ဆင်းရဲသော အိမ်နီးနားချင်းများ (ဝင်ရောက်ဆွေးနွေးခြင်း)
(ဒီပို့စ်မှာရေးချင်တဲ့ ဆင်းရဲခြင်းဆိုတာ ရုပ်ပိုင်းဆိုင်ရာကို ဆိုလိုခြင်းဖြစ်ပါတယ်။ )
ကျွန်မသည် ဆင်းရဲသားများနှင့် နှစ်ရှည်လများတစ်ရပ်ကွက်ထဲတွင် အတူနေထိုင်ခဲ့ရပါသည်။ ကျွန်မကိုယ်တိုင် မချမ်းသာသော်လည်း သူတို့နဲ့ယှဉ်လိုက်ရင်တော့ ကျွန်မက သူဌေးတစ်ယောက်လို့ သူတို့က သတ်မှတ်ပါလိမ့်မည်။ ကျွန်မက ဆင်းရဲသားလို့သတ်မှတ်လိုက်တဲ့သူများကတော့ အစိုးရပိုင် စက်ရုံတစ်ရုံမှာ အလုပ်လုပ်ကြသော၊ သာမာန်အဆင့် အမှုထမ်းများနေထိုင်သော၊ စက်ရုံမှပေးသော၊ လိုင်းခန်းဟုခေါ်ထွင်သော၊ အဆင့်အတန်းအတော်အတန်မြင့်သော၊ ၆ ထပ်တိုက်ခန်းများတွင်နေထိုင်ကြသော အမှုထမ်းဝန်ထမ်းအိမ်ရာများမှ အမှုထမ်းမိသားစုများဖြစ်ပါသည်။ စုစုပေါင်းတိုက်ခန်းပေါင်း ၃၀ဝ နီးပါးနဲ့ အိမ်ထောင်စုပေါင်း ၅၀ဝ နီးပါးလောက်နေထိုင်ကြသော ခြံဝင်းကြီးအတွင်းမှ မြေညီထပ်အခန်းတစ်ခန်းတွင် ကျွန်မနေထိုင်ခဲ့ပါသည်။ မကြားချင် မမြင်ချင်မှအဆုံး အားလုံးကို သိနေရသည့်ကျွန်မအတွက် ဆင်းရဲခြင်းဆိုတာ ဒီလိုပါလားလို့ နားလည်ခဲ့ရသည့် အချိန်ကာလများဖြစ်ပါသည်။
မနက်မိုးမလင်းခင်ကထဲက အောက်ဆုံးထပ်ကနေ အပေါ်က ၅ ထပ်စလုံးကို အဆဲနဲ့စတင်ပြီး အတင်းတုတ်ခြင်းနဲ့အဆုံးသတ်ကာ မိုးချုပ်ကြသည်က သူတို့၏ နိစ္စဓူဝလုပ်ငန်းများဖြစ်ပါသည်။ ကလေးထုတ်သည့်စက်ရှိသည့်အလား မွေးထားလိုက်ကြသည့်ကလေးများကလဲ ဘောလုံးကွင်းတစ်ကွင်းစာလောက်ရှိသည်။ ကျွန်မအပါအဝင်သူတို့အားလုံးနေထိုင်ကြရသည့် တိုက်ခန်းအားလုံး အတူတူပင်ဖြစ်သည်။ အိပ်ခန်း ၂ ခန်း၊ ဧည့်ခန်းတစ်ခန်း၊ မီးဖိုချောင်တစ်ခု၊ ရေချိုခန်းတစ်ခန်းနှင့် အိမ်သာတစ်လုံးပါသည်။ စက်ရုံဝန်ထမ်းများဖြစ်သည့်အတွက် အိုဗာတိုင်းကြေးမှလွဲလျှင် အပိုဝင်ငွေလုံးဝမရှိကြသဖြင့် သူတို့နေခွင့်ရသည့် တိုက်ခန်းအတွင်းမှ အိပ်ခန်းများကို ငှားစားကြရသည်။ ယနေ့ပေါက်ဈေးဆိုလျှင် အိပ်ခန်းတစ်ခန်းကိုတစ်လ ၃ သောင်းလောက်ရသည်။ တစ်ချို့က တစ်ခန်းထဲမှာ အားလုံးစုနေပြီး ပိုနေတဲ့တစ်ခန်းကို ငှားစားသည်။ တစ်ချို့ကတော့ ဧည့်ခန်းထဲမှာ အားလုံးထွက်နေပြီး အိပ်ခန်း ၂ ခန်းစလုံးကို ငှားစားကြပါသည်။ သန်းခေါင်စာရင်း သေချာစစ်ကြည့်လျှင် တိုက်ခန်းတစ်ခန်းတွင်နေထိုင်သူ ၁ဝ ယောက်ထက် နဲမည်မဟုတ်ပေ။ အခန်းနှင့် လူဦးရေမမျှသဖြင့် အလုပ်မရှိသူအိမ်ရှင်မများနှင့်ကလေးများအားလုံး အောက်ထပ်ဆင်းကာ ကစားနေကြ၊ အတင်းပြောကြနှင့် ပျော်သလိုနေထိုင်ကြပါသည်။ သူတို့ကား မိုးလုံလေလုံ တိုက်ခန်းအကောင်းဖြင့်နေကြရသော်လည်း အနေဆင်းရဲကြပေသည်။
စက်ရုံဝန်ထမ်းတစ်ယောက်၏လစာသည် အိုဗာတိုင်းကြေးပါလျှင်တောင်မှ ၈ သောင်းကျပ်ထက် ကျော်မည်မဟုတ်ပါ။ ကလေးတွေအများကြီးနှင့် မိန်းမလုပ်သူက အရာရှိအိမ်တွေလိုက်ပြီး အဝတ်လျှော်၊ သန့်ရှင်းရေးလုပ်ပြီး ဝင်ငွေရှာကြရသည်။ မြေညီထပ်မှာနေသူတွေက အိမ်ဆိုင်ကလေးတွေဖွင့်၊ အိမ်ရှေ့အကြော်ထွက်ရောင်း၊ မုန့်တီထွက်ရောင်းနှင့် အပိုဝင်ငွေရှာကြရသည်။ ဖြတ်လမ်းနည်းလိုက်ပြီး ချဲထိုး၊ နှစ်လုံးထိုးသူတွေကလဲ ဒုနဲ့ဒေး၊ အကြွေးသံသရာနဲ့ အော်ဟစ်သောင်းကျန်း ရန်ဖြစ်နေကြတာက နေ့စဉ်ပုံမှန် တေးသံသာတစ်ခုလို နားယဉ်နေခဲ့ပါသည်။
ကျွန်မသည် အဲဒီလိုပတ်ဝန်းကျင်မှာနေထိုင်းရင်း သူတို့အတွက် တစ်ခုခုလုပ်ပေးချင်လာခဲ့ပါသည်။ ဘာလုပ်နိုင်မလဲလို့ အကြိမ်ကြိမ်စဉ်းစားပြီးနောက် ကလေးတွေကို တတ်နိုင်သလောက် စာသင်ပေးမည်ဟု ဆုံးဖြတ်လိုက်ပါသည်။ လုံးဝပိုက်ဆံမယူပဲအလကားဆိုလျှင် ကျွန်မအခန်းတောင်လျှံသွားမှာစိုးရိမ်သည့်အတွက် အလွန်နဲသည့် ကျူရှင်လစာသတ်မှတ်ပြီး သူငယ်တန်းကနေ နဝမတန်းအထိ စာသင်ပေးမည်ဟု ကြေညာလိုက်ပါသည်။ ကျွန်မနှင့်အတူ နောက်ထပ် ၃ ယောက်ကလဲ ဆရာအင်အားဖြည့်တင်းပေးရန် သဘောတူခဲ့ပါသည်။ ကျွန်မစိတ်ထဲထင်မိတာက ကလေးတွေအများကြီး ကျောင်းလာတက်ကြလိမ့်မည်ဟု … တကယ်တမ်း ကျောင်းလာအပ်တာက သူငယ်တန်းကနေ နဝမတန်းအထိ အားလုံးပေါင်းရင်တောင် အယောက် ၂ဝ မပြည့်တပြည့်။ ပိုက်ဆံတစ်ထောင်တောင်မှ မတတ်နိုင်အောင် ဆင်းရဲကြပါသည်။
ပထမစစချင်းလမှာ ကလေးတွေလဲတက်တက်ကြွကြွ၊ ကျွန်မတို့ဆရာမတွေလဲ တက်တက်ကြွကြွနဲ့ စားပွဲကုလားထိုင်နဲ့ whiteboard ဖိုးနဲ့ သူငယ်တန်းကနေ နဝမတန်းအထိ ဖတ်စာအုပ်ဖိုးတောင် တော်တော်အရင်းအနှီးပြုခဲ့ရပါသေးသည်။ တစ်လပြည့်ပြီး လကုန်တော့ လစာပေးရန် ခက်ခဲလာကြသည်။ လာတောင်းပန်တဲ့မိဘတွေရှိသလို မသိချင်ယောင်ဆောင်နေတဲ့မိဘများလဲရှိကြသည်။ ကျွန်မတို့ကတော့ အားတွေတော်တော်ကုန်နေပြီ။ စာအလွန်ညံ့သည့်ကလေးများကို ပထမဆုံးအကြိမ်တွေ့ဖူးခြင်းဖြစ်ပါသည်။ နည်းမျိုးစုံနဲ့ကြိုးစားပြီးသင်ပေးခဲ့ပါသည်။ တစ်နေ့ကို အတန်းတစ်တန်းအတွက် ၂ နာရီသတ်မှတ်ထားခဲ့သော်လည်း အချိန်အကန့်အသတ်မရှိ ညမိုးချုပ်သည်အထိ ကြိုးစားသင်ပေးခဲ့ပါသည်။ သို့သော်လည်း တိုးတက်မှုက သိပ်မရှိခဲ့ပါ။ စာအုပ်၊ ဘောလ်ပင်၊ ခဲတံနှင့် နဲနဲကြီးသည့်ကလေးကို အကျီကအစ လွယ်အိပ်အဆုံး အမြင်မတော်လို့ ဝယ်ပေးခဲ့ရတာတွေလဲ ရှိခဲ့ပါသည်။
သိပ်ညံ့လွန်းတဲ့ ၈ တန်းကျောင်းသားကလေးကို မေးကြည့်မိတယ်။ မင်းဒီလောက်ညံ့တာ ဘယ်လို ၈ တန်းအထိ ရောက်လာတာလဲလို့ပေါ့။ အဲဒီအချိန်တုန်းက တန်းလုံးကျွတ်မအောင်မနေရစနစ်မို့ အောင်ခဲ့တာပါတဲ့။ စာကဘာလို့ဒီလောက်တောင် ညံ့ရတာလဲဆိုတော့ ကျောင်းမတက်ပဲ အတန်းအောင်ခဲ့လို့ပါတဲ့။ တကယ့်ကို အံ့ဩစရာပဲ။ ဘာလို့ကျောင်းမတက်တာလဲမေးမိတော့ … ကျွန်တော်တို့အိမ်က အရမ်းဆင်းရဲတယ် … စားစရာတောင်မရှိလို့ အဘွားက သူ့ကို ရထားဘူတာမှာ ငုံးဥပြုတ်ရောင်းခိုင်းပါတယ်တဲ့။ နေ့တိုင်း ငုံးဥသွားရောင်းနေရတာနဲ့ ကျောင်းမှန်မှန်မတက်နိုင်ခဲ့တာ မူလတန်းအရွယ်လောက်ကထဲကပါတဲ့။ ကျွန်မဘာမှ ပြန်မပြောနိုင်ခဲ့ပါဘူး။ သူ့အတွက် ဘာလုပ်ပေးနိုင်မလဲလို့ စဉ်းစားခဲ့တာ ၄ လ ကြာသွားခဲ့ပါတယ်။
ကလေးကို ကျောင်းပုံမှန်တက်နိုင်ဖို့ သူစီးပွားရှာနိုင်နေတဲ့ငွေပမာဏကို ကျွန်မ မပေးနိုင်ပါ။ ဇွတ်အတင်းကျောင်းတက်ရမည်ဟု အမိန့်ပေးနိုင်တဲ့အာဏာလဲ ကျွန်မမှာမရှိပါ။ ကလေးအမေကိုကြည့်လိုက်တော့လဲ ပိန်ခြောက်ခြောက်နဲ့ ကျန်းမာရေးမကောင်းသည့်ပုံစံမို့ ဘာမှမပြောချင်တော့ပါ။ ကလေးရဲ့ဦးနှောက်အခြေအနေက တော်တော်ထုံထိုင်းနေပြီမို့ စာလဲဘယ်လိုမှသင်လို့မရတော့ပါ။
နောက်ထပ်ကောင်လေးတစ်ယောက်က ၄ တန်းအရွယ်ပဲ ရှိပါသေးသည်။ ညနေဘက် သူ့အဖေနဲ့အတူ အမှိုက်လှည်းလိုက်သိမ်းရပါသည်။ ကလေးအဖေက စက်ရုံမှသန့်ရှင်းရေးဝန်ထမ်းဖြစ်ပြီး ကလေး ၅ ယောက်ရှိပါသည်။ ကျွန်မတို့အိမ်ယာမှ အမှိုက်ပစ်နည်းက ညနေ ၆ နာရီမှ ၈ နာရီထိ နေရာတစ်နေရာသတ်မှတ်ပေးထားပြီး လာပုံသမျှအမှိုက်များကို လှည်းကလေးတစ်စီးဖြင့်ကောက်တင်ကာ အမှိုက်ပုံကြီးရှိရာကို သွားပို့ရသည့်အလုပ်ကို ကလေးအဖေမှ တာဝန်ယူရပါသည်။ ညနေ ၆ နာရီထိုးတာနဲ့ ကလေးက အမှိုက်ထဲမှ ရောင်းစားလို့ရတဲ့ ပလက်စတစ်လိုဟာတွေရွေး၊ အဖေနဲ့အတူ လှည်းတွန်းပေးနဲ့ အရွယ်နဲ့မလိုက်အောင် အလုပ်လုပ်ရပါသည်။ ကလေးကို စာကျက်ပါလို့ ဘယ်လိုပြောရမလဲ … သူ့ကို ဘယ်လိုနည်းနဲ့ ကူညီပေးရမလဲ … ကျွန်မကူညီပေးနိုင်တာက တစ်နည်းထဲပဲရှိပါတယ် … တစ်ရက်ခြားလောက် ကျွန်မအိမ်က အမှိုက်တွေကို အဲဒီကလေးကို ပစ်ပေးပါလို့ပြောပြီး မုန့်ဖိုးပေးပါတယ် … သူ့လုပ်အားနဲ့သူရတဲ့ ကျွန်မအတွက်လည်း အနဲငယ်သောပိုက်ဆံနဲ့ သူ့ကိုကူညီပေးခြင်းပါပဲ … ကျူရှင်လခမယူပဲ နေ့တိုင်းစာလာသင်ရမယ်လို့ပြောရပေမယ့် စာဘက်မှာ ဘယ်လိုမှ မထူးချွန်ပါ။
ကျွန်မတို့လဲ ကိုယ်စမိတဲ့ဇာတ်လမ်းကို ဆုံးအောင်လုပ်မည်ဟုဆုံးဖြတ်ပြီး အတန်းတင်စာမေးပွဲပြီးသည်အထိ ကြိုးစားပြီးသင်ပေးခဲ့ပါတယ်။ စေတနာအပြည့်ထားမိခြင်းကြောင့် ခံစားရတာက ဒေါသဖြစ်ပါတယ်။ ကြိမ်လုံးတစ်ချောင်းနဲ့ ရိုက်မိသည်အထိ ဒေါသထွက်ရတာမို့ ကျွန်မလဲ မခံနိုင်တော့တာနဲ့ စာသင်းခြင်းအလုပ် တစ်နှစ်ထဲနဲ့ အဆုံးသတ်သွားခဲ့ပါတယ်။
တခြားကလေးတွေက သူတို့လေးတွေလောက် အခြေအနေမဆိုးကြပေမယ့် တူညီတာကတော့ အာဟာရပြည့်ဝမှုမရှိကြပါဘူး။ ပိန်ပိန်လှီလှီကလေးတွေများပါတယ်။ ကျွန်မသူတို့တွေအကြောင်း စသိကာစက မိဘတွေကို အပြစ်တင်ခဲ့မိပါတယ်။ ကြာလာတေ့ မိဘတွေကိုပါ အပြစ်မတင်နိုင်တော့ပါ။ သူတို့မှာလဲ ဒုက္ခများလိုက်ကြတာ … သူတို့တတ်နိုင်သလောက် သားသမီးများကို ရှာကျွေးနေကြတာ မျက်မြင်ပါပဲ။ ကျွန်မက စိုးရိမ်တတ်သူတစ်ဦးဖြစ်ပါတယ်။ အလုပ်တစ်ခုကိုစဉ်စားရင် plan B အမြဲထားတတ်တယ်။ ကျွန်မ၏ အိမ်နီးနားချင်းများကိုကြည့်ရတာ မည်သူမှ plan B မရှိပါ။ နေ့စဉ်ကြုံနေရတဲ့ အခက်အခဲကို နေ့စဉ်ဖြေရှင်းလိုက်တဲ့နည်းနဲ့ နေ့ရက်တွေကို ကျော်ဖြတ်နေကြပါတယ်။ ကျန်းမာရေးမကောင်းခဲ့ရင် … မတော်တဆဝန်ထမ်းကိုယ်တိုင်သေသွားခဲ့ရင် … သူတို့ဘဝကို ကျွန်မဆက်မတွေးရဲတော့ပါ …
ကျွန်မ၏အိမ်နီးနားချင်းများ၏ဘဝများသည် ကျွန်မတို့နိုင်ငံ၏ ရာခိုင်နှုန်းတော်တော်များများကို ကိုယ်စားပြုနိုင်လိမ့်မည်ဟု တွေးမိသည်နှင့်အမျှ နေ့စဉ်နေ့တိုင်း ကျွန်မကတော့ သူတို့ကိုကြည့်ပြီး ရင်လေးမိသလောက် သူတို့ကတော့ ကစားမပျက်၊ အတင်းပြောမပျက်၊ အပြုံးမပျက် ……
############################
တွေ ့လိုက်ရတဲ ့ပို ့စ် ၁ပုဒ်မှာ အမြင်မတူလို ့တင်ပြချင်လို ့ရေးလိုက်တာပါ။ ပုဂ္ဂိုလ်ရေးရာ ထိခိုက်အောင်ရေးခြင်းမျိုးမဟုတ်ပဲဝင်ရောက်ဆွေးနွေးခြင်း သာ ဖြစ်ပါသည် ။ နောက်တစ်ခုက မြန်မာနိုင်ငံရဲ့ ၁%နှုန်းတောင် မရှိတဲ့နေရာတဲ့နေရာလေးမှာဖြစ်နေတာကို တနိုင်ငံလုံးဖြစ်နေတဲ့ပုံစံမျိုးလို ဖြစ်နေလို့ပါ ။ ဝင်ရောက်ဆွေးနွေးမှုမျိုးကို ကြိုဆိုပါတယ် ။
ကျွန်မ၏အိမ်နီးနားချင်းများ၏ဘဝများသည် ကျွန်မတို့နိုင်ငံ၏ ရာခိုင်နှုန်းတော်တော်များများကို ကိုယ်စားပြုနိုင်လိမ့်မည်ဟု တွေးမိလျှင် ?????
