“မန်းလေးသုံ့း -ရန်ကုန်တစ် အသဲအသန်ရိုက်ကြနှက်ကြ တဲ့ပွဲက ပုံတွေပါ”
- 2 နံနက်ခင်းအရုဏ်တက် ဝင်းပတဲ့နေရောင်ခြည် ။ကိုရင်လေးများအစီအရီ လာပြီကွဲ့ ရွာအတွင်း
- ၊ လောင်းလှုမယ်ပြင်ဆင်ကြ ချစ်စရာ့ရွာအဆင်း
-
- 3 နံနက်ခင်း တကယ် မပျင်းအားပါဘု အိမ်စိုက်ခင်းရယ်နဲ့ အလုပ်တွေပို ။
- ကွမ်းရွာညှာစိုစိုစိမ်း ပျိုချစ်သူ အသာဝါးရအောင်ခူးလို့ပျိုသိမ်း။
- 4 မြသိန်းတန်စေတီတွင်းရယ်က လှမ်းမြင်ရ ပုထိုးတော်။
- ဘိုးတော်ကောင်းမူ့ရယ်ကကြီးမားလှသေနာ်။သု့ိပါသော် အသံတိတ်ရယ်နဲ့၊
- မမြဲခန္ဓာ အမှန်ပါ သက်သေပြသလို ပြိုကျနေခြင်း။
- 5 အပြင်မှာဆယ်နေကဲပါလို့ အေးရိပ်ကိုရှာ၊ မြတ်ဗုဒ္ဓရှေ့မှောက်မှာ ပူဇော်ကာ ဦးချ။ မြင်ရသူ ဘဝင်အေးတယ် မြင်ကွင်းကလှ။
-
- 7 မြင်းသည်တော် အရှေ့က သွားပါလို့ မင်းခင်းလို့ဝင်းတည် ။
- လူတန်းက အစီရီ သီပါလို့စီတန်း ရှေးရိုးရာ မူမပျက်တယ် မြန်မာ့ထုံးတမ်း။
-
- 8ရွှေထီးကို အသာဆောင်းပါလို့မောင်ရှင်လောင်းကိုလ မြင်းပေါ်တင် ။
- စေတီက နီနီ နေခြည်မှာ ရွှေရည်လင်းပါတဲ့ တို့ မြန်မာ့မြင်ကွင်း။
- 12 တောင်သမန် ရွှေအင်းမှာလ ရေလယ်မှာပိုက်ကွန်ခင်း။
- ကိုတံငါ ဝမ်းစာရေး အတွက် အားမာန်ကိုတင်း။
- အင်းရေမှာပျော်ရှာတဲ့ကိုရွှေငါးရယ် အနေခက်လေခြင်း။
- 13 ဆည်းဆာအိုနေညိုညို ဧရာအတွင်းမှာပ။
- လှေနာဝါ ရေယာဉ်စီးပါလို့ အိမ်အပြန်.
- ရွက်မပါ တက်ကိုသာ အဖော်ပြုရှာသမို့
- ကူပါ့လေမင်း။
74 comments
ကိုပေါက်(မန္တလေး)
February 9, 2012 at 8:34 am
ဖြေသူတွေအားလုံးကျေနပ်ပြီ ဆိုရင် အဖြေမှန်ကို ပိုစ်တင်ပါတော့မယ်။
ssa
February 9, 2012 at 11:01 am
ရိုက်ချက်တွေကတော့လန်ထွက်..အန်ထွက်နေတာပဲဗျာ..
ဒါမဲ့…မော်ဒယ်.လေးတွေဆို..ပိုလို့.ကောင်းလောက်တယ်
ကိုပေါက်(မန္တလေး)
February 9, 2012 at 1:38 pm
မော်ဒယ် မယ်တော်
ကြေးခေါ်တော့
ကျနော်တို့က မတတ်နိုင်လို့ ပါခင်ဗျာ။
Khin Latt
February 10, 2012 at 3:57 am
ကျွန်မတော့ သဘာဝ အလှပုံ တွေ ကိုဘဲ ပိုချစ်ပါတယ် ကိုပေါက်ရေ။
တတ်နိုင်ရင်တောင်မှ တစ်ခြား သဘာဝ အလှ တွေ သာ ရှာရိုက်ပါ လို့ တောင်းဆိုပါတယ်။ 🙂
ကိုပေါက်(မန္တလေး)
February 9, 2012 at 6:28 pm
အဖြေပေးရတော့မလားဆိုတာ သိချင်ပါတယ်။
ကျနော်တို့ကတော့ဖြေချင်နေပြီနော် အဖြေကို ပိုစ်တစ်ခုအဖြစ်တင်ပါမယ်။
အဖြေက ရိုက်ပြိးသားတင်ရုံဘဲနော်။
inz@ghi
February 9, 2012 at 6:33 pm
အော်…ရယ်….
ဖြေမှာများ မူနေသေးတယ်..
