မှတ်မှတ်ရရနေပြည်တော်
19.1.2012 ရက်နေ့ နွယ်ပင်တို့ တစ်ယောက်သောသူနဲ့ နေပြည်တော်ကို မထင်မှတ်ပဲ သွားရမယ်ဆိုတော့ အရမ်းကိုပျော်နေတာပေါ့ ။ ကြိုတင်သွားဖို့ စီစဉ်ထားတာမဟုတ်တော့ ရရာကားနဲ့ သွားမယ်ဆိုပြီး အောင်မင်္ဂလာအဝေးပြေးရောက်မှ ကားလက်မှတ်ဖြတ်တော့ 9း00နာရီ ထိုးကားနဲ့မှီတော့ ကမန်းကတန်းပဲ ဖြတ်လိုက်မိတယ် ပြီးမှ ကားလည်းစထွက်ရော ညနေစာ အခုထိမစားရသေးတာကို သတိရသွားတယ် ဒါပင်မယ့် 115မိုင်ရောက်ရင် ကားရပ်ရင် စားလို့ရတယ်ဆိုတော့ အဲ့တော့မှစားမယ်ဆိုပြီး အိတ်ထဲရှိတဲ့ သကြားလုံးလေးတွေကိုပဲ အားကိုးနေလိုက်တော့တယ် ။ ကားက 115မိုင်လည်းရောက်ရော လူကဆာနေတာ ဟပ်ထိုး ကိုလိုက်ရော ဒါနဲ့ကားအောက်ကို မပြေးရုံတစ်မယ်ဆင်းလိုက်တဲ့ နွယ်ပင့်ကို အောက်ကနေ အေးစိမ့်နေတဲ့ လေအေးတွေကကြိုဆိုနေလိုက်တာ တစ်ကိုယ်လုံးကို တုန်ခိုက်သွားတဲ့ အထိပါပဲ ။ဆိုင်ထဲလည်းရောက်ရော အပြင်မှာအေးခဲ့တဲ့ အရှိန်လေးနဲ့ ကိုရီးယားယဉ်ကျေးမူထဲ စီးမျော လိုက်ဦးမယ်ဆိုပြီး လျှာရှည်မိတဲ့ စိတ်က ခေါက်ဆွဲပြုတ်ဆိုပြီး မှာလိုက်မိပြန်ရော အဲဒီမှာစတာပဲ ဗိုက်ကဆာပါတယ်ဆိုမှ ခေါက်ဆွဲပြုတ်ကမရ ဘေးကတစ်ယောက်သောသူကတော့ ပဲပြုတ်ထမင်း ကြော်နဲ့ ကြက်ဥကြော်နဲ့လွေးနေတာ မြင်တော့ ပိုဆိုးတာပေါ့ သူ့ဆီက ယူစားနေရာတာလည်း တော်တော်များနေပြီဆိုတော့ ထပ်ပြိးယူစားပြန်ရင်လည်းမကောင်း အဲ့အချိန်မှာပဲ မျှော်နေမိတဲ့ ခေါက်ဆွဲပြုတ်က ရောက်လာရော ပန်းကန်ကြီးကလည်း ကြေးအိုးပန်းကန်လောက်နဲ့ အနံ့က လည်းမွှေးနေတော့ အားပါးတရ လျှာမကျက်မိယုံတစ်မယ် စားလိုက်တဲ့ သူကို ကြိုဆိုလိုက်တဲ့ အရသာကတော့ တကယ်တစ်သက်မမေ့နိုင်အောင် နောက်ဘယ်တော့မှ ဒီနေရာက ခေါက်ဆွဲပြုတ်ဆိုတော်ပါပြီဆိုလောက်တယ် ခေါက်ဆွဲဖတ်တွေကလည်း ဆီချက်လုပ်တဲ့ ခေါက်ဆွဲပြား လေးတွေ အဲထဲမှာ အရွက်စုံကို ရေပေါလောမျောလို့ ချဉ်စပ်အရာသာဖြစ်အောင် ဖန်တီးထားတဲ့ ကြက်သားအရေခွံတွေတာပါသော တကယ့်ခေါက်ဆွဲ ပြုတ်စစ်စစ်အရသာပါပဲ တစ်ဇွန်းသောက်ပြီး ထပ်မသောက်ချင်လောက်အောင်ကို ဆွဲဆောင်နိုင်လွန်းပါတယ် နောက်ထပ်ထပ်မှာဖို့လည်း အချိန်ကလည်းမရတော့ တစ်ယောက်သောသူကကျန်နေတဲ့ ထမင်းကြော်လေး နှစ်ဇွန်းကို အမြန်စားပြီး ကားပေါ်ကို ပြန်တက်ခဲ့ရတာပေါ့ (ကံမကောင်းခြင်းက ဒီကစတယ်ထင်တယ်)
