“ယောင်ခြောက်ဆယ်ကျွန်တော်နှင့်ဝိပဿနာ”
“ယောင်ခြောက်ဆယ်ကျွန်တော်နှင့်ဝိပဿနာ”
………………………………………………………..
ကျွန်တော်လူလက်ပိုင်းရောက်ပြီဆိုလျှင်ဖြင့်ဘာသာရေးကိုစိတ်ဝင်စားလာခဲ့သည်။
ဘာသာတရား၏လေးနက်မှု့ကိုသိရှိခဲ့ရသည်။
ဘာသာတရားဟာကျွန်တော်၏အစိတ်ပိုင်းတစ်ခုအနေဖြင့်လေ့လာလိုက်စားမှုတွေလုပ်နေရင်းအချိန်
တွေကုန်ဆုံးစေခဲ့သည်။ ဒါပေမဲ့ဘာသာတရားရဲ့နက်နဲမှု့ကိုမရရှိခဲ့သေးပေ။
ဘာသာတရားဟာနူးညံ့သိမ်မွေ့တဲ့အရာဖြစ်လင့်ကစားဘာသာတရားကိုလေ့လာလိုက်စားရင်း
ကျွန်တော့်ကိုကျွန်တော်မာယာသာဌေယျတစ်ခုအဖြစ်လှည့်စားမိခဲ့သည်။
မိမိကိုယ့်ကိုမိမိလှည့်စားနေမှန်းမသိရှိခဲ့ပေ။ အချိန်တွေကြသည်နှင့်အမျှကျွန်တော့်ကိုကျွန်တော်
သတိထားမိစပြုခဲ့ပြီပေါ့။ ကျွန်တော်လုပ်နေသောလုပ်ငန်းသည်မှန်ကန်မှုရောရှိရဲ့လား
ဘာသာတရားကကျွန်တော့်ဘဝကိုပြောင်းလဲစေမှာလားဆိုတာတွေတွေးတောပြီးဘာမှမဆိုင်တဲ့
ဘာသာတရားကိုသံသယဝင်ခဲ့မိသည်။ အမှန်တကယ်တော့ကျွန်တော်ကဘာသာတရားကိုသာယာမှုတစ်ခုအဖြစ်မှတ်ယူကာဘာသာတရားရဲ့
နောက်သို့ကောက်ကောက်ပါအောင်လိုက်နေခဲ့သည်။ ဒီချိန်ကစပြီးကျွန်တော်လုပ်ရပ်တွေကကျောခြင်း
ကပ်နေတဲ့သုံးဂဏန်းနှင့်လေးဂဏန်းပါပဲ။ ကျွန်တော်ရည်ရွယ်ပြီးသွားနေတာကနိဗ္ဗာန်ဆိုပေမဲ့
ကျွန်တော်တကယ်သွားနေတာကနိဗ္ဗာန်ကိုကျောပေးပြီးသွားနေတာဖြစ်သည်။ ဒါကြောင့်လည်းတဝဲ
လည်လည်ဖြစ်ကာဘာမှထူးခြားတစုံတရာမရှိခဲ့ခြင်းဖြစ်သည်။ တနေ့မှာတော့ကျွန်တော့်သူငယ်ချင်း
တစ်ယောက်ကကျွန်တော့်ကိုပြောပါတယ်”မင်း….မဟာစည်ဆရာတော်ရဲ့နည်းနာနိဿယကိုခံယူပြီး
လုပ်ကြည့်ပါလား” တဲ့ဒီလိုနဲ့တက်သိနားလည်သောဆရာတော်တွေ၊မဟာစည်ဆရာတော်ဘုရားကြီး
ဟောကြားသောတိပ်ခွေVCD,စာအုပ်တွေလေ့လာခဲ့ပါတယ်။
ဒါလည်းမရခဲ့ပါဘူး၊ ကျွန်တော့်ရဲ့မဖြစ်စလောက်ဉာဏ်လေးနဲ့ဆရာတော်ဘုရားဟောကြားချက်
ထိထိမိမိကိုမသိရှိနိုင်ပေ။နောက်တခါလည်းပြန်ပြီးတိုက်တွန်းပါသေးတယ်။