စုစုပေါင်းတိုက်ခန်းပေါင်း ၃၀ဝ နီးပါးနဲ့ အိမ်ထောင်စုပေါင်း ၅၀ဝ နီးပါးလောက်နေထိုင်ကြသော ခြံဝင်းအကြီးကြီးဟာ မြန်မာနိုင်ငံကိုရာခိုင်နှုန်းတော်တော်များများကိုယ်စားမပြုနိုင်ပါဘူး။ဆရာတို ့ နိုင်ငံရဲ ့ ၁%တောင်ကိုယ်စားမပြုပါဘူး။
ကျွန်မက ဆင်းရဲသားလို့သတ်မှတ်လိုက်တဲ့သူများကတော့ အစိုးရပိုင် စက်ရုံတစ်ရုံမှာ အလုပ်လုပ်ကြသော၊ သာမာန်အဆင့် အမှုထမ်းများနေထိုင်သော၊ စက်ရုံမှပေးသော၊ လိုင်းခန်းဟုခေါ်ထွင်သော၊ အဆင့်အတန်းအတော်အတန်မြင့်သော၊ ၆ ထပ်တိုက်ခန်းများတွင်နေထိုင်ကြသော အမှုထမ်းဝန်ထမ်းအိမ်ရာများမှ အမှုထမ်းမိသားစုများဖြစ်ပါသည်။ သာမာန်အဆင့်ဆိုတိုင်း ဆင်းရဲတယ်လို ့မဆိုနိင်ပါဘူး။ဆရာ့ဆေးကျောင်းက စာသင်ခန်းတံခါးဖွင့်ပေးတဲ ့ဝန်ထမ်းဆိုရင် သူ ့မိသားစုဆို ကန်တင်းကဆိုင်လည်းရှိတယ် ဟန်းဖုန်းတွေလည်းရှိတယ်။၁ရက်၁ရက်ဆိုင်ကရတဲ ့ဝင်ငွေလည်းအများကြီးပဲ။ ဆရာတို ့ရော။ကျောင်းသားတွေပါ နေ ့တိုင်းနီးပါး သွားပေးနေရတာပဲ။ထမင်းစားလို ့နော်။ ကျောင်းမှာ အောက်ဆိုဒ်မရှိဘူး။ကျောင်းကလိုင်းခန်းဆိုရင် မြေညီထပ်ပဲရှိတာ။ဆေးရုံကသန် ့ရှင်းရေးဝန်ထမ်းဆိုပြီး သွားအထင်မသေးနဲ ့။ရာထူးကေအောက်ဆုံးအဆင့်နော်။ ဆရာတို ့လစာထက်တောင်ပိုရသေးတယ်။ဝေတို ့လာရင်တောင် သူ ့တို ့ကပြန်တောင်ကြည့်နေအုံးမှာ။ပိုက်ဆံရှိရဲ ့လားဆိုပြီး။သူတို ့လုပ်ရတာကကြမ်းတိုက်တာပေါ့။ဒါပေမယ့် အတော်ခိုင်နေတယ် ။ ကိုယ့်အမြင်နဲ့တော့ သနားစရာကောင်းနေပေမယ့် သူ့အရပ်နဲ့သူဇာတ်လူမသိ သူမသိ ချွေတာနေတဲ့ မိသားစုတွေ အများကြီးရှိပါသေးတယ် ။
အဆဲနဲ့အတင်းတုတ်တာကတော့ ဆင်းရဲသားတိုင်းလုပ်တာမဟုတ်ပါဘူး။ ဆင်းရဲသားတင်မကပါဘူး ချမ်းသာတဲ့ လူတွေထဲမှာလည်း မိုးမွှန်အောင် ဆဲတတ်သူတွေ အများကြီးရှိပါသေးတယ် ။ ဆဲတယ်ဆိုတာကတော့ ဝါသနာ၊ အမူအကျင့်၊စရိုက်တွေနဲ ့ပတ်ဝန်းကျင်ကြောင့်လို ့ထင်တာပဲ။ ပတ်ဝန်းကျင်ဆိုတာကတော့ ဆဲဖော်ဆဲဖက်တွေများနေတာမျိုးကို ဆိုလိုပါတယ် ။ ဝေ တို ့ဆီမှာ အဆဲနဲ့စတင်ပြီး အတင်းတုတ်ခြင်းနဲ့အဆုံးသတ်ပေမဲ ့ ဆရာတို ့ဝန်းကျင်မှာတော့ မနက်နိုးနိုးချင်း ကြားလိုက်ရတာက တရားခွေဖွင့်တဲ ့အသံ၊ မေတ္တာပို ့ဆုတောင်းသံ၊ ကြေးစည်သံတွေနဲ ့ပေါ့။ ညဘက် ပြန်ရောက်တော့လည်း တိတ်တိတ်ဆိတ်ဆိတ်ပါပဲ။ လက်ဖက်ရည်ဆိုင်တွေလည်း ဆူဆူညံညံ မရှိပါဘူး။အိပ်ချိန်ထိ ဒင်ဒင်ဒေါင်ဒေါင်တွေမလုပ်ပဲ အလိုက်တသိ သူ့စီးပွားရေးသူလုပ်ကြတယ် ။ ဆင်းရဲ ချမ်းသာတာထက် လူတစ်ဦးတစ်ယောက်ချင်းရဲ့ အသိစိတ်ဓါတ်ကွာတယ်လို့ပဲ ပြောရမှာပေါ့ ။
ဝေတို ့ဆီမှာမှ အိုဗာတိုင်းကြေးရှိတယ်၊ဆရာတို ့ဆေးကျောင်းရော၊ဆေးရုံမှာရော အိုဗာတိုင်းကြေး
မရှိဘူး။လိုရင်လိုသလို ဆင်းနေရတာပဲ။duty ရက်ဆိုရင် ၃၆ hours တောင်ဆင်းရတာ၊ အိုဗာတိုင်းကြေး ရရင်တော့ပွတာပဲ။ အိုဗာတိုင်းကြေးမရလို့ အလုပ်ပေါ်လျှော့လုပ်မယ်ဆိုတဲ့ စိတ်ကူးမျိုးလည်း မရှိကြပါဘူး ။ တာဝန်ရယ်လို့စိတ်ထဲဖြစ်လာလျှင် နေ့ညမရွေး လုပ်ကြတာချည်းပါပဲ ။
“ဘာလုပ်ပေးနိုင်မလဲလို့ စဉ်းစားခဲ့တာ ၄ လ ကြာသွားခဲ့ပါတယ်။”decision ၁ခုကို ဆရာတော့အဲလောက်အကြာကြီး consider မလုပ်ခဲ ့ဘူး။ ဆရာတို ့အလုပ်က ၁sec တောင် delay လုပ်လို ့ရတာမဟုတ်ဘူး။ဝေရဲ ့ 4 month consideration period ကတော့ တကယ့် strategic thinking ပါပဲ။
စေတနာအပြည့်ထားမိခြင်းကြောင့် ခံစားရတာက ဒေါသဖြစ်ပါတယ်။ ကြိမ်လုံးတစ်ချောင်းနဲ့ ရိုက်မိသည်အထိ ဒေါသထွက်ရတာမို့ ကျွန်မလဲ မခံနိုင်တော့တာနဲ့ စာသင်းခြင်းအလုပ် တစ်နှစ်ထဲနဲ့ အဆုံးသတ်သွားခဲ့ပါတယ်။ အရှင်ဇဝန ဟောတာ စေတနာ ထားရင် နောက်ဆက်တွဲ ခံစားချက် မပါရဘူးတဲ့။ပါရင် စေတနာ မဟုတ်ဘူးဆို ပြီး ဆရာတော်က ကိုယ်တွေ ့နဲ ့ဟောထားသေးတယ်။ဆရာကတော့ စေတနာနဲ ့လုပ်ရင် ပီတိပဲခံစားရတယ်။ လက် ရှိလည်းဆေးကျောင်းမှာ ဆရာလုပ်နေပါသေးတယ်။အချိန်တိုင်းတာ တစ်ခုထိ်တော့လုပ်နေဦးမှာပါပဲ ။ ကိုယ့်ပညာကို လက်ဆင့်ကမ်းတာပါ။
ပိုက်ဆံဆင်းရဲတဲ့ မိသားစုပေမယ့် စိတ်ချမ်းသာစွာနေနိုင်လျှင် ဆင်းရဲတယ်လို့ပြောလို့မရတော့ဘူးလေ ။ အနေဆင်းရဲ အစားဆင်းရဲကြပေမယ့် အသိပညာ၊ အတွေးခေါ်တွေ မဆင်းရဲတဲ့လူတွေ များစွာရှိနေပါသေးကြောင်း ဝင်ရောက်ဆွေးနွေးသွားပါတယ် ။
အပေါ်ကစာကတော့ ဝေဝေရဲ့ပို့စ်ကို အကြောင်းရာကိုသိအောင် ပြန်ကူးပြထားခြင်းသာဖြစ်ပါတယ် ။
42 comments
weiwei
January 28, 2012 at 5:48 pm
နားလည်မှု လွဲနေသလိုပဲ … ဘာပဲဖြစ်ဖြစ် သေသေချာချာဖတ်ပြီး ပြန်ဆွေးနွေးတာ ကျေးဇူးတင်ပါတယ် …
ကျွန်မတို့က အစိုးရဝန်ထမ်းမို့လို့ အဲဒီလိုဘဝမျိုးတွေ များလိမ့်မယ်လို့ ကိုယ်ချင်းစာစိတ်နဲ့ တကယ်သေချာမသိပဲ ရေးမိတယ်ထင်ပါတယ် … မှားနေတယ်ဆိုရင်တော့ တောင်းပန်ပါတယ် ..
ဒါပေမယ့် ကျွန်မနေတဲ့နေရာနဲ့ပတ်ဝန်းကျင်အကြောင်းကတော့ လုံးဝမမှားပါဘူး … အများစုကို ကိုယ်စားမပြုနိုင်ဘူးဆိုတာတော့ ဟုတ်ချင်ဟုတ်မှာပေါ့နော် …
weiwei
January 28, 2012 at 8:15 pm
AKKO က ကျွန်မကို အပြင်မှသိပြီး စနောက်နေကျမို့လို့ ရုတ်တရက်ကြောင်သွားမိတယ် …
ဘာပဲဖြစ်ဖြစ်ပေါ့လေ … ဆေးကျောင်းထဲကဆရာဝန်လောင်းတွေကိုစာသင်ရတဲ့ဆရာနဲ့ … ပညာမတတ်တဲ့သူတွေမှသာလုပ်တဲ့ စက်ရုံထဲက သန့်ရှင်းရေးဝန်ထမ်းနဲ့ သူတို့ကလေးတွေရဲ့ ဆရာမဆိုတာ နှိုင်းစရာမလိုလောက်အောင် နဂိုကထဲက ကွာခြားပြီးသားပါ …
ကျွန်မက ကျွန်မတပည့်လေးကို တစ်ခုခုလုပ်ပေးချင်စိတ်နဲ့ ၄ လ တိတိ မရပ်မနား စာသင်ပေးနေချိန်အတွင်း သူ့ဘဝရှေ့ရေးအတွက်လည်း စဉ်းစားပေးနေခဲ့ပါတယ် … အဲဒါဘာများမှားနေလို့လဲ … အရေးတကြီးဆုံးဖြတ်စရာမလိုတဲ့ကိစ္စတွေကို အချိန်ယူပြီးစဉ်းစားတာ သဘာဝကျတယ်ထင်ပါတယ် …
ကျွန်မစာသင်တာ ဒေါသထွက်မှာပေါ့ … ၉ တန်းကျောင်းသားက he နဲ့ she ကို မသိဘူးလေ … ၂ အလီကို ဖောက်မေးလိုက်ရင် မရဘူး … အဲဒီလိုကလေးမျိုးတွေကို ဆေးကျောင်းကဆရာတစ်ယောက် မြင်ဖူးမှာမဟုတ်ဘူး … ဘယ်လိုသင်သင် သင်လို့မတတ်တဲ့ကလေးကို ကျွန်မက ဘယ်ကပီတိနဲ့ ဝမ်းသာနိုင်မလဲ …
လောကကြီးမှာ ဆန္ဒရှိတိုင်းလုပ်ယူလို့မရတာတွေအများကြီးရှိပါတယ် … ကျွန်မကလဲ ပတ်ဝန်းကျင်က အခြေအနေတစ်ခုကို တင်ပြလိုက်ခြင်းသာဖြစ်ပါတယ် … ကျွန်မက ဆင်းရဲတယ်ဆိုတဲ့သူတွေကို လုံးဝအထင်မသေးပါဘူး … ဂရုဏာစိတ်တစ်ခုနဲ့ ကလေးတွေကို ပညာတတ်စေချင်တဲ့စေတနာနဲ့သာ ဒီလောက်အထိ အမုန်းခံပြီး ရေးလိုက်ရခြင်းဖြစ်ပါတယ် …
AKKO
January 30, 2012 at 3:50 pm
စာသင်တဲ ့ဆရာချင်းတောင် ယှဉ်နေရသေးတယ်။ အတတ်ပညာ၊အသိပညာ၊မတတ်တာကို သင်ပေးတာခြင်းတူတူ။ အာစရိယဂုဏောအန ္တနောပါပဲ။ ၄ လ လောက်စဉ်းစားပေးတတ်တဲ့ ့ဝေဝေကိုလည်း လေးစားမိလွန်းလို ့ပါ။ ပညာရေးစနစ်ရဲ ့အားနည်းချက်ပါပဲလေ၊ အဲဒီကျောင်းသားကို တတ်အောင်သင်ပေးလိုက်ရမှာ ဝေရဲ ့ aim ပဲလေ။Drတွေက ဒီထက်ဆိုးတဲ ့ကလေးတွေတောင် တွေ ့ခဲ ့ဖူးပါတယ်။ ဆွံ ့အနားမကြားကျောင်းက ကလေးတွေ၊ဉာဏ်ရည်မမီတဲ ့သူတွေဆီ ရောက်ရင် သူတို ့ဘယ်လို သင်ရလဲဆိုတာသိရင် နားလည်သွားပါလိမ့်မယ်။ ကလေးမွေးစကစပြီးတော့ အသက်ကြီးလာတဲ ့အထိ ဘယ်အသက်ကဘယ်လို ဆို တာ dr ၁ယောက်နေနဲ ့သိတော့ အဲနှုန်းနဲ ့ပဲသင်တယ်။IQ ကတော့ ၁ယောက်နဲ ့၁ယောက်တူမှာမဟုတ်ဘူး။ ၁ဝ တန်း sectionသင်တဲ ့ဆရာတွေဆို (ဥပမာ- chemist က ဆရာညီညီ) အတန်းဆို ကျောင်းသားအားလုံးနားလည်အောင်သင်တယ်။ နောက်ဆိုရင် teaching philosophy ကို ဆက် learn လုပ်ကြည့်ရင်တော့ ပို သိလာမှာပါ။ဝေ ကို လည်းဘယ်သူမှ မမုန်းပါဘူး။
AKKO
January 30, 2012 at 3:20 pm
အခုမှ အချိန်ရလို ့ဝင်ရေးတာနော်။ အပြုသဘောဆောင်ပြီးရေးတာပါ။ အဓိကရေးဖြစ်လိုက်တာက တခြားနိုင်ငံတွေက ဖတ်တဲ ့လူတွေ ကိုယ့်နိုင်ငံကို အထင်သေးပြီးမစော်ကားစေချင်လို ့ပါ။ ကိုယ့်နို်င်ငံကို အထင်မကြီးချင်နေပါ၊ အစော်ကားတော့မခံနိုင်ဘူး။ ဘာဖြစ်လို ့လဲ ဆိုတော့ ဗုဒ္ဓ သာသနာတော်ကို ကြည်ညိုလွန်းလို့ ့ပါ။ မြန်မာနိုင်ငံဟာ ဗုဒ္ဓဝါဒ ထွန်းကားတဲ ့နိုင်ငံပါ။ အလှူအတန်းတွေဆိုလည်း လှူလိုက်ကြတာ၊ ဆင်းရဲ လို ့မလှူနိုင်တာမရှိပါဘူး။ သဒ္ဓါတရားကောင်းလွန်းလို ့ ရှိသမျှတောင်အကုန်လှူတတ်တာ ဗုဒ္ဓဘာသာမှာပဲ များတာပါ။
ကျွန်မ၏အိမ်နီးနားချင်းများ၏ဘဝများသည် ကျွန်မတို့နိုင်ငံ၏ ရာခိုင်နှုန်းတော်တော်များများကို ကိုယ်စားပြုနိုင်လိမ့်မည်ဟု ဆို လို ့သာ ဝင်ပါမိတာပါ။ အိမ်နီးနားချင်း ဆို တာ ဆင်းရဲသားတွေကို လို ့ကိုယ်စားပြုထားလို ့ပါ။ မြန်မာနိုင်ငံဟာ ဆင်းရဲတဲ ့နိုင်ငံလို ့ထင်သွားမှာစိုးလို ့။ dr ကိုယ်တိုင်က ဆင်းရဲချင်ဆင်းရဲမယ်။ ဒါဟာ it’s me ပဲ။ my country မဟုတ်ဘူး။ နိုင်ငံကို ချစ်တယ်။ ဗုဒ္ဓဘာသာကို ကြည်ညိုတယ်။ ပြည်သူချင်း လေးစားတယ်။ ဆင်းရဲလို ့ ဆင်းရဲကြောင်းတွေ ထပ်ခါထပ်ခါ ချပြနေတော့လည်း ကိုယ့်ပေါင်ကိုယ်လှန်ထောင်းနေသလို ဖြစ်နေတာပေါ့။ နိုင်ငံကို ချစ်တဲ ့လူတွေများပါစေလို့ ့ပဲဆုတောင်းနေရမှာပဲ။ အရင် တုန်းက ဆိုရင် လူတွေက စဉ်းစာတာဒီလို “ကိုယ်ကဘာလုပ်ပေးနိုင်လဲဆိုတာမတွေးပဲ ကိုယ်အတွက်ဘာများများရမလဲ ဆိုတာပဲ ကြည့်ကြတာ၊ ၁ဘို ့ပဲ ကြည့်တာ” အခုကတော့ တော်တော်ကြီးပြောင်းလဲကုန်ပါပြီ။ ရပ်ကွက်တွေထဲမှာ ဆို လည်း သာရေး၊နာရေး၊ဘာသာရေး၊ လူမှုရေး၊ ပရဟိတလုပ်ငန်းတွေ တော်တော်များများတွေ ့နေရတာပဲ။ ဒါတွေလုပ် လို ့ကုသိုလ်ပဲရတာ၊ ငွေရတာမဟုတ်ဘူး၊ အများစုက ရပ်ကွက်ထဲက ဆင်းရဲသားတွေပဲလုပ်ကြတာများတယ်။ ကထိန်ဆိုရင် ဆိုက်ကားဂိတ်တိုင်းနီးပါးလုပ်တာပဲ၊ ဆိုက်ကားသမားတွေပဲ ဦးဆောင်လုပ်တာ။ ဆင်းရဲသားအများစုဟာ ဒုက္ခ သံသရာထဲမှာ လည်နေကြတာမဟုတ်ပါဘူး၊ လောကဓံ ထဲမှာ ရင်ဆိုင်နေကြတာပါ။ သူတို ့တွေကို ခွန်အားတွေ ဖြစ်အောင် ပြောပေးကြရင် မကောင်းဘူးလား။ ၁ကွက်ထဲ မရေးပဲနဲ ့ပေါ့။ ရေးဖြစ်တာက ကျန်းမာရေးပညာပေးစာတွေပဲများတာပါ၊၊ အခု debate လေးကလည်း နိုင်ငံကိုချစ်လို ့ပါ။
နားလည်မှုထက် အမြင်မတူလို ့ပါ။ ဆင်းရဲသားကို ဆင်းရဲတယ်၊ဆဲတယ်၊အတင်းပြောတယ်၊ပညာမတတ်ဘူး၊ လောင်းကစားလုပ်တယ်၊ဆင်းရဲတဲ ့ဘဝမှာ ပျော်နေတယ် လို ့ပြောရင် သူတို ့လဲ ကြိုက်မှာမဟုတ်ဘူးထင်ပါတယ်။ သူဋ္ဌေးကြီးကို လည်း ချမ်းသာလို ့အမြဲ ကောင်းနေမှာ ဖားနေရင်လည်း သူ တို ့က ကြိုက်မှာ မဟုတ်ဘူးထင်ပါတယ်။
Drလည်းအစိုးရဝန်ထမ်းပါပဲ။ လခကလည်းနည်းနည်းလေးပဲရတာ။နိုင်ငံအတွက်လုပ်ပေးနေတာ။ ကိုယ့်နိုင်ငံမို ့လို ့လေ။
အများစုကို ကိုယ်စားမပြုနိုင်ဘူးဆိုတာတော့ ဟုတ်ချင်ဟုတ်မှာပေါ့နော် … သေချာတာက ဟုတ်ကို ဟုတ်တယ်။
စိန်ပေါက်ပေါက်
January 30, 2012 at 3:45 pm
ဘယ်နိုင်ငံက မြန်မာနိုင်ငံကို ဆင်းရဲလို ့ဆိုပြီး ဘယ်လိုစော်ကားတာလဲသိချင်သား 😕
အဘက်ဘက်က ကမ္ဘာတစ်ဝန်းက နိုင်ငံရေး၊မြန်မာ့အရေးလှုပ်ရှားနေကြတာ မြန်မာတွေချမ်းသာလို ့ ဆင်းရဲအောင်
လုပ်နေကြတာ မဟုတ်ဘူးခင်ဗျ
ငမွဲတွေ..ဆိုက်ကားသမားတွေ.ခါးပိုက်နှိုက်တွေ..ချောင်ကြိုချောင်ကြားဒေသက ဆေးမရှိ.စားစရာမရှိ.စာသင်ကျောင်းမရှိတဲ့ ငဖွတ်တွေ ငဆင်းရဲတွေအတွက် ဆင်းရဲရာမှ
အစစအရာရာ ချမ်းသာလာအောင် လှုပ်ရှားနေကြတာ အကုန်သိတာကြီးကို
ဆင်းရဲတာမမြင်စေချင်လို ့ဆိုတော့
ကျနော်ကြည့်ဖူးတဲ့ အဲဒီအခန်းဖြတ် ဇာတ်ကားထဲက ဆင်ဆာအဖွဲ ့တောင် ပြေးမြင်ယောင်မိသေးတယ်..
