ကန်တော်ကြီးပတ်လမ်းမှာ ညည သူရဲခြောက်နေတယ်တဲ့
သင်္ကြန်အကြတ်နေ့..X2o မဏ္ဍပ်ရှေ ့မှာ
ဗုံးပေါက်ပီးကတည်းက….လူတော်တော်များများ
ပြောနေကြတယ် …. ကန်တော်ကြီးပတ်လမ်းမှာ…..ဖြတ်သွားဖြတ်လာကားတွေကို
…မကျွတ်
မလွတ်သေးတဲ့ … သူတွေ ခြောက်လှန့်နေတယ်ဆိုပြီး..ကြားပါတယ် ….ဒါပေမယ့်
မဖြစ်နိုင်ဘူး
လို့ စိတ်ထဲက ထင်ထားပေမယ့် …တကယ်လက်တွေ ့ကြုံခဲ့ရတဲ့သူတွေကတော့
…အခုလိုပြောပြကြတယ်။
တာမွေမြို ့နယ်က…ညဘက်တက္ကစီမောင်းသမားတစ်ယောက်…….
ကျုပ်..ဆယ်နာရီခွဲလောက်….တာမွေကနေ…မြို ့ထဲကစားသောက်ဆိုင်တစ်ခုက
ဝန်ထမ်းတွေကို
ကြိုပို့လုပ်ဖို့
…ကန်တော်ကြီးပတ်လမ်းအတိုင်း….မောင်းလာခဲ့တယ်ဗျ…အဲဒီနေ့မှထူးထူးဆန်းဆန်း
အဲဒီ ဗုံးပေါက်တဲ့နေရာလည်း ရောက်ရော… ကားက ရှေ ့မှာရော
နောက်မှာရောတစ်စီးမှမရှိအောင်
ကို ပြတ်နေတယ် … ဒီအချိန်မှာ ….သိမ်ဖြူကွင်းဘေးအရိပ်တစ်ခုအောက်က
အမျိုးသမီးတစ်ယောက်
ပြေးထွက်လာပီး …ကျွန်တော့်ကားကိုတားပါတယ် ..ကောင်မလေးက
ခပ်ငယ်ငယ်ဘောင်းဘီတိုနဲ့ပါ။
ကျွန်တော်လည်း ရပ်ပေးလိုက်တယ်… သူက တောင်ဥက္ကလာကို ဘယ်လောက်ပေးရမလဲတဲ့
ဟာ …ဒါဆိုလိုက်တော့ဘူး….ကျွန်တော်က
ဟိုဘက်မှာသွားကြိုစရာရှိသေးလို့ပါလို့ပြောလိုက်တယ်
သူက လိုက်ပို့ပေးပါ အစ်ကို ရယ် ….သမီးတို့ချမ်းနေပြီလို့ ပြောပါတယ်
..ဘယ်လောက်ပေးရမလဲလို့လဲ
မေးလာတယ် ….ကျွန်တော်လည်း … ကြိုရမှာစောနေသေးတယ်ဆိုပြီး
မြန်မြန်လိုက်ပို့လိုက်မယ်လေ
ဆိုပြီး ကဲ …၂၅၀ဝ ပဲပေး ဆိုပြီး..ကားပေါ်ပေးတတ်ခိုင်းလိုက်တယ် ..အဲဒီမှာ
အမှောင်အရိပ်ထဲက
သူသူငယ်ချင်းသုံးယောက်ကို လှမ်းခေါ်လိုက်တော့ …အမှောင်ထဲက
နောက်ထပ်သုံးယောက်ထပ်
ထွက်လာခဲ့ပါတယ် ….လေးယောက်လုံး ..ကားနောက်ခန်းမှာချည်စုထိုင်လိုက်ကြတယ်
….