ဗိုက်ဆာဆာနဲ့ အိုက်ငိုက်ပြီးစီးလာတာ ည2း30 လည်းရောက်ရော နေပြည်တော်ကြီးကို ကားကဆိုက်ရောက်လို့သွားပါတယ် အဲတော့ ကားအောက်မှာ လာကြိုမယ့် သူငယ်ချင်းကိုလည်းကြည့် အထုပ်ကိုလည်းဆွဲလို့ နှစ်ယောက်သားဆင်းလိုက်တော့ အောက်ကနေဆီးကြိုနေတဲ့ လေကတကယ့်ကို
ဆောင်းစစ်စစ်ရဲ့ လေအေးတွေပါပဲ အေးလိုက်တာလည်း လွန်ပါရော တစ်ယောက်နဲ့ တစ်ယောက်စကားပြောရင် ပါးစပ်က အငွေ့တွေတောင်ထွက်တဲ့
အထိပါပဲ ပဲများပြီး အနွေးထည် ထူထူမဝတ်သွားမိတဲ့ ကိုယ့်ကိုကိုယ်လည်း အပြစ်တင်ရင်း သူငယ်ချင်းရှိနိုင်မယ့် အရပ်ကို မျက်လုံးကရှာနေမိတယ် တွေ့တော့တွေ့ပါရဲ့ ဆိုင်ကယ်ကယ်ရီသမားတွေကိုပါ ။ သူငယ်ချင်းကိုတော့ အရိပ်ယောင်တောင်မတွေ့ဘူးပဲ ဖုန်းဆက်တော့လည်း ဖုန်းပိတ်ထားတယ် လို့ချည်းပြောနေတော့ ခက်သားလား ဒီတော့လည်း နွယ်ပင်တို့ နှစ်ယောက်သား တည်းခိုခန်းကို အားကိုးရတော့မယ်ဆိုပြီး စည်ပင်ရိပ်သာ တည်းခိုခန်းကို ပြေးရတော့တာပေါ့ (တစ်ခြားဟိုတည် တွေက ဈေးကြီးလို့လေ) ဒါပင်မယ့် သိတယ်မဟုတ်လား နွယ်ပင်ဘဲဟာ ဟိုရောက်တော့ အခန်း တစ်ခန်းမှ မအားပါဘူးတဲ့လေ ဒီလောက်အခန်းပေါင်း တစ်ထောင်ကျော်ရှိတာ တစ်ခန်းလေး တောင် မအားနိုင်ဘူးလားလို့မေးတော့ ညကပဲ ကြံ့ဖွတ်တွေ အယောက်500 လောက်လာလို့ မအားတော့ပါတဲ့ စောင့်ချင်ရင်တော့ ဟောခန်း (ဧည့်ခန်း) မှာထိုင်စောင့်ပါ မနက်ကျရင်တော့ အခန်းရနိုင်လောက်ပါတယ်တဲ့ ဒါတောင်အရှေ့မှာ စောင့်နေတဲ့ သူက (5)ဦးလောက်ရှိလို့ နာမယ် ပေးသွားပါ အစီစဉ်လိုက်ရမှာမို့လို့ဆိုလို့ နာမယ်ပေးခဲ့ရတယ် ။ ဟောခန်းလေးထဲဝင်သွားတော့ အပြင်မှာထက်စာရင်တော်တော်လေး နွေးနွေးထွေးနဲ့ဆိုတော့ နေရတာ မဆိုးပါဘူး ဒါနဲ့ ကုလားထိုင်လေးမှာ ထိုင်လို့ ပါလာတဲ့ အထုပ်လေးပေါ်ခေါင်းတင်ရင်း ငိုက်တာ နာရီဝက်မပြည့်သေးဘူး ဘေးနားက