကြပါ။)

ခိုင် – ပြုပြင်ပြောင်းလဲရေး ဖြစ်ပေါ်ဖို့ အမာခံတွန်းအားက ဘာပါလဲရှင့်…
ကြောင် – ဝါယောဓာတ်ဖောက်ပြန်မှု ဖြစ်ပါတယ်။။
ခိုင် – တိုင်းပြည် အနာဂတ်ကို ခန့်မှန်းပေးပါရှင့်…
ကြောင် – ဓာတ်ကြီးလေးပါး ဆက်လက်ဖောက်ပြန်မှာ ဖြစ်တယ်။။
ခိုင် – ဥပမာ ပေးစေလိုပါတယ် သံမဓဂျီး…
ကြောင် – ဘူ…အဲဒါ ဝါယောဓာတ်ဖောက်ပြန်မှုပဲ။။
ခိုင် – ရှေ့မှာဘာလုပ်ဖို့ရှိပါသလဲရှင့်…
ကြောင် – မနက်ဖြန် လခထုတ်မယ်၊ သဘက်ခါ ရာရှင်ရပါမယ်။ ဖိန်းနွှဲခါ ကော်မရှင်ရမယ်……
ခိုင် – အဲဒါ မေးတာမဟုတ်ဘူး။ တိုင်းပြည်အတွက် ရှေ့ဘာဆက်လုပ်မလဲ မေးတာပါ။
ကြောင် – ငါးထောင်တန်ဖုံးများ ချပေးမှာဖြစ်ပြီး ကားဈေး သက်သာအောင် လုပ်ပေးပါမယ်။ ရေမြောင်းများ တူးဖော်ဖို့ စည်ပင်သာယာကို ညွှန်ကြားထားပြီး အမှိုက်များ စနစ်တကျ ပစ်စေရန် ပညာပေး….
ခိုင် – ကျမမေးနေတာ မူဝါဒပိုင်းဆိုင်ရာ ကိစ္စများဖြစ်ပါတယ်ချင့်…
ကြောင် – ဒီအတွက်ကတော့ တလသုံးသိန်း ပေးခန့်ထားတဲ့ လွှတ်တော်ကိုယ်စားလှယ်များ ရှိပါတယ်။ သူတို့ ဦးပတေး ပြုပြီးမှ ဆက်လုပ်နိုင်မယ်။ လက်နက်ကိုင် ဆူပူမှုများ အရေးကိုလည်း တတ်နိုင်သမျှ အမြောက်ခွင်းပြီး ဖြေရှင်းဖို့ ဆုံးဖြတ်ထားပါတယ်။။
ခိုင် – မရှင်းလို့မေးပါရစေ.. အမြောက်ခွင်း အဖြေရှာမယ်ဆိုတာ ဘာကိုဆိုလိုပါသလဲ…
ကြောင် – လက်နက်ကိုင် သူပုန်များကို ချိုသာစွာ မြောက်ပင့်စည်းရုံးသွားမယ်လို့ အဓိပ္ပါယ်ရပါတယ်။။
ခိုင် – လက်နက်ကိုင်အဖွဲ့ ဘယ်နှစ်ဖွဲ့ ရှိပါသလဲရှင့်…
ကြောင် – လက်နက်ကိုင်ထားတာ ၁၁ဖွဲ့၊ လက်နက် မကိုင့်တကိုင်က ၂၂ဖွဲ့၊ လက်နက်ဖွက်ထားတာ ၃၃ဖွဲ့၊ လက်နက်ပြန် ကိုင်တော့မှာ ၄၄ဖွဲ့၊ လက်နက်ကိုင်ဖို့ စိုင်းပြင်းနေတာ ၅၅ဖွဲ့….
ခိုင် – မများလွန်းဘူးလားရှင်….
ကြောင် – မများပါဘူး၊ ၁ဝရာခိုင်နှုန်း ပုံမှန်ကော်မရှင် ပုံမှန်အတိုင်း ဖြစ်ပါတယ်။။
ခိုင် – ရှင်….
ကြောင် – အဟီး…နိုင်ငံခြားက စက်ရုံလာဖွင့်မယ့်သူနဲ့ ပြောမဲ့စကား ရောသွားလို့…. လက်နက်ကိုင်အရေး ဖြေရှင်းဖို့ လုပ်နေပါတယ်။ နှစ်ဖက် ညှိနှိုင်းပြီး ဦးပတေးအောက် အားလုံးပြားပြားဝပ် နေကြဖို့ ဖြစ်ပါတယ်။။
ခိုင် – ဦးပတေးဆိုတာ ဘယ်သူပါလဲရှင့်….
ကြောင် – ဦးပတေး ကျနော့်ကုလားနာမည်….မှားလို့…မဟုတ်ပါဘူး၊ ဥပဒေ ဖြစ်ပါတယ်။။
ခိုင် – ဒေါ်အောင်ဆန်းစုကြည် အမတ်ဖြစ်လာရင် ကက်ဘိနက် (cabinet) မှာ ထည့်သွင်းသွားမှာပါလား..