ကျနုပ် စိန်မျောက်မျောက်တော့..အရှိကို အရှိတိုင်း ပြောကြတာ ဘာမှရှက်စရာမဟုတ်ဟု ယူဆပါ၏ ဒေါက်တာ
ဒေါက်တာကသာ ဖုံးကွယ်ချင်နေတာ.
ဒေါ်ဝေဝေရဲ ကစ်ထက်ပြင်းတဲ့ ငဆင်းရဲအကြောင်းတွေ ပုံနဲ ့တကွ
ဖော်ထားတာတွေ အကုန်လွတ်လပ်နေတဲ့ မီဒီယာခေတ်ကြီးထဲ များကြီးပဲဗျ
ဒါကြောင့်
ဖုံးမနေနဲ ့
အလကားပဲ ဖြစ်ပါလိမ့်မယ်လို ့
ကျနော့်အမြင်လေး ဝင်ပွားခဲ့ပါရစေ ဒေါင်တာ
ကျနော်တို ့နိုင်ငံထဲ ကျနော်အပါအဝင် ငဆင်းရဲများ ရှိပါကြောင်း
😆
AKKO
January 30, 2012 at 4:02 pm
စိန်ပေါက်ပေါက်လား မျောက်မျောက်လား အရှိကို အရှိတိုင်း ပြောပါ။ရှက်စရာမဟုတ်ဘူး။ ပေါက် or မျောက်က လည်း ဆင်းရဲသားပဲကိုး။ ဝေဆီမှာ စာလုံးပေါင်းသွားသင်ပြီးမှ ပြန်လာရေးပါလို ့ နှုတ်ဆက်လိုက်ပါတယ်။ drက ကိုယ်ဟာကိုယ်တော့ လုံအောင်ဖုံးဝတ်ရတယ်။ dr ကိုး။ ကျန်တာကို တော့ ဖုံးစရာဘာမှမလိုဘူး။ပေါက် or မျောက်က ဘာလဲဟင်။ အဲဒီအခန်းဖြတ် ဇာတ်ကားကောင်းတယ်။ drလည်းကြိုက်တယ်။ ပေါက်မျောက်အောင်မြင်နိုင်ပါစေ။
စိန်ပေါက်ပေါက်
January 30, 2012 at 4:15 pm
သများက
ဒူဝေဝေတို ့ ရပ်ကွက်ထဲက လျှောက်သီးဆေးပြားရောင်းတဲ့ အခြောက်
😆
လျှောက်သီးဆေးပြားရောင်းမကောင်းတဲ့နေ ့ဆို ဒူဝေဝေတို ့ဆီမှာ စာလုံးပေါင်း သွားသွားသင်ပါတယ်..
ခုလဲ ရွာထဲ လျှောက်သီးဆေးပြား လိုက်ရောင်းလိုက်ဦးမယ်
ဘိုင့်လဘိုင်
ဝှစ်..ဝှစ်..ဝှစ်..
Harumoto
January 28, 2012 at 7:03 pm
ဒေါ်ဝေဝေဘက်ကနေဘဲ ဆွေးနွေးပါရစေ။
ဆင်းရဲတဲ့ မိသားစုတွေ ချင်းအတူတူ ပါတ်ဝန်းကျင် မတူဘူးလို့ ထင်ပါတယ်။
ဆရာတွေ့နေတယ်ဆိုတဲ့ ဆင်းရဲသားမိသားစုတွေ ဆိုပေမဲ့ တက္ကသိုလ် ကျောင်းနဲ့ ပါတ်သက်တဲ့
ပညာတတ်တွေနဲ့ ဆက်ဆံ နေတဲ့. ပြောရရင် ဆင်းရဲတာချင်းအတူတူ နဲနဲတော့ အဆင့်မြင့်တယ်ဆိုရမှာပါ။
ဘာပြောပြော စရိုက်မကြမ်းဘူး။စီးပွါးရေးအမြင်လဲရှိကြတဲ့ပါတ်ဝန်းကျင် ပါ။သူတို့မျက်စေ့ရှေ့မှာတင် ကျောင်းသား တွေဟာ တဆင့်ပြီးတဆင့် မြင့်သွားတာကိုမြင်နေရတော့ သူတို့လဲ ဘဝမြင့်တက်ဘို့ အမြင်ရှိလာကြမှာပါ။ဒီတော့ ဆရာပြောသလို သူတို့ဘဝက ခိုင်တယ် ဆိုရမှာပါ။
ဒေါ်ဝေဝေ တွေ့ခဲ့ရတဲ့ ပါတ်ဝန်းကျင်ကတော့ စက်ရုံ အလုပ်သမားတွေ ပါ။သူတို့ဟာ စက်ရုံကုန်ထုတ်လုပ်မှုမှာသာ အာရုံစိုက်နေကြတာပါ။သူတို့တွေ့ ကြရတာ ရုပ်ဝတ္ထုပစ္စည်းတွေဖြစ်လို့ သူတို့ခံစားမှုတွေက ကြမ်းတမ်းကြပါတယ်။
စက်ရုံကုန်ထုတ်လုပ်သားတွေရဲ့ မိသားစုတွေနဲ့ သူတို့နဲ့ပါတ်သက်ကြရတဲ့ ပါတ်ဝန်းကျင်ကလူတွေပါ အများအားဖြင့် စရိုက်ကြမ်းတာလေးတွေရှိကြပါတယ်။ငွေကြေးအဆင်မပြေတဲ့အချိန်တွေမှာ ပိုဆိုးတာတွေ ရှိလာပါတယ်။ဒေါ်ဝေဝေ ပြောတဲ့ပါတ်ဝန်းကျင်က လောင်းကစားနဲ့ပါပါတ်သက်နေနေတော့ ငွေရေးကြေးရေးက အဆင်မပြေဖြစ်မှာသေခြာပါတယ်။ဒါ့ကြောင့်မနက်လင်းတာနဲ့ အဆဲအဆို မျိုးစုံနဲ့ ဘဝကို စကြတာပါ။
တခြားဆင်းရဲသားရပ်ကွက်တွေမှာလဲ လောင်းကစားနဲ့ပါတ်သက်တဲ့ ငွေကြေးကိစ္စတွေနဲ့ အမြဲ ပြဿနာတွေ ရှိနေကြတာ ကြားကြမှာပါ။
တကယ်တော့ ဘယ်သူမှ ဘဝကို ဒီလို ဖြတ်သန်းချင်ကြမှာမဟုတ်ဘူးလို့ထင်ပါတယ်။ရှိတာ မရှိတာထက် စိတ်ချမ်းချမ်းသာသာ နေချင်ကြမှာပါ။မတတ်သာလို့သာ ဒီလို နိမ့်ကျတဲ့ အခြေအနေကို ခံယူနေကြတာ မဟုတ်လား။
ပညာတတ်နည်းတဲ့ အသိုင်းအဝိုင်းလည်းဖြစ်.ငွေကြေးကလည်းမပြည့်စုံ..လောဘတက် မက်လောက်စရာ လောင်းကစားကလည်း ပါတ်ဝန်းကျင်မှာ အန ္တရာယ်ကင်းကင်း နဲ့ အလွယ်တကူ လုပ်လို့ရနေတော့.ဒီဆင်းရဲသားပါတ်ဝန်းကျင် မှာ ဒီလိုဖြစ်လာရတာ မဆန်းလောက်ပါဘူး။
ဒီလူတွေအတွက် ဘာလုပ်ပေးသင့်လဲဆိုတာကတော့ လောင်းကစားကို တိုက်ဖျက်ပြီး ဝင်ငွေ ကောင်းဘို့ ပညာတတ်ဘို့ လုပ်ပေးသင့်တယ်ထင်တာပါဘဲ..။
AKKO
January 30, 2012 at 4:10 pm
ဘက်တွေမခွဲစေချင်ဘူး။ ကိုယ့် thinking ကဘယ်လို ဆိုပြီးပဲပြောသင့်ပါတယ်။ ဝေနဲ ့dr က enemy မဟုတ်ပါ။ harumoto က ဘယ်fieldကလည်းဆိုတာ အရင်ပြောပြပေးပါလား။ harumoto က ဒီလူတွေအတွက် ဘာတွေလုပ်ပေးနေပါသလဲ။ အပြောသက်သက်ပဲလား။လက်တွေ ့သမားလားဆိုတာ သိချင်လို ့ပါ။ အခုလို ဝင်မန်းပေးတာ ကျေးဇူးတင်ပါတယ်။
ကြက်ဖင် ( အကယ်ဒမီ )
January 28, 2012 at 7:13 pm
သူဆင်းရဲများအကြောင်းကို ပြောဆိုဆွေးနွေးနေကြကုန်လေသော
အကြင် သူသူ ငါငါ တို့သည် မိမိတို့၏ အပြောဆိုများကို
သူတစ်ပါးတို့ လက္ခံခြင်း လက္ခံရန်အလိုမရှိခြင်း
အကြောင်းများတွင် မှီတည်၍
စိတ်ဆင်းရဲနေကြကုန်လေသတည်း
AKKO
January 30, 2012 at 4:14 pm
ကျင်ဖတ် ၁ ယောက် ကိုယ်၊စိတ်၂ဖြာ ကျန်းမာချမ်းသာပါစေလို ့dr ဆုတောင်းပေးပါတယ်။ဝင်မန်းတာလည်းကျေးဇူးတင်ပါတယ်နော်။
ကြက်ဖင် ( အကယ်ဒမီ )
January 30, 2012 at 9:24 pm
သွားဇမ်းဘာ ဒါမျိုးတွေရိုးနေB
ချစ်ကောင်း(ဦးချစ်ကောင်း) သချင်းဆိုပြတာပါ
…………………..
ဘာတဲ့
ခွေးကိုကြိုးနဲ့ချီပြီး ဘာဆိုလား???