အင်မတန်ကောင်းရှာတဲ့သူငယ်ချင်းပေါ့။ “မဟာစည်ဆရာတော်ဘုရားဟောကြားချက်ကိုမသိနိုင်ဘူး
ဆိုရင် မိုးကုတ်ဆရာတော်ဘုရားကြီးနည်းကိုလိုက်စားပါ”တဲ့သူကတော့ထက်ပြီး
အားပေးရှာပါသေးတယ်။ ဒါနဲ့ဘဲကျွန်တော်ပြောင်ပြီးရှု့မှတ်ခဲ့ပါတယ်။
ဘဝကရင့်ကျက်မှုများလာတော့အစကဟုတ်မလိုနဲ့နောက်ပိုင်းတော့ဒုန်ရင်းကဒုန်ရင်းပြန်ရောက်
နေတယ်လေ။ ဆရာတော်ဘုရားကြီးတွေက ဉာဏ်ပညာကြီးမားစွာစေတနာ မေတ္တာတွေနဲ့ဟောကြား
လမ်းညွန်ပြခဲ့ပေမဲ့ကျွန်တော်ရဲ့သေးချာလှတဲ့ဉာဏ်ပညာက ဆရာတော်ကြီးတွေရဲ့စေတနာမေတ္တာ
တွေကိုဖျက်စီးရာရောက်ခဲ့မိပါတယ်။ ဒါနဲ့ဘဲ “ကဲ ငါမလုပ်တော့ဘူး”ဆိုပြီးရပ်တန့်ခဲ့သည်။
နောက်တော့သူများတွေ”ဟိုဆရာတော်ကကောင်းတယ်၊ ဒီဆရာတော်ကကောင်းတယ်”စသည်
ပြောပါများလာတော့တဖန်စိတ်ဝင်လာခဲ့မိပြန်တယ်။ ဒီလိုနဲ့ဘဲပဲဆရာတော်ဘုရားများရဲ့နည်းနာ
ဥပနိဿယတွေခံယူပြီးတရားဘာဝနာပြုလုပ်ခဲ့တယ်။ တရားတွေလည်းမပြတ်နာယူမှတ်သာခဲ့တာပေါ့။
ကျွန်ုပ်တို့ငယ်ငယ်ကလေးအရွယ်ကဆရာသမား၏အရိုက်ကိုခံခဲ့ရသလိုရိုက်ခံခဲ့ရတာများလာတော့
ထုံပေထုံပေဖြစ်ပြီးမနာတော့ဘူး။ ခုလည်းကျွန်တော့ကိုကျွန်တော်ဟိုဆရာတော်ကကောင်းတယ်ဆိုရင်
လည်းလုပ်လိုက်တာနာလိုက်တာပဲ။ ဒီဆရာတော်ကကောင်းတယ်ဆိုရင်လည်းလုပ်လိုက်တာနာလိုုက်-
တာပဲ။ ဒီလိုနဲ့တရားနာယူတာ(ဟိုဟာကောင်းနိုးနိုးဒီဟာကောင်းနိုးနိုး)စသည်မြည်းစမ်းတဲ့သဘောမျိုး
ဖြစ်နေတော့ဘာမှမထူခြားခဲ့ပြန်ဘူး။ ဒီတခါတော့နောက်မဆုတ်တော့ပဲထက်ကာထက်ကာလုပ်နေ
တော့တရားရဲ့သဘောသွားကိုသိသလိုဘာလိုလိုနဲ့ကျွန်တော့်ကိုကျွန်တော်ခက်ကြွားကြွား
ဖြစ်နေခဲ့သည်။ လူတွေတွေ့တိုင်းပြောပြချင်သည့်စိတ်ကအမြဲလိုလိုရောက်နေမိတယ်။
အမှန်တော့လူကိုသိစေချင်တာကခက်နည်းနည်းကျွန်တော့်ကိုကျွန်တော်မော်မော်ကြွားကြွား
ဖြစ်နေတာကခက်များများပါ။ ပုထုဇဉ်တွေရဲ့စိတ်တွေဟာဆန်းကြယ်တယ်ဆိုတာတကယ်မှန်ကန်
တာပဲအစမှာတော့တရားဆွေးနွေးတာပေါ့နောက်ပြောပါများလာတော့သိတယ်မဟုတ်လား
ပုထုဇဉ်ရဲ့စိတ်ကနိုးထလာခဲ့တယ်မခံချင်ဘူးလေကိုယ့်ကိုကြောတယ်ထင်လာခဲ့တာပေါ့။
ဒီကောင်ဆရာကြီးလုပ်တာပါလူကဖြင့်မတောက်တခေါက်ဖြင့်ဘာညာဘာညာစသည်ဖြင့်ပြောပြီး
တရားဆွေးနွေးပွဲကနေရန်ပွဲပြောင်းခဲ့တာပေါ့။
ဒီလိုဖြစ်နေတာတွေကိုကျွန်တော့်ကိုကျွန်တော်သတိမထားမိခဲ့ဘူးကိုယ့်ကိုတရားထူးရခဲ့သူပမာ
မာန်မာနတွေနဲ့လူတွေ့တိုင်းဆရာကြီးလုပ်ချင်တဲ့စိတ်ကထိန်းမရဖြစ်ခဲ့သည်။
ဖြစ်လည်းဖြစ်လောက်ပါပေတယ်၊ဘဝကရင့်ကျက်မှုများလာပြီလေ။ အမှန်တော့ဘဝကကြုံတွေ့ပါများ
လာတော့ကျွန်တော့်ကိုကျွန်တော်ခံနိုင်ရည်စိတ်တွေမွေးဖွားနိုင်ခဲ့တာကိုတရားအားထုတ်လို့ပဲထင်ကာ
စိတ်ကြီးဝင်ခဲ့မိတာပေါ့။ တရားအားထုတ်လို့အနည်းနှင့်အများတော့သက်ဆိုင်တယ်ဆိုပေမဲ့အကုန်လုံး
တော့မဟုတ်ခဲ့ပေ။ အင်မတန်မှကြောက်စရာကောင်းတဲ့လောဘ ဒေါသ မောဟတွေကကျွန်တော့်ကို
ကျွန်တော်ဟန်ချက်ညီညီနှင့်လိမ်နေတယ်ဆိုတာမသိခဲ့ပါ။ ကျွန်တော့်ကိုကျွန်တော်ဟုတ်လှပြီ၊
တက်လှပြီ၊ တော်လှပြီစသည်စိတ်ကြီးဝင်ကာယောင်ခြောက်ဆယ်ဖြစ်နေတာကိုတော့
မဆန်းစစ်မိပါပေ။ အမှန်တော့ကျွန်တော့်ကိုကျွန်တော်တကယ့်ယောင်ခြောက်ဆယ်မှယောင်ခြောက်
ဆယ်အစစ်ပါလေ။ ဟိုဟာကောင်းနိုးနိုး ဒီဟာကောင်းနိုးနိုးနဲ့လိုက်လုပ်ရင်းယောင်ခြောက်ဆယ်
ဖြစ်နေသောကျွန်တော်ပြောလို့လည်းနားမလည်ထုံထုံထိုင်းထိုင်းဖြစ်နေသောကျွန်တော်တနေ့မှာတော့
ဘဝကသင်ခန်းစာပြပြီလေ..။
မထင်မှတ်ပဲကိုယ့်ရဲ့ချစ်ဆုံးသူတွေဗုန်းဗုန်းဆိုသလိုသေခဲ့ပြီ၊ ကျွန်တော်ကိုယ်ကျွန်တော်ကလည်း
ကျန်းမာရေးချိုတဲ့နေတဲ့သူဘဝရောက်ခဲ့ရပြီပေါ့။ ဒါတင်မကသေးဘဲဆက်တိုက်ဆိုသလိုအိမ်သားတွေ
နဲ့ရန်ဖြစ်စီးပွားရေးတွေထိုးကျမထင်မှတ်ပဲဖြစ်တက်သောအရာဝတ္ထုတွေကဆက်တိုက်ဖြစ်နေခဲ့သည်။
နောက်ဆုံးကြံရာမရဖြစ်ကာကျွန်တော်ကိုယ်ကျွန်တော်လူ့လောကကြီးထဲမှာမနေရဲလောက်အောင်
ဆိုးရွားစွားဖြစ်ခဲ့သည်။
အဲဒီအချိန်မှာတော့အရင်ကမော်မော်ကြွားကြွားနေခဲ့သောတရာသမားကြီး မိမိကိုယ်ကိုဟုတ်လှပြီ၊