ကြောင် – ခင်ဗျားတို့ အနောက်နိုင်ငံတွေ ခက်တယ်ဗျာ။ ဒေါ်စုကို ကက်ဘိနက်ထဲ ထည့်ထားတုန်းကလည်း အော်ချက်လုပ်တာ ခင်ဗျားတို့၊ အခု လွှတ်ပေးပြန်တော့လည်း ပြန်ထည့်အုံးမလား မေးနေပြန်ပြီ။။
ခိုင် – ကျမမေးတာ ဘာအမှား ပါသွားလို့လဲရှင်….
ကြောင် – မသိချင်ယောင် ဆောင်ပြန်ပြီ။ ကျုပ် စစ်တက္ကသိုလ်ကျောင်းဆင်း ဘွဲ့ရဗျ၊ အင်္ဂလိပ်စာနဲ့ မစိမ်းဘူး၊ မနက်တိုင်း ဝေါ့ဒစ္စနေကာတွန်းကား ကြည့်တယ်။ cabinet ဆိုတာ ဘီရို၊ စာအုပ်စင် မဟုတ်လား။ သူ့ကို စာအုပ်စင်ထက် အများကြီးကျယ်တဲ့ အိမ်အကျယ်ချုပ်ထားခဲ့တာ။။
ခိုင် – ရှင်းအောင် မမေးမိတာ ကျမ အမှားပါရှင်။ ပြန်မေးပါရစေ..ဒေါ်စု အရွေးခံရရင် အစိုးရဝန်ကြီးအဖွဲ့မှာ နေရာပေးဖို့ စဉ်းစားထားပါသလား….
ကြောင် – ဒါလေးများ ပြောပြောက မစောဘူး၊ လွှတ်တော် အပေါ်မူတည်ပါတယ်။ ကျနော်ကတော့ ဖြစ်နိုင်ရင် အသစ်ဖွဲ့မယ့် အာကာသလေ့လာ စူးစမ်းရေးဌာနဝန်ကြီး နေရာပေးချင်ပါတယ်။။
ခိုင် – ဒေါ်စုကို ကက်ဘိနက် ဝန်ကြီးအဖြစ် မြင်တွေ့လိုပါသလား….
ကြောင် – အာကာသလေ့လာရေး ဝန်ကြီးအဖြစ်ဆို ဝမ်းမြောက်ဝမ်းသာ လက်ခံပါတယ်။။
ခိုင် – ယူအက်စ် မြန်မာ ဆက်ဆံရေး ဘယ်လိုမြင်ပါသလဲ။။
ကြောင် – ယူအက်စ်က မြန်မာနိုင်ငံကို စီးပွားရေးပိတ်ထားတာ အနှစ်၂ဝကျော်ပါပြီ။ ကျနော်တို့ နစ်နာတာထက် သူတို့နိုင်ငံဈေးကွက် တရုတ်ပစ္စည်းတွေ အလွှမ်းမိုးခံနေရပါတယ်။ သူတို့ကိုယ်တိုင်းပြည် ကိုယ်သနားတတ်ရင် ကျနော်တို့အပေါ် ပိတ်ဆို့ထားတာ ရုပ်သိမ်းပေးရပါမယ်။ သနားလို့ ပြောပြတာပါ။။
ခိုင် – ယူအက်စ်အစိုးရက သံအမတ်အဆင့် ပြန်လည်ခန့်အပ်ပေးသွားမယ် ပြောထားပါတယ်…
ကြောင် – ကျနော့် အရပ်သာ တလက်မပိုမြင့်သွားတယ်၊ အခုထိတော့ မခန့်သေးပါဘူး။။
ခိုင် – ဘာလို့များပါလဲရှင့်။။
ကြောင် – ဆရာဝန်က လည်ပင်းရိုး ပိုရှည်ထွက်လာတယ် ပြောလို့ပါ။။
ခိုင် – သံမဓဂျီး လူကြုံနဲ့ ဆေးမှာချင်လို့ပါလား၊ ကျမကူညီနိုင်ပါတယ်။ ဆေးဖိုးအပြင် သယ်ခ တပေါင်၆ဒေါ်လာ ကျသင့်ပါမယ်။ နေပြည်တော် လေဆိပ်အဝင် လုံခြုံရေးနဲ့ ညှိဖို့ကို သံမဒဂျီးဆီက အကူအညီ တောင်းပါရစေ….
ကြောင် – ကောင်းပါတယ်။ တလက်စထဲ အိုင်ဖုံး4GSနဲ့ အိုင်ပက်ဒ်II တလုံးပါ ဝါရှင်တန်က ကျနော့်တပည့် သံအမတ်ကြီး ထည့်ပေးလိုက်ပါလိမ့်မယ်။။
ခိုင် – ရပါတယ်ရှင့်။ အိုင်ဖုံးသယ်ခ ဒေါ်လာ၃၀၊ အိုင်ပက်သယ်ခ ဒေါ်လာ၁၀ဝ ဖြစ်ပါတယ်။ အားလုံးငွေသားနဲ့ ကြိုတင်ရှင်းပေးရပါမယ်ရှင့်။ ခရက်ဒက်ကတ် လက်မခံပါ….