MaMa
January 28, 2012 at 7:53 pm
ကျမစိတ်ထင်တော့ ဆရာပြောတဲ့ လူမျိုးတွေလည်း ရှိမှာပါ။
ဒါပေမယ့် အနည်းစုလို့ ထင်မိပါတယ်။
ကျမတို့ ပတ်ဝန်းကျင်မှာလည်း ဆင်းရဲတဲ့ဘဝတွေကနေ မိသားစုအားလုံးတက်ညီလက်ညီနဲ့ အသိစိတ်ဓာတ်ရှိရှိ ကြိုးစားကြပြီး တိုးတက်သွားတဲ့လူတွေရှိတော့ ရှိပါတယ်။
ဒါပေမယ့် ၁ဝယောက် တစ်ယောက်ဆိုသလို လူနည်းစုသာ ဖြစ်ပါတယ်။
AKKO
January 30, 2012 at 4:20 pm
ဘယ်လောက်ရှိတယ်ဆိုတာသေချာစာရင်ကောက်ပြီး ပြောမှ သိမှာ။ data statistic ဆိုတာကလည်း ယုံဖို ့တော့ခက်ခက်ပဲ။ တိုးတက်တဲ ့လူကရှိတာသေချာတာပေါ့။၁ဝယောက် တစ်ယောက်ဆိုသလို လူနည်းစု ဆိုတာကျ ိန်းသေရဲ ့လား။ အများစုက ဆင်းရဲတာ လက်ခံပါတယ်။
ကိုပေါက်(မန္တလေး)
January 28, 2012 at 10:35 pm
(ဆရာ့ဆေးကျောင်းက စာသင်ခန်းတံခါးဖွင့်ပေးတဲ ့ဝန်ထမ်းဆိုရင် သူ ့မိသားစုဆို ကန်တင်းကဆိုင်လည်းရှိတယ် ဟန်းဖုန်းတွေလည်းရှိတယ်။၁ရက်၁ရက်ဆိုင်ကရတဲ ့ဝင်ငွေလည်းအများကြီးပဲ။ ဆရာတို ့ရော။ကျောင်းသားတွေပါ နေ ့တိုင်းနီးပါး သွားပေးနေရတာပဲ။ထမင်းစားလို ့နော်။ ကျောင်းမှာ အောက်ဆိုဒ်မရှိဘူး။ကျောင်းကလိုင်းခန်းဆိုရင် မြေညီထပ်ပဲရှိတာ။ဆေးရုံကသန် ့ရှင်းရေးဝန်ထမ်းဆိုပြီး သွားအထင်မသေးနဲ ့။ရာထူးကေအောက်ဆုံးအဆင့်နော်။ ဆရာတို ့လစာထက်တောင်ပိုရသေးတယ်။ဝေတို ့လာရင်တောင် သူ ့တို ့ကပြန်တောင်ကြည့်နေအုံးမှာ။ပိုက်ဆံရှိရဲ ့လားဆိုပြီး။သူတို ့လုပ်ရတာကကြမ်းတိုက်တာပေါ့။ဒါပေမယ့် အတော်ခိုင်နေတယ် ။ )
ဒီလိုသာဆိုရင်တော့ ဆေးရုံဝန်ထမ်းတွေက အားကျချင်စရာကြီးနော်။
AKKO
January 30, 2012 at 4:24 pm
အားကျချင်စရာတွေရော၊အထင်မှားခံနေရတာလည်း အများကြီးပဲ။ သိချင်ရင်တော့ တွေ ့မှပဲ ပြောမယ်နော်။ လာလည်ဦးနော်။ဖိတ်တယ်။
Khin Latt
January 28, 2012 at 11:21 pm
ကို AKKO ရေ-
ကျွန်မ အထင်ပြောရရင် တော့ အရာတစ်ခု ဟာ ကြည့်မိတဲ့ ရှုဒေါင့် ပေါ်မူတည်ပြီး ကွဲပြားကြမှာ သေချာပါတယ်။
ကိုပေါက် ရဲ့ ဓာတ်ပုံ ထဲ ခြင်္သေ့ ကြီး တွေကို ကြည့်သလိုပေါ့။
နောက်ကမြင်ရင် တစ်မျိုး၊ ရှေ့က ကြည့်တော့ တစ်ဖုံ၊ ဘေးက ကြည့်တော့ တစ်နည်း မြင်ရ သလိုပါဘဲ။
ဒီတော့ အားလုံး ကို အရင်စုစည်းကြည့်လိုက်နိုင် ရမှာပါဘဲ။
အဲဒီမှာ အမြင်ကွဲ တွေရှိမယ်ဆိုတာ လက်ခံနိုင်ဖို့ဘဲ အရေးကြီးပါတယ်။
အဲဒီ လက်ခံနိုင်ဖို့ က အရေးအကြီးဆုံးပါဘဲ။
ဘာလို့လဲ ဆိုတော့ အားလုံး တစ်ခုထဲ အနေနဲ့ ခြုံမြင်နိုင်ဖို့ရာ အဲဒီမတူတာတွေ ကို ပေါင်းစည်းနိုင်ရမှာ မဟုတ်လား။
Jigsaw Puzzle တစ်ခု ကိုဆက်သလိုဘဲ ဆန့်ကျင်ရာ ပုံစံ အဆက်တွေ ကို ဆက်ဆက် ပြီးမှ လိုချင်တဲ့ ပုံပေါ်မှာပါ။
ဒီတော့ ဝေဝေ မြင်တာ နဲ့ ကိုAKKO မြင်တာ၊ ဒါတွင်မက တစ်ခြား သူ တွေ ရဲ့ မြင်ရာ အပိုင်းအစ တွေ စုစုပြီး မှသာ ကျွန်မတို့ လိုချင်တဲ့ ပုံစံ ကားချပ် ရမှာပါ။
ပြီးမှ ဒါကို လက်တွေ့သုံးကြည့်ရမှာပါ။
အဲဒီမှာလဲ အခက်အခဲ တွေ မလွဲမသွေ ရှိနိုင်သေးတာ မျှော်လင့်ရပါဦးမယ်။
ဒါကြောင့် ဒီလို မတူတဲ့ အမြင်၊ အတွေးတွေ ကို စုစည်း ပေးနေတာ ဂေဇက် ရဲ့ အလှတပါးပါဘဲ။
အခု ကိုသစ် လုပ်ချင်နေတဲ့ မတူတဲ့အမြင်တွေ နဲ့ သတင်းဝေဖန်ရေး အစီအစဉ်ကလဲ ဒါကို အရေးထားလုပ်ချင်တာ မို့ ကျွန်မ အနေနဲ့ အဲဒါဟာ ကျွန်မတို့ တိုင်းပြည် အတွက်အတွေးအမြင် တွေ ပေါင်းစုံ လို နေတဲ့အချင် အဲဒါဟာ တစ်ဘက်တစ်လမ်း အကျိုးဖြစ်နိုင်မယ် ယုံကြည်ပါတယ်။
အခု ဝေဝေ နဲ့ ကို AKKO တို့ ဆွေးနွေးတာကို ဆက်ပြီး တစ်ခြားသူများရဲ့ အတွေး တွေနဲ့ ဆက် ပေါင်းစပ် လိုက်ရင် ပြဿနာ ရဲ့ ရုပ်လုံးပေါ်ပြီး အဖြေ တစ်ခု ထွက် လာမယ် လို့လဲ ယုံကြည်ပါကြောင်း။
PS – ကျွန်မ ဆရာကြီး ဝင်လုပ်တယ် မထင်စေချင်ပါ။
အသက်ကြီးသူမို့ စကားလေး နဲနဲ များလာခြင်း လို့ မှတ်ယူကြပါ ချင့်။ 😀
antimoe
January 29, 2012 at 12:05 am
အန်တီမိုး ၁ဝတန်းအောင်တဲ့နေ့မှာ သင်္ချာဆရာက အိမ်ကိုရောက်လာပါတယ်။
(မပေးနိုင်ခဲ့တဲ့)ကျူရှင်ခ ၅ဝ (နှစ်လစာ) လာတောင်းတာပါတဲ့။
ဝမ်းသာနေတဲ့အမေရဲ့မျက်နှာဟာ အရှက်ကြောင့် တော်တော် အလှပျက်သွားခဲ့ရပါတယ်။
အဲဒီဆရာရဲ့ကျေးဇူးကြောင့် သချင်္ာဆရာဘဝကိုရောက်ရှိခဲ့ပြီး
အဲဒီတုန်းက အရှက်ကြောင့် အန်တီမိုးဟာ စာသင်ကောင်းပေမယ့် (ကျူရှင်) ဝင်ငွေ မရခဲ့ပါဘူး။ မတောင်းရက်ခဲ့တာပါ။
တောင်းတာမပေးနိုင်ရင် ကျူရှင်မတက်ကျူရှင်မတက်ရင် ကျွမ်းကျင်သင့်သလောက် ဖြစ်လာမှာမဟုတ်……။
ပညာတစ်ပိုင်းတစ်စ ဆိုတာ ငါ့ကြောင့်မဖြစ်စေရဘူး။ သချင်္ာ၊ ရူပ ဒီနှစ်ဘာသာနဲ့တော့ မကျစေရ။ အန်တီမိုးရဲ့မာနတွေပါ။
ပိုက်ဆံ နည်းနည်းရှိလာတော့ အထူးမှတ်စေချင်တာတွေကို ကော်ပီကူးပြီးဝေပါတယ်။
ပိုက်ဆံ ပေးနိုင်တဲ့သူ ပေးပါ။ ပေးနိုင်တဲ့သူတွေတော့….စာမေးပွဲအောင်တယ်ဆိုတဲ့…သတင်းလေးပဲ ပေးပါ…ပေါ့။
ဗမာစကားကိုတောင် ရေရေလည်လည်မပြောနိုင်တဲ့ကလေးတွေကို ဗမာလိုရှင်းပြ၊သင်ပြခဲ့ရတာပါ။
ကလေးတွေကို သူ့ ကျူရှင်မှန်မှန်မတက်လို့ မင်း….နောက်….လုံးဝလာစရာမလိုဘူးဆိုပြီး…မောင်းထုတ်တတ်တဲ့…နာမည်ကျော် သူငယ်ချင်း(ကျောင်း/ကျူရှင်) ဆရာတစ်ယောက်ရှိပါတယ်။ အန်တီမိုးကတော့ သူနဲ့ ပြောင်းပြန်ပါ။
မလာခဲ့တဲ့ရက်တွေမှာ သူတို့လေးတွေ ဘာအခက်အခဲ ရှိနေတာပါလိမ့်။ တရက်လာရင် တရက် သူ့ကို ပေးနိုင်တာတွေ ရှိကိုရှိတယ်။ လာတဲ့ရက်တိုင်း အပြုံးနဲ့ကြိုပါတယ်။
ကျောင်းတွေမှာ အမြဲတမ်း အဆူခံထိလေ့ရှိတာက အမြဲတမ်းကျောင်းမှန်တဲ့ကလေးတွေပါ။ ကျာင်းပြေးနေတဲ့ကလေးတွေဟာ အခန်းထဲမှာ မရှိတဲ့အတွက် ဆရာတွေ ဆူတာတောင် မသိနိုင်ပါ။
ဒီလိုပါပဲ။ သိသင့်တာတွေ မသိခဲ့တာ သူတို့ချည်းရဲ့ အမှားမဟုတ်ပါဘူး။ သူတို့မလုပ်ခဲ့တဲ့အမှားတွေအတွက် သူတို့ရဲ့အဖိုးတန်တဲ့အချိန်တွေကို ဆူပူအောင့်အီးခြင်းနဲ့ မဖြုန်းတီးသင့်ပါဘူး။
ကလေးတွေဟာ မွေးဖွားလာကတည်းက လူကြီးတွေရဲ့ အရိပ်အခြေကို အကဲခတ်ပြီး ကြီးပြင်းလာကြတာပါ။ ပါးနပ်ကြတယ်။ အိမ်မှာ ဘယ်လိုနေရမယ်။ ကျောင်းမှာ ဘယ်လိုနေရမယ်….။ ဘယ်သူ့ကို ဘယ်လို ဆက်ဆံရမလဲဆိုတာ သိပ်သိကြပါတယ်။
တန်းလျား၊ ရပ်ကွက်၊ တိုက်ခန်း၊ လုံးချင်း ဘယ်လိုပတ်ဝန်းကျင်မှာပဲဖြစ်ဖြစ်၊ ဘယ်လိုမိသားစုမှာ ပေါက်ဖွားလာတာပဲဖြစ်ဖြစ် ပတ်ဝန်းကျင်နဲ့ သဟဇာတဖြစ်အောင်၊ တသွေးတည်းဖြစ်အောင်၊ သိုးမဲ မဖြစ်အောင် နေနိုင်တဲ့ စွမ်းအားတွေရှိတယ်။
လမ်းညွှန်ပေးတဲ့ သူနဲ့ဆုံဆည်းဖို့ပဲလိုပါတယ်။ နှမ်းစက်လေးတွေကို လိုက်စုနေတာ ပညာရေးရဲ့ တာဝန်ပါ။ နိုင်ငံသားဖြစ်တဲ့ တို့တတွေရဲ့ တာဝန်ပါ။
အန်တီမိုးလိုမျိုး ဆင်းရဲပေမယ့် တက်ချင်သလောက် တက်နိုင်ခဲ့တဲ့ သူတွေရှိသလို တဝက်တပျက်နဲ့ မာန်ကိုလျှော့လိုက်ရသူတွေလည်းရှိပါတယ်။
ဆင်းရဲခြင်းတစ်ခုကြောင့် လမ်း…မပျောက်သလို ချမ်းသာမှုတစ်ခုတည်းနဲ့လည်း လမ်းကို မဖောက်နိုင်ပါဘူး။
ဖြစ်စေချင်တဲ့ဆန္ဒတွေကြီးလွန်းလို့ မဝေမှာ ဒေါသတွေဖြစ်ခဲ့ရတယ်။ အပြင်မှာပြန်ဆုံလို့ အဲဒီကလေးက မအောင်မြင်တဲ့ဘဝဆိုရင် ပိုပြီး သောကဖြစ်ရမယ်။ မဝေတောင် သတိရနေသေးတာဆိုတော့ ကာယကံရှင် လည်း အဲဒီတုန်းက စေတနာတွေကို အမှတ်ရနေမှာပါ။
မိသားစုရဲ့ဝင်ငွေ=တစ်သိန်းဆိုတာဟာ နည်းသလား၊ များသလား ဆိုတာနဲ့ပတ်သက်လို့ ကတော့ စီမံခန့်ခွဲတတ်ရင် မနည်းမနှော ငွေလို့ထင်ပါတယ်။ လုပ်ကိုင်စားသောက်တတ်တဲ့သူများကတော့ တော်ကိုတော်ပါတယ်။ တလောက ကားဂိတ်နားက အားပေးနေကျ နာနတ်သီးသည်ကို တိုက်မဆောက်သေးဘူးလားလို့ မေးတာ ဆောက်နေပြီ အမရေတဲ့….။ သာဓုပါတော်…..ဆိုတော့…ဘာလို့လဲတဲ့….။
အခုခေတ်မှာ (သမာအာဇီဝနဲ့) တိုက်ဆောက်နိုင်တာ တော်ရုံမဟုတ်လို့လေ လို့ ။
(လောက်ငှအောင်) သုံးတတ်တဲ့သူနဲ့ ရှိသမျှ ဖြုန်းတတ်တဲ့သူ ရေရှည်မှာ ကွာသွားပါတယ်။
ပို့စ်နှစ်ခုစလုံးမှာ တူညီတဲ့ ကောင်းမြတ်သောစေတနာတွေ တွေ့ပါတယ်။
အန်တီမိုးကလည်း ကိုယ့်အမြင်ကို မျှဝေပြီး ပုဏ္ဏားတစ်ယောက်လုပ်လိုက်ပါတယ်နော။
ဆူး
January 30, 2012 at 3:09 pm
ကျူရှင် အလကား သင်ပေးပြီး စိတ်ရှည်ပေးတဲ့ သူဆိုတာ သိရတဲ့ အတွက် တကယ်ကို စိတ်ထဲမှာ အန်တီ သင်တဲ့ ကလေးတွေ အစား တော်တော် လေးစားမိပါတယ်။
၂လုံး ၃လုံး ပ ပျောက်ရေး လုပ်တာ အောင်မြင်သင့်သလောက် အောင်မြင်ပေမဲ့ အခု ပြန်လုပ်နေကြပြီ။ တိုးတိုးနဲ့ မကြာခင် ကျယ်လာတော့မယ် ထင်တယ်။
ဆင်းရဲသားတွေ ဆင်းရဲတဲ့ ဘဝက မထွက်နိုင်တာ ရေရှည်မကြည့်ပဲ ရေတိုသာ ကြည့်နေလို့ ထင်တာပဲ.. အန်တီ ပြောတာ ထောက်ခံသွားပါတယ်။
nature
January 29, 2012 at 12:21 am
မျက်မမြင်ဆင်စမ်းဆိုသလို ကိုယ်စမ်းမိတဲ့ကိုယ့်ပတ်ဝန်းကျင် အကြောင်း တွေကတော့ကိုယ့်အတွေ့အကြုံနဲ့ကိုယ် မမှားဘူးလို့ထင်ပါတယ်။
padonmar
January 29, 2012 at 1:36 am
ဆင်းရဲချမ်းသာဆိုတာ ကံဉာဏ်ဝီရိယပေါ်တည်တယ်လို့မြင်ပါတယ်။
ဝင်ငွေနဲ့ ထွက်ငွေ မျှတအောင် မစီမံတတ်ရင် အရာရှိကြီးလည်း ဆင်းရဲမှာပါပဲ။
ပျောက်တာမရှာ
ပျက်တာမပြင်
ထွက်ဝင်မမျှ
သီလမဲ့အားအမှူးထား
၄ပါးပျက်စီးကြောင်းလို့ မှတ်သားဖူးပါတယ်။
ဒီ၄ ခု မညီတဲ့ ဝေဝေအိမ်နီးချင်းတွေက ဆင်းရဲပြီး
ဒီ ၄ခုညီတဲ့ အက်ကို ကျောင်းစောင့်က ချမ်းသာတာပါပဲ၊
စကားအတင်းစပ် အန်တီမိုးပျောက်နေရာက ပေါ်လာတယ်။
antimoe
January 29, 2012 at 6:48 pm
မပဒုမ္မာရေ……ဝမ်းစာရေး…..ကြိုးစားနေရပါတယ်ကွယ်။
စာတွေ ဖတ်ဖြစ်အောင်တော့ ကြိုးစားနေပါတယ်။
သတိရလို့ ကျေးကျေးပါ…….
ကြောင်ကြီး
January 29, 2012 at 11:18 am
ဒေါက်တာရော အန်တီဝေ နှစ်ဦးစလုံးမှားဒယ်။ အမှန်သိသူအီးဒုံး အဆုံးအဖြတ် ပေးလိမ့်မယ်။ သူအခု လက်ဝှေ့ရုံက ပြန်မလာသေးဘူး။ ခဏစောင့်ဂျအုံး….။
nigimi77
January 29, 2012 at 2:52 pm
ဟုတ်ကဲ့ ….ဝင်ဆွေးနွေးမယ်နော် ။
“ဆရာတို ့ နိုင်ငံရဲ ့ ၁%တောင်ကိုယ်စားမပြုပါဘူး။”
“ဆရာ့ဆေးကျောင်းက စာသင်ခန်းတံခါးဖွင့်ပေးတဲ ့ဝန်ထမ်းဆိုရင် ”
“ဆရာတို ့ရော။ကျောင်းသားတွေပါ နေ ့တိုင်းနီးပါး ”
“ဆရာတို ့လစာထက်တောင်ပိုရသေးတယ်။”
“ဆရာတို ့ဆေးကျောင်းရော၊ဆေးရုံမှာရော ”
“ဆရာတို ့ဝန်းကျင်မှာတော့ မနက်နိုးနိုးချင်း ”
“ဆရာတော့အဲလောက်အကြာကြီး consider မလုပ်ခဲ ့ဘူး။ ”
“ဆရာတို ့အလုပ်က ၁sec တောင် delay လုပ်လို ့ရတာမဟုတ်ဘူး။”
“ဆရာကတော့ စေတနာနဲ ့လုပ်ရင် ပီတိပဲခံစားရတယ်။ ”
……………………………………………………..
