Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

နွေဦးရောက်ရင်

နွေဦးရောက်ရင်

ငါတို ့လယ်ဘေး

ဟိုး……ခင်ရိုးစပ်က

မုဆိုးဖိုဥဩ တွန်မြည်ကျူးတော ့

သူ ့ကိုပဲ သနားရမလိုလို

ကူလို ့ပဲ လွမ်းရမလိုလို

သေချာမသိ

ဝေဒနာတွေ ကျလိကျလိနဲ ့မို ့

အနေရခက်တယ် သူငယ်ချင်း……….

××××××××××××××××××××××××××××××××××

မြန်မာပြည်ရဲ  ့နွေဦးကို သတိရစိတ်နဲ ့ အချိုးမကျတဲ ့အလွမ်းပါကွယ်………

17 comments

  • thit min

    January 22, 2012 at 9:21 pm

    နွေဦးရောက်ရင်
    ပင်အိုလက်ယှက်
    ကိုင်းဖျားထက်မှ
    ဥဩငှက်သံ
    ထီးကျန်ရှိလှ
    သူ့ဘဝကို
    ပြသငိုကြွေး
    တေးသံပေး။
    ————-
    နွေဦးရောက်ရင်
    တကူးကူးကူ
    သူ့အပူကို
    မျှယူစေပေး
    ချိုးငှက်လေးလဲ
    အဆွေးကိုပြ
    လွမ်းနာကျ။
    ————–
    နွေဦးရောက်ရင်
    ဟိုရင်တိတ်ဆီ
    အတွေးသီမိ
    စိတ်ညီပျော်ပါး
    အဖော်များလည်း
    တခြားစီရောက်
    တခေါက်တခါ
    ရောက်လာပြန်ချင်
    စိတ်ကူးယဉ်မိ
    ရွာဆီမျှော်လို့လွမ်းပါ၏။
    ——————-
    ကိုတောတွင်းပျော်ရဲ့ အတွေးလေးကို ဆက်လက်ခံစားရေးဖွဲ့မိပါသည်။
    လေးစားစွာ
    (^^)သစ်

  • aye.kk

    January 23, 2012 at 4:59 am

    နွေဦးရောက်ရင်……..ပေါ့နော်။
    လွမ်းတယ်………
    အရမ်းလွမ်းတယ်…
    ဘယ်ကိုလွမ်းလို့……
    ဘာကိုလွမ်းနေမှန်းမသိ…
    ရင်ထဲမှာခံစားရခက်ပါ၏…..
    အမေ့ကိုလွမ်း၊ငယ်ဘဝကိုလွမ်း…..
    အပေါင်းဖော်တွေကိုလွမ်း၊အားလုံးကိုလဲလွမ်း…
    ဌက်ကလေးတွေလိုဘဲအထီးကျန်ဆန်ကာလွမ်းမဆုံး၊ကမ္ဘာမြေတဆုံးထိလွမ်းနေမိတော့သည်။

  • Thel Nu Aye

    January 23, 2012 at 10:03 am

    ငယ်ငယ်ကတော့နွေဦးရောက်ရင်ငိုချင်တယ်။ စာမေးပွဲကြီးနီးလာလို့။ တကယ်ပြောတာ။

  • eipu

    January 23, 2012 at 10:20 am

    ငယ်ငယ်ကတော့နွေဦးရောက်ရင်ပျော်ပါတယ်။ စာမေးပွဲကြီးပြီးရင်ကျောင်းပိတ်လို့လေ

  • ♪♫♥¸¸.•*¨*•♫♪ နွေဦးရောက်ပြီ …. နှင်းလဲပျောက်ပြီကွယ် ♥¸¸.•*¨*•♫♪
    နွေဦးမှာ
    လေရူးတွေတိုက်တော့
    စိတ်ရူးတွေလည်း
    ပျံ့နှံ့ကုန်ပေါ့
    အစိုးမရတဲ့စိတ်
    ကိုယ်တွင်းမှာသာအိပ်ဖို့
    ဥဩသံ ချိုမြမြ
    လိုလှနေသေး ….