လူကြီးက ဟောက်နည်းမျိုးစုံနဲ့ စတင်တိုက်ခိုက်ပါတော့တယ် အေးတာကလည်း ပိုပို အေးလာတော့ ခြေထောက်တွေဆိုတာ ထုံကျင်ပြီး တမံတလင်းကို နင်းလို့နင်းထားမှန်းတောင် မသိတော့တဲ့ အထိပါပဲ ဒါနဲ့ ဘေးနားက တစ်ယောက်သောသူက ရွှေဉာဏ်တော် စူးရောက်စွာနဲ့ ဂတ်စ်မီးခြစ်ကို ခြစ်လို့ခြေထောက်ကို မီးကင်ပေးပါတယ် အဲတော့မှ နေသာထိုင်သာရှိသွားတောတယ် ။ ဒီတော့လည်း မအိပ်တော့ဘဲ မနက်မြန်မြန်လင်းဖို့ပဲ နာရီကိုလောဆောမိတော့တယ် 6း30လောက်ရောက်တဲ့ အထိကို ဟောခန်းက စောင့်နေတဲ့သူတွေထဲက တစ်ယောက်မှ အခန်းမရသေးတော့
သူငယ်ချင်းဆီဖုန်းထပ်ဆက် မရတော့ သူ့ဘေးအိမ်ကိုဖုန်းဆက် ပြီး အားမနာတမ်း သူငယ်ချင်းကို နှိုးခိုင်းရပါတော့တယ် ။သူငယ်ချင်းကလည်း အိပ်ချင်မူတူးနဲ့ဖုန်း လာကိုင်ပြီး ညကလာရှာတာ မတွေ့လို့ ထပ်ပြီးဩဘာပေးပြန်ရော ဒါနဲ့ ဘာမှ ရှေရှေဝေးဝေးမပြောတော့ဘဲ စည်ပင်ရိပ်သာ ဟောခန်းကိုလာကြီုဖို့ပြောရတော့တယ် ……
သူငယ်ချင်းလာကြိုတော့ ညကဖုန်း ကတ်ကုန်သွားလို့ ဖုန်းပိတ်နေတယ်ဆိုတဲ့ အကြောင်းနဲ့ 8း00 နာရီကားနဲ့ လာမယ်ဆိုလို့ ည12း00 နာရီကနေ 1း30 ထိစောင့်နေတာ မလာလို့ အေးလွန်းတာနဲ့ ပြန်သွားတယ်ဆိုတဲ့ အကြောင်းပြောပြရှာတယ် နွယ်ပင်ကလည်း ကိုယ့်အပြစ်နဲ့ကိုယ်ဆိုတော့ ငြိမ်နေလိုက်ရတယ် သူ့ကိုဖုန်းဆက်တော့ အချိန်ကို 8း00နာရီလာမယ်လို့ ပြောမိတာကို ဒါနဲ့ပဲ သူငယ်ချင်းအိမ်ရောက်လို့ တစ်ရေးတစ်မောအိပ် နိုးလာတော့ သူကျွေးတာစားပေါ့ ပြီးတော့ရေချိုး ရေပန်းဥယျာဉ်သွားမယ်ဆိုလို့ အလှပြင်ပဲများပေါ့နော် ။ အိမ်ကနေ ထွက်တော့ (3) ယောက်သားဆိုင်ကယ်တစ်စီးနဲ့ ထွက်လာကြတယ် ။ လမ်းမှာ နောက်ထပ် သူငယ်ချင်း (3) ယောက်ဆိုတော့ လူခြောက်ယောက်နဲ့ ဆိုင်ကယ်က နှစ်စီး ဟုတ်တော့နေတာပဲ မော်တော်ပီကယ်နဲ့ တွေ့ရင် အဖမ်းခံရဖို့က ကျိန်းသေနေပြီ ဒါနဲ့ ဖြစ်ပါ့မလားလို့ မေးတော့ မြို့ခံတွေက ရပါတယ်အေးဆေးပါဆိုတာနဲ့ စီးလာကြတယ် နွယ်ပင်တို့က ဆိုင်ကယ်စီးနေကြမဟုတ်တော့ ဆိုင်ကယ်ကို အရှိန်မြင့်မြင့်မောင်းတော့ နှစ်ယောက်သားကြောက်နေတာ အမြှီးကိုကုပ်ရောပဲ 😛 😀 ဒါနဲ့ သူငယ်ချင်းကိုအရှိန်လျှော့ဖိုပြောတော့ သူက ဒါနေပြည်တော်အနေနဲ့ဆို နှေးသေးတယ်ဆိုပဲ ဒါနဲ့ အဝိုင်းကိုပတ်လို့ သွားနေတုန်း ဟိုမှာ မော်တော်ပီကယ်ရှိလောက်တယ် ခေါင်းငုံနေဆိုလို့ နွယ်ပင်တစ်ယောက် ကုန်းကုန်းနဲ့ ခေါင်းငုံ့ယုံရှိသေးတယ် တစ်ယောက်သောသူက ရှေ့မှာ “ကား” “ကား” ဆိုုပြီး အလန့်တစ်ကြား အသံလည်းကြား ………………….. (ဆက်ရန်)
10 comments
windtalker
January 23, 2012 at 8:35 pm
မနွယ်ပင်ကတော့ တစ်ယောက်သောသူ ရဲ ့အလိုက်သိနွေးထွေးမှုတွေကြောင့် လိုလေသေးမရှိ ပြည့်စုံခဲ့တာပေါ့လေ ။
ကိုပေါက်(မန္တလေး)
January 23, 2012 at 10:07 pm
နွယ်ပင်ရေ ညည်းနဲ့ ငါ့ နှစ်ရက်ဘဲလွဲသွားတယ်။
ငါက 17-1-2012 နေ့မနက်(ရ)နာရီကားနဲ့လိုက်.
11း30လောက်အဲဒီရောက်.
အလုပ်တွေလုပ် ။
2း30လောက်ဆိုင်ကယ် ကယ်ရီနဲ့ ဘုရားသွား ဓါတ်ပုံရိုက်။
ညနေ6နာရီခွဲကားနဲ့ပြန်လာတာ ည10း45 အိမ်ပြန်ရောက်တာဘဲ။
padonmar
January 24, 2012 at 1:22 am
တစ်ယောက်သောဂရဲ့ နွေးထွေးမှုကတော့ မှတ်လောက်စရာပါပဲ။ခြေထောက်ကို ဂက်စမီးခြစ်နဲ့ မီးကင်တယ်တဲ့၊သူ့လက်ကော မပူဘူးလား။
Khin Latt
January 24, 2012 at 3:55 am
~~~ ကုန်းကုန်းနဲ့ ခေါင်းငုံ့ယုံရှိသေးတယ် တစ်ယောက်သောသူက ရှေ့မှာ “ကား” “ကား” ဆိုုပြီး အလန့်တစ်ကြား အသံလည်းကြား ………………….. (ဆက်ရန်) ~~
ပြဿနာက (၂) ကိုဖတ်ပြီး ဖြစ်ခဲ့လေပြီ တစ်ပင်ထဲ လေးရေ့။
နောက်ဆို ဆက်ရန် ဆိုရင် (၁) ကို အရင်ဖတ်ပါလို့ ခေါင်းစဉ်မှာ ညွန်းနော်။ 😉
ချစ်သော
အရီးလတ်
နွယ်ပင်
January 24, 2012 at 9:50 am
မောင်ပေရေ …..
နေပြည်တော်ကို အပျော်ခရီးသွားပါတယ် ဆေးခန်းပြရ ဆေးထိုးရ ဆေးသောက်ရနဲ့ ပြန်လာခဲ့ရတာပဲ
အဖတ်တင်ပါတယ် တစ်ယောက်သောသူကလည်း နွယ်ပင့်ကို ပြုစုရတာနဲ့ ဘယ်မှမသွားဖြစ်ဘဲ
ပြန်လာခဲ့ရတယ်လေ ….
လေးပေါက်ရေ …
နွယ်ပင်တို့က ဘာအစီစဉ်မှမရှိဘဲ ဗြုန်းစားကြီးသွားခဲ့ကြတာလေ
ဒီလိုမှန်းသိ လေးပေါက်နဲ့ ဆုံအောင် စောစောလာခဲ့ပါတယ်
အန်တီပဒုမ္ပာရေ ….