တက်လှပြီ၊ တော်လှပြီဟုသက်မှတ်ခဲ့သောတရားသမားကြီးဘဝကသင်ခန်းစာဖြင့်ဒုက္ခလှလှလေးတွေ
တစ်ခုပြီးတစ်ခုချေချွတ်နေတာကိုမြင်ရင်ဘေးကပွဲကြည့်ပရိသတ်အနေနဲ့ဘယ်လောက်ဟားတိုက်ရယ်မောလိမ့်မည်မသိ။ တကယ်တော့ပွဲကြည့်ပရိသတ်တွေကမရယ်မောခဲ့ကြပါဘူး။ ကောင်းခဲ့ကြပါတယ်။
ဖေးမသူ အားပေးသူစသည်နဲ့ပေါ့။ တခဲနက်ဆိုသလိုဝိုင်းဝန်းကြတော့ငြိမ်းတော့မည့်ဆဲဆဲလောင်စာဆီ
ထည့်လိုက်တော့ ဟုန်းကနဲ မီးတောက်ကြီးတစ်ခုလင်းလာလိုက်တာဝမ်းသာကြတာများဘယ်လိုမှပြော
ပြလို့ကိုမရဖြစ်ခဲ့မိသည်။
ကျွန်တော်ဘဝဆီမီးတိုင်ကလေးငြိမ်းတော့မည့်ဆဲဆဲမှာလောင်စာဆီအဖြစ်ပစ္စည်းနှင့်တမျိုး အားပေးမှု
နဲ့တဖုံကူညီခဲ့ကြပြီး အဲဒီအထဲကမှကျွန်တော်ကိုအမှန်ဖြစ်စေသည့်တခွန်းကတော့
”မင်းဘဝကိုအရင်မင်းရှာထားတဲ့တရားတွေနဲ့ချိန်ထိုကြည့်”တဲ့
ဟုတ်လိုက်လေဖြစ်ခြင်းအဲသည်ကြမှကိုယ်ဘဝကိုပြန်လည်သုံးသတ်မိတာ
ကုန်ဆုံးတဲ့အချိန်တွေနှမြှောမိလိုက်တာများရင်ထဲထိလိုက်လိုက်မောနေတာပေါ့။
ကိုယ်ဘဝဒုက္ခတွေ သုခတွေပြန်လည်သုံးသတ်လာလိုက်တာတနေ့မှာတော့”ချက်”ဆိုသလို
အလင်းတန်းတစ်ခုကအသိဉာဏ်ထဲကိုဝင်လာခဲ့ပြီ။ အဲဒါဘာလဲဆိုရင်
”ငါဟာတရားတော်တွေကိုလိုက်ရှာနေတာပဲ၊ တရား ကိုရှာနေတာမှမဟုတ်တာ”အသိလေးတစ်ခုပေါ့။
အင်မတန်အဖိုးတန်တဲ့အသိလေးပါ။
အရင်တရားတော်တွေရှာတုန်းကဆရာတော်ဘုရားများရဲ့စကားတော်တွေဟာလည်းခုမှနားလည်
သဘောပေါက်ပြီးတရားအရသာကိုချိုမြိန်စွာခံစားရပြီပေါ့။အမှန်တော့”တရားနောက်ကိုလိုက်ရှာမနေဘဲ”တရားလုပ်နေသူအဖို့နေ့စဉ်ဖြစ် ပျက် နေတာတွေကတရားချည်းပါပဲလို့သိရုံပါ။ မိမိတို့ရဲ့ခန္ဓာ
အစိတ်ပိုင်းအပါဝင်အားလုံးဟာရှာတက်ရင်တရားရဲ့သဘောသဘာဝတွေပါပဲ။ တရားကိုလိုက်ရှာနေ
သမျှကာလပတ်လုံးဘယ်အခါမှတွေ့လိမ့်မည်မထင်ပါ။ တရာတော်တွေကိုသာတွေ့လိမ့်မည်။
ရှာလေဝေးလေဖြစ်နေလိမ့်မည်၊ကျွန်တော်ပြောခဲ့သလိုသုံးဂဏန်းနှင့်လေးဂဏန်းတွေလိုကျောခြင်း