အားလုံး ကောင်းပါတယ် ဆရာရယ် ။
ဒါပေမဲ့ပေါ့လေ ဆရာရယ် ။
ဆရာက ဆရာကတော့ ဆရာပေါ့နော် ။
သို ့သော်လည်း ဂေဇာတ်ရဲ ့ စာဖတ်သူမျက်စိထည်းမှာတော့
ဆရာက ဆရာ မဟုတ်ဘူးပေါ့ ဆရာရယ် ။
ဂေဇာတ်ထဲ စာရေးတဲ့ အခါမှာ ဆရာက ဆရာဆိုရင် ကျွန်တော်တို ့က တပည့်ပေါ့နော် ဆရာရယ် ။
အဲဒါမို ့လို ့ပြောတာပေါ့ ဆရာရယ် …ဆရာ က ဆရာ မို ့လို ့ ဘယ်နေရာရောက်ရောက်
ဆရာကတော့ ဆရာပါပဲ ဆရာရယ် ။
🙂
etone
January 30, 2012 at 10:31 am
နှစ်ဘက်စလုံးရဲ့ အယူဆကို သိနေတဲ့အတွက် ကော့မန့်ပေးဖို့ရာ အတော်လေး စဉ်းစားရပါတယ် ။ စာရေးသူများရဲ့ စေတနာနဲ့ ဆိုလိုရင်းကိုလည်း ခံစားမိပါတယ် … ။
မဝေရဲ့ …. အတွေးကတော့ … အိမ်နီးနားခြင်းတွေ ဆင်းရဲမှု့ကို ဘယ်လိုကိုယ်က ကူညီပေးဖို့ ကြိုးစားကြိုးစား ဆင်းရဲသူတို့ကတော့ ရှိတဲ့ အလုပ်အပြင် ၊ ကျပန်းအလုပ်ရှာကြံလုပ်ရင်း ပိုက်ဆံရှာပေမယ့် …သံသယာလည်ရင်း ဒုံရင်းမို့ … ကရုဏာ ဒေါသဖြစ်ရတယ်ပေါ့ … ။
AKKO ရဲ့အတွေးကတော့ ….ဆင်းရဲတဲ့ လူတိုင်းရိုင်းတတ်၊ ဆဲတတ်တာ မဟုတ်သလို … တချို့ဆင်းရဲသားတွေအခြေအနေရအမြင်ရ အနေနိမ့်ကျပေမယ့် သမ္မာအာဇီဝကျကျ ရှာစားနေတာတွေကရတဲ့ ဝင်ငွေရှိသေးကြောင်း ပြောသွားတယ် …. ။
ပို့စ်နှစ်ခုစုံးလုံးကိုကြည့်ပြီး မတူညီတဲ့ အမြင်နှစ်မျိုးကို ဖတ်ရှုလေ့လာရပါတယ် ။စာရေးသူတွေကလည်း … သူ့ရှုထောင့်က သူကြည့်ပြီးရေးကြတယ်ပေါ့ … ။ ဖတ်တဲ့ လူတွေကလည်း ထောင့်ပေါင်းစုံက ဖတ်နေကြပါတယ် … ။
ဆင်းရဲခြင်းဆိုတာမျိုးက ကျွန်မတို့ တစ်သက်တစ်ကိုယ်ကြုံခဲ့ဖူးကြပါတယ် ။ ယေဘုယျအားဖြင့် ကိုယ်ဆင်းရဲခြင်းအနေဖြင့်သော်လည်းကောင်း ၊ စိတ်ဆင်းရဲခြင်း အနေဖြင့်သော်လည်းကောင်း ကြုံခဲ့ဖူးကြမှာပါ ။ ဘယ်သူတစ်ဦးတစ်ယောက်ကမှ ဆင်းရဲတဲ့ အရသာကို တမင်သက်သက် မခံစားချင်ကြပါဘူး ။ ဒါကြောင့်လည်း …. (ရုပ်)ဆင်းရဲခြင်းက လွတ်ကင်းအောင် တတ်သမျှ မှတ်သမျှလေးနဲ့ ရတာလေးရှာကြလုပ်ရင်း …. ရှာဖွေဖန်တီးကြရပြန်တယ် ။ ရှာတိုင်း ဖြစ်ထွန်းတဲ့ လူရှိသလို .. မဖြစ်ထွန်းတဲ့လူတွေလည်း ရှိပါတယ် …. ။ကံအကျိုးပေးအရ … အကျိုးဖြစ်ထွန်းမှု .. မဖြစ်ထွန်းမှုပေါ် မူတည်ပြီး ၎င်းတို့ ရှေ့ဆက်လျှောက်ရတဲ့ အခြေနေကွာခြားသွားတယ်ပေါ့လေ … ။
ဆင်းရဲတဲ့ လူတစ်ယောက်ချမ်းသာဖို့က ၄င်းတို့ကိုယ်တိုင်ရဲ့ စိတ်ဆန္ဒနဲ့ ကြိုးစား အားထုတ်မှု ၊ အပင်ပမ်းခံနိုင်မှု၊ လုံလရှိမှု တို့က အဓိကလို့တော့ ကျွန်မနားလည် ခံယူထားပါတယ် … ။ ကိုယ့်မှာ မရှိတဲ့ အရာ ဖန်တီးကြိုးစားမှု တစ်စုံတစ်ရာမပါပဲ ကိုယ့်လက်ထဲ ရောက်ဖို့ဆိုတာ .. နတ်ဒေဝါများမှသာ ဖန်တီးနိုင်ပါလိမ့်မယ် …။ အခြေနေတစ်ခုကြောင့် … အင်တိုက်အားတိုက် မကြိုးစားရပဲ ချမ်းသာစေဦးတော့ … ချမ်းသာမှုကို ကြာရှည်စွာ ထိန်းထားနိုင်ဖို ့ဖြစ်နိုင်ပါ့မလား တွေးတောစရာပါပဲ … ။
အနှစ်ချုပ်အားဖြင့် ပြောရလျှင် .. ချမ်းသာတဲ့ လူပဲ ဖြစ်ဖြစ် ၊ ဆင်းရဲတဲ့ လူပဲဖြစ်ဖြစ် ၊ မိမိတို့ဘဝရပ်တည်ချက်၊ အခြေနေနဲ့ အိမ်သုံးစရိတ် ၊ ဝင်ငွေ ၊ ရပေါက်ရလမ်း တိုလီမိုလီအလုပ် တို့ ကိုကောင်းစွာ သိရှိတွက်ချက်တတ်ပြီး ၊ စည်းချက်ညီညီ မျှတစွာလည်ပတ်နိုင်မှသာ …. စိတ်မဆင်းရဲတဲ့ ဘဝတစ်ခု ရရှိနိုင်မှာ ဖြစ်ပါကြောင်း … …. ဝင်ရောက် ပေရှည် … အဲ …. ဆွေးနွေးသွားပါတယ် … 🙄
AKKO
January 30, 2012 at 4:56 pm
ဆင်းရဲတဲ့ လူတွေအကြောင်း ခဏခဏ ဟိုက်လိုက်လုပ်ပြတဲ့ ဝေရဲ့ပို့စ်ကို မတူတဲ့အတွေးကနေ ဆွေးနွေးခြင်းသာဖြစ်ပါတယ် ။ ဆင်းရဲသား တိုက်ဖျက်ရေးပို့စ်ကတည်းက ဝင်ဆွေးနွေးချင်တာ အာဂရေးလိုက်တဲ့ ကော့မန့်လေးသဘောကျတာနဲ့ ထပ်မရေးဖြစ်တော့ဘူး ။ ဒီလိုပါပဲ လူတွေ အမြင်မတူကြဘူး ကိုယ့်ဘက်ကကြည့်တော့ လက်ဖမိုး ၊ သူ့ဘက်က ကြည့်တော့ လက်ဖဝါးပါ ။ ပုဂိ္ဂုလ်ရေးမဖက်ပဲ အပြုသဘောဆောင်သော ဆွေးနွေးခြင်းသာ ဖြစ်ပါတယ် ။ အပြင်မှာလည်း အခင်မင်မပျက်ပါဘူး။
သိသာသိစေ မမြင်စေနဲ့ဆိုတဲ့စကားလိုပါပဲ ဆင်းရဲတဲ့လူတွေကို ဆင်းရဲတယ်လို့ပြောတာ စိတ်မကောင်းဖြစ်မိပါတယ် ။ သူတို့ခမျာ ဘဝပေးအခြေနေချို့တဲ့ရှာတာတမျိုး ၊ ပြင်မရတဲ့အခြေနေကို သုံးသပ်တာတွေ တဖုံကြောင့် ဘယ်လောက်များစိတ်အားငယ်လိုက်မလဲတွေးမိပြီး ခံစားမိလို့ပါပဲ ။
အဂ္ဂမဟာသရေစည်သူ၊ အဂ္ဂမဟာသီရိသုဓမ္မ၊ သီရိပျံချီ KING
January 30, 2012 at 8:58 pm
ဆင်းရဲတိုင်း စရိုက်မကျ၊ စရိုက်ကျတိုင်းလည်း မဆင်းရဲ
ယိုသူမရှက် မြင်သူရှက်ဖြစ်၏ …
သူ့သဘောသူဆောင် သူ့အလုပ်သူလုပ်သည်
အတိုက်အခံရှိမှ တိုးတက်မည် …..
ဆင်းရဲတယ်ဆိုတာ ငွေမရှိ၊ ဂုဏ်မရှိ၊ အာဏာမရှိ တာကိုလား အကျင့်စရိုက်ကိုလားးးးးး
သူတို့တွေရဲ့ အတွေးအခေါ်က ဘာတွေကို တွေးတောလဲ
ကိုယ်ရော ဘာတွေတွေးနေလဲ
ကိုယ်ကိုတိုင်ရော ဆင်းရဲတွင်းထဲကလားးးးးး
အာာာာာာာာာာာ
မူးသွားပြီဗျာ
…………………………
ဖတ်ရင်းနဲ့ မူးသွား
စဉ်းစားမိတာ ဆင်းရဲသား
သူ့အကြောင်းကို ထိုင်ပွား
လုပ်သင့်တာက
…………………..
😛
နှာကိုယ်တော် မောင်မောင်ဇာ
January 30, 2012 at 10:48 pm
အစွဲကင်းကင်းနဲ့ တခု ရေးကြည့်မယ်ဗျာ ……။
ကျနော် သည်ပိုစ့်ကို မနှစ်သက်ဘူး …………။ဆောရီး…။
မှန်တာတွေများလို့ဖြစ်စေ …မမှန်တာတွကြောင့်ဖြစ်စေ
ဘာကြောင့်မနှစ်သက်သလဲ ကျနော် မဝေဖန်ဘူးဗျာ ……
(မှန်လားမှားလား က သမိုင်းပညာရှင်ကိစ္စရယ် နော…..)
တနေ့တည်း အခါခါဖတ်ပြီး ..ဘယ်ဘက်ကိုမှလည်း အားမေပေး
သယောင် ..အသိအမှတ်မပြုသယောင် ဖြစ်သွားမှာကိုတော့ ကျနော်
မလိုလားဘူးရယ်။ … သည်တော့ ဖတ်တယ် ပုံဖော်ကြည့်တယ်…..
ခံစားကြည့်တယ်.. ..(မှန်လားမှားလား ဘာညာ သာဒကာ က
ကျနော့် ကိစ္စမဟုတ် ..ကျနော့် ကိစ္စသည် …အဆိုပါပိုစ့်ကို ဖတ်ရှုသွားပါသည်
အားပေးသွားပါသည်..။ သို့သော် ကျနော် မနှစ်သက်သော ပိုစ့်တခုဖြစ်ပါကြောင်း
လည်း ရေးဖို့ မမေ့ခဲ့ပါဗျာ…။)
ကျနော် သည်ပိုစ့် ကို မနှစ်သက်ပေမယ့် မီးဒုတ်လည်း မရှို့ပါ…
မတူခြားနားသော အတွေးအမြင်တခုအနေနဲ့ မှတ်တမ်းတင်မိပါသည်..။
အမြင်တခုကို ပြပေးလို့ ကျေးဇူးတင်တဲ့
ခင်တဲ့..
မောင်မောင်ဂီ…
kai
January 31, 2012 at 12:39 am
ဝေမမရေးတဲ့ ပို့စ်မျိုးတွေက.. လက်တွေ့ဖြစ်နေတဲ့ အောက်ခြေဘဝတွေထဲက တခုကို ဖွင့်လှစ်ပြတာဖြစ်ပြီး.. ဒေါက်တာAKKO ကလည်း ကိုယ်မြင်ရတဲ့ ပါတ်ဝန်းကျင်အမြင်နဲ့ ယှဉ်ပြောဆွေးနွေးသွားတာလို့ မြင်မိတယ်…
အခုလို နိုင်ငံတော်သစ်မှာ အကြံပေးတွေနဲ့ ဝိုင်းစဉ်းစားအဖြေရှာနေတဲ့ ခေတ်အချိန်မှာ အင်မတန်လိုအပ်တာတွေပါ…
မပြောကြရင် ဘယ်လိုသိကြမှာလည်းပေါ့နော…သူတို့ခမျာလည်း ဒိဗ္ဗစက္ကုကရှိတာမဟုတ်.. 🙂
ဆိုတော့.. ဒီလိုစာတွေကို.. တိုင်းပြည် သင့်တန့်think tank (or policy institute) ထဲကတယောက်ယောက်..လုပ်နိုင်ကိုင်နိုင်တဲ့ တယောက်ယောက်ကများ.. ဖတ်မိရင် ဘယ်လောက်အကျိုးများမလည်း တွေးကြည့်ကြစေချင်တာပါပဲ..
ဆိုတော့..
အပြန်အလှန်ပြောဆိုဆွေးနွေးနေတာတွေက.. (ပါ့ဗလစ်လုပ်ထားတာဖြစ်တာမို့..) လူထောင်သောင်းကြည့်နေတဲ့.. ရှေ့ကစင်ပေါ်တက်ပြီး debate လုပ်နေတာနဲ့.. သဘောတူတူလို့ တွေးကြည့်ကြစေချင်တာပါ…
Khin Latt
January 31, 2012 at 6:15 am
ကိုအေကေကေအို ရေ- သား ရဲ့ အတွေးနဲ့ မတူတဲ့အမြင် ကို လာဆွေးနွေးတာ တကယ်တန်ဖိုးရှိပါတယ်။
အရီး လဲ ကိုယ့်တိုင်းပြည်ရဲ့ ပြင်ပ ကလူ ပေမဲ့ ကိုယ့်ပြည်ကို ကိုယ် တကယ်ချစ်ပါတယ်။
ဒါကြောင့် သားတို့လို ပြည်တွင်းမှာ တတ်တဲ့ပညာ တိုင်းပြည်ကို အလုပ်အကျွေး ပြုနေသူ များကို တကယ်ဘဲ လေးစားပါတယ်။
အစ်မ ပဒုမ္မာ ရဲ့ Post ကို ဖတ်ချိန် က တကယ်ခံစားရပါတယ်။
အရီးတို့ ပြည်ပ ကို စထွက်ဖို့ ကြိုးစားတာ ဟာ တိုင်းပြည်ကို မချစ်လို့ မဟုတ်ပါဘူး။
ဒါပေမဲ့ ပြည်ပ ကို ထွက်သူတိုင်း လဲ အားလုံး ပုံစံတူ မဟုတ်လေတော့ တစ်ယောက် နဲ့တစ်ယောက် ဟာလဲ အတွေးအခေါ် နဲ့ အမြင် ကွဲပြားပါတယ်။ ဒီတော့ အရီး အခု ဆွေးနွေးမှာဟာ လဲ ပြည်ပ မှာ ရှိတဲ့ လူအားလုံး ကို ကိုယ်စားမပြုနိုင် ပါဘူး။
တကယ်တော့ ဆင်းရဲသား ဆိုတာ မြန်မာပြည် တစ်ပြည် ထဲမှာမှ မဟုတ်ပါဘူး။ ဘယ်နိုင်ငံမှာ မဆို အနဲနဲ့ အများတော့ ရှိကြတာပါဘဲ။
ဆင်းရဲခြင်း ဆိုရာမှာ ၂မျိုး နဲ့ကြည့်လို့ ရပါတယ်။
(၁) ပျင်းလို့၊ မကြိုးစားလို့ မို့ ဆင်းရဲတာ
(၂) ကြိုးစားဖို့ အခွင့်အရေးကို မရလို့ ဆင်းရဲတာ
တိုးတက်ပြီးနိုင်ငံများ က လူဆင်းရဲ ဆိုတာကို ကြည့်ရင် နံပါတ်(၁) အမျိုးအစား က များမှာပါ။ အရီးနေတဲ့ အရပ်မှာ သူတို့ကို အစိုးရက မနာလိုစရာကောင်းလောက်အောင် ထောက်ပံ့ကြေးတွေပေးပါတယ်။ တစ်ချို့ မိန်းခလေးတွေဆို တရားဝင်ယောကျင်္ားမရှိ။ ခလေးတွေ အများကြီးမွေးပြီး အစိုးရက ပေးတဲ့အိမ်၊ လစဉ်ထောက်ပံ့ကြေး တွေနဲ့ အလုပ်မလုပ်ဘဲ နေကြပါတယ်။ ခလေးတွေ ပညာရေး ကလဲ တက္ကသိုလ် ရောက်မှ သာ ကျောင်းစရိတ် ပေးရပါတယ်။ အထက်တန်းအထိ က အစိုးရကျောင်းဆို အလကားပါဘဲ။
အလုပ်မရှိတဲ့ လူတွေဆိုရင်လဲ အလုပ်ရှာနေချိန် ထောက်ပံ့ကြေးပေးတာဘဲ။ တစ်ချို့ ဒီလိုဘဲ ဒီအတိုင်း ထိုင်စား နေတာပါ။ သာမာန် နေမကောင်းလို့ဆေးခန်းပြလဲ အလကား၊ အသက်ကြီးလာ လဲ အစိုးရက ဆက် ထောက်ပံ့ မှာ မို့ ပူစရာမလို တဲ့ ဘဝ မို့ ဇိမ်ရှိနေတဲ့ ဆင်းရဲသား တွေပါ။ လူ့အခွင့်အရေး ကို ရှေ့တန်းတင် ဟစ် ကြွေး နေတဲ့ နိုင်ငံမှာမို့ သူတို့ ကို ငပျင်းတွေ၊ ဆင်းရဲသားတွေ လို့လဲ ဘယ်သူမှ လေဘယ် မတတ်ကြပါ။ သူတို့ ကြည့်ရ တာလဲ အဲဒါကို ရှက်ပုံမရှိကြပါ။ မြို့ကြီး နဲ့ တော ဆိုတာ ဘာမှ မကွာဘဲ အားလုံး အတူတူ ဖြစ်နေတဲ့ နိုင်ငံတွေ မှာ ဆင်းရဲ တယ်ဆိုတာ အခွင့်အရေး အကုန်ရရက်နဲ့ မယူလို့ ဆင်းရဲ တာ ပါ။