နေပြည်တော်က တော်တော်ကိုချမ်းတာပါ အနွေးထည် ထူတူမပါတာလည်းပါမှာပေါ့နော်
အဲ့တုန်းကတော့ နွယ်ပင်တစ်ယောက် ချမ်းလွန်းလို့ ခြေထောက်တွေက ထုံကျင်အေးခဲနေတော့
သူက စိတ်ပူပြီး ဂက်စမီးခြစ်နဲ့ မီးကင်ပေးခဲ့တာပါ သူရဲ့လက်တွေလည်း အေးနေလို့ မပူလောက်ဘူးလို့တော့ ထင်တာပဲ မေးတောင် မကြည့်မိလိုက်ဘူး ဟီးးးးးးးး 🙂
ဟုတ်ကဲ့ပါ အရီးလတ်ရေ …
နွယ်ပင်လည်း ကံမကောင်းတဲ့ အကြောင်းတွေကို ပြောပြချင်လွန်းအားကြီးတာနဲ့
ခေါင်းစဉ်မှာ ညွန်းပေးဖို့မေ့သွားပါတယ် အခုလို ပြောပြပေးတာ ကျေးဇူးပါ …….
etone
January 24, 2012 at 1:25 pm
ဟီးဟီး .. ဖတ်ပြီး ပြုံးမိတယ် အမနွယ်ပင်ရေ …
ရွှေဉာဏ်တော် စူးရောက်စွာနဲ့ ဂတ်စ်မီးခြစ်ကို ခြစ်လို့ခြေထောက်ကို မီးကင်ပေးပါတယ် ဆိုတဲ့နေရာမှာ … အကျီင်္လေးချွတ်ပြီး ခြေထောက်ပတ်ပေးထားလျှင် ပိုပြီး ဝမ်းသာမိမှာပဲနော် .. ဟီးဟီး (အချွန်နဲ့ မတာ .. ) အနွေးဓါတ်ပေးရှာသားပဲ .. ဟီးဟီး 🙂
ဒါနဲ့ .. ဘယ်နှစ်ရက်ကြာခဲ့လဲဟင် . နေပြည်တော်တော့ တခါမှ မရောက်ဖူးသေးဘူးပဲ … ။
နွယ်ပင်
January 24, 2012 at 1:37 pm
etoneရေ…
ခြေထောက်က အေးလွန်းလို့ အစက ခြေထောက်ကို အပိုပါလာတဲ့ ဘောင်းဘီနဲ့
ပတ်ထားပါသေးတယ် ဒါပင်မယ့် အေးတာက မပျောက်ပဲ ခြေထောက်တွေပိုကျင်လာလို့
ရွှေဉာဏ်တော် စူးရောက်စွာနဲ့ ဂတ်စ်မီးခြစ်ကို ခြစ်လို့ခြေထောက်ကို မီးကင်ပေးတာလေ
ရတဲ့ နည်းနဲ့တော့ နွေးအောင်လုပ်ပေးရှာပါတယ်လေ ဟီးးးးးးးးးးး 🙂
နေပြည်တော်မှာ ၂ညအိပ် ၃ရက်ပဲ ကြာခဲ့တာပါ ….
ဆူး
January 24, 2012 at 1:58 pm
မဲဇာတောင်ခြေ ဆိုတဲ့ ရတုလေး သွားသတိရတယ်။
စာဖတ်ရင်းနဲ့တောင် အေးလာပြီ။ ဟိဟိ..
manawphyulay
January 24, 2012 at 5:24 pm
အင်း တစ်ယောက်သော သူပါတော့လည်း ခုလို ခရီးစဉ်က အဆင်ပြေချောမွေ့သွားတာပေါ့နော် ညီမလေး… တို့လည်း သွားရင် တစ်ယောက်သောသူကို ခေါ်သွားဦးမှပဲ… 😛
ကိုပေါက်(မန္တလေး)
January 24, 2012 at 9:44 pm
ခြေထောက်က အေးလွန်းလို့ အစက ခြေထောက်ကို အပိုပါလာတဲ့ ဘောင်းဘီနဲ့
ပတ်ထားပါသေးတယ် ဒါပင်မယ့် ပတ်ထားတဲ့ဘောင်းဘီက သေးနေတော့ ခြေထောက်မလုံဘူးဖြစ်သွားတော့
ပိုအေးတာပေါ့၊