ကြောင် – အခုလက်ငင်းပေးလိုက်ပါ့မယ်။ (နောက်သို့လှည့်၍ ဗိုလ်မူးအောင်ဘုရေ..သတင်းထောက်ဂွေးကြီးကို ကျသင့်ငွေ ပေးလိုက်ပါကွာ၊ ဒေါ်လာတရာတန် မပေးမိစေနဲ့နော်.. အတန်သေးတွေပေး။ ပေးတဲ့အခါလည်း အစုတ်အနွမ်း၊ မှင်စွန်း နေတာတွေ ရွေးပေး၊ ကြားလား)။။
ခိုင် – ဂေး ဖြစ်ပါတယ်ရှင့်…
ကြောင် – ဆောရီး…စကားမပီသွားလို့…အဲဒီဟာကြီးကိုပဲ ပြောတာပါ။။ အနောက်နိုင်ငံများရဲ့ တောင်းဆိုချက် များကို ဖြည့်ဆည်းပေးပြီးလို့ သူတို့ဖက်က လုပ်ပြဖို့ပဲ ကျန်ပါတယ်။။
ခိုင် – ဖိအားကြောင့် လုပ်ရတာလားရှင့်….
ကြောင် – မဟုတ်ပါဘူး…ဒုံးပျံရန်ကြောက်လို့….လည်းမဟုတ်ဘူး…။ တိုင်းပြည်ပြောင်သွားလို့ပါ။။
ခိုင် – စီးပွားရေးပိတ်ဆို့မှု ထိရောက်တယ်လို့ အမေရိကန်က ထင်နေတယ်ရှင့်….
ကြောင် – မှားပါတယ်။။
ခိုင် – ဘာကိုပါလည်းရှင်….
ကြောင် – အင်တာဗျူး လုပ်မိတာကိုပါ။ အဟမ်း…အဲလိုထင်နေရင်မှားတယ်။ တပ်မတော်က လမ်းပျောက်မြေပုံ အချက်ရကုဋေနဲ့ တဆင့်ချင်း သွားနေတာပါ။။
ခိုင် – အခု ဘယ်နှစ်ချက် ပြီးသွားပြီလဲရှင့်….
ကြောင် – ခုနှစ်ချက် ပြီးသွားပါပြီ။။
ခိုင် – မများလွန်းဘူးလားရှင့်….
ကြောင် – ရက်ရက်ရောရောကြီးကို ပေးထားတာပါ။။
ခိုင် – လွှတ်တော်အတွင်း စစ်တပ်အတွက် ၂၅% လျာထားတယ်ဆိုတာ ဟုတ်ပါသလား…
ကြောင် – တပ်မတော်က အုပ်ချုပ်ရေးကိစ္စတွေမှာ ဝင်မစွက်ဖက်ပါဘူး။ သေနတ်တော့ ပစ်တတ်ပါတယ်။။
ခိုင် – တပ်ချုပ်အာဏာက သံဒဓထက် ပိုမများနေဘူးလားရှင့်…
ကြောင် – မြန်မာနိုင်ငံရဲ့ အခြေခံဥပဒေကို ပြန်ဖတ်စေလိုပါတယ်။ ကာချုပ်ကို သံမဓက ခန့်တာပါ။။
ခိုင် – သံမဓကိုရောရှင့်…
ကြောင် – ကာချုပ်ကခန့်ပါတယ်။။
ခိုင် – ဘာကွာသလဲရှင့်….
ကြောင် – Fင် Lိုး Fင်ခံပါ။။
ခိုင် – ရှင်….
ကြောင် – ငါးမန်းတောင်ပံလို့ ဟန်ချက်ညီညီ သွားခြင်းကို မြင်ကြည့်ပါ…. (တော်ပါသေးရဲ့..စကားပြန်၏ စိတ်ထဲမှပြောသံ)။။
ခိုင် – မြောက်ကိုရီးယားနဲ့ ဆက်ဆံရေးအကြောင်း ပြောပါအုံးရှင့်….
ကြောင် – ထင်နေသလို မြောက်ကိုရီးယားနဲ့ လက်နက်၊ ညူကလီးယားဗုံး ကိစ္စမရှိပါဘူး။ ကျနော်တို့သွားတာ သူတို့ဆီမှာ လူတွေငတ်သေရင် ဘယ်လိုအသုဘချသလဲ သိထားရအောင်ပါ။ လိုအပ်ရင် တံခါးပိတ် ကိုယ့်အား ကိုယ်ကိုးဖို့ ကြိုတင်ပြင်ဆင်တဲ့ သဘောပါ…။
ခိုင် – ညူကလီးယားအရေး အိုင်အေအီးအေမှ လာရောက်စုံစမ်းစစ်ဆေးဖို့ သဘောတူပါသလားရှင့်….
