Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ဒေါ်စုကို ပါကစ္စတန်သမ္မတ ဆု ချီးမြှင့်

ပုိင္ေလးJanuary 26, 20121min2818

ဒေါ်စုကို ပါကစ္စတန်သမ္မတ ဆု ချီးမြှင့်

ပါကစ္စတန်သမ္မတရဲ့သမီး Bhutto Zardari က ဒေါ်အောင်ဆန်းစုုကြည်ကိုု Benazir Bhutto Shaheed ဆုုတံဆိပ် ဆွဲပေးနေစဉ်။

ပါကစ္စတန်သမ္မတရဲ့သမီး Bhutto Zardari က ဒေါ်အောင်ဆန်းစုုကြည်ကိုု Benazir Bhutto Shaheed ဆုုတံဆိပ် ဆွဲပေးနေစဉ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့အကြမ်းမဖက် ဒီမိုကရေစီရေး ကြိုးပမ်းမှုတွေဟာ ပါကစ္စတန် ပြည်သူတွေအတွက် အတုယူ အားကျစရာဖြစ်တယ်လို့ဆိုပြီး Benazir Bhutto Shaheed ဆုကို ပါကစ္စတန် သမ္မတကိုယ်တိုင်က ချီးမြှင့်ခဲ့ပါတယ်။ လက်ရှိအာဏာရ ပါကစ္စတန်ပြည်သူ့ပါတီက ၂၀၁ဝ ခုနှစ်ထဲက ပေးအပ်ထားတဲ့ဆုကို သမ္မတ Asif Ali Zardari မြန်မာနိုင်ငံ လာရောက်စဉ်မှာ ဒေါ်အောင်ဆန်းစုကြည်ကို ကိုယ်ကိုင်တွေ့ဆုံ ပေးအပ်ခဲ့တာလည်း ဖြစ်ပါတယ်။ အပြည့်အစုံကို ဘန်ကောက်ရုံးက မစုမြတ်မွန်က ပြောပြပါလိမ့်မယ်။

မြန်မာနိုင်ငံကို အင်္ဂါနဲ့ ဗုဒ္ဓဟူး ၂ ရက်ခရီးလာတဲ့ Pakistan သမ္မတ Asif Ali Zardari ဟာ ဒီကနေ့ နေ့လည်ပိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်ကို လာရောက်တွေ့ဆုံပြီး Benazir Bhutto Shaheed ဆုကို ချီးမြှင့်ခဲ့တာဖြစ်ပါတယ်။ လုပ်ကြံခံခဲ့ရလို့ ကွယ်လွန်သူ သူ့ရဲ့ဇနီး ဝန်ကြီးချုပ်ဟောင်း Benazir Bhutto အတွက်အမှတ်တရအဖြစ် ပါကစ္စတန်ပြည်သူ့ပါတီက ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ကြိုးပမ်းသူတွေ၊ အမျိုးသမီးတွေရဲ့ အခြေအနေနဲ့ လူမှုအဆင့်အတန်းတွေကို တိုးတက်အောင် ဆောင်ရွက်တဲ့သူတွေကို ဂုဏ်ပြုတဲ့ ဆုလည်းဖြစ်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ကို ပထမဆုံး ပေးအပ်ထားတာ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခြံထဲမှာ ဆုပေးပွဲ အခမ်းအနားကို လုပ်ခဲ့တာမှာ ဘာကြောင့် ဒီဆုကို ဒေါ်အောင်ဆန်းစုကြည်ကို ပေးရသလဲ ဆိုတာကို ပါကစ္စတန် သမ္မတရုံး တာဝန်ရှိသူက ခုလိုပြောကြားပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဘဝနဲ့ ဆောင်ရွက်မှုတွေဟာ ပါကစ္စတန်ပြည်သူတွေအတွက် အားကျ အတုယူစရာဖြစ်ပါတယ်။ ကွယ်လွန်သူ Benazir Bhutto Shaheed လိုပဲ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီမိုကရေစီနဲ့ လူအခွင့်အရေးကို အကြောက်အရွံ့မရှိ အကြမ်းမဖက်တဲ့နည်းနဲ့ ကြိုးပမ်းမှုတွေကို လူတိုင်းက အသိအမှတ်ပြုပြီး အဆင့်အမြင့်ဆုံး လေးစား ဂုဏ်ပြုပါတယ်လို့ ပြောသွားတာဖြစ်ပါတယ်။ တန်းတူအခွင့်အရေးရရှိရေး၊ လူ့ ဂုဏ်သိက္ခာရရှိရေးတွေအတွက် စံပြ ကိုယ်ကျိုးစွန့် ဆောင်ရွက်သူ တယောက်ဖြစ်တယ်” – လို့လည်း ပြောကြားသွားပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို လေးစားခဲ့သူတယောက်ဖြစ်တဲ့ ကွယ်လွန်သူ ဝန်ကြီးချုပ်ဟောင်းအတွက်အမှတ်တရ Benazir Bhutto Shaheed ဆုပြားကို သမီးဖြစ်သူ Aseefa Bhutto Zardari က ဒေါ်အောင်ဆန်းစုကြည်ကို ဆွဲပေးခဲ့ပါတယ်။ ပါကစ္စတန်ပြည်သူ့ပါတီရဲ့ ဥက္ကဋ္ဌလည်းဖြစ်၊ သူ့ရဲ့သားလည်းဖြစ်တဲ့ Bilawal Bhutto Zardari လည်း ဒီပွဲမှာ ရှိနေခဲ့ပါတယ်။ အခုအချိန်မှာ ဇနီးဖြစ်သူကို ရှိနေစေချင်တယ်လို့  သမ္မတ Zardari က ခုလိုပြောသွားခဲ့ပါတယ်။