ကပ်ပြီးရှာနေသလိုဖြစ်နေပါလိမ့်မည်။ တရားတော်တွေကိုထိုက်သင့်သလောက်တော့ရှာပါ။ သို့ပေမဲ့
အမြဲတမ်းတော့မရှာစေချင်ပါဘူး၊ အမြဲတမ်းရှာရမှာက”တရား”ပါပဲ။
ဆရာတော်ဘုရားများရဲ့ဟောကြားညွန်ပြချက်တွေကနည်းဥပနိဿယတွေကသာကွဲလွဲနေတာပါ။
အားလုံးရဲ့ရည်ရွယ်ချက်တွေချုံလိုက်ရင်တော့”နိဗ္ဗာန်နောက်ဖို့၊ ဘဝမှထွက်မြှောက်ဖို့”ဆိုတဲ့
ရည်ရွယ်ချက်တစ်ခုတည်းပါပဲ။ အမှန်တော့ကျွန်တော်တို့ခရီးတစ်ခုသွားတဲ့အခါ ကားနဲ့သွားမှာလား
လေယာဉ်နှင့်သွားမှာလား ဆိုင်ကယ်နှင့် သဘောင်္နှင့် စသည်အမြန်ရောက်တာ၊
သက်သာလွယ်ကူစေတာ၊ နူးညံ့တာ ရွေးချယ်ပြီးသွားဖို့ပါပဲ။ ဘယ်အရာနဲ့ပဲသွားသွားတနေ့နေ့တော့
ရောက်မှာပါပဲမဟုတ်လား၊ သွားနေဖို့သာအဓိကပါ။
ထို့အတူဘယ်ဆရာတော်ကကောင်းတယ်၊ ဘယ်တရားကကောင်းတယ်စသည်
ကျွန်တော်လိုယောင်ခြောက်ဆယ်မလုပ်ပဲ၊မိမိနှင့်သင့်လျှော်လျှောက်ပတ်သောဆရာသမားတို့ရဲ့
နည်းနာဥပနိဿယကိုယူပြီး”တရား”ကိုရှာနေဖို့သာအဓိကအရေးကြီးကြောင်းစာရေးသူ
“ယောင်ခြောက်ဆယ်ကျွန်တော်နှင့်ဝိပဿနာကိုရေးသာလိုက်ရပါသည်…………..။
မေတ္တာမွန်ဖြင့်….
ဇွဲမာန်(အင်းဝ)
8 comments
poeaung6
January 28, 2012 at 10:50 am
ဟုတ်တယ်ဗျာ ဘုရားရှင်က သူ့သာဝကနဲ့သူ လို့ဆိုထားတော့ စိတ်ဓာတ်မကျဖို့ပဲလိုတယ် တနေ့တွေမှာပါ
ကိုသစ္စာ
January 28, 2012 at 2:40 pm
မြတ်စွာဘုရားလက်ထက်တော်တုန်းကလည်း ဥပတိဿနဲ့ ကောလိယဆိုတဲ့ သူနှစ်ဦးလည်း အဲဒီလိုပဲ သိဉ္ဖည်းဆရာတို့၊ နိကဏ္ဍတို့ပြတဲ့ တရားစခန်းတွေ လိုက်ဝင်ပြီး (ပရမတ်)ရုပ်၊ နာမ်တရား (ယနေ့ခေတ် ဝိပဿနာ)တွေနဲ့ အချိန်တွေကုန် ယောင်ခြောက်ဆယ် ဖြစ်ခဲ့ဘူးတယ်။
နောက်မှ ဗုဒ္ဓရဲ့တပည့် ရှင်အဿဇိနဲ့တွေ့ပြီး ယေဓမ္မာ – – – စတဲ့ လူ့အမှုငြိမ်းစေတဲ့ အရိယသစ္စာတရားကို နာပြီး သိခွင့်ရမှပဲ ယောင်ခြောက်ဆယ် ဘဝက လွတ်သွားတော့တယ်။
တကယ်ကတော့ လူတွေငြိမ်းအေးစေဖို့အတွက် ဝိပဿနာအာရုံအနေနဲ့ ရှုရမယ့်တရားက သင်္ခါရလို့ ဆိုရတဲ့ ပစ္စုပ္ပန်ကံတွေပဲဖြစ်ပါတယ်။