ကျွန်တော် လည်း ….ရှေ ့ကားဘီလေးငါး ဆယ်လိမ့်လောက်ဆို
…လမ်းဖြတ်တစ်ခုရှိတယ်လေ …အဲဒီကနေ
တောင်ဥက္ကလာဘက်ကို ကွေ ့ဖို့ …ဒဲ့လာတဲ့ကားကိုစောင့်ရင်း….အသံမကြားလို့
ဘက်မှန်ထဲကနေကြည့်
လိုက်တော့ လေးယောက်လုံး မရှိတော့ပါဘူး …ကျွန်တော်လည်း
ကားအတင်းမောင်းပြီး….မင်္ဂလာဈေးနားက
ညဘက်ဖွင့်တဲ့လမ်းဘေးလဘက်ရည်ဆိုင်လေး ရှေ ့မှာရပ်လိုက်တယ်
….အဲဒီကားပေါ်ကို ပြန်မတတ်ရဲတော့ဘူး
ဒါကြောင့် ..ကျွန်တော်ယောက်ဖကို လှမ်းခေါ်ပြီး ကားကိုမောင်းခိုင်းပြီး
ကျွန်တော် အိမ်ပြန်လာခဲ့ရတယ်
ယောက်ဖကိုပြောပြတော့လဲ …မယုံဘူးတဲ့ …ဒါပေမယ့်သူက
ယုံသလိုခေါင်းညိတ်ပြီး ကားကိုယူသွားပါတယ်။
ကိုယ်တိုင်ကြုံခဲ့ရလို့ မယုံလည်း မတတ်နိုင်ဘူး ..လဘက်ရည်ဆိုင်မှာ
လဘက်ရည်မှာပြီး…လက်ဖက်ရည်ခွက်ကို
ထိုင်ကြည့်နေမိရင်း ….စောစော ကအဖြစ်ကို ပြန်စဉ်းစားလိုက် တာ
တစ်နာရီလောက်ဘယ်လိုကြာသွားမှန်းတောင်
မသိလိုက်ပါဘူး ဗျာ တဲ့ …
ငါ့်သူငယ်ချင်းတစ်ယောက်ရဲ ့အစ်ကို
…ငါတော့ တစ်သက်မှာတစ်ခါမှကိုမကြုံစဖူး ကြုံရတာပါတဲ့ ..ငါ မြို
့ထဲက အပြန် ကန်တော်ပက်လမ်းက
ဗုံးကွဲတဲ့နေရာကနေ ဖြတ်ပြီးပြန်လာတော့ …ငါ ဂျစ်ကား က
အမိုးဖွင့်ထားတယ်လေ…. ဘက်မှန်ထဲ မှာ ရိပ်ကနဲတွေ့လို့
မှန်ထဲကို ကြည့်လိုက်တော့ … ကောင်မလေးတစ်ယောက်နဲ့ ယောင်္ကျားလေးတစ်ယောက်
..ငါဂျစ်ကားနောက်က ခုံမှာ
ထိုင်နေတယ် ကွာ …. လမ်းမီးကြောင့် ငါသေချာ ရှင်းရှင်းလင်းလင်းကို
မြင်လိုက်ရတာ …. ငါလည်း ဘယ်ရမလဲ
နောက်ကို ဇက်ကနဲ လှည့်ကြည့်လိုက်တာ ပေါ့
…..လှည့်ကြည့်လိုက်တဲ့အချိန်မှာ …..မီးခိုးလိုလိုဘာလိုလို
တွေ…ကားနောက်ကို
လိမ့်ဆင်းသွားတာတွေ ့လိုက်ရတယ် …. ငါလည်းချက်ချင်းပဲ ရှေ
့ပြန်လှည့်လိုက်တော့ …ဆေးလိပ်ကွမ်းယာဗမ်းနဲ့ …ကောင်မလေးတစ်ယောက် က
ကားရှေ ့ကဖြတ်ပြေးပါလေရေလား ….သေပြီဆရာ …ငါချက်ချင်း ကားကို
ညာဘက်ဆွဲလှည့်လိုက်တာ …. ကား ဘီးနှစ်ဖက်
ပလက်ဖောင်းပေတတ်သွားပါလေရောကွာ… ငါလည်း ကလေးဘာဖြစ်လဲ
ဆိုပြီးလှည့်ကြည့်တော့ အဲဒီ ကွမ်းယာဆေးလိပ်ရောင်းတဲ့ကလေးမ မရှိတော့ဝူး
ငါလည်း …ဘေးဘောင်နဲ့ခေါင်းနဲ့စောင့်တာ