“အခုအချိန်မှာ သူ့ရဲ့ ဇနီးကိုရှိစေချင်ပေမဲ့ ဇနီးရဲ့ ဝိဉာဉ်ကတော့ ရှိနေပါလိမ့်မယ်လို့ ပြောသွားခဲ့သလို ကမာ္ဘတလွှား ဒီမိုကရေစီကို အားပေးရာရောက်မယ်လို့ မျှော်လင့်ကြောင်းနဲ့ တနေ့မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့  ဒီမိုကရေးကြိုးပမ်းမှု အောင်မြင်မှု ရရှိမှာဖြစ်ပါတယ်”- လို့ ပြောသွားခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကတော့ မြန်မာနိုင်ငံနဲ့ သူ့ကိုဂုဏ်ပြုတဲ့အပေါ် ကျေးဇူးတင်ကြောင်းပြောခဲ့ပြီး သူ့မိသားစုနဲ့ ပါကစ္စတန်သမ္မတို့ မိသားစုကြားမှာ တူညီတဲ့ ပေးဆပ်မှုတွေ ရှိတဲ့အကြောင်းကို အသားပေးပြောသွားခဲ့ပါတယ်။

“ကျွန်မတို့ မိသားစုတွေ ကြုံတွေ့ခဲ့ရတဲ့ အခြေအနေတွေဟာ သိပ်ကို ဆင်တူပါတယ်။ ကမာ္ဘ့ ဘယ် အရပ်မှာပဲ ဖြစ်ဖြစ် ကိုယ်ချစ်ခင်တဲ့ မိသားစုဝင်တယောက်ယောက် ခံစားရပြီဆိုရင် ကျန်တဲ့ မိသားစုတွေလည်း ခံစားကြရပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်မတို့ နိုင်ငံထဲက  မိသားစုဝင်တွေ ခံစားနေကြရတာတွေကို အတတ်နိုင်ဆုံး ရပ်သွားစေဖို့အတွက် ဒီမိုကရေစီရေး လှုပ်ရှားမှုထဲမှာ ပါဝင်ဆောင်ရွက်နေကြလို့ပါ။

နေရာတိုင်းမှာရှိနေတဲ့ မိသားစုတွေ၊ ပြည်သူတွေရဲ့ အခွင့်အရေးတွေကို ယုံကြည်စိတ်ချစွာနဲ့ အကာအကွယ်ပေးနိုင်ဖို့ ၂ နိုင်ငံ ပူးပေါင်းဆောင်ရွက်နိုင်မယ့်နေ့ ရောက်လာမယ်လို့လည်း မျှော်လင့်ကြောင်း”- ဒေါ်အောင်ဆန်းစုကြည်က ပြောသွားခဲ့တာဖြစ်ပါတယ်။

VOANEWS/Burmese မှ…………

8 comments

  • koyinmaung

    January 26, 2012 at 6:31 am

    ဒေါ်အောင်ဆန်းစုကြည်အတွက်ဂုဏ်ယူပါတယ်…..