တို့တွေ ရဲ့ မြန်မာ နိုင်ငံ မှာတော့ အဲဒီ ၂မျိုးလုံး ရောနေပါတယ်။ ဒီမှာ သူကြီးပြောတဲ့ ဘာသာရေးကြောင့်လို့ ပြောခဲ့ရင် အဲတာကို နံပါတ်(၂) ထဲမှာ ထည့်ပါတယ်။ တကယ်တော့ ဘာသာရေး ကို ဒိုင်းလုပ်ပြီး အပျင်းစိတ် ကို ကာ တာပါ။ တိုးတက်ဖို့ ကြိုးစားတာနဲ့ဘာသာရေး နဲ့ ဘာမှမဆိုင်ပါဘူး။ အခွင့် ရှိရက်နဲ့ ကိုယ့်အောင်မြင်ရေး ကို ကိုယ် မဆုပ်ကိုင်နိုင်တာ ပျင်း တဲ့ အစုဝင်တွေပါဘဲ။
ဒါပေမဲ့ တကဲ့ ကို ဝမ်းနည်းစရာကောင်းတဲ့ အချက်ကတော့ အရီးတို့ တိုင်းပြည်မှာ လူ့အခွင့်အရေး ချို့တဲ့ နေလို့ ကြိုးစားချင်ပါရက် နဲ့ အခွင့်မရသူ တွေ အများကြီး ဆိုတာ၊ ဗဟုသုတ ကို မရှိခဲ့လို့ ကြိုးစား ရကောင်းမှန်း မသိတဲ့ သူတွေ အများကြီး ဆိုတာ အရီး လက်တွေ့မြင်ခဲ့ဘူးပါတယ်။
သူတို့ ကတော့ နံပါတ်(၂) အဖွဲ့ဝင်တွေပေါ့။ ဥပမာ လေးတစ်ခုပေးပါ့မယ်။
အရီး ရဲ့ အဖွား က ပြည်မြို့ ကနေ အထက် ကို နှစ်နာရီ လောက် တက်သွားရတဲ့ ဧရာဝတီမြစ်ကမ်း ဘေးက မြို့ငယ်လေးမှာ နေပါတယ်။ အရီးတို့ ငယ်ငယ် က အဲဒီကို သွားရင် အရမ်းပျော်ပေါ့။ စားစရာ တွေလဲပေါ၊ နေရတာကလဲ တောသာဆိုတယ်။ နေ့မှာ မီးမရှိပေမဲ့ ညဆိုရင် တစ်မြို့အတွက် ကိုယ်ထူကိုယ်ထ မီးစက်ကြီး နဲ့ မီးပေးတယ်။ ရွာနီးချုပ်စပ် က ဈေးရောင်း ဈေးဝယ် တွေနဲ့ စည်ပါတယ်။ အရီး က အဖွား ကိုချစ်တော့ ကျောင်းပိတ်ရင် အမြဲသွားတယ်။ စာသင် ကျောင်းဆိုလဲ တကဲ့ ခန့်ခန့်ညားညား နဲ့ ပါဘဲ။ အရီး ၁ဝတန်းအောင်တော့ တက္ကသိုလ်တွေ မဖွင့်သေးခင် အဲဒီက မူလတန်းကျောင်းလေး မှာတောင် အကူလုပ်ဘူးတယ်။ ကျောင်းသူ/သား လေးတွေကလဲ သနပ်ခါး အဖွေးသား သန့်သန့်ပြန့်ပြန့်လေး တွေပါ။ ကျောင်းမတက်နိုင်သူ ဆိုတာ သိရသလောက် မရှိ သလောက် ပါ။ အတော်လေး နွမ်းပါးလှတယ် ဆိုတာ အလုပ်မလုပ်လို့ လူပျင်း လို့ နာမည် တွင်သူသာပါ။
ဒါပေမဲ့ တဖြေးဖြေးနဲ့ အဲဒီ စည်ကားတဲ့ မြို့လေး ဟာကြည့်ရင်း နဲ့ ကို နွမ်းပါးလာခဲ့တယ်။ ဒီ အလုပ်ကြိုးစား သူတွေဘဲ အလုပ်လုပ်ရတာ ခက်ကြောင်းညည်းလာကြတယ်။ တကယ်လဲ မှန်ပါတယ်။ ဘာကြောင့် လဲ ဆိုတော့ လုပ်ငန်း တွေ အားလုံး ကို အဲဒီတုန်း က စစ်ပြန်စစ်မှုထမ်းဟောင်း အဖွဲ့ ဆိုပြီး အစားထိုးပြစ်ခဲ့တာကိုး။ ဒါလဲ ထားပါတော့။ ကိုယ့်ရပ်ရွာ တိုးတက်ရင် ဘယ်သူ/ဘယ်လိုလုပ်လုပ်ပေါ့။ ဒါပေမဲ့ သားရေ – အဲဒီအဖွဲ့ တွေ နဲ့ကျမှ အားလုံး ဖွတ်ဖြစ်ခဲ့ပါတယ်။ မြို့ကလူတွေလဲ ပြောင်းသူပြောင်း၊ ဒီအတိုင်းကျန်လဲ အလုပ်ရှာမရ။ ကျဘမ်းဘဲ လုပ်ရင်း ဆင်းရဲတွင်းနက်၊ ခလေးတွေ ပညာ ရေးလား။ ပြောပြမယ်။
အဖွားဆုံးအပြီး အရီးလဲ မြို့လေးကို မရောက်ဖြစ်တာကြာခဲ့တယ်။ မှတ်မှတ်ရရ ၂၀၀ဝ ခု အစ မှာ သွားပြီးလည်ခဲ့တယ်။ အဒေါ်၂ ယောက်က အပျိုကြီးတွေ မို့ အိမ်မှာ တစ်ခြားကခဏ ပြောင်းလာတဲ့ ကျောင်းဆရာမ တွေလို၊ ဆရာဝန်မ တွေလိုကို ပေးနေတယ်။ အရီး က ကိုယ်သံယောဇဉ် ရှိရာ ခလေးကျောင်း တွေ အကြောင်းမေးတော့ အဲဒီဆရာမ လေး က သူ့အဖြစ်အပျက် လေး ကိုပြောပြခဲ့တယ်။
သူက သူငယ်တန်း သင်တယ်။ တစ်နေ့ ခလေးတွေ ကို စာချပေး၊ ခလေးတွေ က လိုက်ရွတ်ပေါ့။ တောမြို့ ခလေးကျောင်းလေးဆို တော့ ခြံဝင်း တွေဘာတွေ နဲ့ မဟုတ်ဘူးပေါ့။ အဲဒီ အချိန် စာလိုက်ရွတ်သံ ကို အတန်းထဲက မဟုတ်တဲ့ နေရာ ကလဲကြားသလိုဖြစ်မိလို့ သတိထားလိုက်တော့ ကျောင်းပြူတင်းပေါက် မှာ မဲမဲရိပ် လှုပ်လှုပ်နဲ့ တွေ့လိုက်သတဲ့။ အဲဒါကို သွာကြည့်လိုက်တော့ ၆နှစ်၊ ရနှစ် ကောင်လေး တစ်ယောက် ထင်းစည်းအကြီးကြီး ရွက်ပြီး စာကိုလိုက်ဆိုနေတာတဲ့လေ။ ထင်းစည်းကလဲ ချပြီးရင် သူ့ခေါင်းပေါ် ပြန်တင်မရမှာစိုးလို့အဲဒီ အလေးကြီးကိုရွက်ပြီး စာကိုခိုးနားထောင် ပြီး လိုက်ဆိုနေတာ။ ဒီတော့ သူက မေးတော့ သူ့မိဘတွေ မှာ ကျောင်းထား စရာ ပိုက်ဆံ မရှိလို့လို့ ပြောတယ်တဲ့။ ဒီတော့ အဲဒီဆရာမက သူပိုက်ဆံစိုက်ပေးမယ်ဆိုပြီး မိဘတွေ ဆီသွားတွေ့တော့ ခလေးကို ထင်းရောင်းခိုင်းရတာမို့ ကျောင်းမပို့နိုင်ဘူး လို့ ငြင်းခဲ့သတဲ့။
အဲဒီ ဆရာမက လဲ ဇွဲကောင်းတယ်။ ဒါဆို ညဘက်အိမ်ခေါ်သင်ပေးတယ်။ ဒီတော့အနီးအနား တစ်ခြား ကျောင်းမတက်နိုင်တဲ့ ခလေးတွေပါ သင်ချင်ကုန်ပါရောတဲ့။ ဒါနဲ့ သူလဲ ကျောင်းအုပ်ကြီး ကို ခွင့်တောင်းပြီး ညကျောင်းလို လုပ်ပြီး သင်ပေးချင်ပေမဲ့ တစ်ခြား ဆရာတွေ ကိုတော့ အလကားခေါ်ပြီး အကူအညီတောင်မှာ အားနာနေလို့ ထင်သလောက် မလုပ်နိုင်ဘူး လို့ပြောလို့ အရီးရဲ့ အဒေါ်ကြီးတွေ ကပိုက်ဆံ စိုက်ပေးမှာမို့ စလုပ်နေပြီ ပြောပါတယ်။ အရီး လဲ အတော်လေး ပီတိဖြစ်ခဲ့ပါတယ်။ ဒါနဲ့ တစ်လလောက် နေတော့ စေတနာညကျောင်းလေး အကြောင်းကို သတင်းမေးခဲ့ပါတယ်။
ရတဲ့ သတင်းကတော့ ကျောင်းလေး ကိုပိတ်လိုက်ရတယ်တဲ့။
အကြောင်းက တော့ ဒီလိုမျိုး လူမှုရေးအလုပ်တွေကို “အမျိုးသမီးရေးရာဆိုလား” အဲဒီကမှ လုပ်ရပါသတဲ့။ အဲဒီမှာတောင် ဥက္ကဌ တို့၊ အတွင်းရေးမှူး တို့ ကသာဦးဆောင် ရပါမယ်တဲ့။
အဲဒီ ဥက္ကဌ တို့၊ အတွင်းရေးမှူး တို့ဆိုတာလည်း ဘာကတော်၊ ညာ ကတော် တွေမှ ဖြစ်တာပါတဲ့။ ဒီတော့ ကတော် မဟုတ်ရှာတဲ့ အရီး ရဲ့ အဒေါ် အပျိုကြီး ခမျာ ဘာမှ မလုပ်ရတော့ပါဘူး။ ဒီတော့ သူတို့ လုပ်လားဆိုတော့၊ သူတို့လဲ မလုပ်ခဲ့ပါဘူး။
ဒီတော့ အဲဒီခလေးတွေ စာတတ်ဖို့ အခွင့် မရခဲ့ပါဘူး။ အဲဒီ စာမသင်ခဲ့ရတဲ့ ခလေးမှာ သူ့သားသမီး တွေကို စာသင်စေချင်တဲ့ စိတ်ရှိမလား။
အရီးလဲ မပြောတတ်ပါဘူး။
(အခုတော့ တစ်မျိုးလူတွေ နဲ့ တစ်မျိုးပြောင်းလောက်ရောပေါ့။)
အဲဒီ လိုမျိုး အခွင့်အလမ်း တွေ ကို ဖန်တီး မပေးတဲ့အပြင် ပိတ်ဆို့ပါထားခဲ့တဲ့ အကြောင်း တွေ မြန်မာပြည် နေရာ အနှံ့ မှာရှိတာ တော့ အရီးပြောရဲပါတယ်။
ဘယ်သူတွေလဲ ဆိုတာတော့ မပြောတော့ပါဘူး။ အခုဟာက မြန်မာပြည် ရဲ့ ဆင်းရဲခြင်း အကြောင်းဟာ အဲဒီ နံပါတ်(၂) အမျိုးအစား ဆင်းရဲသူ တွေကို အပြစ်တင်မရတဲ့ အခြေ အနေပါ။ အဲဒီ သူတွေဟာ အများကြီးပါဘဲ။
ဟိုးအရင်က အဲဒီလို ပိတ်ခဲ့တာတွေရဲ့ ဆိုးကျိုးတွေ ဟာ လက်ရှိကာလ ဆက်နေပါ သေး တယ်။ အဲဒါကို ကိုယ့်ဝန်းကျင်လေးဘဲ ကြည့်ပြီး အဆင်ပြေတယ် လို့ ပြောမရကြောင်း ပြောချင်တာပါ။
အခုအရီး တို့ လူတွေ ဆင်းရဲတာ (ရုပ်တင်မက စိတ်ဓာတ်) ကို အမှန်မြင်မှ အဲဒါရဲ့ အရင်းအမြစ် ကိုသိ၊ ဒါမှ ပြဿနာ ကို အဖြေ ရှာနိုင်မှာပါ။
အရီး သတ်မှတ်တဲ့ နံပါတ်(၁) ဆင်းရဲသား ကတော့ သိကြားမင်း ဆင်းလာကယ်လဲ ကျွတ်မကျွတ် မသိနိုင်ပါဘူး။
ဒါပေမဲ့ ရသင့်တဲ့ အခွင့်အရေး တွေကို ဆောင်ရွက်မပေးရုံ မက ပိတ်ပါထားတာကို တော့ အရီးတို့ ကြိုးစား ဖြေရှင်းနိုင်ပါတယ်။ ဒါတောင် ကျန်းမာရေး အကြောင်း မပါသေးဘူး။
တစ်ချို့ ကပြောကြတယ်။
အဲဒါက လူကြီးတွေ မသိလို့ တဲ့။
တကဲ့ လူကြီးမှန်ရင် တိုင်းပြည်သတင်းကို အမြဲ နားစွင့်၊ မျက်စိ ဖွင့် ထားရပါမယ်။
ပြီးရင် စစ်မှန်တဲ့ စေတနာ နဲ့ ပြည်သူ့အကျိုး ဆောင်ရွက်ပေးရပါမယ်။
ရုံးထဲ မှာဘဲ ကုတ်ထိုင်နေလို့ မရပါဘူး။
အခုတော့ ခေတ်တွေပြောင်းလောက်ပြီ၊ ပွင့်လင်းလာပြီ၊ ပြည်သူတွေ အသံ ကို နားစွင့် နေပြီထင်လို့ အရီး လဲ ဒီစာကို ၄ နာရီနီးပါး အချိန်ယူ ရေးလိုက်တာပါ။
သက်ဆိုင်သူများကို အခု တကယ်ဘဲ အားကိုးပါတယ်။
တစ်ခုတော့ ပြောလို့ရပါတယ်။ ဒီဂေဇက် ထဲမှာ ရှိတဲ့သူ ရာခိုင်နှုန်း တော်တော်များများ ဟာလဲ ဒီအတွက် ကိုယ့်အချိန်လေးတွေ ပေးပြီး ကိုယ့်အတွေးတွေ မျှနေသူ များမို့ အရီး လဲ အတင်းကို ဝင်ပြီး လာခဲ့ တာပါ။
အရီးလဲ အဝေးကပေမဲ့ အမြဲသတင်းနားထောင်မြဲပါ။ ကိုယ့်ပြည်ကိုကိုယ် မြတ်နိုးဆဲပါ။ ကိုယ့်ပြည် က ပျင်းတဲ့လူတွေ ကိုတောင် နိုင်ငံတော် စရိတ် နဲ့ ထောက်ပံ့ပြီး ဇိမ် နဲ့ထား ချင်တာပါ။
Edit မလုပ်နိုင်တော့၍ စာကျ၊ စာလုံးပေါင်းမှား သည်းခံကြပါ သတ်ပုံစောင့်အဖွဲ့ကြီးရှင့်။ 😀
ခင်တဲ့
အရီး
စကား မရမက အတင်းစပ် – ဆေးကျောင်း က ဆိုတော့ ဒေါက်တာ ဌေးလှိုင်စိုး ကိုသိလား သားရေ့။
thit min
January 31, 2012 at 8:18 am
အစ်မလတ်ခင်ဗျား………………………..
အချိန်တော်တော်ရှားသွားပြီ ဖြစ်တဲ့ (ကျနော့ရဲ့ ၂၀၁၂)ကို ” Optimal allocation of time ”
မလုပ်လို့မရတော့တာမလို့ ရသမျှအချိန်းလေးမှာဝင်လာကြည့်တဲ့အခါ ပို့စစ်တွေရော၊
ကော်မန့်တွေပါရွေးဖတ်နေရပါတယ်။
အခုတလော ဟိုဘက်သည်ဘက်မျှမျှတတ ပြောဆိုတတ်တဲ့ ကော်မန့်တွေကို အမှတ်ထားမိရင်း
အစ်မလတ်ရဲ့ သဘောထားတွေကို ပိုမိုလေးစားလာရပါတယ်။
လူတယောက်ဟာ ကိုယ့်အမြင်ကို ဘယ်သူ့ကိုမှ မစော်ကားဘဲ တင်ပြခြင်းဟာ မိဘအသိုင်းအဝိုင်းနဲ့
မိမိရဲ့အဆင့်အတန်းပါ။ ပြီးတော့ သူတပါးနားဝင်အောင် မာနမပါ ရိုးသားစွာရှင်းပြတတ်ဖို့ကလဲ
လိုအပ်ပါသေးတယ်။အဲဒီလို ပြောဆိုတင်ပြနိုင်တဲ့ အစ်မလတ်ရဲ့ စာတွေကိုဖတ်ရတာ တော်တော်
အားရစရာ ကောင်းလှပါတယ်။
တိုင်းပြည်ရဲ့လိုအပ်ချက်ကို မကြာခဏ(ကိုယ့်စိတ်ထဲမှာ) ယှဉ်ကြည့်မိနေလို့ ဂေဇက်မှာ
“အဲဒီလိုစာမျိုး”တွေ ကျနော်တို့ အစ်မလတ်တို့ ရေးနေကြတာပါဘဲ။
ဒါပေမဲ့ အစ်မလတ်က ပြည်တွင်းအနေအထားတွေပါ သိထားတယ်ဆိုတော့ ပိုလို့ ကောင်းတာပေါ့ခင်ဗျာ။
မီးမောင်းထိုးပြမှုအတွက် တစုံတရာ အကျိုးရှိမယ်လို့ ယုံကြည်မိပါတယ်။
အထူးပြောလိုတာကတော့ ပြောဆို ရေးသားပုံ အင်မတန် သိမ်မွေ့ရတဲ့ စာမျိုးကို
ကျွမ်းကျင်လိမ်မာစွာရေးသားသွားနိုင်လို့ချီးကျူးပါတယ်ခင်ဗျား။
လေးစားစွာဖြင့်
မောင်သစ်မင်း
Khin Latt
January 31, 2012 at 8:51 pm
ကိုသစ်ရေ – ဒီ အားပေးမှုဟာ ကျွန်မ အတွက် ဘာနဲ့မှ မလဲနိုင်တဲ့ အင်အားပါဘဲ။
တကဲ့ ကို ကျေးဇူးတင်ပါတယ်။
ညည အိပ်ပျက်ရကျိုး နပ်ပါပြီ။ 🙂
weiwei
January 31, 2012 at 9:55 am
အရီးလတ်ဆွေးနွေးပြသွားတာ အရမ်းကောင်းပါတယ် ….