ကြောင် – ပထမအဆင့် အိုင်အေအီးအေနဲ့ သဘောတူချက် လက်မှတ်ထိုးပါမယ်။ ဒုတိယ လက်မှတ်ထိုးပြီးတဲ့ စာချုပ်ကို သိမ်းရမယ်။ တတိယ မြန်မာပြည်ကို လေယဉ်ပျံနဲ့ သယ်ယူလာပါမယ်။ အဲဒီမတိုင်ခင် လေဆိပ်ကို သွားရမှာဖြစ်ပြီး တက္ကစီက ဈေးကြီးရင် ဘတ်စ်ကားစီးရပါမယ်။ လေဆိပ်ရောက်တဲ့အခါ စာချုပ်ကို လူကြုံထည့် ပေးလိုက်တဲ့ ပစ္စည်းတွေနဲ့ မရောအောင် ကိုယ်ပေါ်မှာ သရေကွင်းပတ်ချည်ထားရမှာဖြစ်လို့ လေဆိပ်လုံခြုံရေး ဓာတ်မှန်ရိုက်တဲ့အခါ ပြသနာရှိနိုင်ပါတယ်။ အဲဒီနောက်…..
ခိုင် – လိုရင်းပြောပါရှင့်….
ကြောင် – အဆင့်အဆင့် ဖြတ်သန်းရမှာမို့ စာချုပ်မူရင်း လက်ဝယ်မရောက်သေးခင် ကြိုတင်မပြောပါရစေနဲ့။။
ခိုင် – နဲနဲလောက်တော့ ခန့်မှန်းကြည့်ပေးပါရှင်..ကျမမှာလည်း ခလေးနဲ့ ရှင့်မှာလည်း အကြွေးနဲ့မို့ပါ…
ကြောင် – ခက်ပါလား…အဲဒါတွေ ပြီးသွားရင် လွှတ်တော်ထဲတင်၊ လွှတ်တော်ထဲကပြန်ချ၊ ပြန်တင်၊ ပြန်ချ….
ခိုင် – ရပါပြီ၊ အမေရိကန် ပြည်သူများကိုရော ဘာပြောလိုပါသလဲရှင့်….
ကြောင် – အိုင်ဂိုးတူစကူး ဘိုင်ဘတ်စ်။။
ခိုင် – ဆီနိတ်တာ မက်ကောနယ်ကိုယ်တိုင် သံမဓဂျီးဖက် ပါနေပြီလို့သိရပါတယ်။ သံမဓဂျီးအနေနဲ့ နိုင်ငံကို ပုဂ္ဂလိက စီးပွားရေး စနစ်နဲ့သွားမှာလား၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခါ်မှာလား သိချင်ပါတယ်….
ကြောင် – နိုင်ငံခြား ကုမ္မဏီများကို ကျနော် အမြဲဝဲကမ်းပါတယ်။ ယားလို့ ထွက်ပြေးကုန်တာ စိတ်မကောင်းဘူး။ ဘာစကေဘီလိမ်းဆေး ပေးရအောင်ကလည်း ထုတ်တဲ့စက်သေနေတယ်။ ဒါကြောက် အမေရိကန်အစိုးရမှ စက်ရှင်အောင်ဖွင့်ပေးဖို့ တောင်းဆိုပါတယ်။။
ခိုင် – ရင်းနှီးမြှုပ်နှံဖို့ဆိုရင် တရားဥပဒေ စိုးမိုးရပါမယ်….
ကြောင် – တရားဥပဒေ စိုးမိုးမှုဖို့ စွမ်းအားရှင်များကို ဝါးရင်းတုတ် သင်တန်းများ အလုံအလောက် ပေးထားပြီး ဖြစ်ပါတယ်။။
ခိုင် – စာနယ်ဇင်းများနဲ့ ပတ်သက်လို့ ၁၉၆ဝပြည့်နှစ်များကလို လွတ်လပ်ခွင့် ပေးမှာလားရှင့်….
ကြောင် – တိုင်းပြည်က ဆင်းရဲပြီး ဒီမိုကရေစီ အတွေ့အကြုံ နည်းပါတယ်။ ဒါကြောင့်မို့ ချမ်းသာလာအောင် အရင်လုပ်ရပါမယ်။ ပြီးတော့မှ တာဝန်ယူမှုနဲ့ ပြန်ထိမ်းရပါမယ်။ နောက်တော့ ပိုချမ်းသာ လာအောင်၊ ပြီးရင် တာဝန်ပိုသိတတ်လာအောင်….
ခိုင် – အဆုံးမတော့ လွတ်လပ်ခွင့် ရရောလားရှင့်….
ကြောင် – ဟင့်အင်း…တပ်မတော်က အာဏာပြန်သိမ်းပါမယ်…
ခိုင် – တိန်…..
ဤတွင်တွေ့ဆုံမေးမြန်းချက် ပြီး၏။။။။။ 😆