    • Khin Latt

      January 26, 2012 at 6:40 am

      ကိုရင်မောင် – ရုံးကိုမပြေးသေးဘူးလား။ 🙂

      • koyinmaung

        January 26, 2012 at 10:51 am

        တရုတ်နှစ်သစ်ကူးအလုပ်ပိတ်ပါတယ်ဗျာ……..
        28ရက်နေ့မှအလုပ်ပြန်ဆင်းရပါမယ်….

  • kyeemite

    January 26, 2012 at 8:18 am

    ဝမ်းသာဂုဏ်ယူပါတယ် ဒေါ်စုခင်ဗျား..တိုင်းပြည်အတွက် ဆထက်တပိုးကျန်းမာစွာဖြင့်
    ဆောင်ရွက်နိုင်ပါစေကြောင်း နှစ်သစ်နဲ့အတူဆုတောင်းလိုက်ပါတယ်..

  • coconut

    January 26, 2012 at 9:36 am

    တကယ်တော်တဲ့သူဆိုတော့ စင်တော်ကကောက်တာဘာမှမဆန်းပါဘူး၊ တိုင်းပြည်အတွက် ကိုယ်ကျိုးမဖက်
    ဆထက်တပိုးတိုးလို့လုပ်ဆောင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်

  • zarlay

    January 26, 2012 at 10:52 am

    အန်တီစုအတွက် အမြဲတမ်းကျန်းကျန်းမာမာနဲ့ အသက်ရာကျော်ရှည်ပြီး လိုရာပန်းတိုင်ကို အမြန်ဆုံးရောက်ပါစေလို့ ဆုတောင်းလျှက်

  • laypai

    January 26, 2012 at 11:22 am

    အတိုင်းအဆ မရှိ ဝမ်းသာ ပါတယ်။
    ထိုက် တန် သူတွေ အတွက် ဆုလာဘ် က ကမ္ဘာ က သိတာပေါ့ လေ။
    လုပ်ကြံ ထားတဲ့ ဆု လာဘ် နဲ့ တော့ ဘယ်တူ ပါ့ မလဲ။

    ဘူတို လို အလုပ် ကြံ မခံရ ဘို့ စိုးရိမ် စိတ် နဲ့ ဆုတောင်းနေရတာလဲ ဒေါ် စု ကို သတိယ တိုင်းပဲ။

  • Arkar11

    January 26, 2012 at 1:23 pm

    အမေစုကို နိုင်ငံတကာကနေ အခုလိုမျိုး ဆုပေးနေကြတာ မြင်ရတော့ မြန်မာနိုင်ငံသား တယောက်အနေနဲ့အတိုင်းမသိ ဝမ်းသာမိတယ်… အသက်၆၆နှစ်အရွယ်နဲ့မလိုက်အောင် အလုပ်တွေလုပ်နေရတာ မြင်ရတော့ သားသမီးတွေက ဘာမှမလုပ်ပဲ အမေ့လုပ်စာထိုင်စားနေရသလိုဘဲ ခံစားရတယ်…
    နောက်တစ်ခုက လူတွေက အမေ့ကို အားကိုးစိတ်၊ ကြည်ညိုစိတ်၊ချစ်စိတ်တွေ လွန်ကဲပြီး
    over expectation မဖြစ်ဘို့ လိုပါတယ်….အမေစုကို ဝန်းရံပြီး အားလုံး တက်ညီလက်ညီ ကြီုးစားမှ တိုင်းပြည်တိုးတက်မှုရမှာပါ… အဲလိုမဟုတ်ဘဲ ကိုယ်ကိုတိုင်က ဘာမှမလုပ်ပဲ အမေစုကို ဘာလုပ်ပေးမှာလဲလို့ မေးတဲ့ လူတွေများနေရင်တော့ တိုင်းပြည်က ဒုံရင်းက ဒုံရင်းပဲ ဖြစ်နေမှာပါ… အဲဒါကြောင့် ကိုယ်နဲ့မဆိုင်သလို မနေကြပဲ အားလုံးပဲ အမေစုကို တတ်စွမ်းသမျှ ကူညီပေးကြပါလို့ တိုက်တွန်းပါတယ်….

Leave a Reply