အရီးလတ်တို့ ကိုသစ်မင်းတို့လိုပဲ ကျွန်မလဲ အချိန်ဆင်းရဲပါတယ် …. ပို့စ်တစ်ခု ကွန်မန့်တစ်ခုကို ဖြစ်သလိုမရေးချင်လို့ အချိန်တော်တော်ယူရလေ့ရှိပါတယ် …
အများကြီးပြောပြချင်ပေမယ့် အချိန်ကိုဆက်တိုက်ယူလို့မရလို့ အတွေးကပြတ်တောင်း ပြတ်တောင်းနဲ့ ရေးချင်တဲ့ စကားလုံးတွေလဲ ပျောက်ပျောက်သွားတယ် …
ပြည်ပနေသူနဲ့ ပြည်တွင်းနေသူတွေ အတွေးအမြင်ကွာခြားတာတွေရှိပါတယ် …. တကယ့်လက်တွေ့အခြေအနေကို ပြည်တွင်းနေသူတွေက ပိုသိပြီး တစ်နိုင်လုံးအတိုင်းအတာကိုတော့ ပြည်ပမှာနေသူတွေက ပိုပြီး သုံးသပ်နိုင်ပါတယ် …. ကျွန်မဆိုရင် အလုပ်လုပ်နေတဲ့ စက်ရုံပတ်ဝန်းကျင် (လုပ်သား ၆၀ဝ ကျော်) နဲ့ ကျွန်မမိဘတွေနေထိုင်တဲ့ပတ်ဝန်းကျင် (မြို့ငယ်လေးတစ်ခု) က အခြေအနေကို ကောင်းကောင်းသိပါတယ် … အဲဒါထက်ပိုပြီး သိနိုင်တဲ့ အခြေအနေမရှိပါဘူး … လေ့လာနိုင်ဖို့လဲ မအားဘူးလေ … ပြည်တွင်းနေသူ တော်တော်များများက အဲဒီလိုပဲ ဖြစ်မှာပါ … အဲဒါကြောင့်လဲ ကိုယ့်ပတ်ဝန်းကျင်အခြေအနေကို အရှိအတိုင်းတင်ပြပေးခြင်းဖြင့် တခြားသူတွေ အမှန်အတိုင်းသိနိုင်အောင် အားထုတ်ကြည့်မိတယ် … ဒီမှာ ဒီလိုဖြစ်နေပေမယ့် တခြားမှာဖြစ်ချင်မှလဲဖြစ်မယ်ပေါ့လေ … တကယ်တော့ ကျွန်မရေးလိုက်တဲ့ အိမ်နီးနားချင်းတွေက အများကြီး အခြေအနေကောင်းပါသေးတယ် … အဲဒီထက်ဆိုးတဲ့ တကယ့်အဖြစ်အပျက်တွေ ကျွန်မကိုယ်တွေ့တွေ အများကြီးရှိပါသေးတယ် … ဘယ်လိုမှ မရေးရက်လို့ .. အရမ်းနှိမ်သလိုဖြစ်မှာစိုးလို့ အတန်တန်စဉ်းစားပြီး မရေးဖြစ်ခဲ့ပါဘူး …
ကျွန်မတို့ဆိုတာ ကိုယ့်အတွက်တောင် အနိုင်နိုင်ရုန်းကန်နေရတာမို့ သူများတွေအတွက် ဘာမှလဲ မလုပ်ပေးနိုင်ပါဘူး … စာလေးတစ်ကြောင်းကြောင့် အကြံဉာဏ်ပေးနိုင်သူတွေ၊ ပြုပြင်ပြောင်းလဲနိုင်သူတွေများရှိခဲ့ရင်လဲ ရေးရကျိုးနပ်တာပေါ့လို့ စိတ်ထားပြီး ရှားပါးတဲ့အချိန်ကို ပေးပြီးရေးဖြစ်ခြင်းဖြစ်ပါတယ် … ၂၀၁၂ မှာ ကိုသစ်မင်းလိုပဲ အလုပ် နှစ်ဆ လက်ခံထားပြီးဖြစ်လို့ နောက်ဆို စာသိပ်ရေးနိုင်တော့မယ် မထင်ပါဘူး … စာဖတ်ဖို့တော့ အတတ်နိုင်ဆုံး အချိန်ပေးဖြစ်မှာမို့ အကျိုးပြုစာပေတွေ များများရေးကြပါလို့ တိုက်တွန်းရင်း …..
etone
January 31, 2012 at 4:16 pm
မဝေရေ … ကျွန်မအလုပ်လုပ်နေတဲ့ ကုမ္ပဏီက လှိုင်သာယာမှာရှိပါတယ် … မြန်မာနိုင်ငံ စက်ရုံခွဲ အနေနဲ့ (3)ရုံရှိပြီး စက်ရုံတစ်မှာ လူအင်အား နှစ်ထောင်ကျော် ၊ စက်ရုံနှစ်မှာ လူအင်အား နှစ်ထောင်နီးပါးနဲ့ … စက်ရုံသုံးမှာ လူအင်အား နှစ်ထောင်နီးပါး … ပျှမ်းမျှ အလုပ်သမား 6000လောက်နဲ့ …. နေ့စဉ်ကုန်ထုတ်လုပ်နေရပါတယ် … ။ ကုန်ထုတ်လုပ်မှု ဖြစ်စဉ်အပိုင်းမှာ မမျှော်လင့်တဲ့ အခက်ခဲတွေ ၊ အခြေနေတွေ ၊ အလုပ်သမား ကျွမ်းကျင်မှု အနေထားတွေကို စဉ်ဆက်မပြတ်စောင့်ကြည့်ဖို့ … စက်ရုံတွေနဲ့ ကျွန်မ အရောတဝင်ရှိခဲ့တယ် … ။ ကိုယ်တိုင်လည်း စက်ရုံထဲဆင်း လုပ်ငန်းခွင်လေ့လာစစ်ဆေးခြင်းတွေ ပြုလုပ်ခဲ့တယ် … ။
overview ကြည့်လျှင်တော့ .. သူတို့လေးတွေ အနေစားနုံခြာပြီး … ဝင်ငွေလည်းမကောင်းရှာဘူးပေါ့လို့ … ကရုဏာဖြစ်မိတယ် … ။ ဒါကြောင့် ကိုယ်အသုံးမလိုတဲ့ ပစ္စည်းလေးတွေ ၊ အကျီ င်္လေးတွေပေးခဲ့တယ် … ။လူရှေ့မှာသာ ဝမ်းသာအားရ ယူကြပေမယ့် ..နောက်ကွယ်မှာ သူများအကျမို့ မဝတ်ချင်ဘူး .. ဒီထက်ပိုပြီး ဝတ်နိုင်တယ်ဆိုတဲ့ အသံတွေကြားခဲ့တယ် … ။ စိတ်ဝင်စားမှုအားကြီးကြီးနဲ့ … ဘယ်လိုတွေ စုဆောင်းနေကြသလဲလေ့လာကြည့်တော့မှ ဖျားချင်သွားတယ် … ။
တကယ်တမ်း ကိုယ်ကသာ သနားနေတာ … တစ်ချို့ အလုပ်သမားတွေ ကိုယ့်ထက်တောင် ပိုပြီး ဝင်ငွေကောင်းနေတာ … ကိုယ့်ကိုယ်ကိုယ်အဟုတ်ကြီးထင်မိတဲ့ ကျွန်မ .. တွေးရင်းရှက်မိတာ ဒီနေ့အထိပါပဲ … ။ သူတို့လုပ်ရတဲ့ အလုပ်ကို အပေါ်ယံသာ ကြည့်ပြီး အသေချာရောနှောမလေ့လာမိခဲ့စဉ် သုံးသပ်မိတာကြောင့် … တကယ့်လက်တွေ့ဘဝနဲ့ ကိုက်ညီမှုမရှိခဲ့ဘူးလေ … ကိုယ့်ကိုယ်ကို ဉာဏ်နည်းလှချည်လား လို့ .. အပြစ်တင်မိခဲ့သေးတယ် … ။
သူတို့လေးတွေ လစာအပြင် အပိုဝင်ငွေအနေနဲ့ .. အိမ်မှာနေရင်း အိမ်နားက စက်ဆိုင်မှာ လက်ချုပ်လိုက်တဲ့ လူက လိုက် ၊ စက်ရုံတွင်းမှာ မုန့်ပဲ သရေစာ ခိုးရောင်းတဲ့ လူကရောင်း၊ လပေးရောင်းတဲ့လူကရောင်း ၊ အချင်းချင်း ထမင်းချိုင့်ဆေးပေးမယ် … ဘယ်လောက်ပေးဆိုတဲ့ သူကပေး ၊ စက်ရုံက အစာပြေကျွေးတဲ့ ပေါင်မုန့်ကို မစားပဲ .. ဆိုင်ပြန်သွင်းပြီးမှ တစ်လကိုဘယ်လောက်ဆိုပြီး ပြန်ထုတ် ၊ ရုံးကပေးတဲ့ ဖယ်ရီမစီးပဲ လမ်းလျှောက်တဲ့လူကလျှောက် ၊ ကိုယ့်စက်ဘီးနဲ့လာတဲ့လူကလာ … ဘယ်လိုပဲဖြစ်ဖြစ် ဖယ်ရီမစီးလျှင် နေ့စဉ်ကားခ တွက်ချက်ပြီး လစာနဲ့အတူ အဲ့ဒီငွေပေါင်းပေးတယ် … ။ အိုဗာတိုင်းမ် တစ်နေ့ကို လေးနာရီပျှမ်းမျှ ရှိတယ် … တစ်လဆိုလျှင် အိုဗာတိုင်းမ်အချိန် 120နီးပါးရှိတယ် .. ဒါတောင် … စနေလိုမျိုး ၊ တနင်္ဂနွေလို အိုတီဆင်းလျှင် လုပ်ခ နှစ်ဆတို့ .. တစ်ဆခွဲတို့ ရတဲ့ နေ့တွေမပါသေးဘူး … ။ ထုတ်လုပ်မှုဖြစ်စဉ် target ထက် ကျော်နေတဲ့ … အလုပ်သမား အဖွဲ့ကိုလည်း လစဉ် ဆုကြေးပေးတာမျိုးရှိတယ် …. ၊ လစ်ရင် လစ်သလို တစ်ယောက်နဲ့တစ်ယောက် အညောင်းပြေ ဇက်ကြောဆွဲဦးမလား … လာထား ငဝိုင်းအရင် … အဲ့ဒါမျိုးတွေချည်းပဲ … ။ ကျွန်မတို့စက်ရုံအတွင်းမှာတင် … ရာသီပေါ် အစားစာ ၊ အဝတ်ထည် အချို့နဲ့ .. အလှပြင်ပစ္စည်းတွေ လက်သိပ်ရောင်းချနေတာ .. ဈေးကွက်တစ်ခုလိုပါပဲ … ။ လူတွေများနေလို့ အော်ဟစ်ဆူပူ နေမှာပဲထင်ချင်ထင်မယ် …. လုံးဝပါပဲ .. ငြိမ်သက်ပြီး ကုန်ထုတ်သံကလွဲလို့ တခြား ဘာသံမှ မရှိပါဘူး … ။ အားလပ်ချိန်မျိုးမှာသာ အချင်းချင်း ဝေယျာဝစ္စတွေလုပ်ပြီး ပိုက်ဆံရှာကြတာပါ … ။
အကျဉ်းအားဖြင့်ပြောရလျှင် … ကိုယ်ဆင်းရဲတယ်လို့ ထင်တဲ့လူတွေ …. တကယ်ဆင်းရဲလားဆိုတာ … အပေါ်ယံကြည့်ရုံနဲ့ ဝေဖန်လို့ မရတာမျိုးပါ … ။ မဝေအပေါ်မှာ ပြောတဲ့လူတွေလည်း … စက်ရုံဝန်ထမ်းမိသားစုထဲမှာ … အဝတ်လိုက်လျှော်တဲ့ လူရှိသလို … ဈေးရောင်းတဲ့ လူတွေလည်းပါတယ်လေ … ။ အဝတ်တစ်ခြင်းကို အနည်းဆုံး တစ်ထောင် နဲ့ အထက်တော့ ပေးလျှော်ကြပါတယ် .. တစ်နေ့ကို နှစ်အိမ်လောက်ပဲ ပျှမ်းမျှလျှော်ဦးတော့ … တစ်လလျှင် ခြောက်သောင်းလောက်ပိုထွက်မယ် … ဒီလို မိသားစုတွေထဲ …မုန့်ဟင်းခါးတို့ မုန့်တီတို့ ရောင်းတဲ့ လူကရောင်းပါဦး … ပျှမ်းမျှ အနည်းဆုံး အမြတ်ငွေ 1500ပဲထားဦး .. တစ်လကို လေးသောင်းခွဲ … ၊ ပန်းရံသယ်လို့ ရတဲ့ အရွယ် .. ကုန်စိမ်းသယ် ၊ ငါးထုတ်သယ်လို့ရတဲ့ အရွယ် ဆယ်နှစ် ဆယ့်ငါးနှစ်လောက်လေးတွေပါဦးတော့ … အနိမ့်ဆုံးနေ့တွက်ခ တစ်နေ့ 3000 ရှိတယ် … ။ ဒါက ယေဘုယျ သူတို့ အခြေနေပေါ့ … ။ မိသားစုခြင်း မတူသလို အလုပ်လုပ်နိုင်တဲ့ လူဦးရေခြင်းလည်း မတူတာလက်ခံပါတယ် …။ သို့သော်လည်း အကြွေးဆိုတာမျိုးက … တကယ်အသုံးလိုလို့ပဲဖြစ်ဖြစ် ၊ အလွယ်ရလို့ပဲ ဖြစ်ဖြစ် ယူကြမှာပါပဲ … ။ အကြွေးထဲ နစ်နေတာ … ဆင်းရဲသားတင်မကပါဘူး … ကုမ္ပဏီပိုင်ရှင်တစ်ချို့တောင် လည်နေကြသေးတာ … မြင်ဖူးပါတယ် … ။
အပေါ်က ဆွေးနွေးချက်က ကျွန်မရဲ့ အတွေးပေါ်မူတည်ပြီးဆွေးနွေးခြင်းပါ …
အခု AKKO ရဲ့ နေရာကနေရေးပါမယ် … ။ သူဘာလို့ ဒီပို့စ်တင်ဖြစ်ခဲ့သလဲဆိုတဲ့နေရာက စတင်ပါမယ် … ။ အလုပ်သမ များတဲ့ စက်ရုံမှာ အချိန်ပိုင်းဆရာဝန်အနေနဲ့ တစ်ပတ်လေးနာရီ ထိုင်ပေးနေရတဲ့ အတွေ့ကြုံကနေ .. သူတို့လေးတွေရဲ့ ဘဝအခြေနေကို တစေ့တစောင်းလေ့လာမိခဲ့တယ် … ။ ဗဟုသုတချို့တဲ့ပြီး ကျန်းမာရေးအမြင်အားနည်းတဲ့ သူတို့တွေကြား …. တတ်နိုင်သလောက်နဲ့ အကျိုးပြုချင်ခဲ့တာကြောင့် … လက်လုပ်လက်စား၊ နေ့စား မိသားစုတွေနေထိုင်တဲ့ လှိုင်သာယာရဲ့ ချောင်ကျကျနေရာ တစ်ခုမှာ အဖိုးအခ အသက်သာဆုံးဖြစ်အောင် … ဆေးဖိုးသာသာလောက်သာရှိတဲ့ ဆေးခန်းဖွင့်ပြီး ယနေ့ထိ ကုသပေးခဲ့တယ် (အခမဲ့ ဆေးခန်းဖွင့်ရလောက်အောင် မတတ်နိုင်သေးတာကြောင့်လည်း … ဆေးဖိုးလောက်သာ ယူခဲ့တယ် ) ။ ဆေးဖိုးသာသာလောက် ပိုက်ဆံတောင် မပေးနိုင်တဲ့ ကျောထောက်နောက်ခံမရှိတဲ့ အဖိုးအဖွားတွေ လာခဲ့လျှင်လည်း ကုသိုလ်ဖြစ်ကုသပေးခဲ့သလို ၊ ဘယ်ကျောင်းတိုက်ကမဆို ကြွလာတဲ့ ဘုန်းကြီး ၊ သီလရှင်တိုင်းကို ငွေကြေးတပြားမှ မယူပဲ .. လိုအပ်တဲ့ ထိုးဆေး၊သောက်ဆေး ၊ အားဆေး ထောက်ပံ့မှုတွေနဲ့ ကုသိုလ်ယူခဲ့တယ် … ။ အနီးကပ်ကူညီလုပ်ကိုင်ပေးနေရတဲ့ လူအနေနဲ့ … သူ့ပါးစပ်က ဆင်းရဲတဲ့ လူတွေကို ဆင်းရဲလို့၊မတတ်နိုင်လို့ ဆေးဖိုး မယူဘူးဆိုတဲ့ စကား တစ်ခါမှ မပြောဖြစ်ခဲ့တာ … အံ့ဩမိတယ် … ။ ဆေးဖိုးတော့ မယူတော့ပါဘူး ကုသိုလ်ဖြစ်လှူချင်ပါတယ်လို့သာ ပြောထွက်ခဲ့တာကြောင့် … ဘာကြောင့်ဆင်းရဲတယ်ဆိုတဲ့ စကားပြောမထွက်သလဲ မေးကြည့်တဲ့အခါ ..ကျွန်မ တစ်သက်လုံး နက်နက်ရှိုင်းရှိုင်းအမှတ်ရစရာ စကားသူပြောခဲ့တယ် … ။ ဆင်းရဲတဲ့ လူတွေကို ဆင်းရဲတယ်လို့ ပြောတာကလွယ်တယ် … သူတို့ စိတ်ထဲ ဘယ်လောက်ထိခိုက်နာကျင်သွားမလဲ … ကံကြမ္မာမပေးလို့ ဆင်းရဲနေရသူတွေ ဆင်းရဲတွင်းက ရုန်းထွက်နေသူတွေကို … သူတို့မလိုချင်တဲ့ လက်ရှိဘဝအကြောင်း ဘွင်းဘွင်းပြောလိုက်တာ စိတ်ထိခိုက်ကြေကွဲစေမှာပဲတဲ့ … ဒါကြောင့် … ဆင်းရဲလို့ .. မတတ်နိုင်လို့ … အလကားကုပေးတယ်ဆိုတဲ့ စကားပြောမထွက်ပဲ ..ကုသိုလ်ယူပါတယ်လို့ … သုံးနှုံးပါသတဲ့ … ။