မျက်ခုံးကွဲသွားတယ်တဲ့ ……
ကဲမသေကောင်းမပျောက်ကောင်း …. ပရလောကသားတွေ ဒီလောက်ကြည်စားရလား
မယုံလို့လည်းမရဘူး
….ဘာပဲဖြစ်ဖြစ်ဂရုစိုက်သင့်တယ်…အခန့်မသင့်ရင်အသက်အန္တာရယ်ပါ
ရှိလာနိုင်တယ် …. မေတ္တာညွှန်ရက်ကွက်ထဲက ဘုန်းတော်ကြီးတစ်ပါးကတော့
…ဖြစ်နိုင်ပါတယ်တဲ့
ဒါတွေက အစိမ်းသေတွေဆိုတော့ …. မကျွတ်မလွှတ်နိုင်သေးလို့
…အကူအညီတောင်းတဲ့သဘောတွေပါ
ဒါကို ဆွေးမျိုးသားချင်းတွေ…..ဒါမှမဟုတ် သက်ဆိုင်ရာကပဲဖြစ်ဖြစ်
ကုသိုလ်အမျှအတမ်းတွေပေးပြီး
နိုင်ငံတော်အမိန့်ပြန်တမ်း ထုတ်ပြီးမောင်းထုတ်သင့်တယ်တဲ့
…ဒါမျိုးတွေကမဖြစ်သင့်ဘူးလေ …မြို ့လည်ခေါင်မှာ
ဆိုတော့ ပိုဆိုးပါတယ် ….မဖြစ်သင့်ပါဘူးလို့ မှတ်ချက်စကားပေးသွားပါတယ် ။
6 comments
moethiha
June 2, 2010 at 11:56 am
လွန်လှချေလားဗျ။အဲ့လောက်ထိချောက်တယ်ဆိုတော့
သူရဲတော့မမြင်ဘူးပါဘူး။သူတို့ကအမျှလိုချင်လို့ကိုယ်ထင်ပြတာနေမှာပါ
soeshinn
June 2, 2010 at 12:15 pm
ဖတ်ရင်းနဲ့ ကျောချမ်းလာတယ်…..အဲဒီနားရောက်ရင် မေတ္တာပို့ပြီ အမျှဝေပေးလိုက်ကြပါ။
Thaw Zin Loikaw
June 2, 2010 at 12:47 pm
အင်း ကျောချမ်းလောက်ပါတယ် အမျှသာဝေလိုက်တော့လို့ပဲ ပြောရပါတော့မယ်
Rain girl
June 3, 2010 at 3:52 am
အမျှလိုချင်လို့နေမှာပေါ့။ သူတို့ ကျွတ်ချင်လို့ အမျှဝေခိုင်းမှာနေမှာပေ့ါ၊
winne
July 12, 2010 at 9:26 am
စိတ်ကယောက်ကယက်နဲ့ သေသွားရကြ ရှာတာဆိုတော့လည်း သေမှန်းမသိ သေကြတော့ မကျွှတ်ဘဲ ပြိတ္တာ (သရဲ) တွေဖြစ်ကုန်ကြတာဘဲလေ။ အများအားဖြင့် အချိန်ရောက်တိုင်း သူတို့က ဝဋ်ကြွေးတွေနဲ့ အော်ဟစ်ပြီး လျောက်ပြေးနေရတာ နာကျင်နေရတာမျိုးပေါ့ (အမျှဝေပြီး မကျွှတ်မချင်း)သနားတော့လည်း သနားပါတယ်။ ကုသိုလ်ဆိုတာကို သတိမရဘဲ အနိတ္တရုံကို စွဲမြင်တော့ အဲဒီ အစွဲအတိုင်း ဖြစ်ဖြစ်ကြတာပါ။ မသေခင် ကြိုပြင်ဆင် အချိန်မရွေး သေနိုင်တယ်ဆိုတာ ဒါကြောင့် ပြောကြတာ။
A Lin Phyu
July 16, 2010 at 6:36 am
သူတို့သေမှန်းတောင် သိပါရဲ့လား မသိဘူးနော်။ သနားစရာတော့ကောင်းပါတယ်။ ည ဘုရားရှိခိုးရင်တော့သူတို့အတွက်အမျှဝေပေးရဦးမယ်။