6 comments

  • နောက်ဆုံးတွင်
    ရှာဖတ်တူ
    ကျွန်တော်မျိုးလည်း
    သံမဓ ကြောင်ချီးအဲ ကြောင်ကြီး၏ ဖြေကြားချက်များမှ
    ကြောင် – Fင် Lိုး Fင်ခံပါ။။ ကို အတေအချာ ရှင်းလင်းအောင် အဘိဓာန်များတွင် ရှာဖတ်ရင်း အိပ်ပျော်တွားပါဒယ် …… 😛

  • ထာဝရ

    January 22, 2012 at 7:40 am

    သမဒကြိးကြောင် နောက်က ရွှေပလ္လင်ဘယ်မှာသွားပေါင်ထားလဲမသိ

  • စိန်ပေါက်ပေါက်

    January 22, 2012 at 11:53 am

    ကဲကဲ..
    ကြုကြင်ကြောင်းလဲအောင် ဝါယာကြိုးဖောက်ကြပါဆို ့

  • windtalker

    January 22, 2012 at 12:18 pm

    ဓါတ်ပုံထဲမှ မိုက်ကိုင်ထားသော လက် ကို ၊ နောက်ဆုံးပေါ် အရှုပ်ဖိုတိုပလေးမန် ရှိ ဇွန်း၁၀ဝချောင်းဖြင့်မွှေပြီးသကာလ ၊ စီအိုင်အေ အေးဂျန် ့အိုင်ခူး သည် သူ၏ မဟာနှုတ်ခမ်းမွှေး ဖွားဖွားဂျီးကို လက်ညှိုး လက်ခလယ် ဖြင့် သပ်ရင်း ပြုံးဖြီးဖြီးကြီး ဖြစ်သွားတော့လေသတည်း ။

  • ဆူး

    January 22, 2012 at 1:50 pm

    သံမဒဂျီးရဲ့ မျက်လုံးတွေ မတရားစိမ်းနေတယ်။
    မျက်စင်းခတ်ဖို့ လိုမယ် ထင်တယ်။
    အမြင်တွေ မှုန်ဝါးသွားမှာ စိုးလို့.. စောစော စီးစီး ဆရာဝန်ဆီ သွားဆေးကုဖို့ ဖန် ရှာလိုက်အုန်းနော်။

  • blackchaw

    January 22, 2012 at 2:27 pm

    မျက်လုံးစိမ်းနဲ့ ကြောင်သမဒဂျီးကို
    ဝင်ရောက် ခစားသွားပါကြောင်း။

Leave a Reply