ဆင်းရဲတဲ့ လူကလည်း မိမိဆင်းရဲတာကို သိပါတယ် … ။ သူ့အတွက် ဆင်းရဲတာဟာ အားနည်းချက်တစ်ခုအနေနဲ့ ရှိချင်ရှိနေမယ် .. ဒါကို ကိုယ်က ပြောလိုက်လျှင် အားနည်းချက်ကို ထောက်ပြသလိုဖြစ်ပြီး အနာပေါ်တုတ်ကျသလို … ခံရခက်ရှာမယ်ဆိုတဲ့ စိတ် သူ့ရင်ထဲ ကိန်းဝပ်နေပုံပါပဲ … ။ ဥစ္စာဓန ပိုင်ဆိုင်မှုအတွက်မကြိုးစားပဲ … စိတ်ခံစားမှုဘက်အလေးထားတဲ့ သူ့ကို … ကျွန်မအပါဝင် မိဘတွေ အမျိုးမျိုးတားတဲ့ ကြားက … ဒီဆေးခန်းကို သူ့ရည်ရွယ်ချက်ရှိရှိ ဆက်ဖွင့်နေခဲ့တယ် … ကိုယ်ချမ်းသာမှုထက် ၊ စိတ်ချမ်းသာမှုက ပိုအရေးကြီးတယ်ဆိုတာမျိုး .. ခဏခဏ ပြောကာ ယုံကြည်သလို ဆက်လျှောက်နေတဲ့ သူ့ကို တားနိုင်စွမ်းမရှိလို့ …. ဒီအတိုင်းပံ့ပိုးကူညီရုံသာ ဘေးမှာရှိခဲ့တယ် … ။ မဝေရဲ့ပို့စ်ကို သူပြန်ဆွေးနွေးတာကလည်း … ခင်နေတဲ့ လူမို့လို့ပါပဲ … မကျေနပ်လို့ အဖျက်သဘောရေးတာမျိုးလို့ မမှတ်ယူစေလိုပါ … . ။
အချုပ်အားဖြင့်ပြောရလျှင် မဝေရေ … ဆင်းရဲသားတွေအကြောင်း ကရုဏာဒေါသနဲ့ ရေးပြထားတဲ့ အစ်မပို့စ်နဲ့ … သူ့ရင်ထဲက ဆင်းရဲသားတွေပေါ် စကားနဲ့တောင် မနှိမ်တတ်တဲ့စိတ်ခံစားမှု … ဆွေးနွေးထားတဲ့ ပို့စ်မို့ … မတူညီတဲ့ အမြင်တွေ ဖလှယ်ရာရောက်ပါတယ် … ကျန်တဲ့လူတွေလည်း လွတ်လပ်စွာဆွေးနွေးနိုင်ပါတယ် … ။ 🙂
weiwei
February 1, 2012 at 11:33 am
အမအနေနဲ့ကလည်း ရုတ်တရက်မို့ အံ့ဩသွားပါတယ် … စာတစ်မျက်နှာလောက်နဲ့လဲ တကယ့်ဆိုလိုရင်းအနှစ်သာရနဲ့ စေတနာကို ဖော်ပြဖို့ခက်သလို စာဖတ်သူတွေကလဲ နားလည်ဖို့ ခက်ပါတယ် …
အလုပ်သမားတွေအားလုံး သူတို့ဘဝကို ဖြတ်သန်းနေကြတာပဲ … နည်းမျိုးစုံ အခက်အခဲပေါင်းစုံနဲ့ ရုန်းကန်ရင်းဖြတ်သန်းနေကြတယ် … သူတို့တကယ်ဆင်းရဲတယ် … အထည်ချုပ်အလုပ်သမလေးတွေ အမသူငယ်ချင်းအိမ်က အဆောင်မှာနေကြတာ မြင်ဖူးပါတယ် … သူတို့တွေ တစ်လလုံးထမင်း ၂ နပ်ကိုမှ နှစ်သောင်းပဲ ပေးရတဲ့ ထမင်းချိုင့်ကိုယူစားကြတယ် … အနပ် ၆ဝ ကိုမှ နှစ်သောင်းပဲပေးရတာ ဘယ်လောက်အစားဆင်းရဲလိုက်မလဲ … ကျောကုန်းတစ်နေရာစာ (ကုတင်မပါ)ကို ငါးထောင်ကျပ်နဲ့နေကြတယ် … မုန့်ဖိုးအကုန်မခံနိုင်ကြဘူး … အဝတ်အစားဝယ်ချင်ကြသေးတယ်လေ … အိမ်ကိုလဲ တစ်လ သုံးသောင်းလောက် ပြန်ပို့ကြရသေးတယ် … သူတို့ပြောင်ပြောင်ရောင်ရောင်နဲ့ ပျော်ရွှင်နေပုံထင်ရပေမယ့် တကယ်တမ်းမှာ အနေအစား အရင်းဆင်းရဲခံနေကြရပါတယ် … အလုပ်ခွင်မှာ အိုဗာတိုင်းဆင်းပြီးတာတောင်မှ အိမ်မှာအလုပ်ထပ်လုပ်ကြတဲ့သူတွေဘဝကို စဉ်းစားကြည့်နိုင်ပါတယ်…. အလုပ်ဒါဏ်ဘယ်လောက်ပိလိုက်မလဲ …. တနင်္ဂနွေတစ်ရက်တောင်မှ မနားပဲ အိုဗာတိုင်းဆင်းတဲ့ ကောင်မလေးတွေ အများကြီးပဲ … စက်ရုံလုံးဝပိတ်မှ သူတို့ကို အိမ်မှာတွေ့ရတယ် …
သူတို့ကို ဆင်းရဲသားလို့ အထင်သေးတာမဟုတ်ပါဘူး … လုပ်အားနဲ့ရှာသူတွေက ဝင်ငွေပိုရနိုင်ပါတယ် … ဒါပေမယ့် အပိုဝင်ငွေမရှာနိုင်တဲ့ မိသားစုတွေအများကြီးရှိတယ် … ကျန်းမာရေးမကောင်းတာ … ကလေးငယ်တွေအများကြီးရှိနေတာ စသဖြင့်ပေါ့ …
အသိဉာဏ်နဲ့ စိတ်ဓါတ်ရေးရာတွေလဲ အများကြီးမြှင့်တင်ပေးဖို့လိုသေးတယ်လေ …
အမက အတွေ့အကြုံနဲတာလဲ ဖြစ်နိုင်ပါတယ် …. အီးတုံးတို့က အလုပ်ခွင်မှာပဲ မြင်တွေ့နေရပြီး အမက သူတို့တွေနဲ့ အတူတူနေရသလိုမျိုးမို့ အိမ်ထဲအထိ သိနေတယ် … မှီခိုနေရတဲ့ မိသားစုတွေကိုပါ သိနေတယ် …
ဆင်းရဲတယ်လို့ မသုံးပဲ နွမ်းပါးတယ်လို့ သုံးရမလား …. ဘယ်လိုစကားလုံးသုံးရမလဲဆိုတာ မသိတော့ဘူး … တကယ်တမ်း အမကိုယ်တိုင် ဆင်းရဲသားစာရင်းဝင်ပါတယ် … အီးတုံးထက်ပိုဆင်းရဲတာ သေချာတယ် … (အမ လစာက တစ်သိန်းပတ်ဝန်းကျင်ပဲရပြီး အပိုဝင်ငွေ တစ်ပြားတစ်ချပ်မှ မရှိဘူး) … ဆင်းရဲတယ်လို့လာပြောရင်လဲ ခံနိုင်ရည်ရှိပါတယ် … ကိုယ့်ဘဝကိုယ် ရွေးချယ်ခဲ့ပြီးသားမို့လို့ပါ …. မကြာခဏ သူများနဲ့ယှဉ်ပြီး ဝမ်းနည်းလေ့ရှိပေမယ့် ကိုယ့်ခံယူချက်နဲ့ကိုယ်ပေါ့ … အီးတုံးရဲ့ဒေါက်တာကို ကိုယ်ချင်းစာနားလည်ပေးပါတယ် …. ရည်ရွယ်ချက်ခြင်းတူပါတယ် … လုပ်ဆောင်ချက်ချင်းသာ ကွာတာပါ …
etone
February 1, 2012 at 1:08 pm
မဝေရေ .. အခုလို ပြန်ဆွေးနွေးပေးတာ ဝမ်းသာမိပါတယ် ။ မတူညီတဲ့ အမြင်နဲ့ ထောင့်ပေါင်းစုံက ရေးပြကြသွားတာမို့ .. အားရဖို့လည်းကောင်းပါတယ် ။ ဒီအချက်ကို ကြည့်ချင်းအားဖြင့် ဒီရွာလေးက တခြားဆိုက်တွေထက်ပိုပြီး ကိုယ့်စိတ်ကူး အယူအဆကို ဆွေးနွေးလို့ကောင်းတဲ့ နေရာတစ်ခုဖြစ်ကြောင်း သက်သေတည်နေပါတယ် ။ တခြားဆိုက်တွေမှာ ပို့စ်တပုဒ်တင်တဲ့ အခါ … အပြန်လှန်ဆွေးနွေးမှုတွေထက် ဟုတ်ကဲ့ပါ ၊ ဖတ်သွားပါတယ် ၊ ကျေးဇူးတင်ပါတယ် ၊ အားပေးဖတ်ရှုသွားပါတယ် … ဒါမျိုးတွေလောက်သာရေးကြပြီး အပြုသဘောဆန်တဲ့ ကော့မန့်မျိုးတွေ့ရခဲပါတယ် … ။
မဝေရေ .. လစာအားဖြင့်ကွာနေပေမယ့် …. ဖြတ်သန်းလာရတဲ့ အတွေ့ကြုံပိုင်းနဲ့ စဉ်းစားတွေးခေါ်မှု အပိုင်းမှာတော့ … မဝေက အများကြီးသာပါတယ် ။ အခုလို ပြန်ဆွေးနွေးပေးတာ ကျေးဇူးလည်းတင်ပါတယ် ။
MaMa
January 31, 2012 at 10:31 am
မလတ်ရေ-
ပြည်ကနေ ၂နာရီလောက်သွားရတဲ့ ဧရာဝတီမြစ်ကမ်းဘေးက မြို့လေးဆိုတာ ကျမထင်တဲ့မြို့ဆိုရင်တော့ တော်တော်အေးချမ်းသာယာတယ်။ အရောင်းအဝယ်တွေနဲ့ စည်ပင်ဖွံ့ဖြိုးတယ်။
ပညာရေးအတွက် ကိုယ်တတ်နိုင်သလောက် စွမ်းဆောင်ချင်ပေမယ့် စွမ်းဆောင်ခွင့်မရလိုက်တဲ့ ဆရာမလေးတွေကိုလည်း လေးစားမိပါရဲ့။
ဒီနေရာမှာတော့ စနစ်ကိုပဲ ပုံချရမယ် ထင်မိတယ်။ 🙁
AKKO
February 1, 2012 at 10:12 am
အရီးလတ်ရေ စေတနာထားပြီး အနှစ်သာရပြည့်ဝတဲ့ ကော့မန့်အရှည်အကြီးအတွက်ကျေးဇူးပါဗျာ ။
ဒေါက်တာ ဌေးလှိုင်စိုးကို ကောင်းကောင်းသိပါတယ် ။ ရောဂါဗေဒဌာနက ဆရာကြီးပါ ။ သားတို့ရဲ့ ဆရာတပည့်ရင်းပါပဲ ။ ဆရာကြီးက အသင်ပြကောင်းရုံမျှမကပဲ ၊ စိတ်ဓါတ်ကျင့်ဝတ်တွေကိုပါ လေ့ကျင့်သင်ကြားပေးခဲ့တဲ့ လေးစားထိုက်တဲ့ သူပါပဲ ။
ဒါနဲ့ အရီးလတ်ရဲ့ အသိမိတ်ဆွေများလာ ။ ဆွေမျိုးထဲကများလား ဟင် ။
surmi
February 1, 2012 at 1:36 am
ဆင်းရဲခြင်း၊ချမ်းသာခြင်းကိစ္စကိုဘယ်လို ဘယ်ဝါစသည်ဖြင်.တော့မဆွေးနွေးလိုတော.ဘူး။တော်တော်လေး
ပြည်.စုံနေပါပြီ–ဒါပေမဲ.ကျွန်တော်တို.နိုင်ငံမှာဆင်းရဲတဲ.ဦးရေ ၊အသိပညာအတွေးအခေါ်နိမ်.ပါးတဲ.ဦးရေ
ဟာဆရာထင်ထားတာထက်တော.အများကြီးကွာခြားနေတာပါပဲ။သူတို.တွေအလှုဒါနမှာရက်ရောကြတာ
တော.အမှန်ပဲဆရာ–ကျွန်တော်ကအခုထိနှစ်၂ဝကျော်လုံးလုံးမြန်မာပြည်အရပ်ရပ်လည်.ပတ်ပြီးအလုပ်လုပ်
နေရတာ—ကျေးရွာတွေ ၊နယ်စွန်နယ်ဖြားတွေ၊ဆင်းရဲသားရပ်ကွက်တွေအသိပညာချို.တဲ.သူတွေကြားနေရ
တာဆိုတော.သူတိုရဲ.သဘာဝကိုပိုပြီးနားလည်ပေးနိုင်ပါတယ်။မြန်မာပြည်အရပ်ရပ်မှာလူမျိုးတွေဓလေ.တွေ
ကွာခြားပေမဲ.မွဲတေမှုကတော.အတူတူပဲဗျို.—-လွန်ခဲ.တဲ.၁၃နှစ်ကျော်လောက်ကကြားသိခဲ.ရတဲ.အဖြစ်
အပျက်လေးတစ်ခုကိုပြောပြချင်ပါတယ်။ဒီဖြစ်ရပ်လေးပေါ်မှာလဲလွတ်လပ်စွာသုံးသပ်ပေးနိုင်ပါတယ်–
၁၉၉၉ဝန်းကျင်လောက်မှာပခုက္ကူနယ်ထဲကိုအလုပ်ကိုအကြောင်းပြုြ့ပီးကျွန်တော်ရောက်ခဲ.စဉ်ကပါ။
ကားသမားတစ်ယောက်က၁၈နှစ်အရွယ်လောက်ရှိတဲ.မိန်းကလေးတစ်ယောက်ကိုပြည်.တန်ဆာအဖြစ်နဲ.
ခေါ်လာခဲ.တယ်။အဲဒီမိန်းကလေးရဲ.တစ်ညတာဖျော်ဖြေကြေးကဘယ်လောက်လို.ထင်ပါသလဲ—–
ထမင်းတစ်နပ်တောင်ဝအောင်စားလို.မရပါဘူး၊(၂၀၀)ကျပ်တဲ.ဗျာ။အဲဒီအချိန်ကဒီဇယ်(၁)ဂါလံကိုအပြင်
ပေါက်ဈေးက(၃၅၀)–အခုဒီဇယ်ဈေးက(၃၅၀၀)။ဒါကဖြစ်ရပ်ပေါင်းများစွာထဲကအစက်အပြောက်လေးတခုပါ။မြင်သာအောင်ပြောတာပါ–ဆရာ.သဘောကိုနားလည်ပါတယ်မြန်မာပြည်ဆင်းရဲတယ်လို.အထင်မသေး
စေချင်ပေမဲ.—-ကျွန်တော်တို.အမှန်တရားကိုလက်ခံရပါမယ်။ကျွန်တော်တို.ရဲ.အစိုးရကိုလဲအမှန်အတိုင်း
အသိပေးရပါလိမ်.မယ်။ခေတ်အဆက်ဆက်အစိုးရကိုလိမ်ခဲ.ကြတာဆရာလဲသိမှာပါ။ဆရာ.အနေနဲ.လည်း
ရန်ကုန်ဝန်းကျင်တစ်ခုတည်းကိုမကြည်.ပါနဲ.၊ရန်ကုန်ဆိုတာရှာတတ်ရင်စားစရာပေါပါတယ်။ရန်ကုန်ရဲ.
အပြင်က “ဘဝ”များစွာထဲကိုမျက်စိဖွင်.ပြီးလမ်းလျှောက်ကြည်.ပါဦးဆရာရေ—-။
လေးစားစွာဖြင်.
ရဲစည်
February 1, 2012 at 2:29 pm
မဝေရေ
အမြင်ဆိုတာကို တင်ပြရာမှာ ရှုထောင့်ကျယ်ရင်ပိုကောင်းပါတယ်။ဥပမာ ဇာတ်အိမ်ကို ဆင်ချေဖုံးရပ်ကွက် လောက်ကပေါ့………အမရေစိတ်မဆိုးနဲ့နော် :))
ကိုAKKOရေ
ပြန်လည်ဆွေးနွေးတဲ့ အပိုင်းမှာလည်း ထင်သာမြင်သာပြီး သိမ်မွေ့ဖို့လိုပါတယ် ခင်ဗျ :))
နောက်တစ်ခုကတော့ ရသအသားပေး အရေးအသားတွေကို တန်းမ်းတွေ၊သီအိုရီတွေနဲ့ မတိုင်းကြပါနဲ့ဗျာ။
” အမြင်မတူမှုတွေ ရင်ထဲသိမ်းနိူင်ပြီး အလုပ်တူနိူင်ကြပါစေ “
nozomi
February 1, 2012 at 5:47 pm
@Khin Latt
အရီးခင်ဗျာ – ကွန်မန့်တွေ ခဏခဏ ဖတ်မိပြီး စိတ်ထဲ ရင်းနှီးနေတာ ၊ ဒီတစ်ခါ ကွန်းမန့် ဖတ်မိတော့ ဒီအတိုင်း မနေနိုင်တော့ဘူး ၊ အရီးရဲ့ ကွန်းမန့် ကို သဘောကျမိ အဲဒီလို ရေးတတ်ချင်လိုက်တာ ဆိုတဲ့စိတ်နဲ့ အားကျမိပါတယ်
အရီး ရဲ့ ကွန်းမန့် များနဲ့ ပို့စ် များကို စောင့်မျှော်အားပေးနေပါမယ်
ဒါနဲ့ စကားအတင်းစပ်ပြီး ပြောကြည့် ရရင် ဒီလောက် တော်တဲ့ အရီးမှာ အရီးလို တော်တဲ့ တူမချောလေးများ ရှိမှာပဲလို့ တွေးမိပါတယ် ၊ အရီး မြန်မာပြည် ပြန်လာခါနီးရင် ကြိုပြောပါဦး ၊ ဧည့်ခံချင်လို့ပါ
( ကိုအေကေကေအို ရေ ခင်ဗျာ ပို့စ်မှာ အမျိုးဝင်စပ်မိတာကိုတော့ ခွင့်လွှတ်နော )
ရွှေ မင်း သား
February 3, 2012 at 1:57 pm
တစ်နိုင်ငံ လုံးဆေးရုံ အရေအတွက်နဲ့ စက်ရုံအလုပ်ရုံ အရေအတွက် ဘယ်ဟာပို များ မလဲ ခင်ဗျ။