ဒါ့ကြောင့် ဗုဒ္ဓဘုရား၏ စစ်မှန်သော အရိယသစ္စာကို ပိုင်းခြားသိပါမှ ဝိစိကိစ္ဆာများလှတဲ့ ယောင်ခြောက်ဆယ် ဘဝကလွတ်မှာဖြစ်သည့်အတွက် အရိယသစ္စာကို လေ့လာနိုင်ဖို့ အရိယသစ္စာဆိုတဲ့
http://www.ariyathitsa.org/html/home_3.html
Link လေးတစ်ခု ညွှန်လိုက်ပါတယ်။
True Answer
January 30, 2012 at 7:56 am
“နောက်မှ ဗုဒ္ဓရဲ့တပည့် ရှင်အဿဇိနဲ့တွေ့ပြီး ယေဓမ္မာ – – – စတဲ့ လူ့အမှုငြိမ်းစေတဲ့ အရိယသစ္စာတရားကို နာပြီး သိခွင့်ရမှပဲ ယောင်ခြောက်ဆယ် ဘဝက လွတ်သွားတော့တယ်။“
ရှင်အဿဇိနဲ့တွေ့ပြီး ယေဓမ္မာ– တရားဆိုတာ အကြောင်းအကျိုးဖြစ်စဉ် တရားလေကွာ။
အကြောင်းအကျိုး မှာ အတိတ်၊ ပစ္စုပ္ပါန်၊ အနာဂတ် ဆိုတာ ရှိတယ်။ သတ္တဝါ အနန္တ နဲ့ သက်ဆိုင်တယ်။
မင်းတို့လို သေရင်ပြီးရော၊ ပစ္စုပ္ပါန်တစ်ခုတည်း မဟုတ်ဘူးလေကွာ။
မင်းတို့နားလည်တဲ့ လူ့အမှုရေးလေးတင်မကဘူး။ universal truth ဖြစ်တယ်။
မင်းတို့ ထင်ယောင်ထင်မှား နဲ့ ပုံမှားရိုက်ပြန်ပါပြီကော။
မုသာဝါဒ အပါအဝင် ဂရုဓမ္မ(ငါးပါးသီလ)ကိုတောင် မှန်မှန်ကန်ကန် မယူနိုင်ဘဲနဲ့ တကယ့် အရိယသစ္စာတရားနဲ့ မင်းတို့ နားလည်တဲ့ အရိယသစ္စာတရား ဆိုတာ မိုးနဲ့မြေလိုဖြစ်နေတယ်။
ဇွဲမာန်(အင်းဝ)
January 28, 2012 at 8:07 pm
ဟုတ်ကဲ့…..
အားလုံးယောင်ခြောက်ဆယ်ဘဝမှကင်းလွတ်ကြပါစေ…။
ကိုပေါက်(မန္တလေး)
January 28, 2012 at 10:32 pm
ကျနာ်ကတော့ ခြောက်ဆယ်လုပ်စရာ ယောင်ကို မရှိသေးတာဗျာ။
naywoonni
January 29, 2012 at 7:01 pm
ယောင်မရှိရင် ကိုရီးယားကားထဲကလို အတုတပ်လိုက်ပါ့လား …။ ယောင်တုလေးနဲ့ ကိုပေါက်လှနေမှာ ဒါမှ…………….
ဇွဲမာန်(အင်းဝ)
January 29, 2012 at 10:04 pm
အတုကဈေးကြီးနေလို့တဲ့ဗျ…။
padonmar
January 30, 2012 at 1:43 am
ဇွဲမာန်ရေ
ကျွန်မတို့လည်း ယောင်နေကြတုန်းပါပဲ။
ငါဘာမှ မဟုတ်သေးပါလားလို့
ကိုယ့်ကိုကိုယ်သိရင် လမ်းမှန်ရောက်ဖို့ နီးပြီလို့ထင်ပါတယ်။
မာန မခံတော့ဘူးပေါ့။