  • etone

    January 23, 2012 at 3:28 pm

    နွေဦးရောက်လျှင်
    စိတ်ရူးနောက်ချင်
    လှေဦးမှောက်သွင်
    ရေကူးဖို့ပြင်
    အိုင်ထဲဆင်းစဉ်
    ရွံ့နစ်တဲ့ ကိုရင် 😆

  • နွေဦး

    February 19, 2016 at 1:45 pm

    နွေဦးရောက်ရင်…
    စင်္ကြာ မင်း ရောက်သလို
    မကောင်းသူပယ် ကောင်းသူ ကယ်မယ်ဆိုတာ ဖြစ်မယ် မထင်…
    နွေဦးရောက်ရင် …
    ရွာထဲ ရမ်းကားနေတဲ့ လူမိုက်တွေကိုလဲ
    ငြိမ်းချမ်းရေးတရားဟောမယ် မထင်….
    နွေဦးရောက်ရင် ..
    သေခြာတာက
    မျက်စိ နောက်မှာ …

    • kai

      February 19, 2016 at 6:19 pm

      Arab Spring ကို.. အာရတ်နွေဦးလို့ ပြန်လိုက်ပြီး.. ခတ်တည်တည်နဲ့.. အခုလိုခေတ်အပြောင်းကို.. မြန်မာနွေဦးထလုပ်နေကြတော့ကာ…
      စပရင်ဆိုတဲ့.. ဖိရင်ကြွတဲ့.. ဟာကြီးက.. ငုတ်တုတ်ငိုလေရဲ့..။

      ဆိုတော့..
      နွေဦးကလည်း.. နွေဦးမှပဲ.. ပေါ်လာတော့တယ်နော…။ :k:

    • တောတွင်းပျော်

      February 24, 2016 at 4:40 pm

      နွေဦးဟာ
      နွေဦးကြိုဖို ့
      နွေဦးနဲ ့အတူ
      နွေဦးကိုရောက်လာပြီ

  • ခင်ဇော်

    February 24, 2016 at 4:06 pm

    ကွကိုယ် မစပ်တတ်လို့ ???
    —–
    နွေဦးဝင်သော်
    ?????
    နွေဦးဝင်သော်
    လေရှင်နှင်မှုတ်၊ပင်မှပြုတ်၍
    ရုတ်ရက်ဝဲကာ၊ရွက်နီဝါတို့
    လိပ်ပြာမြေဆင်း၊ဤတစ်သင်းသည်
    ကွေ့ကွင်းကြပြန် လေပြီတည်း။

    အဟောင်းပျက်မူ
    အသစ်ပြူရ၊ဖြစ်ကုန်ကြ၏
    သစ်ခွပေါ်တွင်၊ လင်္ကာဆိုပြော၊ရွှေဥဩသည်
    သောသောထံတျာ၊အသံသာသော်
    နာခံသောတ၊ပုရစ်မြသည်
    ပြသည်ကိုယ်ထင်၊ပွဲသစ်ယင်သည်
    ကြည်ရွှင်ကြပြန် လေပြီတည်း။

    ဇော်ဂျီ

    • တောတွင်းပျော်

      February 24, 2016 at 4:43 pm

      ကဗျာက ဖတ်လို ့ကောင်းတယ် အမ။
      နောက်ရှိရင်လည်း ထပ်တင်ပေးပါအုံး…
      ကျနော်ကတော ့ ဖောင် ့သိပ်အဆင်မပြေလို ့ ရွာထဲသိပ်
      မဝင်နိုင်

  • Thint Aye Yeik

    February 24, 2016 at 10:50 pm

    ဒီလူကြီး ကဗျာလည်း ရတာပဲ…ကိုး…

    • တောတွင်းပျော်

      March 1, 2016 at 8:38 pm

      ရွာထဲ ရောက်ကာစက ရေးတင်ခဲ ့တာ

  • naywoon ni

    February 28, 2016 at 9:43 pm

    ​နွေဦး ​ရောက်​ရင်​ဆို​တော့ ရွာထဲက က​နွေဦး ဘယ်​များသွားလို့လဲ​ပေါ့​လေ အ​ပြေးအလွှား လာကြည်​့တာ 🙂

    • တောတွင်းပျော်

      March 1, 2016 at 8:49 pm

      အားနာစရာကြီးဗျာ
      ကဗျာနဲ ့ လူမှားသွားရတယ်လို ့ 🙂

  • kotun winlatt

    March 5, 2016 at 2:17 pm

    တပေါင်း တန်ခူး
    နွေဦးရာသီ
    လေတဟူးဟူး
    လေရူးတွေတိုက်
    . . .
    ဒချိ ဒချိ

    • တောတွင်းပျော်

      March 5, 2016 at 8:58 pm

      သတိထားအုံးနော်
      လူပါ ထူးနေအုံးမယ် 😀

Leave a Reply