စကတ်ဂျူးလ်တွေ ပြည့်နေတဲ့ဟာကို…
သများ ဆီက ကိုတာ ချေးရမလား ….
လူဇိုး…
ပုံ
လေဒီဂီဂီ
သံတွဲ သရဲလေး
February 9, 2012 at 8:49 pm
ဟုတ် ပနော်……………
ကိုပေါက်(မန္တလေး)
February 9, 2012 at 10:33 pm
(10-2-2012) အဖြေပေးလိုက်ပါပြီ.
“အဖြေလေးပေးလိုက်ပါတယ်”
(လုရွှေစိန်ပေါက်ရဲ့ ပေါက်ကရရိုက်ချက်များပဟေဠိရဲ့အဖြေမှန်)
မှာကြည့်တော်မူကြပါရန် လေးစားစွာဖြင့် အကြောင်းကြားအပ်ပါသည်ခင်ဗျာ…………………
အတိသဉ္ဇာ နာဂရ ချစ်သူ
February 9, 2012 at 11:21 pm
ရိုက်ကြ၊နှက်ကြဆိုလို ့လန် ့သွားပြီး ခုမှဝင်ကြည့်မိတာ။
ထုံးစံတိုင်းပါဘဲ အင်မတန်လှပါပေတဲ့ ကိုပေါက်လက်ရာတွေ
ပါဘဲဗျာ။
Khin Latt
February 10, 2012 at 3:54 am
“အဖြေလေး” မပေးသေးပါဘူးဗျို့။ ၁ဝရက်ရောက်နေပါပြီ။ 😉
ကိုပေါက်(မန္တလေး)
February 10, 2012 at 8:39 am
အားလုံးကိုပေါက်ရိုက်တာ ဟုတ်ဘူးဗျို့။
ကိုကိုလတ်ရေ အဖြေတက်သွားပါပြီအေ့ အခုလေးတင်မှာတင်တာပါအေ့
ညည်းကလဲအေ့ ငါကလဲအေ့
အေ့……………………..
(လေချဉ်တက်သောအသံမဟုတ်ပါ)
အတိသဉ္ဇာ နာဂရ ချစ်သူ
February 10, 2012 at 7:25 pm
ဟုတ်ပါ၏အေ။
လေချဉ်မတက်ပါ။သွားဖတ်လိုက်ပါမည်။
ဝေးလွင့်တိမ်
February 10, 2012 at 7:05 pm
ကိုပေါက်ရေ ။ ကိုရင်လေး ရှေးဟောင်းပုထိုးတော်ကိုဖူးနေတဲ့ပုံလေးကို ဓါတ်ပုံပြိုင်ပွဲဝင်ပြိုင်ပါလားဗျ ။ အရမ်းကောင်းတယ် ။ ဆုရမှာသေချာတယ် ။ တစ်ကယ်ပါ ။
luu noutlay
February 10, 2012 at 7:37 pm
အရမ်းကောင်တဲ့ ပုံတွေပါ ပြိုင်ပွဝင်ရင်ဆုရမှာသေချာတယ်ဗျ
ကိုပေါက်(မန္တလေး)
February 10, 2012 at 9:37 pm
ကိုရင်လေးပုံက ရွှေမင်းသားရဲ့ လက်ရာပါခင်ဗျာ။
အင်းဝမြို့ဟောင်းမှာရိုက်ထားတာပါ။
Lwin Aung
February 11, 2012 at 9:35 am
Thank you Ko Pauk. All are good photos.
ကိုပေါက်(မန္တလေး)
May 20, 2012 at 2:08 pm
ဝေးလွင့်တိမ် says: (Edit)
ကိုပေါက်ရေ ။ ကိုရင်လေး ရှေးဟောင်းပုထိုးတော်ကိုဖူးနေတဲ့ပုံလေးကို ဓါတ်ပုံပြိုင်ပွဲဝင်ပြိုင်ပါလားဗျ ။ အရမ်းကောင်းတယ် ။ ဆုရမှာသေချာတယ် ။ တစ်ကယ်ပါ ။
ခင်ဗျား နိမိတ်ပေးလိုက်တာ တကယ်မှန်သွားပါပြီ.
ဒီမှာတင်ထားတဲ့ပုံက ရွှေမင်းသားရိုက်ထားတာပါ။
အဲဒီအချိန်က Mလုလင်ရိုက်တဲ့ပုံလေးကို ပြိုင်ပွဲဝင်လိုက်တာ တတိယဆုချိတ်သွားပါတယ်။
မှန်လိုက်လေခြင်းကွယ်……………………………..
myat pearl phyu
February 11, 2014 at 5:17 pm
ကိုပေါက် ရဲ ့ ရိုက်ချက် လန်ထွက် … (Y)
Paing Lay
February 12, 2014 at 9:21 pm
ပန်းချီကား တစ်ချပ်ကို ကြည့်နေရသလိုပါပဲဗျာ
ကိုပေါက်(မန္တလေး)
February 18, 2014 at 10:02 am
အားလုံး ကို ကျေး ကျေး ပ ါ